မြန်မာ နျူးကလီးယားအရေး တရုတ်လက်ရှောင်

Thursday, June 24, 2010 5:55 PM | Posted by Anonymous



မြန်မာစစ်အုပ်စုနှင့် မြောက်ကိုးရီးယားတို့ ပူးပေါင်း လုပ်ဆောင်နေသည့် နျူးကလီးယားလက်နက်အစီအစဉ်နှင့် ပတ်သက် ၍ အယ်ဂျာဇီးယားသတင်းဋ္ဌာနက ဇွန်လ ၃ ရက်နေ့တွင် ရုပ်သံထုတ်လွင့်ပြသခဲ့ပြီးနောက် အနုမြူစွမ်းအင် အေဂျင်စီ IAEA က လေ့လာစုံစမ်းမှု ပြုလုပ်နေရသည့်တိုင် မြန်မာ့အိမ်နီးခြင်း တရုတ်အနေဖြင့် နှုတ်ဆိတ်လျှက်ရှိသည်။
၁၉ဂ၃ ခုနှစ်က အာဇာနည်ဗိမာန်တွင် ဗုံးဖေါက်ခွဲခဲ့အပြီး သံသမန်အဆက်အသွယ် ပြတ်တောက်ခဲ့သည့် မြန်မာနှင့် မြောက် ကိုးရီးယားနှစ်နိုင်ငံအား တရုတ်က ပြန်လည် ဆက်သွယ်ပေးခဲ့ရာ ယခု နျူးကလီးယားအရေးသည် တရုတ်အပေါ် အဓိက တာဝန်ရှိသူ အဖြစ် လေ့လာသူများက ရှုမြင်ကြသည်။

တရုတ်အစိုးရသည် အနောက်နိုင်ငံများ၏ ဖယ်ကျဉ်ခြင်းခံထားရသည့် မြန်မာစစ်အာဏာရှင်များကို သမရိုးကျစစ်ပွဲသုံး လက်နက်များ ပံ့ပိုးကူညီနေသည့်တိုင်အောင် နျူးကလီးယားကိစ္စတွင်မူ မြန်မာနှင့် တိုက်ရိုက် ပတ်သက်မှုကို လက်ရှောင် လိုကြောင်း တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“တရုတ်က မြန်မာပြည်ကို သမရိုးကျစစ်ပွဲအတွက် လက်နက်တွေကို ထောက်ပံ့တယ် သမရိုးကျထက် ကျော်လွန်တဲ့ လက်နက်တွေကျတော့ နိုင်ငံတကာနဲ့ မျက်နှာပြနေရလို့ မရောင်းပေးနိုင်တော့ မြောက်ကိုးရီးယားနဲ့ ဆက်ပေးတာဖြစ်တယ် မြောက် ကိုးရီးယားနဲ့ မြန်မာအစိုးရဆက်ဆံမှု အဓိက လက်သည်ဟာတရုတ်ပဲ ” လို့ သူက ဆိုသည်။

၁၉၈၃ ခုနှစ် ဗုံးဖေါက်ခွဲမှုအပြီး ရန်သူတော်များဖြစ်ခဲ့သည့် မြန်မာနှင့်မြောက်ကိုးရီးယားတို့ ပြန်ပေါင်းထုတ်ရသည့် အ ကြောင်း တစ်ခုမှာ အမေရိကန် ဆန့်ကျင်သည့် အုပ်စုကို တရုတ်က တည်ဆောက်လိုခြင်းကြောင့် ဖြစ်သည်။

ထိုအချက်သည် မြန်မာနျူးကလီးယားကိစ္စအပေါ် တရုတ်က လက်ရှောင်နေသည့် အကြောင်းဖြစ်ပြီး အကယ်၍ မြန်မာသာ မြောက်ကိုးရီးယားအကူအညီဖြင့် နျူးကရီးယားပိုင်ဆိုင်လာပါက တရုတ်အတွက် မြွေပွေးခါးပိုက်ပိုက်ထားသကဲ့သို့ ဖြစ် မည်ဟု သူက ဆိုသည်။

“ဗမာစစ်တပ်မှာ ဗိုလ်သန်းရွေကစလို့ တပ်သားအဆုံး တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်အပြည့်ရှိတယ် မုံဆာလအရေး အခင်း ကိုးကန့် အရေးအခင်းတုန်းကရော ဒီစိတ်ဓါတ်ကို ပြပြီးပြီ ဒါကိုတရုတ်က သတိမမူဘူး အကျိုးစီးပွားရှိတဲ့ အချိန်မှာ တရုတ် နဲ့ ပေါင်းတယ် အကျိုးစီးပွားမတူးရင် သူတို့မှာရှိတဲ့လက်နက်နဲ့ တရုတ်ကို ပြန်ချမှာပဲ ” လို့ ဆိုသည်။

ထို့အပြင် စစ်အုပ်စု၏ နျူးကလီးယားပိုင်ဆိုင်မှုသည် အနောက်အုပ်စုအတွက်သာမက တိုင်းရင်းသားပြည်သူများအတွက် များစွာ အန္တရာယ်ရှိကြောင်း သူက ဆက်ပြောသည်။

“ဗိုလ်သန်းရွှေတို့က ခေါင်းရှိတာမဟုတ်ဘူး လိုအပ်ရင် ၀နယ်လိုနေရာမျိုးကိုလည်း အနုမြူဗုံးကျဲရင်ကျဲမှာ သူတို့မှာဘာမှ ခိုင်မာတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးစိတ်ဓါတ် လုံးဝမရှိဘူး သူတို့ကို အာခံလို့ကတော့ ရှမ်းပြည်နယ် ကချင်ပြည် နယ်ကို အနုမြူဗုံးကျဲဖို့ အဆင်သင့်ပဲ ” လို့ ဆိုသည်။

မြန်မာစစ်အာဏာရှင်များ နျူးကလီးယားဗုံးပိုင်ဆိုင်လိုသည့် အဓိကကျသည့် အချက် ၂ ခုမှာ စစ်အုပ်စု အာဏာတည်မြဲ ရေးအတွက် အနောက်အုပ်စု၏ ၀င်ရောက်စွက်ဖက်မှုကို အာခံနိုင်ရန်နှင့် စစ်တပ်ကို သွေးထိုးမြှောက်ပင့်ရန်အတွက် ဖြစ် ကြောင်း လေ့လာသူများက ဆိုသည်။

၂၀၀၀ခုနှစ်ခန့်မှစ၍ မြန်မာစစ်အုပ်စုက နျူးကလီးယားလက်နက် စီမံကိန်းကို စတင်အကောင်အထည်ဖေါ်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် နျူးကလီးယား သုတေသနပြုလုပ်ရန် အတွက် မြန်မာသင်တန်းသားများကို ရုရှားနိုင်ငံသို့ စေလွတ်ထားကြောင်း နအဖနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ်ပြောကြားခဲ့သည်။

အိုစမာဘင်လာဒင်၏ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု အမေရိကန် CIA က စွပ်စွဲထားသော ပါကစ္စတန် နျူးကလီးယား ပညာရှင်နှစ်ဦးအား မြန်မာနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပေးထားကြောင်း ၂၀၀၁ ခုနှစ်ကုန်ပိုင်းတွင် သတင်းများ ထွက်ပေါ်လာသေးသည်။

မြန်မာစစ်အုပ်စုအား နျူးကလီးယားစီမံကိန်း အကူအညီပေးနေသည့် မြောက်ကိုးရီးယားတွင် နျူးကလီးယား ထိပ်ဖူး ၄ခုမှ ဂ ခုအထိ ပြုလုပ်နိုင်သည့် ပလူတိုနီယံ အလုံအလောက်ရှိပြီး ၉၉ ရာခိုင်နူန်းသော ပလူတိုနီယံများကို ၂၀၀၂ ခုနှစ်မှစတင်ပြု လုပ်ခဲ့ကြောင်း သိပ္ပံနှင့်နိုင်ငံတကာ လုံခြုံရေးအင်စတီကျု့၏ ၂၀၀ရခုနှစ် အစီရင်ခံစာက ဆိုသည်။

ယခုဆိုလျှင် ကမ္ဘာပေါ်တွင် မြောက်ကိုးရီးယားအပါအ၀င် နျူးကလီးယားထိပ်ဖူးပိုင်ဆိုင်သည့် နိုင်ငံ ၉ ခုရှိပြီး အီရန်နှင့် မြန်မာတို့မှာ နျူးကလီးယားထိပ်ဖူးပိုင်ဆိုင်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်သည်။

နေပြည်တော်ဆုံးဖြတ်ချက်လက်ခံရမည်ဟု ၀ တပ်ဖွဲ့အား ထပ်မံခြိမ်းခြောက်

5:53 PM | Posted by Anonymous



နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ၀ တပ်ဖွဲ့ခေါင်းဆောင်ပိုင်းအချို့နှင့် နအဖ ကိုယ်စားလှယ်များ ပန်ဆန်း ဌာနချုပ်၌ ထပ်မံတွေ့ဆုံရာ ‘အသွင်ပြောင်းရေး၌ နေပြည်တော်၏စီမံကိန်း လက်မခံလျှင် အဆိုးဘက် ဦးတည်နိုင်သည်’ - ဟု ၀တပ်ဖွဲ့ အား နအဖကိုယ်စားလှယ်က ထပ်မံဖိအားပေးခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။

“၂၁ ရက်တုန်းက လားရှိုးဒုတိုင်းမှူးဦးဆောင်တဲ့ နအဖ ကိုယ်စားလှယ်အဖွဲ့နဲ့တရုတ်အဖွဲ့ မိုင်းလျဲမ်း (ယူနန်နယ်) မှာတွေ့ပြီးပြီးချင်း ပန်ဆန်းကိုပြန်အိပ်တယ်။ မနေ့တုန်းက ၀ ခေါင်းဆောင်ပိုင်းအချို့နဲ့တွေ့တယ်၊ ၀ စစ်ဦးစီးချုပ် နဲ့ ဥက္ကဌကြီးပေါက်ယူချမ်းတို့တော့မတွေ့ဖြစ်ဘူး။”- ဟု ပန်ဆန်းအရာရှိနှင့်ရင်းနှီးသည့် လားရှိုးသားတဦးပြော ပါသည်။

ဂျွန် ၂၂ ရက်နေ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းသိန်းနှင့် တန့်ယန်းအခြေစိုက်စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးခိုင်ဇော်တို့ ဦးဆောင်သည့် အင်အား ၄၀ ၀န်းကျင် ကိုယ်စားလှယ်အဖွဲ့ နှင့် ၀ ခေါင်းဆောင်ပိုင်း များဖြစ်သည့် UWSP ဒုဥက္ကဌ ရှောက်မင်လျံ၊ ဒုအတွင်းရေးမှူးပေါက်ယိုယီး နှင့် ပေါက်ယိုလျံ၊ကျောက်ကော် အန်း၊ ကျောက်ဝန်ကွမ်း၊ လီဇူးလျဲ့ ခေါ် ဦးအောင်မြင့်တို့ ပန်ဆန်း ၌ တနာရီကြာတွေ့ဆုံခဲ့သည် ဟုဆို၏။

တာဝန်ကျ ၀ စစ်သည်

တွေ့ဆုံပွဲ၌ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စသည် ‘နေပြည်တော် ဆုံးဖြတ်ချက်ဖြစ်သဖြင့် လက်မခံလျှင် အဆိုးဘက်ဦးတည်နိုင်ကြောင်း’ နအဖ ကိုယ်စားလှယ်မှ ထပ်မံဖိအားပေးခဲ့သော်လည်း ၀ တပ်ဖွဲ့တို့တစုံတရာ တုန့်ပြန်ဆွေးနွေးခြင်းမြုပကြောင်း ပြောပါသည်။

“နအဖ ကိုယ်စားလှယ်တွေ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအကြောင်း တနာရီလောက်ပြောသွားပြီးတဲ့ နောက်- ဘာတွေမေးမြန်း/တောင်းဆိုလိုပါသလဲ လို့မေးတော့ ၀ ခေါင်းဆောင်တွေက ပြောစရာမရှိကြောင်း ဖြေကြားတယ်။ အခမ်းအနားမှူးကလဲ တွေ့ဆုံပွဲပြီးဆုံးကြောင်းကြေငြာလိုက်တယ်”- ဟု ၀အရာရှိတဦးက ပြော၏။

ဂျွန် ၂၀ ရက်နေ့ကတည်းက အဆိုပါ နအဖ ကိုယ်စားလှယ်အဖွဲ့ လားရှိုး - တန့်ယန်းမှ ပန်ဆန်းသို့ရောက်ရှိ နေပြီး ဂျွန် ၂၂ ရက်နေ့ မနက်ပိုင်းမှ လားရှိုးသို့ တပ်ခေါက်ပြန်သွားကြသည်ဟု ဆို၏။

ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်မပြောင်းလျှင် ၀ တပ်ဖွဲ့ အပါအ၀င် အပစ်ရပ်များအားလုံး တရားမ၀င်အသင်းအဖွဲ့ဖြစ်သွားမည်ဟု နအဖ မှ ခြိမ်းခြောက်ပြောဆိုပြီးနောက်ပိုင်း ဒုတိယ အကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

ပန်ဆန်းရောက် နအဖ ကိုယ်စားလှယ်အဖွဲ့တိုင်းသည် ပန်ဆန်းမြို့တွင်းရှိ မေရှင်းဟိုတယ်တွင်သာ တည်းခိုကြ ရာ နအဖ နှင့် ၀ ဆက်ဆံရေးပြေလည်စဉ်က ၀ အာဏာပိုင်တို့ ညစာစားပွဲ တည်ခင်းဧည့်ခံလေ့ရှိသော်လည်း ယခု လားရှိုး ဒု-တိုင်းမှူး နှင့်အဖွဲ့ခရီးစဉ်တွင်မူ ဟိုတယ်မှ ကျွေးမွေးသည့် အစားအစာများဖြင့်သာ ပြီးဆုံးခဲ့ရ ကြောင်း ပန်ဆန်းမြို့ခံတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

ထို့အတူ မိုင်းလားတပ်ဖွဲ့အားလည်း မနက်ဖြန် ဂျွန် ၂၄ ရက်နေ့၌ တြိဂံတိုင်း ဂျီဝမ်းသစ် ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးဖွယ်ရှိသည် ဟုလည်း စုံစမ်းသိရှိရပါသည်။

သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီစေချင်

5:50 PM | Posted by Anonymous



မြန်မာပြည်မှာ ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်တွေဟာ သက်ဦးဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆနိုင်တယ်။ ဒီကနေ့အထိလဲ စဉ်ဆက်မပြတ်သက်ရောက်နေသေးတယ်။ လူတန်းစားအဆင့်ဆင့် တုံးအောက်ကဖားတွေလို ပြားနေကြရတာခံစားတတ်သူ့ ပုထုဇဉ်တိုင်းအတွက် စိတ်မကောင်းစရာပါ။

စစ်ဘေးစစ်ဒဏ်ကြောင့်ခံရသည့် ကလေး (ဓါတ်ပုံ - refugefilms.libsyn.com)

အသက်၊ သွေး၊ ချွေး နဲ့ မျက်ရည်ပင်လယ်တွေ ဝေနေခဲ့ကြရတာလဲ ထောင်စုနှစ်တစ်ခုပြည့်ဖို့ သိပ် မလိုတော့ပါဘူး။ ဝမ်းနည်းကြေကွဲစရာ၊ ခံပြင်းဒေါသထွက်စရာ၊ အံသြတုန်လှုပ်စရာတွေနဲ့ ရှက်ရွံ့ စရာတွေ မရေတွက်နိုင်လောက်အောင်ပဲ ဖြတ်သန်းခဲ့တယ်။ ဒါပေမယ့် မက်စရာ လုပ်ပိုင်ခွင့်အာဏာနဲ့ (လူထုဘဝမှာ အခရာကျတဲ့) သတင်းကဏ္ဍကို ချုပ်ကိုင် ချယ်လှယ်ပြီး “တိုင်းပြည်အတွက်” ဆိုတဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားဟောင်းဆက်ဖွင့်ရင်း လိုရာဆက်ဆွဲ နေခဲ့ကြတာကြောင့် အဆုံးဆိုတာ မမြင်နိုင်လောက်အောင်ပါ။

“သောင်းကျန်းသူ၊ သူပုန်” တွေလို့ နာမည်တပ်ရပြီး မိသားစုတွေ အားလုံးပေါင်းမှ ၃-၄ ထောင် လောက်သာသာ အရေအတွက်ရှိတယ်လို့ ဆိုတဲ့တိုင်းရင်းသားအဖွဲ့တွေ ဒီကနေ့အထိ“အမြစ်ပြတ် ချေမှုန်း” ခံနေခဲ့ကြရတာတောင် လျှော့မသွားပဲ ပိုတိုးလာခဲ့ကြတာ “ဆန်းကျယ်တယ်” လို့များ ဆိုကြရလေမလား။ မဟုတ်ရင်လည်း ဝါဒဖြန့်ချီရေးရဲ့ မအောင်မြင်တဲ့လုပ်ဇာတ်တစ်ခု ဖုံးလို့မရ ဖိလို့မနိုင် ဖြစ်တာလား။

“ရဲသော်မသေ သေသော်ငရဲမလား” သံပြိုင်သီချင်းတွေဆိုပြီး အစီး ၃-၄၀ သော စစ်ကားတန်းတွေနဲ့ “တရားသောစစ်” ဆင်နွဲဖို့ ထွက်သွားရာက ၄-၅ စီးလောက်နဲ့ ချောက်ချက်ဖြစ်နေတဲ့ စစ်သည်တွေ ပြန်တင်လာတဲ့ အပြန်ခရီး။ မြို့ကြီးများမှာ အသွားတုံးက အောင်သပြေနဲ့ပန်းကုံးတွေ စွပ်ပေးခဲ့သူများ မမြင်မိကြတာလား၊ မဟုတ်ရင်လည်း မမြင်ချင်ကြတာလား။

နှစ်စဉ်ထောင်နဲ့ချီတဲ့ တိုက်ပွဲတွေကြား မရေတွက်နိုင်တဲ့ အသက်ဆုံးရှူံးမှုတွေဟာ တနိုင်ငံလုံး ဆင်းရဲ ချွတ်ခြုံကျမှုနဲ့ အမုန်းတွေပြည့်လျှံနေတဲ့ သောင်း၊ သိန်းမက စိတ်နှလုံးတွေကို မွေးထုတ်ပေးဖို့ အာမ ခံချက်တွေပါ။

“သူပုန်တွေက ဗမာစစ်သားတွေကို သေနတ်နဲ့တောင်မပစ်ပဲ လက်ဗလာနဲ့တင် တက်ဖမ်းကြတယ်” ဆိုတဲ့ သတင်းမျိုး တောင်ပေါ်တိုင်းရင်းသားတွေကြားဘယ်လောက်အထိ အမုန်းတရားတွေ လောင် မျိုက်အောင် အလုပ်ခံခဲ့ကြရသလဲဆိုတာ တွေးမိနိုင်ဖို့ အကြောင်းရင်းတွေဟာ အနာဂါတ်ငြိမ်းချမ်း ရေးအတွက် မျှော်လင့်ချက်သိပ်မရှိနိုင်ပါ။


မြို့ပေါ်မှာ လမ်းမတွေပေါ် ပင်ပင်ပန်းပန်း ဝမ်းစာဖွေရှာ စားနေကြရချိန်၊ တောထဲမှာလဲ ကျေးလက် မောင်နှမတွေဟာ အကြောက်တရားအပြည့်နဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေစားနေကြရတာ သိစေလိုပါ တယ်။

ရပ်ကွက်ထဲ တချို့မိခင်တွေ သူတို့ရဲ့ စစ်ထွက်သားမောင်များအတွက် ဗျာပါဒရောက်သောကတွေ ဝေနေချိန်မှာ ဟိုအဝေး တောင်တန်းပြာပြာတောနက်လျှိုမြှောင် အမှောင်ထဲစမ်းတဝါးဝါး နဲ့ တစ် တီတူးများလို မလုံခြုံတဲ့စိတ်နဲ့ ပုန်းအောင်း အိပ်စက် နေရသူတွေ ဒုနဲ့ဒေးပါ။ ဆေးပေးခန်းရှေ့ စုတ်ပြဲ နေတဲ့ ငွေစက္ကူတွေနဲ့ လူတစ်ချို့တန်းစီစောင့်ဆိုင်းနေကြရ ချိန်မှာ စိမ့်စမ်းရေကိုဆေးလုပ်သောက် နေကြသူတွေလဲ မရေတွက်နိုင်လောက်အောင်ပါပဲ။

ဒါတွေဖြစ်အောင် ဖန်တီးခဲ့ကြသူတွေအတွက် သာယာယစ်မူးမှုတွေ ရှိနေကြပေမယ့် အဲ့ဒီအကျိုး ဆက်တွေကိုယ်တိုင်ခံစား နေရသူတွေအတွက်တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်း လောကငရဲ အချိန် ကာလတွေပါ။

ခုချိန်မှာ တနိုင်ငံလုံး သံသယရှိစရာ ဗုံးတွေပေါက်နေတာ ကြားလာကြရပြန်ပါပြီ်။ စစ်ရေးပြင် တိုက်ပွဲ ခေါ်သံတွေဆိုတာ ထပ်ပြီးပြောပြစရာတောင် လိုတော့မယ် မထင်ပါ။

ပြတ်ပြတ်သားသား ပြောချင်တာကတော့ “ဒီရူးသွပ်မှုတွေကို ရပ်တန်းက ရပ်လိုက်ကြ ပါတော့” ဆိုတာပါပဲ။

မေတ္တာရပ်ခံ တောင်းပန်နေတာ မဟုတ်ပါ၊ မသိနိုင်လောက်အောင် အမြင်ပိတ်ပိန်းနေသူတွေ သတိဝင်စေဖို့နဲ့ ဒီဖြစ်စဉ်ကြီး ကို ရပ်တန့်အောင်လုပ်ဖို့ တတ်စွမ်းနိုင်သူများထံ တောင်းဆိုနေတာပါ။ သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီပါစေနဲ့တော့။


မြန်မာစစ်တပ်မှ Missile ဒုံးပျံများ အပစ်ရပ်နယ်မြေအနီးသို့ ဖြန့်ကျက်

5:46 PM | Posted by Anonymous

Thursday, 24 June 2010 17:56 သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်မှ ဒုံးပျံ အစီးရာပေါင်းများစွာကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး အာခံနေသော လက်နက်ကိုင်အဖွဲ့များ ရှိရာ ကချင်ပြည်နယ်နှင့် သျှမ်းပြည်အတွင်းရှိ ဒုံးပျံတပ်ရင်းများသို့ မေလကုန်ပိုင်းက ပို့ဆောင်လိုက်ကြောင်း စစ်ဘက် သတင်းများအရ သိရသည်။


မေလပိုင်းက ကချင်နှင့်သျှမ်းပြည်အတွင်းရှိ မိုးညှင်း၊ ကျိုင်းတုံ နှင့် နောင်ချိုမြို့နယ်များ၌ မြန်မာစစ်တပ်မှ ဒုံးပျံတပ်ရင်း (၃) ရင်းအား ဖွင့်လှစ်ခဲ့ရာ ၄င်းတပ်ရင်းသစ်များသို့ အတွဲလိုက်ပစ်ခတ်နိုင်သော ၁၂၂ မမ ဒုံးပျံ အစီး တစ်ထောင်ခန့်နှင့် ဒုံးပစ်ရာတွင်အသုံးပြုသည့် ယာဉ်များကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

မြောက်ကိုးရီးယား ဒုံးလက်နက်

အသစ်ဖွဲ့စည်းထားသည့် ဒုံးပျံတပ်ရင်းများအား ကကဒုံး (ခေါ်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဒုံး) မှ ကွပ်ကဲ အုပ်ချုပ် မည်ဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံလုပ် ဒုံးများဖြစ်ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလက ရန်ကုန် သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် မြောက်ကိုးရီးယား သဘောင်္ တစ်စီးပေါ်တွင် ဒုံးပျံနှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာကြောင်း သတင်းထွက်ခဲ့သည်။

မြန်မာစစ်တပ်အနေဖြင့် ၁၉၈၈ ခုနှစ်မှစတင်၍ စစ်တပ်အင်အားကြီးထွားရေးကို အရှိန်အဟုန်မြှင့် တိုးချဲ့လျှက်ရှိရာ ထိုစဉ် က မြန်မာစစ်တပ်တွင် တိုက်ခိုက်ရေးတပ်ရင်း ၁၈၉ ရင်းခန့်သာရှိသော်လည်း ယခုအခါ စစ်သည်အင်အား ၄ သိန်း ကျော် ခန့် ရှိပြီဖြစ်သည်။

ခေတ်နောက်ကျကျန်ပြီး ဆင်းရဲတွင်းနက်နေသည့် မြန်မာနိုင်ငံတွင် စစ်တပ်အင်အားချဲ့ထွင်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆက်စပ်နေပြီး စစ်တပ်ကျောထောက်နောက်ခံဖြင့် တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ် ချုပ်နိုင်ရန် နယ်မြေစိုးမိုးရေးကို အကွက်ချ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်သည်။

တရုတ်မှ လက်နက်ဝယ်ယူရေး ဦးတေဇ ပွဲစားလုပ်

5:44 PM | Posted by Anonymous

သောမတ်စ်မောင်ရွှေ | စနေနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၁၆ မိနစ်



ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရလေတပ်အတွက် ဘက်စုံသုံး ဂျက်ဗုံးကြဲလေယာဉ်အစီး ၅၀ ၀ယ်ယူနိုင်ရန် အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရင်းနှီးသော မဟာမိတ်တဦးဖြစ်သည့် မြန်မာနိုင်ငံမှ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးက ယခုလဆန်းပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပသော ကုန်စည်ပြပွဲတွင် ဦးတေဇ ကို ယခုလ ၇ ရက်နေ့က တွေ့ရှိခဲ့ပြီး၊ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ပူးတွဲထုတ်လုပ်သည့် ၂ ယောက်စီး K-8 Karakorum တာလတ်ဂျက်လေ့ကျင့်ရေးလေယာဉ်နှင့် အပေါ့စားတိုက်လေယဉ်များကို စစ်အစိုးရက ၀ယ်ယူနိုင်ရေးအတွက် ဖြစ်သည်။

လေယာဉ်များ၏ တန်ဖိုးကိုမူ အမျိုးမျိုးခန့်မှန်းပြောကြားနေကြသည်။ အလားတူ လေယာဉ် ၆ စင်း ၀ယ်ယူနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၇.၈ သန်း သုံးစွဲသွားမည်ဟု ဘိုလီးဗီးယားနိုင်ငံက လွန်ခဲ့သော အောက်တိုဘာလက ကြေညာခဲ့သည်။ ဂျိန်းကာကွယ်ရေး အပတ်စဉ်စာစောင်၏ ရေးသားချက်အရ အဆိုပါ ၀ယ်ယူမည့် သဘောတူညီချက်တွင် `အရံအင်ဂျင်နှစ်လုံး၊ KTS2000BW စမ်းသပ်ရေးယာဉ်၊ မာလ်တီမီဒီယာလေ့ကျင့်ရေးစနစ်၊ ကနဦးစက်အရံပစ္စည်းများ လေ့ကျင့်ရေးနှင့် ထိန်းသိမ်းရေးစက်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။

ထိုအချိန်ကတည်းကစ၍ ဗီနီဇွဲလားခေါင်းဆောင် ဟူဂိုးချာဗက် (Hugo Chavez) ကလည်း အဆိုပါ လေယာဉ် ၁၈ စီး ၀ယ်ယူရန် သူ့အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၈၂ သန်း သုံးစွဲသွားမည်ဟု ယခုလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ တောင်အမေရိကတိုက် မြောက်ဘက်ကမ်းခြေရှိ အဆိုပါနိုင်ငံ၏ လေတပ်တွင် အနည်းဆုံး လေယာဉ် အစီး ၂၀၀ ရှိသည်။

မြန်မာလေတပ်ကလည်း K-8 Karakorum အမျိုးအစားလေယာဉ် ၁၂ စီး ၀ယ်ယူခဲ့သည်။ လေတပ်နှင့် နီးစပ်သော သတင်းရပ်ကွက်များ၏ အပြောအရ မြန်မာအစိုးရသည် ရုရှားလုပ် MIG-29 နှင့် တရုတ်က ထုတ်လုပ်သော အလားတူ လေယာဉ် F-5 တို့ ကဲ့သို့သော မဟာဗျူဟာတိုက် လေယာဉ်တို့ထက် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များကို ပိုမိုရယူလိုနေကြောင်း ပြောကြားကြသည်။ အဆိုပါ တိုက်လေယာဉ်မျိုးဖြင့် စစ်အစိုးရအုပ်ချုပ်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေး ငြင်းဆန်နေဆဲဖြစ်သော အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။

လေယာဉ်များသည် ဟုန်တူး (Hongdu) လေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်းက ကြေညာခဲ့သည့် အရောင်းအ၀ယ်စာချုပ်တွင် ပဟေဋိဖြစ်နေသည်။

ကေ-၈ လေယာဉ်များကို ထုတ်လုပ်သည့် ဟုန်တူးလေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် နားလည်ရခက်သော ကြေညာချက်တွင် ကေ-၈ လေယာဉ်အစီး ၆၀ ကို `အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံတနိုင်ငံ´ သို့ ရောင်းချရန်စာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း ပါရှိသည်ဟု (ဂျိန်းထောက်လှမ်းရေး အုပ်စုပိုင်) ဂျိန်းကာကွယ်ရေး စက်မှုအုပ်စုက ကြေညာခဲ့သည်။

ဂျိန်းအုပ်စု၏ ရေးသားချက်အရ အဆိုပါ စာချုပ်ကို ဟုန်တူးကုမ္ပဏီ၊ လျှို့ဝှက်ထားသော အာရှနိုင်ငံတခုနှင့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ ပို့ကုန်သွင်းကုန် ကော်ပိုရေးရှင်းတို့အကြား ကျန်းရှီးပြည်နယ် နန်ချန်းမြို့ရှိ ဟုတ်တူးကုမ္ပဏီရုံးတွင် စက်တင်ဘာလ ၆ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံသည် မိမိတို့၏ လေယာဉ်များကို အဆင့်မြှင့်တင်ရေး ပြုလုပ်နေသည့် အီရန် သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်နိုင်သည်ဟု ဂျိန်းစာစောင်က ခန့်မှန်းသုံးသပ်သည်။ အဆိုပါ အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံမှာ မြန်မာနိုင်ငံလည်း ဖြစ်နိုင်သည်။ သို့သော် မဇ္ဈိမက ဤကိစ္စကို အတည်ပြုနိုင်ခြင်း မရှိပါ။

ဂျိန်းစာစောင်၏ အဆိုအရ ဟုန်တူးကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အဆိုပါစာချုပ်၌ အဆင့် ၃ ဆင့် ပါရှိသည်ဟု ဆိုသည်။ ပထမအဆင့်တွင် လေယာဉ် ၁၂ စီးကို တင်ပို့ရောင်းချမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ကေ-၈ နှင့် ဆက်စပ်သော နည်းပညာ၊ စက်ပစ္စည်းကိရိယာများကို ပေးအပ်ရေးဖြစ်သည်။ တတိယအဆင့်တွင် ၀ယ်ယူသူက ကျန်လေယာဉ် ၄၈ စီးကို မိမိနိုင်ငံတွင်ပင် လိုင်စင်ဖြင့် ထုတ်လုပ်နိုင်ရေး ဖြစ်သည်။

ဦးတေဇသည် သူ့လေကြောင်းလုပ်ငန်းဖြစ်သည့် အဲပုဂံတွင် အသုံးပြုရန် ခရီးတို ပြည်တွင်းခရီးစဉ်သုံး တာဘိုဂျက်အင်ဂျင် ၂ လုံးတပ် ATR-72 လေယာဉ်တစီးကို Chinese Southern Airline မှ ၀ယ်ယူရန် စုံစမ်းလေ့လာနေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံမှ အဲဘတ်စ် A-310 လေယာဉ် ၂ စီးကို သူဝယ်ယူခဲ့သေးသော်လည်း အသုံးပြုနိုင်ခြင်း မရှိဘဲ လုံခြုံရေးအရ စိတ်မချရသည့်အတွက် ရန်ကုန်မြို့တွင် ရပ်နားထားရသည်။

အမေရိကန်၊ ဥရောပနိုင်ငံများ၊ ကနေဒါ၊ သြစတြေလျနှင့် ဆွစ်ဇာလန်နိုင်ငံတို့က ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် တေဇအတွက် စီးပွားရေးလုပ်ကိုင်နိုင်သည့်နေရာ အနည်းငယ်တွင် တရုတ်နိုင်ငံလည်း တနေရာဖြစ်သည်။ အမေရိကန်အစိုးရက `လက်နက်ပွဲစားနှင့် ဘဏ္ဍာရေးလူယုံတော်´ အဖြစ် ရည်ညွှန်းဖော်ပြလေ့ရှိသည့် ဦးတေဇသည် အနောက်နိုင်ငံတခုက ပထမဆုံး ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံရသူ ဖြစ်သည်။

သူသည် အာဏာရှင်ကြီး ဦးသန်းရွှေနှင့် ဘဏ္ဍာရေးအဆက်အဆံများရှိပြီး အိမ်တွင်းပုန်း အာဏာရှင်ကြီး၏ သားသမီးများနှင့်လည်း အလားတူ အဆက်အဆံများ ရှိသည်ဟု စွပ်စွဲကိုးကားကာ ထိုသို့ နာမည်ပျက်စာရင်းသွင်း ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားလင့်ကစား ဦးတေဇသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်မျှရှိသော စီးပွားဥစ္စာများကို စုဆောင်းပိုင်ဆိုင်နေပြီဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော

5:42 PM | Posted by Anonymous

မြင့်မောင် | ကြာသပတေးနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၉ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။ ။ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုရန် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ခွင့်ပြုချက် တောင်းခဲ့သူများကို ဖွဲ့စည်းခွင့် မပြုကြောင်း ရဲက ယမန်နေ့က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရဲမှူးကြီး အောင်ဒိုင်းက အလုပ်သမား ကိုယ်စားလှယ် ၇ ဦးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူတွေ့ဆုံပြီး ”တရားမဝင်” အသင်းဖွဲ့စည်းမှုဟုဆိုကာ ဆက်လက်လုပ်ကိုင်ပါက အရေးယူမည်ဖြစ်ကြောင်း ပြောသည်။

ထင်ရှားသော အလုပ်သမားအခွင့်အရေး အကျိုးဆောင် ကိုဖိုးဖြူအပါအဝင် ၂၂ ဦးက ”မြန်မာအမျိုးသား စက်မှုအလုပ်သမားများနှင့် လယ်သမားများ အကျိုးစီပွား ကာကွယ်ရေး အလုပ်သမားများ သမဂ္ဂ” ကို တည်ထောင်ကြောင်းနှင့် တရားဝင်ခွင့်ပြုပါရန် နေပြည်တော်ရှိ စစ်အစိုးရခေါင်းဆောင်သို့ စာတိုက်မှတဆင့် အကြောင်းကြားခဲ့ပြီးနောက် အာဏာပိုင်များက တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“လုံးဝ ဖွဲ့ခွင့်မရှိဘူး။ ဖွဲ့တာကိုက တရားမဝင်ဘူးတဲ့” ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်သော ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူအပြောအရ ဖမ်းဆီးထောင်ချခံကာ သမဂ္ဂဖွဲ့စည်းခြင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်သမား၊ လယ်သမားများ အကျိုးအတွက် ကာကွယ်သွားမည်ဟု အလုပ်သမားကိုယ်စားလှယ်များက အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။

“ခါးသီးတဲ့ ဒုက္ခကို နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ လုပ်သားပြည်သူတွေ၊ ပြည်သူတွေ ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ သမဂ္ဂပေါ်ပေါက်ဖို့ လိုအပ်နေပြီ” ဟု ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူသည် စစ်တပ်က လယ်သိမ်းခံရ၍ ကန့်ကွက်သော လယ်သမားများအတွက် အကျိုးဆောင်ရာက လွန်ခဲ့သည့်နှစ် မတ်လက ထောင်ကျသွားခဲ့ပြီး လွန်ခဲ့သည့် ၃ လကမှ လွတ်မြောက်ခဲ့သည်။

သမဂ္ဂဖွဲ့စည်းမှု ဆက်လက်လုပ်ဆောင်လျှင် မတရားအသင်း ဖွဲ့စည်းခြင်းဖြစ်၍ ဥပဒေချိုးဖောက်ကြောင်းနှင့် အဖွဲ့အကြောင်း စာရေးသားပုံနှိပ်ထုတ်ဝေလျှင် ပုံနှိပ်ထုတ်ဝေသူများဥပဒေနှင့် ငြိစွန်း၍ အရေးယူမည်ဟု ရဲမှူးကြီးအောင်ဒိုင်းက အမျိုးသမီး ၃ ဦးပါသော အလုပ်သမားကိုယ်စားလှယ်များကို ပြောသည်။

ထိုနေ့အစောပိုင်းတွင်ပင် အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက သမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံခဲ့ကာ ရွေးကောက်ပွဲအပြီး အစိုးရသစ်တရပ် တက်လာချိန်အထိ စောင့်ဆိုင်းရန် ပြောကြားခဲ့သည်။

တံခါးပိတ်ဆွေးနွေးပွဲ ဖြစ်သော်လည်း ထောက်လှမ်းရေး ၂ဝ ခန့်က စောင့်ကြည့်ကာ ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

အဓိက အတိုက်အခံအဖွဲ့ကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ခြင်း မပြုသင့်ဟု ပြောကြားလိုက်သည်။

အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သော အခြားသော အလုပ်သမားကိုယ်စားလှယ်များမှာ တောင်တွင်းကြီးမြို့မှ ဦးပါလေးနှင့် ဦးဝင်းနိုင်၊ ဒဂုံမြို့နယ်တောင်ပိုင်းနေ ဦးကြည်လင်း၊ သာယာဝတီမြို့နေ မနွဲ့ရီဝင်း၊ လှိုင်သာယာမှ မခိုင်သဇင်၊ ရွှေပြည်သာနေ မအေးချမ်းပြည့်တို့ ဖြစ်သည်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က “အလုပ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရှိအောင် ဥပဒေပြဋ္ဌာန်း ထားဖို့ရယ်၊ အခက်အခဲမရှိအောင် စစ်အစိုးရက ခွင့်ပြုလုပ်ဆောင်ဖို့လိုပါတယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်အနက် အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ၁၅ ဦးအထိ ပါဝင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

စစ်တပ်အုပ်စီးသော အစိုးရဆက်ဆက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားသည်မှာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်သည်။

သို့သော်လည်း လုပ်ခလစာတိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်ကောင်းမွန်ရေးတို့အတွက် စုစည်းမှုရှိသော ပုဂ္ဂလိကစက်ရုံ လုပ်သားများ ဆန္ဒပြမှုများ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အနည်းဆုံး ၁ဝ ကြိမ် ဖြစ်ပွားခဲ့သည်။

နို့ဘိုးမှ ဒုက္ခသည် ၂၇၅ ဦး နေရပ်ပြန်ပို့

5:37 PM | Posted by Anonymous




ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ နို့ဘိုးယာယီစခန်းမှ ဒုက္ခသည် ၂၇၅ ဦးကို မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလပိုင်းအထိ စာရင်းများအရ စခန်းရှိ ဒုက္ခသည်ပေါင်း ဦးရေ ၉ဝဝ ကျော် ဖြစ်သော်လည်း နယ်မြေခံ ထိုင်းနယ်ခြားစောင့်တပ်မှ နေရပ်ရင်း ပြန်ကြရန် ဖိအားပေးသဖြင့် ၄ဝဝ ဦးခန့်မှာ ယခင်လ ၅ ရက်နေ့ မတိုင်မီ စခန်းအတွင်းမှ ထွက်သွားကြပြီးနောက် ပြန်ပို့ခံရသူများ ဖြစ်သည်။

စခန်းတွင်းမှ ထွက်သွားသူများသည် မြန်မာနိုင်ငံဘက်တွင် ရွာပုန်းရွာရှောင်များအဖြစ်လည်းကောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဆွေမျိုးများထံသို့လည်းကောင်း ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။

ကျန်ခဲ့သည့် ဒုက္ခသည် ၅ဝဝ ကျော်ကိုလည်း ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်လ ၅ ရက်နေ့မှ စတင်ပြန်ပို့သူ ယမန်နေ့အထိ မိသားစုပေါင်း ၅ဝ (၂၇၅ ဦး) ရှိပြီဖြစ်ပြီး စခန်းအတွင်း၌ မိသားစု ၅၁ စု (၂၇၇ ဦး) ကျန်နေသေးကြောင်း သိရသည်။

“တချို့ကလည်း ထိုင်းဘက်မှာရှိတဲ့ ဆွေမျိုးတွေဆီကို သွားကြတယ်။ စိတ်ညစ်ပြီး ပြန်တာတွေလည်း ရှိတယ်။ ဟိုဘက်ရော၊ ဒီဘက်မှာ ပြန်လို့မရတဲ့ မိသားစုတွေကတော့ နေရာလွတ်တွေမှာ စုနေကြတယ်” ဟု စခန်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

နေရာလွတ်များတွင် စုနေကြသူ မိသားစု ၁၃ စု လူဦးရေ ၇၄ ဦး ရှိပြီး၊ သူတို့သည် ပြန်ပို့ခံရပြီးမှ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ထိုင်းနိုင်ငံတွင်း ပြန်ဝင်လာသော်လည်း စခန်းသို့ ဝင်ရောက်ခွင့်မရသဖြင့် နို့ဘိုးစခန်းနှင့် မနီးမဝေး၌ အခြေချနေကြခြင်း ဖြစ်သည်။

ယင်းဒုက္ခများသည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက နအဖနှင့် DKBA ပူးတွဲ ထိုးစစ်ကြောင့် ကရင် အမျိုးသား အစည်းအရုံး -KNU တပ်မဟာ ၇ ပိုင် ဘားအံခရိုင်၊ ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ မဲ့လာအားခီး၊ မဲ့လာအားထာ၊ ဝါ့မီကလား၊ ထီးကဟော အစရှိသည့် ကျေးရွားများမှ ဒေသခံ ကရင်တိုင်းရင်းသားများ ဖြစ်ကြသည်။

ယင်းဒုက္ခသည်များကို ပြန်ပို့မည့်အစီအစဉ် စတင်စဉ် ယခုနှစ် ဇန်နာဝါရီလ၌ အန်ဂျီအိုများ၊ လူ့အခွင့်အရေး အဖွဲ့များ၊ လွှတ်တော်အမတ်များ၊ ကရင်အမျိုးသားအစည်းအရုံး၊ DKBA တို့က မိုင်းအန္တရာယ် ရှိသဖြင့် ပြန်သုံးသပ်ရန် နယ်မြေခံတပ်နှင့် ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြသေးသည်။

မြန်မာနိုင်ငံဘက်သို့ ပြန်ကြရန် ဒေသခံနယ်ခြားစောင့်တပ်က စီစဉ်ခဲ့သောကြောင့် လယ်ဘော်ဟဲ ဒုက္ခသည်စခန်းဟောင်းတွင် တဲအိမ်များ ပြန်ဆောက်နိုင်ရန် တောရှင်းပေးထားသော်လည်း မြေမြှုပ်မိုင်း အန္တရာယ်ရှိနေကြောင်း DKBA ၉၉၉ တပ်ရင်း အရာရှိတဦးက ပြောသည်။

“အပြင်ထွက် စားစရာရှာမယ်။ ဟိုသွားဒီသွားမယ်ဆိုရင်တော့ မြေမြှုပ်မိုင်း အန္တရာယ်ရှိတယ်။ ကျနော်တို့တောင် နယ်မြေအပြင်ကို ရမ်းပြီး သွားရဲတာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

နို့ဘိုး ဒုက္ခသည်စခန်းနည်းတူ ပြန်ပို့ခံနေရသည့် အူးသူးထ ယာယီစခန်းနေ ဒုက္ခသည် ၁၄ဝဝ ဦးအနက် အိမ်ထောင်စု ၁၁၆ စု လူဦးရေ ၇၃၆ ဦးကို ယခင်လ ၈ ရက်နေ့မှ ယခုလ ၁၂ ရက်နေ့အတွင်း ပြန်ပို့လိုက်ပြီဟုလည်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ဘားအံခရိုင်အတွင်းရှိ ဝါ့မီကလား၊ တာအူးကေထ၊ ပို့ဖေါ်လေး၊ ပနွဲ့ပူ၊ မဲ့လာအားခီး၊ မဲ့လာအားထ စသည့် ရွာများသို့ ပြန်သွားကြခြင်းဖြစ်ပြီး၊ ဝါ့မီကလားသို့ ပြန်သွားသူ အများဆုံးဖြစ်ကြောင်းနှင့် မပြန်သေးသည့် ဒုက္ခသည်များကိုလည်း စခန်းအတွင်းအပြင် ဝင်ထွက်ခွင့်ပိတ်ထားပြီး နေရပ်သို့ ပြန်ရန် နေ့စဉ်ဖိအားပေးနေကြောင်း သိရသည်။

KNU ဒုဥက္ကဋ္ဌ ဒေးဗစ်သာကပေါကမူ “ထိုင်းဘက်က ဖိအားအမျိုးမျိုးပေးတော့ ပြန်ကြတာပေါ့လေ။ စားဝတ်နေရေး ဒုက္ခတွေ ရင်ဆိုင်ကြရမှာပေါ့။ မိုင်းအန္တရာယ်လည်း ရှိတာပဲ။ KNU အနေနဲ့တော့ ဘာမှ မကူညီနိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စစ်ကြောင်းကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်း ခမရ ၃၆၇ က ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ခဲဒဲကျေးရွာမှ နေအိမ် ၁၃ လုံး ကို မီးရှို့ခဲ့ပြီး ရွာသားများကို ပစ်ခတ်သဖြင့် ထိုဒေသရှိ ရွာသား ၃ဝဝဝ ကျော်သည် အိုးအိမ်စွန့်၍ တောထဲ၌ ပုန်းရှောင်နေထိုင်ခဲ့ကြရသည်။

သူတို့သည်လည်း မိုင်းအန္တရယ်ကြောင့် နေရပ်ရင်းသို့ မပြန်ရဲပဲ တောထဲ၌ ယခုချိန်ထိ ပုန်းရှောင်နေကြရသည်ဟု ဒုက္ခသည်များကို ကူညီနေသည့် THE COMMITTEE FOR INTERNALLY DISPLACED KAREN PEOPLE (CIDKP) မှ အဖွဲ့ဝင် စောစတိဗ်က မဇ္ဈိမကို ပြောသည်။

ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပနေသည့် ကုလလူအခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးသံ မစ္စတာကွင်တာနားက စစ်အစိုးရ၏ လူအခွင့်အရေး ချိုးဖောက်မှုများအတွက် ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းရန် အကြံပြုထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဒေါ်အောင်ဆန်းစုကြည် ပါကစ္စတန် ဂုဏ်ထူးဆောင်ဆု ရရှိ

5:30 PM | Posted by Anonymous

(ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)
မြန်မာပြည်သူတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) က Benazir Bhutto Shaheed ဆု ပေးအပ်လိုက်ပါတယ်။

နှစ်ပေါင်းများစွာ အကျဉ်းချခံထားရပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အံတုနေတဲ့ သူ့ရဲ့သတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်တာ ဖြစ်တယ်လို့ PPP ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူ၊ လူ့အခွင့်အရေး ရရှိရေး ဆောင်ရွက်နေသူ၊ အများအတွက် ပရဟိတ လုပ်နေသူနဲ့ အမျိုးသမီးများ စွမ်းရည် မြှင့်တင်ရေး လုပ်နေသူတွေဆိုပြီး ကဏ္ဍ ၄ မျိုးခွဲပြီး ဆုပေးတာဖြစ်တယ် ဆိုတာကို ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ နိုင်ငံသမ္မလည်းဖြစ်တဲ့ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zadari) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူဆုအတွက် ရရှိတာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဘနာဇီယာရဲ့ တနင်္လာနေ့က ကျရောက်တဲ့ ၅၇ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပြီး သူ့ရဲ့ပါတီက ဒီဆုတွေကို ပထမဆုံး ပေးအပ်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဘူတိုဟာ ပါကစ္စတန်မှာ ၂၀၀၇ ခုနှစ်က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Sources: VOA Burmese

မြန်မာ့လူပုကလေး ဂင်းနစ်မှတ်တမ်းဝင်အောင် ကြိုးစားနေ

5:21 PM | Posted by Anonymous
ညိမ်းသူ | အင်္ဂါနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၆ မိနစ်


ရန်ကုန် (မဇ္ဈိမ)။ ။ မှတ်တမ်းတင်နိုင်ခဲ့သမျှ အပုဆုံးဖြစ်နိုင်သော မြန်မာနိုင်ငံသား ကလေးငယ် အရပ် ၂၅ လက်မရှိ အသက် ၁၀ နှစ်အရွယ် မောင်ဇော်ဗလအောင် (ခေါ်) ဗလကြီးကို ကမ္ဘာ့ထူးခြားဆန်းကြယ်မှတ်တမ်း ဂင်းနစ်တွင် ပါရှိအောင် မိဘများက ကြိုးပမ်းနေကြသည်။

မောင်ဇော်ဗလအောင်ကို ကျောက်ပန်းတောင်းမြို့နယ် ထန်းပေါက်ကုန်းကျေးရွာနေ အဘဦးဝင်းလွင်၊ အမိဒေါ်ခင်လှတို့မှ မတ်လ ၁၀ ရက်၊ ၂၀၀၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၄ ဦးအနက် ဒုတိယမြောက်ဖြစ်ကာ တဦးတည်းသောသား ဖြစ်သည်။



( မောင်ဇော်ဗလအောင် (ခေါ်) ဗလကြီး)
လက်ရှိတွင် မောင်ဇော်ဗလအောင်၏ အရပ်မှာ ၂၅ လက်မ၊ ဦးခေါင်းပတ်လည် ၁၃ လက်မ၊ ကိုယ်အလေးချိန် ၁၀ ပေါင် ရှိသည်ဟု ရန်ကုန်မြို့ ကရဝိတ်ခန်းမတွင် ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခွင့်ရှိသူ သတင်းထောက်ခင်က ပြောကြားသွားသည်။

မှုခင်းသတင်းထောက်တဦးဖြစ်သူ သတင်းထောက်ခင်က မိဘများကိုယ်စား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခြင်း ဖြစ်သည်။

ဂင်းနစ်မှတ်တမ်း တင်နိုင်ရေးအတွက် မောင်ဇော်ဗလအောင်၏ ခန္ဓာကိုယ် အတိုင်းအထွာများနှင့် ဆေးမှတ်တမ်းများကို မေလနောက်ဆုံးပတ်က ပို့ထားပြီး ဖြစ်သည်ဟု သတင်းထောက်ခင်က ပြောသည်။
(မဇ္ဈိမ)
”ကျန်းမာရေး ဆေးစစ်ချက်တွေကတော့ ရှိတယ်။ အားလုံးကောင်းတယ်။ သူ့အရိုးကတော့ ကြီးထွားမှုနှုန်း မရှိတော့ဘူး ဆိုတာပဲသိတယ်” ဟု သူက ပြောသည်။

ရွှေရင်အေး မုန့်လက်ဆောင်းရောင်းချသူ ဖခင်က မိသားစု ၆ ဦးအတွက် လုပ်ကိုင်ကျွေးမွေးနေခြင်းဖြစ်ရာ ကရဝိတ်ခန်းမတွင် ယခုလို သတင်းစာ ရှင်းလင်းပွဲလုပ်ပေးရခြင်းအပေါ် ဝမ်းသာကြောင်း ပြောသည်။

ဂင်းနစ်မှတ်တမ်းက တရားဝင် အသိအမှတ်ပြုခဲ့သော ကမ္ဘာ့အပုဆုံးလူသား ဖြစ်ခဲ့သူမှာ တရုတ်နိုင်ငံသား He Pingping ဖြစ်ပြီး အရပ် ၂ ပေ၊ ၅.၃၇ လက်မဖြင့် အသက် ၂၁ နှစ်အရွယ် ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ သူ၏ နေရာကို ဆက်ခံသူနှင့်ပတ်သက်၍ ဂရင်းနစ်က ကြေညာခြင်း မပြုသေးသော်လည်း အသက် ၁၈ နှစ်အရွယ်၊ အရပ် ၂ဝ လက်မရှိ နီပေါနိုင်ငံသား Khagendra Thapa (Mangar) က သူသည် အပုဆုံးဖြစ်ကြောင်း ပြောထားသည်။

(ဧရာဝတီ) ချိတ်ပုဆိုးဝတ် ဝန်ကြီးများ သတိဆွဲ၍ ဧည့်ကြို

Tuesday, June 22, 2010 12:57 PM | Posted by Anonymous


လာအို ဝန်ကြီးချုပ်ကို အသင့်အနေအထားဖြင့် ကြိုဆိုနေကြသည့် ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီးအဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)