9th Annual New York City Burmese Literary Symposium

Saturday, December 11, 2010 10:41 PM | Posted by Anonymous
9th Annual New York City Burmese Literature Symposium Date: Dec 11th Time: 12-4pm Place: 7900 Queens Blvd, Elmhurst, NY 11373-3797



ဝီကီလိခ် ပေါက်ကြားမှုနဲ့မြန်မာနိုင်ငံအရေး

10:08 AM | Posted by Anonymous


2010-12-11

မြန်မာအတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အကြား ညီညွတ်မှု မရှိတဲ့အချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ ပေါ်ပေါက်လာရေး အတွက် အကြီးဆုံး အဟန့်အတားတခု ဖြစ်ကြောင်း WikiLeaks အင်တာနက်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးရာ လျှို့ဝှက် ကြေးနန်းမှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။



အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရန်ကုန်မြို့ အမေရိကန်သံရုံး၊ နိုင်ငံရေးနဲ့ စီးပွားရေးဌာန တာဝန်ခံ Leslie Hayden ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့ ပေးပို့တဲ့ ကြေးနန်းစာမှာ အဲဒီလို ဖော်ပြထားတာပါ။

၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ် တွေအတွင်းက လူထုအကြားမှာ နိုင်ငံရေး ပြန်လည်နိုးကြားပြီး ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည် အားကောင်းလာအောင် ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတွေရဲ့ ဆွေးနွေးမှုတွေကို အဲဒီအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “အန်ကယ်ကြီး” တွေဟာ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ရွေးကောက်ခံ အမတ်အများစုဟာလည်း မြန်မာပြည်သူတွေရဲ့ လူမှုရေးစီးပွားရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးကြတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေဟာ သူတို့ရဲ့ အနာဂတ်အကျိုးစီးပွားနဲ့ ပတ်သက်လို့ စစ်အစိုးရဆီက ဘာမှ အာမ,ခံချက် မရရှိခဲ့သလို တချိန်တည်းမှာ NLD ပါတီဟာလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ထောက်ခံမှု ရရှိအောင် ဆွေးနွေးနိုင်မယ့် အခွင့်အရေးကို အကြိမ်ကြိမ် လက်လွတ်ခံခဲ့ကြောင်း၊ အဲဒီ့အစား စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး တခုတည်းကိုသာ တောင်းဆိုခဲ့ကြကြောင်း အဲဒီ ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

ဒါဟာ NLD နဲ့ တိုင်းရင်းသားတွေအကြား ပေါင်းစည်းမှု ဖြစ်ပေါ်မလာတဲ့ သဘာထား တင်းမာမှုတခုဖြစ်ပြီး ဒါကို တရုတ် အပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက သတိပြုမိကြကြောင်း၊ စစ်အစိုးရက ဒီအချက်ကို အခွင့်ကောင်းယူပြီး စစ်တပ်သာလျှင် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ့် တခုတည်းသော အင်အားဖြစ်တယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေကို နားဝင်အောင် စည်းရုံးနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

အဲဒီကြေးနန်းစာ ပေးပို့တဲ့အချိန်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကုလ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကတဆင့် တိုင်းရင်းသားအဖွဲ့တွေကို ကမ်းလှမ်းလိုက်တဲ့ သတင်းစကားတွေအရ ဒေါ် အောင်ဆန်းစုကြည်ဟာ ဒီအချက်ကို ကောင်းကောင်း နားလည် သဘောပေါက်တာတွေ့ရကြောင်း၊ မိမိတို့ တွေ့ဆုံ စကားပြောခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြကြောင်း၊ ဒါပေမယ့် အပြင်မှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ဒီကမ်းလှမ်းချက်ကို အကောင်အထည် မဖော်နိုင်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေ NLD ဌာနချုပ်ကို အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်တာလောက်သာ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒီလျှို့ဝှက်ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

Credit to RFA Burmese: http://www.rfa.org/burmese/news/wikileaks_disclose_burma_political_situation-12112010114452.html

ကုန်ဈေးနုန်းကျဆင်းရေးအဖွဲ့ဝင် လူ့အခွင့်အရေးသမား ကိုအေးကြည် ကွယ်လွန်

9:54 AM | Posted by Anonymous

စင်္ကာပူတက္ကသိုလ် က စစ်ဗိုလ်ချုပ် သားသမီး များ ကို ဥရောပ နှင့် သြစတေးလျှ ဗီဇာများ ရရှိရန် ဆောင်ရွက်ပေးမှု

8:20 AM | Posted by Anonymous


စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ
နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့် ပြောင်း ထား တဲ့ ရေ
ချယ် တေဇ ရောက်ရှိ နေတာ ဖြစ်ပါတယ်။(့ပုံမှာတွေ့ ရတာရေချယ် တေဇ ဖြစ်ပါတယ်)
စင်္ကာပူ နိုင်ငံမှာ ပညာ သင်ကြားနေရင်းကနေ ဒီနှစ် မေလ မှာ ရောက် ရှိ သွားတာ
ဖြစ်ပါတယ်။ အီတလီ မှာ ကျောင်းတက်နေတာလား ၊ တခြား ကိစ္စတစ် ခု နဲ့ ရက်တို
ခရီး စဉ် လား ဆိုတာ မသိရသေးပေမယ့်ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်း မှာ စင်္ကာပူကနေ
ရန်ကုန် ကို တစ်ခေါက် ပြန်လည် ရောက်ရှိ ခဲ့ပါတယ်။သူ့ မှာ အကို ပြည့်ဖြိုးတေဇ
နဲ့ ထက်တေဇ ဆိုပြီး ရှိ ပါတယ်။သူတို့ မောင်နှမ အားလုံးဟာ စင်္ကာ ပူ နိုင်ငံ
Dover Road က United World College ofSouth East Asia မှာ ၂၀၀၅
ခုနှစ်ထဲက ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

(ကျန်ရှိ နေ သည့် မှတ်တမ်း များ ကို ထပ်မံဖော်ပြပါ မည်)

မြန်မာနျူကလီယားပြဿနာကြောင့် ဂျူလီယန် အာဆန်းကို ထောင်တွင်း တိုက်ပိတ်

8:07 AM | Posted by Anonymous

Saturday, 11 December 2010 00:58 Editor

မြန်မာ့လျှို့ဝှက် နျူကလီယားစီမံကိန်း ပေါက်ကြားမှု အပေါ် အမေရိကန်အစိုးရမှ စိုးရိမ်မှုဖြစ်ခြင်းကြောင့် လန်ဒန်မြို့ Wandsworth အကျဉ်းထောင်တွင် ဖမ်းထား သော ၀ီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အာဆန်းကို

အသက် အန္တရာယ် ပိုမိုလုံခြုံ စိတ်ချစေဖို့အတွက် ထောင်တွင်းခွဲခြား တိုက်ပိတ်ထားလိုက်ရသည်ဟု သိရသည်။

ထောင်အာဏာပိုင်များက သူ့လုံခြုံရေးအတွက် လုပ်ရခြင်း ဖြစ်ကြောင်း AFP သတင်းထောက်ကို ရှင်းပြခဲ့သည်။ ဂျူလီယန်အာဆန်းမှာ အမျိုးသမီးနှစ်ဦးကို ဗလက္ကာရ လုပ်ခဲ့သည်ဟုသော စွဲချက်ဖြင့် ဆွီဒင်တရားရုံးမှ ဖမ်းဝရမ်း ထုတ်ခဲ့ပြီး နောက် လန်ဒန်တွင် တရားရင်ဆိုင်ဖို့ အဖမ်းဆီးခံခဲ့ခြင်း ဖြစ်သည်။ လာမည့် အင်္ဂါနေ့တွင် လန်ဒန်တရားရုံးတွင် ဒုတိယအကြိမ် အမှုရင်ဆိုင်မည် ဖြစ်သည်။

ဝီကီလိခ်စ် ၀ဘ်ဆိုဒ်ကို ထောက်ခံသူများက ယခု ဂျူလီယန်အာဆန်းကို စွတ်စွဲချက်များမှာ ၀ါရှင်တန်အစိုးရရဲ့ နိုင်ငံအကောက်ကြံမှုများသာ ဖြစ်ကြောင်း၊ အမေရိကန် သံရုံးကေဘယ်များ ထပ်ဖွင့်ချမှာ စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း၊ လက်ရှိ ထောင်တွင်း တိုက်ပိတ်ခြင်းမှာလည်း မြန်မာနျူကလီးယားအရေး ပေါက်ကြားမှုကို အကြောင်းပြသည်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ကြောင်း ပြောဆိုနေကြသည်။

ကမ္ဘာကျော် ကွန်ပျူတာ ဟတ်ကာ အာဆန်းမှာ ယခု သူ့လက်ပ်တော့ ကိုင်ဆောင်ခွင့်မရ ဖြစ်နေသည်။ ထောင်ထဲရှိစဉ် သူ့လက်ပ်တော့ အသုံးပြုခွင့်ရဖို့ ဂျူလီယန်အာဆန်း ချစ်သူများ ထောက်ခံသူများက ဆုတောင်းပေးနေကြသည်။

သတင်း AFP

Credit to Maukkha: http://www.maukkha.org/index.php?option=com_content&view=article&id=1155:2010-12-11-01-04-31&catid=120:2010-10-11-07-37-22&Itemid=374

ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရ (သွေးလန့်တတ်သူများ၊ နှလုံးရောဂါရှိသူများ ဆလိုက်ရှိုးဓာတ်ပုံမကြည့်ရ)

7:57 AM | Posted by Anonymous
ကရင်ပြည်နယ် ဖလူးတိုက်ပွဲတွေအတွင်းမှာ နအဖစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရ
သတင်းနှင့် ဓာတ်ပုံ - ပြည်သူ့သူရဲကောင်းများအုပ်စု


နိုဝင်ဘာလ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ် ဖလူးတိုက်ပွဲတွေအတွင်းမှာ နအဖစစ်တပ်ရဲ့ဖမ်းဆီး ခြင်းကို ခံလိုက်ရတဲ့ ကေအန်ယူ/ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရပါ တယ်။

ကရင်ပြည်နယ်တွင်းမှာ ဒီကေဘီအေနဲ့ နအဖစစ်တပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် မြ၀တီမြို့နဲ့ (၄) မိုင်ခန့်သာ ဝေးတဲ့ ဖလူးကြီး-ဖလူးလေးရွာအနီးမှာ တပ်စွဲထားတဲ့ ငြိမ်းချမ်ရေးကောင်စီတပ်ဖွဲ့က တပ်သားတွေကို နအဖ စစ်တပ်ကဖမ်းဆီးပြီး (၁) ဦးကို ပစ်ခတ်သတ်ဖြတ်သွားသလို (၆) ဦးကိုလည်း ဖမ်းဆီးသွားပြီးနောက် ရက်ရက် စက်စက် သတ်ဖြတ်ပစ်ခဲ့ပါတယ်။ လက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ထိုးသတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းတွေကို နအဖ စစ်တပ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ နအဖစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးအဖွဲတွေအပေါ်ထားရှိတဲ့ သဘောထားအမှန်ပဲဖြစ်ပါတယ်။ ဒီကေဘီအေ တွေကိုလည်း အလားတူ ရက်ရက်စက်စက် ဖိနှိပ်နေသလို ကရင်ရွာသားတွေကို အဓမ္မ ပေါ်တာဆွဲတာတွေ လုပ်နေပါတယ်။

မြ၀တီမှာ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်ဗျူးဟာမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေးက မြ၀တီမြို့သားတွေ ပြေးလိုက် လွှားလိုက်၊ ထိုင်းဘက် ကူးလိုက်လုပ်နေတာကို အတော်ကြည့်ရခက်နေပြီဖြစ်ကြောင်း၊ နောက်တခါ မြ၀တီမြို့ ပြာကျသွားအောင်လုပ်ပြီး အားလုံးသေကုန်မှသာ ကောင်းကြောင်း၊ နောက်တကြိမ်ဆိုရင်တော့ မြို့တခုလုံး မီး လောင်ပြာကျအောင် လက်နက်ကြီးစာကျွေးလိုက်မယ်လို့ သူနဲ့ ဂေါက်ရိုက်ဖော် ဗိုလ်မှူးတွေကို မြ၀တီဂေါက် ကွင်းမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါတယ်။ (ဓာတ်ပုံဆလိုက်ရှိုးကို ကြည့်ရှုလိုပါက ‘အပြည့်အစုံသို့’ ကို ကလစ်ပါ။ သွေးလန့်တတ်သူများ၊ နှလုံးရောဂါရှိသူများ မကြည့်ရ)




Credit to Dr Lun Swe: http://drlunswe.blogspot.com/2010/12/blog-post_1329.html

အနာဂတ်သစ် ဂျာနယ် အမှတ် ၃ နိုဝင်ဘာ ၂၀၁၀(ခွပ်ဒေါင်း သစ္စာ)

7:18 AM | Posted by Anonymous

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်း၊ အဖွဲ့ချုပ်သတင်း ဓာတ်ပုံများ..(ဒီဇင်ဘာ ၁၀ရက်)

Friday, December 10, 2010 5:37 PM | Posted by Anonymous
Credit to: http://www.demowaiyan.co.cc/2010/12/blog-post_7581.html

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်း၊ အဖွဲ့ချုပ်သတင်း ဓာတ်ပုံများ..(ဒီဇင်ဘာ ၁၀ရက်)

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း မှတက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက်တွေ့ဆုံပါတယ်..မနက် ၁၀နာရီမှာ စတင် ဆွေးနွေးခဲ့ပြီး ၁၂နာရီခွဲမှာ ပြီးဆုံးကြောင်းသိရှိရပါတယ်..။
ဆက်လက်ပြီး အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ ၆၂ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံရေးအကျဉ်းကျခံနေရသူများရဲ့ မိသားစုများနဲ့ တွေ့ဆုံခဲ့ပါတယ်..။

ဓာတ်ပုံများ (ဒီမိုဝေယံပြည်တွင်း)
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ပန်းခြံအား ပြန်လည် ပြင်ဆင်နေပြီး နေအိမ်ခြံဝင်း သံဇကာများ ပြန်လည်ကာရံနေတဲ့ ပုံများဖြစ်ပါတယ်..။

သတင်း၊ ဓာတ်ပုံများ.... ဒီမိုဝေယံ(ပြည်တွင်း)နဲ့ ညီမငယ်အား ကျေးဇူးတင်ပါသည်..။

ဒေါ်စုပုံတူ ဖယောင်းရုပ်တု ဘန်ကောက်ပြတိုက်တွင် ထားရှိ

Wednesday, December 8, 2010 2:58 AM | Posted by Anonymous


Credit to Mizzima: http://mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=353

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်လွှာများ

1:08 AM | Posted by Anonymous

သံဃာတော်များကို ဒေါ်အောင်ဆန်းစုကြည် နှင့် NLD သင်္ကန်းကပ် - December 8, 2010

1:03 AM | Posted by Anonymous






မြန်မာ့အရေး အားပေးရန် အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကိုထိန်လင်း မြန်မာပြည်က ယနေ့ ပြန်လည်ထွက်ခွာ

Tuesday, December 7, 2010 6:42 AM | Posted by Anonymous




















































photo:http://www.daylife.com




ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim Aris) ဒီနေ့ မနက် ၉ နာရီ လောက်က မြန်မာနိုင်ငံမှ ပြန်ထွက်ခွာသွားပါပြီ။

နှုတ်ဆက်လိုက်ပို့တဲ့ မိခင်နဲ့ အတူ ပရိသတ်တွေကို လက်ပြနှုတ်ဆက်နေပုံကို ခုလိုတွေ့ရမှာဖြစ်ပါတယ်။

ကိုထိန်လင်းဟာ ဒုလ္လဘ ရဟန်းခံဖို့ နောက်တကြိမ်မြန်မာပြည်ကို ပြန်လာဦးမယ်လို့ သိရပါတယ်။ သူနဲ့ အတူ ရုပ်ရှင်တခုမှာ ဒေါ်အောင်ဆန်းစုကြည် နေရာကို သရုပ်ဆောင်နေတဲ့ မင်းသမီး မစ်ရှဲ ယိုး ဟာ လေယာဉ်တစီးတည်း အတူ တူပြန်သွားကြတာလို့ သိရပါတယ်။

မင်းသမီး မစ်ရှဲ ယိုးသည် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွား တွေ့ဆုံကာ သူမသရုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဇာတ်ကောင်နေရာအတွက် တွေ့ဆုံစကားပြော မေးမြန်းတာတွေလုပ်ခဲ့ပြီး ၊ သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတချို့ကိုပြသခဲ့တယ်လို့ သိရပါတယ်။

သူမသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မကြားသေးခင်က ရိုက်ကူးထားတဲ့ “Divided Heart ” နာမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘ၀ တစိတ်တပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နေရာ က သရုပ်ဆောင်ထားခဲ့သည်။

Credit to Irrawaddy: http://www.irrawaddyblog.com/2010/12/blog-post_9547.html