နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွဲ ဖိတ်ကြားစာ

Wednesday, August 8, 2012 6:53 PM | Posted by Anonymous


၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက် မင်းကိုနိုင်၏ အမှတ်တရစကား

12:34 PM | Posted by Anonymous

Statement: The 88 Generation Students on the Commemoration of the 24th Anniversary of “The August 8, 1988 (8.8.88) Uprising”

12:29 PM | Posted by Anonymous
Statement: The 88 Generation Students on the Commemoration of
the 24th Anniversary of “The August 8, 1988 (8.8.88) Uprising” 


Press Release - 28/ 2012 (88) 
Date - 8, August, 2012
The 88 Generation Students
No. 284(A), Waizayanda Rd.,
16/3 Block, Thingangyun Tsp.,
Yangon, Myanmar.
Phone - +95-1-577656
E-mail - info@the88generation.org


Statement: The 88 Generation Students on the Commemoration of
the 24th Anniversary of “The August 8, 1988 (8.8.88) Uprising”


1. The 8.8.88 Uprising was the most important mass demonstration for the demand of political, economic and social reforms in the history of our country.
2. The 8.8.88 Uprising was not a movement of any particular national race or group, but a collective effort made by all peoples of our country, including ethnic nationalities, for change.
3. Present political, economic and social affairs changes in our country directly result from the 8.8.88 Uprising.
4. We believe that every citizen is critical to achieving democracy and human rights, the emergence of a market economy that successively and fairly benefits all, and the progression of our country on the substantial journey towards national reconciliation.
5. The most fundamental requirements for the development of the country are internal peace and equality among all ethnic nationalities. We believe we will achieve these requirements with political dialogue and effective cooperation amongst all ethnic nationalities.
6. We also believe that releasing all remaining political prisoners and the honorable return of all of our citizens in exile are important tasks in rebuilding and reforming the country.
7. With this statement, we bow our heads and honor our fallen heroes who sacrificed their lives for the people throughout the 8.8.88 Uprising. They all will be in our hearts and minds forever.
8. We urge all citizens of our country to redouble their efforts for national reconciliation, equality among all ethnic nationalities, democracy and human rights, and the country’s development with the spirit of the 8.8.88 Uprising.

The 88 Generation Students

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား (မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်)

12:25 PM | Posted by Anonymous

၈/၈၂ အင်လျား ဆို - မွန်းအောင်

5:25 AM | Posted by Anonymous

" မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။

5:22 AM | Posted by Anonymous
http://soundcloud.com/aung-pan/p5sxleylbs9d?utm_campaign=timeline&utm_content=http%3A%2F%2Fsoundcloud.com%2Faung-pan%2Fp5sxleylbs9d&utm_medium=facebook&utm_source=soundcloud#_= ၂၄) ပြည့် ငွေရတု အကြို ၈ ၈ ၈၈ ပြည်သူ့ အရေးတော်ပုံကြီး အားဂုဏ်ပြုအမှတ်တရ တော်လှန်ရေးသီချင်များကို တင်ဆက်လိုက်သည်။

"၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်

5:20 AM | Posted by Anonymous

ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်မြောက် အထိမ်းအမှတ်နေ့ အမှတ်တရ

Saturday, March 10, 2012 7:29 PM | Posted by Anonymous

(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်)

သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပါတယ်။

ဆရာကြီး ဒဂုန်တာရာ က

"မှင်နဲ့ရေးတဲ့ မုသားတွေဟာ

သွေးနဲ့ရေးတဲ့သမိုင်းတွေကို ဖုန်းလွှမ်းလို့မရနိုင်"

လို့ သမိုင်းမှတ်တမ်းဝင်ကဗျာလေး နဲ့ အစပြု ဆွေးနွေးမိကြပါတယ်။ သမိုင်းကိုလိမ်ဖို့ ကြိုးစားနေသူတွေ၊ သမိုင်းဖျောက်မဲ့ ငနဲသားတွေကို သတိပေးလိုက်တဲ့ကဗျာကောင်းလေးပါ။ သမိုင်းဆိုတာ မမေ့ကောင်းဘူးလေ။

၁၉၈၈မှာ နေဝင်းရဲ့ စစ်ဝါဒီ လုံထိန်း တသိုက် နဲ့ ကျောင်းသားတွေ ထိပ်တိုက်တိုးခဲ့ကြရာမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေ ကျဆုံးခဲ့ကြရရှာတဲ့အကြောင်းတွေ ပြန်ပြောင်းပြောဖြစ်ကြပါတယ်။ ကိုဖုန်းမော်က မတ်လ ၁၃ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲမှာပဲ ကျဆုံးခဲ့ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲ ဒဏ်ရာရသွားတဲ့ ပုသိမ်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင် ကိုလည်း ရန်ကုန် ဆေးရုံမှာ ကုတင်နဲ့တွဲပြီး လက်ထိပ်ခြေထိပ်ခပ်ထားပြီး ဒီအတိုင်း ကုတင်မှာပစ်ထားတာမို့ မသေခင်မှာ "နေရတာကြပ်လိုက်တာ" ဆိုပြီးငြီးညူပြောဆိုရင်းသေဆုံးခဲ့ရတယ် လို့ ကျနော်တို့ပြန်ပြောဖြစ်ကြပါတယ်။

"မဏ္ဍာပ် မထိုးရ၊ လူ မစုရ၊ စားမြိန်ထုတ် မထည့်လိုက်ရ၊ ရေအိုး မခွဲလိုက်ရ မနက်စောစောချတဲ့ အသုဘ ကိုဖုန်းမော်ရေ အမျှ အမျှ"

အဲဒီတုန်းက ၁၉၈၈ ကာလ တုန်းက ကိုဖိုးခွါးမှတ်မိတာကို ကျနော့်ကိုဒီလိုစတင်ပြောပြတယ်။ "ကျနော်တို့တွေ လုံထိန်းတွေကို အရမ်းကာရော မုန်းနေတုန်း လူပြက်ပျက်တာလေး ကိုစပြောပြမယ်။ လူပြက်က မိန်းခလေးဘော်လီကို ပရိသတ်ကိုပြပြီး ဘာလဲလို့မေးတော့ ပရိသတ်က ဗလာစီယာ ဘော်လီပေါ့လို့ဖြေတယ်တဲ့။ လူပြက်က ဗလာစီယာ ဘော်လီ မဟုတ်ဘူး ရင်ကိုထိမ်းထားတော့ "ရင်ထိမ်း/ယဉ်ထိမ်း" လို့ပြောသတဲ့။ တခါ လူပြက်က မိန်းခလေး အောက်ခံဘောင်းဘီ ထုတ်ပြပြီး ဘာလဲလို့မေးပြန်သတဲ့။ အောက်ခံဘောင်းဘီလို့ အော်ဖြေကြသတဲ့။ ညံ့လိုက်ကြတာကွာ မှတ်ထား " အောက်ခံဘောင်းဘီ" ဟာ လုံအောင်ထိမ်းထားတော့ " လုံထိန်း" ပေါ့လို့ရှင်းပြလိုက်တော့ ပရိသတ်က သဘောပေါက်သွားပြီး ဝက်လုံးကွဲရယ်ကြတော့တယ်တဲ့။ ကောင်းလိုက်တဲ့ ပျက်လုံးဗျာ။ တကယ်မှတ်သားလိုက်ရပါတယ်။

"ချုပ်နှောင်ဖွဲ့တင်း အာဏာတွင်းမှ

နီမောင်းဝင်းလျှက် သွေးစက်စက်ဖြင့်

လွတ်မြောက်ဖို့အတွက် ရုန်းကန်လျှက်"

ဆိုတဲ့ကဗျာလေး နဲ့ သရုပ်ဖော်ပုံ ကတော့ လှောင်အိမ်ထဲက သွေးစက်တွေနဲ့ချိုးဖြူလေး ရုန်းကန်နေပုံ ဟာ တော်လှန်ရေးနမိတ် အရိပ်အယောင်ကို သူမန္တလေး ရောက်တုန်း နံရံကပ်ပိုစတာကို အထင်းသား ပြန်မြင်ယောင်လာကြောင်းပြောပြပါတယ်။

နောက် ပြီးကဗျာကောင်းလေးတပုဒ်ကတော့ "နိုင်မခံ"ဆိုတဲ့ကဗျာလေးပါ။

"လှံနဲ့ဖောက်လျှိုး ထိုးချင်ထိုးလေ၊

ဓားနဲ့မိုးအုပ်ခုတ်ချင်ခုတ်လေ၊

ကျည်နဲ့စူးနစ် ပစ်ချင်ပစ်လေ၊

စိတ်ထားညီညီ သွေးနီနီဖြင့်

လဲလည်းပြန်ထ တိုက်အုန်းမည်" တဲ့။

အခြေခံလူ့အခွင့်အရေးတွေ ရရှိဖို့ ပြန်ပြီးကြိုးစားရချိန်မှာ အားဆေးတင်တဲ့ ကဗျာလေးတပုဒ်ပါ။

ဒါနဲ့ပဲ ၈၈ အမည်မသိကဗျာလေး တပုဒ် ကို ရွတ်မိပြန်ပါတယ်။ "ပန်းကောင်းတပွင့်

လေအသင့်မှာကြွေလင့်သော်လည်း

ဝေဆာပွင့်လန်း တော်လှန်ပန်းတွေ

သိန်းသန်းမက ကျန်သေးတယ်" ။

မတ်လ ၁၃မှာ ကျဆုံးခဲ့ရရှာတဲ့ ကိုဖုန်းမော် ကို ရည်ရွယ်ဂုဏ်ပြုစပ်ဆိုထားတဲ့ကဗျာပါ။

ပြီးတော့ နောက်ကဗျာ တပုဒ်က

"သွေးဆိုတာ နီတယ်

နီတယ်ဆိုတာ ခွပ်ဒေါင်း

ခွပ်ဒေါင်းဆိုတာ အာဏာရှင်ကို တိုက်ဖို့ပဲ" တဲ့။

နောက်တပုဒ်က " အာဏာရှင်ရဲ့ အတ္တဝါဒ ကို ဈာပနအဖြစ် ပြာချပစ်မယ်" တဲ့။ အားကောင်းတဲ့ တော်လှန်ကဗျာလေးပါ။

ပြီးတော့တခါ ဆရာ တင်မိုးရဲ့ ဖုန်းမော်နေ့ ဒေါ်အောင်ဆန်စုကြည် ဂုဏ်ပြုကဗျာ လေး။ ဒေါ်စုက အကျယ်ချုပ်ကျနေချိန် ရေးစပ်တဲ့ကဗျာလေးပါ။ အခုအခါ အန်တီ အကျယ်ချုပ်က လွတ်လာပြီး ဒီမိုကရေစီရေးလှုပ်ရှားနေချိန်မှာတော့ ကျနော်တို့ချစ်တဲ့ ကဗျာဆရာကြီး ဦးတင်မိုး မရှိတော့တာကို တမ်းတမ်းတတ လွမ်းဆွတ်စွာ ပြန်တမ်းတသတိရ မိပါတယ်။

ခေါင်းစဉ်လေးက "မှတ်မိသေးရဲ့" တဲ့။

သေနပ်တွေ လှံစွတ်တွေချိန်ပြီး

ငြိမ်ဝပ်ပိပြားအောင်ချိမ်းခြောက်

လူထုကို ဟိန်းဟောက်ရဲတာ

သတ္တိမဟုတ်။

အဲ့ဒီသေနတ်ဖျား လှံစွတ်ဖျားရှေ့မှာ

အမှန်တရားကိုယုံကြည်

တည်ငြိမ်စွာရင်ဆိုင်ပြီး

ခံနိုင်ရည်ရှိရှိ

ခိုင်မြဲတဲ့ သမာဓိရှိသူကိုသာ

သတ္တိရှိသူလို့ခေါ်တယ်။

ဖုန်းမော်ရဲ့ တနှစ်ပြည့်နှစ်လည်တွင်းမှာ

သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်က

စက်မှုတက္ကသိုလ် ရင်ပြင်နီထက် ကျောင်းသားထုတစ်ခဲနက်ရှေ့မှာ

လက်နှက်လှံစွတ်တွေကြားက

မိန့်ခွန်းစကားဆိုခဲ့တယ်

- ဖုန်းမော်အမှတ်တရ-

ဆိုပြီးဆရာကြီးဦးတင်မိုး ရေးခဲ့တာပါ။ ဆရာတင်မိုး ကြည်ညို တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရဲရင့်တဲ့မိန့်ခွန်းလေးကို ဆရာက ကိုဖုန်းမော်နေ့ နဲ့ ဆက်စပ်သတိတရ ရေးထားခဲ့တဲ့ ကဗျာလေးပါ။

တခါ ကိုမိုးသီးဇွန် ရေးခဲ့တဲ့

"သမိုင်းသစ်ရေး ငါတို့သွေးကို

ထုံးဖြူဆေးသုတ်ဖြောက်ဖျက်ဖုံးလည်း

မဆုံးကမ္ဘာတည်လိမ့်မယ်"

ဆိုတဲ့ နဝတ (နဝေတိမ်တောင် အစိုးရလို့လှောင်ခေါ်ခဲ့ကြသလို နွားအဖွဲ့ လို့လည်းခေါ်ကြပါတယ်) စစ်အုပ်စုရဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်တဲ့ လူသတ်သမိုင်းတွေ ကို ဖျောက်ဖျက်ယတြာချေဖို့အတွက်၊ တနိုင်ငံလုံး ရပ်ကွက်တွေထဲ ခြံစည်းရိုးအားလုံး ထုံးမသုတ်မနေရအမိန့်ကို အာဏာဖီဆန်တဲ့ ကိုမိုးသီးဇွန်ရဲ့ သမိုင်းဝင်ကဗျာလေး ကို ပြန်ရွတ်မိကြပါတယ်)

ပြီးတော့ တိုက်လည်းတိုက်ဆိုင်ပါဘိ။ ကိုဖုန်းမော်သေတာ လုံထိမ်းတွေရဲ့ အတွင်းကျည် ၁၃ချက်နဲ့ ကျဆုံးရရှာတာထူးဆန်နေတာပါ။ ပြီးပြန်တော့ ဗိုလ်ချုပ်အောင်ဆန်း မတ်လ ၁၃ ရက် ၁၉၄၄ ကပြောတဲ့ မိန့်ခွန်း။ တိုက်တိုက်ဆိုင်ဆိုင် မတ်လ ၁၃ ရက်မှာ တပ်မတော်ကို ပြောခဲ့တာပါ။

"ဒီတပ်မတော်ဟာ လူတဦး တယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်"။.

အော် တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်ရယ်။ ကိုဖုန်းမော်ကျဆုံးတဲ့ မတ်လ ၁၃ရက်မှာ တပ်မတော်သားတွေကို မိန့်မှာ ပြောကြားခဲ့တဲ့အမှာစကားပါ။ ဖုန်းမော်နေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့မှာ တပ်မတော် ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကိုပြောခဲ့တာ။ တကယ် မှတ်သားရပါတယ်။

ဖုန်းမော်နေ့ တနှစ်ပြည့် ဦးခင်မောင်မြင့် မိန့်ခွန်းကတော့ " ကျောင်သားတွေကိုသတ် ကျောင်းသူတွေကို မုဒိမ်းကျင့်တာတွေကို ကိုကြီးတို့မသိပါဘူး ဆိုသူတွေနဲ့ မညီညွတ်နိုင်ဘူး။ ဒီမိုကရေစီနဲ့ ဒီမိုကရေစီဆန့်ကျင်သူတွေရဲ့ တိုက်ပွဲကို ကွန်မြူနစ် နဲ့ ကွန်မြူနစ်ဆန့်ကျင်သူတွေတိုက်ပွဲအဖြစ် တိုက်ပွဲလမ်းကြောင်းပြောင်းသူတွေနဲ့လည်း မညီညွတ်နိုင်ဘူး" တဲ့။ တစည နဲ့ ဗိုလ်အောင်ကြီး ကို ရည်ညွန်းပုံရပါတယ်။ ၈၈ ၈၉ နိုင်ငံရေး အရိပ်အငွေ့တွေ ပြန်ရှူကြည့်တာပါ။

ဒီနေ့ကျနော်တို့တိုင်းပြည်ဟာ အမျိုးသားချင်းတွေစစ်ခင်းလို့ သွေးမြေကျတာတွေ မရပ်သေးပါဘူး။ ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး ရင်ကြားစေ့ရေး စကားလုံးတွေ ကို လက်တွေ့ဖြစ်လာဖို့ ကျနော်တို့တွေ သမိုင်းကို မမေ့ဖျောက်သင့်ကြပါဘူး။ ကောင်းတာတွေကို ဆက်လုပ်ကြရမယ်။ မကောင်းတာတွေတွေကို သင်ခန်းစာ ယူရမယ် ပြုပြင်သွားကြရပါလိမ့်မယ်။ ကိုဖုန်းမော်ကို သတိရရုံနဲ့မပြီးဘဲ အလုပ်တွေအများကြီးလုပ်ကြရအုန်းမယ်။ ဒီထက်သန်မာတဲ့ အားကြီးတဲ့ ပုခုံး တွေနဲ့ တိုင်းပြည်တာဝန်ထမ်းပိုးကြဖို့ တိုက်တွန်းအပ်ပါတယ်။

ကိုမင်းကိုနိုင် အမှာစကားအရဆိုရင် "ရောက်တဲ့နေရာ အရေးမကြီးဘူး ကျင့်တဲ့တရားသာ အရေးကြီးတယ်လို့ဆိုပါတယ်။

ကိုဖုန်းမော် နှင့် ကျဆုံးသွားကြရရှာသော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ ကောင်းရာသုဂတိလားပါစေ။

ဒီမိုကရေစီရေးအောင်မြင်ဖို့ အတွက် ချီတက်သွားကြပါစို့၊ မမေ့မလျော့ မပေါ့ ကြပါစေလိုကြောင်း တိုက်တွန်းဆန္ဒပြုအပ်ပါတယ်။

ဇော်ဝင်း (နယူးယောက်)


(ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်မြောက် အထိမ်းအမှတ်နေ့ အမှတ်တရ အဖြစ် ပန်းချီဆွဲပေးဖို့ တိုက်တွန်းလို့ မဆိုင်းမတွ ချက်ချင်း ဆွဲပေးတဲ့ ပန်းချီ ကိုမင်းကျော်ခိုင် ကို ကျေးဇူးအထူးတင်ရှိပါတယ်)

အပစ်အခတ်ချက်ချင်းရပ်အမိန့်

Thursday, January 26, 2012 6:10 PM | Posted by Anonymous


(သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်မှ ...)

ကျောခင်းပေးတဲ့သူကို ကျိုးအောင် ကျော ဆောင့်နင်းသွားတဲ့ မျောက်ယုတ်မျိုးတွေရှိတယ် မမေ့ကြပါနဲ့

5:20 PM | Posted by Anonymous
ကျောခင်းပေးတဲ့သူကို ကျိုးအောင် ကျော ဆောင့်နင်းသွားတဲ့ မျောက်ယုတ်မျိုးတွေရှိတယ် မမေ့ကြပါနဲ့

ထိုင်ခုံ

3:43 PM | Posted by Anonymous

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ

3:31 PM | Posted by Anonymous
အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲရဲ့ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပတဲ့ သတ္ထမအကြိမ် ပထမ အထူး အစည်းဝေးပွဲကြီးက ဆုံးဖြတ် အပြီး သံဃာတော် ငါးပါးကို ဆင့်ခေါ်ခဲ့တာပါ။ ဒီဆင့်ခေါ်စာကို ဒီကနေ့ ဇန်န၀ါရီ ၂၆ ရက်မှ လက်ဝယ်ရရှိခဲ့တယ်လို့ ဦးဣဿရိယက မိန့်ပါတယ်။



(Photo Credit: Burma VJ Media Network)

၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီး စစ်အစိုးရ အာဏာပိုင်များ ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ချိပ်ပိတ် သော့ခတ်ခဲ့သည့် မဂ္ဂင်ကျောင်းတိုက်ပုံ ဖြစ်ပါသည်။

စာမှာ ပြစ်မှုကျူးလွန်တဲ့ ရဟန်းတွေလို့ သုံးနှုန်းထားပြီး သံဃာ့ နာယက အဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် လက်မှတ်ထိုးကာ မနက်ဖြန် လာပြီး ဖြေရှင်းဖို့ ပင့်ထားကြောင်း မိန့်ပါတယ်။

ဦးဂမ္ဘီရ အပါအ၀င် သံဃာငါးပါး သီတင်းသုံး နေထိုင်တဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီး ချိတ်ပိတ်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်းကို ဖွင့်ပြီး သီတင်းသုံး နေထိုင်တဲ့ ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း၊ ပြေလည်အောင် ညှိနိုင်းသွားမှာ ဖြစ်ကြောင်း ဦးဣဿရိယက မိန့်ပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော် ငါးပါးလုံးဟာ အခုလ ၁၃ ရက်က နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်တွေ ဖြစ်ပါတယ်။

Sources and Thanks to - RFA Burmese

Mizzima မဇ္ဈိမ သတင်းဌာန မြန်မာပြည်မှာ ရုံးဖွင့်တော့မည်

3:22 PM | Posted by Anonymous


Mizzima မဇ္ဈိမ သတင်းဌာန မြန်မာပြည်မှာ ရုံးဖွင့်တော့မည်

Mizzima သတင်းဌာန၏ အယ်ဒီတာချုပ် ဦးစိုးမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန်အပြင် အဆိုပါ ဝန်ကြီးဌာနမှ ပြုလုပ်သည့် မီဒီယာဖိုရမ်ကို တက်ရောက်နိုင်ရန် ဇန်န၀ါရီလ ၂၆ ရက်နေ့ ည ကိုးနာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ဦးစိုးမြင့်သည် မြန်မာနိုင်ငံတွင် ခြောက်ရက်ကြာ နေထိုင်မည် ဖြစ်ကာ Mizzima သတင်းဌာနကို ပြည်တွင်းသတင်းဌာန တစ်ခုအဖြစ်ပြောင်းလဲနိုင်ရန် အားလုံးနှင့် လက်တွဲလုပ်ဆောင်ခြင်ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောကြားခဲ့သည်။

ဒီဗွီဘီ မှထုတ်ပြန်သော ငွေကြေးအလွဲသုံးစားမှုအဖြစ် စွပ်စွဲမှုအပေါ် ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုမျိုးမင်းနိုင် (ကိုနန္ဒ -ခ- ကိုနေထွန်း) မှ တုန့်ပြန်ချက်

12:40 PM | Posted by Anonymous
ဒီဗွီဘီ သတင်းဌာန မှထုတ်ပြန်သော ငွေကြေးအလွဲသုံးစားမှုအဖြစ် စွပ်စွဲမှုအပေါ် ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုမျိုးမင်းနိုင် (ကိုနန္ဒ -ခ- ကိုနေထွန်း) မှ တုန့်ပြန်ချက်

Myo Min Naing Respond Letter to DVB

ဒီဗွီဘီ သတင်းဌာန ၏ ငွေကြေးအလွဲသုံးစားမှုအပေါ် မှားယွင်းစွာ သတင်းထုတ်ပြန်ခဲ့မှုနှင့် ပါတ်သက်၍ ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုပွကြီး မှပြန်လည်ရှင်းလင်းချက်

12:31 PM | Posted by Anonymous
ဒီဗွီဘီ သတင်းဌာန ၏ ငွေကြေးအလွဲသုံးစားမှုအပေါ် မှားယွင်းစွာ သတင်းထုတ်ပြန်ခဲ့မှုနှင့် ပါတ်သက်၍ ပြည်တွင်းနက်ဝပ် ခေါင်းဆောင်အဖြစ်တာဝန်ရှိသူ ကိုပွကြီး မှပြန်လည်ရှင်းလင်းချက်

Pwa Gyi Letter to DVB

ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်

12:28 PM | Posted by Anonymous
ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်

ဇန်န၀ါရီလ ၂၄ ရက်၊၂၀၁၂

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ဘားမားဗီဂျေမီဒီယာ အား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။ ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစားလုပ်မှုတစ်ခုဖြစ်ပြီး၊ တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။
(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။
(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန် အဖွဲ့ ဝင် များဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှ စင်ပြိုင်ထောင်ချင်း မဟုတ်ဘဲ ၊ပြည်တွင်းပြည်ပ သတင်းများကို ပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။
(၃)DVB မှစွပ်စွဲနေသောငွေကြေးအရှုပ်အရှင်းကိစ္စသည် စွပ်စွဲသူDVB နှင့်စွပ်စွဲခံရသူကိုမျိုးမင်းနိုင်၊ ကိုအောင်မျိုးကျော်တို့  နှစ်ဘက်အကြားဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စသာဖြစ်ပြီး၊ လက်ရှိ ဘားမားဗီဂျေနက်ဝက်နှင့် လုံးဝပတ်သက်ခြင်းမရှိပါ။
(၄)DVB၏သတင်းထုတ်ပြန်ချက်ထဲတွင်Burma VJ မှတ်တမ်းရှပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သောအဖွဲ့ ကို တည်ထောင်ထားသည် ဟု ရေးသားထားသည်။ ထိုရေးသားချက်လုံးဝမမှန်ပါ။Burma VJ Network မှာလက်ရှိ ဦးဆောင်နေသူ ကိုအောင်ကြီး၊ ကိုအောင်ထွန်း အပါအ၀င် အခြားအဖွဲ့ သားများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း ထောင်ကျခံ သက်စွန့် ဆံဖျား ဗီဒီယို ရိုက်ကူးခဲ့ကြသူများဖြစ်သည်။ထို ဗီဒီယိုအရုပ်များဖြင့်လည်း အော်စကာဆု ဆန်ကာတင် စာရင်းဝင် ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုသိရှိစေရန် ကူညီလုပ်ဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗီဒီယို ဂျာနယ်လစ် အဖြစ် ထဲထဲဝင်ဝင် ပါဝင်ပက်သက် သတင်းယူခဲ့သူ များ မှ ဘားမားဗီဂျေ အမည်အား အများအကျိုးအတွက် အသုံးပြုခြင်းကို ဒီဗီဘီ အနေ ဖြင့် ဝေဖန်ကန့် ကွက်ပိုင်ခွင့် မရှိပါ။

(၅) DVB နှင့်သက်ဆိုင်သည့် အသုံးပြုနိုင်သည့် မှတ်တမ်း ဗီဒီယို၊ဓါတ်ပုံနှင့် အခြားအရေးကြီး သတင်းအချက် အလက် များအား ပြန်လည် အပ်နှံထားပြီး ဖြစ်သဖြင့် ဘာမားဗီဂျေမီဒီယာ ၏ လက်ရှိ မှတ်တမ်းရုပ်ပုံများ၊သတင်းအချက်အလက်များမှာ နက်ဝက်ကိုယုံကြည်သဖြင့် ပေးပို့ လာသော သတင်းထောက် များနှင့် ပြည်သူ့ သတင်းထောက်များ၏ ထည့်ဝင်ကူညီမှုသာ ဖြစ်ပြီး ဒီဗီဘီ အနေဖြင့် သက်ဆိုင်နေသေးကြောင်း တစုံတရာ ပြောဆိုခွင့်မရှိပါ။ ဘားမားဗီဂျေ ၏ အင်တာနက် စာမျက်နှာ များတွင်လည်း ထို အရုပ်များကိုအကျိုးအမြတ် အတွက် မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။
DVB ၏စွပ်စွဲထုတ်ပြန်ချက်များသည် စွပ်စွဲခံရသူများနှင့်သာ ပြစ်မှုကျုးလွန်ခြင်းရှိ/မရှိ ဥပဒေ အ ကြောင်းအရဆောင်ရွက်ရန်သာဖြစ်သည်။ပြစ်မှုကြောင်းအရဆိုပြီး သတင်းထုတ်ပြန်ချက်ထဲတွင် ဘားမား ဗီဂျေ မီဒီယာနာမည် ကို ထည့်သွင်းပုတ်ခတ် ပြောဆိုဖို့ မသင့်ပါ။ ထိုသို့ ပြောဆိုခြင်းသည် မီဒီယာအားကိုးဖြင့် အခြား မီဒီယာတစ်ခုက အသရေဖျက်ခြင်းသာဖြစ်သည်။ပြည်သူ့ ဝန်ထမ်း တီဗီ(PBS-Public Broadcast Service)အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် ဆိုသည့် မီဒီယာကြီး တခုကို လိုသလို အသုံးချပြီး မိမိတို့ဝန်ထမ်းအချင်းချင်းပြန်လှန် မေးမြန်းကာ မီဒီယာ ငယ် တခုကို ရပ်တည်ခွင့် မရရန် ကြိုးပမ်းနေခြင်းသည် လွတ်လပ်ပွင့်လင်းလာမည့် မြန်မာ့ မီဒီယာ လောက အတွက်လည်း ရှေ့ နမိတ်မကောင်းနိုင်သလို မြန်မာစာနယ်ဇင်းလောက တွင်လည်း သမိုင်း အမည်းစက်ဖြစ်မည် ဖြစ်ပါသည်။
ထို့ ကြောင့် ဘားမားဗီဂျေမီဒီယာ နက်ဝက် ကို လည်းကောင်း၊ လက်ရှိ ဘားမားဗီဂျေ အဖွဲ့ ဝင် များကို လည်းကောင်း ထိခိုက်နစ်နာစေရန်၊ ဂုဏ်သတင်း ကျဆင်းစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် လုပ်ရပ် အားလုံးကို ချက်ချင်းရပ်တန့် ရန် ဘားမားဗီဂျေ မီဒီယာ မှအပြင်းအထန် သတိ ပေးလိုက် သည်။ ဘားမားဗီဂျေမီဒီယာ အနေဖြင့် ဒီဗီဘီ ၏ အသရေ ဖျက်မှု နှင့် မီဒီယာကျင့်ဝတ် ချိုးဖောက်မှု များအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း နှင့် နိုင်ငံတကာ မီဒီယာများ မှ တဆင့် ထုတ်ဖော် ပြောဆိုခြင်း အပါအ၀င် သင့်တော်သောနည်းလမ်းများဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ဘားမားဗီဂျေမီဒီယာနက်ဝက်(BurmaVJ Media Network)

အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုအောင်ကြီး(အင်္ဂလန်) +447760411510
ကိုအောင်ထွန်း (ထိုင်း) +66880113187

http://www.burmavjmedia.net/%E1%80%92%E1%80%AE%E1%80%97%E1%80%AE%E1%80%98%E1%80%AE-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8F-%E1%80%B1%E1%81%BE%E1%80%80%E1%81%BF%E1%80%84%E1%80%AC%E1%80%81/#.Tx0vo-y43m8.facebook

ဒီဗွီဘီ ငွေကြေးအရှုတ်တော်ပုံ ဇတ်လမ်း ကို ဒီဗွီဘီ ဒု ညွန်ချုပ် ကိုခင်မောင်ဝင်း နှင့် ကိုသန်းဝင်းထွဋ် အင်တာဗျူး

12:14 PM | Posted by Anonymous

လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများစာရင်း (ဇန္န၀ါရီ ၁၄ နံနက် အထိ စုဆောင်းရရှိသမျှ)

Saturday, January 14, 2012 1:26 AM | Posted by Anonymous
Released-PPs-272-List-on-14-01-2012

ပုဒ်မ ၄၀၁ အဓိပ္ပါယ်ဖွင့်ဆိုချက်

1:24 AM | Posted by Anonymous
Definition of 401 (Bur)

သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ သဘောထားထုတ်ပြန်ချက်

1:17 AM | Posted by Anonymous
သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ သဘောထားထုတ်ပြန်ချက်

AAPP Statement on Jan 12 Amnesty

ဇန်န၀ါရီ ၁၁ ရက်နေ့ည ကေအန်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲ (ရုပ်သံ)

Thursday, January 12, 2012 6:20 AM | Posted by Anonymous

မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက်

6:02 AM | Posted by Anonymous
မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက်

"အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံေ၇းလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းသိရပါသည်။
မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

မင်းကိုနိုင် ခွန်ထွန်းဦး နဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသား ၁၈၀၀ ကို အမြန်ဆုံးလွှတ်ပေးပါ

Wednesday, January 11, 2012 1:49 AM | Posted by Anonymous
မင်းကိုနိုင် ခွန်ထွန်းဦး နဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသား ၁၈၀၀ ကို အမြန်ဆုံးလွှတ်ပေးပါလို့ ဒီသီချင်းလေးနဲ့ လက်ချင်းဆက်ပြီး တောင်းဆိုကြပါစို့နော်။ နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးပါ မင်းကိုနိုင် နဲ့ ၁၈၀၀ ကို ပြည်သူလူထုဆန္ဒလိုက်လျှောပေးကြပါ သမ္မတကြီးရာ လူကိုလူလိုမြင်ကြဖို့ ကမ္ဘာနဲ့ရပ်တည်မှာ မလွတ်ပေးမချင်း ဇွဲမလျှော့ဘူး ကမ္ဘာနဲ့ရပ်တည်မှာ

နိုင်ငံရေးအကျဉ်းသားများ မြန်မာ့အကျဉ်းထောင် နှင့် သူတို့လွတ်မြောက်ရေး

Tuesday, January 10, 2012 1:07 AM | Posted by Anonymous
နိုင်ငံရေးအကျဉ်းသားများ မြန်မာ့အကျဉ်းထောင် နှင့် သူတို့လွတ်မြောက်ရေး


ယနေ့အထိလွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင်မပါရှိသေးသော ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသည့်သရက်ထောင်အုတ်ရိုးရှေ့မြင်ကွင်းအား ဇန်န၀ါရီ(၃)ရက်နေ့မွန်းတည့်မတိုင်မီတွေ့ရစဉ်။ ( Credit: Messenger News Journal)


(အင်းစိန်ထောင်)

ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ မျိုးဆက်သစ်တွေထဲမှာ အကျဉ်းကျခံရသူတွေအတော်များ တဲ့အတွက် ထောင်အတွေ့အကြုံတွေ အများကြီးသိရပါတယ် စာအုပ်တွေကတဆင့်လည်း ဖတ်ရဖူးပါတယ်။ ကဗျာဆရာကြီး ဦးတင်မိုး နှုတ်ထွက်စကား က နေ မစိုးရိမ်ဆရာတော်ဘုရား ကြီးအထိအောင် ထောင်အတွေ့အကြုံတွေမျိုးစုံကို နားထောင်ရဖူးပါတယ်။ ကျောင်းသားငယ် တွေကစပြီး ဆရာတော်တွေအထိ ဒီမိုကရေစီမြတ်နိုးသူတွေတော်တော်များများကို မြန်မာပြည်ရှိ ထောင်တွေမှာ ချုပ်နှောင်ထားပြီး၊ "အကျဉ်းထောင်နိုင်ငံ" အဖြစ် သွတ်သွင်းတာဟာ တော့ ဘုရားကြည်ညိုယောင်ဆောင်နေကြတဲ့ စစ်အုပ်စုတွေရဲ့ အတွင်းသရုပ်သဏ္ဍန်ကို ဖောက်ထွင်းမြင် တွေ့နိုင်ပါတယ်။ ထောင်မရှိတဲ့ နိုင်ငံကမ္ဘာပေါ်မှာ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံမှာ တရားဥပဒေ ရှိမရှိဆိုတာကို ကို အကဲခပ်ဖို့ဟာ အကျဉ်းထောင်ကိုလေ့လာရင်ကိုပဲ အတော်လေးကိုသိနိုင်ပါလိမ့်မယ်။

အင်္ဂလိပ် မျက်နှာဖြူလက်ထက် ကိုလိုနီအစိုးရအောက်မြန်မာနိုင်ငံ သာရဝေါမြို့နယ်မှာ ဆရာတော်ဦးဝိစာရ နယ်လှည့်တရားဟောနေစဉ် ၁၉၂၆ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့မှာ အာဏာဖီဆန်မှုနဲ့ အဖမ်းခံရပြီး အလုပ် နဲ့ ထောင်ဒဏ် (၂)လ ကျခံခဲ့ရပါတယ်။ အင်္ဂလိပ် အစိုးရလက်ထက် ဆရာတော်ဦးဝိစာရဟာ သင်္ဃန်းယုံခွင့်ရပြီး အလုပ်မလုပ်ရတဲ့အပြင် ဆရာတော်ဟာ "သာယာဝတီ အကျဉ်းထောင်မှတ်တမ်း" တောင် ရေးနိုင်ခဲ့တယ်လို့မှတ်သားရဖူးပါတယ်။ အင်္ဂလိပ် မျက်နှာဖြူလက်ထက် ကိုလိုနီခေတ်မှာတောင် နိုင်ငံရေးသမားကို ရိုသေ လေးစားတာကြောင့် ထောင်ကျသွားရင်တောင် အေကလပ် (သို့) ဘီကလပ် အထူးတန်းမှာ အခွင့်ထူးခံလိုထားတယ်။ သာမန်ရာဇဝတ်သားကို စီကလပ်မှာပဲထားပါတယ်။ အင်္ဂလိပ်ခေတ်မှာ မကြာခဏထောင်ကျတဲ့ သခင်စိုးကို နိုင်ငံရေးခေါင်းဆောင်လို့သတ်မှတ်တာမို့ အေကလပ် အထူးတန်းမှာထားတယ်လို့ သမိုင်းမှာသိရနိုင်ပါတယ်။ သခင်စိုးက ထွက်သမျှ သတင်းစာအားလုံးကို အရွဲ့တိုက်ပြီးမှာလို့ တရုပ် ကုလား သတင်းစာတွေပါ ပို့ပေးရတယ်။ "သခင်ပေါက်စ ထောင်ခြောက်လ" ဆိုတဲ့ ကိုလိုနီဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေ့း ခေတ်နဲ့ အခု အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့ခေတ်ကို နှိုင်းယှဉ်လိုက်ရရင်တော့ သခင်စိုးနေတဲ့အကျဉ်းထောင်ဟာ စီဒိုးနားလို ဇိမ်ခံဟိုတယ်ကြီးဖြစ်သွားနိုင်ပါတယ်။

နယ်ချဲ့ကိုလိုနီခေတ်ကထောင် နဲ့ ဦးနုဒီမိုကရေစီခေတ်ကထောင် ကို ယှဉ်ကြည့်ကြပါစို့။ ပါလီမန်အစိုးရ ခေတ်တုန်းက ၅ (ည) နဲ့အဖမ်းခံရတဲ့ ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်တဲ့ လူထုဦးလှ၊ ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တို့ထောင်ကျခဲ့ပါတယ်။ ထောင်ကျခဲ့ကြပေမဲ့ သူတို့အတွက် ထောင်ထဲမှာ စာကြည့်တိုက်ရှိတယ်။ စာဆိုတော်နေ့တွေတောင် ကျင်းပခွင့်ရကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီး ထောင်ထဲမှာ စာဆိုတော်နေ့ တွေတောင် ကျင်းပနိုင်ခဲ့ကြတယ်ဆိုပါတယ်။ သတင်းကျွတ်ပွဲ တန်ဆောင်တိုင်ပွဲလို အခါကြီးရက်ကြီးတွေမှာ ထောင်အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေ စုပေါင်းပြီးကပြတဲ့ ပြဇတ်တွေ၊ အငြိမ့်တွေလည်း ထောင်ထဲမှာ ပျော်ပျော်ပါးပါး ကပြနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေအတွက်ထောင်ထဲမှာ လူမှုရေးလုပ်ငန်းတွေ အပင်ပန်းခံလုပ်ကိုင်ခဲ့တဲ့လူထုဦးလှဆိုရင် ထောင်သားတိုင်းကချစ်ခင်လေးစားတယ်လို့သိရပါတယ်။ ထောင်သားအချင်းချင်းပြဿနာတက်ပြီး ထောင်အရာရှိတွေ ဘာလုပ်ရမှန်းမသိအောင် ဦးနှောက်ချောက်ရတဲ့ ကိစ္စမျိုးကို တောင် လူထုဦးလှက ဝင်ရောက်ဖြေရှင်းရင် ပြေလည်သွားတတ်ပါတယ် လို့သိရပါတယ်။ ဒါဟာ ထောင်အုပ်ချုပ်ရေးကိစ္စတွေမှာတောင် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် ဆောင်ရွက်ခွင့် ရရှိခဲ့တယ်ဆိုတာကို ပြသနေတဲ့သဘောဖြစ်ပါတယ်။ အပြင်ကမိတ်ဆွေ အသိတွေကိုလည်း ထောင်ထဲမှာ ထမင်းစား ဖိတ်တာ၊ အလည်ခေါ်တာမျိုးလဲ ရရှိခဲ့ကြရပါတယ်။ ၁၉၅၅ ခုနှစ်က သခင်ကိုယ်တော်မှိုင်း ကို ရန်ကုန်ထောင်ထဲဖိတ်ကြားပြီး ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တိုက ကန်တော့ခဲ့ကြတယ်ဆိုပါတယ်။ အဲ့ဒီနေ့က ဗန်းမော်တင်အောင် ရဲ့ အခမ်းမှာတောင် ဗန်းမော်တင်အောင် နဲ့ လေထီးဦးအုန်းမောင် တို့နှစ်ဦး အမှတ်တယ ဓါတ်ပုံတွဲရိုက်ထားတာရှိတယ် လို့ကြားရဖူးပါတယ်။ ၁၉၅၆ ခုနှစ်ကလည်း ကျားဘငြိမ်း ကို ရန်ကုန်ထောင်ထဲအထိ ဖိတ်ပြီး လက်ဝှေ့ဟန်ရေးပြခိုင်းခဲ့တယ်။ နာမည်ကြီး လှံတံပစ် မခင်ထွေးကိုလည်း ထောင်ထဲဖိတ်ပြီး အားကစားသရုပ်ပြပွဲ ပြုလုပ်ခိုင်းခဲ့ပါတယ်။ ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တို့က စာရေးဆရာ ဒဂုံတာရာကို ထောင်ထဲဖိတ်ခေါ်ပြီး ထမင်းဖိတ်ကြွေးခဲ့ပါတယ်။ ဆရာကြီး ဒဂုံတာရာဟာ ထောင်ထဲမှာ တနေကုန်နေပြီး မိတ်ဆွေစာရေးဖော်ရေးဖက်တွေ နဲ့ အားရပါးရစကားတွေ လက်ဆုံကျခဲ့ကြပါတယ်။ ထောင်ထမင်း ထောင်ဟင်းစားပြီး ညနေ ထောင်ဗူးဝ ပိတ်ခါနီး မှ ထောင်ထဲကနေပြန်သွားတယ်လို့သိရပါတယ်။


(နာမည်ကျော်သာယာဝတီထောင်ဘူးဝကို ၃.၁.၂၀၁၂ နေ့ကတွေ့ရပုံ)

အခုတော့ ဒီအကြောင်းတွေဟာ ယုံတမ်းစကား တွေလို့ ထင်မှတ်ရပါတယ်။ ဦးသန်းစိန် အစိုးရလက်ထတ် အကျဉ်းသားဘဝ နဲ့ တခြားစီဖြစ်နေပါပြီ။ ပျော်ပွဲရွှင်ပွဲတို့ အားကစားပွဲတို့ဆိုတာ ဝေးလို့ နေ့ထူးနေ့မြတ်တွေမှာ ကိုယ့်ဖာသာကိုယ် ဥပုသ်စောင့်တာတောင် အာဏာပိုင်တွေ က နိုင်ငံရေးလုပ်တယ် စွတ်စွဲပြီး ဝိုင်းဝန်းထိုးကြိတ်ကြပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ဖို့ နေနေသာသာ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၊ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အရာရှိလို ပုဂ္ဂိုလ်တွေကိုတောင် နအဖ က ထောင်ထဲလာတာကကြိုက်ပါဘူး။ ရန်ကုန်ထောင်ကြီးလည်း နေရာမပြောင်း၊ အဖမ်းခံရတဲ့ ပုဒ်မတွေလည်းမပြောင်း၊ ပြောင်းသွားတာကတော့ ကိုလိုနီစနစ်ကနေ ပါလီမန်ဒီမိုကရေစီစနစ်၊ ပါလီမန်ဒီမိုကရေစီစနစ် ကနေ အာဏာရှင်စနစ် ထဲရောက်သွားရတော့ နဝတ နအဖ လက်ထက်မှာ သံဃာကံဆောင်ပွဲလုပ်မိတဲ့ မန္တလေးမြို့မှ လေးပြင်လေးရပ် သံဃာဥက္ကဋ္ဌ ဆရာတော် ဦးရေဝတ၊ ဆရာမောင်သော်က၊ ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်း၊ ဗိသုကာဦးကျော်မင်း၊ ဦးမောင်ကို တို့ စစ်အစိုးရအကျဉ်းထောင်တွေထဲမှာ ကျဆုံးခဲ့ကြရပါတယ်။

တိုင်းတပါးသားတွေ ကိုယ့်နိုင်ငံကို ကျွန်လာပြုတာတောင် တိုင်းတပါးသားက မြန်မာ့ နိုင်ငံရေးသမားတွေကို တလေးတစားတန်ဖိုးထား တာ အထင်းသားမြင်ရနိုင်ပါတယ်။ နိုင်ငံဟာ ဒီမိုကရေစီရခါစ ဦးနုအစိုးရလက်ထက်မှာ လည်း နိုင်ငံရေးသမားတွေကို အဆင့်အတန်းရှိရှိ ဆက်ဆံခံရပါသေးတယ်။ စစ်အစိုးရတက်ပြီး ၁၉၆၂ ကစပြီး စစ်ဗိုလ်တွေဟာ နိုင်ငံရေးသမားတွေကိုကို အာဏာပြိုင်ဘက်လို သဘောထားလာရုံမက ရန်သူလိုပါ နှိပ်ကွပ်လာတာ တွေ့ရှိရပါတယ်။ဒီမိုကရေစီကိုပေးဖို့အချိန်မတန်သေးပါဘူး၊ မြန်မာပြည်ဟာ ဒီမိုကရေစီစနစ် နဲ့ အံဝင်ဂွင်ကျမဖြစ်သေးဘူး၊ ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံကလာတာ စသဖြင့် စစ်အုပ်စုအဆက်ဆက်ခေါင်းဆောင်တွေက ထင်ရာမြင်ရာပြောနေကြသလို အရပ်သားအစိုးရ လို့ကြေငြာထားတဲ့ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင်တွေကလည်း ဒီလိုပဲ တသဝေမတိမ်းလိုက်ပြောတာပါပဲ။ စစ်အုပ်စုတွေ ကတိ မျိုးစုံကို အကြိမ်ကြိမ်အလီလီကို ဖောက်ဖျက်ပြီး ရေးတာတမျိုး၊ လုပ်တာတမျိုး နဲ့ လုပ်ချင်ရာလုပ်နေကြတာပါ။ ၁၉၆၂ ကစပြီး၁၉၈၈ ကနေ ယ္ခုအချိန်အထိ စစ်အုပ်စု ကနေ အရပ်သားအစိုးရ လို့ ပြောဆိုကြေငြာနေသည့်တိုင် ကျောင်းသားမျိုးဆက်တွေနဲ့ နိုင်ငံရေးမျိုးဆက် ခေါင်းဆောင်အသီးသီးကို ထောင်တွေထဲထည့် ပြီး အမျိုးမျိုးနှိပ်စက်ခဲ့ကြပါတယ်။ နိုင်ငံတကာ နဲ့ ပြည်တွင်း ကအပြင်းအထန်တောင်းဆိုလာပြန်တော့ မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူး လို့ဗြောင်ငြင်းဆန်လာပါတယ်။ ဥပဒေတွေကို ချိုးဖောက်လို့ဖမ်းဆီးထားကြရတာပါတဲ့။ အရှက်ကိုလုံးဝမရှိတဲ့ တာဝန်ခံမှု တာဝန်ယူမှုလုံးဝမရှိတဲ့ အာဏာကိုင်တွေဖြစ်တယ်ဆိုတာထပ်သိရပြန်တယ်။ မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူး ပြောနေရင်းက သူတို့လွှတ်လိုက်ရင် နိုင်ငံရေးအကျဉ်းသားလွှတ်တယ် ကြေငြာပြန်ပါတယ်။ ဒီလို မလိမ့်တပတ် အမြဲလုပ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာဘယ်လောက်ရှိသလဲ ဆိုတာလည်း အာဏာကိုင်တွေ ဘယ်တော့မှ ပြောလေ့ပြောထ မရှိပါဘူး။ စစ်အုပ်စုတွေက ယုံကြည်အကျဉ်းသား လို့မသတ်မှတ်ပေမဲ့ လုံခြုံအကျဉ်းသား၊ သီးသန့်အကျဉ်းသား စသဖြင့် ဘယ်လိုခေါ်ဆိုခေါ်ဆိုစေကာမူ " နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" " "နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" " နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" ။

"ယုံကြည်နိုင်ငံရေးအကျဉ်းသားအဖြစ်" ခေါင်းစဉ်အဓိပ္ပါယ်သတ်မှတ်မှုမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းမဖက်အနုနည်းဖြင့် ပါဝင်ဆောင်ရွက်ယင်း အကျဉ်းချခံရသူတွေကိုသာ သတ်မှတ်ထားပါတယ်။ "မြန်မာ့နိုင်ငံရေးအကျဉ်းသား"ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ အကြမ်းမဖက်အနုနည်းဖြင့် ပါဝင်ဆောင်ရွက်ယင်း အကျဉ်းချခံရသူတွေကိုသာမက၊ လက်နှက်ကိုင်လှုပ်ရှားမှုအတွင်း အဖမ်းဆီးထိမ်သိမ်းခံရသူ အကျဉ်းချခံရသူတွေကိုပါ ထည့်သွင်းသတ်မှတ်ပါတယ် လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ရဲရဲဝံ့ဝံ့ကြေငြာသတ်မှတ်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း ဆိုတာက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နဲ့ ထောင်အတွေ့အကြုံကြီးသူတွေ ဖြစ်တာမို့၊ မြန်မာ့နိုင်ငံရေး မှာ ပြည်တွင်းစစ်ဖြစ်နေရတဲ့ နိုင်ငံမှာ ဒီလို ပြတ်ပြတ်သားသားရပ်တည်ပြသမှု ခေါင်းစဉ်အဓိပ္ပါယ်အဓိပ္ပါယ်သတ်မှတ်ပေးတာကို ကျနော် အတော်ကို ဝမ်းသာလက်ခံမိပါတယ်။ တိုင်းရင်းသားတွေ ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတိုက်ပွဲတွေကို စာနာနားလည်မှု တန်ဖိုးးထားမှုတင်မက နိုင်ငံရေးအရ အမြင်ကျယ်ပြန့်မှုရှိတဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ ခေါင်းစဉ်အဓိပ္ပါယ်သတ်မှတ်မှုဖြစ်ပါတယ်။ ဒါဟာ အလွန်အရေကြီးပြီး "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားများ" ဆိုတဲ့ "စံ" ကို အကောင်းဆုံး သတ်မှတ်လိုက်တာဖြစ်ပါတယ်။

မကြာခင်ကလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆယ် ဂဏန်းပဲ ပါတဲ့အပေါ် ပြည်သူအများရဲ့ စိတ်ပျက်သံတွေ၊ လွတ်ငြိမ်းချမ်းသာခွင့် လို့တောင် မသပ်မှတ်နိုင်ဘူး စသဖြင့်ဝေဖန်ထောက်ပြကြပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့သူတွေ ရှိနေသရွှေ့ ဦးသိန်းစိန် အစိုးရအနေနဲ့ လွတ်လပ်ပြီး၊ ဒီမိုကရေစီ ကျင့်သုံးနေပြီလို့ မြန်မာနဲ့ကမ္ဘာကို ပြောဖို့ မသင့်တော်ပါဘူး။ ဘယ်သူမှလည်းလက်ခံမှာ မဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရအဖို့ အရပ်သားအစိုးရဖြစ်နေတာမို့ နိုင်ငံရေးအကျဉ်သားတွေကို ပြန်ပေးဆွဲထားသလိုမျိုး အရင် စစ်အုပ်စုတွေဖြစ်တဲ့ နဝတ နအဖတွေလို ဆက်လက်ထိမ်းသိမ်းချုပ်နှောင်မထားသင့်တော့ပါဘူး။ စစ်မှန်တဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တကယ်လုပ်တယ်ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာကို အမြန်ဆုံးပြနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှသာ ပြည်သူတွေနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ယုံကြည်မှုရပြီး မြန်မာ့ဒီမိုကရေစီရေး၊ ပြည်တွင်းစစ်ရပ်စဲရေး နဲ့ တိုင်းပြည်သာယာဝပြောရေး၊ စီးပွါးရေး ပညာရေး ကျမ္မာရေးတွေ အမြန်ဆုံး စတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရေး၊ ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ လွတ်လပ် မျှတမှုရှိရေးနဲ့ တိုင်းရင်းသား ဒေသတွေမှာ ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေ အမှန်တကယ် ကင်းဝေးသွားအောင် ဆောင်ရွက်ရေးတွေဟာ လတ်တလောလုပ်ဆောင်ရမှာတွေဖြစ်ပါတယ်။

နိုင်ငံသားချင်း အချင်းချင်း ဘာဖြစ်လို့ အမုန်းပွါးနေတော့မှာလဲ။ ထောင်တံခါးတွေဖွင့် သံခြေချင်းတွေ လက်ထိပ်တွေဖြုတ် ပြီး ပြည်သူပြည်သားတွေ စိတ်ချမ်းသာမဲ့ မင်္ဂလာနေ့တွေ ဖန်တီးလိုက်ပါ တော့လားဗျာ။

နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ထောင်ထဲ မှာ ကောင်းကောင်းမွန်မွန်နေရတယ်။ စားရတယ်။ လွယ်လွယ်သဘောပေါက်ထားကြတဲ့ အချို့လူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အကျဉ်းကျခံနေကြရတာကို သိရှိဖို့လိုတယ်။ စစ်အာဏာရူးတွေ ဖမ်းချင်သလိုဖမ်း၊ တပ်ချင်တဲ့ပုဒ်မတပ်၊ ရက်ရက်စက်စက် စစ်ကြောရေးတွေဝင်ပြီး ရိုက်နှက်ဝန်ခံခိုင်း၊ စိတ်တိုင်းကျ နှစ်တွေနဲ့ထောင်ချပစ်၊ မိဘတွေနဲ့ဝေးရာထောင်တွေထဲထည့်၊ လိုအပ်ရင် လိုအပ်သလို ပုဒ်ထီး ပုဒ်မတွေ အသစ်ထပ်ရေးဆွဲပြဌာန်း ပြီး အရေးယူ၊ ထောင်တွေထဲမှာ လူ့ဂုဏ်သိက္ခါပျက်အောင် အထိလုပ်ပစ်၊ အစားအစာလုံလောက်အောင်မပေး၊ ကျမ္မာရေး လုံးဝဂရုမစိုက် စတာတွေနဲ့ စစ်အုပ်စုအာဏာတည်မြဲရေး ကို လုပ်ဆောင်ခဲကြ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ နုနယ်လှတဲ့ဘဝတွေကို ရင်းပြီး သူတို့တွေတိုက်ပွဲဝင်နေကြတယ်ဆိုတာ မြန်မာပြည်က စနစ်ဆိုးကို ဖယ်ရှားဖို့၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့၊ တရားမျှတမှုတွေ ပြည်သူတရပ်လုံးရဖို့၊ လူ့ဂုဏ်သိက္ခါနဲ့လူတိုင်းလူတိုင်း လူပီသစွာနေကြရဖို့၊ လူထုကိုကာကွယ်တဲ့ တရားဥပဒေပေါ်လာဖို့ အချုပ်ပြောရရင် လွတ်လပ်ခြင်း ညီမျှခြင်း တရားမျှတမှုတွေကို ပေးမဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်လာဖို့ ပေးဆပ်နေကြတယ်ဆိုတာကို သိရှိဖို့သာမက၊ နိုင်ငံရေးအရ နိုးကြားသိရှိဖို့ဟာ အထူးလိုအပ်လှပါတယ်။ ပြောတိုင်းယုံ တာမဟုတ်ဘဲ လက်တွေ့နဲ့ ချိန်ထိုးနိုင်ရပါမယ်။ ယခုအထိ မြန်မာပြည်အစိုးရအကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့်ဘဝကို စွန့်လွှတ်နေကြတဲ့ ရဟန်းသံဃာတွေ ကျောင်းသားလူငယ်တွေ တိုင်းရင်းသားများ အလွှာပေါင်းစုံမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ယင်း ထောင်ကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်မြောက်ဖို့ ပြည်တွင်း ပြည်ပ ရှိ ကျနော်တို့က တပ်စွမ်းသမျှဝိုင်းဝန်း ကူညီပေးကြဖို့၊ တာဝန်သိ ကျေးဇူးသိတဲ့ နိုင်ငံသားကောင်းတွေအဖြစ်တာဝန်ယူ လုပ်ဆောင်ကြဖို့တိုက်တွန်းအပ်ပါတယ်။

ခွတ်ဒေါင်းကျောင်းသားတွေရဲ့ ရိုးသားမွန်မြတ်တဲ့ သမိုင်းစဉ်ကို ဂုဏ်ပြုကြပါစို့။

နိုင်ငံချစ်စိတ် အရင်းခံနဲ့ ဘဝတွေရင်းပြီး တိုက်ပွဲဝင်နေကြသူတွေ အားလုံးကို မမေ့ကြပါနဲ့။ သူတို့အားလုံးဟာ နိုင်ငံ့ မိတ်ဆွေတွေ မျိုးချစ်တွေဖြစ်ကြပါတယ်။ သူတို့ ကျေးဇူးတို့မမေ့ကြဘူး။

နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ဖို့သင့်လုပ်အားဖြင့် ဂုဏ်ပြုပါဝင်ကြပါစို့။

နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်ရေးသားတဲ့ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားဘဝ အတွေ့အကြုံများအကြောင်း စာအုပ်နှစ်အုပ်လင့်ခ့် ကို ကလစ်လုပ်ပြီး နဝတ နအဖ စစ်အားဏာရှင်တွေ ဒီမိုကရေစီလိုလားသူတွေကို အကျဉ်းထောင်တွေထဲဘယ်လို နှိပ်စက်ကလူပြုသလဲ ထောင်တွေထဲ ဘယ်လိုနေရတယ် ဘယ်လိုစားရတယ်ဆိုတာတွေကို လေ့လာလို့ရပါတယ်။

ဘာလဲဟဲ့ လူ့ငရဲ (ဆရာကြီး ဦးဝင်းတင်) စာအုပ်

http://www.scribd.com/doc/77720423/U-Win-Tin-%E2%80%9C%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%80%B7-%E1%80%9C%E1%80%B0%E1%82%94%E1%80%84%E1%80%9B%E1%80%B2%E2%80%9D

လူရှင်သင်္ချိုင်း (ကိုနေလင်း) စာအုပ်

http://www.scribd.com/doc/77719413/Lu-Shin-Thin-Chine-by-Nay-Lin

လေးစားစွာဖြင့်

ဇော်ဝင်း

ခေတ္တ (မဲဆောက်)

မှတ်ချက်။ ။ ဆရာ ဦးအောင်ခင် ရဲ့ ဆောင်းပါးတွေကို ကိုးကားရေးသားထားတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတီရှပ်မှာ ဒေါ်စုလက်မှတ်ရေးထိုးပြီး လွတ်မြောက်ရေးကြိုးပမ်းကြဖို့လှုံ့ဆော်ပြီ

12:42 AM | Posted by Anonymous

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတီရှပ်မှာ ဒေါ်စုလက်မှတ်ရေးထိုးပြီး လွတ်မြောက်ရေးကြိုးပမ်းကြဖို့လှုံ့ဆော်ပြီ

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတီရှပ်

12:40 AM | Posted by Anonymous

အသိတရားရှိသူတွေ သီလရှင်လေးကို ရိုသေဂါဝရပြုနေကြတာ ကြည်နူးစရာပါ

12:39 AM | Posted by Anonymous

အသိတရားရှိသူတွေ သီလရှင်လေးကို ရိုသေဂါဝရပြုနေကြတာ ကြည်နူးစရာပါ

ငါကွ ငါကွ သိန်းစိန် တဲ့ကွ တစိန်ပဲ ရှိတယ် (ဒေါ်စုရှိရင် ငါကြိုက်တာလုပ်လို့ရတယ် မြေလျှိုး မိုးပျံလို့ရတယ်ကွ)

Tuesday, January 3, 2012 8:45 PM | Posted by Anonymous
ငါကွ ငါကွ သိန်းစိန် တဲ့ကွ တစိန်ပဲ ရှိတယ် (ဒေါ်စုရှိရင် ငါကြိုက်တာလုပ်လို့ရတယ် မြေလျှိုး မိုးပျံလို့ရတယ်ကွ)

အမေ့ ကျမျက်ရည်

8:43 PM | Posted by Anonymous

အမေ့ ကျမျက်ရည်





ထောင်ထဲကသား ကို ထောင်ပြင်က စောင့်နေတဲ့အမေ

( ထောင်ထဲကသား ကို ထောင်ပြင်က စောင့်နေတဲ့အမေတွေ ရဲ့ ကျမျက်ရည်တွေကို ဦးသိန်းစိန်တို့ခံစားနိုင်ကြပါစေ)

“နိုင်ငံရေးအကျဉ်းသားများ မလွတ်သေးသမျှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အပါအ၀င် ဘာရုပ်ရှင်မှ မရိုက်ကူး မပါဝင်လိုတော့ပါ” (ဇာဂနာ)

8:42 PM | Posted by Anonymous
“နိုင်ငံရေးအကျဉ်းသားများ မလွတ်သေးသမျှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အပါအ၀င် ဘာရုပ်ရှင်မှ မရိုက်ကူး မပါဝင်လိုတော့ပါ” ဟု Maung Thura ဖေ့စ်ဘွတ်ခ်တွင် ဇာဂနာ ရေးသားထား






ကျနော့်သူငယ်ချင်းတွေဟာ ဆိုမာလီ ပင်လယ်ဓားပြတွေလက်ထဲ ရောက်နေသလိုပဲလို့ ပြောခဲ့မိတာ ရုပ်သိမ်းပါတယ်။ ပင်လယ်ဓားပြတွေက ကတိတည်တယ်ဗျ။ ခုလုပ်ရပ်ကတော့ ကတိသစ္စာပျက်ယွင်းခြင်းပဲ။ ယုန်ကောင်ငုံလို့ ယုန်ရုပ်ရေးလည်း မယုံရေးချ မယုံ (ဇာဂနာ)

အမေရိကန် သန်းကြွယ်သူဌေး George Soros မယ်တော်ဆေးခန်း သို့ လာရောက်

8:41 PM | Posted by Anonymous

ဇန်န၀ါရီ ၃ရက်။ ရွှေသိုက်တော

အမေရိကန်နိုင်ငံမှ ပရဟိတအလှူရှင်တဦးဖြစ်သည့် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် (George Soros) သည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဒေသရှိ လူမှုအဖွဲ့အစည်းများ၏ အခြေအနေများကို သိရှိနိုင်ရန်အတွက် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း သို့ ယနေ့နံနက်တွင် လာရောက်လေ့လာခဲ့သည်။


ဂျော့ဆိုးရော့စ်နှင့်အဖွဲ့ကို မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင် အပါအ၀င် ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများက နယ်စပ်တွင် ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ဒေါက်တာစင်သီယာမောင်က “ဒီနယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေအနေတွေကို သူ လာလေ့လာ တာ ဖြစ်တယ်။ သူပြောတာက ဒီနယ်စပ်ဒေသမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပြည်တွင်းမှာ ဆောင်ရွက်နေတဲ့ အနေအထားတွေနဲ့ ဘယ်လိုဆက်စပ်ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို လာရောက်လေ့လာတာလို့ ကျမတို့ကို ပြောပါတယ်။ ကျမတို့ကလည်း လက်ရှိနယ်စပ်က အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။”ဟု ပြောသည်။


ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့မှ မိခင်နှင့် ကလေး ကျန်းမာရေးအစီအစဉ် တာဝန်ခံ နော်သောသီဖောက ယနေ့ဆွေးနွေးပွဲ၌ ဂျော့ဆိုးရော့စ်က လက်ရှိနယ်စပ်တွင် မြန်မာ့အရေးအတွက် ၎င်းတို့ အကူအ ညီများ ပေးနေသည့်ကိစ္စများနှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်ပေး ပြောဆိုမှုများမရှိဟု ဆိုသည်။


အသက် ၈၁နှစ်အရွယ်ရှိ ဂျော့ဆိုးရော့စ်သည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ရေးအတွက် အစဉ်တစိုက် ငွေကြေးအကူအညီများ ထောက်ပံ့ပေးနေသူလည်း ဖြစ်သည်။


မြန်မာ့ဒီမိုကရေစီရေးနှင့် ပညာရေးအတွက် ၎င်းထူထောင်ထားသည့် Open Society Institute (OSI) အဖွဲ့က နှစ်စဉ် အမေရိ ကန်ဒေါ်လာ ၂သန်းခန့် ထောက်ပံ့ ကူညီပေးလျှက်ရှိသည်။


ဂျော့ဆိုးရော့စ်သည် မိသားစုဝင်များနှင့်အတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကာ သမတဦးသိန်းစိန် အပါအ၀င် အစိုးရထိပ်တန်း ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

အလားတူ ယခုလ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ သည်ဟု သိရသည်။

Credit: Karen Information Center

http://www.kicnews.org/?p=9182