Daw Aung San Suu Kyi's greeting

Tuesday, February 22, 2011 6:13 PM | Posted by Anonymous

A good communication system is essential to our endeavour to set up a people's network for democracy that will span the whole world. I am very pleased indeed that there is now a web page that will make the policies and activities of the National League for Democracy known across the globe. By communication, through the web page, with strong supporters of our cause, as well as with those who want to know more about our movement for democracy and about the NLD, I believe we shall be able to achieve our goal of a democratic union at a faster pace.

I would like to extend my heartfelt thanks to all those whose worked so hard to make this web page a reality.

Please go to NLD web page: http://www.nldburma.org/

ဒေါ်အောင်ဆန်းစုကြည်ကြောင့် လူထုအုံကြွမှု မဖြစ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

Monday, February 21, 2011 3:27 AM | Posted by Anonymous



လင်းသန့်၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွေ့  လူထုအုံကြွမှု ဖြစ်ပေါ်မလာနိုင်ဟု လွန်ခဲ့သည့် သီတင်းပတ်က နေပြည်တော် အရေးပေါ်အစည်းအဝေးတခုတွင် ပြောကြားလိုက်သည်ဟု သိရသည်။

မကြာသေးမီက တူနီရှားနိုင်ငံမှ စတင်ခဲ့ပြီး တခြား အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ကူးစက်ခဲ့သည့် လူထုလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီး အာဏာရှင်များ အာဏာလက်လွှတ်ပေးခဲ့ရသည့် အခြေအနေများကို မြန်မာနိုင်ငံတွင်လည်း စိတ်ဝင်စားနေကြသည်။

ထိုကဲ့သို့ အရှေ့အလယ်ပိုင်းတွင် လူထုအုံကြွမှုများ ဖြစ်ပေါ်နေစဉ် မြန်မာစစ်ခေါင်းဆောင်များကလည်း အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူခဲ့သည်ဟု သိရသည်။


ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မှူးများတင်ြပလာကြသော အရှေ့အလယ်ပိုင်းနှင့် တချို့ နိုင်ငံများတွင် ဖြစ်ပွားနေသော အထွေထွေ အုံကြွမှု မြန်မာနိုင်ငံတွင် ဂယက်ရိုက်ခတ်လာခဲ့သည်ရှိသော် လုံခြုံရေး ကြိုတင်ပြင်ဆင် ထားနိုင်ရန် ဆွေးနွေးကြကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အထက်ပါ အတိုင်း ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွေ့ လူထုအုံကြွမှု မဖြစ်နိုင်ဟု မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အစည်းအဝေးတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအဝင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ မန္တလေးတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် တချို့ တိုင်းမှူး၊ တပ်မမှူးများက ဆန္ဒပြမှုများ ပေါပေါက်လာနိုင်သည်ဟု ခန့်မှန်းကြောင်း သိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ Freedom News Group တွင်လည်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မပူးပေါင်းမိခင် သံဃာများကို ဖြိုခွင်းခဲ့ကြောင်း ပြောသည်ဟု အရာရှိတဦးကို ကိုးကားဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မှတ်ချက်နှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ တက်ကြွ လှုပ်ရှားသူ လူငယ်တဦးက ဧရာဝတီသို့ ပြောကြားရာတွင် “ကျနော်တို့ အခု မြန်မာနိုင်ငံမှာ မူဘာရက်လို ဗိုလ်သန်းရွှေ အမြန်ဆုံးအာဏာက ထွက်ပြေးအောင် လူထုလှုပ်ရှားမှု ပေါ်ပေါက်လာရေး၊ သိန်းစိန် အစိုးရ အလိုမရှိ ပိုစတာ ကင်မ်ပိန်းလုပ်နေကြတယ်။ ခက်တာက အန်တီစုက ဒါမျိုးတွေကို စိတ်ဝင်စားတဲ့ ပုံမတွေ့ရတဲ့အပေါ် မူတည်ပြီး ဗိုလ်သန်းရွှေကြီးက အဲဒီလို မှတ်ချက်ပေးတာ ဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ တိုင်းပြည် အမြန်ဆုံးပြောင်းဖို့အတွက် ကြိုးစားလုပ်ဆောင်သွားမှာပဲ။ ကျနော်တို့က ပေးဆပ်နေရတာ သိပ်များနေပြီ။ တအိအိ ဆိတ်သုဉ်းနေတဲ့ ဘ၀တွေအတွက် အချိန်က သိပ်တန်ဘိုးရှိတယ်” ဟု ဆိုသည်။

တက်ကြွလှုပ်ရှားသူ လူငယ်များက တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းသို့ စစ်အာဏာရှင်များ တက်လာစေရေးအတွက် ပြည်တွင်းလူထု လှုပ်ရှားမှုဖြင့် ဖိအားပေးရေးလမ်းစဉ်က စွန့်စားမှု ကြီးသော်လည်း တပ်မတော်ကြားနေပါက တခြားနိုင်ငံများအတိုင်း အောင်မြင်သော အသွင်ကူးပြောင်းရေးကို ဖြစ်ထွန်းမည်ဟု ယုံကြည်နေကြကြောင်း သိရသည်။

နိုင်ငံတကာတွင် အင်တာနက်အွန်လိုင်း အသုံးပြုပြီး လူထုအုံကြွမှု လှုံ့ဆော်မှုများကြောင့် အစိုးရ အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပွားလာမှုသည် မြန်မာနိုင်ငံတွင်လည်း သင်ခန်းစာယူ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ဖြစ်ထွန်းလာနိုင်ခြေ ရှိမရှိ မြန်မာ့အရေး လေ့လာသူများအကြား မေးခွန်းထုတ်နေကြသည်ဟု သိရသည်။

အကျဉ်းသားပေါ်တာများ စစ်မြေပြင် ဆက်ပို့ရန် စီစဉ်

3:25 AM | Posted by Anonymous

သင်းအောင် Monday, 21 February 2011 17:28


နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ပေါ်တာ (စစ်ဆင်ရေးလုပ်သား) အဖြစ် မကြာမီရက်ပိုင်း၌ ရန်ကုန် အင်းစိန် အကျဉ်းထောင်မှ တဆင့် စစ်မြေပြင်သို့ ပို့ရန် စီစဉ်လျက်ရှိကြောင်း အင်းစိန် အကျဉ်းဦးစီးဌာန ထောင်မှူးတဦးက ပြောသည်။

porter2011

ဇန်န၀ါရီ လကုန်ပိုင်းက ထိုင်းနိုင်ငံဘက် ထွက်ပြေး လွတ်မြောက်လာသည့် အင်းစိန် အပါအ၀င် နိုင်ငံတ၀န်းရှိ ထောင်များမှ ခေါ်ယူအသုံးပြုခံရသော အကျဉ်းသား ပေါ်တာများ (ဓာတ်ပုံ - ဧရာဝတီ)

အကျဉ်းသားများကို ရဲဘက် စခန်း ထုတ်သည်ဟု အကြောင်းပြ ပို့ဆောင်မည်ဖြစ်ပြီး မည်သည့်ထောင်၊ အကျဉ်းသားဦးရေ မည်မျှ ၊ ပို့ဆောင်မည့် နေ့ရက် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ဒီဇင်ဘာ လလယ်ခန့်က ဧရာဝတီတိုင်း ပုသိမ်၊ မအူပင်၊ မြောင်းမြ အကျဉ်းထောင်များမှ အကျဉ်းသား ၂၀၀ သည် အင်းစိန် အကျဉ်းထောင်သို့ ရောက်ရှိလာပြီး မြ၀တီ ရှေ့တန်း စစ်မြေပြင်သို့ ပေါ်တာ အဖြစ် ပို့ဆောင်ခဲ့သည်ဟု မကြာမီ ရက်ပိုင်းက လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် အကျဉ်းသား တဦး က ပြောသည်။

၎င်းက“သူတို့အားလုံးကို ၂-ဆောင်၊ တိုးချဲ့-၃ မှာ တခန်းတည်းထားတယ်။ ဘယ်သူမှ တွေ့ခွင့် မရှိဘူး။ အပြာဝတ်၊ ခြေကျင်းတွေ နဲ့ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေ ချည်းပဲ။ မြ၀တီမှာ လမ်းဖောက်ရမယ် ဆိုပြီး နောက်တနေ့ မနက် ၅ နာရီမှာ ရဲဘက် ထုတ် တယ်။ ဟိုရောက်တော့ ရှေ့တန်း ပို့လိုက်တယ်။ အဲဒီအထဲက အယောက် ၂၀ လောက်ပဲ ခြေပြတ် လက်ပြတ် ဒဏ်ရာတွေနဲ့ အင်း စိန် ထောင်ဆေးရုံ ပြန်ရောက်လာတယ်”ဟု ပြောပြသည်။

ထို့အပြင် ဇန်န၀ါရီ ဒုတိယ အပတ်ကလည်း အင်းစိန်ထောင် အကျဉ်းသား ၂၀၀ ကို မြ၀တီစစ်မြေပြင်သို့ ပေါ်တာအဖြစ် ထပ်မံ စေ လွှတ်ကြောင်း၊ လက်နက်ကြီးများဒဏ်ကြောင့် အကျဉ်းသားပေါ်တာ ၇ ဦးသာ အသက်ရှင် ကျန်ရစ်ကြောင်း၊ ၎င်းတို့သည် ဒဏ်ရာ အသီးသီးနှင့် အင်းစိန်ထောင်ဆေးရုံ၌ လက်ရှိ တက်ရောက်ကုသနေဆဲဖြစ်ကြောင်း သိရသည်။

“အရပ်သား အကျဉ်းကျတွေဆိုတော့ ဗုံးဆန်၊ ကျည်ဆန်တွေကြားမှာ ကြောက်တာပေါ့။ ဒီအထဲက တချို့ကြောက်လို့ပြေးတယ်။ စစ်တပ်က ပြန်မိတော့ ရိုက်နှက်ထားလိုက်တာ မြင်လို့တောင် မကောင်းဘူး”ဟု အင်းစိန်ထောင်ဆေးရုံ၌ ဆေးကုသခံခဲ့ရသူ တဦး က ပြောသည်။

၎င်း၏ အဆိုအရ အင်းစိန်ထောင် ဆေးရုံတွင် အကျဉ်းသားလူနာ ၈၀ ထက် မနည်း တက်ရောက်လျက်ရှိသော်လည်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိကြောင်း သိရသည်။

အင်းစိန် အကျဉ်းဦးစီးဌာန တာဝန်ရှိသူသို့ လာဘ်လာဘ ငွေကြေးပေးနိုင်သူ အကျဉ်းသားများသည် ရန်ကုန်တိုင်းအတွင်းရှိ လှည်း ကူး - လှေလှော်အင်း၊ တွံတေး - တောကြီးတန်း အပြင် တခြား ကျောက်ထု ရဲဘက် စခန်းများသို့သာ ပို့ဆောင်ခံရပြီး ငွေကြေး မတတ်နိုင်သည့် အကျဉ်းသား အများစုမှာ လတ်တလော၌ ကရင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်မှုများ ရှိနေကြောင်း အင်းစိန် အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

၂၀၁၀ ဒီဇင်ဘာလ မှ ၂၀၁၁ ဇန်န၀ါရီ အတွင်း ကရင်ပြည်နယ် စစ်မြေပြင်သို့ အကျဉ်းသား ပေါ်တာ(၂) ကြိမ်တိုင် ပို့ဆောင်ပြီး ဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း အင်းစိန် ထောင်မှ အကျဉ်းသားများကို စစ်မြေပြင်၌ ပေါ်တာ အဖြစ် သုံးရန် ၁၀ ဘီး ကား ၅ စီးဖြင့် ခေါ်ထုတ်သွားသည်ဟု နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ(DVB)သတင်း၌ ဖော်ပြထားသည်။

Sources: Irrawaddy

ကျမ၏ စု

2:00 AM | Posted by Anonymous


(Reader Digest, Volume 96, No.575, FEBRUARY 2011 မှ Noriko Ohtsu ရဲ့ MY FRIEND SUU ကို ဒီပါအောင်က ဆီလျော်အောင် ပြန်ဆိုပြီး ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။ အဲဒါကို ဒီမှာ ပြန်လည် ဖော်ပြလိုက်ပါတယ်။)

ကမ္ဘာကသိကြတဲ့ အောင်ဆန်းစုကြည်ဆိုတာ ရဲစွမ်းသတ္တိရှိတဲ့ ဟီးရိုးတစ်ယောက်၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မကြာခင်ကမှ လွတ်လာတဲ့ အကျဉ်းသား၊ နှစ်၂၀ ကျော်ကျော်လောက် မြန်မာပြည်မှာ ဒီမိုကရေစီ မီးတောက်လေး အညွန့်တစ်လူလူ ဖြစ်လာအောင် ထွန်းညှိပေးတဲ့ လူတစ်ယောက် အဖြစ်ပေါ့။ ဒါပေမယ့်လို့ ကျမ အတွက်တော့ “စု” ဆိုတာ - နာမ်စား အနေနဲ့ ခေါ်တဲ့ “စု” ဆိုတဲ့ အမျိုးသမီးဟာ ခပ်ရိုးရိုးပါပဲ။ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က အောက်စဖို့ဒ်မှာ စာပေပညာသင်ကြားနေတဲ့ လူငယ်အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး အဖြစ် “စု” ကို စတင်သိကျွမ်းခဲ့ပါတယ်။ သူမဟာ အလွန်တော်တဲ့ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်သလို အလွန်ကြင်နာတတ်တဲ့ အမေတစ်ဦးလည်း ဖြစ်တယ်။


ကျမဟာ သူယောက်ျား မိုက်ကယ် အဲရစ်ကို ပထမ စတင်သိခဲ့တာပါ။ ၁၉၇၄ ခုနှစ်က လန်ဒန်မှာရှိတဲ့ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးကျောင်း (SOAS) မှာ ကျမနဲ့ သူဟာ တိဘက် ဘာသာစကားကိုအတူတူ သင်ကြားရင်းတွေ့ခဲ့တာပါ။ အဲရစ်ဟာ ချောမောတယ်လို့ မပြောနိုင်ပေမယ် ကျမကတော့ သူကို သဘောကျပါတယ်။ သူ့ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ လူကြီးလူကောင်းဆန်တဲ့ အသွင်အပြင်ဟာ လူတွေကို ကျေနပ်နှစ်သိမ့်နိုင်ပါရဲ့။

အဲ့ဒီတုန်းက သူ့အသက်ဟာ ၂၇ နှစ်ပဲ ရှိသေးပေမယ့် အိန္ဒိယနိုင်ငံအထက်ပိုင်းက သေးငယ်လှတဲ့ တိဘက်နိုင်ငံရဲ့ တော်ဝင်မိသားစုတွေကို အင်္ဂလိပ်စာ သင်ကြားပေးနေတာ အတော်ကြာခဲ့ပါပြီ။ သူ့ရဲ့ မရိတ်မသင်ဘဲ ထားထားတဲ့ ဆံပင်၊ မုတ်ဆိတ်တွေနဲ့ ရှည်လျားတဲ့ အရပ်ကြောင့် သူ့ကိုတွေ့တာနဲ့ ဟိမ၀န္တာက ဘီလူးတစ်ကောင် ကိုယ်ထင်များ ပြနေသလားလို့တောင် ထင်ရတယ်။ သူ့ကိုယ်သူ မိတ်ဆက်ပြီးတော့ ကျေနပ်ပီတိဖြာနေတဲ့ အပြုံးနဲ့ ပြောတာက “ကျနော့် အမျိုးသမီးက မြန်မာဗျ” တဲ့။

နောက်ပိုင်း ရေစက်ပါလာလေသလားတော့ မသိပါ။ ကျမယောကျာ်း ဂျပန်လူမျိုး ဆာဒါရိုရှိ (ဆိုဗီယက်ယူနီယံမှာ စီးပွားရေး ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ) ရော၊ “စု” နဲ့ ကျမရော၊ ၁၉၇၃ ခုနှစ်မှ မွေးတဲ့ ကလေးလေး အလက်ဇန်ဒါရော၊ မိုက်ကယ်ပါ လန်ဒန်ကနေ အောက်စဖို့ဒ်ကို အတူတကွ ပြောင်းရွေ့ခွင့်ရခဲ့ပါတယ်။ ရလဒ်ကတော့ ကျမတို့အားလုံး တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသွားကြတာပေါ့။ အာရှက လာကြတဲ့ “စု” နဲ့ ကျမ နှစ်ယောက်လုံး အတွက်တော့ ပိုပြီး အကူအညီရပါတယ်။ ဝေးကွာတဲ့ ကမ္ဘာ့ရဲ့ အရှေ့ခြမ်းက လာသူတွေ နည်းနည်းလေးပဲ ရှိတဲ့မြို့ မှာလေ။ ကျမတို့ဟာ အောက်စဖိုဒ့်က ဘယ်သူငယ်ချင်းနဲ့မှ မခင်ဖူးတဲ့ ခင်မင်မှုမျိုးနဲ့ ခင်ခဲ့ကြပါတယ်။

“စု” ကို ကျမ စတွေ့ဖူးတော့ ကလေးတွန်ုးလှည်းလေးကို တွန်းလာတဲ့ လှပငယ်ရွယ်တဲ့ အမျိုးသမီးလေးလေ။ မြန်မာ့ရိုးရာ ထမီကို ၀တ်ဆင်ထားပါတယ်။ ထမီဆိုတာ မလေးနဲ့အင်ဒိုမှာ အမျိုးသမီးတွေ ၀တ်လေ့ဝတ်ထရှိတဲ့ လုံချည်နဲ့ ခပ်ဆင်ဆင်ပါပဲ။ သူမက ဆံပင်ကို တစ်ပတ်လျိုဆံထုံး ထုံးပြီးတော့ နောက်ကို တွဲချထားတယ်။ သူ့ကြည့်ရတာ ၂၉ နှစ်လို့ကို မထင်ရဘူး။ သူက မိုက်ကယ်ထက် ၁ နှစ်ပိုကြီးတယ်။ ဒါပေမယ့် မိုက်ကယ် ကတော့သူနဲ့ တွဲသွားရင် သူအဖေလို့ ထင်ရတယ်။


“စု” နဲ့ ကျမနဲ့ဟာ စားစရာ အချိုအချဉ်တွေ လဲရတာ ၀ါသနာပါတယ်။ ပြီးတော့ အောက်စဖိုဒ့်က ဈေးထဲမှာ အတူတူ ဈေးဝယ်ကြတယ်။ ကျမတို့ဟာ ဟိုစပ်စပ် ဒီစပ်စပ် လျောက်ကြည့်ကြတာပေါ့။ ၀ယ်ချင်တာကို ကြည့်ထားရတာလေ။ ဒါမှ ဈေးနှုန်းချရောင်းတဲ့အခါ အလွယ်တကူရှာလို့ရမှာပေါ့။ “စု” ဟာ သူမ၀တ်ဖို့ လုံချည်ကို သူ့ဖာသူရက်လေ့ရှိပါတယ်။

မိုက်ကယ်ဟာ သူ့ရဲ့တိဘက်ဆိုင်ရာ သုတေသန လုပ်ငန်းကို ကြိုးစားပြီး အဆုံးသတ်ဖို့ လုပ်နေပါတယ်။ ဒါပေမယ့် သူ့မှာ ၀င်ငွေက နည်းနေပါတယ်။ “စု” က ကျမ ကိုပြောတယ်၊ “နိုရီကိုရေ … ကျမတို့တော့ ပေါင်တစ်တယ် နောက်ဆုံးပဲ ကျန်တဲ့အထိ ဖြစ်သွားပြီ။ ဒီကမ္ဘာမှာ ဘာလုပ်လို့ ရပါဦးမလဲ”။ ဒါပေမယ့်လို့ “စု” ဟာ ဈေးသက်သက်သာသာနဲ့ ညစာ ပြင်ဆင်ချက်ပြုတ်ရတဲ့နေရာမှာ တော်တော် တော်ပါပေတယ်။ သူမရဲ့ မိန်းမ မာနက ငါးနဲ့အာလူးချောင်း သို့မဟုတ် ဘာဂါနဲ့ ကျန်တဲ့ အမြန်စာလောက်ကို လုပ်ဖို့ ခွင့်မပြုခဲ့ပါဘူး။ သူမဟာ ခရစ္စမတ် ကိတ်ကိုတောင် ခရစ္စမတ် မရောက်ခင် ၆ လလောက်ကတည်းက လုပ်စားတတ်သေး။

ကျမက ဘယ်အချိန်ပဲဖြစ်ဖြစ် ကူညီဖို့ ကြိုးစားတဲ့ အနေနဲ့ သူတို့မိသားစု ကြိုက်တတ်တဲ့ ဂျပန်ရိုးရာ အစားအစာ ရှဘူ-ရှဘူ (shabu-shabu)၊ ဆုကီယာကီ sukiyaki (ဟော့ပေါ့ပုံစံမျိုး) နဲ့ တန်ပူရာ (tempura) ကို ချက်ပြုတ်ပြီး ညစာ အတူစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဆဒါယိုရှိ နဲ့ ကျမ ဂျပန်ကို ပြန်ခဲ့ကြပါတယ်။ ကျမတို့ပြန်ရောက်ပြီး ၁၀ နှစ် အကြာ ၁၉၈၅ ခုနှစ်မှာ “စု” ဟာ အသက် ၈ နှစ်ရှိပြီဖြစ်တဲ့ သူ့သားငယ် ကင်မ် ကိုခေါ်ပြီး ကျိုတို တက္ကသိုလ် က သုတေသန အသင်းအဖွဲ့ဝင်အဖြစ် ရောက်လာပါတယ်။ ရက်သတ္တပတ် ကုန်တိုင်းကုန်တိုင်းမှာ သူတို့ဟာ ဘီဝ ကန်ကြီးကနေ လှမ်းကြည့်ရင် မြင်နေရတဲ့ ကျမတို့အိမ်ကို လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ နှစ်သစ်ကူး အကြိုည ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သူတို့ရောက်လာတော့ ကျမတို့က အနီးအနားက ဂျပန်ရိုးရာ ခေါင်းလောင်း အကြီးကြီးတွေ ရှိတဲ့ ဗုဒ္ဓဘုရားကျောင်းတစ်ကျောင်းကို ခေါ်သွားခဲ့ပါတယ်။ နောက်နေ့ကျတော့ ကျမဟာ “စု” ရဲ့ ရင်ထဲမှာ “စု” ဟာ မြန်မာပြည်ကို ဘယ်လောက် လွမ်းတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။

ကျမက ပြောတယ် ဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ်လို့ပြောတော့ စုက ကျမတို့ သွားလည်လို့ရမလားလို့ မေးပါတယ်။ အဲဒီမှာ ပိတ်ရက်ဆိုတော့ မုဒ်ဦးက ပိတ်ထားပါတယ်။ ဒါနဲ့ ကျမက နောက်ဘက်ကို လှည့်ဝင်သွားပြီး အကူအညီ တောင်းလိုက်ပါတယ်။ တံခါးဖွင့်ပေးပြီး အထဲဝင်သွားတော့ နူးညံ့သိမ်မွေ့ပြီး ၀မ်းသာပိတိဖြစ်နေတဲ့ မြန်မာဘုန်းတော်ကြီး တစ်ပါးကို တွေ့ခဲ့ရပါတယ်။ “စု” ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပိုက်ဆံနဲ့ပတ်သက်ပြီး အတော်လေး ဂရုစိုက်ပေမယ့်လို့ သူမဟာ ဘုန်းကြီးကို ယန်း ၅၀၀၀ (ဒေါ်လာခြောက်ဆယ်နှင့် ယနေ့ခေတ်တွင်ညီမျှ သည်) ကို ကပ်လိုက်ပါတယ်။ ဘုရားရှိခိုးပြီးတော့ ထိခြင်းငါးပါးနဲ့ ဘုရားရှေ့မှာ လက်စုံမိုးပြီး ရှိခိုးခဲ့ပါတယ်။

ကျမ အံ့အားသင့်ခဲ့မိတာ တစ်ခုက ကျမနဲ့ စုဟာ ဗြိတန်နဲ့ဂျပန်မှာပဲ တွေ့ခဲ့တာ၊ မြန်မာပြည်မှာမှ မဟုတ်တာ။ ကျမက သူမကို နိုင်ငံခြားသားတစ်ယောက် အနေနဲ့ပဲ သိခဲ့တာလေ။ ဒါဟာ ကျမသိသလောက်ပဲ။ မထင်မရှား ဂျပန်ရွာလေးတစ်ရွာမှာ မြန်မာဘုန်းတော်ကြီးတစ်ပါးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရတဲ့အချိန်မှာ ကျမဟာသူ့ရဲ့ မြန်မာ့နှလုံးသားကို ရုတ်တရက်တွေ့လိုက်ရပါတယ်။ ကျမ ခံစားမိလာတာက သူမဟာ မြန်မာ့မြေကိုပဲ သစ္စာစောင့်သိနေတယ် ဆိုတာပါပဲ။ “စု” ဘ၀တစ်ခုလုံးအတွက် စဉ်းစားမယ်ဆိုရင် နေလို့ထိုင်လို့ကောင်းတဲ့ ဗြိတန်မှာ ပိုမကောင်းဘူးလား၊ ဘယ်လိုပဲ ခက်ခဲမှုတွေ၊ အန္တရာယ်တွေ ရင်ဆိုင်နေရပါစေ သူမဟာပြောင်းလဲမှာ မဟုတ်ဘူးလို့။

သူမ ဂျပန်ကနေ ပြန်ရတော့မယ့်တစ်နေမှာ ကျမကို ထပ်လာတွေ့ခဲ့ပါတယ်။ ကျမတို့ရဲ့ ဂျပန်ရိုးရာ အစားအစာ မန်ဂျုကိတ် (manju cake) ကို ယူလာပြီး လက်ဘက်ရည်သောက်ဖြစ်ခဲ့ပါတယ်။ သောက်ပြီးသွားတော့ ကျမသူ့ကို ပြောတယ်၊

“စု ကျမသာ ရှင့်နေရာမှာဆိုရင် မြန်မာပြည်ကို ပြန်မယ်။ ရှင့်တိုင်းပြည်က ရှင့်ကို လိုအပ်နေတယ်။ ရှင်လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေတယ်။ ရှင့်ရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်တစ်ခုတည်းနဲ့တင် အရမ်းတန်ဖိုးရှိနေပါပြီ။ မိုက်ကယ်လည်း အိန္ဒိယမှာ သုတေသနတွေကို ဆက်လုပ်လို့ရတာပဲ၊ ရှင်တို့တွေ အဝေးကြီးမှာ ခွဲမနေရတော့ဘူးပေါ့။ ရှင်လည်း ကလေးတွေကို ဘော်ဒါကျောင်းမှာ ထားလို့ရတယ်။ သဘောမတူဘူးလား”

ပုံမှန်အားဖြင့်ဆိုရင် “စု” ရဲ့ တုံ့ပြန်မှုတွေဟာ လျင်လျင်မြန်မြန် ပြန်လာလေ့ရှိပါတယ်။ အခုတော့ သူမဟာ အောက်ကိုငေးကြည့်နေပြီး ဘာမှပြန်မပြောပါဘူး။ ဒါပေမယ့် အဖြေဘာလဲဆိုတာ ကျမသိနေပါတယ်။ “စု” ဟာ ဂျပန်မှာ ရောက်နေတဲ့ မြန်မာကျောင်းသားတွေနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ သူတို့တွေဟာ သူမဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုသလိုပဲ သူမအပေါ်မှာည်း ယုံကြည်ကိုးစားမှုတွေ ရောယှက်နေပြီး သူတို့ရဲ့လေးစားမှုတွေဟာ သူမအပေါ်မှာ မျှော်လင့်နေကြပါပြီ။

မန်ဂျုကိတ်ဟာ ပန်းကန်ပြားပေါ်မှာ အရာမယွင်းရှိနေဆဲပါ။ နောက်ဆုံးတော့ စု ဟာ ခေါင်းထောင်လာပါတယ်။
“နိုရီကို၊ ရှင်ပြောတာ မှန်တယ်” လို့ သူမပြောခဲ့ပါတယ်။

နောက်၂ နှစ်လောက်ကြာတော့ သူမ မြန်မာပြည်ကို ပြန်သွားပါတယ်။
ဒါဟာ ဒီဇာတ်လမ်းရဲ့ အဆုံးပါပဲလေ..။

ကျမ သူမကို တခါမှ ပြန်မတွေ့တော့ပါဘူး။ ကျမနဲ့ ဆဒါယိုရှိတိုဟာ အောက်စဖို့ဒ်ကို နှစ်တိုင်း သွားကြပါတယ်။ အဲဒီတော့ သူမရဲ့ အရွယ်ရောက်နေကြပြီ ဖြစ်တဲ့၊ သူမအတွက် အလွန်ဂုဏ်ယူတတ်ကြတဲ့ သူမရဲ့သားတွေကို ကြည့်ရှုနိုင်လိမ့်မှာပေါ့။

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ သူမဟာ ရန်ကုန်မြို့က ရွေတိဂုံဘုရားမှာ အလွန်ကြီးမားတဲ့ လူအုပ်ကြီးကို စကားပြောပြီး သူမရဲ့ နိုင်ငံရေးသမားဘ၀ကို စတင်ခံယူခဲ့ပါတယ်။ မြန်မာ့ရဲ့ မြင့်မြတ်တဲ့ တောက်ပလင်းလက်မှုကို မိုက်ကယ်နဲ့ သူ့သားတွေက စောင့်ကြည့်နေကြပါတယ်။ သူမဟာ လူအုပ်ကြီးကို ဒီလိုပြောခဲ့ပါတယ်။

“ကျမဟာ နိုင်ငံခြားမှာ နေခဲ့တယ်၊ ဒါအမှန်ပဲ။ ကျမဟာ နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တယ်။ ဒါလည်း အမှန်ပဲ။ ဒီအချက်တွေဟာ ကျမရဲ့ နိုင်ငံပေါ်က အချစ်နဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို ၀င်ရောက်စွက်ဖက် လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ အဲဒီနှစ်မှာ ဆူပူဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ “ဒုတိယအကြိမ် နိုင်ငံလွတ်လပ်ရေး အတွက် အခက်အခဲ အကြပ်အတည်းကာလလို့ သူမပြောခဲ့ပါတယ်’’။ အလွန့်အလွန် ကြီးမားခက်ခဲတဲ့ ဖြစ်ရပ်ကြီးတစ်ခုပါပဲ။

ကျမ မိုက်ကယ်ကို အောက်စဖို့ဒ်မှာ နောက်တကြိမ် ထပ်တွေ့တော့ ကျမတို့ စု အကြောင်း နဲ့ သူမရဲ့ အမိမြေအတွက် ဆောင်ရွက်ချက်တွေ အကြောင်းပြောဖြစ်ခဲ့ပါတယ်။ သူက ကျမကို ဒီလိုပြောခဲ့ပါတယ်။

“နိုရီကို၊ အစတုန်းကတည်း တစ်နေ့နေ့မှာ ဒီလို အချိန်မျိုးကို ရောက်လာလိမ့်မယ်ဆိုတာ ငါသိပြီးသားပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စုကို ငါ ကတိပေးထားခဲ့တယ်။ တကယ်လို့ မြန်မာ ပြည်သူတွေ သူမကို လိုအပ်လာခဲ့ရင် ငါဟာသူ့လမ်းကို ဘယ်တော့မှ တားဆီးမှာမဟုတ်ပါဘူးလို့”

သူမ၏ ခက်ခဲ၊ ကြမ်းတမ်း ရိုင်းစိုင်းသော ကံကြမ္မာအတွက် မျက်ရည်တို့သည် ကျမ၏ပါးပြင်ပေါ်သို့ တိတ်တဆိတ် ကျဆင်း၍ လာနေလေသည်။

စံပယ်တော်လှန်ရေး လှုပ်ရှားမှု တရုတ်အစိုးရ နှိမ်နင်း

Sunday, February 20, 2011 9:07 PM | Posted by Anonymous

အရှေ့အလယ်ပိုင်းတခွင်မှာ ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြပွဲတွေလို တရုတ်နိုင်ငံမှာလည်း ဒီမိုကရေစီရေးအတွက် စံပယ်တော်လှန်ရေး လုပ်ကြရအောင်ဆိုပြီး အင်တာနက်ကနေ နှိုးဆော်တာတွေကို အစိုးရက ခပ်မြန်မြန်ပဲ နှိမ်နင်းလိုက်ပါတယ်။

အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး၊ လမ်းတွေပေါ်မှာလည်း ရဲတွေ ပိုဖြန့်ချထားသလို ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြားမြို့ကြီး ၁၁ မြို့မှာ ဆန္ဒပြပွဲတွေ လုပ်ကြဖို့ အင်တာနက်ကနေ နှိုးဆော်တာတွေကို ပိတ်ထားလိုက်တာပါ။

ဒီ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်အောင် နောက်ကွယ်ကနေ ဘယ်သူတွေက နှိုးဆော်နေကြလဲဆိုတာ ဘယ်သူမှ သိပုံမရပေမဲ့ အင်တာနက်မှာ နှိုးဆော်တဲ့စာ အများစုကတော့ အစိုးရနဲ့ သဘောထား ကွဲလွဲပြီး ပြည်ပမှာ အခြေချ နေထိုင်ကြသူတွေရဲ့ ဝက်ဘ်ဆိုက်တွေက လာတဲ့ပုံ ရှိပါတယ်။

တရုတ်အစိုးရကလည်း တူနီးရှားကနေ စံပယ်တော်လှန်ရေးအဖြစ် အစပြုပြီး အဲဒီကနေ အီဂျစ်၊ ပြီးတော့ အရှေ့အလယ်ပိုင်း တခွင်ကို ပျံ့နှံ့သွားတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြတာတွေကို အစိုးရက ထိန်းချုပ်ထားပါတယ်။ အင်တာနက်မှာလည်း အဲဒီအကြောင်း ရှာဖတ်လို့ မရအောင် ပိတ်ထားပါတယ်။

Sources: ဗွီအိုအေ (မြန်မာဌာန)

လစ်ဗျား စစ်တပ်နှစ်ခြမ်းကွဲပြီး လူထုဘက်ရပ်၊ ကဒါဖီ ရဲ့သားမှ မှားပါတယ်ဟု ၀န်ခံ

9:07 PM | Posted by Anonymous



လစ်ဗျားနိုင်ငံ ဒုတိယမြို့တော် ဘန်ဟာဇီ တွင် ၅ ရက် ဆက် ဆန္ဒပြမှုအတွင်း လူ ၂၀၉ ဦး သေဆုံးပြီး ၉၆၀ ကျော် ဒဏ်ရာရရှိပြီးနောက် လစ်ဗျားစစ်တပ် နှစ်ခြမ်း ကွဲသွားခဲ့သည်။ အများစုက အဏာရှင် ကဒါဖီ အပေါ်

ကာလရှည် သစ္စာခံမှု ရဲရဲဝံ့ဝံ့ စွန့်လွှတ်လိုက်ပြီး လူထုဘက် မားမားမတ်မတ် ထွက်ရပ် လာခဲ့ကြသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဆန္ဒပြသူတွေက သေဆုံးသူများရဲ့ အလောင်းများ ပခုန်းပေါ်ထမ်း စီတန်း ဆန္ဒပြကြစဉ် ရဲများက ၀င်ပစ်ခတ်ပြီး ၂၅ ဦး ထပ်သေဆုံးခဲ့သည်။ ဆန္ဒပြသူ အချို့ကလည်း ကားများတွင် ပေါက်ကွဲစေတဲ့ လက်နက်များ တပ်ဆင်ပြီး ရဲစခန်းများနဲ့ စစ်တပ်ဝင်း အချို့ကို ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့သည်။ မြို့တော် ထရီပိုလီ တွင်လည်း ဆန္ဒပြမှုများ စတင်ဖြစ်ခဲ့ပြီး လုံထိန်းများနှင့် ထိပ်တိုက်တိုးမှုများ ဖြစ်လျက်ရှိသည်။

ယခု ဘန်ဟာဇီမြို့ကို ဆန္ဒပြလူထုကြီးက သိမ်းပိုက်လိုက်ပြီး စစ်တပ်မှ တစ်ဝက်ကျော် ခွဲထွက်လာပြီး ၀ိုင်းရံပေးလျက် ရှိသည်။ လစ်ဗျား အစိုးရက သတင်းဆက်သွယ်ရေးလိုင်းများ လုံးဝဖြတ်တောက်ထားသောကြောင့် ဖြစ်ပေါ်နေတဲ့ အသေးစိတ် အခြေအနေ သတင်းများမှာ အီဂျစ်လောက် မလွယ်ကူဘဲ သတင်းမုဆိုးတို့ အသည်းအသန် လိုက်နေကြရ သည်။

အာရပ်အဖွဲ့ချုပ်ရှိ လစ်ဗျားသံအမတ်က နှုတ်ထွက်ကြောင်း ကြေငြာလိုက်ပြီး “လစ်ဗျားမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုတွေ ဖြစ်ပွားခဲ့တယ်။ တိုင်းပြည်ဟာ စိုးရိမ်ရတဲ့ အခြေအနေရောက်သွားအောင် အစိုးရက ဖန်တီးလိုက်ပြီ၊ ကဒါဖီ အာဏာ ဆုပ်ကိုင်ထားမယ့်ရက်က တစ်ရက် နှစ်ရက်ထက် မပိုတော့ဘူး။ သူ့မှာ လူထုမရှိတော့ဘူး၊ စစ်တပ်ထဲက အများစု လူထုဘက် ရောက်ကုန်ပြီ” ဟု CNN ကို ပြောခဲ့သည်။

မွမ်မာ ကဒါဖီရဲ့ သား ဆေးဖ် အယ်လ် အစ္စလာမ် က အစိုးရ ရုပ်သံကနေ ဆန္ဒပြသူများဘက် ပါသွားတဲ့ စစ်တပ်များကို အပစ်တင် ပြောဆိုခဲ့သည်။ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့ ရဲတွေကို အသေချာ ထရိန်နင် ပေးထားမှု မရှိတဲ့အတွက် အမှားများစွာလုပ်ခဲ့ကြောင်း ၀န်ခံပြီး “တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အချိန်ကြပါပြီ” ဟု ပြောဆိုခဲ့သည်။ သူ မိန့်ခွန်း ပြောနေစဉ် ထရီပိုလီ မြို့တော် လမ်းမများပေါ် လူအများထွက် ဆန္ဒပြကြသည်။

ကဒါဖီ သားက ပြင်ပနိုင်ငံရောက် အတိုက်အခံများက အီဂျစ်စတိုင် ဖေ့စ်ဘွတ် တော်လှန်ရေးကို အတုခိုးပြီး လစ်ဗျားမှာ မငြိမ်မသက် လုပ်ကြတယ်ဟု စွတ်စွဲခဲ့သည်။ လစ်ဗျားက လူတိုင်း လက်ထဲမှာ လက်နက်ရှိနေတာကြောင့် ပြည်တွင်းစစ် ဖြစ်နိုင်ကြောင်း သတိပေး ပြောဆိုခဲ့သည်။

ဘန်ဟာဇီ နဲ့ ထရီပိုလီမြို့ကြီးများတွင်တော့ ဆန္ဒပြသူများက “အရက်သမား သားအဖ၊ သူခိုး သားအဖ အုပ်ချုပ်တာ အလိုမရှိ” ဟု အော်ဟစ် ကြွေးကြော်နေကြသည်။

မောက္ခနိုင်ငံတကာရေးရာ၊ Source: BBC & CNN

လာမည့် မတ်လ(၂၇)ရက်နေ့မှာ ကျရောက်မယ့် (၆၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား နေပြည်တော်၌ ကျင်းပပြုလုပ်မည် မဟုတ်ပဲ.. ပြည်နယ်နှင့်တိုင်းများ၌သာ ကျင်းပမည်.

12:36 PM | Posted by Anonymous


၂၀၁၀ခုနှစ်က ကြပ်ပြေးနေပြည်တော်မှာ ကျင်းပခဲ့တဲ့ (၆၅)နှစ်မြောက်
တပ်မတော်နေ့ အခမ်းအနားဓာတ်ပုံများ (AP)

ယခုနှစ်လာမည့် မတ်လ(၂၇)ရက်နေ့မှာ ကျရောက်မယ့် (၆၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား ယခင်နှစ်များမှာ ကျင်းပပြုလုပ်နေကျဖြစ်သည့် နေပြည်တော်၌ ကျင်းပပြုလုပ်မည် မဟုတ်ပဲ.. ယခုနှစ် မှစ၍ ပြည်နယ်နှင့်တိုင်းများ၌ ကျင်းပမည်.. ဖြစ်ကြောင်း သတင်းရရှိပါသည်..။ ယခုလက်ရှိ နေပြည်တော်၌ လွှတ်တော် ခေါ်ယူကျင်းပ နေသော်လည်း.. စစ်တပ်၏ အမြင့်မားဆုံး အာဏာဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ် ရာထူးအတွက် မည်သူအား ခန့်အပ်မည်ဟု ကြေငြာနိုင်ခြင်း မရှိသေးခြင်း ကလည်း အဆိုပါ တပ်မတော်နေ့ အခမ်းအနားအား ပြည်နယ်နှင့်တိုင်းများ၌ ကျင်းပရခြင်း၏ အကြောင်းရင်း တစ်ချက် ဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်း သမားအချို့မှ သုံးသပ်ကြပါတယ်..။

စစ်အစိုးရ အာဏာသိမ်းပြီး အုပ်ချုပ်ချိန်မှ စ၍ ယခင်အစဉ်အလာ သုံးစွဲခဲ့သော တော်လှန်ရေးနေ့အား တပ်မတော်နေ့ဟု ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်..။ ယခင် တော်လှန်ရေးနေ့ အခမ်းအနားများအား ရန်ကုန်မြို့တော်ရှိ တော်လှန်ရေးပန်းခြံမှာ ကျင်းပခဲ့ပါတယ်။

သတင်း.... ဒီမိုဝေယံ

ဟို့စ်နီ မူဘာရခ် ပြီးတော့ ဘယ်သူ့အလှည့်လဲ

8:39 AM | Posted by Anonymous

Sunday, 20 February 2011 07:51 မောက္ခ နိုင်ငံတကာသတင်း

အီဂျစ်သမ္မတ မူဘာရခ်ကို လူထုအုံကြွ ဖြုတ်ချခဲ့ပြီးနောက် ကမ္ဘာတလွှားရှိ ဆိုးသွမ်း အာဏာရှင်များမှာ သူ့တို့ အလှည့် ရောက်မှာကို ပူပန်ကြောင့်ကြ ရင်း အိပ်ရေးပျက်လျက် ရှိသည်။ အောက်တွင် အမေရိကန် အစိုးရ အဆက်ဆက် ပြုတ်ကျ

စေချင်တဲ့ အာဏာရှင် ၆ ဦးကို ဖော်ပြလိုက်ပါသည်။

ကင် ဂျူံးအီလ်၊ မြောက်ကိုရီးယား

အထီးကျန် ရသေ့နိုင်ငံ မြောက်ကိုရီးယားကို ၁၉၉၄ ခုနှစ်ကတည်းက ဖိနှိပ် အုပ်ချူပ်နေသူဖြစ်သည်။ သူ့ဖခင် ကင်အီလ်ဆွန်း က ၄၆ နှစ် အုပ်ချုပ်ခဲ့ပြီး၊ အဖေနဲ့ သားပေါင်းလျှင် မြောက်ကိုရီးယား အာဏာကို သံမဏိလက်သီးဖြင့် ချုပ်ကိုင်ထားသည်မှာ ၆၃ နှစ် ရှိပြီ။ ကင် ဂျူံးအီလ်က ၁၉၉၈ ခုနှစ်တွင် အခြေခံဥပဒေကို ပြောင်းရေးဆွဲပြီး သမ္မတမှ အမြင့်ဆုံး စစ်ကော်မရှင် ဥက္ကဌ ရာထူး အမြဲကိုင်ထားနိုင်ဖို့ လုပ်ခဲ့သည်။

လူထုကို ပြည်ပ သတင်းများ နားထောင်ခွင့်မပြု။ နိုင်ငံခြား ဖုန်းအ၀င်များကို သတိထား စောင့်ကြပ်သည်။ အင်တာနက် ပိတ်ပင်ထားသည်။ စစ်အေးခေတ် ကွန်မြူနစ်ပုံစံအချိုးကို လုံးဝ မပြောင်း။ ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှ ၀ါဒဖြန့် မှုများ ပုံမှန်လွှင့်နေတုန်းပင်။ လုပ်အားပေး စခန်းများနဲ့ အတိုက်အခံပြုသူများအတွက် အကျဉ်းစခန်းများမှာ ကြောက်မက်ဖွယ် ဖြစ်သည်။ အကျဉ်းစခန်းများတွင် နိုင်ငံရေး အကျဉ်းသား ၁၅၀,၀၀၀ ရှိမည်ဟု တောင်ကိုရီးယား အစိုးရက ခန့်မှန်းထား သည်။

ယခု ကျန်းမာရေး မကောင်းတဲ့အတွက် အသက် ၂၇ ရှိ သူ့သား ကင်ဂျုံအန်း ကို သူ့အရိုက်အရာ ဆက်ခံဖို့ စီစဉ်နေသည်။

မွမ်မာ ကဒါဖီ၊ လစ်ဗျား

လွန်ခဲ့တဲ့ ၄၁ နှစ်တွင် ကပ္ပတိန်လေး မွမ်မာ အယ်လ် ကဒါဖီ က လစ်ဗျား စစ်တပ်ကို ဦးဆောင်ပြီး ဘုရင် အိုင်ဒရစ် ထံမှ အာဏာသိမ်းယူခဲ့သည်။ ယခု အသက် ၆၈ ရှစ်နှစ်ရှိ ကဒါဖီမှာ အမေရိကန် သမ္မတ ရစ်ချဒ် နစ်ဆင် ပထမ သက်တမ်း ကတည်းက လစ်ဗျားအာဏာရယူထားသူ ဖြစ်ပြီး၊ နစ်ဆင်က သူ့ကို အရှေ့အလယ်ပိုင်းရဲ့ ‘ခွေးရူး’ လို့ နာမည်ပေးခဲ့သည်။

၁၉၆၉ ခုနှစ် ကဒါဖီ အာဏာရယူကတည်းက လစ်ဗျားကို အာရပ် အမျိုးသားရေးဝါဒ၊ ဆိုရှစ်လစ်ဝါဒနဲ့ အစ္စလာမ် တို့ကို ရောသမမွှေပြီး မရေမရာ ကျင့်သုံးခဲ့သည်။ အတိုက်အခံပြုသူများကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး၊ လက်ရှိ အကျဉ်း ထောင်ထဲတွင် နှိပ်စက်ညှင်းပမ်းထားသူ ၅၀၀ ကျော် ရှိသည်။ ရေနံကြောင့် ကြွယ်ဝသော်လည်း အဂတိ လိုက်စားမှုများ ထူပြောလျက်ရှိသည်။

ရောဘတ် မူဂါဘီ၊ ဇင်ဘာဘွေ

အာဖရိက ခေါင်းဆောင်များအနက် ရောဘတ် မူဂါဘီ ကိုလည်း အနောက်နိုင်ငံများက သူတို့ ဟီးရိုးအဖြစ် အရင်က သတ်မှတ်ခဲ့ကြသေးသည်။ လူဖြူ ရိုဒီးရှား အုပ်စိုးမှုကို တော်လှန်ပြီး လူမည်း နိုင်ငံ ဖန်တီးဖို့ ကြိုးစားတဲ့အတွက် ဒုတိယ မင်ဒဲလား အဖြစ် မြှောက်ကြည့်ခဲ့သေးသည်။ သို့သော် အစကတည်းက မူဂါဘီ ရဲ့ စရိုက်က အကြမ်းဖက် အုပ်ချုပ်မှုကို လိုလားကြောင်း ပြသခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွေမှာ သူ့ကို ဆန့်ကျင်တဲ့ မျိုးနွယ်စု လူ ၃၀,၀၀၀ ကို သတ်ဖြတ်ပြီး သားသတ်သမားဘွဲ့ ရသွားသည်။

ပြီးခဲ့တဲ့နှစ်တွေမှာ မူဂါဘီ က အတိုက်အခံတွေကို နှိပ်ကွပ်ရင်း သူရက်စက်ကြောင်း ပိုပြသခဲ့သည်။ အတိုက်အခံ ခေါင်းဆောင်တွေကို လုပ်ကြံဖို့ အမျိုးမျိုး ကြံစည်သည်။ ကျူးကျော် ရပ်ကွက် အိမ်ယာ ၇၀၀,၀၀၀ ကို ဘူဒိုဇာတွေနဲ့ ထိုးကော်ပစ်သည်။ အာဖရိကရဲ့ အဆင်းရဲဆုံး နိုင်ငံ ဘ၀ ရောက်ရှိသွားပြီး၊ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနှင့် ၁၀ နှစ် ဆက်တိုက် ဂျီဒီပီ အနှုတ်လက္ခဏာ ပြနေခဲ့သည်။

သို့သော် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲတွင် အတိုက်အခံ MDC ပါတီက အားကောင်းခဲ့ပြီး မူဂါဘီရဲ့ လူသတ် အုပ်ချုပ်မှုကို စိန်ခေါ်လာခဲ့သည်။ အခု အီဂျစ်တော်လှန်ရေး အောင်ပွဲကို ဇင်ဘာဘွေ အတိုက်အခံများနဲ့ လူထုက အားကျလေ့လာနေပြီး၊ မူဂါဘီ နေရမယ့် ရက်ကို လက်ချိုးရေတွက်နေကြသည်။

ကက်စထရို ညီအစ်ကို၊ ကျူးဘား

၁၉၅၉ ခုနှစ်တွင် အာဏာရှင် ဘာတစ်စတာ အစိုးရကို တော်လှန်ဖြုတ်ချခဲ့တဲ့ ဖီဒယ်လ် ကက်စထရို က နှစ် ၅၀ ကြာ ကျူးဘားကို ကွန်မြူနစ်နိုင်ငံ အဖြစ် ပြောင်းအုပ်ချုပ်ခဲ့သည်။

၂၀၀၈ တွင် ကျန်းမာရေး မကောင်းတာကြောင့် သူ့ညီ ရာဟူး ကက်စထရို ကို တရားဝင် အာဏာ လွှဲပေးခဲ့ပေမဲ့၊ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး တစ်ပါတီ ကွန်မြူနစ်စနစ်အောက်တွင် နိုင်ငံရေး အခွင့်အရေး၊ အရပ်သား လွတ်လပ်ခွင့် တွေကို ထိန်းချုပ် ထားတုန်းပင် ဖြစ်သည်။

နိုင်ငံရေးသမားထားတဲ့ ကျူးဘား အကျဉ်းထောင်များမှာ ကြွက်ပေါလွန်းတာကြောင့် အချို့ သတ်သေကြသည်။ ကျူးဘား ကျွန်းမှ ထွက်ပြေးဖို့ ကြိုးစားသူများကို ရက်ရက်စက်စက် နှိပ်ကွပ်သည်။ မီဒီယာ၊ စာပေနဲ့ ပညာရပ်စာတမ်းများကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသည်။

ရာဟူး ကက်စထရို လက်ထက် စီးပွားရေး တံခါး အသင့်အတင့် ဖွင့်လာပေမဲ့ အစိုးရ၀င်ရောက်စွက်ဖက်မှုက ကြီနေဆဲ ဖြစ်သည်။ ယခု အီဂျစ် ပြဿနာကြောင့် ကျူးဘား နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးလိုက်သည်။

အလက်ဆန်ဒါး လူကာရှန်ကို၊ ဘီလာရပ်စ်

လူကာရှန်ကို ကို ဥရောပ နောက်ဆုံး အာဏာရှင် အဖြစ် သတ်မှတ်ထားသည်။ ၁၆ နှစ်ကြာ သူ့အုပ်ချုပ်မှုအောက်တွင် ဘီလာရပ်စ် စီးပွားရေး နိုင်ငံရေးမှာ အဖတ်ဆယ်မရအောင် ရှိနေသည်။

လူကာရှန်ကိုမှာ ဆိုဗီယက်ခေါင်းဆောင် ဘရက်ဇညက် ခေတ်မှ လက်ကျန်လူ ဖြစ်ပြီး၊ သူ့ ရဲအဖွဲ့ကို ‘ကေဂျီဘီ’ လို့ အမည် ပေးထားကြသည်။ အာဏာရှင်စနစ် သင်ရိုးပေါင်းစုံကို နောကြေထားသူပီပီ အတိုက်အခံကို အမျိုးမျိုး လှည့်စား နှိပ်ကွပ် သည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိတယ်ဆိုပြီး လူထုကို လိမ်ညာခဲ့သည်။ မဲပေးသူ ထောင်ပေါင်း များစွာက ပေါက်ကွဲပြီး လမ်းပေါ်ထွက်လာတော့ သူ့ လက်မရွံ့ ရဲများက ရာချီပြီး ဖမ်းဆီးခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် များကိုလည်း ဖမ်းဆီးထားသည်။

ဘီလာရပ်စ်မှာ ပိုလန်၊ လစ်သူနီးယား၊ လတ်ဗီးယား တို့နဲ့ အိမ်နီးချင်း ဖြစ်သည်။ ထိုနိုင်ငံ အားလုံးမှာ ယခင် ကွန်မြူနစ် နိုင်ငံများဖြစ်ခဲ့ကြပြီး၊ ယခု ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒီမိုကရေစီ နိုင်ငံများ ဖြစ်နေကြပြီ။ ယခု အရှေ့အလယ်ပိုင်း တော်လှန်ရေးများ ဆက်တိုက်ပေါ်ထွက်လာမှုကြောင့် လူကာရှန်ကိုမှာ အအိပ်ပျက်ညတွေ များနေသည်။

သန်းရွှေ၊ မြန်မာ

မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆိုသူမှာ နှလုံးသားမရှိသူ၊ မွေးရာပါ အဏာရှင် ဗီဇသဘာဝ ရှိသူဟု အမရိကန် အစိုးရက သတ်မှတ်ထားသည်။ အတိုက်အခံ ၂၀၀၀ ကျော်ကို ပြန်ပေးဆွဲ ဆန်ဆန် ဖမ်းဆီးထားပြီး၊ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးဖို့ အမြဲတောင်းဆိုနေသူ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ပစ်ခတ်နှိပ်နင်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် အရေးပေါ် ဖြစ်နေချိန်တွင် ပြင်ပမှ လူသားချင်းစာနာ ကူညီထောက်ပံ့မှုများကို ငြင်းပယ်ပြီး၊ လူထုဆန္ဒခံယူပွဲကို အတင်း လိမ်ညာ လုပ်ယူသွားခဲ့သူ ဖြစ်သည်။

နှစ် ၂၀ အတွင်း စီးပွာရေး တိုးတက်အောင် တစုံတရာ လုပ်ဆောင်နိုင်စွမ်း မရှိဘဲ သဘာဝဓါတ်ငွေ့များ၊ ကျောက်မျက် ရတနာများနှင့် အခြား သဘာဝ သံယံဇာတများကို ရောင်းချဖြုန်းတီးပစ်နေသူ ဖြစ်သည်။ သူ့စစ်ဝတ်စုံတွင် ဆုတံဆိပ် ၂၀ နီးပါး ချိတ်ဆွဲထားတတ်သော်လည်း၊ မီဒီယာများရှေ့ စကားပြောဖို့ ကြောက်ရွံ့ပြီး၊ မဲပုံး လူထုရှေ့ ရိုးသားဖြောင့်မှန်စွာ ချပေးဖို့ သူရဲဘောကြောင်သူ ဖြစ်သည်။

မောက္ခ နိုင်ငံတကာ Source: Foreign Policy

ကဒါဖီလည်း ထိုင်ခုံလှုပ်နေပြီ

8:35 AM | Posted by Anonymous


လစ်ဗျားနိုင်ငံမှာ အာဏာရှင် မာမွတ် ကဒါဖီကို ဖြုတ်ချဖို့ လူထုအုံကြွမှုအတွင်း ပြီးခဲ့တဲ့ သောကြောနေ့အထိ အကြမ်းဖက် နှိမ်နင်းခံရလို့ ၈၄ ဦး သေဆုံးခဲ့ပါပြီလို့ နယူးယော့ခ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုပါတယ်။ လစ်ဗျားရဲ့ ဒုတိယအကြီးဆုံးမြို့ ဘန်ဂါဇီမှာ သေဆုံးရသူတွေရောဆိုရင် စုစုပေါင်း ၂၀၀ လောက်အထိ ရှိလာမယ်လို့ မီဒီယာများက ဆိုပါတယ်။ ဒဏ်ရာရသူတွေကတော့ ၈၀၀ ကျော်လောက် ရှိပါတယ်။

အာဏာကို ၁၉၆၉ ကတည်းက ရယူထားတဲ့ ကဒါဖီကတော့ ဆန္ဒပြပြည်သူတွေကို လက်နက်အားကိုးနဲ့ ဆက်လက်နှိမ်နင်းနေဆဲ ဖြစ်ပြီး ကမ္ဘာတဝန်းမှာတော့ လစ်ဗျားပြည်သူတွေကို ထောက်ခံသူများက ဥရောပနဲ့ ကုလသမဂ္ဂရုံးများမှာ စုဝေးဆန္ဒပြကြပါတယ်။

တူနီးရှားနဲ့ အီဂျစ်မှာ အာဏာရှင်တော်လှန်ရေးတွေ ပေါ်ပေါက်အောင်မြင်ပြီးနောက် တခြားနိုင်ငံများကို တော်လှန်ရေးမီးပွားများ ကူးစက်လာတာဖြစ်ပါတယ်။

အကျဉ်းသားကူညီရေး ဝိုင်းဝန်းကြဖို့ ဦးဝင်းတင် ပန်ကြား

8:10 AM | Posted by Anonymous

2011-02-19

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသား တဦးချင်းအလိုက် မဲနှိုက်ပြီး ကူညီနေတဲ့ အစီအစဉ်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဝိုင်းဝန်းကူညီ ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင် ဦးဝင်းတင်က ပန်ကြားလိုက်ပါတယ်။

(Photo: AFP)

စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

“နိုင်ငံရေး အကျဉ်းသား ၅ဝ လောက်ကို အမေရိက ကနေ တာဝန်ယူမယ်ပေါ့။ အလားတူပဲ ကျနော်တို့ရဲ့ စိတ်ဆန္ဒ အစီအစဉ်ထဲမှာတော့ အင်္ဂလန်တို့ သြစတြေလျတို့ ဂျပန်တို့ ဆိုတဲ့ဒေသတွေမှာလည်း မဲနှိုက်ပြီး တာဝန်ယူမှုတွေ လုပ်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားတွေရဲ့ ဒုက္ခသုက္ခတွေ၊ ပုဂ္ဂိုလ်ရေး အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးသွားဖို့ အဆင်သင့် ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လက်ရှိ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်မှာ ကူညီစောင့်ရှောက်ဖို့ မဲနှိုက် တာဝန်ယူထားသူ ၆ ရာကျော်အတွက်သာ ရှိသေးတာကြောင့် ကျန် နိုင်ငံရေး အကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီကြဖို့ ဦးဝင်းတင်က လှုံ့ဆော်လိုက်တာပါ။

အခုနောက်ပိုင်း ဒီအစီအစဉ်မှာ ပါဝင်လာသူတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်အစိုးရဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ မနီလာသိမ်း အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီး ထောင်ချပြီး မိသားစုတွေ ထောင်ဝင်စာတွေ့ဖို့ ခက်ခဲမယ့် နယ်ဝေးထောင်တွေကို ပို့ထားပါတယ်။

ဒါ့ပြင် အကျဉ်းထောင်တွင်းမှာ နောက်ထပ် အခက်အခဲ တွေ့အောင် ဖန်တီးထားတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ဓာတ်ရေးရာ အားပေးမှုပဲ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပဲဖြစ်စေ ကူညီကြဖို့ NLD က ကြိုးစားနေတာ ဖြစ်ပါတယ်။