Intelligence Unit : Red Alert: Nuclear Emergency in Japan

Friday, March 11, 2011 5:57 PM | Posted by Anonymous
We extend our condolences, prayers and sympathies to the people of Japan. This is an absolutely heart rending tragedy with exorbitant numbers. 88,000 people are missing in Japan according to Kyodo News Agency. While the death toll remains low right now, it seems likely to spiral much higher. The human scale of the tragedy is enormous. Post the 8.9 Richter earthquake that struck Japan, Tsunami warnings have been issued for at least 20 countries and many Pacific islands. Given the log scale, this is the 5th to 7th largest earthquake ever recorded in the world and the largest in Japan's modern history. More than 50 aftershocks have been felt across Japan. Most of these aftershocks have a bigger magnitude than the main quake felt in Tokyo!

Nuclear Emergency

The key concern is now focussed on the red alert associated with the nuclear emergency declared in Japan. In particular, this is to do with the Fukushima Daiichi nuclear power plant. Pressure at the nuclear plant may have risen to 2.1 times its designed capacity, Japan's trade ministry has just announced. Temperatures and pressure at the "Number 1" nuclear reactor have been rising since its cooling system was knocked out by the earthquake, raising concerns about a possible radiation leak. Japan has also just announced that it may have to release radioactive vapour from the nuclear reactor into the atmosphere. The radiation level inside one of the reactors at the Fukushima-Daiichi nuclear plant is 1,000 times higher than normal according to a safety panel's citation by Kyodo news agency. If the outage in the cooling system persists, radiation would leak out into the environment and some indications are this may already be taking place. As a worst case, the persistence of this problem could cause the reactor's meltdown. The Japan nuclear 'station blackout' has the potential to go catastrophic as the authorities struggle to 'cool down' the nuclear facility before reactions spiral out of control.

Pacific Ring of Fire

About 90% of the world's earthquakes and 80% of the world's largest earthquakes occur along the Ring of Fire. Japan's quake suggests the 'Ring of Fire' arc of volcanoes & trenches encircling the Pacific basin have become even more active than usual. Sadly, this could mean more quakes, volcanoes and Tsunamis may follow -- not just in Japan -- but also other countries and islands that frame the Pacific basin.

1 in 150 Years Event

Japan's 8.9 Richter earthquake is the biggest in 140 years, surpassing 1923's Great Kanto 7.9 Richter quake which killed 140,000. Post the devastating earthquake and Tsunami in Japan, we have spent most of the day at our headquarters in London, monitoring developments hour-by-hour via friends, partners and colleagues in Japan as well as government officials and NGOs in related countries and at the United Nations.

24/7 Updates

If you wish to follow the latest analysis and development in regard to seminal issues linked to the Japan earthquake and Tsunami, please visit us online at ATCA 24/7 on Yammer. Once again, we offer prayers and well wishes for all those affected by the massive earthquake and tsunami in Japan. At moments like this, regardless of our diverse backgrounds, we are all one!

[ENDS]

Participate in this Socratic dialogue at:

http://www.facebook.com/photo.php?pid=2153035&l=9c207bd065&id=1059226035

Video of tsunami waves smashing cars after Japan earthquake

3:17 PM | Posted by Anonymous

Video of mad tsunami waves battering ships, homes, cars after Japan earthquake

3:16 PM | Posted by Anonymous

Video of cars, ships wrecked by tsunami waves after Japan earthquake

3:15 PM | Posted by Anonymous

Japan tsunami unleashes wave of destruction

2:35 PM | Posted by Anonymous

ဂျပန် ငလျင်ဒဏ် အကြီးအကျယ်ခံရ

1:41 PM | Posted by Anonymous
BBC (Burmese)

ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက် မွန်းလွဲ ၂နာရီ ၄၆ မိနစ်က အရှေ့မြောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ငလျင်ကြီး လှုပ်သွားခဲ့တာကြောင့် နိုင်ငံရဲ့အရှေ့မြောက်ကမ်းရိုးတန်းကို ကြီးမားတဲ့ ဆူနာမီ ဒီရေလှိုင်းလုံးကြီးတွေ ရိုက်ခတ်သွားခဲ့ရပါတယ်။

အရှိန်နဲ့ လှိမ့်တက်လာတဲ့ အမြင့်ပေ ၃၃ ပေခန့်ရှိတဲ့ ဧရာမလှိုင်းလုံးကြီးတွေဟာ ကမ်းခြေမြို့ ဆန်ဒိုင်းကို ဖုံးလွှမ်းသွားခဲ့ပြီး မော်တော်ကားတွေ လူနေအိမ်တွေ သင်္ဘောတွေကို ဝါးမြိုသွားခဲ့ကာ ဒီရေပြန်အကျမှာ အပျက်အစီးတွေဟာ လှိုင်းနဲ့အတူ ပင်လယ်ထဲမျောပါသွားခဲ့ပါတယ်။

ငလျင်ကြီးရဲ့ပြင်းအားက ၈. ၉ richter scale ရှိပြီး ဂျပန်ကမ်းရိုးတန်း အလွန် ကီလိုမီတာ ၁၃ဝ အကျယ်အဝန်းကို ဗဟိုပြုလှုပ်ခါတာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ သုတေသန လေ့လာချက်တွေအရသိရပါတယ်။

တိုကျိုမြို့တော် မှာ လွှတ်တော် အစည်းအဝေး ကျင်းပတုန်း ငလျင်လှုပ်သွားခဲ့တာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်Naoto Kan က လွှတ်တော် အစည်းအဝေးကို ရပ်လိုက်ပြီး မြေငလျင်အရေးပေါ် ကယ်ဆယ်ရေးကော်မီတီ ဖွဲ့စီးခဲ့ကာ ကိုယ်တိုင် ဥက္ကဌအဖြစ်ဆောင်ရွက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစီးဆောင်ရွက်နေပါတယ်။

နောက်ပိုင်းမှာ တိုကျိုမြို့မှာ အင်အားပြင်းတဲ့ နောက်ဆက်တွဲ တုန်ခါမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

တိုကျိုမြို့ ဝန်းကျင် ရှိ နေအိမ် တိုက်တာ ၄ သန်းမှာ လျှပ်စစ်မီး ပြတ်တောက်သွားပြီး မီးလောင်မှု တခိျု့ ဖြစ်ပွားပါတယ်။

နိုင်ငံမြောက်ဖက်ဆီ ပြေးဆွဲတဲ့ ကျည်ဆံ အမြန်ရထားလိုင်း ကိုလဲရပ်ဆိုင်းလိုက်ပါတယ်။

တိုကျိုမြို့လည် ရောက်နေကြတဲ့ ဂျပန်လူမျိုးတွေက ငလျင်လှုပ်ပုံက ကြောက်စရာ ကောင်းလွန်းလို့ သူတို့ သေတော့မှာပဲလို့ စိုးရိမ်ကြပုံကို ပြောကြပါတယ်။

တိုကျို နိုင်ငံတကာ နာရီတာ လေဆိပ်ကိုလဲ အဝင်အထွက် ပိတ်ထားပါတယ်။

ဆူနာမီရေလှိုင်းနဲ့ သင်္ဘောတွေလဲ မျောပါကုန်လို့ ရေကြောင်းလိုင်းတွေပါ နိုင်ငံအနှံ့ ရပ်ဆိုင်းထားပါတယ်။

ဆန်ဒိုင်းမြို့ မြောက်ဖက် ပင်လယ် ကမ်းခြေမြို့ အီဝါတီ မှာလဲ ဆူနာမီ လှိုင်းကြီးက မော်တော်ကားတွေ၊ ကုန်တင်ကားတွေ နဲ့ နေအိမ်တိုက်တာ တွေပါ တိုက်စားသွားပါတယ်။

ဖူကုရှီမာ ရှိနျူးကလီးယားစက်ရုံမှာ လေအေးပေးစံနစ် အလုပ်အလုပ်တော့တဲ့အတွက် အရေးပေါ်အခြေအနေကြေညာထားပါတယ်။

နောက် နျူးကလီးယား စက်ရုံဖြစ်တဲ့ မီယာကြီး နျူးကလီးယားစက်ရုံမှာ မီးလောင်နေတယ်လို့ သိရပြီး နျူးကလီးယားစိမ့်ယိုမှုတွေမတွေ့ရဘူးလို့ အာဏာပိုင်တွေကပြောပါတယ်။

ငလျင်လှုပ်တာကို ကြိုတင်ခန့်မှန်းနိုင်ဖို့ ခက်တယ်လို့ သြစတြေးလျ အခြေစိုက် ဘူမိဗေဒပညာရှင် ဒေါက်တာ သန်းနိုင်က ပြောပါတယ်။

မကြာခင်က ငလျင်လှုပ်ခဲ့တဲ့ နယူးဇီလန်၊ အင်ဒိုနီရှား၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုကာလီဖိုးနီယား ကမ်းရိုးတန်း ဟဝိုင်ယီ စတဲ့ ဒေသတွေဟာ မီးတောင်တွေ ပေါက်နိုင် ငလျင်တွေ လှုပ်နိုင်တဲ့ မတည်ငြိမ်တဲ့ ဒေသတွေ ဖြစ်လို့ ဘူမိဗေဒပညာရှင်တွေက Ring of Fire လို့ ခေါ်ကြတယ်လို့ သူကပြောပါတယ်။

အခုငလျင်ဒဏ်ကြောင့် အင်ဒိုနီရှား ဖိလိပိုင် တိုင်ဝမ် မီယာမီ စတဲ့ဒေသတွေမှာ ဆူနာမီရေလှိုင်း ရိုက်ခတ်နိုင်တယ်လို့ သတိပေးမှုတွေ လုပ်ခဲ့ပေမဲ့ အခုတော့ သတိပေးချက်တွေကို ရုတ်သိမ်းလိုက်ပါပြီ။

ဂျပန်နိုင်ငံမှာ လောလောဆယ် လူ ၃၀၀ ခန့်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ သတင်းရပေမဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်ကို ခန့်မှန်းလို့ မရနိုင်သေးပါဘူး။


Credit to BBC: http://www.bbc.co.uk/burmese/news/2011/03/110311_japantsunami.shtml

ဂျပန် ငလျင်နှင့်ဆူနာမီ လူအမြောက်အများသေဆုံး

1:06 PM | Posted by Anonymous
ဂျပန် ငလျင်နှင့်ဆူနာမီ လူအမြောက်အများသေဆုံး
ဓာတ်ပုံ - အေပီ

(ဂျပန်နိုင်ငံ Miyagi ခရိုင်က ငလျင်နဲ့ ဆူနာမီဒဏ်ခံရပြီးနောက် မြင်ကွင်း မတ်လ ၁၁၊ ၂၀၁၁)


ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေကြောင့် လူသေဆုံးမှုတွေနဲ့ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။

သောကြာ, 11 မတ် 2011 By ဗွီအိုအေ (မြန်မာပိုင်း)


ဒီကနေ့ ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ ၄၆ မိနစ်အချိန်မှာ တိုကျိုမြို့မြောက်ဘက် မိုင်(၂၃၀) မိုင်အကွာ၊ မိယာငိခရိုင် (Myagi Prefecture) ဆဲန်ဒိုင် Sendai မြို့ရဲ့ အရှေ့ဘက်မိုင်(၈၀) အကွာ ပစိဖိတ်ပင်လယ် ပြင် ရေအောက် (၆)မိုင်နေရာကို ဗဟိုပြုပြီး ရစ်(ခ်ျ)တာစကေး (၈.၉)ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့်၊ ဂျပန် ရဲ့ အရှေ့မြောက်ဘက်ခြမ်းတခုလုံးမှာ၊ လူသေဆုံးမှုတွေ ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပြီးတော့၊ လူပေါင်း များစွာဟာလည်း ထောင်နဲ့ချီပြီး ပျောက်ဆုံးနေကြပါတယ်။ အခုနောက်ဆုံးသတင်းအရ လူသေအလောင်း တွေတွေ့ရှိမှုဟာ ရာဂဏန်းတွေနဲ့ ရှိနေပြီး၊ လူသေဆုံးမှု ကိန်းဂဏန်းဟာ ဒီထက်ပိုများလာဖို့ရှိနေတယ်လို့ ဂျပန်အစိုးရ NHK သတင်းက ဆိုပါတယ်။ လျှပ်စစ်ဓါတ်အားတွေဖုံးလိုင်းတွေ ပြတ်တောက်နေတာကြောင့်၊ အဆက်အသွယ်တွေ လုပ်လို့မရပဲ၊ ဒေသအလိုက် အသေအပျောက်သတင်းတွေ မရရှိနိုင်ပဲ ဖြစ်နေပါတယ်။

မြို့တော်တိုကျိုမှာ၊ အိမ်ခြေလေးသန်းလောက် လျှပ်စစ်မီးပြတ်တောက်နေပြီးတော့၊ ငလျင်ငယ်လေးတွေဆက် ပြီးလှုပ်ခတ်နေဆဲဖြစ်ပါတယ်။ အာဏာပိုင်တွေက နောက်ထပ် အင်အားပြင်းငလျင်လှုပ်ခတ်နိုင်တဲ့ သတိပေး မှုကိုကြေညာထားပြီးတော့၊ လူထုကို ရောက်ရှိနေတဲ့နေရာကနေ အပြင်မထွက်ပဲ နေကြဖို့ အမိန့်ထုတ်ထား တာကြောင့် ညဥ့်နက်ပိုင်းရောက်လာတဲ့အထိ လူတွေဟာ ရုံးတွေနဲ့ လုပ်ငန်းခွင်တွေမှာပဲ နေနေကြရပါတယ်။ တိုကျိုမြို့မှာ အဆောက်အဦးတချို့ရဲ့ အမိုးတွေ ပြိုကျခဲ့ပြီးတော့၊ ငလျင်ကြောင့် မီးလောင်နေကြတဲ့ တိုကျိုက မြို့နယ်တချို့ထဲမှာ မြန်မာအများစုနေထိုင်ရာ Toshima မြို့နယ် လည်း ပါဝင်ပါတယ်။ လေဆိပ်ရေဆိပ်ဘူတာ ရုံတွေ အားလုံးကို အစိုးရကပိတ် ထားလိုက်ပြီး၊ လမ်းတွေပေါ်မှာ တာဝန်ရှိသူတွေကလွဲပြီး အသွားအလာအား လုံး ရပ်ဆိုင်းနေပါတယ်။

ငလျင်ကြောင့် ဂျပန်အရှေ့ဘက်ကမ်းခြေက ဆဲန်ဒိုင် Sendai မြို့နဲ့ ဖုခုရှီးမခရိုင် (Fukushima Prefecture) အိုနဟမ Onahama မြို့တွေမှာ၊ (၃၃)ပေကျော် ဆူနားမိလှိုင်းလုံးတွေ ဖုံးလွှမ်း သွားခဲ့ပြီးတော့ ဆဲန်ဒိုင် Sendai မြို့မှာ ရေအောက်နစ်မြုပ်သေဆုံးသူ အလောင်းတွေကို ရာနဲ့ချီ တွေ့ရတယ် လို့ AP သတင်းမှာ ဆိုပါ တယ်။ ကမ်းခြေမှာခုတ်မောင်းနေတဲ့ အရေအတွက်မသိရသေးတဲ့ ခရီးသည်တွေလိုက်ပါလာတဲ့ ရထားတစီး ပျောက်ဆုံးနေပြီးတော့၊ ခရီးသည် (၁၀၀)ကျော်လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစီးဟာလည်း၊ ရေအောက် ကို နစ်မြုပ်သွားတာကြောင့် ခရီးသည်တွေ အားလုံးသေဆုံးသွားခဲ့ရပါတယ်။

ဂျပန်အစိုးရဟာ အရေးပေါ်လုပ်ငန်းများ စီမံခန့်ခွဲဆောင်ရွက်ရေးကော်မီတီကို ဖွဲ့စည်းလိုက်ပြီး၊ ငလျင်ကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို သေးငယ်နိုင်သမျှသေးငယ်သွားအောင် အစိုးရက လုပ်ကိုင်သွားမှာဖြစ်ပြီး တော့၊ ဂျပန်လူထုအနေနဲ့ ရေဒီယိုရုပ်မြင်သံကြား သတင်းတွေကနေ အစိုးရရဲ့သတိပေးချက်တွေကို အာရုံ စိုက်နေကြဖို့ကို ၀န်ကြီးချုပ် နာအိုး ထိုးခမ်း(Naoto Kan) က ရုပ်သံလွှင့် ပြောကြားသွားခဲ့ပါတယ်။ နျူးကလီး ယားစွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေဟာ ငလျင်လှုပ်ရင် စက်ရုံလည်ပတ်မှု အလိုအလျောက်ရပ် ဆိုင်းသွားတဲ့ စနစ်ကြောင့် ရေဒီယို သတ္တိကြွယိုစိမ့်မှု မရှိဘူးလို့၊ ၀န်ကြီးချုပ်နာအိုးထိုးခမ်းက ပြောခဲ့ပါတယ်။

ဒါပေမယ့် ဆဲန်ဒိုင် Sendai မြို့က အိုနင၀ Onagawa နျူးကလီးယားလျှပ်စစ် ဓါတ်အားပေးစက်ရုံ မီးလောင် ပျက်စီးသွားတာကြောင့် ရေဒီယိုသတ္တိကြွယိုစိမ့်မှု မဖြစ်ပေါ်စေရေး သီးသန့်ကော်မီတီကို ဖွဲ့စည်းဆောင်ရွက် သွားမယ်လို့ ညနေပိုင်းမှာ အစိုးရက ကြေညာပါတယ်။ ဖုခုရှီးမခရိုင်က ဒိုင်းအိချိ (Daiichi) နျူးကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာလည်း အအေးခံစနစ် ပျက်စီးသွားတာကြောင့်၊ ရေဒီယိုသတ္တိကြွယိုစိမ့်မှု ဖြစ် ပေါ်လာမှာကို စိုးရိမ်နေရပါတယ်။

Credit to VOA: http://www.voanews.com/burmese/news/japan-quake-117793143.html

Japan Earth Quick and Sonami

7:37 AM | Posted by Anonymous

Mega Quake Warning Issued For - AMERICA - March

3:38 AM | Posted by Anonymous

Video of cars, ships wrecked by tsunami waves after Japan earthquake

3:25 AM | Posted by Anonymous

Japan earthquake: CCTV video of tsunami wave hitting airport

3:22 AM | Posted by Anonymous

Strong 8.9 earthquake rocks Japan, tsunami hits North East

3:19 AM | Posted by Anonymous

ဂျပန်မှာ စူနာမိငလျှင်လှုပ်နေတယ်

3:18 AM | Posted by Anonymous

NLD Statement 8th March 2011

ဒီကေဘီအေ သတင်း

5:32 PM | Posted by Anonymous

ယနေ့ သတင်းများ (မတ်လ ၉ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၉ ရက် ၂၀၁၁ ခုနှစ်

သတင်း
နံနက် (၁၁ နာရီ ၂၈ မိနစ်) မြ၀တီမြို့နယ် ဝေါလေဒေသ တောင်နီတွင် နအဖ စစ်တပ် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၃) တပ်အခြေစိုက်ထားသည့် မင်္ဂလာစခန်းနှင့် တောင်နီ-သေ့ဘောဘိုးရွာကြား လမ်းလုံခြုံရေးယူနေသည့် ခမရ (၂၀၃) တပ်ခွဲ အခြေစိုက်နေရာစခန်းများကို ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီ အထိ ဒီကေဘီအေ၊ ကေအန်အယ်အေနှင့် ကျောင်းသားတပ်မတော် ပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ်မှ ဒုအရာခံဗိုလ်တယောက်အပါအ၀င် ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

Tuesday, March 8, 2011

ယနေ့ သတင်းများ (မတ်လ ၇ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၇ ရက် ၂၀၁၁ ခုနှစ်

သတင်း
နေ့လည် (၁၂ နာရီ ၃၈ မိနစ်)
မြဝတီမြို့နယ် ဝေါ်လေဒေသတွင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ မတ်လ ၆ ရက်နေ့က ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ ရိက္ခာသွားရောက် ပို့ဆောင်တဲ့ နအဖ စစ်တပ်ကားအား ကေအန်ယူ၊ ဒီကေဘီအေ တပ်ဖွဲ့ဝင်များက နေရာ ၂ နေရာတွင် ၂ ကြိမ်တိုင်တိုင် ချုံခို တိုက်ခိုက်ခဲ့တဲ့သောကြောင့် နအဖ စစ်တပ်ဘက်မှ ၆ဘီးကားတစီး ပျက်ဆီးသွားပြီး တပ်ကြပ်ကြီးတဦးအပါအ၀င် ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

နေ့လည် (၁၂ နာရီ ၃၀ မိနစ်) ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ တပ်ရိက္ခာပို့ ဆောင်ရန် ၆ဘီးကားတစ်စီးနှင့်အတူ သွားခဲ့ရာ ယမန်နေ့ ညနေ ၄နာရီခွဲခန့်အချိန်၌ ဖောမုဘောထာနေရာ သို့ ရောက်ရှိစဉ် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁တို့မှ ချုံခိုတိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း (၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။ (ကိုးကား - ကေအိုင်စီ)

နေ့လည် (၁၂ နာရီ ၂၀ မိနစ်) မတ်လ ၅ ရက်နေ့ ညပိုင်းက မြ၀တီ မြို့ပေါ် ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် မြို့သူ၊ မြို့သားများ ယနေ့တိုင် စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

Saturday, March 5, 2011

ယနေ့ သတင်းများ (မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်

နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် လက်မခံသော အပစ်ရပ်အဖွဲ့များရှိရာ ဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် နအဖ စစ်တပ်မှ စားနပ်ရိက္ခာ၊ ဘဏ္ဍာငွေ၊ သတင်းအရင်းမြစ်နှင့် တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်းတို့ကို ဖြတ်တောက်ရန်အတွက် သက်ဆိုင်ရာ စစ်ဌာနချုပ်များကို ညွန်ကြားမှုများ ပြုလုပ်ထားကြောင်း သိရှိရပါတယ်။

Wednesday, March 2, 2011

နအဖ စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တိုက်ပွဲသတင်းများ

ကေအန်ယူ တပ်မဟာ(၂) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နံက် (၁၀)နာရီအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)သည်
ကော်သေးဒဲရွာ၏ ကားလမ်းမပေါ်ကို သွားရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ရန်သူဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုကို မသိရသေးပါ။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိချေ။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ထန်းတပင်မြို့နယ်၊ (ကလောမီးဒဲ) စခန်းအခြေစိုက် ရန်သူ ခလရ(၁၀၂)မှ တပ်ရင်းမှူး မြင့်သန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရွာသား(၁၀) ယောက်ကို အတင်းအဓမ္မ ချောဆွဲပြီး ကလောမီးဒဲစခန်းမှ ကွယ်ဒေးစခန်းအထိ လမ်းတလျှောက် မိုင်းရှင်းခိုင်းခဲ့သည်။

ကေအန်ယူ တပ်မဟာ (၄) နယ်မြေ

ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်၊ မွန်းလွဲပိုင်း (၃)နာရီခန့် အချိန်တွင် KNU ပြောက်ကျား(၂) အဖွဲ့က ရန်သူ နအဖ တပ်ဖွဲ့နှင့် ယိုပယောတာ့ရွယ် ဒေသမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူဘက်မှ (၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၊ နံနက် ၁၀ နာရီအချိန်တွင် KNU က ရန်သူ ခလရ (၅၅၈)ကို ထီးဟေထ နေရာတွင် (၁၀)မိနစ်ကြာ သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ နအဖ ဘက်မှ (၂)ယောက်သေပြီး (၃)ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါသည်။

ကေအန်ယူ တပ်မဟာ(၅) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူ၏ တပ်မ (၁၀)လက်အောက်ခံတပ်များက နော်ပလားခို ဒေသမှာသွားရောက်စခန်းချရာတွင် တစ်ချို့တပ်ရင်းသည် သေးဒေရွာတွင် ခရီးတစ်ထောက်နားပြီး ညအချိန်တွင် တယ်ဘိုးဂွင်မှာရှိသော စော်ကဲ့ဒဲ၊ လယ်ကလားပယ်ဟို၊ ထီးမူးထ၊ ဟော့လယ်ထ၊ ပလာ လော့တယ်၊ တယ်နဲ၊ ထီးမီးတော် ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသူ ရွာသားများ ကြောက်လန့်ကာ အသက်အန္တရာယ်အတွက် ညအချိန်မှာပင် တောထဲသို့ ထွက်ပြေး တိမ်းရှောင်ကြရပါသည်။ ရွာသူ ရွာသားများသည် ဘာတစ်ခုမှ ယူဆောင်ရန် အချိန်မရလိုက်သဖြင့် တောထဲတွင် ကလေးသူငယ်များ ဒုက္ခအတိ ရောက်ခဲ့ရကြောင်းလည်း သိရပါသည်။

နောက်တစ်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်၊ နံနက် ၇ နာရီခန့်အချိန်တွင် ရန်သူ နအဖ တပ်များသည် ရွာထဲသို့ ၀င်ရောက်ပြီး အိမ်မွေးတိရိစ္ဆာန် ကြက်၊ ၀က်၊ ဘဲနှင့် ရှိသမျှကို ယူဆောင် စားသောက်ကြပြီး ရွာထဲရှိ စပါး ကျီများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရန်သူ နအဖ တပ်များသည် ထိုရွာများတွင် ခုချိန်ထိ စခန်းချ ထားကြောင်းလည်း သိရပါသည်။

ထိုနေ့မှာပင် ၁၂ နာရီ ၁၂ မိနစ်အချိန်တွင် KNU တပ်ရင်း (၁၀၂)၊ တပ်ခွဲ(၃)တပ်ဖွဲ့နှင့် ရန်သူ နအဖ တပ်ဖွဲ့တို့သည် လေးဖိုးထရွာ၏ အနောက်ဘက်ခြမ်းရှိ ချောင်းကလေး ကမ်းစပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူဘက်မှ (၁)ယောက်သေပြီး (၁)ယောက် ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ထိုနေ့မှာပင် KNU မှ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၅)အဖွဲ့နှင့် ၀င်းမောင်း ရွာမှ ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ပင်ဆိပ်နှင့် သရက်ပင်ဂွကြားရှိ မီးလေးချောင်းကမ်းနားတွင် ရန်သူနအဖတပ်ဖွဲ့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ (၁)ယောက်သေ၊ (၂)ယောက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ KNU တပ်ရင်း(၁၀၂)၊ တပ်ခွဲ (၁)မှ တပ်ဖွဲ့ဝင်များသည် မလေးချောင့်ရွာ၏ ကားလမ်းမပေါ်တွင် ရန်သူ နအဖ တပ်ကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ရန်သူဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။ ၄င်းတိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားရာတွင် KNUဘက်မှ ထိခိုက်သေကြေမှု မရှိကြောင်းလည်း သိရပါသည်။

ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ နအဖ တပ်မ (၁၁)အဖွဲ့နှင့် BGF တပ်ရင်း(၁၀၁၄)တို့ ပူးပေါင်းပြီး စခန်းအမိုး မိုးရန်အတွက် ဒေးမူရွာမှ အင်ဖက် အပြစ်(၄၀၀၀၀)၊ ကွီးနက်ရွာမှ အင်ဖက် အပြစ် (၄၀၀၀၀)၊ ထီးဂေးလိုရွာမှ (၄၀၀၀၀)၊ မယ်ညောရွာမှ ဖက် အပြစ်(၄၀၀၀၀)နှင့် လေးဖိုးဟောရွာမှ ဖက်အပြစ်(၂၀၀၀၀) တို့ကို အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့ပြင် မယ်မွဲကျေးရွာမှ ၀ါးပိုးအလုံး(၃၅၀)၊ ညတေလိုရွာမှ ငွေ (၄၆၀၀၀၀)ကျပ်နှင့် ၀ါးခလုကို့ရွာမှ (၂၆၀၀၀၀)ကျပ်ကို တောင်းခံခဲ့သည်။

နအဖ တပ်မ(၁၁) နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်၊ မဲပါရွာအနီး တ၀ိုက်တွင် မိုင်းများစွာ ထောင်ထားသောကြောင့် ရွာသူရွာသားများသည် တခြားဒေသများသို့ မသွားရောက်နိုင်ကြပဲ မိသားစု (၁၄)စုနှင့် ရွာသူ/သားပေါင်း (၈၄)ယောက်က ပိတ်မိနေကြောင်း သတင်းရရှိပါသည်။

ကေအန်ယူ တပ်မဟာ(၇) နယ်မြေ

ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူနအဖ ခလရ(၆၂)တပ်ဖွဲနှင့် KNU မှ ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာကလိုးနီတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖမှ (၃)ယောက်သေပြီး (၂)ယောက် ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်တွင်မူ နအဖ မှ ခလရ(၆၂)အဖွဲ့နှင့် KNU ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာ တရောတွင် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ နအဖ ဘက်မှ (၁)ယောက် ကျဆုံးသွားပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ၏ ထို ခလရ (၆၂)အဖွဲ့နှင့် KNU တပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားပြန်ရာ နအဖ မှ (၂)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Monday, February 28, 2011

ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားဘွယ်ရဲ့ လတ်တလော နိုင်ငံရေးအမြင် သဘောထားများ

နယ်ခြားစောင့်တပ်အပေါ် ဗိုလ်မှူးချုပ်စောလားဘွယ် သဘောထား

အမှန်တကယ်တော့ DKBA နဲ့ BGF က အတူတူဘဲ၊ သဘောတား တခုထဲဘဲ။ ဒီ နအဖ ရဲ့ သွေးခွဲတဲ့ မက်လုံးနဲ့ တဖက်က မိသားစု အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဖြစ်ရတာ။ BGF ဖြစ်သွားတဲ့ ကျနော်တို့ ရဲဘော်တွေ အပေါ်မှာ ကျနော်နားလည်တယ်။ ကျနော့် ရဲဘော်ရဲဘက်တွေလိုဘဲ သဘောထားပါတယ်။ အခြေအနေ တခုကြောင့်သာ သူတို့လုပ်ရတာ ဖြစ်ပါတယ်။ တချိန်မှာ ကျနော်တို့အားလုံး ပြန်လည် ပေါင်းစည်နိုင်ကြမှာပါ။

BGF လုပ်လိုက်ရင် ဘာဖြစ်မလဲ၊

ကျနော်တို့ တိုင်းရင်းသားတွေက နအဖ လုပ်ခိုင်းတဲ့ BGF လုပ်လိုက်ရင် ကျနော်တို့ရဲ့ တိုင်းရင်းသား လက်ခဏာတွေ ပျောက်ကုန်မယ်။ ကရင်ဆိုရင် ကရင့်အမျိုးသား လက္ခဏာ ပျောက်သွားမယ်။ ဥက္ကဌ ကြီးစောဘဦးကြီးမူ (၄) ချက်လည်း ပျောက်သွားမယ်။ အဲဒီလိုဘဲ မွန်၊ ကချင်၊ ရှမ်း သူတို့ လုပ်ရင် သူတို့ရဲ့ အမျိုးသားရေး လက္ခဏာ ပျောက်သွားမယ်။

နအဖ တပ်မှူးတပ်သားများအပေါ် သဘောထား

ဒီ နအဖ တပ်မှူး တပ်သားတွေအပေါ်မှာလည်း ကျနော်နားလည်တယ်။ မေတ္တာ ထားတယ်။ ကျနော့်ညီအကို မောင်နှမသားချင်းတွေလို သဘောထားတယ်။ အထက်က သူတို့ ခေါင်းဆောင်တွေခိုင်းလို့ လုပ်ရတာဆိုတာ ကျနော်သိတယ်။ ကျနော်တို့ မတိုက်ချင်ဘူး။ ကျနော်တို့ကို လာတိုက်လို့ ကျနော်တို့ ခုခံကာကွယ်နေရတာပါ။

နယ်စပ်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ

ကျနော်တို့ နယ်စပ်တလျှောက်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စည်းလုံး ညီညွတ်ရမယ်။ တဖွဲ့ကိုထိရင် ကျန်တဲ့အဖွဲ့တွေက ဒါ ငါနဲ့မဆိုင်ဘူး၊ ငါ့ကို လာတိုက်တာ မဟုတ်ဘူး၊ အဲ့ဒီလို နေလို့ မရဘူး။ တဖွဲ့ကိုထိတာနဲ့ ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဝိုင်းတိုက်ရမယ်။ ဒါမှ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီရမယ်။ ဥပမာပြောရရင် ကျွဲတကောင်ကို တယောက်ထဲ သယ်လို့ မရဘူး။ တပိုင်းစီ ခုတ်ထစ်ပြီး ဝိုင်းသယ်မှရမယ်။ အဲ့ဒီလိုဘဲ ဒီမိုကရေစီကို ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ၊ ကျနော်တို့ တိုင်းရင်းသားတဖွဲ့ထဲ လုပ်လို့မရဘူး။ တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းပြီး ဝိုင်းလုပ်ကြမှရမှာပါ။

အဖြစ်မှန်ကိုတောင် ဖေါ်ပြခွင့်မရကြရတဲ့ နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ။

5:31 PM | Posted by Anonymous




















အာဏာရူး သန်းရွှေတို့ အတွက် အသက်ပေးဆုံးရှုံးခဲ့ရပေမယ့် အဖြစ်မှန်ကိုတောင် ဖေါ်ပြခွင့်မရကြရတဲ့ နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ။

နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ ယနေ့ ထုတ် နအဖ၀ါဒဖြန့် ချီရေးသတင်းစာမှာ ပါရှိလာပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာ ဘာတာဝန်ကို ထမ်းဆောင်နေရင်း ဘယ်လိုဖြစ်လို့  ကွယ်လွန်ရတာလည်းဆိုတာကို လုံးဝဖေါ်ပြထားခြင်းမရှိဘဲ “ကွယ်လွန်သွားပါသဖြင့်” ဆိုတာလောက်လေးဘဲ နာရေးကြော်ငြာထဲ ဖေါ်ပြတာ တွေ့ ရှိရပါတယ်။


















နအဖက ရုရှနိုင်ငံလုပ် လေယာဉ်တွေကို ၀ယ်ယူတဲ့အခါမှာ လေယာဉ်ရဲ့  အရည်အသွေးပြည့်စုံမှု၊ ဘေးအန္တရာယ်ကင်းစေဖို့  စိတ်ချလုံခြုံမှုသတ်မှတ်ချက်စံနှုန်း မှီမှုရှိ မရှိတို့ ကို အဓိကမထားတော့ဘဲ ဈေးပေါပေါနဲ့  အချောင်ရပြီး ကောင်းတယ်ဆိုရုံမျှရှိရင်ပြီးရောဆိုတဲ့ ပေါချောင်ကောင်း ပုံစံနဲ့ သာ ၀ယ်ယူလေ့ရှိကြပါတယ်။ ဒီလို အခြားနိုင်ငံရဲ့  တစ်ပတ်သိုး အဆင့်နိမ့် ကျနေပြီး အရည်အချင်းမမှီတဲ့ ရောင်းမထွက်တွေကို ၀ယ်ယူခဲ့လို့ လည်း မကြာခဏ လေယာဉ်တွေ ပျက်ကြီးပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာလေယာဉ်မှူးတွေ မနည်းတော့ပါဖူး။

ယခုလည်းဘဲ ရုရှနိုင်ငံက An-148 လေယာဉ် ပျက်ကျခဲ့ရာမှာလည်း နအဖလေတပ်က လေယာဉ်ဝယ်ယူဖို့ အတွက် စမ်းသပ်ပျံသန်းတဲ့အခါမှာ နအဖလေတပ်ရဲ့  ကိုယ်စားလှယ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ နှစ်ဦး လေယာဉ်ပျက်ကျရာမှာ ပါရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  အမည်ကို လေယာဉ်ပျက်ကျမှုသတင်းဖေါ်ပြခဲ့တဲ့ ပြင်ပနိုင်ငံခြားသတင်းဌာနတစ်ခုကနေ ထုတ်ဖေါ်ရေးသားခဲ့လို့ သာ သိရှိရပေမယ့် နအဖကတော့ တာဝန်မဲ့စွာနဲ့  အများပြည်သူမသိရှိရလေအောင် သတင်းမှောင်ချကာ နေနေပါတယ်။

ယနေ့ ထုတ် နအဖဒါဒဖြန့် သတင်းစာထဲမှာ သမန်ကာလျှံကာမျှသာ ကွယ်လွန်သွားကြောင်းရေးသားခွင့်ပြုပြီး အဖြစ်အပျက်မှန်တွေကို ဖုံးဝှက်ထားပါတယ်။


















အာဏာရူး နအဖ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ ခိုင်းစေပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ရင်း အသက်ဆုံးရှုံးနေကြရတဲ့ တပ်မတော်အတွင်းက အရာရှိအရာခံ ဗိုလ်အကြပ်တပ်သားတွေဘ၀ဟာ သန်းရွှေတို့ ရဲ့  လစ်လျှူရှုတာဝန်မဲ့မှု၊ သတင်းဖုံးကွယ်ခံရမှု၊ ရေငုံနှုတ်ပိတ်ခံနေရမှုတွေနဲ့  အသက်ပေးဆုံးရှုံးမှုတွေ ကြုံရပေမယ့် အာဏာရူးသန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေအတွက်ကတော့ စည်းစိမ်ခံတောင် မပျက်ဖူးဖြစ်နေပါတယ်။

ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာပါအတိုင်း “ကွယ်လွန်သွားပါသဖြင့်” သာ ပြီးဆုံးသွားပြီးဖြစ်တာမို့  အာဏာရူးနအဖသန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ စေခိုင်းနေတဲ့ မတရားအမိန့် တွေနဲ့  အသုံးချခံနေရမှုကြောင့် အသက်ဆုံးရှုံးနေရသူများနဲ့  ကျန်ရစ်သူ မိသားစုတွေ ဘ၀တွေကတော့ တိုင်းပြည်နဲ့  လူမျိုးအတွက် အကျိုးမရှိဘဲ သန်းရွှေတို့ အတွက်သာ အကျိုးရှိနေစေတဲ့ ပေးဆပ်ရင်းနှီးမှုတွေနဲ့  ဆုံးရှုံးနေပါတော့တယ်။

Sources: http://www.niknayman-niknayman.co.cc/

ရေးသူ ဦးနု (တာတေစနေသား)

ကျွန်မဆုံခဲ့ရသည့် ၃၆ခု အရေးတော်ပုံ

4:49 PM | Posted by Anonymous
(လူထုဒေါ်အမာ)
ရေးသူ လူထုဒေါ်အမာ

ကျွန်မတို့ ခေတ်က ကျ (F) ပြဿနာလည်း မရှိ၊ ကျောင်းဆောင် ပြဿနာလည်း မရှိ၊ စာသင်ခန်း ပြဿနာလည်း မရှိ၊ ကျောင်းသားသပိတ်ကြီး ပေါ်လာသည့်အတွက် အချို့သော ကျောင်းသားများက ကိုလိုနီဘ၀၌ တသက ၏ ဦးဆောင်မှုကို သိလိုသူများ ရှိပေမည်။

ဟုတ်ပါပေသည်။ ယနေ့ ကျောင်းသားတွေ၏ အခြေအနေနှင့် ကျွန်မတို့ခေတ်က ကျောင်းသားတွေ၏ အခြေအနေမှာ များစွာမှ ခြားနားပါသည်။ ယခု ကျောင်းသားတွေကို ပြောပြလျှင် ကျောင်းသားတွေက "သြော်..... ရှေးရှေးတုန်းက တက္ကသိုလ်ဆိုတာ ဒီလိုကိုး" ဟု တွေး၍ ဝေးကွာလှသော ကာလဆီသို့ တွန်းပို့လိုက်ကြမည် ထင်ပါသည်။


ကျွန်မတို့ ကျောင်းသားဘ၀က ကိုသိန်းဖေကြီးတို့များ အင်တာ(ဥပစာတန်း) တွင် ၉ နှစ် နေပါသည်။ ကျ ၉ ကျ ဖြစ်သည်ဆို၍ မည်သည့် အာဏာပိုင်ကမျှ မည်သို့မျှ အရေးမယူပါ။ ကျောင်းဆောင်ခ မှန်မှန်ပေးသမျှ အဆောင်ကလည်း လက်ခံသည်။ ကျောင်းလခ မှန်မှန်ရသမျှ တက္ကသိုလ်ကလည်း လက်ခံသည်။ ကျောင်းလခမှာ အင်တာ၌ ၉ိ၊ ၀ိဇ္ဇာတန်း၌ ၁၂ိ ဖြစ်သည်။ အဆောင်ခမှာ တလလျှင် ၂၅ိ ဖြစ်သည်။

ကျောင်းဆောင်ဆိုသည်မှာလည်း တယောက်ခန်းတွင် တယောက်၊ ၂ ယောက်ခန်းတွင် ၂ ယောက်၊ တခါတရံ ၂ ယောက်ခန်းကြီး၌ ပင်လျှင် တယောက်တည်း နေလိုက နေရတတ်သေးသည်။ ၁၀ တန်းအောင်စ ကျောင်းသားများ အဖို့သာ အဆောင်နေရေးကို အဆောင်မှူးထံ စာတင်၍ လျှောက်ထားရသည်။ တနှစ်နေဖူးသည့် ကျောင်းသားဟောင်းဖို့ လျှောက်နေ တောင်းနေစရာ မလိုတော့။ အဆောင်ဖွင့်၍ အချိန်တန် ရောက်လာလျှင် ၀င်နေရုံသာ ရှိသည်။ ယမန်နှစ်က ကိုယ်နေပြီးသား အခန်းပြန်ရလိုလျှင် သူများထက် ၂ ရက် ၃ ရက် စော၍ လာနိုင်လျှင် ရသည်။

စာသင်ခန်း ဆိုပါလျှင်လည်း ကျွန်မတို့ ကျောင်းသူများအဖို့ သူများနည်းတူ အပြေးအလွှားသွား၍ နေရာရအောင် လုထိုင်နေစရာ မလိုပါ။ ခေါင်းလောင်းထိုးခါနီးမှ ဆရာနှင့် မရှေးမနှောင်း ၀င်လာကြပြီး ကျောင်းသားများက တမင်ချန်ပေးထားသော ရှေ့တန်းခုံများတွင် ၀င်ထိုင်၍ သင်ရပါသည်။

၁၉၃၆ ခုနှစ်က မြန်မာတနိုင်ငံလုံး၌ ရှိရှိသမျှ အထက်တန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနှင့် ယူနီဗာစီတီကောလိပ်၊ ဂျပ်ဆင်ကောလိပ်တို့ပင် ပါဝင်သည့် ပြည်လုံးကျွတ် သပိတ်ကြီး ပေါ်လာရခြင်းမှာ တကသ ဥက္ကဌကို ကျောင်းထုတ်မည်ဟု ဆိုသောကြာင့် ဖြစ်ပါသည်။

၁၉၃၆ ခုနှစ် ပြည်လုံးကျွတ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာရသည့် လောလောဆယ် အကြောင်းရင်းသည် အောက်ပါအတိုင်း ဖြစ်သည်။

၁၉၃၆ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့၌ တကသတွင် ကျောင်းသားများ၏ စကားအချေအတင် ဟောပြောပွဲတရပ် ရှိသည်။ ထို စကားအခြေအတင် ပြောပွဲကြီး၌ တကသ ဥက္ကဌ ကိုနုက ကျောင်းသားများ၏ အရေးကိစ္စအတွင်း၌ အချို့သော အာဏာပိုင်တို့ စွက်ဖက်နေမှုနှင့် တက္ကသိုလ်တွင် ကျောင်းသားများအား ကျွန်စိတ်၊ အောက်ကျနောက်ကျစိတ်များ သွင်းပေးနေမှုတို့ကို စကားလုံး ခပ်ကြမ်းကြမ်းနှင့် ပြောကြားသွားခဲ့ သည်။

နောက် ရက်အနည်းငယ်အကြာ၌ အိုးဝေမဂ္ဂဇင်း ထွက်လာသည်။ မဂ္ဂဇင်းတွင် အင်္ဂလိပ်စာ ကဏ္ဍ၌ အယ်ဒီတာထံ ပေးစာတစောင် ပါသည်။ ထိုပေးစာမှာ "ငရဲပြည်မှ ငရဲခွေးတကောင် လွတ်သွားရာ တက္ကသိုလ်၌ ကျက်စားနေသည်ကြား၍ ငရဲပြည်သို့ ပြန်ပို့လိုက်ပါ" ဟူ၍ "ယမမင်း" ဆိုသူက ရေးထားသည်။ ဤပေးစာသည် တက္ကသိုလ်ရှိ ဆရာတဦး တယောက်ကို စောင်းမြောင်း ရေးသားခြင်း ပေလောဟု အာဏာပိုင်လောက၌ လှုပ်ရှားလာသည်။

ထို့ကြောင့် ဇန်န၀ါရီ ၃၁ ရက်နေ့က တကသဥက္ကဌ၏ မိန့်ခွန်းသည်လည်းကောင်း၊ ယခု အိုးဝေမဂ္ဂဇင်းပါ ပေးစာသည်လည်းကောင်း၊ တက္ကသိုလ်ကျောင်းသားတို့၏ စည်းကမ်းသေ၀ပ်မှုနှင့်မညီ။ ထို့အတွက် တကသ ဥက္ကဌသည် ပြောခဲ့သည့် မိန့်ခွန်းအတွက် ထုချေလွှာပေးရမည်။ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းကလည်း ဆောင်းပါးရှင်မှာ မည်သူမည်ဝါ ဖြစ်သည်ဆိုခြင်းကို ဖော်ထုတ်ရမည်ဟု အာဏာပိုင်တို့က တောင်းဆိုလာသည်။

တကသစာစောင်၊ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းက ထိုဆောင်းပါးကို ထည့်သွင်းခြင်းမှာ မှားသည်ဟု ဆိုပါလျှင် အယ်ဒီတာအနေနှင့် ၀မ်းနည်းစကား တောင်းပန်ပါမည်။ သို့သော် အယ်ဒီတာတို့ စောင့်စည်းအပ်သည့် ကမ္ဘာထုံးတမ်းစဉ်လာနှင့်အညီ ဆောင်းပါးရှင်ကား မည်သူမည်ဝါဖြစ်သည်ကို မဖော်ထုတ်နိုင်ပါဟု ဆိုလေသည်။

ဤပြန်ကြားချက်ကို မကျေနပ်၊ ဥက္ကဌထံမှ ထုချေလွှာ မပေးသည်ကိုလည်း မကျေနပ်သော အာဏာပိုင်များက ဥက္ကဌကိုနုအား ယူနီဗာစီတီကောလိပ်မှ ထုတ်ပယ်လိုက်သည်ဆိုသော စာတစောင် ၂၁-၂-၃၆ နေ့တွင် ပေးလာသည်။ စင်စစ် တကသဥက္ကဌမှာ ဒီကရီရပြီးဖြစ်၍ ဥပဒေတန်းတက်နေသည့် ဒုတိယနှစ်ဖြစ်ရာ အာဏာပိုင်တို့က ကျောင်းမှထုတ်သည် ဆိုချိန်၌ စာသင်ခန်း ဖြုတ်ပြီးပြီ ဖြစ်၍ ဥက္ကဌသည် ဘီအယ် စာမေးပွဲဝင်ဖြေ၍ ကျရှုံးစေဦးတော့ နောက်နှစ်၌ ကျောင်းဆက်၍ နေရန် မလိုတော့ပါပေ။

ထို့ကြောင့် အာဏာပိုင်တို့၏ ဤအပြုအမူသည် တကသ၏ ဂုဏ်သိက္ခာကို ကျအောင် တမင်သက်သက် ပြုလုပ်ခြင်း၊ စော်ကားခြင်းဟူ၍ ကျောင်းသားထုက မြင်သည်။ (ထို့ပြင် နောက်ဆက်တွဲ သတင်းစကားအဖြစ်နှင့် အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းကိုလည်း ကျောင်းမှ ထုတ်ပယ်လိမ့်မည်ဟု အတွင်းကျကျ ခိုင်လုံစွာ ကြားသိရသည်။ သို့သော် အာဏာပိုင်များသည် သပိတ်မှောက်သွားကြသည်အထိ ကိုအောင်ဆန်းအား ကျောင်းထုတ်သည့် အမိန့် မပေးခဲ့။ သပိတ်မှောက်ပြီး၍ တလကြာမှ တက္ကသိုလ်ကြော်ငြာသင်ပုန်းတွင် ကိုအောင်ဆန်းအား ၃ နှစ်ပယ်လိုက်သည်ဆိုသော အမိန့်ကပ်ထားသည်။)

တက္ကသိုလ် အာဏာပိုင်တို့က ဥက္ကဌကို ကျောင်းထုတ်သည် ဆိုခြင်းကြောင့် ရှုတ်ချကန့်ကွက်သော သဘောဖြင့်၊ အမှုဆောင်အဖွဲ့က တဖွဲ့လုံး စာမေးပွဲမဖြေပဲ သပိတ်မှောက်မည်ဟု စဉ်းစားသည်။ အမှုဆောင်များ အနေဖြင့် ဤမျှသာ အစီအစဉ်ရှိသော်လည်း ကျောင်းသားထုမှာကား တကသကို ဤသို့ စော်ကားရပါမည်လားဟု ပြင်းစွာမခံမရပ် ဖြစ်နေကြလေသည်။ ထို့ကြောင့် အခြေအနေ အရပ်ရပ်ကို တင်ပြရန် ခေါ်ယူသည့် ကျောင်းသားထု စည်းဝေးပွဲကြီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ ခေါ်ယူတင်ပြ ရှင်းလင်းသည့်အခါ ကျောင်းသားထု၏ အုံကြွမှုကြီး ထိန်းမရတော့ဘဲ ပေါက်ကွဲရလေတော့သည်။

တက္ကသိုလ် သမဂ္ဂခန်းမကြီး လျှံထွက်နေသော ထိုကျောင်းသားထု စည်းဝေးပွဲ၌ ယူနီဗာစီတီ အက်ဥပဒေ၏ အပြစ်အနာများကိုလည်းကောင်း၊ ကျွန်ပညာရေး၏ မဖွယ်မရာပုံများကိုလည်းကောင်း၊ ပြည့်ပြည့်၀၀ကြီး ဖော်ထုတ်၍ သခင်ပညာရေး၊ အမျိုးသားတက္ကသိုလ်စသည့် တကယ့် လွတ်လပ်သော နိုင်ငံတနိုင်ငံ၏ မျှော်မှန်းချက်ကြီးများကို ဖော်ထုတ်၍ တောင်းဆိုလာကြတော့သည်။ ထို့နောက် ကိုလိုနီ ပညာကိုသာ ပေးသည့် ဤတက္ကသိုလ်၌ မနေလိုပါပြီဆိုကာ တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်လာတော့သည်။ ဂျပ်ဆင်ကောလိပ်ကပါ သပိတ်ထဲ ရောက်လာရသည်။ တက္ကသိုလ်၌ စာမေးပွဲတွေမှာ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် စကြမည် ဖြစ်ရာ သပိတ်မှောက်ချိန်မှာ စာမေးပွဲကြီး ဖြေရန် နှစ်ရက်အလိုတွင် ဖြစ်ပါသည်။

မည်သို့မျှ ကြိုတင်စီစဉ်ထားခြင်းမရှိသော ထိုသပိတ်ကို တကသ, က ကောင်းမွန်စွာ ထိန်းသိမ်းနိုင် ခဲ့သည်။ ဗမာတပြည်လုံးရှိ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ၏ ကူညီထောက်ခံ သပိတ်ကိုလည်း ပေါ်ပေါက်စေနိုင်ပေသေးသဖြင့် တော်ရုံမှန်ကန်သော စည်းရုံးရေးမျိုးနှင့် မဖြစ်နိုင်သည်မှာ သေချာပါသည်။

ထို့ပြင် ကျွန်မတို့ ခေတ်က တက္ကသိုလ်ကောင်းသားဆိုသည်မှာ မြေပိုင်ရှင်တို့၏ သားသမီးများ၊ အရာရှိအရာခံတို့၏ သားသမီးများက လူများစု ဖြစ်ပါသည်။ ဤသို့ လူတန်းစားများ၏ သားသမီးများကို တကသ, က မည်သို့ စည်းရုံးထား၍ ဤသို့ လှုပ်ရှားနိုင်ခြင်း ဖြစ်ရပါသနည်း။ ပြည်သူလူထုက တကသကို မည်သို့ ထောက်ခံသနည်းဟူ၍ မေးဖွယ်ရာ ရှိပါသည်။

လွတ်လပ်နေပြီဖြစ်သော ဤခေတ်၌ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးသည် ပြည်သူတို့၏ အဓိကပြဿနာ ဖြစ်သကဲ့သို့ ကျွန်ခေတ်က ပြည်သူတို့၏ တခုတည်းသော ပြဿနာမှာ တမျိုးသားလုံး လွတ်လပ်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးပင် ဖြစ်ပါသည်။ ဤသို့ အမျိုးသား အဓိကပြဿနာကို တကသ, က ဘယ်တော့မှ မျက်ခြေမပြတ် သည်သာမက၊ အမြဲတမ်း ဆုပ်ကိုင်၍ ရှိပါသည်။ တကသ ဥက္ကဌက မိန့်ခွန်းပေးသည်ဟု ဆိုလျှင် မြန်မာနိုင်ငံ၌ တနှစ်လျှင် ၁၀ တန်း စာမေးပွဲကို ဖြေဆိုသူ ၃၀၀၀ သာရှိ၍ ၃၃ ရာခိုင်နှုန်းခန့် အောင်မြင်သောကြောင့် ကျောင်းသား ၁၀၀၀ခန့် နှစ်စဉ် စာမေးပွဲ အောင်သည်။ သို့ အောင်ရာ၌ အေတန်းမှ အောင်သည်၊ ဘီတန်းမှ အောင်သည်ဟူ၍ နှစ်ဆင့်ခွဲ၍ အောင်စေပြီး၊ အေတန်းမှ အောင်သူကိုသာ တက္ကသိုလ်သို့ ၀င်ခွင့်ပေးသောကြောင့် မန္တလေးဥပစာကောလိပ်၊ ဂျပ်ဆင်ကော်လိပ်တို့ အပါအ၀င် ရန်ကုန်တက္ကသိုလ်၌ နှစ်စဉ် အထက်တန်းပညာသင် ကျောင်းသား ၁၄၀၀ ထက်မပို။ လူဦးရေ ၁၇ သန်း၌ တက္ကသိုလ်ပညာ သင်ယူနိုင်သူ ၁၄၀၀ သာ ရှိစေသည့် ကိုလိုနီ ပညာရေးသည် စုတ်ပဲ့နုံချာလှသည်။ ထွက်လာပြန်တော့လည်း အသက် မွေးဝမ်းကျောင်း ပညာမဟုတ်၍ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရား၌ ကျွန်တယောက်အဖြစ်နှင့်သာ လခစားဘ၀တွင် ၀င်ရောက် အမှုထမ်းရသည်။

ဗြိတိန်၌ တက္ကသိုလ်ပေါင်း မည်မျှရှိ၍ ပညာသင်နိုင်သည့် ဦးရေ မည်မျှရှိသည်။ စက်မှုလက်မှု မည်သို့ ထွန်းကားသည် စသည်များကို နှိုင်းယှဉ်၍ ပြတတ်သည်။ ကျွန်ပညာမှသည် သခင်ပညာရေးသို့၊ ကျွန်တက္ကသိုလ်မှသည် အမျိုးသားတက္ကသိုလ်သို့၊ ကျွန်လခစားဘ၀မှ စက်မှု လုပ်ငန်းကြီးများထူထောင်နိုင်ရေးသို့ စသည်များကို တကသမှ ဖော်ထုတ်၍ စည်းရုံထားပါသည်။

တကသ၏ စည်းရုံးရေးကောင်းပုံကို သာဓကတခု ပြပါမည်။ သပိတ်ကြီး မှောက်သောအခါ ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး စက်ယန္တရားကြီး အတွင်းမှ အရာရှိအရာခံတို့၏ သားသမီးတွေ အများကြီး သပိတ်ထဲ ပါလာသည်။ ဗြိတိသျှအစိုးရသည် ဤမျှအထိ သဘောကောင်းသော နယ်ချဲ့သမား မဟုတ်၍ သူ့ လခစားများအား သားသမီးတွေကို သပိတ်မှ ပြန်ခေါ်ပေးရမည်ဟု ဖိနှိပ်တောင်းဆိုပါသည်။ ဤတွင် မိဘများ ခမျာမှာ အလုပ်ပြုတ်ရတော့မည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ သားသမီးများကို ချော့မော့၍ လည်းကောင်း၊ ခြောက်ငေါက်၍ လည်းကောင်း ပြန်ခေါ်ယူသည်။ ထိုအခါ သားသမီးများခမျာ မိဘများ အလုပ်ပြုတ်မည့် ဘေးကတဖက်၊ တကသကို သစ္စာမဖောက်နိုင်သည့် ယုံကြည်ချက်ကတဖက် ဖြစ်နေပြီး နောက်ဆုံး၌ မျက်ရည်စက်လက်နှင့် မိဘတွေကို ကျောခိုင်းပြီး တကသကို ဖက်၍ အစအဆုံး ထောက်ခံသွားကြသူ အများကြီး ရှိပါသည်။

ထို့ကြောင့် ကျွန်မတို့ ခေတ် တကသသည် ယခု စစ်ပြီးခေတ် တကသများကဲ့သို့ တိုက်ပွဲတွေ အများအပြား မကြီးကျယ်သော်လည်း စည်းရုံးရေးအားဖြင့် မညံ့ပါ။ တကသ ဦးဆောင်မှုသည် ပြောင်မြောက်သည်သာ ဖြစ်ပါသည်။ ကျောင်းသားတွေ၏ မှီခိုအားထား လဲလျောင်းရာ လည်းဖြစ်ပါသည်။ စင်စစ် ထိုအချိန်အခါသည် ၁၃၀၀ ပြည့် ဗမာ့အလုပ်သမား၊ လယ်သမား အရေးတော်ပုံကြီး ပေါ်တော့မည့် ဆဲဆဲ ဖြစ်၍ ၁၉၃၆ ခု တကသ၏ သပိတ်အရေးတော်ပုံသည် ၁၃၀၀ ပြည့် အရေးတော်ပုံ၏ ပမာဏ ဖြစ်ပါသည်။

တကသသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ၌ ပြည်သူနှင့် အမြဲတမ်း လက်တွဲလျက် ရံဖန် တပ်ဦးမှ၊ ရံဖန် တပ်ဆွယ်မှ၊ ရံဖန် တပ်လယ်မှ လိုက်ခဲ့သည်။

နောက်တွင်လည်း တကသသည် ပြည်သူ့ အသည်းနှလုံးအဖြစ်နှင့် အဓွန့်ရှည်၍ ထာဝစဉ် တည်ပါစေသတည်း။

အမာ
အိုးဝေမဂ္ဂဇင်း
တကသ နှစ် ၃၀ မြောက် ၁၉၅၉-၆၀ မှ
[မြန်မာသစ် မဂ္ဂဇင်း၊ အမှတ် ၁၉၊ ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ မှ ကူးယူဖော်ပြပါတယ်]

Sources: မာယာမဂ္ဂဇင်း

ဝေဟင်ထိန်းချုပ်မှု ကဒါဖီ ပြန်တိုက်မည်

4:42 PM | Posted by Anonymous
မိုမာ ကဒါဖီ (Moammar Gadhafi)

လစ်ဗျားနိုင်ငံကို လေယာဉ်မပျံသန်းရ ဇုန်နယ်မြေအဖြစ် သတ်မှတ်မယ်ဆိုရင် အနောက်နိုင်ငံတွေအပေါ် လက်နက်ကိုင် ဆန့်ကျင်သွားမယ်လို့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) က ပြောဆိုလိုက်ပါတယ်။

ဒီလိုလုပ်ရပ်ဟာ လစ်ဗျားပိုင် ရေနံတွေကို သိမ်းပိုက်ဖို့ အနောက်နိုင်ငံတွေရဲ့ တကယ့်ရည်ရွယ်ချက်ကို ပြသမှု အဖြစ်နဲ့ လစ်ဗျားနိုင်ငံသားတွေက သဘောထားသွားမှာ ဖြစ်တယ်လို့ တူရကီနိုင်ငံပိုင် သတင်းဌာန တခုဖြစ်တဲ့ TRT ရုပ်မြင်သံကြားနဲ့ ဒီနေ့ မေးမြန်းမှု တခုအတွင်း လစ်ဗျားခေါင်းဆောင်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လစ်ဗျားအစိုးရကို ဆန့်ကျင် အုံကြွမှုတွေဟာ ပြည်ပနိုင်ငံတွေရဲ့ လက်ချက် ဖြစ်တယ်လို့လည်း ဒီနေ့ လစ်ဗျားနိုင်ငံပိုင် ရုပ်မြင်သံကြားမှာ သီးခြား မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

ဇန်ဒန်မြို့က လူထုကို မိန့်ခွန်းပြောကြားတဲ့ အထဲမှာ လစ်ဗျားနိုင်ငံက အုံကြွမှုတွေအတွက် အာဖဂန်၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်နဲ့ ပါလက်စတိုင်း နယ်မြေမှာ ရှိတဲ့သူတွေမှာ တာဝန်ရှိတယ်ဆိုပြီး ပြစ်တင် ပြောဆိုလိုက်တာပါ။

အင်္ဂါနေ့မှာတုန်းကတော့ အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ ဇာဝီယာမြို့ကို ၅ ရက်မြောက်အဖြစ် ကဒါဖီရဲ့ သစ္စာခံတပ်တွေက ဆက်လက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရ ထိန်းချုပ်ထားတဲ့ ထရီပိုလီမြို့ အနောက်ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ ဇာဝီယာမြို့ကို မော်တာ အမြောက်တွေနဲ့ အကြီးအကျယ် ပစ်ခတ်ခဲ့တယ်လို့လည်း မျက်မြင် တွေ့သူတွေက ပြောပါတယ်။

အတိုက်အခံတွေ လက်ထဲ ရောက်နေတဲ့ နိုင်ငံ အရှေ့ပိုင်းဒေသ အတော်များများကိုလည်း အစိုးရတပ်တွေက လေကြောင်းကနေ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။

လစ်ဗျားနိုင်ငံကို လက်နက်ရောင်းချမှုတွေ တားမြစ်တာ၊ လေယာဉ် မပျံသန်းရ ဇုန်နယ်မြေ သတ်မှတ်တာ၊ လူသားချင်း စာနာမှု အကူအညီ ပေးဖို့နဲ့ မျက်ခြည်မပြတ် စောင့်ကြည့်သွားဖို့တွေ အပါအ၀င် ဖြစ်နိုင်စရာရှိတဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့အကြား သဘောတူညီချက် ရရှိတဲ့အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုခဲ့ပါတယ်။

Sources: VOA

ကာတွန်းဆရာ ကန်တော့ပွဲ ရန်ပုံငွေ ကယ်ရီကေးချားဆွဲကြမည်

4:41 PM | Posted by Anonymous



မြန်မာ ကာတွန်း သက်ကြီးပညာရှင်များ ကန်တော့ပွဲ ကျင်းပရေး ရန်ပုံငွေ ရှာဖွေရန် ပုံတူရုပ်ပြောင် (ကယ်ရီကေးချား) ရေးဆွဲခြင်းနှင့် ကာတွန်းပြပွဲကို လူငယ်ကာတွန်း ဆရာများ ဦးစီး၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

cartoon-show

ကယ်ရီကေးချား ဆွဲပွဲနှင့် ကာတွန်းပြပွဲ ဖိတ်စာ (ကာတွန်းထိပ်ကွက် facebook မှ ရယူသည်)


“ကျနော်တို့ ကာတွန်းဆရာတွေဟာ ငွေကြေးချို့တဲ့ကြတယ်လေ။ ဒီနှစ်အတွက် ကန်တော့ပွဲမလုပ်ဖြစ် လောက်တော့ဘူးတောင် ထင်နေတာ။ အခုမှ ဘေဘီမိုင်းလ် ကလေးဆေးဝါး ထုတ်လုပ်ရေးက ကူညီပံ့ပိုးလာလို့ လူငယ် ကာတွန်းဆရာတွေ ဦးစီးပြီး ရန်ပုံငွေ ရှာကြမှာပါ” ဟု ကာတွန်း အော်ပီကျယ်က ဆိုသည်။

ရန်ကုန် ကန်တော်ကြီးအတွင်းရှိ လက်မှုကုန်းတွင် မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကာတွန်းဆရာများက ၎င်းတို့ ရေးဆွဲထားသည့် ကာတွန်းများကို ပြသကြမည် ဖြစ်ကာ လာရောက်ကြည့်ရှုသူ များထဲမှ ပုံတူ ရုပ်ပြောင် ရေးဆွဲလိုသူ များကိုလည်း အခကြေးငွေယူ၍ ရေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်ကြီး ကာတွန်းဆရာများ ကန်တော့ပွဲ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသော ကာတွန်း ၀လုံး ကလည်း “ရေးဆွဲပေးမယ့် နှုန်းထားကိုတော့ ကာတွန်းဆရာတွေ ညှိနှိုင်းနေဆဲပါပဲ။ ရန်ပုံငွေ ရှာတဲ့ပွဲဆိုတော့ တပုံကို ကျပ် ၁ ထောင်နှုန်း လောက်နဲ့ပဲ ရေးဆွဲပေး ဖြစ်မယ်ထင်ပါတယ်” ဟု ပြောသည်။

မြန်မာ ကာတွန်းဆရာများသည် ကာတွန်းပညာရှင် ဦးဖေသိန်းနေအိမ်တွင် နှစ်စဉ်နှစ်တိုင်း သက်ကြီး ကန်တော့ပွဲ ကျင်းပလေ့ ရှိခဲ့ပြီး ယခုနှစ်သည် ၃၆ ကြိမ်မြောက် ကာတွန်းပညာရှင် ကန်တော့ပွဲ ဖြစ်သည်။

“ဒီနှစ်ကတော့ ဘယ်နေရာမှာ ကျင်းပဖြစ်မယ်ဆိုတာ မသိသေးဘူး။ ရန်ပုံငွေ ရတဲ့အပေါ်မှာ မူတည်ပြီး နေရာရွေးကြမှာပါ။ ဒီနှစ် အသက် ၆၀ ကျော်တဲ့ ကာတွန်းဆရာတွေကို ကန်တော့မှာပါ” ဟု ကာတွန်း အော်ပီကျယ်က ဆိုသည်။

ယခုနှစ် ကန်တော့ခံမည့် ကာတွန်းပညာရှင်များ စာရင်းတွင် ကာတွန်း တင်အောင်နီ၊ ငွေကြည်၊ ရွှေမင်းသား၊ မြေဇာ စသည့် နာမည်ကြီး ကာတွန်းဆရာများ အပါအဝင် ကာတွန်းဆရာပေါင်း ၂၀ ခန့်ကို ကန်တော့ကြမည် ဟု သိရသည်။

မြန်မာ သက်ကြီး စာပေပညာရှင်များ ကန်တော့ပွဲကို စစ်အစိုးရက ဦးဆောင်၍ နှစ်စဉ် ကျင်းပပေးလေ့ ရှိသော်လည်း ကာတွန်း ပညာရှင်များ ပါဝင်လေ့မရှိပေ။

ယခုနှစ် ကျင်းပမည့် သက်ကြီး ကာတွန်းပညာရှင်များ ကန်တော့ပွဲအတွက် ရန်ပုံငွေရှာဖွေပွဲသို့ ကာတွန်းချစ်သူများ လာရောက် အားပေးကြပါရန် ကာတွန်းဆရာများက ဆော်သြထားသည်။

Sources: Irrawaddy

မြောက်အာရှ Stealth တိုက်လေယာဉ် ပိုင်ဆိုင်မှုပြိုင်

4:39 PM | Posted by Anonymous

အရှေ့မြောက်အာရှ ၃ နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ ရေဒါနဲ့ ဖမ်းယူလို့ မရနိုင်တဲ့၊ တကမ္ဘာလုံးကိုလည်း နောက်ထပ် လောင်စာဆီ မဖြည့်ဘဲ ပျံသန်းနိုင်တဲ့ ဗျူဟာမြောက် အမေရိကန် ဗုံးကျဲ တိုက်လေယာဉ်ကြီး Stealth အမျိုးအစား တိုက်လေယာဉ်တွေကို ပိုင်ဆိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်လို့ ဂျပန် ဒုတိယ ဗိုလ်ချုပ်ကြီး ဟိဒဲယူကီ ယိုရှီအိုကာ (Hideyuki Yoshioka) က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံထဲမှာ တည်ဆောက်တဲ့ Stealth လေယာဉ်ကို တုပထားတဲ့ J-20 တိုက်လေယာဉ်တွေကို ပြီးခဲ့တဲ့နှစ်က တရုတ်က ထုတ်ဖော် ပြသခဲ့တာကြောင့် ဒီ ၃ နိုင်ငံလုံးဟာ ရေဒါနဲ့ မဖမ်းနိုင်တဲ့ မျိုးဆက်သစ် Stealth လိုမျိုး ဗျူဟာမြောက် လေယာဉ်ကြီးတွေ ပိုင်ဆိုင်ဖို့ ဖြစ်လာရတာလို့ ဗိုလ်ချုပ်ကြီး ယိုရှီအိုကာက ဆိုပါတယ်။

ရုရှားကလည်း Stealth လို ရေဒါနဲ့ မဖမ်းနိုင်တဲ့ Sukhoi T-50 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေကို ထုတ်လုပ်ခဲ့တာ တနှစ်ကျော်လာခဲ့ပါပြီ။

ဂျပန်က Shinshin ATD-X ဂျက်တိုက်လေယာဉ်တွေကို ၃ နှစ်အတွင်းမှာ ပိုင်ဆိုင်ဖို့ ကြိုးစားနေသလို တောင်ကိုရီးယားကလည်း အမေရိကန်လုပ် Semi-Stealth Fighter Bomber လို့ လူသိများတဲ့ Boeing F-15 Silent Eagle သို့မဟုတ် Lockheed-Martin က ထုတ်လုပ်တဲ့ F-35A Lighting II လေယာဉ်တွေကို အစင်းရေ ၆၀၊ စုစုပေါင်း ဒေါ်လာ သန်း ၁၁,၀၀၀ ဖိုးအထိ ၀ယ်ယူဖို့ အမေရိကန်ကို ချဉ်းကပ်နေတာ ဖြစ်ပါတယ်။

Sources: VOA

မြန်မာ့ အင်တာနက် ပိုနှေးလာနေ

4:25 PM | Posted by Anonymous

လင်းသန့် Tuesday, 08 March 2011 11:13


အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လူထုလှုပ်ရှားမှု ဂယက်များ မြန်မာနိုင်ငံတွင် ရိုက်ခတ်လာမည် စိုးရိမ်သောကြောင့် စစ်အာဏာပိုင်များက လုံခြုံရေးအရေ နည်းမျိုးစုံဖြင့် ဟန့်တားကာကွယ်နေရာ အင်တာနက် ၀န်ဆောင်မှုကိုလည်း ယခင် ထက် ပိုမိုထိန်းချုပ်နေသည်။

ygn-internet-cafe

ရန်ကုန်မြို့တွင် မြန်မာကျောင်းသားများ အင်တာနက်ကဖေး၌ အသုံးပြုနေစဉ် (ဓာတ်ပုံ-AP)

မြန်မာ့ ဖေ့စ်ဘွတ် တော်လှန်ရေး (Face Book Revolution) ဟု လှုံ့ဆော်နေသော Just Do It. (JD) များနှင့် မြန်မာနိုင်ငံတွင်း အင်တာနက် သုံးစွဲသူများအကြား ဖေ့စ်ဘွတ် (Face Book) စာမျက်နှာများ၌ ယခုလ ၁၃ ရက်နေ့နံနက် ၈ နာရီ တွင် အီဂျစ် အစရှိသည့် အာဏာရှင် နိုင်ငံ တချို့၌ ဖြစ်ပွားသည့် လူထု လှုပ်ရှားမှုမျိုး လုပ်ဆောင်ရန် လှုံ့ဆော်မှုများကြောင့် အစိုးရက ပိုမိုထိန်းချုပ် လာသည့် အတွက် ယခုရက်ပိုင်းအတွင်း အင်တာနက် မြန်နှုန်းများ သိသာစွာ နှေးကွေးသွားကြောင်း အင်တာနက်သုံးစွဲသူ မြန်မာလူငယ်များက ဧရာဝတီကို ပြောသည်။

“အခုကျနော်တို့ JD တွေ အနေနဲ့ အရင်ကထက် အင်တာနက် ဖေ့စ်ဘွတ်တွေက တဆင့် လူထုလှုပ်ရှားမှု ဖြစ်လာဖို့ လုပ်နေတာမှာ သူတို့ (အစိုးရ) က အင်တာနက်ကို ပိုထိန်းချုပ်လာတာ သတိထားမိတယ်”ဟု JD တဦးက ဧရာဝတီသို့ ပြောသည်။

Just Do It. (JD) အင်တာနက် စာမျက်နှာကို တက်ကြွ မြန်မာ လူငယ်များက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တပတ်ကျော် ကာလအတွင်း ပူးပေါင်းပါဝင်သူများ တထောင်ကျော် အထိ တမုဟုတ်ချင်း များပြားလာကာ တချို့မြို့များတွင် လှုံ့ဆော်စာဝေခြင်း၊ ပိုစတာများ ကပ်ခြင်းများ အထိပင် ကျယ်ပြန့်လာကြောင်း သိရသည်။

“အင်တာနက် က မြန်မာနိုင်ငံမှာ လိုင်းပုံစံအားဖြင့် ADSL Broadband, Wi-Max ဆိုတာအပြင် အခု CDMA 800 MHZ ဖုန်းနဲ့ သုံးတဲ့ပုံစံ၊ နောက်ဖုန်းတလုံးပါတဲ့ Mac- Wall ဆိုတာ တမျိုးပေါ့၊ နောက်တခု က Sky –Net လို့ခေါ်တဲ့ ဂြိုဟ်တု စလောင်းဖမ်းစက်နဲ့ တွဲသုံးတဲ့စနစ် ဆိုပြီးရှိတယ်။ Broadband Cable က အရင်က စစ်တပ်အရာရှိကြီးတွေပဲ ချပေးခဲ့တာ၊ သူက လိုင်းအကောင်းဆုံးပဲ၊ နောက်ပိုင်း မချပေးတော့ဘူး၊ အခု နောက်ထပ် အင်တာနက်လိုင်းတွေကို အများကြီး ချပေးလိုက်တာလဲ ပိုနှေးစေတယ်”ဟု မြန်မာ ကွန်ပျူတာ ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

အင်တာနက်ဆိုင် လုပ်ငန်းများလည်း ယခင်ကထက် သုံးစွဲသူ နည်းပါးလာခြင်းသည် မြန်နှုန်းကျခြင်း၊ လုံခြုံရေး ကင်မရာများ တပ်ဆင်ထားခြင်းနှင့် တချို့ဆိုင်များတွင် Spy Software များ အသုံးပြုခြင်းများကြောင့် ဟု အင်တာနက် ဆိုင်ပိုင်ရှင် လူငယ်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ စာရင်းမှာ၂၀၀၀ ခုနှစ်က သုံးစွဲသူ ၁၀၀၀ ၀န်းကျင်သာ ရှိခဲ့ရာက ၂၀၁၀ ပြည့်နှစ် တွင် တသိန်းတသောင်း အထိရှိလာပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၀.၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်သေးကြောင်း၊ ယခုနှစ်တွင် နောက်ထပ် အင်တာနက် လိုင်းများ တိုးချဲ့ချထားပေးခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည်။

Sources: Irrawaddy

နိုင်ငံတကာ အမျိုးသမီး သတ္တိရှင် ၁၀ ဦး အမေရိကန် ဂုဏ်ပြု

4:12 PM | Posted by Anonymous

မတ်လ ၈ ရက်နေ့ဟာ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့က ကမ္ဘာတ၀န်းက အမျိုးသမီးရေး လှုပ်ရှားသူ ၁၀ ဦးနဲ့အတူ နိုင်ငံတကာ အမျိုးသမီးများ သတ္တိရှင်ဆုပေးပွဲ အခမ်းအနားကို မြို့တော် ၀ါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ် (Julia Gillard) လည်း တက်ရောက်ခဲ့ပါတယ်။

ဆုရရှိတဲ့ သူတွေထဲမှာ ကာဂစ္စတန် သမ္မတ ရိုဇာ အိုထမ်ဘာယေးဗား (Roza Otunbayeva) လည်း ပါဝင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် နိုင်ငံရဲ့ သမ္မတရာထူးက ဆင်းသွားရတဲ့ လူထုလှုပ်ရှားမှုနဲ့အတူ ကြားဖြတ်အစိုးရ ခေါင်းဆောင် ဖြစ်လာတဲ့ အမျိုးသမီးပါ။

Sourses: VOA

ဆုရရှိသူတွေထဲမှာ တရုတ်အမျိုးသမီး ရှေ့နေတဦး၊ ကမ်မရွန်းနိုင်ငံက အမျိုးသမီး သတင်းထောက်တဦး၊ ဟန်ဂေရီက အမျိုးသမီး လွှတ်တော်အမတ် တဦး၊ ကျူးဘားနိုင်ငံက အမျိုးသမီး ဘလော်ဂါတဦး၊ ဘဲလားရုစ်နိုင်ငံက နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးတဦး၊ အာဖဂန်နစ္စတန်နိုင်ငံက ပြည်နယ်အစိုးရ ရှေ့နေချုပ် အမျိုးသမီးတဦး၊ ပါကစ္စတန် ကျေးလက်ဒေသ အမျိုးသမီးရေး လှုပ်ရှားသူတဦး၊ မက္ကဆီကိုနိုင်ငံက လက်ထောက် အစိုးရရှေ့နေချုပ် တဦးတို့လည်း ပါဝင်ကြပါတယ်။

အီဂျစ်နိုင်ငံမှာတော့ တန်းတူအခွင့်အရေးရဖို့ တောင်းဆိုတဲ့ အမျိုးသမီးတွေ ရာနဲ့ချီပြီး နှစ် ၁၀၀ ပြည့် အမျိုးသမီးများနေ့မှာ ကိုင်ရိုမြို့တော်က သာရ်ရီရင်ပြင်ကို ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မြန်မာ ပြည်ဝင်ခွင့်ဗီဇာ အငြင်းခံရ

4:12 PM | Posted by Anonymous




ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းကို မြန်မာ ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဒုတိယအကြိမ် အငြင်းခံရတယ်လို့ DVB သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ ဂေါ်ဒွန် ဘရောင်းက “ကျနော်တို့ မျိုးဆက်ရဲ့ ဒီမိုကရေစီအရေး မဟာ ဖိုက်တာကြီး” ကို သွားတွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၀ မေလမှာ ရာထူး ၃ နှစ်သက်တမ်းပြည့်လို့ အနားယူခဲ့တဲ့ မစ္စတာ ဂေါ်ဒွန် ဘရောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ အရင်တကြိမ်းကလည်း မစ္စတာ ဂေါ်ဒွန် ဘရောင်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Ref: DVB

အခွင့်ထူးခံ ထောင်ကျတွေရဲ့ အကြောင်း

4:10 PM | Posted by Anonymous


စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်

အာဏာရှင်ဟောင်းကြီး ဦးနေဝင်းရဲ့ မြေး ဇွဲနေဝင်းတို့ ညီအစ်ကိုတွေ ပြန်လွတ်နေပြီ ဆိုပြီး တလောက ကောလာဟလ ထွက်ပေါ် ခဲ့ပါတယ်။ တကယ်က ပြန်လွတ်ခဲ့တာ မဟုတ်ဘဲ အခွင့်ထူးခံတို့ ထုံးစံအတိုင်း ထောင်အာဏာပိုင် တချို့နဲ့ လာဘ်ပေးလာဘ်ယူ လုပ်ရင်း ထောင်ပြင်ပကို ထွက်ခွင့်ရခဲ့တာပါ။ အဲဒီလို ထွက်ရုံတင်မကဘဲ လက်ကိုင်ဖုန်းလို ပစ္စည်းမျိုးတွေပါ အသုံးပြုခွင့် ရနေတာကြောင့် သူတို့အတွက် ထောင်ဆိုတာ အပန်းဖြေ ခရီး ခဏတဖြုတ် ထွက် သလိုပါပဲ။

ဇွဲနေဝင်းတို့တင် မကဘဲ ဗိုလ်ချုပ်မှူးကြီးရဲ့ အသည်းကျော် မြေးတော်လေး နေရွှေသွေးအောင် မူးယစ်ဆေး စွဲတာနဲ့ တနွယ်ငင် တစင်ပါပြီး စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် တယောက်ပါ မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှုနဲ့ ထောင်ကျခဲ့ပါတာ အားလုံးအသိပါ။ ဒါပေမယ့် အင်းစိန်ထောင်ကို တည်းခိုခန်းလို ... ဝင်လိုဝင် ထွက်လိုထွက်၊ လက်ကိုင်ဖုန်း တလုံးနဲ့ သူ့ စီးပွားရေး လုပ်ငန်းတွေကို လှမ်းညွှန်ကြား၊ ဒါ့အပြင် ညဘက်တွေမှာ ထောင်အပြင်က ရိပ်သာမှာ မိန်းကလေးတွေနဲ့ ပျော်ပါးတာတွေပါ လုပ်နေတယ်ဆိုတဲ့အကြောင်း ထောင် အသိုင်း အဝန်းကနေပဲ သတင်းတွေ ထွက်လာပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ခမျာမှာတော့ တိုက်ပိတ်ခံလို ခံရ၊ ထောင်ဝင်စာ ပိတ်ခံလို ခံရ ဖြစ်နေကြချိန်မှာ ငွေကို တံတားခင်းပြီး လုပ်ချင်တိုင်း လုပ်နေနိုင်တဲ့ ထောင်ကျအမည်ခံ ဒီလိုလူတွေနဲ့ ပတ်သက်သမျှကို ဒီမှာ အပြည့်အစုံ ဖတ်ကြည့်နိုင်ပါတယ်။

Credit to Irrawaddy

နိုင်ငံရေး အကျဉ်းသားများ ကူညီရေး အလှူရှင် ပိုများပြားလာ


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ကို ကူညီထောက်ပံ့မည့် အလှူရှင်များ ထပ်မံ ရရှိထားပြီဖြစ်သည်။

dassk_met_with_relatives_of_pp400

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုင်ငံရေး အကျဉ်းသား မိသားစု ဆွေမျိုးသားချင်းများကို တွေ့ဆုံအားပေးစဉ် (ဓာတ်ပုံ - Getty Images)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က “ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာပဲ NLD က စာရင်းရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်စာရင်းကို မဲဖောက်ပြီး ကူညီစောင့်ရှောက်မှုတွေ လုပ်သွားဖို့ စီစဉ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဲစနှိုက်တယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေ တိုးလာတယ်” ဟု ပြောသည်။

နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများအနက် လွတ်လပ်ရေးနေ့တွင် ပါတီရုံးချုပ်၌ NLD က စာရင်းပြုစုထားသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်၏ ဓာတ်ပုံ၊ အမည်နှင့် ထောင်ကျမှတ်တမ်းအကျဉ်း ပါရှိသော ရင်ထိုးတံဆိပ်များကို ဖလားတလုံးအတွင်း ထည့်ကာ ပါတီဝင်များက မဲနှိုက်၍ မိမိကူညီစောင့်ရှောက်ရမည့် နိုင်ငံရေးအကျဉ်းသားများကို ရွေးချယ်ခဲ့ကြသည်။

“အဲဒီနေ့က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်လောက်ကို ကူညီစောင့်ရှောက်မှုပေးဖို့ ရွေးချယ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ပြည်တွင်း ပြည်ပက အလှူရှင်တွေကပါ သူတို့ကိုယ်စား မဲနှိုက်ပြီး ရွေးချယ်ပေးဖို့ တောင်းဆိုလာကြလို့ မဲနှိုက်လိုက်တာ။ အခု မဲမနှိုက်ရသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ကျန်ပါတော့တယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုကို ၁၉၉၃ ခုနှစ်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား တဦးလျှင် တလ ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ပေးနေရာမှ အလှူငွေတိုးမြင့် ရရှိလာမှုကြောင့် မကြာမီတွင် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

NLD က ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ပါတီသို့ ဆက်သွယ် အမည်စာရင်းပေးထားသည့် နိုင်ငံရေးအကျဉ်းသား စာရင်းသာဖြစ်၍ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ရှိနေသည်။

နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသည့် သံဃာတော်များကို ကူညီထောက်ပံ့ရေး လုပ်ဆောင်နေသည့် သာသနာ့ဥသျှောင်အဖွဲ့မှ ပြည်တွင်းတာဝန်ခံ ဦးဇ၀နက “ဦးပဉ္ဇင်းတို့ ထောင်ဝင်စာတွေ့သူ မရှိဖြစ်နေတဲ့ သံဃာ ၂၅ ပါးစာရင်းကို မကြာမီကပဲ ထုတ်ပြန် အလှူခံထားတယ်။ တကယ်ဆို လူထုဆင်းရဲကြပ်တည်းမှုကို လျစ်လျူမရှုနိုင်လို့ မေတ္တာပို့ လမ်းလျှောက်ရာကနေ ဖမ်းဆီးခြင်းခံရတဲ့ သူတို့တွေဟာ မမေ့သင့်တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့အတွက် အမည်ဖော်ပြီး လှူနိုင်သလို အမည်မဖော်ဘဲလည်း လှူနိုင်ပါတယ်” ဟု မိန့်သည်။

သာသနာ့ဥသျှောင်အဖွဲ့က ထောင်ဝင်စာတွေ့သူ မရှိဖြစ်နေသည့် သံဃာ ၂၅ ပါး စာရင်းကို မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယခုအခါ ပြည်ပမှ တသီးပုဂ္ဂလအလှူရှင်များက သံဃာ ၈ ပါးအတွက် တာဝန်ယူထားပြီဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက သံဃာတချို့ကို နိုင်ငံရေးပုဒ်မ မတပ်ဘဲ တခြားပုဒ်မတွေတပ်ပြီး ထောင်ချထားတာတွေလည်း ရှိတော့ တချို့သံဃာတွေက နိုင်ငံရေးအကျဉ်းသားစာရင်းထဲက လွတ်နေတာတွေလည်း ရှိတယ်” ဟု ဦးဇ၀နက မိန့်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတောင်ကုန်း ကျောင်းတိုက်၌ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို စုစည်းတွေ့ဆုံ အားပေးစကား ပြောဆိုခဲ့ပြီးနောက် မန္တလေးတိုင်းတွင်လည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို အလှူရှင်များက ပိုမိုစိတ်ဝင်စားလာကြကြောင်း သိရသည်။

မန္တလေးတိုင်း NLD စည်းရုံးရေးမှူး ဦးကိုကိုလေးက “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေးတွေ လုပ်နေတာကို ရေဒီယိုကတဆင့် ကြားသိရလို့ဆိုပြီး လာလှူကြတဲ့သူတွေ ရှိလာပါတယ်။ အလှူငွေလည်း တိုးမြှင့်ရရှိလာပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးရှိနေရာ NLD မှ ပေးအပ်သည့် တဦးလျှင် တလ ကျပ် ၅၀၀၀ အပြင် ဦးကိုကိုလေး သီးသန့်စုဖွဲ့ထားသည့် နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ယက်မှလည်း တဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးနေကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့ကတော့ လစဉ်ထောက်ပံ့တာတော့ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ တလုံးတခဲတည်း ရရှိနိုင်ပါစေတော့ဆိုပြီး တဦးကို ၅၀၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးတာပါ။ အခု ကူညီပေးပြီးတာ နိုင်ငံရေးအကျဉ်းသား ၃၀ ရှိသွားပါပြီ။ အလှူငွေတွေ ထပ်ရရင်လည်း ထပ်တိုးပေးသွားမှာပါ” ဟု ဦးကိုကိုလေးက ရှင်းပြသည်။

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် မြန်မာရေးရာအဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကို လစဉ်ထောက်ပံ့သွားရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ပြီး စင်ကာပူရောက် မြန်မာမိသားစုများကလည်း နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရောက် နိုင်ငံရေးအကျဉ်းသား ကူညီရေး ဆောင်ရွက်နေသူတဦးက “စင်ကာပူမှာ ရှိနေတဲ့ မြန်မာမိသားစုတွေကလည်း အရင်ကတည်းက ထောက်ပံ့ပေးနေပါတယ်။ အခုလည်း NLD က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသား ၃၀ ကို လစဉ်ထောက်ပံ့ပေးသွားဖို့ ရှိပါတယ်။ အလှူရှင်ပိုများလာရင် ပိုထောက်ပံ့ပေးသွားမှာပါ” ဟု ပြောသည်။

နအဖစစ်အစိုးရကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားပြီး မကြာသေးမီက ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နှင့် ပြည်ပရောက် မြန်မာအတိုက်အခံများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အဆိုနှစ်ခုကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ဦးသိန်းညွှန့်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်အမတ်တချို့က တင်သွင်းခဲ့သော်လည်း တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိပေ။

Credit to Irrawaddy: http://www.bur.irrawaddy.org/index.php/news/5902-2011-03-07-11-34-41

ဒေါသထွက် မော်လမြိုင်ကျောင်းသားများ ဆူပူ

3:42 PM | Posted by Anonymous




ချင်းမိုင် (မဇ္ဈိမ) ။ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနေစဉ် လျှပ်စစ်မီးမရသဖြင့် ဒေါသထွက်နေသော မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ အင်္ဂါနေ့ ညပိုင်းတွင် ဆူပူမှု ဖြစ်ပွားခဲ့သည်။

ည ၈ နာရီခန့်တွင် ကျောင်းသား ၅ဝ ကျော်က ဆိုင်ကယ်ကိုယ်စီဖြင့် ငန်းတေးရပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ ခဲများဖြင့် ပစ်ပေါက်ကြသည်။

“စာမေးပွဲ မဖြေခင် နှစ်ရက်ကတည်းက မီးမလာဘူး၊ အခုဖြေနေတာလည်း နှစ်ရက်ရှိပြီ။ မီးမလာတော့ ၁ဝ တန်း ကျောင်းသူကျောင်းသားတွေ တော်တော်ဒုက္ခရောက်တယ်။ ဒါ့ကြောင့် သူတို့ကိုယ်စား ကျနော်တို့ ဒီလိုလုပ်ရတာပါ” ဟု ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်နေ့မှ နိုင်ငံတဝှန်းတွင် စတင်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမှာ ဖြစ်သည်။

ခဲပေါက်ခြင်းကြောင့် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မှန်များ ကွဲသွားခဲ့ကြောင်း မန္တလေးရပ်မှ မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

၂ဝဝ၉ ခုနှစ် မတ်လတွင်လည်း တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲမဖြေဆိုမီ ၄ ရက်ဆက်တိုက် မီးပျက်နေသဖြင့် တက္ကသိုလ်ကျောင်းသား ၁ဝဝ ခန့် ယခုလိုပင် ဆူပူဆန္ဒပြခဲ့အပြီး လျှပ်စစ်မီး ပြန်ရခဲ့သည်။

Credit to Mizzima: http://mizzimaburmese.com/news/inside-burma/7082-2011-03-09-12-10-01.html

လှိုင်သာယာ တိုင်ရီစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

3:40 PM | Posted by Anonymous

လှိုင်သာယာ စက်မှုဇုံ (၃)မှာ ဆန္ဒပြစဉ်က

မနေ့ နံနက် ၁၀ နာရီခန့်ကစပြီး လှိုင်သာယာမှာရှိတဲ့ တိုင်ရီစက်ရုံမှာ အလုပ်သမားန္ဒပြပွဲတခု စတင်ဖြစ်ပွားခဲ့ပါတယ်
အလုပ်သမားတွေဟာ လုပ်ငန်းခွင်ကိုလုံးဝမဆင်းဘဲ စက်ရုံအတွင်းငြိမ်းချမ်းစွာထိုင်ပြီး သူတို့ရဲ့တောင်းဆိုချက်တွေကို စက်ရုံတာဝန်ရှိသူတွေထံ ပြောပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ ဖိနပ်နဲ့ အလှကုန်ပစ္စည်းများထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမားအင်အားစုစုပေါင်း တထောင် ကျော်လောက် ရှိတယ်လို့လဲ သိရပါတယ်၊ သက်ဆိုင်ရာမန်နေဂျာတွေက တာဝန်ရှိသူများကို အကြောင်းကြားလိုက်တဲ့ အတွက် အာဏာပိုင်များက ချက်ချင်းလာရောက်ကာ စုံစမ်းမှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေက သူတို့ရဲ့ နစ်နာချက်တွေဖြစ်တဲ့ လုပ်ငန်းခွင်နဲ့မဆိုင်တဲ့ ကိစ္စတွေကို ခိုင်းစေတာ၊ superviser များ မှာ ဆဲရေးတိုင်းထွာတာတွေ၊ တခါတလေ ရိုက်နှက်တာတွေ၊ လုပ်ငန်းခွင်တွင်း တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ချုပ်နှောင် ပြီး လွတ်လပ်ခွင့်နဲနဲမှ မရှိတာ ဒါတွေအပြင် အဓိကတောင်းဆိုချက်ဖြစ်တဲ့ လုပ်ခတိုးမြှင့်ပေးရေးတို့ကို တောင်းဆိုခဲ့တယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အလုပ်သမားဆန္ဒပြပွဲတွေတုန်းကလည်း ဒီစက်ရုံမှာလဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်လာခဲ့ပြီး ယခုလို တောင်းဆိုကြရတာ လို့လဲ သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့က ရွှေပြည်သာ စက်မှုဇုံရှိ Super One နဲ့ အော်စကာ အထည်ချုပ်စက်ရုံးတွေတုန်း က ဆန္ဒပြပွဲဖြစ်ပြီး အဆိုပါစက်ရုံများကတော့ ချက်ခြင်းလိုလို ညှိနှိုင်းပြေလည်မှု ရသွားတယ်လို့လဲ သိရပါတယ်။ အခု ဆန္ဒပြနေတဲ့ စက်ရုံမှာတော့ ယနေ့ ညနေပိုင်းအချိန်ထိ တစုံတရာ ညှိနှိုင်းတာတွေပြုလုပ်နေသော်လည်း ပြောလည်မှုရရှိ တဲ့ အခြေအနေ မတွေ့ရသေးပါ။

ဒီအလုပ်သမားဆန္ဒပြပွဲဟာ အစိုးရသစ်ပေါ်လာပြီး ပထမဦးဆုံးသော ရန်ကုန်မြို့က အလုပ်သမားလှုပ်ရှားမှုတခု ဖြစ်ပါ တယ်။ အသေးစိတ်အခြေအနေများကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပေးပို့.. ကိုတော

Credit to Naythit: http://www.naytthit.net/?p=10003

NLD-Statement-on-International-Women-s-Day-2011

Tuesday, March 8, 2011 3:29 PM | Posted by Anonymous

ဦးနေ၀င်းမြေး ဖြစ်သူ ဇွဲနေ၀င်း လွတ်မြောက်

3:14 PM | Posted by Anonymous
TUESDAY, 8 MARCH 2011


အာဏာရှင် ဦးနေ၀င်း ၏ မြေး တစ်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

FNG၊ ၊ယခင်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ၊ ရဲဘော်သုံးကျိပ်ဝင် နှင့်အာဏာရှင် ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း ၏ မြေးဖြစ်သူ ဇွဲနေ၀င်း အသက် ၂၉ နှစ် သည်ယမန်နေ့ က အင်းစိန် အကျဉ်းထောင် မှ နေ၍ ပြန်လည် လွတ်မြောက် လာသည် ဟု Freedom News Group မှ သတင်း ရရှိသည်။

မြန်မာ စစ်အစိုးရက ၂၆ နှစ် နိုင်ငံတော် အာဏာကို ထိန်းချုပ်ခဲ့သည့် ဦးနေ၀င်း ကို ၂၀၀၂ခုနှစ် တွင် သူမ၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်း နှင့် အတူ နေအိမ်အကျယ် ပြစ်ဒဏ်ချမှတ် ခဲ့ပြီးသားမက် ဖြစ်သူ အေးဇော်ဝင်း နှင့် သားများဖြစ်သူ အေးနေ၀င်း ကျော်နေ၀င်း ဇွဲနေ၀င်း တို့ ကို နိုင်ငံတော် သစ္စာဖောက်မှု များဖြင့် ဖမ်းဆီး ထောင်ချခဲ့သည် ။ ဒေါ် စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် နေအိမ် အကျယ်ချုပ်မှ ပြန်
လည် လွတ်မြောက်လာခဲ့သည်။

သမ္မတဟောင်း ဦးနေ၀င်း၏ မိသားစု နှင့် နီးစပ်သူများက “ဟုတ်တယ်..ပြန်လွတ်လာပြီလို့  ကြားတယ်။ အေဒီ လမ်း အိမ် ကို ပြန်ရောက်လာပြီ။ အဖွားကြီး လည်း နေမကောင်းလို့ ပြန်လွှတ်ပေးလိုက်တာထင်တယ်။သူက ခင်ပွန်း နဲ့ သားတွေ လွှတ်ဖို့ ဗိုလ်ချုပ်မှုးကြီးကို အသနား ခံစာ တင်ထားတာ သုံးကြိမ် ရှိပြီ “ဟု Freedom News Group သို့  ပြောသည်။

ဒေါ်စန္ဒာဝင်း အား စစ်အစိုး ရက ပြန်လည် လွှတ်ပေး ခဲ့သော်လည်း အင်တာနက်၊မိုဘိုင်းဖုန်း စသည့် အဆင့်မြင့် ဆက်သွယ်ရေး ပစ္စည်း များ သုံးစွဲမှု ကို ကန့် သတ်ထားသည်။အာဏာရှင် ဟောင်း ဦးနေ၀င်း သည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ လ တွင် ကွယ်လွန် ခဲ့သည်။

မူရင်ုး Freedom News Group

ခွေးငတ်များကြိုဆိုရေး ထမင်းစားပွဲကြီး

2:56 PM | Posted by Anonymous


ရေးသူ- လင်းယုန်မောင်မောင်





[ဓါတ်ပုံဟောင်းများက ပြောပြနေသော ရှေးဟောင်းနှောင်းဖြစ်များ-ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး]


ကျွန်တော်သည် ရန်ကုန်တွင် တည်ထောင်ထားသော ချင်းတွင်းအသင်းတွင် အတွင်းရေးမှူးအဖြစ် ၁၉၇၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ ၆ နှစ်တိုင်တိုင် တာဝန်ယူခဲ့ရသည်။ ထိုနှစ်များတွင် ချင်းတွင်းအသင်းမှ ကြီးမှူး၍ အခြေခံပညာရေး အထက်တန်း (ဆယ်တန်း) စာမေးပွဲတွင် ဂုဏ်ထူး နှစ်ဘာသာနှင့် အထက် အောင်မြင်ခဲ့ကြသော ချင်းတွင်းဒေသမှ ကျောင်းသူ ကျောင်းသားများအား အသင်းအမှုဆောင် လူကြီးများ ကိုယ်တိုင် မုံရွာမြို့သို့ သွားရောက်၍ ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ကြသည်။


၁၉၈၃ ခုနှစ်က မှတ်မှတ်ရရ မုံရွာသို့ အဆိုပါ ပညာရည်ချွန် ဆုပေးပွဲအတွက် သွားရောက်ခဲ့စဉ်က ဖြစ်သည်။ မုံရွာမြို့နယ် ပါတီကောင်စီ၏ ကူညီပံ့ပိုးမှုဖြင့် ပညာရည်ချွန်ဆုပေးပွဲအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် လုပ်ကိုင်ရင်း ကျွန်တော်သည် ဖိတ်စာများနှင့် အခြားစာရွက်စာတမ်းများ ရိုက်နှိပ်ရန် မုံရွာမြို့ ရွှေစည်းခုံဘုရား မုခ်ဝတွင် စာကူးစက်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသော ငယ်သူငယ်ချင်း 'ဘမောင်ဇုံ' ထံသို့ ရောက်သွားခဲ့သည်။ ငယ်နာမည်မှာ 'ဘမောင်' ဖြစ်၍ ကြီးလာမှ ဖခင်ဖြစ်သူ 'ဦးဖိုးဇုံ' ကို အကြောင်းပြု၍ 'ဇုံ' တလုံး တိုးပြီး 'ဘမောင်ဇုံ' ဖြစ်လာခဲ့သည်။

ကျွန်တော်က သူ့အား လက်နှိပ်စက် ရိုက်ရန်နှင့် စာကူးစက်လှည့်ရန် ဖိတ်စာမူကြမ်းနှင့် စာရွက်စာတမ်း များ ပေးအပ်ပြီးနောက် ဟိုအကြောင်း သည်အကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောမိကြသည်။ ထိုစဉ်မှာပင် သူငယ်ချင်း ဘမောင်ဇုံက ရုတ်တရက် ကောက်ခါငင်ခါ ပြောလိုက်သည်။ 'အတော်ပဲ မောင်ရေ... ကြုံကြိုက်တုန်း မောင်ရင့်ကို အမှတ်တရ ရှားရှားပါးပါး လက်ဆောင်တခု ပေးလိုက်ရဦးမယ်' ပြောပြောဆိုဆို သူက အလုပ်အံဆွဲထဲမှ စာအုပ်တအုပ်ကို ထုတ်ယူလိုက်ပြီး ထိုစာအုပ်ကြားထဲမှ ဓာတ်ပုံလေးတပုံကို ကျွန်တော့်အား ရုတ်တရက် လှမ်းပေးလိုက်သည်။

ဓာတ်ပုံမှာ ခတ်သေးသေးပင် ဖြစ်သည်။ ကျွန်တော်တို့ ငယ်ငယ်က 'သေတ္တာကင်မရာ' ဖြင့်ရိုက်သည့် အရွယ်အစား ဖြစ်၍ အလျား ၃လက်မခွဲ၊ အနံ ၂ လက်မခွဲခန့်သာရှိသည်။ ထို ဓာတ်ပုံလေးကို သေသေချာချာ ကြည့်လိုက်မိသည်နှင့် ကျွန်တော့်မှာ အတိုင်းမသိ ပီတိတွေဖြာ၍ ၀မ်းအသာကြီး သာသွားခဲ့သည်။ အကြောင်းသော်မူ ထိုဓာတ်ပုံကလေးသည် ဒုတိယကမ္ဘာစစ် မတိုင်မီလေးက မုံရွာခရိုင် ဒို့ဗမာ အစည်းရုံးဝင် သခင်များ၏ နိုင်ငံရေးလှုပ်ရှားမှုကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံကလေးဖြစ်ကြောင်း ကျွန်တော် အတိအကျ သိလိုက်ရသောကြောင့် ဖြစ်သည်။ ပို၍ တိကျအောင် ပြောရမည်ဆိုပါက ထိုဓာတ်ပုံလေးသည် လွန်ခဲ့သော ၁၉၃၉ ခုနှစ်က ရိုက်ကူးခဲ့သော ပုံဖြစ်၍ (ယခုဆိုလျှင်) နှစ်ပေါင်း ၄၉ နှစ်မျှ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ဓာတ်ပုံလေး၏ ဆေးသားများမှာ မမှုန်ဝါးသေးဘဲ မူလကူးထားသည့် စီပီယာအရောင်အတိုင်း လူတွေရော အဆောက်အဦများပါ ထင်ရှားနေဆဲ ဖြစ်သည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဆိုသော စာတန်းမှာ ဓာတ်ပုံထဲတွင် ထင်းခနဲ မြင်နေရသည်။

ထိုနေ့က ဘမောင်ဇုံ၏ စာကူးစက်သို့ ကျွန်တော်နှင့်အတူ လိုက်ပါလာသော မုံရွာကောလိပ်မှ သမိုင်းဌာနမှူး ဆရာဝင်းမောင်သည် ကျွန်တော့် လက်ထဲမှ ဓာတ်ပုံကို ခေတ္တ တောင်းယူလိုက်သည်။ သူသည် ဓာတ်ပုံထဲမှ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဟူသော စာတန်းကို ကြည့်ပြီး ရုတ်တရက် နားမလည်အောင် ဖြစ်သွားဟန်တူသည်။

'နေပါဦးဆရာ ဒီ ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး ဆိုတာ ဘာကို ဆိုလိုတာလဲ ဆရာ၊ ပြီးတော့ ဒီဓာတ်ပုံက ဘယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလဲ'

သမိုင်းဌာနမှူးက ထူးဆန်းသော အဆိုပါ စာတန်း၏ အဓိပ္ပါယ်ကို စူးစမ်းသော စိတ်ဖြင့် မေးမြန်းလိုက် သည်။ သည်တော့မှ ကျွန်တော်က သည်ဓာတ်ပုံလေး၏ သမိုင်းကြောင်းကို သမိုင်းဌာနမှူးအား ရှင်းပြရသည်။ မှန်သည်။ သည်ဓာတ်ပုံလေးမှာ ၁၉၃၉ ခုနှစ်က ရိုက်ကူးခဲ့သည့် ပုံဖြစ်သည်။ ထိုအချိန် ထိုအခါက ၁၃၀၀ ပြည့် အရေးတော်ပုံနှင့် ဗိုလ်အောင်ကျော် အရေးအခင်းကို အကြောင်းပြု၍ ဒေါက်တာဗမော် အစိုးရ ပြုတ်ကျပြီး နန်းရင်းဝန် ဦးပုခေါင်းဆောင်သော အစိုးရ တက်လာချိန် ဖြစ်သည်။

ဦးပုသည် နန်းရင်းဝန်ဖြစ်လာပြီး မကြာမီ အထက်မြန်မာနိုင်ငံသို့ တိုင်းခန်းလှည့်လည်ရန် စီစဉ်ခဲ့ရာ မန္တလေးမှ တဆင့် မုံရွာသို့ လာရောက်မည် ဖြစ်ကြောင်း ကျွန်တော်တို့ မုံရွာသခင်များက သတင်းရထားကြသည်။ ဤတွင် နန်းရင်းဝန် ဦးပုနှင့်တကွ နောက်လိုက်နောက်ပါ မင်းတိုင်ပင်အမတ်များ မုံရွာရောက်မလာကြမီ မုံရွာသခင်များက ကန့်ကွက်ဆန္ဒပြကြရန် အစီအစဉ်တခု ပြုလုပ်ခဲ့ကြသည်။ ယင်းအစီအစဉ်မှာ နန်းရင်းဝန်ဦးပုနှင့် မင်းတိုင်ပင်အမတ်များအား ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည့် 'ခွေးဋီကာ' 'ခွေးဂဏ္ဍိ' စသည့် စာအုပ်များထဲမှ စားခွက်လုကြသည့် ခွေးငတ်များအဖြစ် နှိုင်းယှဉ်တင်စားကာ မုံရွာမြို့ပေါ်ရှိ ခွေးလေခွေးလွင့်များ အား အစာကျွေး၍ ဆန္ဒပြ ကန့်ကွက်ကြရန် ဖြစ်သည်။ သို့ဖြစ် နန်းရင်းဝန် ဦးပု ရောက်မလာမီ တပါတ်ခန့်အလိုတွင် အဆိုပါ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။

သတ်မှတ်ထားသော ထိုနေ့ ထိုရက်တွင် မုံရွာဈေးကြီး (ယခု ဈေးဟောင်း) ထဲမှ အမဲရိုးများနှင့် ဆန်ကွဲ များကို အလှူခံ၍ မိုးဗြဲဒယ်ကြီးတလုံးတွင် ထည့်၍ ပြုတ်ကြသည်။ ပြီးမှ ထိုအမဲရိုးနှင့် ဆန်ကွဲများ ပြုတ်ထားသည့် မိုးဗြဲဒယ်ကြီးကို မြင်းလှည်းတစီးပေါ်တွင် တင်ကာ တမြို့လုံး လှည့်လည်၍ လမ်းဆုံလမ်းခွများတွင် အမဲရိုးပြုတ်များကို ဖက်များဖြင့် ပုံပြီး ခွေးလေခွေးလွင့်များကို စတုဒီသာ ကျွေးကြသည်။ ဤတွင် ခွေးများ၏ သဘာဝအတိုင်း အမဲရိုးပြုတ်များကို အေးအေးဆေးဆေး မစားကြပဲ တကောင်နှင့်တကောင် မာန်ဖီကာ လုယက်ကြ၊ ကိုက်ကြ၊ ခဲကြနှင့် တ၀ုန်းဝုန်း တရုန်းရုန်း ဖြစ်နေကြသည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဟူသော စာတန်းများကို ဖတ်၍ အထူးအဆန်း ဖြစ်နေကြသော မုံရွာ မြို့သူ မြို့သားများသည် ကျွန်တော်တို့ သခင် များက လမ်းဆုံလမ်းခွများတွင် ခွေးလေခွေးလွင့်များအား ထိုသို့ အမဲရိုးပြုတ်များ ကျွေးနေကြသည်ကို တအံ့တသြ ၀ိုင်းအုံ ကြည့်ရှုခဲ့ရမှ တဖြည်းဖြည်း လူစုလူဝေးကြီး ဖြစ်မှန်းမသိ ဖြစ်လာကြသည်။ သည်တော့မှ ကျွန်တော်တို့ သခင်များက အမဲရိုးပြုတ်များကို တကောင်နှင့် တကောင် ရန်စောင် မာန်စောင်ကာ လုယက်စားသောက် နေကြ သော ခွေးများအား 'စားခွက်လု' နေကြသည့် မင်းတိုင်ပင် အမတ်များနှင့် နှိုင်းယှဉ်ကာ အင်္ဂလိပ်အစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေးတရားများကို ဟောကြပြောကြသည်။

ထိုနေ့က 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ကျင်းပကာ လက်တွေ့ကျကျ ဟောခဲ့ပြောခဲ့ကြသော သခင်များ၏ နိုင်ငံရေးတရားများကို မြို့လူထုက သဘောအကျကြီး ကျကာ လက်ခုပ်လက်ဝါးတီး၍ သြဘာပေးခဲ့ ကြသည်ကို ကျွန်တော်ကောင်းကောင်းကြီး မှတ်မိနေခဲ့သည်။ နောက်တခု ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေသည့် အဖြစ်အပျက်တခု ရှိသေးသည်။ အဆိုပါ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' အကြောင်းကို ထိုစဉ်က မုံရွာသခင်တဦးဖြစ်သော သတင်းထောက်သခင်ကိုကြီး (ပေါင်မုန့်ရောင်းသည့်အတွက် သူ့ကို 'ပေါင်မုန့်ကိုကြီး' ဟု တမြို့လုံးက ခေါ်ကြသည်။) က သတင်းနှင့်တကွ ဓာတ်ပုံကိုပါ ရိုက်၍ ရန်ကုန်ရှိ သတင်းစာတိုက်များသို့ ပို့လိုက်ရာ မြန်မာ့အလင်းသတင်းစာက သတင်းရော ဓာတ်ပုံကိုပါ ဖော်ပြလိုက်သည်။ (ယခုဖော်ပြထားသော ဓာတ်ပုံပင် ဖြစ်သည်) ဤတွင် ထိုဓာတ်ပုံထဲ၌ ခွေးစာကျွေးသည့် သံပုံးစုတ်ကို ကိုင်ထားလျက်သား ကျွန်တော့်ပုံသည် ရှေ့ဆုံးမှ ထင်းကနဲ ပါသွားခဲ့ရာ ထိုဓာတ်ပုံကို အကြောင်းပြု၍ ထိုစဉ်က အင်းစိန် စီအိုင်ဒီတွင် ပုလိပ်စုံထောက် အရာရှိအဖြစ် အမှုထမ်းနေသော ကျွန်တော့်ဖခင်အား မျက်နှာဖြူပုလိပ် မင်းကြီးက ထုချေလွှာတောင်းခဲ့သည်ကို ကျွန်တော်ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ၏ ဂယက်သည် ထိုမျှဖြင့် မပြီးဆုံးသေးပါ။ ၁၉၃၉ ခုနှစ် ဇွန်လဆန်းတွင် နန်းရင်းဝန် ဦးပုသည် မူလစီစဉ်ထားသည့်အတိုင်း အထက်မြန်မာပြည်သို့ တိုင်းခန်းလှည့်လည်ရင်း မန္တလေးမှတဆင့် မုံရွာသို့ ရောက်လာခဲ့သည်။ ဤတွင် ကြိုတင်ပြင်ဆင်၍ 'မောင်းတင်' ထားကြသော ကျွန်တော်တို့ မုံရွာသခင်များက မုံရွာမြို့အ၀င်၊ မြို့တောင်ဘက် ညောင်ပင်အောက် ကွေ့မှ နေ၍ နန်းရင်းဝန် စီးလာသော မော်တော်ကားရှေ့တွင် လှဲအိပ်ကာ ဆန္ဒပြ ကန့်ကွက် တာဆီးခဲ့ကြသည်။ မိမိစီးလာသော ဇိမ်ခံကားကြီးရှေ့တွင် လှဲအိပ်ကာ ကြွေးကြော်သံများဖြင့် လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ဆန္ဒပြနေကြသည့် သခင်များကို ကြည့်ကာ နန်းရင်းဝန် ဦးပုမှာ ရာဇအိနြေ္ဒ အပျက်ကြီး ပျက်၍ ရှက်လည်းရှက် ဒေါသလည်း ထွက်ခဲ့ရသည်။ နောက်ဆုံး၌ ဗောင်းတော်ညိတ် စိတ်တော်သိ ဆိုသည့်စကားအတိုင်း နန်းရင်းဝန်တယောက်လုံး အရှက်တကွဲ ဖြစ်နေသည်ကို လက်ပိုက်ကြည့်၍ မဖြစ်တော့သည့်အလျောက် မုံရွာအရေးပိုင်နှင့် ခရိုင်ရာဇ၀တ်ဝန်ကြီးတို့၏ အမိန့်အရ ဦးပုကားရှေ့တွင် လှဲအိပ်ကာ ဆန္ဒပြခဲ့ကြသော မုံရွာ သခင်များအား ပုလိပ်များက တယောက်ပြီးတယောက် ခြေထောက်နှစ်ချောင်းနှင့် ချိုင်းနှစ်ဘက်မှ မကာ အချုပ်ကားထဲသို့ ပစ်သွင်းပြီး အတင်းတရကြမ်း ဖမ်းဆီးခဲ့ကြသည်။ ထိုနေ့က စုစုပေါင်း သခင် ၁၆ ဦး အဖမ်းခံခဲ့ကြရသည်ဖြစ်ရာ အဆိုပါ သခင်များမှာ ၁။ သခင်လှဖေ၊ ၂။ သခင်ကျော်ဇေယျ၊ ၃။ သခင်ဗမောင်၊ ၄။ သခင်ကိုကြီး၊ ၅။ သခင်ရွှေဒေါင်း၊ ၆။ သခင်သန်းတင်၊ ၇။ သခင်လှမောင်၊ ၈။ သခင်စိန်၊ ၉။ သခင်တုံဟော၊ ၁၀။ သခင်ကြည်၊ ၁၁။ သခင်လှသိန်း၊ ၁၂။ သခင်ကံညွန့်၊ ၁၃။ သခင်တင်မြင့်၊ ၁၄။ သခင်သိန်းမောင်၊ ၁၅။ သခင်သောင်းတင်၊ ၁၆။ သခင်ရွှေ တို့ပင် ဖြစ်သည်။

နောက်ဆုံး ကျွန်တော် သိရသလောက် အထက်ပါအဖမ်းခံ သခင် ၁၆ ဦးအနက် သခင်လှဖေ (ယခင် ကျောက်တံတားသ/မ)၊ သခင်ဗမောင် (မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့)၊ သခင်သောင်းတင် (ဇောက်ထိုးသောင်းတင်) နှင့် သခင်ရွှေ (ယခု စာရေးဆရာ လင်းယုန်မောင်မောင်) တို့သာလျှင် မသေသေးဘဲ ကျန်ရှိနေကြ၍ အခြားသခင်များမှာ အားလုံးပင် ကွယ်လွန်ခဲ့ကြပေပြီ။

'သတင်းစာများသည် သမိုင်းကို ပြောနေကြသည်' ဟူသော ကွယ်လွန်သူ လူထုဦးလှ၏ စာအုပ်ကို နှစ်သက်စွဲလန်းခဲ့သော ကျွန်တော်သည် ကျွန်တော့်လက်ထဲမှ ဓာတ်ပုံကလေးကို ကြည့်ရင်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မုံရွာခရိုင် ဒို့ဗမာအစည်းရုံးဝင် သခင်များ၏ လှုပ်ရှားမှု ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်းသတိ ရနေမိလေသည်။

လင်းယုန်မောင်မောင်
(ဧပြီ ၁၉၈၈ ပန် ရုပ်စုံမဂ္ဂဇင်း)

[ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် ၃၆၊ နိုဝင်ဘာလ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။]

ရင်းမြစ် မာယာမဂ္ဂဇင်း

အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ စက်တင်ဘာ ၂၃-၂၄ ၊ ၂ဝဝ၉

11:33 AM | Posted by Anonymous
Reference ID Created Released Classification Origin
09KYIV1942 2009-11-09 12:12 2010-12-09 21:09 SECRET Embassy Kyiv
VZCZCXYZ0001
PP RUEHWEB
DE RUEHKV #1942/01 3131205
ZNY SSSSS ZZH
P 091205Z NOV 09
FM AMEMBASSY KYIV
TO RUEHC/SECSTATE WASHDC PRIORITY 8754
INFO RHMFISS/DEPT OF ENERGY WASHINGTON DC
RHEHAAA/NSC WASHDC
RUEKJCS/OSD WASHINGTON DC
S E C R E T KYIV 001942
SIPDIS
NSC FOR JOYCE CONNERY
DOE FOR ANDREW BIENIAWSKI
EO 12958 DECL: 11/05/2019
TAGS PARM, PREL, KNUC, UP
SUBJECT: U.S.-UKRAINE NONPROLIFERATION MEETINGS SEPTEMBER 23-24, 2009
Classified By: Political Counselor Colin Cleary, Reason 1.4 (b, d)

အကြောင်းအရာ။ ။ အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ စက်တင်ဘာ ၂၃-၂၄ ၊ ၂ဝဝ၉

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ နိုင်ငံရေး ကောင်စစ်ဝန် ကိုလင် ကလီယာရီ (Colin Cleary) အကြောင်းပြချက် 1.4 (b, d)

၁။ (S) အကျဉ်းချုပ် - အမေရိကန်-ယူကရိန်း အဏုမြူ မပြန့်ပွားရေး နှစ်စဉ် ဆွေးနွေးပွဲငယ်၏ အဓိကအချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ယူကရိန်းက ယူရေနီယံသုံး လောင်စာများ (HEU spent fuel) ကို ရုရှားသို့ လွှဲပြောင်းပေးရေး ကိစ္စနှင့် ပတ်သက်၍ မတင် မကျ အဖြေပေးသည်။ ယူကရိန်းက ၁၉၉၄ တွင် ဘူဒါပက်မြို့မှာ ပေးခဲ့သော လုံခြုံရေး အာမခံချက်ထက် ပို၍ နောက်ထပ် အာမခံချက်များကို တောင်းခဲ့ပြီး အမေရိကန်နှင့် ဒုံးကျည်ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လုပ်သွားရန် စိတ်ဝင်စားသည်။ --စကဒ်ဒုံးကျည် (SCUD Missiles) ဖျက်သိမ်းရေး နားလည်မှု စာချွန်လွှာကို ဝန်ကြီးဌာန အားလုံးက သဘောတူပြီးဖြစ်ကြောင်း၊ နောက်ဆုံး အတည်ပြုချက်အတွက် အစိုးရ အဖွဲ့သို့ တင်ထားကြောင်းနှင့် မကြာမီ အဆင်သင့် ဖြစ်မည့်အကြောင်း ယူကရိန်းဘက်မှ တင်ပြသည်။ -- နောက်ထပ် ဒုံးကျည်ပစ် မဲလင့် လောင်စာရည် (melange liquid rocket propellant) ဖျက်သိမ်းရေးအတွက် အထောက်အပံ့ပေးရန် ယူကရိန်းက အမေရိကန်ကို မေတ္တာရပ်ခံခဲ့သည်။ သို့သော် အမေရိကန်ဘက်က စကဒ်ဒုံးကျည်နှင့် စကဒ်ဒုံးကျည်သုံး မဲလင့် လောင်စာရည် ဖျက်သိမ်းရေးကို ပထမ ဦးစွာဆွေးနွေးမည် ဖြစ်ကြောင်း၊ နောက်မှ မဲလင့်လောင်စာရည် ဖျက်သိမ်းရေးအကြောင်းကို ဆွေးနွေးမည် ဖြစ်ကြာင်း ပြောခဲ့သည်။-- ယူကရိန်းက အက်စ် အက်စ် (၂၄) (SS-24) ဖျက်သိမ်းရေးအတွက် အမေရိကန် ထံမှ နောက်ထပ်ငွေကြေး အထောက်အပံ့တောင်းရာ၌ အမေရိကန်ဘက်က စဉ်းစားပြီး အကြောင်းပြန်ပေးမည်ဟု ပြောခဲ့ သည်။ --အမေရိကန်ဘက်က ယူကရိန်း၏ ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေး အဖွဲ့ဝင် အဆင့် (၁) အဖြစ် ဆော်ဒီ အာရေဗျ နိုင်ငံကို ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ အချက်အလက်များကို သိလိုကြောင်း၊ သို့မှသာ ဆော်ဒီအာရေဗျသို့ MTCR Category I items ပို့ပေးခြင်း ပြဿနာတို့နှင့် ပတ်သက်၍ နိုဝင်ဘာလတွင် ကျင်းပမည့် ရီယိုဒီ ဂျနဲရိုး ဒုံးကျည် နည်းပညာ ထိန်းချုပ်ရေးအဖွဲ့ဝင်နိုင်ငံများ စုံညီစည်းဝေးပွဲမှာ အပြန်အလှန် ကောင်းစွာဆွေးနွေး နိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ --ယူကရိန်းက နောက်နောင်မှာ မြန်မာနိုင်ငံသို့ လက်နက် တင်ပို့တော့မည် မဟုတ်ကြောင်း၊ အမေရိကန်၏ ဂြိုဟ်တုဓာတ်ပုံမှာ ဖော်ပြခဲ့သည့် တောင်ပိုင်း ဆူဒန်သို့ တီ-၇၂ တင့်ကားများ (T-72 tanks) ပို့သည် ဆိုခြင်းမှာ မဟုတ် ကြောင်း ပြောခဲ့သည်။ အမေရိကန်ဘက်က တင့်ကားပို့ခြင်းအတွက် ဒဏ်ခတ်မှုလုပ်မည်၊ မလုပ်မည်ကို စဉ်းစားစရာ ရှိကြောင်း၊ ဂြိုဟ်တုဓာတ်ပုံမှာပုံမှာပါသည့်အတိုင်း မှန်- မမှန်ဟူသော အချက်ပေါ်မှာ မူတည်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့ သည်။ -- ယူကရိန်းက အီရန်၏ ဒုံးကျည်အစီအစဉ်အတွက် သံမဏိ ပစ္စည်းများ တင်ပို့သည့်ကိစ္စကို စုံစမ်းစစ်ဆေးပေး မည်ဟု ပြောသော်လည်း အမေရိကန်ဘက်က ယူကရိန်းအစိုးရ အနေဖြင့် ဤပြဿနာကို ကိုယ်တိုင် မဖြေရှင်းနိုင်ပါက အမေရိကန်အနေနှင့် ပါဝင်ပတ်သက်သူများကို မိမိကိုယ်တိုင် အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ --(၂) နှစ်တာ ဆွေးနွေးပွဲများလုပ်ပြီးနောက် အမေရိကန်နှင့် ယူကရိန်းတို့သည် ရေဒီယို ဓာတ်ကြွပစ္စည်းများ ရှင်းလင်းဖယ်ရှားရေး နှင့် သိုလှောင်သိမ်းဆည်းခြင်းဆိုင်ရာ သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ --အမေရိကန်ဘက်က ယူကရိန်းအား နေတိုးငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ လက်နက်ငယ်များ ဖျက်ဆီး ရေး စီမံချက်လုပ်ငန်း (NATO Partnership for Peace Small Arms/Light Weapons destruction project) အရ နောက်ထပ် လက်နက်ငယ်များဖျက်ဆီးရေးကို သဘောတူရန်လည်း တိုက်တွန်းခဲ့သည်။ (အကျဉ်းချုပ်- ပြီး)

၂။ (S) တရားဝင် ဆွေးနွေးပွဲမလုပ်မီ နှစ်ဦးတွေ့ဆုံပွဲ၌ နီကိုနင်ကို (Nykonenko) က ဗင်တိုင်ပင်ကို ကိယက်ဗ်မြို့မှာ ကြိုဆို ခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းသည် ဗင်တိုင်ပင် (Van Diepen) ၏ အဏုမြူလက်နက် မပြန့်ပွားရေး စိတ်ဓာတ်ထက်သန် မှုကို ကောင်းစွာသိရှိခဲ့ပြီး ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနှင့်လည်း ယူကရိန်းကို ထက်သန်သော အဏုမြူ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးဘက် အဖြစ် ယုံကြည်မှုကို ပြသသည်ဟု မိမိတို့မှတ်ယူကြောင်း ပြောခဲ့သည်။

နှစ်ဖက်စလုံးက ဆွေးနွေးပွဲအစီအစဉ်ကို ပြန်လည်စစ်ဆေးကြပြီးနောက် လုံခြုံရေးအာမခံချက်၊ ယူရေနီယံသုံး လောင်စာ များပြန်ပို့ရေးနှင့် ဖျက်ဆီးရေး၊ နေတိုးငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ လက်နက်ငယ်များ ဖျက်ဆီးရေး စီမံချက် လုပ်ငန်း၊ စကဒ် ဒုံးကျည်ဖျက်သိမ်းရေး၊ ဒုံးကျည်ကာကွယ်ရေး၊ အီရန်သို့ ယူကရိန်း၏ သံမဏိ အထူးပစ္စည်းများ တင်ပို့ ခြင်း၊ တောင်ပိုင်း ဆူဒန်သို့ ယူကရိန်း၏ တီ-၇၂ တင့်ကားများတင်ပို့ ခြင်း ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ နှစ်ဦးတွေ့ဆုံ ဆွေးနွေးပွဲမှ ပတ်သက်ရာ အကြောင်းအချို့ကိုလည်း အောက်ဖော်ပြပါအတိုင်း ပုံမှန်ဆွေးနွေးပွဲ အစီအစဉ် ဖတ်ကြား ရာ၌ ထည့်သွင်းဖတ်ကြားခဲ့သည်။

အဆင့်မြင့် ယူရေနီယံ (HEU)

၃။ (C) နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ ဗင်တိုင်ပင်က ယူကရိန်းအနေနှင့် ကိယက်ဗ်မြို့မှ ယူရေနီယံသုံး လောင်စာများကို စက်တင်ဘာလကုန် နောက်ဆုံးထား၍ ရုရှားသို့ပို့ရေးကို အတည်ပြုပေးရန် အထူးအရေးကြီးကြောင်း ပြောခဲ့သည်။ အကယ်၍ ထိုကာလတွင် အတည်မပြုဖြစ်ဘဲ ၂ဝ၁၁ နှစ်ဆန်းအထိ အတည်မပြုနိုင်ပါက ယူကရိန်းအနေနှင့် ဤ ပစ္စည်းကို သိမ်းဆည်းထားရခြင်းအတွက် ကုန်ကျစရိတ်နှင့် အန္တရာယ်ရှိမှုကို ဆက်လက်ခံနေရဦးမည် ဖြစ်ကြောင်း၊ ဤသုံးစွဲပြီး လောင်စာများသည် စီးပွားရေးအရ တန်ဖိုးမရှိသော်လည်း အကြမ်းဖက်သမားအတွက် တန်ဖိုးရှိကြောင်း၊ လာမည့်နှစ် အဏုမြူလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲသို့ ယူကရိန်းကို ဖိတ်ကြားထားပြီးဖြစ်သဖြင့် ယူကရိန်းအနေနှင့် မိမိ၏ အဏုမြူပစ္စည်းများ သိုလှောင် ထိန်းသိမ်းထားမှု အခြေအနေကို အစီရင်ခံရန် အရေးကြီးကြောင်း သူက ဆက် ရှင်းပြခဲ့သည်။ နီကိုနင်ကိုက ယူကရိန်း၏ ၂ဝဝ၈ ဖေဖေါ်ဝါရီလက ရပ်တည်ချက်သည် ပြောင်းလဲခြင်းမရှိကြောင်း ပြန်လှန်ပြောဆိုခဲ့ရာ ကျွန်ုပ်တို့ အနေနှင့် ၂ဝ၁ဝ နှစ်ဆန်းတွင် တင်ပြမည့် ယူကရိန်း၏ အမျိုးသား သိပ္ပံပညာ အကယ်ဒမီ အစီရင်ခံစာကို စောင့်ရမည်သာဖြစ်သည်။

၎။ (C) နောက်နေ့ အစည်းအဝေး၌ ယူကရိန်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (NSDC) မှ ဗလာဒီမာ ရိုင်ယက်ဆက် (Vladimir Ryabtsev) က နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းပြီး၍ သုံးစွဲပြီးလောင်စာများကို တင်ပို့ရန် ဆုံးဖြတ်ချက်ကိုလည်း ချပြီးဖြစ်ကြောင်း၊ မတင်ပို့ဖြစ်သေးခြင်းအကြောင်းမှာ သုံးစွဲပြီး လောင်စာများ ပြန်လည် ပြုပြင်ရာမှ ထွက်လာသော အညစ်အကြေးများ ပြဿနာအတွက် ကုန်ကျစရိတ် ဒေါ်လာ (၈ဝဝ, ဝဝဝ) ကို ရုရှားအား မည်သူကပေးမည်ကို မသိရသေးခြင်းကြောင့် ဖြစ်ကြောင်း၊ ဤကုန်ကျစရိတ် ထုတ်ပေးရေးအတွက် ယူကရိန်းတွင် ဘတ်ဂျက်ငွေအလုံအလောက်မရှိကြောင်း ရှင်းပြခဲ့သည်။ ကိယက်ဗ်မြို့သံရုံးမှ စွမ်းအင်ဌာန (DOE) အရာရှိ ဝိန်းလိခ်ျ (Wayne Leach) က မိမိတို့ အမေရိကန်ဘက်က ဤအချက်ကို ဝါရှင်တန်သို့ ပို့မေးမည်ဖြစ်ကြောင်းနှင့် မကြာမီ အကြောင်းပြန်ကြားမည် ဖြစ်ကြောင်း ပြောသည်။ (မှတ်ချက် -စွမ်းအင်ဌာန DOE သို့ အခြားသတင်းရပ်ကွက် များမှ သီးခြားပေးပို့ သော သတင်းများအရဆိုလျှင် သုံးပြီးလောင်စာများပြန်ပို့ရေးကိစ္စသည် သမ္မတနှင့် အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေး ကောင်စီ (NSDC) ၏ လက်ထဲမှာသာ ရှိနေသေးကြောင်းနှင့် ဤကိစ္စကို ယူကရိန်းရှိ ရုရှားလုပ် အခြား အဆင့်မြင့် ယူရေနီယံများကိစ္စနှင့် တပါတည်း ဖြေရှင်းရန် ကြိုးစားလျက်ရှိကြောင်းသိရသည်။ ဤတွင် တွေ့ရှိရသည်မှာ ရိုင်ယက်ဆက် (Vladimir Ryabtsev) သည် ဆွေးနွေးပွဲနှင့်ပတ်သက်၍ တစုံတရာ ဂဃနဏ သိထားပုံမရခြင်းပင် ဖြစ် သည်။ စွမ်းအင်ဌာန၏ ကမ္ဘာ့ခြိမ်းခြောက်မှုများ လျော့ပါးရေး လုပ်ငန်း အစီအစဉ် (Global Threat Reduction Initiative program) မှာ ဤကဲ့သို့သော ပြန်ပို့ရေးနှင့် ဆက်နွယ်နေသော လောင်စာ အညစ်အကြေးများ ကိစ္စအတွက် ငွေထုတ်ပေး ရန် အခွင့်အာဏာ မရှိသည်ကို ယူကရိန်းအစိုးရ သိထားသည်မှာ ကြာလှပြီဖြစ်သည်။)

ဒုံးကျည်ကာကွယ်ရေး

၅။(U) စုံညီဆွေးနွေးပွဲမတိုင်မီ နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ နီကိုနင်ကိုက ယူကရိန်းသည် ဥရောပရှိ အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေး စီမံကိန်းကို စိတ်ဝင်တစား ဖတ်ပြီးခဲ့ကြောင်း ဗင်တိုင်ပင်ကို ပြောခဲ့သည်။ ယူကရိန်းမှာ ဒုံးကျည်ကာကွယ် ရေး ကျွမ်းကျင်မှု နည်းပညာရှိပြီး ဒုံးကျည်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း စိတ်ဝင်စားကြောင်း၊ ဤပူးပေါင်း ဆောင်ရွက်သည် ဥရောပလုံခြုံရေး အစီအစဉ်တွင် ယူကရိန်း၏ အခန်းကဏ္ဍကို ပြန်လည်သတ်မှတ်ရေးအတွက် အထောက်အကူပြုပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ အမေရိကန်ဆီမှ ထောက်ခံကြောင်း အချက်ပြမှုရရှိရေးသည် ယူကရိန်းအဖို့ 'အလွန်အရေးကြီး'သည်ဟု ဆိုပါသည်။ နိုင်ငံတကာလုံခြုံရေး ကိစ္စများဆိုင်ရာ ဒုနိုင်ငံခြားရေးဝန်ကြီး ဗာ့စ်ဘောင်း (Vershbow) ဦးဆောင်မည့် လာမည့် သီတင်းပတ် ဆွေးနွေးပွဲများတွင် ယူကရိန်းနှင့် ဒုံးကျည် ကာကွယ်ရေးကိစ္စ ဆွေးနွေးရန် မျှော်နေမည်ဖြစ်ကြောင်း ဗင်တိုင်ပင်က ပြန်လည် ပြောကြားခဲ့သည်။

လုံခြုံရေး အာမခံချက်များ

၆။ (S) နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ နီကိုနင်ကို တင်ပြခဲ့သော အကြောင်းအရာသည်ကား ၁၉၉၄ ဘူဒါပက်ကြေညာ ချက်တွင် အမေရိကန် ပေးထားခဲ့သော လုံခြုံရေးအာမခံချက် ထက်ပို၍ နောက်ထပ် လုံခြုံရေးအာမခံချက် ပေးရန် မေတ္တာ ရပ်ခံခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ဂျော်ဂျီယာကို ရုရှား ကျူးကျော်ပြီးနောက်ပိုင်းတွင် ယူကရိန်းအနေနှင့် လုံခြုံမှု ခြိမ်း ခြောက်ခံရသည်ဟု ခံစားရကြောင်း ပြောသည်။ ယူကရိန်းသည် နေတိုးအဖွဲ့ထဲသို့ မဝင်ရသေးမချင်း လုံခြုံရေးဟာကွက်ကို ဖြည့်ရန်လိုအပ်နေကြောင်း၊ ဘူဒါပက်သဘောတူချက်ကို ထပ်မံအတည်ပြုကြောင်း အမေရိကန်၏ ၂ဝဝ၉ သြဂုတ်လက အသိပေးချက်ကို လက်ခံရရှိပြီးဖြစ်သော်လည်း ယူကရိန်းအနေနှင့် ဤကိစ္စကို အသေးစိတ် ဆွေးနွေးလို ကြောင်း၊ အမေရိကန်၏ ဦးဆောင်မှုဖြင့် အပြန်အလှန် လုံခြုံရေးအာမခံချက်သစ် တခုကို ရှာနိုင်မည်ဟု ယူကရိန်းက မျှော်လင့်နေလျက်ရှိကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင်အဆင့် ဆွေးနွေးပွဲကို စတင်မည်ဆိုပါက ယူကရိန်းအစိုးရအနေနှင့် ကျေးဇူးတင်မည် ဖြစ်ကြောင်း၊ ဤကဲ့သို့သော ဆွေးနွေးပွဲမျိုး ကျင်းပသည့်သတင်းသည် ယူကရိန်း ပြည်သူတို့နှင့် အိမ်နီးချင်းနိုင်ငံများအဖို့ မင်္ဂလာသတင်း ဖြစ်ကြောင်း သူကဆို ပါသည်။ သူက စာရွက်ဖြင့် ရေး သားထားခြင်းမဟုတ်သော လုံခြုံရေးအာမခံချက် အသစ်တခုကို တင်ပြသည်။ ဥပဒေဖြင့် ရေးဆွဲပြဋ္ဌာန်းထားသော အာမခံ ချက်များသည် အကောင်းဆုံးဖြစ်သော်လည်း ဤသို့အာဏာတည်ရေးသည် အလွန်ခက်ခဲသည်ဟု သူနားလည်ကြောင်း သူက နိဂုံးချုပ်အနေနှင့် ပြောသွားခဲ့သည်။

၇။(U) ဗင်တိုင်ပင်က အမေရိကန်ပြည်ထောင်စု၏ ဘူဒါပက် ကတိကဝတ်သည် သက်တမ်းရှိနေဆဲ ဖြစ်ကြောင်း၊ ဒီဇင်ဘာ လ စတတ်သဘောတူညီချက် စာချုပ် (START Treaty) ကုန်ဆုံးပျက်ပြယ်သွားသည်နှင့်အတူ လိုက်ပါပျက်ပြယ်သွားခြင်း မရှိကြောင်း ပြောသည်။ START Treaty ၏ နောက်ဆက်တွဲ သဘောတူစာချုပ်နှင့်ဆက်စပ်နေသော ဤအကြောင်း အရာနှင့် ပြဿနာများအကြောင်း နောက်ထပ်ဆွေးနွေးချက်များကို နောက်လာမည့် စာပိုဒ် (၅၃-၅၄) တို့တွင် ကြည့်ပါ။

စကဒ်ဒုံးကျည် ဖျက်သိမ်းရေး

၈။ (S) နီကိုနင်ကိုက စကဒ်ဒုံးကျည် အစီအစဉ်ကို တင်ပြခဲ့သည်။ ဤလုပ်ငန်းသည် ယူကရိန်း၏ ဦးစားပေးလုပ်ငန်း တရပ် ဖြစ်သည်ဟု ဆိုသည်။ ကာကွယ်ရေးဆိုင်ရာ စီးပွားရေးဝန်ကြီးဌာန၏ ဒု ညွှန်ကြားရေးမှူး ဆာဂီအီ နိုဗော့စ် ယိုလော့ဗ် (Sergiy Novosyolov) က ကျွန်ုပ်တို့သည် ပွဲဦးထွက်အဆင့် (၂ဝဝ၉ ဇူလိုင်လတွင်းက အမေရိကန်၏ စကဒ်ဒုံး ကျည်များနှင့် ဒုံးကျည်နှင့်ဆိုင်သော ပစ္စည်းကရိယာများ နေရာချထားပုံစာရင်း၊ နေရာအသီးသီး နှင့် ဆိုင်သော စာရွက် စာတမ်းများနှင့် ဖြည့်စွက်ချက်များ၊ စကဒ်ဒုံးကျည်နှင့် အခြားဒုံးကျည်များ ပစ်လွှတ်ရာ၌ သုံးသည့် မဲလင့် လောင်စာရည် အချို့ကို ဖျက်ဆီးပစ်ရန် အမေရိကန်၏ သဘောတူချက်) ကို အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ စကဒ်ဒုံးကျည်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဝန်ကြီးဌာနအားလုံးက အတည်ပြုပြီးဖြစ်ရာ ဝန်ကြီးအဖွဲ့သို့ တင်သွင်းထားကြောင်း၊ မကြာမီတွင် အဆင်သင့်ဖြစ်မည် ဖြစ်ကြောင်း ဆာဂီအီ နိုဗော့စ်ယိုလော့ဗ်က ဆက်လက်ရှင်းပြ ခဲ့သည်။ ထို့ပြင် ယူကရိန်း ကန်ထရိုက်လုပ်ငန်းရှင်လောင်းများ စာရင်းကို အမေရိကန်သံရုံးသို့ပို့ထားပြီးဖြစ်ကြောင်းနှင့် ယူကရိန်းအစိုးရ အနေနှင့်လည်း ကုန်ကျစားရိတ်များ၊ အချိန်ဇယားများ၊ လုပ်ငန်းပမာဏ၊ ဖျက်သိမ်းမည့်နေရာသို့ ဒုံးကျည် များကို သယ်ယူပို့ဆောင်ရေး ကိစ္စ တို့အပြင် စီမံချက်လုပ်ငန်းအကောင်အထည်ဖေါ်ရေးနှင့် ဆက်နွယ်နေသော နည်း ပညာနှင့် ထောက်ပံရေး ဆိုင်ရာကိစ္စများကိုပါ ဆွေးနွေးရန် အသင့်ဖြစ်နေကြောင်းကိုလည်း သူကပြောပြခဲ့သည်။

၉။(S) အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီမှ အလက်ဇန္ဒာ ဒေါ့ဆင်ကို (Alexander Dotsenko) က နားလည် မှု စာချွန်လွှာကို အတည်ပြုလက်မှတ်ထိုးရန် ကာကွယ်ရေးဝန်ကြီးအား အာဏာအပ်နှင်းခြင်းမပြုမီ ဝန်ကြီးအဖွဲ့ စဉ်းစားရမည့် ဥပဒေရေးရာ ကိစ္စရပ်များစွာရှိကြောင်းကိုလည်း ဖြည့်စွက်ပြောခဲ့သည်။ ကန်ထရိုက် လုပ်ငန်းရှင်များ ရွေးချယ်ရေးအတွက် အစီအစဉ်သတ်မှတ်ရေး၊ အခွန်လွတ်ငြိမ်းခွင့် ပေးခြင်းကိစ္စ၊ သတ်မှတ်အချိန်အတွင်း ကန်ထရိုက် သဘောတူချက်များနှင့်အညီ လုပ်ငန်းအားလုံးပြီးမြောက်ရေးအတွက် ကန်ထရိုက်လုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ဆောင် ချက်ကို စောင့်ကြည့်ရေးစနစ် အပါအဝင် ဖျက်သိမ်းရေးလုပ်ငန်း၏ အသေးစိတ်အချက် များကို ဆွေးနွေးမည့် ကျွမ်းကျင် ပညာရှင်များအစည်းအဝေး အစီအစဉ်တရပ်ကို ကျွန်ုပ်တို့ချမှတ်ပေးရမည် ဖြစ်ကြောင်းကိုလည်း သူကပြောခဲ့သည်။

၁ဝ။ (S) ဇွန်-ဇူလိုင် ၂ဝဝ၉၊ လုပ်ငန်းနေရာများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပြုစုရာ၌ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန၏ လိုလေသေးမရှိအောင် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကြောင်း ဗင်တိုင်ပင် က ထုတ်ဖေါ်ပြောကြားခဲ့သည်။ စီမံချက်လုပ်ငန်း၏ ဖျက်သိမ်းရေးအဆင့်သို့တက်လှမ်းရေးကို အမေရိကန်တို့က စိတ်ဝင် စားကြောင်း ဖေါ်ပြပြီးလျှင် နားလည်မှုစာချွန်လွှာကိုလည်း မကြာမီအတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ပြောခဲ့သည်။ နိုင်ငံတကာ ဆက်ဆံရေးနှင့် လုံခြုံရေးကွန်ရက်အဖွဲ့ (ISN) ၏ အဏုမြူ မပြန့်ပွားရေးနှင့် လက်နက်ဖျက် သိမ်းရေး ရန်ပုံငွေအဖွဲ့ Nonproliferation and Disarmament Fund (NDF) ရုံးမှ ပေါလ်ဗန်ဆန် (Paul Van-Son) က ယူကရိန်း တင်ပြသော နည်းပညာဆိုင်ရာဆွေးနွေးပွဲများကို မူအားဖြင့် သဘောတူကြောင်းဖော်ပြပြီး နားလည်မှု စာချွန် လွှာကို ပထမဦးစွာ လက်မှတ်ရေးထိုးရန်လိုကြောင်း အလေးတင်း ပြောကြားခဲ့သည်။ ထို့ပြင် နောက်ထပ် မဲလင့် လောင်စာများ ဖျက်သိမ်းရေးသည် ယူကရိန်းအတွက် အရေးပါပုံကို အမေရိကန်တို့က နားလည်ကြောင်း သို့ရာတွင် နောက်ထပ် မဲလင့်လောင်စာများ ဖျက်သိမ်းရေးတွင် အမေရိကန်၏ နောက်လာမည့်ခန်းကဏ္ဍတစုံတရာ အကြောင်းကို မဆွေးနွေးမီ ကျွန်ုပ်တို့အနေနှင့် စကဒ်ဒုံးကျည်များ၊ ၎င်းနှင့် ဆက်နွယ်နေသော ပစ္စည်းကိရိယာများနှင့် မဲလင့်လောင် စာများ ဖျက်သိမ်းခြင်းကို နားလည်မှုစာချွန်လွှာနှင့်အညီဖျက်သိမ်းရေးမှာ ဦးစွာ အလေးထားသင့်ကြောင်းကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။

မဲလင့်လောင်စာများ ဖျက်သိမ်းရေး


၁၁။ (S) ဒုံးကျည်လောင်စာ တန် (၁၆, ဝဝဝ) ကျော်အပြင် သိုလှောင်ကန်များ တဖြည်းဖြည်းယိုယွင်း ပျက်စီးလာနေခြင်းနှင့် ပတ်သက်၍ ယူကရိန်းမှာ မဲလင့်ပြဿနာ အကြီးအကျယ်ရှိနေကြောင်း နီကိုနင်ကိုက ပြောခဲ့သည်။ အမေရိကန်က စကဒ် ဒုံးကျည်ဖျက်သိမ်းရေးလုပ်ငန်း၏ တစိတ်တဒေသအဖြစ် တန် (၁, ၄၄ဝ) ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ကူညီပေးခဲ့ပြီး ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) ကလည်း တန် (၃, ဝဝဝ) ဖျက်သိမ်းပေးရန် စက်တင်ဘာ ၁၆ တွင် သဘောတူခဲ့သော်လည်း ယူကရိန်းတို့က ကျန်လောင်စာများ ဖယ်ရှားရှင်းလင်းရေးအတွက် အမေရိကန်၏ နောက်ထပ် အကူအညီကို စိတ်ဝင်စားကြသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုံးကျည်လောင်စာ ကျွမ်းကျင်သူ တဦးဖြစ်သူ အလက်ဇန္ဒာ နီလော့ဗ် (Alexander Nilov) က တန် (၃, ဝဝဝ) ကို ရထားဖြင့် ရုရှားသို့တင်ပို့မည်ဖြစ်ကြောင်း၊ ရုရှား၌ (OSCE) ငှားထားသော ရုရှားကန်ထရိုက် လုပ်ငန်းရှင်တဦးက လောင်စာများကို ဖျက်သိမ်းပေးမည် ဖြစ်ကြောင်း ရှင်းပြသည်။ ပထမအသုတ် မဲလင့်လောင်စာများတင်ထားသော ရထားသည် ယူကရိန်းမှ နိုဝင်ဘာ ၁ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး တနှစ်အတွင်း လုပ်ငန်းပြီးဆုံးမည်ဖြစ်ကြောင်း၊ စစ်သုံးပစ္စည်းကို ရုရှားသို့ ဤသို့တင်ပို့ခြင်းသည် ယူကရိန်း၏ ပို့ကုန် ထိန်းချုပ်ခြင်းဥပဒေနှင့် အညီဖြစ်ကြောင်းလည်း သူက ဆက်လက် ပြောကြားခဲ့သည်။

၁၂။ (S) စကဒ်ဒုံးကျည် လောင်စာဆီ တန် (၁, ၄၄ဝ) ကို ဖျက်သိမ်းရေးအတွက် ရာဒဲခစ် (Radekhiv) နယ်မြေရှိ ပိုလန် နယ်လှည့် စက်ရုံအသုံးပြုရေးနှင့်ပတ်သက်သော နည်းပညာ စွမ်းရည်၊ ကုန်ကျစားရိတ်တို့ကို အဏုမြူ မပြန့်ပွားရေး နှင့် လက်နက်ဖျက်သိမ်းရေး ရန်ပုံငွေအဖွဲ့ (NDF) ၏ ကန်ထရိုက် လုပ်ငန်းရှင်များက တွက်ချက်နေလျက်ရှိသည်ဟု ဗန် ဆန် (Van-Son) က ပြောပြခဲ့သည်။ စကဒ်ဒုံးကျည်နှင့်ပတ်သက်သော မဲလင့်လောင်စာများ ဖျက်သိမ်းရေး ဆွေးနွေးပွဲများ နောက်ထပ် မလုပ်မီ စကဒ်ဒုံးကျည်ဖျက်သိမ်းရေး နားလည်မှုစာချွန်လွှာကို အပြီးသတ်ရန်လိုကြောင်း သူက အလေးပေး ပြောကြားခဲ့သည်။ ယူကရိန်းရှိ မဲလင့်စီမံချက်လုပ်ငန်းတခုစီအတွက် နောက်ထပ်ငွေကြေး ထောက်ပံ့မှုများ အကြောင်း မစဉ်းစားမီ အမေရိကန်တို့အနေနှင့် ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) မှ မဲလင့် လောင်စာ ဖျက်သိမ်းရေး စီမံချက်လုပ်ငန်း၏ လုပ်ငန်းတိုးတက်မှုကို အကဲဖြတ်လိုသည် သာမက အဏုမြူ မပြန့်ပွားရေး နှင့် လက်နက်ဖျက်သိမ်းရေး ရန်ပုံငွေအဖွဲ့ (NDF) မှ စကဒ်ဒုံးကျည်ဆိုင်ရာ စီမံချက်လုပ်ငန်း၏ လုပ်ငန်း တိုးတက်မှုကိုပါ အကဲဖြတ်လိုကြောင်း သူက နိဂုံးချုပ် ပြောကြားခဲ့သည်။

၁၃။ (S) စကဒ်ဒုံးကျည်ဖျက်သိမ်းရေးလုပ်ငန်း၏ အစိတ်အပိုင်းအဖြစ် နောက်ထပ် မဲလင့်လောင်စာများ ဖျက်သိမ်းရေးကို စဉ်းစားပေးရန် အမေရိကန်အား ထပ်လောင်း မေတ္တာရပ်ခံလိုက်ပြီး ယူကရိန်းသည် ၁၉၉၈ တွင် သဘောတူခဲ့ သည့်အတိုင်း ဒုံးကျည်များ၊ ပစ္စည်းကိရိယာများနှင့်ပတ်သက်၍ ၂ဝဝ၅ နောက်ဆုံးထား၍ ဖျက်သိမ်းပေးရန် တာဝန်ကို ဆောင်ရွက်ပြီးခဲ့ကြောင်းပြောကြားခဲ့သည်။ (မှတ်ချက်- ယူကရိန်းမှာ လောလောဆယ်အားဖြင့် စကဒ်ဒုံးကျည် (၅၄) စင်းရှိနေပြီး ၁၉၉၈ တွင် ယူကရိန်းနှင့် အမေရိကန်တို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်က (၁၁၇) စင်း ရှိခဲ့ကြောင်း ဒေါ့ဆင်ကို (Dotsenko) က ဖေါ်ပြခဲ့သည်။ ၂ဝဝ၅ မတိုင်ခင် ကပင် ယူကရိန်းသည် ကိုယ်ပိုင်ရန်ပုံငွေဖြင့် စကဒ်ဒုံးကျည် ထက်ဝက်ကို ဖျက်သိမ်းခဲ့ကြောင်း၊ အမရိကန်အနေ နှင့် ၁၉၉၆ ဒုံးကျည်အရေအတွက်ပေါ်အခြေခံ၍ နောက်ထပ် မဲလင့်လောင်စာများဖျက်သိမ်းရေးကို စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။) ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) ၏ ဖျက်သိမ်းရေး လုပ်ငန်းအပြီးမှာပင် မဲလင့်လောင်စာ တန် (၁၃, ဝဝဝ) ကျန်နေဦးမည် ဖြစ်ကြောင်း ထောက်ပြပြီး အမေရိကန် အနေနှင့် နောက်ထပ် မဲလင့်လောင်စာ ဖျက်သိမ်းရေး ကိစ္စကို လာမည့်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းပေးပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။

(အက်စ် အက်စ်-၂၄) ဒုံးကျည်လောင်စာများ ဖယ်ထုတ်ရှင်းလင်းရေးနှင့် ပစ်စင်များ ဖျက်သိမ်းရေး

၁၄။ (S) ယူကရိန်း၏ ဘဏ္ဍာရေးအခက်အခဲကြောင့် အက်စ် အက်စ်-၂၄ ဒုံးကျည်လောင်စာများကို ပစ်စင်များထဲမှ ဖယ်ထုတ်ရှင်းလင်းရေးသည် အလွန် နှောင့်နှေးကြန့်ကြာနေပြီ ဖြစ်ကြောင်း နီကိုနင်ကိုက ပြောကြားခဲ့သည်။ ယူက ရိန်းသည် လောင်စာများကို ရှင်းလင်းရာ၌ "သေတ္တာနက်" (Black box) နည်းကို တလျှောက်လုံး သုံးလာခဲ့ကြောင်း၊ အမေရိကန်အနေနှင့်လည်း မည်သည့်နည်းကို ယူကရိန်းသုံးသည်ဖြစ်စေ၊ ပစ်စင်တခုစီအတွက် ရှင်းလင်းရေးကုန်ကျ စရိတ်ကို ထုတ်ပေးခဲ့ကြောင်း၊ ပြီးခဲ့သော အစည်းဝေးများမှာကဲ့သို့ပင် ယူကရိန်းက (အက်စ် အက်စ်၂၄) ဒုံးကျည် ရှင်းလင်းရေးအတွက် အမေရိကန်ထံမှ နောက်ထပ် အထောက်အပံ့တောင်းခဲ့ကြောင်း (ပတ်ဝန်းကျင်ဘေးကင်း စွာဖြင့် လောင်စာဆီ ရှင်းလင်းရေးတွင် ဒုံးကျည်ပစ်စင်တခုစီအတွက် ဒေါ်လာ ၂၅ဝ, ဝဝဝ နှင့် ဒုံးကျည်ဖျက်သိမ်းရေးတွင် တစင်းလျှင် ဒေါ်လာ ၁၅, ဝဝဝ နှုန်း ဖြစ်သည်) ပြောကြားခဲ့သည်။ ဤလုပ်ငန်းကို ဆောင်ရွက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ခြိမ်းခြောက်မှု လျှော့ပါးရေး လုပ်ငန်းအစီအစဉ် (Cooperative Threat Reduction program) အရ နောက်ထပ် အကူအညီပေးရန် အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ တောင်းခံသော စာအကြောင်းကို နီကိုနင်ကို က ဖေါ်ပြရှင်းလင်းခဲ့သည်။

၁၅။ (S) အနံ့အသက်ဆိုးများ ကာကွယ်ရေး ဗျူရို VCI Bureau ၏ START Treaty သဘောတူစာချုပ်ရုံးမှ နေးလ် ကို့ခ်ျ (Neil Couch) က အမေရိကန်သည် နန်း-လူဂါ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခြိမ်းခြောက်မှု လျော့ပါးရေး လုပ်ငန်းအစီအစဉ် (Nunn-Lugar Cooperative Threat Reduction program) ၏ အစိတ်အပိုင်းဖြစ်သည့် စီးပွားရေးအရလည်း တတ်နိုင်၊ နည်း ပညာအရလည်း စိတ်ချရသော ဒုံးကျည်သုံးလောင်စာများ ရှင်းလင်းဖယ်ရှားရေးနှင့် ပစ်စင်များဖျက်သိမ်းရေးကို အလေး အနက်ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂ဝဝ၉ ဒီဇင်ဘာလကုန်တွင် (START) သဘောတူ စာချုပ် ပြီးဆုံးသွားသည်ဖြစ်စေ၊ မပြီးဆုံးသေးသည်ဖြစ်စေ ကာကွယ်ရေးဌာနသည် (အက်စ် အက်စ် ၂၄) ဖျက်သိမ်းရေး အစီအစဉ်ကို အလေးအနက်ထားကြောင်း၊ သို့ရာတွင် အလားတူ ဒုံးကျည် စနစ်ဖျက်သိမ်းရေးအတွက် ရုရှားကိုပေးသော ရန်ပုံငွေထက် ပို၍ ယူကရိန်းကို ပေးမည် မဟုတ်ကြောင်းကိုလည်း သူက ဆက်လက်ပြောကြားသည်။

၁၆။ (S) ယူကရိန်း၏ အမျိုးသား အာကာသ အေဂျင်စီမှ ဆာဂေး ဘီရင် (Sergei Birin) က ယူကရိန်းသည် ဤလုပ်ငန်း ကို ဒုံးကျည်ပစ်စင် (၁ဝ) စင်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုံးကျည် (၁) စင်းကို ဖျက်သိမ်းရာ၌ ပစ်စင်ရှိရာ အဆောက်အဦး များ အသုံးစရိတ် ဒေါ်လာ (၁၅, ဝဝဝ) အပြင် လောင်စာများ ရှင်းထုတ်ရန် ဒေါ်လာ (၂၅ဝ, ဝဝဝ) လိုအပ်ကြောင်း၊ ယူကရိန်းအနေနှင့် ဤလုပ်ငန်းပြီးမြောက်ရန် နောက်ထပ် ဒေါ်လာ (၆) သန်း လိုအပ်ကြောင်းနှင့် ယူကရိန်း၏ တောင်းခံမှု နှင့် ပတ်သက်၍ အမေရိကန်၏ ပြန်ကြားချက်ကို စောင့်နေရှိကြောင်း ရှင်းပြခဲ့သည်။ ယူကရိန်းသည် ဒုံးကျည်လောင် စာ ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းကို အရှိန်တိုးမြှင့်ဆောင်ရွက်ရေး အတွက် ဒေါ်လာ သန်း (၅ဝ) လျာထားခဲ့ကြောင်း၊ သို့ရာ တွင် လုပ်ငန်း ဆက်လုပ်ရန်အတွက် ငွေကြေး မလုံလောက်သဖြင့် ပက်လိုရက် ဒုံးကျည်စခန်း (Pavlohrad missile facility) ၏ လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း သူက ဆက်ပြောပြခဲ့သည်။ နီကိုနင်ကိုက ရုရှား၏ ကုန်ကျစရိတ် သည် ယူကရိန်းထက် နည်းရခြင်းမှာ ပစ်စင်မှ လောင်စာများ ကို ရှင်းထုတ်ရာ၌ ပတ်ဝန်းကျင်အတွက် ဘေးကင်းသည်ဟု ယူကရိန်းအနေနှင့် မယူဆသော နည်းကို သုံးနေခြင်းကြောင့် ဖြစ်ကြောင်း၊ ယူကရိန်းသည် ဤနည်းကို မသုံးမပြုနိုင် ကြောင်း၊ အကြောင်းမှာ ယူကရိန်းသည် ဥရောပ၏ အလယ်ခေါင်မှာ ရှိနေပြီး ဤလုပ်ငန်းလုပ်နေသော ဒုံးကျည်စခန်း များကလည်း လူနေထူထပ်သော နေရာများနှင့် နီးနေသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖျက်သိမ်းရေး လုပ်ငန်း ကို ပတ်ဝန်းကျင်အဖို့ ဘေးကင်းသော နည်းလမ်းဖြင့် ဆောင်ရွက်ရမည်ဟု ၁၉၉၃ အမေရိကန်-ယူကရိန်းတို့၏ (CTR) သဘောတူချက်မှာ ဆိုထားကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

၁၇။ (S) ကို့ခ်ျ (Couch) က START သဘောတူစာချုပ်၏ နှစ်ဦးနှစ်ဖက် နာခံရေးနှင့် စစ်ဆေးရေးကော်မရှင် START Treaty Joint Compliance and Inspection Commission (JCIC) မှာ ဆွေးနွေးပွဲအများအပြားကို (၄) နှစ်ကြာ လုပ်ပြီး နောက်တွင် ယူကရိန်းက ဒုံးကျည်ပစ်စင်များတွင် (၈) စင်တီမီတာ အပေါက်များ ဖောက်ပေးရန်သဘောတူခဲ့ကြောင်း၊ ဤသို့ဖောက်ပေးရခြင်းသည် ၎င်းတို့ကို ပြန်မသုံးနိုင်စေရန် ဖြစ်ကြောင်း၊ သို့ရာတွင် လောင်စာများကို ရှင်းလင်းပြီး နောက် တွင် စီးပွားရေးအရ သုံးနိုင်ကြောင်း ပြန်ပြောင်း ပြောပြခဲ့သည်။ ယူကရိန်းအနေနှင့် ပစ်စင်များကို ဖိချေပြီး သို့မဟုတ် ထက်ပိုင်းချိုးပြီး ဖြစ်နေလောက်ပြီဖြစ်ကြောင်း သူက ဆက်ပြောခဲ့သည်။ ဘီရင်က ယူကရိန်းသည် မိမိ၏ ရှင်းလင်းရေး နည်းကို ပြုပြင်ပြီးနောက်တွင် အစမ်းသဘောဖြင့် ဒုံးကျည်ပစ်စင် (၁ဝ) ခုအနက် (၄) ခု၏ လောင်စာများကို ဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်း၊ ပထမဦးဆုံး ဒုံးကျည်ပစ်စင်၌ လောင်စာ အချို့ကျန်နေခဲ့သေးရာ ၎င်းတို့ကို မီးရှို့ပစ်ခဲ့ရကြောင်း၊ မီးရှို့လိုက် ခြင်းကြောင့် အပေါက်ကြီးများဖြစ် သွားခဲ့ရာ (JCIC) မှာသဘောတူခဲ့သည့်အတိုင်း သည့်ထက်ငယ်သော အပေါက်များ ဖောက်ပေးရန် မလိုတော့ကြောင်း၊ နောက် ဒုံးကျည်ပစ်စင်များကို ရှင်းထုတ်ရာ၌ လောင်စာဆီ အကျန်နည်းသွားကြောင်း၊ ထို့ကြောင့် လောင်စာဆီများ ရှင်းထုတ်ရေးနှင့်ပတ်သက်၍ ယူကရိန်းအနေနှင့် ထိရောက်သော နည်းလမ်းတခု တွေ့လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၁၈။ (S) ဗင်တိုင်ပင်က ယူကရိန်းသည် ဤသတင်းပတ်အတွင်းတွင် (အက်စ် အက်စ် ၂၄) ဖျက်သိမ်းရေးနှင့်ပတ်သက် ၍ (DTRA) နှင့် အသေးစိတ်ကျသော နည်းပညာဆိုင်ရာ ဆွေးနွေးမှုများလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိအနေနှင့် (DTRA) ဆီမှ အသေးစိတ် အစီရင်ခံချက်ယူနိုင်ရေးနှင့် သက်ဆိုင်သော အဆင့်သို့ ယူကရိန်း၏ သဘောထား များကို တင်ပြပေးမည် ဖြစ်ကြောင်း၊ ထိုအဆင့်က ယူကရိန်း၏ အကူအညီတောင်းခံမှု အသစ်များကို စဉ်းစားပေးလိမ့်မည် ဖြစ်ကြောင်းနှင့် ပြန်ကြားချက်ကို ယူကရိန်းဆီ ပို့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဏုမြူအန္တရာယ် လျော့ပါးရေးဌာန (NRRC)

၁၉။ (C) ကို့ခ်ျက အမေရိကန်နှင့် ယူကရိန်းတို့အကြားတွင် အဏုမြူအန္တရာယ် လျော့ပါးရေးဌာန (NRRC) နှင့် ပတ်သက်၍ အဆက်အသွယ် မလုပ်ခဲ့သည်မှာ သီတင်းပတ်များစွာ ကြာခဲ့ပြီဖြစ်ကြောင်း ပြောသည်။ အမေရိကန်က ဝါရှင်တန်နှင့် ကိယက်ဗ်တို့၏ ဆက်ဆံရေး ကောင်းမွန်နေဆဲဟု သတ်မှတ်ထားကြောင်း၊ သို့ရာတွင် ပြဿနာ ရှိနေသည်မှာ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ယူကရိန်း၏ မြေပြင်စခန်းတွင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နီကိုနင်ကို က အဆက် အသွယ် တိုးမြှင့်ရေးအတွက် အမေရိကန်၏ ကူညီမှုကို တန်ဖိုးထားပါကြောင်း၊ ယူကရိန်းဘက်ကလည်း ဤလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ယူကရိန်းအင်ဂျင်နီယာများက လက်ရှိပြဿနာနှင့် ပတ်သက်၍ ဆောင်ရွက်နေကြ ကြောင်းနှင့် မကြာမီ အဆက်အသွယ်ပြန်ရလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝပ်ဆင်နာအား အစီအစဉ် (Wassenaar Arrangement)

၂၀။ (C) နီကိုနင်ကိုက ယူကရိန်းသည် မိမိ၏ ပို့ကုန် စစ်ပစ္စည်းများ စာရင်းကို ထိန်းချုပ်ခြင်းဥပဒေနှင့် အညီ ပြန်လည် ပြင်ဆင်ထားကြောင်း၊ ထို့အပြင် ကိစ္စနှစ်မျိုးသုံး ပစ္စည်းများ၏ စာရင်းကိုလည်း ပြန်ပြင်ထားကြောင်း၊ ဤစာရင်းက အေဂျင်စီ ပေါင်းစုံ၏ အတည်ပြုချက်ကို စောင့်နေကြောင်း၊ တွင်ခုံနှင့် (ဝပ်ဆင်နာအား) သို့မဟုတ် MTCR lists စာရင်းမှာ မပါသော်လည်း EU lists စာရင်းမှာပါသော) သင်တန်း အပါအဝင် အခြားအမျိုးအမည်များ ထိန်းချုပ်မှုတိုးမြှင့်ရန် ယူကရိန်းက ဆောင်ရွက်လျက်ရှိကြောင်း၊ ယူကရိန်းသည် ပို့ကုန်များကို အတည်ပြုချက်ပေးရေး ကိစ္စတွင် အကောင်းဆုံးသော လမ်းညွှန်ချက်များကို ကျင့်သုံးနေကြောင်း ပြောကြားခဲ့သည်။ ဗင်ဒိုင်ပင်က ပို့ကုန် ထိန်းချုပ်ရေး အစီအစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖေါ်ရေးအတွက် အမျိုးသားဥပဒေ ပြဋ္ဌာန်းပေးရန် အရေးကြီး ကြောင်း ပြောခဲ့သည်။

ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ် Missile Technology Control Regime (MTCR)

၂၁။ (C) ယူကရိန်းအစိုးရ ပို့ကုန်ထိန်းချုပ်ရေးဌာနမှ တက်တယာနာ ဗစ်ဇီဂေါ့ဗ်စကာ (Tetyana Vidzigovska) က ၂ဝဝ၉ ကင်ဘာရာ စုံညီအစည်းအဝေးက သဘောတူခဲ့သော MTCR ၏ ထပ်တိုးကန့်သတ်ချက်များကို ယူကရိန်း က လိုက်နာခဲ့ကြောင်း၊ ယူကရိန်းအစိုးရသည် ဤထပ်တိုး ကန့်သတ်ချက်များကို ၂ဝဝ၉ စက်တင်ဘာ ၁၉ တွင် အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းအစိုးရသည် (MTCR) ၏ ထိန်းချုပ် မှုမရှိသော ပစ္စည်းအမျိုးအမည်များကို ဂရုတစိုက်လေ့လာနေကြောင်း၊ သင်တန်းနှင့် သိမ်မွေ့နက်နဲသော နည်းပညာ များအပေါ် ထိန်းချုပ်မှု တိုးမြှင့်ရန် စဉ်းစားလျက်ရှိကြောင်းနှင့် အီရန်သို့ တင်ပို့သော ပစ္စည်းများကို (MTCR) စာရင်း နှင့်အညီ ထိန်းချုပ်မှုကိုလည်း လုပ်နေကြောင်း သူမက ရှင်းပြခဲ့သည်။ ဗင်တိုင်ပင်က ယူကရိန်းတင်ပြသော နောက်ဆုံးပေါ် သတင်း အချက်အလက်များအတွက် ကျေးဇူးတင်ကြောင်းနှင့် အမေရိကန်ကလည်း (MTCR) ၏ ထပ်တိုး ကန့်သတ်ချက်များကို လိုက်နာရေးအတွက် အေဂျင်စီပေါင်းစုံထံမှ အတည်ပြုချက်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၂။ (S) ယူကရိန်း အမျိုးသား အာကာသ အေဂျင်စီမှ ဘိုးရစ် အက်တမာနင်ကို (Boris Atamanenko) က ယူကရိန်း သည် ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ် အဆင့် (၁) အကြောင်းအရာများကို အမေရိကန်၊ ရုရှား၊ ဂျာမနီ နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့၊ အဆင့် (၂) အကြောင်းအရာများကို အမေရိကန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများသို့ အရင်နှစ်အတွင်းက ပို့ပေးခဲ့ကြောင်း၊ ယူကရိန်းသည် ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ် (MTCR) သို့ပေးထားသော မိမိ၏ ကတိကဝတ်များနှင့်အညီ ဆော်ဒီအာရေဗျ နိုင်ငံသို့ အဆင့် (၁) အကြောင်းအရာများ ပို့ပေးရန်ကြံရွယ်ခဲ့ကြောင်းကို (MTCR) မိတ်ဖက်အဖွဲ့ဝင်များကို ၂ဝဝ၉ ဧပြီတွင် အသိပေး (POC Document 86) ခဲ့ရာ မည်သည့် အဖွဲ့ဝင်နိုင်ငံများကမျှ ကန့်ကွက်ခြင်း သို့မဟုတ် နောက်ထပ် သတင်းအချက်အလက်များကို တရားဝင်တောင်းခြင်းမရှိကြောင်း ဖေါ်ပြခဲ့သည်။ ဗင်တိုင်ပင်က ဆော်ဒီ အာရေဗျနိုင်ငံသို့ ယူကရိန်းက အဆင့် (၁) အကြောင်းအရာများကို အမှန်တကယ်ပင် ပို့ပေးခဲ့ကြောင်း အတည်ပြုရန် ကြိုးစားခဲ့သည်။ ပို့ပေးရန် ရည်ရွယ်ချက်ကို အသိပေးခြင်းမရှိကြောင်း၊ သို့ရာတွင် အလက်ဇန္ဒာအက်တမာနင်ကို၏ တုံ့ပြန်မှုကြောင့် ဤနေရာတွင် ရှုပ်ထွေးမှုဖြစ်ပွားခဲ့ကြောင်း ပြောခဲ့သည်။

၂၃။ (S) ဗင်တိုင်ပင်က (MTCR) အဆင့် (၁) အကြောင်းအရာများကို ဆော်ဒီအာရေဗျသို့ ပို့ပေးသည်ဟူသော ဤ မလို လားအပ်သော သတင်းကြောင့် အမေရိကန်အနေနှင့် များစွာစိတ်ပျက်မိကြောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုလျှင် (MTCR) အဆင့် (၁) အကြောင်းအရာများကို ပို့ပေးခြင်းသည် ဖျက်အားပြင်းလက်နက်များ ပို့ပေးသည့် အဖြစ်သို့ ရောက်နိုင်ကြောင်း၊ (MTCR) ၏ လမ်းညွှန်ချက်များ၌ ဤကဲ့သို့သော ပို့ပေးမှုမျိုးကို ရှားရှားပါးပါးသာ လုပ်ရမည်ဟု အတိအကျဖော်ပြထားကြောင်း ပြောခဲ့သည်။ (MTCR)၏ အဓိက ရည်ရွယ်ချက်မှာ (MTCR) အဆင့် (၁) အကြောင်းအရာများကို (MTCR) အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသို့ ပို့ပေးခြင်းမပြုအောင် တားမြစ်ရန် ကြောင်းပြောကြားခဲ့သည်။ ဗင်တိုင်ပင်က ဆက်လက်၍ ယူကရိန်းသည် အိန္ဒိယနိုင်ငံသို့ (MTCR) အဆင့် (၁) ကို ပို့ပေးကြောင်း အဖွဲ့ဝင်နိုင်ငံများကို အသိပေးခဲ့ရာ အမေရိကန်က ကန့်ကွက်ခဲ့ကြောင်း၊ သို့ရာတွင် ယူကရိန်းက ပို့ပေးပြီးဖြစ်နေကြောင်း၊ (MTCR) ၏ အခြား အဖွဲ့ဝင်တဦး ကန့်ကွက်နေသည့် ကြားက ပို့ပေးဖြစ်အောင် ပို့ပေးသော ကိစ္စတွင် အိန္ဒိယသို့ပို့ပေးခြင်းသည် ပထမဦးဆုံး ကိစ္စ ဖြစ်ကြောင်း၊ ယူကရိန်းက ဆော်ဒီအာရေဗျသို့ အဆင့် (၁) အကြောင်းအရာများကို ပို့ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပွား သော ကိစ္စဖြစ်ကြောင်း ဗင်တိုင်ပင်က ပြောကြားခဲ့သည်။ ဤသို့ပို့ပေးခြင်းကို အမေရိကန်အနေနှင့် ကန့်ကွက်ကြောင်း၊ အကြောင်းမှာ အဖွဲ့ဝင်တဦး အနေနှင့် ကျွန်ုပ်တို့မှာ ကန့်ကွက်ခွင့်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အမှန်တကယ် မည်သို့စဉ်းစား မိ၍ ဆော်ဒီအာရေဗျသို့ ပို့ပေးသနည်း၊ သို့မဟုတ် မည်သည့်အကြောင်းအရာများကို ပို့ပေးသနည်း ဆိုသည်တို့ကို မိမိမသိရသေးခင်မှာ မိမိ အနေနှင့် နောက်ထပ် ထင်မြင်ချက် ပေးမည်မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

၂၄။ (S) ဗင်တိုင်ပင်က ယခုပြောနေခြင်းသည် ဆော်ဒီအာရေဗျသို့ အဆင့် (၁) ကို ပို့ပေးခြင်းကိစ္စနှင့်ပတ်သက်၍ သတင်း အချက်အလက်များကို တရားဝင် တောင်းနေခြင်းဖြစ်သည်ဟု ယူကရိန်းအနေနှင့် မှတ်စေလိုကြောင်း၊ နိုဝင်ဘာတွင် ကျင်းပမည့် (MTCR) ၏ရိုင်ယို ဒီဂျနဲရိုး စုံညီအစည်းအဝေးမတိုင်မီမှာ ကြိုတင်၍ ဤသတင်း အချက်များ အမေရိကန်ကို ပေးရန်လည်း မေတ္တာရပ်ခံကြောင်း၊ သို့မှသာ စုံညီအစည်းအဝေးမှာ ဆော်ဒီ ကိစ္စကို နှစ်ဦးနှစ်ဖက် ဆွေး နွေးနိုင်ကြမည့်အပြင် (MTCR) အဆင့် (၁) ပို့ပေးခြင်းကိစ္စနှင့်ပတ်သက်၍လည်း အများ သဘောထားကို ဆွေးနွေး နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ပို့ပြီးခဲ့ခြင်း ရှိ- မရှိ ရှုပ်ထွေး နေသဖြင့် ယူကရိန်းအနေနှင့် ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဆက်လက်ရှင်းပြပေးရန် ဗင်တိုင်ပင်က မေတ္တာရပ်ခံခဲ့သည်။

၂၅။ (C) ဒုတိယနေ့တွင် အက်တမာနင်ကိုက (MTCR) အဆင့် (၁) အကြောင်းအရာများကို ဆော်ဒီအာရေဗျသို့ မပို့ ပေးရသေးကြောင်း၊ သို့ရာတွင် ပို့ပေးမည့် စီမံချက်လုပ်ငန်းကို စနေပြီဖြစ်ကြောင်း၊ ဒုံးကျည်ပြဿနာများကို ပေါ်ပေါက် စေမည့် မည်သည့်နည်းပညာပို့ပေးမှုကိုမှ ယူကရိန်းက လုပ်မည်မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ ထို့ပြင် ဧပြီလ ပါရီမြို့ (MTCR RPOC) အစည်းအဝေး၌ အမေရိကန် (ISN ဒါရိုက်တာ ဒါဟမ် Durham) နှင့် ယူကေတို့က ယူကရိန်းအစိုးရ ကိုယ်စားလှယ်များထံ ချဉ်းကပ်ပြီး ရောင်းချမှုနှင့်ပတ်သက်သော သတင်းအချက်အလက်များကို တောင်းခံခဲ့ကြောင်း၊ သို့ရာတွင် ရောင်းချမည့်ကိစ္စနှင့်ပတ်သက်၍ ပြဿနာရှိသည်ဟု မပြောခဲ့ကြောင်း၊ ဤသတင်း အချက်အလက်များနှင့်ပတ် သက်၍ အမေရိကန်ထံမှသော်လည်းကောင်း၊ ယူကေထံမှသော်လည်းကောင်း တရားဝင်တောင်းခံစာများကို ယူကရိန်း မရရှိခဲ့ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ထို့နောက် ဗင်တိုင်ပင်က (MTCR) စုံညီအစည်းအဝေးမှာ ဤကိစ္စကို ကောင်းစွာ ဆွေးနွေးနိုင်ရေးအတွက် ပို့ပေးရန်ပြင်နေသော ပစ္စည်းကရိယာ ၊ နည်းပညာများနှင့် ပတ်သက်သော သတင်းအချက် အလက်များကို 'တရားဝင်' မေတ္တာရပ်ခံ တောင်းဆိုပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။(ကိယက်ဗ် သံရုံးကလည်း နောက်ပိုင်းမှာ စာအားဖြင့် တရားဝင် မေတ္တာရပ်ခံတောင်းဆိုခဲ့သည့်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးနိုင် ရေး အတွက်လည်း မေတ္တာရပ်ခံခဲ့သည်။

လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် Arms Trade Treaty (ATT)

၂၆။ (S) နီကိုနင်ကိုက ယူကရိန်းသည် လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် (ATT) ၏ ၂ဝဝ၉ အလုပ်အဖွဲ့ ဆွေးနွေးပွဲများမှာ ပါခဲ့ကြောင်း၊ ၂ဝ၁ဝ ဖေဖေါ်ဝါရီလ ဆွေးနွေးပွဲများကို စောင့်မျှော်လျှက်ရှိကြောင်း၊ ယူကရိန်းသည် မိမိကိုယ်မိမိ ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်းများ တရားဝင်ထုတ်လုပ်မှုကို သဘောတူစာချုပ်က မထိခိုက်စေသရွေ့ ကာလပတ်လုံး ၎င်း၏ တိုးတက်မှုကို အားပေးသွားမည်ဖြစ်ကြောင်း၊ ပို့ကုန်ထိန်းချုပ်ရေး အစီအစဉ် များ၏ ပြင်ပရှိနိုင်ငံများကို (ATT) က ဆွဲဆောင်နိုင်လိမ့်မည်ဟု ယူကရိန်းက ယုံကြည်ကြောင်း၊ ရုရှားက ယူကရိန်း၏ သဘောထားနှင့်ပတ်သက်၍ သဘောမတူခဲ့ကြောင်း၊ သို့ဖြစ်၍ ရုရှားနှင့်ပြေလည်မှုရရေးအတွက် အများသဘောတူသော နည်းနာတရပ်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်၊ ရုရှား၊ တရုတ်နိုင်ငံတို့ မပါဘဲ ချမှတ်သော မည်သည့်စာချုပ်မဆို အင်အားနည်းနေမည် ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့သည်။

၂၇။ (S) ဗင်တိုင်ပင်က အမေရိကန်ပြည်ထောင်စုသည် လက်နက်တင်ပို့မှုနှင့်ပတ်သက်၍ တရားမဝင် လက်နက်ရောင်းဝယ်မှု လျှော့ချရေး၊ နိုင်ငံအားလုံးမှာ အမြင့်ဆုံးစံချိန်ကို လိုက်မီသည့် အမျိုးသားရေးစနစ်များနှင့် ပြည်တွင်းထိန်းချုပ်မှုရှိရေး တာဝန်ကြီးများကိုအားပေးကြောင်း၊ ဤရည်မှန်းချက်များသို့ ရှေ့ရှုဆောင်ရွက်ရာ၌ ကျွန်ုပ်တို့သည် သမားရိုးကျ လက်နက်များ တင်ပို့ခြင်းနှင့် ပတ်သက်သော စံချိန်များ လျှော့ချခြင်းကို ဆက်လက်ဆန့်ကျင်သွားမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းမှာ လက်နက်ငယ်များ ပိုင်ဆိုင်ထားမှုကို ထိခိုက်မှုမရှိအောင် ဆက်လက်အာမခံချက်ပေးသွား မည်ဖြစ်ကြောင်း၊ ထို့နောက် ဆက်လက်၍ ဤရည်မှန်းချက်များ အထမြောက်ရေးအတွက် (ATT) နှင့်ဆိုင်သော လုပ်ငန်းများကို အများသဘောတူညီမှု အခြေခံပေါ်မှာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယူကေ အနေနှင့် အများသဘောတူ ဆုံးဖြတ်ချက်ချခြင်းကို လက်ခံသည့် အနေအထားသို့ ပြန်ရောက်ရန် လိုကြောင်း၊ ယူကေ သည် ကုလသမဂ္ဂ ပထမကော်မီတီ အစည်းအဝေး ကျင်းပနေချိန်မှာ ဆုံးဖြတ်ချက်ချစရာ ကိစ္စတခုကို တင်သွင်းရန် စီစဉ်ခဲ့ကြောင်း၊ ဆုံးဖြတ်ချက်တရပ် ကျလာရေးတွင် အများသဘောတူ ဆုံးဖြတ်ရန် မရှိမဖြစ်လိုအပ်ကြောင်း ပြသနိုင်ရန်အတွက် အမေရိကန်အနေနှင့် ယူကရိန်း၏ အကူ အညီကို လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ နီကိုနင် ကိုက လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် (ATT) တရပ် ဖြစ်ပေါ်လာရေးနှင့်ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်းပြောကြားပြီး၊ တိုင်းပြည် နှစ်ခု တို့သည် (ရုရှား၊ တရုတ်တို့နှင့် အတူ) ဘုံမဟာဗျူဟာတရပ် ချမှတ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လက်နက်တင်ပို့မှုများ

၂၈။ (S) ဗင်တိုင်ပင်က အမေရိကန်အနေနှင့် ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဆွေးနွေးလိုသော ကိစ္စနှစ်ခုရှိကြောင်း၊ ၎င်းတို့မှာ (၁) မြန်မာနိုင်ငံနှင့် တောင်ပိုင်းဆူဒန်သို့ လက်နက်များတင်ပို့ရာ၌ ယူကရိန်းအစိုးရ၏ ရည်ရွယ်ချက်ရှိရှိ ပါဝင်ခဲ့ခြင်းနှင့် ဤသို့ ပါဝင်ခြင်းသည် အမေရိကန်နှင့် ဖီလာဖြစ်နေကြောင်း။

(၂) ယူကရိန်းအစိုးရက ခွင့်ပြုခြင်းမရှိဟု ယူဆရသော ယူကရိန်းနိုင်ငံသားများ၏ လက်နက်တင်ပို့မှုတို့ဖြစ်ကြောင်း၊ ဒုတိယ တင်ပို့မှုဖြစ်သော တရားမဝင်တင်ပို့မှု ကို ရပ်တန့်စေရေးအတွက် အမေရိကန်က ယူကရိန်းနှင့် ပူးပေါင်းဆောင်ရွက်လို ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ

၂၉။ (S) နီကိုနင်ကိုက ယူကရိန်းသည် အမေရိကန်၏ သတိပေးချက်ကို လက်ခံရရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသို့ လက်နက် တင်ပို့ခြင်း မရှိတော့ကြောင်း၊ ယူကရိန်းသည် လက်ရှိ သဘောတူစာချုပ်များကို အပြီးသတ်လက်မှတ်ရေးထိုးပြီးရုံသာရှိ သေးကြောင်း၊ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ၂ဝဝ၅ က စ၍ လျှော့ချလာခဲ့ကြောင်း၊ အမေရိကန်၏ သတိပေးခဲ့မှုများကြောင့် မြန်မာနိုင်ငံသို့ ယူကရိန်း၏ လက်နက်တင်ပို့မှုသည် 'လုံးဝမရှိ သလောက်' ဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့ သော (၂) နှစ်ခွဲအတွင်း မြန်မာနိုင်ငံနှင့် စာချုပ်သစ်များ မချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိ တင်ပို့သော ပစ္စည်းများ သည် အပိုပစ္စည်းများသာဖြစ်ကြောင်း၊ ကြွင်းကျန်နေသော လုပ်ငန်းသည် အလွန်သေးလွန်းလှသဖြင့် သက်ဆိုင်ရာ ကုမ္ပဏီက အလုပ်သမားအားလုံးကို မြန်မာနိုင်ငံမှ ပြန်ခေါ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၃ဝ။ (S) ISN/CATR ၏ လက်ထောက်ညွှန်ကြားရေးမှူး ဘရိုင်ယန် ဘက်ခ်မင်း (Brian Bachman) က သတင်းအချက် အလက်များအတွက် နီကိုနင်ကို ကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခြင်းအတွက် အမေရိကန်က စိတ်ပူနေခဲ့ကြောင်း၊ သို့ရာတွင် ယူကရိန်းက ယခု အပိုပစ္စည်းအနည်းအကျဉ်းမျှသာ တင်ပို့လျက်ရှိပြီး အင်္ဂါစုံ လက်နက် များ တင်ပို့ခြင်းမရှိတော့သည်ကို အစီရင်ခံချက်များအရ သိခဲ့ရသည်ကို ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။

တောင်ပိုင်းဆူဒန်

၃၁။ (S) ဇွန်လ နှောင်းပိုင်း သို့မဟုတ် ဇူလိုင်လဆန်းပိုင်းမှာ ကင်ညာသို့ပို့ရန်စီစဉ်ထားသော (တီ ၇၂) တင့်ကားများ၊ (BM-1 GRAD ) သံချပ်ကာယာဉ်များ၊ လက်နက်ငယ်များနှင့် အခြားစစ်သုံး ကိရိယာများကို ကင်ညာ ကာကွယ်ရေး ဝန်ကြီးဌာနက တောင်ပိုင်း ဆူဒန်အတွက် ဝယ်နေခြင်းဖြစ်ကြောင်း ၂ဝဝ၈ ဇူလိုင်တွင် အမေရိကန်က ယူကရိန်းကို သတိပေးသောအခါ ယူကရိန်းက လက်နက်များသည် ကင်ညာအစိုးရအတွက် ဖြစ်သည်ဟု အမေရိကန်ကို အာမခံ ခဲ့ကြောင်း၊ ကင်ညာအစိုးရထံမှ နောက်ဆုံးအသုံးပြုမည့်သူ လက်မှတ်နှင့် အစောပိုင်း တင်ပို့ခဲ့သော တင့်ကားများ အတွက် လက်ခံဖြတ်ပိုင်းများကို အမေရိကန်ကို ပြခဲ့သည့်အကြောင်း ဗင်တိုင်ပင်က ပြန်ပြောင်းပြောပြခဲ့သည်။ ကျွန်ုပ်တို့ဆွေးနွေးပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံမှ နောက်ထပ် စစ်လက်နက်များ တင်ဆောင်လာသော (M/V Faina) သင်္ဘော ပြန်ပေးဆွဲခံရပြီး တင်လာသော ပစ္စည်းများသည် တောင်ပိုင်းဆူဒန်သို့လည်း ရည်ရွယ်သည်ဟု ပေါ်လာခဲ့ကြောင်း ဗင်တိုင်ပင်က ပြောပြကာ ယူကရိန်းအစိုးရအနေနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ခဲ့ခြင်း ရှိ-မရှိ မေးခဲ့သည်။

၃၂။ (S) ယူကရိန်းနိုင်ငံ၏ ပို့ကုန် ထိန်းချုပ်ရေးဌာနမှ ဗယ်လာရီ လိုင်ဆင်ကို (Valeriy Lysenko) က (တီ ၇၂) တင့်ကား များသည် ကင်ညာနိုင်ငံအတွက် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ယူကရိန်းသည် မည်သည့် စစ်လက်နက်ပစ္စည်းမှ တောင်ပိုင်း ဆူဒန်သို့ မတင်ပို့ခဲ့ကြောင်း၊ ယူကရိန်း၏ ကန်ထရိုက်စာချုပ်အားလုံးကို စစ်ဆေးခဲ့ကြောင်း ပြောကြားသည်။

၃၃။ (S) ဗင်တိုင်ပင်က တောင်ပိုင်းဆူဒန်အစိုးရ အမည်ကို ရှင်းရှင်းလင်းလင်းရေးမှတ်ထားသော ကန်ထရိုက်စာချုပ်ကို ယူကရိန်းဘက်သို့ ပေးလိုက်ပြီးနောက် တင်ပို့သော ပစ္စည်းများသည် ကင်ညာနိုင်ငံအတွက်ဖြစ်သည်ဟု ယူကရိန်း အစိုးရ အနေနှင့် ပြောဦးမည်လားဟု မေးခဲ့သည်။ ဤကိစ္စနှင့်သက်ဆိုင်သော လိုင်ဆင်ကို (Lysenko) က ကန်ထရိုက်စာချုပ် သည် စစ်မှန်မှု ရှိပါသလားဟု မေးခွန်းထုတ်လိုက်ပြီးနောက် အမေရိကန်မှာ သည့်ထက်ခိုင်လုံသော အထောက်အထားရှိပါ သလားဟုလည်း မေးခဲ့သည်။ ဗင်တိုင်ပင်က ယူကရိန်းအစိုးရက မိမိကို ဤသို့ နောက်ထပ်အထောက်အထားပြခိုင်း သည်ကို ဝမ်းနည်းကြောင်းပြောကြားရင်း (တီ ၇၂) တင့်ကားများ ကင်ညာ နိုင်ငံမှာ မြေပြင်သို့ ချနေပုံ၊ ထိုနေရာမှ နေ၍ အခြားနေရာသို့ပို့ရန် မီးရထားပေါ်တင်နေပုံ၊ နောက်ဆုံး၌ တောင်ပိုင်း ဆူဒန်နိုင်ငံမှာ ချနေပုံ ကြည်လင်ပြတ်သား သော ဂြိုဟ်တုဓာတ်ပုံများ ယူကရိန်းများကို ပြသခဲ့သည်။ ဤတွင် ယူကရိန်းဘက်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

၃၄။ (S) ဗင်တိုင်ပင်က နှစ်ဖက်စလုံးမှာ မိမိတို့၏ အချုပ်အချာအာဏာဆိုင်ရာ အခွင့်အရေးအရ မတူခြားနားသော ပို့ကုန် ထိန်းချုပ်ရေး မူဝါဒများ ရှိထားနိုင်သည်ဟု မိမိအသိအမှတ် ပြုပါကြောင်း၊ သို့ရာတွင် အမှန်အတိုင်း မပြောခြင်းသည် မိမိ၏ မဟာဗျူဟာ အပေါင်းအဖော်တဦးထံမှ အမေရိကန်ပြည်ထောင်စုအနေနှင့် မျှော်လင့်မထားခဲ့သော ကိစ္စဖြစ်ကြောင်း၊ မုသား ပြောခြင်းမှနေ၍ ယူကရိန်းအနေနှင့် ဘာတခုမျှ ရနိုင်စရာမရှိဘဲ ဆုံးရှုံးမှုသာ များလိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။ တောင်ပိုင်းဆူဒန်သည် အမေရိကန်၏ အကြမ်းဖက်ဝါဒီများ စာရင်းဝင်ဖြစ်ရာ အမေရိကန်အနေနှင့် တင်ပို့သောနိုင်ငံအပေါ် ဒဏ်ခတ်မှု ချမှတ်မည်၊ မချမှတ်မည်ကို စဉ်စားစရာရှိကြောင်း၊ အမေရိကန်တို့ စဉ်းစားချင့်ချိန်နေသော အချက်တချက်က ယူကရိန်းအစိုးရ မှန်ကန်မှု ရှိ-မရှိဟူသော အချက်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၃၅။ (S) လိုင်ဆင်ကိုက ယူကရိန်းအနေနှင့် အမေရိကန်၏ သတင်းအချက်အလက်များကို လေ့လာမည်၊ ယူကရိန်းမှာ ကင်ညာနှင့်သာ အဆက်အဆံရှိပြီး တောင်ပိုင်းဆူဒန်နှင့် အဆက်အဆံမရှိဟု ပြတ်ပြတ်သားသား ပြောပြီးနောက် တတိယနိုင်ငံ တနိုင်ငံ၏ လုပ်ရပ်နှင့်ပတ်သက်၍ ယူကရိန်းမှာ တာဝန်ရှိသည်ဟု ဆွဲထည့်၍မရကြောင်း၊ ဤ ကိစ္စသည် အမေရိကန်နှင့် ယူကရိန်းတို့ ဖြေရှင်းစရာ ဘုံပြဿနာတခုဖြစ်ကြောင်း ပြောခဲ့သည်။ မည်သို့ဖြစ်ပွားခဲ့သည်ကို ရှာဖွေဖေါ်ထုတ်ရာ၌ ယူကရိန်းထောက်လှမ်းရေးအဖွဲ့များ ပါဝင်ရန် လိုကောင်းလိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းအနေနှင့် အပေါင်းအဖော် ဆက်ဆံရေးရှိသည်နှင့်အညီ ဤကိစ္စကို စုံစမ်းလေ့လာမည် ဖြစ်ကြောင်း၊ သို့မှသာ အမေရိကန်အနေနှင့် ယူကရိန်းသည် ယုံကြည်စိတ်ချရသော အပေါင်းအဖော်တဦးဖြစ်သည်ကို သိသွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်၏ ပဲ့ထိန်း ဒုံးကျည်များ (Ballistic Missiles) အတွက် တင်ပို့သော ယူကရိန်း၏ သတ္တုထည် အထူးပစ္စည်းများ

၃၆။ ဗင်တိုင်ပင်က XXXXX အပါအဝင် ယူကရိန်းနိုင်ငံသားများက ယူကရိန်း၏ ပို့ကုန် ထိန်းချုပ်ရေးမူဝါဒနှင့် ဖီလာပြုကာ ပစ်လွှတ်လောင်စာရည်သုံး ဒုံးကျည်စနစ်များမှာ အသုံးပြုသည့် ဘောဘယ်ယာရင်ကဲ့သို့သော သတ္တုထည် အထူးပစ္စည်း များနှင့် အခြားအရေးကြီး ပစ္စည်းများကို အီရန်၏ ပဲ့ထိန်းဒုံးကျည် (Ballistic Missiles) အစီအစဉ်အတွက် ဖြည့်တင်းပေး နေကြောင်း၊ ဤလုပ်ရပ်များသည် ယူကရိန်းအစိုးရ မသိဘဲ ဖြစ်ပွားနေခြင်း ဖြစ်နိုင်ကြောင်း၊ ယူကရိန်းထုတ်လုပ်သူများထံမှ ဝယ်ယူရရှိနိုင်သော သံမဏိပစ္စည်းများ၏ အရည်အသွေး မြင့်မားနေမှုကြောင့် အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်သည် XXXXX အပါအဝင် ယူကရိန်းနိုင်ငံသားများထံမှ ပစ္စည်းများကို ဆက်လက် ဝယ်ယူနေသည်ကို အမေရိကန်အနေနှင့် အလွန်ရတက်မအေး ဖြစ်နေရကြောင်း ပြောခဲ့သည်။ ထို့နောက် ဆက်လက်၍ ဗင်တိုင်ပင်က ဤကဲ့သို့သော သံမဏိပစ္စည်း များကို အီရန်အနေနှင့် ပြည်တွင်းမှာ ထုတ် လုပ်ရန် နှစ်ပေါင်းများစွာကပင် အခက်အခဲတွေ့နေခဲ့ကြောင်း ပြောကြားပြီး နောက် ဗင်တိုင်ဗင်က အောက်ပါအချက် အလက်များကို စာရွက်စာတမ်းမဟုတ်သော နည်းဖြင့်ပြသခဲ့သည်။

-- ယူကရိန်းကုမ္ပဏီများက အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်သို့ အရေးကြီးပစ္စည်းများကို ရောင်းခဲ့ကြောင်း အမေရိကန် နှင့် ယူကရိန်းတို့ ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း။

-- ပစ်လွှတ်လောင်စာရည်သုံး ဒုံးကျည်စနစ်များမှာ အသုံးပြုသည့် ဘောဘယ်ယာရင်ကဲ့သို့သော သတ္တုထည် အထူးပစ္စည်း များနှင့် အခြားအရေးကြီး ပစ္စည်းများကို အီရန်၏ ပဲ့ထိန်း ဒုံးကျည် အစီအစဉ်အတွက် XXXXXXX အပါအဝင် ယူကရိန်း နိုင်ငံသားများက ဖြည့်တင်းပေးနေသည့် ကိစ္စကို အထူးသဖြင့် ၂ဝဝ၂ နှင့် ၂ဝဝ၇ ခုနှစ်များအတွင်း ကျွန်ုပ်တို့က တင်ပြခဲ့ကြောင်း။

-- ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ်(MTCR) အရ ထိန်းချုပ်ထားသော ပစ္စည်းများကို အီရန်သို့ တင်ပို့မှု အတွက် XXXXXXX အပေါ် အမေရိကန်ပြည်ထောင်စုက ၂ဝဝ၄ စက်တင်ဘာတွင် ဒဏ်ခတ်မှု ချမှတ်ခဲ့ကြောင်း။

-- အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်အတွက် (MTCR) အရထိန်းချုပ်ထားသော (Scud) နှင့် (NoDong) ပစ်လွှတ် လောင်စာသုံးစည်များ ထုတ်လုပ်ရာမှာ အသုံးပြုသော (08X22HGT titanium stabilized duplex stainless steel) နှင့် (MTCR) ၏ထိန်းချုပ်မှုမရှိသော်လည်း (Scud) အင်ဂျင် အစိတ်အပိုင်းများ ထုတ်လုပ်ရာမှာ အသုံးပြုသော သံမဏိအမျိုး အစားတမျိုး ဖြစ်သည့် (CR18NI10TI) အပါအဝင် နောက်ထပ် ပစ္စည်းများကို XXXXXX က ဆက်လက်ပေးသွင်းနေ သည်ကို ကျွန်ုပ်တို့က ၂ဝဝ၆ မေလတွင် သင်တို့ကို အသိပေးခဲ့ကြောင်း။

-- ယူကရိန်းထုတ်လုပ်သူများထံမှ ဝယ်ယူရရှိနိုင်သော သံမဏိပစ္စည်းများ၏ အရည်အသွေး မြင့်မားနေမှု ကြောင့် အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်သည် XXXXX အပါအဝင် ယူကရိန်းနိုင်ငံသားများထံမှ ပစ္စည်းများကို ဆက်လက် ဝယ်ယူနေ သည်ကို အမေရိကန်အနေနှင့် အလွန်ရတက်မအေး ဖြစ်နေရကြောင်း။

-- ဤကဲ့သို့သော သံမဏိပစ္စည်းများကို အီရန်အနေနှင့် ပြည်တွင်းမှာ ထုတ်လုပ်ရန် နှစ်ပေါင်းများစွာကပင် အခက်အခဲတွေ့ နေခဲ့ကြောင်း။ အီရန် ဒုံးကျည်အစီအစဉ်၏ အသက်ရှူပေါက်သည် AISI 4340 နှင့် AISI 4130 steels သံမဏိပစ္စည်းများ ကဲ့သို့သော ခေတ်မီပစ္စည်းများ ရရှိနိုင်ရေးပင် ဖြစ်ကြောင်း သိသာစေသည့် သတင်းအချက်အလက်များကို ၂ဝဝ၆ နှောင်းပိုင်းတွင် ကျွန်ုပ်တို့က (MTCR) လုပ်ဖေါ်ကိုင်ဘက်များကို ပေးခဲ့သည်ကို မှတ်မိနေလိမ့်ဦးမည် ဖြစ်ကြောင်း။

-- အီရန်၏ လောင်စာအခဲသုံး ပဲ့ထိန်း ဒုံးကျည် အစီအစဉ်က ဒုံးကျည်ပစ်စင် ထုတ်လုပ်ရာ၌ ဤသံမဏိ နှစ်မျိုးစလုံးကို အသုံးပြုနေခြင်းဖြစ်ကြောင်း။

-- ထို့ကြောင့် သင်တို့၏ ပို့ကုန် ထိန်းချုပ်ရေး လုပ်ငန်းများတွင် နိုးနိုးကြားကြားရှိနေကြရန်၊ ယူကရိန်း ကုမ္ပဏီ များက အီရန် ပဲ့ထိန်း ဒုံးကျည်လုပ်ငန်းများအတွက် အထူးသတ္တုပစ္စည်းများကို ထောက်ပံ့နေသူ များအဖြစ် ဆောင်ရွက် ပေးနေခြင်းမရှိရအောင် သင့်တော်သော် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း။

(၃၇) (S) နီကိုနင်ကိုက ယူကရိန်းအနေနှင့် ဤကိစ္စကို စုံစမ်းလေ့လာပြီး အသေးစိတ်သတင်းအချက်အလက်များ အမေရိကန်ကို ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဗင်တိုင်ပင်က အကယ်၍ ယူကရိန်းအနေနှင့် ဤပြဿနာကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်ဟု ဆိုပါလျှင် အမေရိကန်အနေနှင့် သံမဏိကုမ္ပဏီအပါအဝင် ပါဝင်ပတ်သက်သူများကို ဒဏ်ခတ်ခြင်းနှင့်၊ အခြားအစီအစဉ်များဖြင့် အရေးယူရန် စဉ်းစားမည် ဖြစ်ကြောင်း၊ အီရန်၏ ဒုံးကျည်များသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် မဟာမိတ် တပ်များကို ခြိမ်းခြောက်နေကြောင်း၊ သို့ဖြစ်၍ မိမိကိုယ်မိမိ ကာကွယ်ရေးအတွက် အမေရိကန်အနေနှင့် ဤပို့ကုန်များကို ဟန့်တားရမည်ဖြစ်ကြောင်း၊ ယူကရိန်း သံမဏိကုမ္ပဏီများအနေနှင့် အနောက်နိုင်ငံများနှင့် ကုန်သွယ်မှုမှနေ၍ အကျိုးအမြတ်များရနေကြောင်း၊ သို့ရာတွင် နည်း (၂) မျိုးစလုံးဖြင့် မရနိုင်ကြောင်း (အီရန်ကဲ့သို့ ဆိုးသွမ်းတိုင်းပြည်မှ တရားမဝင် အမြတ်အစွန်း အနည်းငယ်အတွက် အနောက်တိုင်းမှရရှိနေသော အမြတ်ကြီးများ ဆုံးရှုံးအောင်လုပ်ခြင်းသည် သူတို့အတွက် အကျိုး မရှိကြောင်း) ပြောကြားခဲ့သည်။

အီရန်၏ မာလက်- အက်ရှ်တာ စက်မှုတက္ကသိုလ် (Malek-Ashtar University of Technology) မှာ ယူကရိန်းတို့က သင်တန်းများပေးသော ကိစ္စ

(၃၈) (S) ဗင်ဒိုင်ပင်က ၂ဝဝ၉ နှစ်ဆန်းပိုင်းကစ၍ ခါတိုင်းနှစ်များနည်းတူပင် အီရန်၏ မာလက်-အက်ရှ်တာ စက်မှု တက္ကသိုလ်က ယူကရိန်းနိုင်ငံ အပါအဝင် နိုင်ငံတကာမှ သိပ္ပံပညာရှင်များကို ဖိတ်ခေါ်ကာ အီရန်နိုင်ငံတွင် သင်တန်းများ ပေးစေခဲ့ကြောင်း၊ မာလက်-အက်ရှ်တာ စက်မှုတက္ကသိုလ်သည် အီရန် ကာကွယ်ရေးနှင့် လက်နိုင်ငံကိုင်တပ်များ ထောက်ပံ့ ရေးဝန်ကြီးဌာန (Ministry of Defense and Armed Forces Logistics (MODAFL) ၏ လက်အောက်ခံဖြစ်ပြီး အီရန် ကာကွယ်ရေး စက်မှုလုပ်ငန်းများအဖွဲ့ (DIO) နှင့် လေကြောင်းအာကာသယာဉ် တည်ဆောက်ရေး စက်မှုလုပ်ငန်းများ အဖွဲ့အစည်း (AIO) တို့မှ ကိုယ်စားလှယ်များကို နည်းပညာညွှန်ကြားချက်များပေးကြောင်း၊ ယူကရိန်း ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ မာလက်-အက်ရှ်တာ စက်မှုတက္ကသိုလ်အတွက် သို့မဟုတ် အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်နေသော အခြား အီရန်အဖွဲ့အစည်းများအတွက် အရေးကြီးသော နည်းပညာ၊ သင်တန်းနှင့် အခြားအထောက် အပံ့များ မပေးအောင် ဆောင်ရွက်ရန် အမေရိကန်က ယူကရိန်းအား တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ယူကရိန်းအစိုးရ၏ လုပ်ဆောင်ချက်များအကြောင်းကို မေးခဲ့သည်။ နီကိုနင်ကိုက အမေရိကန်၏ သတင်းအချက်အလက် များကို ရရှိပြီး ဖြစ်ကြောင်း၊ ဤသတင်းအချက်အလက်များကို စိစစ်သုံးသပ် နေဆဲဖြစ်ကြောင်း ပြောခဲ့သည်။

ပရိုးဟားစ်-ပါကစ္စတန် (Prohres-Pakistan)

(၃၉) ဗင်တိုင်ပင်က ယူကရိန်း၏ ပရိုဟားစ် (Prohres) မှ (gyrotheodolites) များကို ဝယ်ယူရာ၌ ပါကစ္စတန် အမျိုးသား အင်ဂျင်နီယာနှင့် သိပ္ပံပညာ ကော်မရှင် Pakistan’s National Engineering and Scientific Commission (NESCOM) နှင့် ပတ်သက်နေပုံ သတင်းအချက်အလက်များကို ကျွန်ုပ်တို့က ယူကရိန်းထံ မကြာသေးမီက ပေးပို့ထားကြောင်း ပြော ကြားခဲ့သည်။ ဤကိစ္စကို စုံစမ်းလေ့လာပေးပါရန်နှင့် ဒုံးကျည်နှင့်ပတ်သက်သော ဤပစ္စည်း ကရိယာများ ပို့ပေးမှုကို တားဆီးရေးအတွက် အရေးယူဆောင်ရွက်မှုများ လုပ်ပေးရန် ယူကရိန်းအား တိုက်တွန်းခဲ့သည်။ နီကိုနင်ကိုက အမေရိကန်ထံမှ သတင်းအချက်အလက်များကို မကြာမီက ရထားကြောင်းနှင့် ဤကိစ္စကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

---------

၎ဝ။ (S) ဗင်တိုင်ပင်က ဤကိစ္စသည် ကြာခဲ့ပြီဖြစ်ကြောင်း ပြောကြားပြီးနောက် လတ်တလော အချက်အလက်များ ပေးပါ ရန် ယူကရိန်းကို မေတ္တာရပ်ခံခဲ့သည်။ သူက ဤကိစ္စနှင့်ပတ်သက်သော နောက်ထပ်သတင်း အချက်အလက်များကို လည်း ပေးခဲ့သည်။

-- ကျွန်ုပ်တို့မှာ ယခု သတင်းအချက်အလက်သစ်များ ရှိကြောင်း၊ ၎င်းသတင်းအချက်အလက်များအရ သိရသည်မှာ ၂ဝဝ၉ သြဂုတ်လတွင် XXXXX သည် တရုတ်ပြည်၏ (Changda Corporation) ချင်ဒါး ကော်ပိုရေးရှင်းမှ ကိုယ်စား လှယ်များနှင့် ပူးပေါင်းကာ (gyrotheodolites) များထုတ်လုပ်ရေးနှင့်ပတ်သက်၍ တရုတ်ပြည်၏ (Shaanxi Cangsong Machinery Plant) စက်ရုံဖက်စပ်လုပ်ငန်းတခု တည်ထောင်ခဲ့ကြောင်း။

-- (The Shannxi Cangsong Machinery Plant) သည် တရုတ်ပြည် အာကာသယာဉ်တည်ဆောက်ရေး သိပံ္ပပညာ နှင့် နည်းပညာ ကော်ပိုရေးရှင်း ဒသမ အကယ်ဒမီ (China Aerospace Science and Technology Corporation Tenth Academy) ၏ လက်အောက်ခံဖြစ်ပြီး တရုတ်ပြည်၏ ပဲ့ထိန်း ဒုံးကျည်များအတွက် ပဲ့ထိန်းစနစ် (inertial guidance systems) များကို ထုတ်လုပ်ပေးကြောင်း။

-- ဤပစ္စည်းများကို ဒုံးကျည်နှင့်ပတ်သက်၍ အသုံးပြုဖွယ်ရှိခြင်း၊ XXXXX ပူးပေါင်းလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီ ၏ အနေအထားတို့ကြောင့် ဤပူးပေါင်းဆောင်ရွက်မှုကို တရုတ်ပြည်၏ (MTCR) အဆင့် (၁) ဒုံးကျည်အစီအစဉ် အတွက် အထောက်အကူပြုပေးရန် အသုံးချနိုင်သည်ဟု ကျွန်ုပ်တို့ စိတ်ပူမိကြောင်း။

-- XXXXXXXX နှင့် ဒုံးကျည်နှင့်ပတ်သက်သော တရုတ်ပြည်ကုမ္ပဏီများ၏ ဆက်ဆံရေးကို ဆက်လက်စုံစမ်း လေ့လာပေး ပါရန်နှင့် တရုတ်ပြည်၏ (MTCR) အဆင့် (၁) ဒုံးကျည်အစီအစဉ်အတွက် ပစ္စည်း သို့မဟုတ် နည်းပညာ ထောက်ပံ့သူ အဖြစ် XXXX က ဆောင်ရွက်ပေးခြင်း မရှိအောင် သင့်တော်သော အစီအစဉ်များချမှတ် ဆောင်ရွက်ပေးရန် သင်တို့ကို တိုက်တွန်းလိုကြောင်း။

၄၁။ နီကိုနင်ကိုက ယူကရိန်းသည် ဤကိစ္စနှင့်ပတ်သက်သော အမေရိကန်၏ သတင်းအချက်အလက်များကို စိစစ်သုံးသပ် နေလျက်ရှိကြောင်း ပြောကြားခဲ့သည်။(မှတ်ချက်-ဆွေးနွေးပွဲများအပြီးတွင် ယူကရိန်းက ဤကိစ္စနှင့်ပတ်သက်၍ စာဖြင့်ရေး သားထားသော နောက်ဆုံးရ သတင်းကို ဤသို့ပေးခဲ့သည်။ "XXXXXX သည် (China Great Wall) နှင့် ဆွေးနွေးပြီး နောက် ယခင်ပေးထားသော (UGT-S gyrotheodolite) တခု ပြုပြင်ရေးအတွက် လိုင်စင် ထောက်ခံချက်တခု ရခဲ့သည်။ သို့ရာတွင် XXXXXXXXXXX သည် (MTCR) ထိန်းချုပ်ထားသော (DOZ stellar sensors) များ ပို့ပေးရန် တရုတ်ပြည် ဒုံးကျည် နည်းပညာ အကယ်ဒမီ (China Academy of Launch Vehicle Technology) နှင့် ဆွေးနွေးခြင်းမရှိခဲ့ချေ။"

အဏုမြူလက်နက်များ မှောင်ခိုရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံကြီး ၈ နိုင်ငံ၏ တကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု၊ တိုက်ဖျက်မှု (G8 Global Partnership/Combating Nuclear Smuggling)

၄၂။ (U) အဏုမြူထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတော်ကော်မီတီ (State Committee for Nuclear Regulation) မှ ဗစ်တာ ရိုင်ယာဇန့်ဆက် (Viktor Ryazantsev)၊ အရေးပေါ်အခြေအနေများ ဆိုင်ရာ ဝန်ကြီးဌာန (Ministry for Emergency Situations) မှ မီကိုလာ ပရော့စ်ကူရာ (Mykola Proskura) ၊ နိုင်ငံတော် နယ်ခြားစောင့်တပ်မှ အိုလီခ်ဆန်ဒါ ပါချင်ကို (Oleksandr Panchenko) တို့က ယူကရိန်းအစိုးရနှင့် အမေရိကန်တို့ ၂ဝဝ၆ ဇန်နဝါရီတွင် ချမှတ်ခဲ့သော အဏုမြူ လက်နက်များ မှောင်ခို ရောင်းဝယ်မှု တားဆီးရေး အကူအညီ စီမံချက်လုပ်ငန်းဖြစ်သော U.S. Nuclear Smuggling Outreach Initiative (NSOI) လုပ်ငန်းတလျှောက်လုံးမှာ ဆောင်ရွက်ခဲ့သော တိုးတက်မှုများနှင့် ပတ်သက် ၍ အသေးစိတ်အစီရင်ခံစာများကို တင်ပြခဲ့ကြသည်။ ဤပုဂ္ဂိုလ်အသီးသီးက ဤလုပ်ငန်းများနှင့် ပတ်သက်၍ တိုးတက်မှု ကြီးများကို အစီရင်ခံတင်ပြကြပြီး အခြားကူညီသူများ၏ လုပ်ငန်း အကောင်အထည်ဖော်မှုကိုရော လုပ်ငန်းထဲ ပါဝင်မှုကိုပါ အဆင်ပြေအောင်ဆောင်ရွက်ပေးသော အမေရိကန်၏ အကူအညီကို များစွာတန်ဖိုးထားကြောင်း ဖေါ်ပြခဲ့ကြသည်။

၄၃။ (U) (NSOI) ၏ ညှိနှိုင်းရေးမှူး မိုက် စတက်ဖို့ (Mike Stafford) က နှစ်ဖက်စလုံးသည် ဤစီမံချက်လုပ်ငန်းများတွင် သိသာ ထင်ရှားသော တိုးတက်မှုများကို ဆောင်ရွက်ခဲ့ကြသည်ဟူသော အချက်ကို သဘောတူကြောင်း ပြောပြီးနောက် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာသည် (NSOI) နှင့်ပတ်သက်၍ အခြားအစိုးရများ၏ ဆောင်ရွက်မှုများ အတွက် နမူနာစံပြဖြစ်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့နောက် စတက်ဖို့က ဤတိုးတက်မှုများ အရေးကြီးသည် သာမက ၂ဝဝ၆ ဇန်နဝါရီက နှစ်ဦးနှစ်ဖက် သဘောတူချမှတ်ခဲ့သော ပူးတွဲလှုပ်ရှားမှု အစီအစဉ်များကို သဘော တူထားသည့် လုပ်ငန်းအဆင့်များအလိုက် အထောက်အကူပြုလုပ်ငန်းများဖြင့် အကောင်အထည်ဖေါ်ရာမှာလည်း တိုးတက်မှုများကို စောင့်ကြည့်ရန်အရေးကြီးကြောင်း၊ ပူးတွဲလှုပ်ရှားမှု လုပ်ငန်း အဆင့် (၃ဝ) အနက် (၂၇) ဆင့် ပြီးမြောက်ခဲ့ပြီ သို့မဟုတ် တိုးတက်မှု ရှိနေကြောင်း ဖော်ပြထားသည့် နောက်ဆုံး အခြေအနေ အစီရင်ခံချက်တရပ်ကို ယူကရိန်းသံရုံးမှ နေ၍ အမေရိကန်အစိုးရက ဤသီတင်းပတ် အစောပိုင်းမှာ ရရှိခဲ့ကြောင်း၊ ဤတိုးတက်မှုများအတွက် ယူကရိန်းအစိုးရကို ဂုဏ်ပြုပါကြောင်း၊ လုပ်ငန်း ဆက်လက်အကောင်အထည်ဖော်ဆောင်နေပုံနှင့် ပတ်သက်၍ အမေရိကန်ဘက်သို့ မပြတ်သတင်းပို့ပေးရန် နီကိုနင်ကို၏ သဘောတူညီမှုကိုလည်း အသိအမှတ်ပြုကြောင်း ပြော ကြားခဲ့သည်။ ထို့နောက် စတက်ဖို့က ရုရှားနှင့်စပ်နေသော ယူကရိန်း၏ အစိမ်းရောင်နယ်စပ်မှာ စောင့်ကြည့်ရေးကို ကူညီရန်အတွက် (NSOI) က ၂ဝဝ၉ ဘတ်ဂျက်ထဲမှ ဒေါ်လာ (၉၃၅, ဝဝဝ) သတ်မှတ်ခွင့်ပြုလိုက်ကြောင်း ကြေညာပြီး အဏုမြူလက်နက် မှောင်ခို ရောင်းဝယ်မှုများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရာ၌ ယူကရိန်း၏ စွမ်းရည်ကို မြှင့်တင်ရန် ရက်တိုသင်တန်းတခု ပေးဖို့ အဏုမြူလက်နက်များ မှောင်ခိုရောင်းဝယ်မှု တားဆီးရေး အစီအစဉ်ကိုယ်စား အကြံပြုတင်ပြခဲ့သည်။ ထို့နောက် တောင်းခံထားသော ရေဒီယိုဓာတ်ကြွမှု စောင့်ကြည့်ရေး ရွှေ့ပြောင်း နိုင်သောယာဉ် (mobile radiation monitoring van) ကို မည်သည့်အချိန်မှာ ပို့ပေးမည့်အကြောင်း ဖင်လန် အစိုးရထံ စုံစမ်းမေးမြန်းပေးပါရန် ယူကရိန်း၏ မေတ္တာရပ်ခံချက်ကို သဘောတူပါကြောင်း ပြောကြားခဲ့သည်။ (သည့်နောက်ပိုင်းတွင် ဖင်လန် အစိုးရ၏ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က ယာဉ်ကို ဒီဇင်ဘာလအတွင်းမှာ ပို့ပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း အကြောင်းပြန်ခဲ့သည်။)

၄၄။ (U) (ISN/CTR) ကိုယ်စား စတက်ဖို့က ယူကရိန်း၏ သိပ္ပံနှင့် နည်းပညာဌာန [Science and Technology Center Ukraine (STCU)] အတွက် ယာယီ တည်နေရာပေးထားခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားရင်း ဌာနချုပ် ဆောက်လုပ်ရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များကို မှန်တမ်းပေးပို့ပါရန် မေတ္တာရပ်ခံခဲ့သည်။ နီကိုနင်ကိုက မကြာသေးခင်က ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Global Partnership (GP) အလုပ်အဖွဲ့ အစည်းအဝေးမှာ ယူကရိန်းဘက်က အကြံပြု တင်ပြထားခဲ့သော နောက်ဆက်တွဲ အကူအညီပေးရေး လုပ်ငန်းစီမံချက် (၃) ခု အကြောင်းကို အလေးအနက်ထား၍ ဖေါ်ပြလိုက်ပြီး ချာနိုဘိုင်း ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေ (Chernobyl Shelter Fund) အတွက် (GP) အဖွဲ့ဝင်များ၏ ငွေကြေးထည့်ဝင်မှုကို (GP) ကြည့်၍ ၎င်းတို့သန္နိဋ္ဌာန် ပိုင်းဖြတ်ထားမှုကို မတိုင်းတာသင့် ကြောင်း ယူကရိန်း၏ မေတ္တာရပ်ခံချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။ စတက်ဖို့က ယူကရိန်း မေတ္တာရပ်ခံပြီး နောက်ပိုင်းမှာ ဤကိစ္စနှင့်ပတ်သက်၍ စုံစမ်းလေ့လာခဲ့ကြောင်း၊ အမေရိကန်အစိုးရနှင့် အခြားသော (GP) အဖွဲ့ဝင်များက ရန်ပုံငွေထည့်ဝင်ခြင်းကို (GP) အတွင်း ဆောင်ရွက်ချက်အဖြစ် ထည့်တွက်နေကြသည်ကို သိရှိခဲ့ရကြောင်း၊ အမေရိကန် အစိုးရအနေနှင့် ဤလုပ်ထုံးလုပ်နည်းကို ပြောင်းလိုသည် မဟုတ်သဖြင့် အခြားသူများကိုလည်း ပြောင်းရန်တိုက်တွန်းမည် မဟုတ်ကြောင်း၊ အကူအညီကိုရေတွက်ခြင်းသာ အဓိကကျကြောင်း ပြောကြားခဲ့သည်။

အီလက်ထရွန် (Electron)

၄၅။ (U) ပရော့စ်ကူရာ (Proskura) က အမေရိကန်နှင့် ယူကရိန်းတို့သည် (Electron Gaz Plant.) စက်ရုံနှင့် (Kavetskiy Institute) မှ ရေဒီယိုဓာတ် သတ္တုကြွ ပစ္စည်းများကို ရှင်းလင်းဖယ်ရှားရေး၊ သိမ်းဆည်း သိုလှောင်ထားရေးကိစ္စနှင့် ပတ် သက်၍ (၂) နှစ်ကြာဆွေးနွေးခဲ့ကြပြီးနောက် စက်တင်ဘာ ၂၄ တွင် စာချုပ်တခုကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊ ယူကရိန်းက ကန်ထရိုက်လုပ်ငန်းရှင် ရွေးထားပြီးဖြစ်ကြောင်း၊ ယူကရိန်း၏ အဏုမြူထိန်းချုပ်ရေးအဖွဲ့ အနေနှင့် ဤလုပ်ငန်းကို ဟန့်တားစရာ အကြောင်းမရှိကြောင်း ပြောကြားခဲ့သည်။

၄၆။ (C) လိခ်ျ (Leach) က ဤသဘောတူစာချုပ်သည် အဏုမြူလက်နက် မပြန့်ပွားရေးနှင့်ပတ်သက်၍ ယူကရိန်း ၏ အလေးအနက်ထားမှုကို ပြသရာရောက်နေကြောင်း၊ နှစ်ဖက်စလုံးက ဤနှစ်နေရာရှိ ပစ္စည်းများ လုံခြုံမှုရှိရေး အတွက် စတင် ဆောင်ရွက်ရမည်ဖြစ်ပြီး သည့်နောက်တွင် ကိယက်ဗ်မြို့ရှိ (Institute of Physics) မှ ပစ္စည်းများကို တမျိုးပြီး တမျိုး ဖယ်ရှားရှင်းလင်းသွားရမည် ဖြစ်ကြောင်း၊ ပစ္စည်းအမျိုးမျိုးနှင့်ပတ်သက်၍လည်းကောင်း (Electron Gaz) မှ ပို၍ ခက်ခဲသော အခြေအနေ အမျိုးမျိုးနှင့်ပတ်သက်၍လည်းကောင်း မည်သို့ဖြေရှင်းရမည်ကို နှစ်ဖက်စလုံး နည်းလမ်းများ ရှာထားရမည် ဖြစ်ကြောင်း ပြောကြားပြီး စီမံချက်ကို လုပ်သွားရင်း နှစ်ဖက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ ပြဿနာများ ဖြေရှင်းသွားရန်လိုကြောင်း နိဂုံးချုပ် ပြောကြားခဲ့သည်။

နေတိုး ငြိမ်းချမ်းရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ လက်နက်ဖျက်ဆီးရေး စီမံချက်လုပ်ငန်း
(NATO Partnership for Peace Destruction Project)


၄၇။ (U) (PM/WRA) ၏လက်ထောက် ညွှန်ကြားရေးမှူး စတီဗင်ကော့စတနာ (Steven Costner) က နှစ်ဖက်စလုံး က နောက်နေ့တွင် နည်းပညာဆိုင်ရာ ကိစ္စများကို အသေးစိတ်ဆွေးနွေးကြမည်ဖြစ်သော်လည်း မိမိအနေနှင့် အများရှေ့တွင် လုပ်ငန်းအကျဉ်းချုပ်ကို တင်ပြလိုကြောင်း၊ စီမံချက်၏ အဆင့်-၁ (Phase I) အဖြစ် အငယ်စား၊ အပေါ့စားလက်နက် (SA/LW) တန် (၄ဝဝ, ဝဝဝ) အနက် တန် (၁၅, ဝဝဝ) ကို စတင် ဖျက်ဆီးပစ်ရန် စီမံကိန်းရေးဆွဲထားသော (NATO နှင့် အမေရိကန်တို့က ခေါင်းဆောင်နိုင်ငံအဖြစ် ပြန်လည် ပြင်ဆင်ထားသော စီမံချက်လုပ်ငန်း၏) မူလအဆင့်(၁) လုပ်ငန်း တွင် အမေရိကန်အစိုးရက လက်နက်အားလုံးကို မဖျက်ဆီးရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် လက်ရှိ ရန်ပုံငွေကုန်သွား လျှင် ၂ဝ၁ဝ မတ်လကုန်လောက်တွင် စီမံချက်လုပ်ငန်းကို ရပ်ဆိုင်းလိုက်ရတော့မည် ဖြစ်ကြောင်း၊ ဤပြန်လည် ပြင်ဆင်ထားသော စီမံကိန်းအရ ခဲယမ်းမီးကျောက် တန် (၆, ဝဝဝ) ကို ဖျက်ဆီးပစ်ရန် ဖြစ်ကြောင်း၊ သတင်းကောင်းမှာ နောက်ဆုံး၌ ခဲယမ်းမီးကျောက် ဖျက်ဆီးမှုလုပ်ငန်းကို စလုပ်ဖြစ်ခဲ့ပြီး ယနေ့အထိ တန် (၆ဝဝ) ခန့်ကို ဖျက်ဆီးပြီး ဖြစ်ကာ ရရှိနေသော ဘဏ်တိုးကြောင့် နေတိုး ထိန်းသိမ်းရေးနှင့် ထောက်ပံ့ရေး အေဂျင်စီအဖွဲ့က နောက်ထပ် တန် (၂, ဝဝဝ) ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု တွက်ချက်ခဲ့သည်။ (စုစုပေါင်းဆိုလျှင် တန် ၈,ဝဝဝ) ဟူသော သတင်းပင် ဖြစ် ကြောင်း၊ အခြား ရန်ပုံငွေထည့်ဝင်သူများအနေနှင့် အတိုးငွေကို ဤသို့သုံးစွဲ ခြင်းနှင့်ပတ်သက်၍ အတည်ပြု ထောက်ခံပေး ရန် လိုလိမ့်မည် ဖြစ်ကြောင်း၊ တရားဝင်အတည်ပြုပေးမည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင် ခဲယမ်းဖျက်ဆီးခြင်းမှ ပေါ် ထွက်လာသော အကြွင်းအကျန်များအတွက် မီးပြင်းဖိုများကို အောက်တိုဘာလတွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ယနေ့အထိ တန်ချိန် (၁၃၄, ဝဝဝ) ကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ ယူကရိန်းအစိုးရကလည်း ဖျက်ဆီးမှု လုပ်ငန်းကို (၁) နှစ်ခွဲရပ်ဆိုင်းထားပြီး နောက်ပိုင်းမှာ နောက်ထပ် တန် (၅၄, ဝဝဝ) ကို ဖျက်ဆီးမည်ဟု ကတိ ပေးထားကြောင်း၊ ဤသို့ဆိုပါက စုစုပေါင်း (SA/LW) တန် (၁၉ဝ, ဝဝဝ) ခန့်ကို ဖျက်ဆီးပြီး ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာ တွင် စီမံချက်လုပ်ငန်းမှာ ဖျက်ဆီးရန် ရည်မှန်းထားသည်ထက် ဖျက်ဆီးနိုင်ခဲ့သော လက်နက် အလက်ပေါင်း (၂၁ဝ, ဝဝဝ) လျော့နည်းကြောင်း ပြောကြားခဲ့သည်။

၄၈။ (U) ကို့စတနာ (Costner) က (SA/LW) လက်ကျန်စာရင်းမှာပါသော လက်နက်များကို အမေရိကန်က သုံးမရတော့ သော လက်နက်များအဖြစ် ကျေနပ်လက်ခံနိုင်ပါက ဤစာရင်းကို ရောင်းရန် လက်နက်စာရင်းမိတ္တူပွား အဖြစ် ပြောင်း၍ ရနိုင်-မရနိုင် သိလိုပါသည်ဟူသော ယူကရိန်း၏ တင်ပြချက်ကို အမေရိကန်အစိုးရက အလေးထားပါကြောင်း၊ သဘော တူညီချက်ရပါက အမေရိကန်အစိုးရနှင့် နေတိုးတို့က လက်နက်ဖျက်ဆီးခြင်း စီမံချက်လုပ်ငန်းကို ဆက်လက် ဆောင်ရွက် ကာ၊ မူလသတ်မှတ်ထားသည့်အတိုင်း ခဲယမ်းမီးကျောက် တန် (၁၅, ဝဝဝ) ကို ဖျက်ဆီးသွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် သူက အမေရိကန်ဥပဒေသည် ဤကိစ္စနှင့်ပတ်သက်၍ တင်းကြပ်ကြောင်း၊ လက်နက်ကျွမ်းကျင်သူများကလည်း နောက် နေ့မှာ ရောက်နိုင်ချင်မှ ရောက်နိုင်မည်ဖြစ်ကြောင်း အလေးအနက် ပြောကြားကာ ဤကိစ္စတွင် နှစ်ဖက် ရွေးစရာ (၂) လမ်း ရှိကြောင်း၊ ၎င်းတို့မှာ (၁) ယူကရိန်းအနေနှင့် မူလ သဘောတူထားသည့်အတိုင်း လက်နက်များကို ဖျက်ဆီးသွားရန် (၂) စီမံချက်လုပ်ငန်းကို အထက်မှာ ဖေါ်ပြခဲ့သည့်အတိုင်း ရပ်ဆိုင်းထားရန် တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၄၉။ (U) နီကိုနင်ကိုက ဖျက်ဆီးပစ်သော ခဲယမ်းမီးကျောက်ပမာဏ စုစုပေါင်းသည် တန် (၈, ဝဝဝ) အထိတိုးလာလိမ့်မည် ဟူသော သတင်းကောင်းကို တန်ဖိုးထားပါကြောင်း ဖေါ်ပြခဲ့ပြီးနောက် နောက်နေ့တွင် ကျွမ်းကျင်သူများက ဖြေရှင်းနည်း ရရှိကာ၊ ဖျက်ဆီးရေးမှာ ဆက်လက်အကူအညီ ပေးသွားနိုင်လိမ့်မည်ဟု မိမိယုံကြည်ကြောင်းကိုလည်း ဖေါ်ပြခဲ့သည်။ (မှတ်ချက်- နောက်နေ့တွင် ယူကရိန်းကျွမ်းကျင်သူများက လက်နက်လက်ကျန်များကို စာရင်းမိတ္တူပွားထဲ ထည့်မည့်အစား မူလ သဘောတူထားသည့်အတိုင်း ဖျက်ဆီးရန် ယူကရိန်းအစိုးရ၏ ခွင့်ပြုချက်ရအောင် ဝန်ကြီးများ အဖွဲ့ကို မိမိတို့က အကြံပြုတင်ပြခဲ့ကြောင်း၊ အကယ်၍ ဝန်ကြီးများအဖွဲ့၏ အတည်ပြုချက်ရပါက စီမံချက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။)

ဇီဝခြိမ်းခြောက်မှု လျော့ပါးရေး လုပ်ငန်း (Biological Threat Reduction Initiative)

၅ဝ။ (U) ကျန်းမာရေး ဝန်ကြီးဌာနမှ လဒ္ဒမီလာ မူဟာစကား (Ludmilla Muherska) က ယူကရိန်း၏ ဒေသဆိုင်ရာ ဆေးရုံဓာတ်ခွဲခန်း (၁၈) ခု ကို အဆင့် တိုးမြှင့်သည့် လုပ်ငန်းများအကြောင်း အသေးစိတ်တင်ပြခဲ့သည်။ ထို့အပြင် ကျန်းမာ ရေး ဝန်ကြီးဌာနသည် ကာကွယ်ရေးဝန်ကြီးဌာန၊ အခြား လုံခြုံရေးဌာများနှင့် ပူးပေါင်းကာ ဓာတ်ခွဲခန်းများတွင် လုံခြုံရေးကို တိုးမြင့်ခဲ့ကြောင်း၊ ယူကရိန်းအဖို့ ဇီဝခြိမ်းခြောက်မှု လျော့ပါးရေးနှင့် ဤလုပ်ငန်းကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေး အတွက် နောက်ထပ် အကူအညီများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၅၁။ (U) ဗင်တိုင်ပင်က (DoD/CTR) ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဗဟို ရည်ညွှန်း ဓာတ်ခွဲခန်း [Central Reference Laboratory (CRL)] တခန်းအတွက် နေရာသစ်တခုကို မြန်မြန်ထက်ထက် ရှာပေးပါရန် ယူကရိန်းအား မေတ္တာရပ်ခံပြီး ယူကရိန်းအနေနှင့် ဤဓာတ်ခွဲခန်းရရှိသည်နှင့် ရောဂါဖြစ်စေသော အကြောင်းရင်းများ၊ အထူးသဖြင့် အန္တရာယ်ကြီးသော အကြောင်းရင်း များကို အခိုင်အမာ ဖေါ်ထုတ်သွားရန်လိုအပ်ကြောင်း အလေးတင်း ပြောကြားခဲ့သည်။

၅၂။ (U) မူဟာစကားက ယူကရိန်းသည် ဤရှုပ်ထွေးခက်ခဲ့သော လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိနေပါ ကြောင်း၊ (CTR) အတွက် နေရာအတော်များများကို ထည့်သွင်း စဉ်းစားကြည့်နေပါကြောင်း၊ အချို့နေရာများသည် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေထဲမှာ ရှိနေပြီး ဤနေရာတခုခုကို ရွေးပါက ဤနေရာကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် လိုမည်ဖြစ်ကြောင်း၊ နေရာ တခုခု မကြာခင်မှာ ရွေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဘေးပန်း ဆွေးနွေးပွဲများ - လုံခြုံရေး အာမခံချက် ဆိုင်ရာနှင့် (START) ဆိုင်ရာ နောက်ဆက်တွဲ ဆွေးနွေးပွဲများ
Security Assurances and START Follow-On


၅၃။ (S) အဏုမြူလက်နက် မပြန့်ပွားရေး ဆွေးနွေးပွဲ အစီအစဉ်များတွင် နီကိုနင်ကိုက လက်ထောက် ညွှန်ကြားရေးမှူး နေးလ် ကို့ခ်ျနှင့် (၃) ကြိမ် ဆွေးနွေးကာ (START) နောက်ဆက်တွဲ သဘောတူစာချုပ်တွင် ပါဝင်လိုကြောင်း ယူကရိန်း ဆန္ဒနှင့် ကိယက်ဗ်၏ လုံခြုံရေး ပြဿနာများ အကြောင်းတို့ကို ရှင်းပြခဲ့သည်။ နီကိုနင်ကိုက သူသည် (START) နောက် ဆက်တွဲဆွေးနွေးပွဲများအတွက် ယူကရိန်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ကိုယ်စားလှယ်တဦးအနေနှင့် သူသည် အမေရိကန် ကိုယ်စားလှယ်နှင့် ဆွေးနွေးလိုကြောင်း၊ ရုရှားနှင့် ဆက်ဆံရေး မပြေပြစ်သည့်တိုင် သူသည် ရုရှားသံအမတ် အန်တိုနော့ (Antonov) နှင့် (၄) ကြိမ်တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန် အစိုးရက အဘယ့်ကြောင့် အလားတူ ဆွေးနွေးခွင့် မပေးသည်ကို သူနားမလည်ကြောင်း၊ သူသည် ဂေါ့တင်မိုလာ (A/S Gottemoeller) နှင့် မည်သည့်အချိန်၊ မည်သည့် နေရာမှာ ဖြစ်စေ တွေ့ဆုံလိုကြောင်း ပြောပြီးနောက် ယခင်က (START) မှာ ယူကရိန်း ပါဝင်ခဲ့သော ကြားဝင်ဆောင်ရွက် ပေးသူ အခန်းကဏ္ဍများကို သာဓကများအဖြစ်ဖေါ်ပြကာ (START) နောက်ဆက်တွဲ သဘောတူစာချုပ်တွင် အမေရိကန် နှင့် ရုရှားတို့အကြား ကြားဝင်ဆောင်ရွက်ပေးသူ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးလိုကြောင်း ယခင်က ပြောဖူးခဲ့သော စကားကို ထပ်လောင်းပြောကြားခဲ့သည်။ နောက်ဆုံး၌ နီကိုနင်ကိုက (START) နောက်ဆက်တွဲ သဘောတူစာချုပ်တွင် အထူးသဖြင့် (START) အကောင်အထည်ဖေါ်ရေးနှင့် ယေဘုယျအားဖြင့် အဏုမြူလက်နက် မပြန့်ပွားရေးတွင် ယူကရိန်း ၏ အကျိုးပြုချက်များကို ထည့်သွင်းဖေါ်ပြပေးရန် မေတ္တာရပ်ခံခဲ့သည်။ ထို့ပြင် သူက ယူကရိန်းကို ဘယ်လာရု့စ်၊ ကာဇက် စတန်တို့နှင့် တတန်းတစားတည်းထား၍ ထည့်သွင်းထားသည်မှာ တရားမျှတမှု မရှိကြောင်း၊ အကြောင်းမှာ (CIS) အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ရုရှားပြောသည့် အတိုင်းသာ လိုက်လုပ်ကြခြင်းကြောင့်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

၅၄။ (S) ကို့ခ်ျက နီကိုနင်ကိုအား အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်းနှင့် ရုရှားဖက်ဒရေးရှင်းတို့ က ပေးထားခဲ့သော ဘူဒါပက် လုံခြုံရေးအာမခံချက်သည် ၂ဝဝ၉ ဒီဇင်ဘာမှာ ပျက်ပြယ်သွားမည့် (START) သဘောတူစာချုပ်နှင့် အတူ ပျက်ပြယ်သွားမည်မဟုတ်ကြောင်း၊ ၂ဝဝ၈ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုဆိုင် ရာ အမေရိကန်- ယူကရိန်း သဘောတူစာချုပ် (2008 United States-Ukraine Charter on Strategic Partnership) သည်လည်း အသက်ဝင်နေဆဲဖြစ်ကြောင်း၊ ကိယက်ဗ်မြို့မှာ မကြာသေးမီက ဒုသမ္မတ ဘိုင်ဒင် ပြောကြားခဲ့သော မိန့်ခွန်း ကလည်း ယူကရိန်း၏ လုံခြုံရေးအတွက် အမေရိကန်၏ ကတိကဝတ်ကို အတည်ပြုထားကြောင်း ပြန်ပြောင်းပြောပြကာ ယူကရိန်းအနေနှင့် အဘယ့်ကြောင့် နောက်ထပ် ဥပဒေအာဏာတည်သော လုံခြုံရေးအာမခံချက် လိုအပ်နေသည် ဆိုခြင်း ကို ရှင်းပြရန် မေတ္တာရပ်ခံခဲ့သည်။ ဤအာမခံချက်အားလုံး ရှိနေပါလျက် ယူကရိန်းအနေနှင့် နောက်ထပ် ဘာများ လိုပါသေးသနည်းဟု မေးခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းသည် အမေရိကန်၏ ကတိကဝတ်များနှင့် ပတ်သက်၍ သံသယ မရှိကြောင်း၊ သို့ရာတွင် ရုရှား၏ ကတိနှင့်ပတ်သက်၍မူ အလွန်စိတ်မအေး ဖြစ်ရကြောင်း၊ ထို့နောက် ရုရှား-ဂျော်ဂျီယာ ပဋိပက္ခနှင့် ယူကရိန်းနိုင်ငံထဲမှာ ရုရှားလူဦးရေ အများအပြား ရှိလာနေခြင်းတို့ကို ကိုးကားဖေါ်ပြလျက် အကယ်၍ အမေရိကန် ပြည်ထောင်စုက ယူကရိန်းနှင့် လုံခြုံရေး အာမခံချက်အသစ်တခုကို သဘောတူစာချုပ် ချုပ်ဆိုမည်ဆိုပါက ရုရှားကလည်း ဤသဘောတူစာချုပ်တွင် ပါဝင် သဘောတူ လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်း၊ ဤအချက်သည် ယူကရိန်း၏ ဆန္ဒအစစ်အမှန်ဖြစ်ကြောင်း၊ အမေရိကန်နှင့် သဘောတူစာချုပ် ချုပ်ဆိုခြင်းသည် ရုရှားကိုပါ ဆွဲခေါ်သည့် ယန္တရားတခု ဖြစ်သည်ဟု ယူကရိန်းက မြင်မိကြောင်း၊ ဤကဲ့သို့သော သဘောတူစာချုပ်မျိုးသည် ယူကရိန်း လူ့အဖွဲ့ အစည်း၏ အနောက်နိုင်ငံများအပေါ် လိုလားသည့်အပိုင်း နှင့် ရုရှားလိုလားသည့် အပိုင်းဟူသော အပိုင်း (၂) ပိုင်းလုံးကိုပါ ကျေနပ်စေလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နီကိုနင်ကိုက ဆီဗတ်စ်တိုပို (Sevastopol) ရှိ ရုရှား၏ ပင်လယ်နက် ရေတပ် အခြေစိုက်စခန်းကိစ္စကို တင်ပြကာ ထိုရေတပ် အခြေစိုက်စခန်းမှာ ရုရှားက စစ်သားဦးရေ မည်မျှများများ ထား သည်ကို ယူကရိန်းအနေနှင့် မသိနိုင်ကြောင်း၊ ရုရှားသည် ရေတပ်အခြေစိုက်စခန်း အငှားစာချုပ်အရ ခွင့်ပြုထားသော ဦးရေထက်ပို၍ စစ်သားများကို ထားရှိသည်ဟု မိမိယုံကြည်ကြောင်း၊ ရုရှားက ၎င်း၏ (CFE) ကတိကဝတ်များကို ဆိုင်းငံ့ ထားခြင်းကြောင့် ယူကရိန်းအဖို့ ဤပြဿနာသည် အထူးအရေးကြီးနေသော ပြဿနာ ဖြစ်နေကြောင်း ပြောခဲ့သည်။ ရုရှား တို့သည် ယူကရိန်းကို စစ်ရေးအရတိုက်ခိုက်ရေးအတွက် ဤပင်လယ်နက် အခြေစိုက်စခန်းကို ခြေနင်းခုံအဖြစ် အသုံးချ နိုင်သည်ဟု နီကိုနင်ကိုက အမှန်တကယ်ပင် ရတက်မအေး ဖြစ်နေပါသည်။ (မှတ်ချက်- ကာကွယ်ရေးဌာန ထောက်လှမ်း ရေး အေဂျင်စီ (Defense Intelligence Agency) ၌ ပိုင်းခြားသုံးသပ်သူများနှင့် ဤကိစ္စကို စိစစ်ကြည့်သော အခါ၌ ပင်လယ်နက် ရေတပ် အခြေစိုက်စခန်းမှာ ရုရှားစစ်အင်အားများ တိုးချဲ့ထားကြောင်း မတွေ့ရှိရပါ။ လောလောဆယ်၌ (DIA) က ရနိုင်သမျှ သတင်းအချက်အလက်များကို ပို၍ နှံ့နှံ့စပ်စပ် စိစစ်သုံးသပ်လျက် ရှိသည်။)

၅၅။ (U) ပါဝင်တက်ရောက်သူများ

အမေရိကန်ပြည်ထောင်စု -

ISN ယာယီတာဝန်ခံ လက်ထောက် အတွင်းဝန် (Acting Assistant Secretary) ဗင် တိုင်ပင် Vann Van Diepen XXXXXXXXXXXX

၅၆။ ISN ယာယီတာဝန်ခံ လက်ထောက် အတွင်းဝန် (Acting Assistant Secretary) ဗင် တိုင်ပင် Vann Van Diepen ဤကြေးနန်းကို ရှင်းလင်းခွင့်ပြုပေးသည်။

PETTIT