အထူးကိုယ်စားလှယ်ခန့်ကာ မြန်မာ့အရေး အမေရိကန် အဆင့်မြှင့်ဆောင်ရွက်

Wednesday, April 20, 2011 8:31 AM | Posted by Anonymous
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူး ကိုယ်စားလှယ်တဦး ခန့်ထားဖို့ အမေရိကန် သမတက အဆိုပြု ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နောက်ထပ် အဆင့်တဆင့် မြှင့်တင်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mark Toner က ဧပြီ ၁၉ ရက် မနေ့က ပြောလိုက်ပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ဒုလက်ထောက် ဝန်ကြီး Derek Mitchell ကို ပြီးခဲ့တဲ့အပတ်က ခန့်အပ်ဖို့ သမတက ရွေးချယ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်-မြန်မာဆက်ဆံရေး အပြောင်းအလဲ ရှိမရှိ မေးမြန်းရာမှာ Mr. Toner က အခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။

(Derek Michell)
(Derek Michell က လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီး ဒီတာဝန် မထမ်းဆောင်ခင်က အမေရိကန်မှာ ထင်ရှားတဲ့ Think Tank အဖွဲ့ဖြစ်တဲ့ Center for International Study and Strategy မှာ အာရှတိုက်ရေးရာ တာဝန်ခံတယောက် ဖြစ်ခဲ့ဘူးပါတယ်)


သေချာတာကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ခေါင်းဆောင်ဖို့ ဒီလို အဆင့်မြင့် အစိုးရ အရာရှိတဦးကို ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန်အစိုးရက ဆောင်ရွက်ချက် နောက်တဆင့် တိုးလိုက်တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တိုက်ရိုက်ဆက်ဆံရေးနဲ့ ပိတ်ဆို့အရေးယူမှု လမ်း နှစ်သွယ် မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ကြောင်း၊ မစ္စတာတိုနာက ပြောသွားတာပါ။

သူကဆက်ပြီး တိုက်ရိုက် ဆက်ဆံရေး မူဝါဒဟာ အကျိုးရလဒ် ထုးခြားမှု မရှိတာကို ဝန်ခံရမှာ ဖြစ်ပေမဲ့ ဒီမူဝါဒကို ဆက်လက် တံခါးဖွင့်ထားမှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူက ပြောပါတယ်။

ဒီရာထူးအသစ်ကြောင့် မြန်မာနိုင်ငံ ဆက်ဆံရေးမှာ အခွင့်အလမ်းသစ်တွေ ထပ်တိုးလာမယ်လို့လည်း မျှော်လင့်သလို အချုပ်အားဖြင့်ပြောရရင် မြန်မာနိုင်ငံက အာဏာရှင် အုပ်ချုပ်ရေး ယန္တရားအပေါ် အမေရိကန် အစိုးရက အထူး စိုးရိမ်ပူပန်တယ်ဆိုတာလည်း ပြသနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ၅ ဦး စတင်ရွေးချယ်

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ပေးအပ် ချီးမြှင့်နေတဲ့ ဒုတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နာမည်စာရင်း အဆိုပြုခံရသူ ရဟန်းရှင်လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း၂၀ ထဲက ဆန်ခါတင် ၅ ဦး သတ်မှတ် ရွေးချယ်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု တဝန်းက မြန်မာမိသားစုတွေအကြား စတင် ဆောင်ရွက်နေပြီလို့ ဆုပေးပွဲ ကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းက RFA ကို ဧပြီ ၁၈ ရက် မနေ့က ပြောပါတယ်။


“စာရင်းပိတ်သွားတဲ့ အချိန်မှာ စုစုပေါင်း ၃၄ ဦးပေါ့နော်၊ ၃၄ ဦးဆိုတာ အဖွဲ့အစည်းလည်း အဲဒီထဲမှာပဲ ပေါင်းထည့်ထားတာပေါ့နော်။ အဲဒီကနေပြီးတော့ ၂၀ ကို ကျွန်တော်တို့ ရွေးထုတ်ပြီးတော့ ဒီမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီးတော့ ဆန်ခါတင် ၅ ဦး ပြန်ရွေးရမှာ ဖြစ်ပါတယ်။”

“အခုတော့ ကျွန်တော်တို့ ၅ ဦး ရွေးတဲ့ အစီအစဉ်ကတော့ အခုကနေ စနေပြီပေါ့နော်။ စပြီဆိုတဲ့အခါကျ ကျွန်တော်တို့ ဒီမှာ အမေရိကားမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် မိသားစုတွေ ရှိတဲ့ မြို့တွေမှာပေါ့၊ ဝိုင်းလုပ်ကြတဲ့ စေတနာရှင်တွေရော နောက်ပြီးတော့ မြို့ခံ၊ ဒေသခံတွေ ဆီကပါ တတ်နိုင်သလောက် ဆန္ဒတွေ ကောက်ပြီးတော့ ၅ ဦးပေါ့။ အခုဆိုရင် စပြီး ရွေးပြီပေါ့နော်။”

“ရွေးပြီဆိုတော့ ကျွန်တော်တို့ လကုန်လောက်မှာ အဲဒီ အားလုံးကို ကျွန်တော်တို့ စာရင်းပြန်ပေါင်းတဲ့အခါမှာ အများဆုံးက ရွေးချယ်ထားတဲ့ ဆန်ခါတင် ၅ ဦးကို အွန်လိုင်းမှာတင်ပဲ မဲပေးတဲ့ စနစ်နဲ့ ကျွန်တော်တို့ ရွေးချယ်မှာ ဖြစ်ပါတယ်။”



ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေကို နိုင်ငံတကာမှာ ရှိတဲ့ မြန်မာမိသားစုတွေက အင်တာနက် အွန်းလိုင်းကနေ မဲစနစ်နဲ့ ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

လောလောဆယ် နာမည်စာရင်း အဆိုပြုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ထဲမှာ သီတဂူဆရာတော် အရှင် ဉာဏိဿရ၊ တောင်ဒဂုံ အိတ်အိုင်ဗီစင်တာ တာဝန်ခံ မဖြူဖြူသင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့က ဦးမြင့်အေး၊ ကိုဇာဂနာ၊ ရခိုင်သဟာရအသင်းကြီးနဲ့ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံတို့လည်း ပါဝင်ပါတယ်။

ဒီဆုကို မနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး ပထမဆုံးအကြိမ် ပြည်သူဂုဏ်ရည်ဆုရှင်အဖြစ် နာရေးကူညီမှု အသင်းခေါင်းဆောင် ဦးကျော်သူကို ရွေးချယ်ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ပြည်သူ့ဂုဏ်ရည် ဆုရှင်ကို ဒေါ်လာ ၁ သောင်းအထိ တိုးမြှင့်ဂုဏ်ပြုဖို့ စီစဉ်ထားပြီး ဆုပေးပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ လာမဲ့ မေလ ၁၅ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။

The Purple Plain 1954Burma Movie11

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie10

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie09

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie08

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie07

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie06

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie05

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie04

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie03

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie02

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954 - Burma Movie 01

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

အန်အယ်လ်ဒီရုံးချုပ်က သက်ကြီးပူဇော်ပွဲ

8:33 PM | Posted by Anonymous















မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကင်တာနာသည် မြန်မာအစိုးရသစ်ထံ ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက် စာရေးတောင်းဆိုလိုက်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

Tomas_Ojea_Quintana_AP

ဂျနီဗာတွင်ကျင်းပသည့် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံ၌ ရှင်းလင်းပြောကြား နေသော မစ္စတာ ကင်တာနာ (ဓာတ်ပုံ - AP)

မစ္စတာကင်တာနာသည် လာမည့် မေလတွင် မြန်မာပြည်သွားရောက်ခွင့်ရရေးအတွက် ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့ရှိ မြန် မာ ကိုယ်စားလှယ်မှတဆင့် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်ထံသို့ စာရေးတောင်းဆိုလိုက်ခြင်းဖြစ်သည်။

အကယ်၍ ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့ပါက ကင်တာနာအနေနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင်ထိပ်တန်းမှ ဦးဆောင်နေသူများနှင့် တွေ့ဆုံရန်ရှိသကဲ့သို့ အကျဉ်းထောင်များသို့ သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ဆုံရန်ရှိကြောင်း၊ ထို့အပြင် ကရင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသများရှိ လူ့အခွင့်အရေးအခြေအနေများကို လေ့လာရန်ရှိကြောင်းလည်း သိရသည်။

“အခုကျမတို့ ရှမ်းပြည်မြောက်ပိုင်းဘက်က ပြည်တွင်းစစ်တွေကြောင့်ဒေသခံ တသိန်းကျော်ဟာ စစ်ပြေးဒုက္ခသည်တွေ အဖြစ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေခံနေရတယ်ဆိုတာတွေကိုလည်း ကျမတို့အစီရင်ခံစာထုတ်ထားတယ်၊သူသာ ဗီဇာရရင် ဒါတွေကိုလည်း အသေးစိပ်လေ့လာနိုင်မယ်”ဟု ရှမ်းအမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူ နန်းချန်တောင်း က ဧရာဝတီသို့ပြောသည်။

မစ္စတာကင်တာနာသည် ပြီးခဲ့သည့်မတ်လ အတွင်းက ဂျနီဗာတွင်ကျင်းပသော ၁၆ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံ တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို အစီရင်ခံ တင်ပြခဲ့သည်။

အစီရင်ခံစာတွင် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရေးအပါအ၀င် လူမူရေး၊ ဘာသာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးများချိုးဖောက်ခံနေရမှုများကို တင်ပြထားသည်။ ထို့အပြင် မစ္စတာကင်တာနာက မြန်မာအစိုးရသစ် အနေနှင့် ယခင်နှင့်မတူ အပြောင်းအလဲများ ရှိခြင်းကို ပြသလိုလျှင် လွတ်လပ်မျှတသော စုံစမ်းစစ်ဆေးမှုများကို ဦးစွာ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

“မစ္စတာ ကင်တာနာအနေနဲ့ ဗီဇာလျှောက်ထားတယ်ဆိုတာကတော့ ကောင်းပါတယ်၊ ဗီဇာရမယ် မရဘူးဆိုတာကတော့ မြန်မာအစိုးရသစ်က ဘယ်လောက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မလဲ၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေသလဲ ဆိုတာ အပေါ်မူတည်တယ်လို့ ထင်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“အရင်လူတွေက လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို သိပ်မပြောကြဘူး၊ စစ်အစိုးရနဲ့ပြေလည်ရေးပဲ ပြောကြဆိုကြ တာ၊ သူ့(မစ္စတာကင်တာနာ) လက်ထက်ကျမှ သေသေချာချာ တိတိကျကျ ဖော်ထုတ်လာတာ၊ ဒါကြောင့် အရင် စစ် အစိုးရက မကြိုက်လို့ ဗီဇာ မပေးခဲ့ဘူး၊ အခုအစိုးရဆိုတာကလဲ ဦးသိန်းစိန်တို့ ဒီလူတွေပဲအစိုးရဆိုတော့ ဗီဇာပေးမယ်လို့ ကျနော်တို့က မထင်ဘူး”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

မစ္စတာကင်တာနာသည် မြန်မာစစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး မြန်မာ အစိုးရ သစ် အနေနဲ့ စုံစမ်းစစ်ဆေးအရေးယူမှုများကို ပျက်ကွက်ခဲ့ပါက နိုင်ငံတကာက အဆိုပါတာဝန်ကို ယူရမှာဖြစ်ကြောင်း လည်း သတိပေးပြောကြားထားသည်။

မစ္စတာ ကင်တာနာ၏ ၂၀၁၀ ဖေဖော်ဝါရီလ ခရီးစဉ်နောက်ပိုင်း မြန်မာစစ်အစိုးရဟောင်းက ဗီဇာငြင်းပယ်ခဲ့ပြီးနောက် ယခု မြန်မာအစိုးရသစ်တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ဝင်ခွင့်ဗီဇာတောင်းခံခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများတွင် ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကောင်းမွန်သော အစိုးရ တရပ်ဖြစ်စေရေး ပြောဆိုထားသည်။

မစ္စတာကင်တာနာ၏ ပြည်ဝင်ခွင့်ဗီဇာတောင်းခံထားခြင်းအပေါ် မြန်မာအစိုးရသစ်အနေဖြင့် မည့်ကဲ့သို့ ကိုင်တွယ် ဆောင် ရွက်သွားမည်ကိုမူ မသိရသေးပေ။

လူ့အခွင့်အရေးလှုပ်ရှားသူများက အစိုးရသစ်ဟာ အထူးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပေးခြင်းအားဖြင့် တရားမျှတမှု ရှိခြင်း၊ နိုင်ငံတကာနှင့်အစိုးရသစ်တို့၏ ပိုမိုကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်ခြင်းနှင့် လူ့အခွင့်အရေးအခြေအနေများအတွက် အမှန်တကယ်ပြုပြင်ပြောင်းလဲလိုစိတ်ကို ပြသရာရောက်သည်ဟု ထောက်ပြကြသည်။

နိုင်ငံတကာမှ တောင်းဆိုထားသည့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကို အစိုးရသစ်အနေနှင့် တုံ့ပြန်ရန် နှေးကွေးသည့်အပြင် မကြာမီကပင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပထမဆုံးဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဆက်လက်၍လည်း နိုင်ငံ ရေးနှင့် ဆက်နွယ်သူတချို့အဖမ်းခံကြရသည်ဟု သတင်းများထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံးနိုင်ငံများအဆင့်တွင် ရှိနေခဲ့ရာ လူ့အခွင့် အရေး မှတ်တမ်းများ ကောင်းမွန်လာစေရန် မြန်မာအစိုးရသစ်တွင် တာဝန်ရှိသည်ဟု ရန်ကုန်မြို့ရှိ လူ့အခွင့်အရေးတက်
ကြွလှုပ်ရှားသူတဦးက ဧရာဝတီသို့ပြောကြားသည်။

Credit to: ဧရာဝတီ
http://www.irrawaddy.org/bur/index.php/news/6176-2011-04-12-07-56-48

အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ

အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့

အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့





Credit to: အညာနွေတမာမြေ anyarnwaytamarmyay