သူတော်ကောင်းကြီး ဗိုလ်ခင်ညွန့် အသံပါတဲ့ ဗီဒီယို ကလစ် နဲ့ မြန်မာလို စာစီစာရိုက်လုပ်ထားတဲ့ သူ့အသံဘာသာပြန်

Saturday, December 4, 2010 10:36 PM | Posted by Anonymous


သူတော်ကောင်းကြီး ဗိုလ်ခင်ညွန့်  ဗီဒီယို ကလစ် (အသံပါတဲ့ဟာ) ကို နားထောင်ပြီး စာစီစာရိုက်လုပ်ထားတာ ရောက်လာလို့  လက်ဆင့် ကမ်းလိုက်ပါတယ်။

ခင်ညွန့်။ ။ ကဲ ဒီမှာလာ ဧည့်ခမ်းက မီးပျက်နေတယ်။
ရဲချုပ်။ ။ တစုံတရာ ရှည်ရှည်ဝေးဝေးပြော (သဲသဲကွဲကွဲ မကြားရ)
ခင်ညွ......န့်။ ။ ရပါတယ်၊ လိုက်ရမှာပေါ့။ ခေါ်ယင်လိုက်ရမှာပေါ့၊ ပစ္စည်းပစ္စယတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ အမကြီးရော လိုက်ခဲ့ရမှာ။
ခင်...ညွန့်။ ။ နှစ်ယောက်စလုံးပေါ့။ အိမ်မှာ ဘယ်သူမှ မကျန်ခဲ့တော့ဘူးပေါ့။
ရဲချုပ်။ ။ ဟုတ် ဗိုလ်ချုပ် နှစ်ယောက်စလုံး
ခင်ညွန့်။ ။ သားတွေလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်သွားပြီ။ အခု ကိုယ့်ရော ကိုယ့်မိန်းမရော ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ကလေးတွေချည်းပဲ။ အခုဟာ ကလေးတွေလည်း ကျောင်းကမတက်ရဘူး။ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး။ အဆက်အသွယ် လည်း ဘာမှ မရှိဘူး။ သူ့ သတ်မှတ်ချက်အတိုင်းပဲ နေနေကြတာပဲ။
ရဲချုပ်။ ။ ဟုတ်ကဲ့ သိပါတယ်။
ခင်ညွန့်။ ။ အဲတော့ ဘာတုန်း စီးပွားရေးနဲ့ ပတ်သက်လို့လား
ရဲချုပ်။ ။ ကျနော်တို့လည်း ပြဿနာကို မသိပါဘူး
ခင်ညွန့်။ ။ ကဲ အဲတော့ နှစ်ယောက်စလုံး ခေါ်မယ်ပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့ အမကြီးက အကူရဖို့ ခေါ်တာပါ။ ဟိုလို ခေါ်တာ မဟုတ်ပါဘူး။
ခင်ညွန့်။ ။ နှစ်ယောက်စလုံး အတူထားမှာလား။
ရဲချုပ်။ ။ ဟုတ် အတူထားမှာပါ။
ခင်ညွန့်။ ။ကဲ အ၀တ်အစားတွေ ထည့် မိန်းမပါ ပါတယ်တဲ့။ နှစ်ယောက်စလုံးတဲ့ အ၀တ်အစားတွေရယ် ယူစရာရှိတာယူ။ (ဒေါ်ခင်ဝင်းရွှေကို လှည့်ပြီးပြော)
ရဲချုပ်။ ။ လိုအပ်မယ်ထင်တာတွေ အကုန်ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ယူရမယ်။ ယူခဲ့မယ် အရင်တခေါက် သားနှစ်ယောက်ရော သားမက်ရော ခေါ်တုန်းက ဘာမှ မယူခဲ့ရဘူးဆိုလို့ ဘာမှ ပါမသွားဘူး။ အ၀တ်အစားတွေတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ ဟုတ်ကဲ့ ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ရပါတယ် ကဲ လိုက်ရမှာပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့
ခင်ညွန့်။ ။ အေးအေးဆေးဆေးပဲ လိုက်မှာပါ။ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်း မဟုတ်ဘူး။
ရဲချုပ်။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်

ရဲချုပ်က ၄င်းတို့ယူခဲ့ချင်သည့် ပစ္စည်းများကို ရဲများအား သယ်ခိုင်းသည်။

The End

ဒေါ်အောင်ဆန်းစုကြည်

Friday, December 3, 2010 5:32 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်

အောင်ဆန်း တဲ့ စုကြည်


အောင်ဆန်းဆို ဗိုလ်ချုပ်သမီး


ကြီးမြတ်ဂုဏ်ရည်။
...



အာဇာနည်


မြန်ပြည်ရဲ့ချစ်သမီး။

ယနေ့အရေးမှာဖြင့်


ဖအေ့သွေးပီပီမို့


ဘာမထီ ခေါင်းဆောင်စိတ်ကယ်နဲ့


မြန်မာပြည် ဒေါင်းတောင်နမိတ်တွေနဲ့


ကျောင်းခေါင်ရိပ် အနီးမှာလ



ကောင်းအောင်ဟိတ် ကြီးပါဘိ



ခေါင်းဆောင်ထိပ်သီး။



တင်မိုး
၁၁၊၁၂၊၈၈။
နံနက်ခင်း

ကမ္ဘာ့ AIDS နေ့အခမ်းအနား အဖွဲ့ချုပ်ရုံးတွင်ကျင်းပ (ဓါတ်ပုံများ)

Thursday, December 2, 2010 2:59 PM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=13016

ယနေ့ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ နှစ်(၉၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား (ဓာတ်ပုံ)

Wednesday, December 1, 2010 9:11 PM | Posted by Anonymous

ယနေ့ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ နှစ်(၉၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား (ဓာတ်ပုံ)

by Demo Waiyen on Wednesday, December 1, 2010 at 11:51pm
ယနေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ နှစ် ၉၀ပြည့်အမျိုးသားအောင်ပွဲနေ့
ဘဘဦးတင်ဦးနဲ့ အမေစု
လူဦးရေ ၁၀၀၀ကျော်ပြီး ရုံးမှာမဆန့်လို့ အပြင်ဘက်မှာ နာေးထာင်ကြရတယ်လို့ ဆိုပါတယ်..

ပင်နီအကျီင်္နဲ့ အမေစု
ရဲရင့်တည်ကြည်တဲ့ တို့ခေါင်းဆောင်
ပြည်သူတွေက သောင်းသောင်းဖြဖြ
အမေစုအတွက် လက်ဆောင် ပန်းချီကား

ဓာတ်ပုံ Reuters

Sources:

http://www.demowaiyan.co.cc/

Exclusive: A Video Message from Aung San Suu Kyi

Tuesday, November 30, 2010 8:34 PM | Posted by Anonymous
The newly released Burmese democracy advocate speaks about her selection as an FP Top Global Thinker of 2010.
BY AUNG SAN SUU KYI | NOVEMBER 30, 2010





When FP Global Thinker Aung San Suu Kyi emerged this fall from a house arrest that had lasted on and off for two decades, the world was impatient to hear what this symbol of Burma's embattled resistance movement would have to say. Would she rage against her captors, the Burmese junta that had just days before staged its first, extraordinarily flawed election in two decades? Would she call for international intervention to end a regime that has become known for its vicious crackdowns on minority and opposition groups and a dangerously laissez-faire attitude toward the drug barons operating along its borders? Instead, the freed dissident made a remarkably levelheaded call for long-term reform of the sort that comes from within: "value change," as she put it, not regime change. And she has already begun to take action, filing papers to reinstate her political party and promising an investigation into the recent election. As she said upon her release, "We have a lot of things to do."

She also spoke directly to you, our readers at Foreign Policy magazine, in an exclusive video message commemorating her selection as a Top Global Thinker of 2010. Noting how the world has changed in the years since she was imprisoned, she reaffirms the need to keep fighting for democracy. Her words are transcribed below:

It is a great pleasure to be able to address you like this today. But of course, it would have been an even greater pleasure if I could have joined you in person. I was greatly honored to find that I had been chosen as one of Foreign Policy's Top Global Thinkers. Honored, and at the same time humbled. During the last two decades, my life has swung between periods when I have ample time for thought and contemplation, and periods when I hardly had time to catch thoughts on the wing, because there was so much to do.

But in all these years, the one thought that has stayed with me is that we all have to work together to try to improve any situation. That is not an original thought; I think it's as old as humanity: that there is strength in numbers, that we must learn to help each other. But yet, that is a thought that never ages. I wish I could meet all of you to talk over all the things I have thought about over the last seven years, during which many changes took place in this world.

When I came out of detention, on the 13th of this month, I suddenly found myself in a new world, as it were. The people who came to support me, to offer me their greetings and their continued belief in our cause, were much younger than the ones with whom I had worked many years ago. A whole new generation -- or perhaps I should say, several new generations -- had joined us, and so it is a younger world. At the same time, it is a startling, stranger world because all these young people were so much more familiar with the new IT revolution than I am. And that really made me happy; it encouraged me, it invigorated me, because IT technology means simply better communications; better communications between different peoples, between different generations.

I do not know what I am supposed to have contributed to the Great Thinkers of this world. All I can say is that I stand ready to be taught, to learn, to learn from the new thinking, to learn from younger people, to learn from those who have spent the years that I have spent in detention out in the free world, seeing what is going on, and from that seeing, learning to think again. We have to think again, and again, and again, and yet, we never come to the end of our thinking. We never come to the final conclusion. That is the beauty of human nature -- that we can go on, we can keep on going forward, going upward, going outward in our minds and in our hearts.

This is not the ideas of a thinker that I am expressing to you. These are just the ideas of someone who has lived apart from most of the world for many years and has now come out to join you and to ask for your support, your help, your advice, and for your friendship.

I don't know whether this is what a Global Thinker is supposed to be saying, but whatever I have said, it comes from my heart, and I hope that you will look upon it kindly. Thank you very much.

Sources: http://www.foreignpolicy.com/articles/2010/11/29/Exclusive_Video_Message_from_Aung_San_Suu_Kyi

“ခေတ်သစ် မြန်မာ့လွှတ်တော်” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

Monday, November 29, 2010 10:43 PM | Posted by Anonymous

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်ခြင်း (၃) နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် (ရုပ်သံ)

10:41 PM | Posted by Anonymous

“ပြေးပေဦး ခပ်ဝေးဝေး” (ကာတွန်း ဟန်လေး - ဧရာဝတီဘလော့ဂ်)

Sunday, November 28, 2010 4:17 PM | Posted by Anonymous

နယူးယောက်ပြည်နယ်တ၀ှမ်းက မြန်မာမိတ်ဆွေများက မြန်မာပြည်တွင်းရှိ HIV- AIDS ဝေဒနာရှင်များအတွက် စုပေါင်းရန်ပုံငွေ ဈေးရောင်းကြမည်

4:02 PM | Posted by Anonymous
နယူးယောက်ပြည်နယ်တ၀ှမ်းက မြန်မာမိတ်ဆွေများက မြန်မာပြည်တွင်းရှိ HIV- AIDS ဝေဒနာရှင်များအတွက် စုပေါင်းရန်ပုံငွေ ဈေးရောင်းကြမည်
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၂၇၊ ၂၀၁၀
လာမည့် ဒီဇင်ဘာ ၅ တနင်္ဂနွေနေ့တွင် ၊ နယူးယောက်မြို့တော်က အောက်ဖော်ပြပါ လိပ်စာမှာ နယူးယောက်ပြည်နယ်အနှံ့က မြန်မာကွန်မြူနီတီနဲ့ မြန်မာမိတ်ဆွေတွေရဲ့ စုပေါင်း ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပကြမည် ဖြစ်သည်။ အလှူငွေများအားလုံးကို မြန်မာပြည်တွင်းရှိ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရသော HIV/AIDS ဝေဒနာရှင်များထံ ရည်ရွယ်ပြီး လှူဒါန်းကြရန် တညီတညွတ်တည်း ဆုံးဖြတ်ထားကြောင်း သိရသည်။
အစားအသောက် ရန်ပုံငွေအလှူရှင် ဈေးဆိုင်ပေါင်း ၃၀ ကျော် ရှိပြီး၊ အနည်းဆုံး ဒေါ်လာ ၅ ဖြင့် ၀င်ရောက်ဆင်နွှဲပြီး မြန်မာလှုမှုအကျိုးကို အလှူဒါနပြုနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ထိုပွဲတော်ဖြစ်မြောက်အောင် ၀ိုင်းကြသည့် လုပ်အားပေးများတွင် ဖျော်ဖြေရေးအဖြစ် ဒီဂျေ ကိုဝင်းအေးနဲ့ Exit တီးဝိုင်းအဖွဲ့သားများနှင့် အခြားမြို့များက မြန်မာ့အကအဖွဲ့များ၊ ယိမ်းအဖွဲ့များက ၀င်ရောက် ဆင်နွှဲကြမည်ဟု သိရသည်။
မြန်မာပြည်တွင်းက ဧည့်သည်အဆိုတော်အဖြစ် “သားစိုး” ကလည်း ၀င်ရောက် အနုပညာကုသိုလ်ပြုမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတဦးက ပြောသည်။
ပွဲတော်၏ ဝေယျာဝစ္စလုပ်အားပေးများအဖြစ် ပြည်သူ့ဂုဏ်ရည် နယူးယောက်အသင်းသားများက ၀ိုင်းဝန်းကြမည်ဖြစ်သည်။
“ဒီ အလှူငွေပွဲတော်ကို မြန်မာမိသားစုတွေ၊ အဖွဲ့အစည်းမျိုးစုံက ၀ိုင်းပြီး ဖြစ်မြောက်အောင် စီစဉ်ပေးတာဖြစ်ပါတယ်။ နယူးယောက်မြို့တော်က မြန်မာသံဃာတော်များ၊ သံဃာ့အဖွဲ့အစည်းတွေကလည်း အားပေးကြပါတယ် ခင်ဗျ။ မြန်မာပြည်က ဝေဒနာသည်တွေကို တတ်နိုင်သလောက် ကူညီဖို့ လုပ်ကြတာဟာ အလွန်ကို ကြည်နူးဘွယ်ရာ ဖြစ်ပါတယ်။”
ဟု ပွဲစီစဉ်သူတဦး မိုးမခသို့ ပြောသည်။
ပြည်သူ့ဂုဏ်ရည် နယူးယောက်အသင်းသားများထဲက လုပ်အားပေး စီစဉ်သူတဦးက ပြောကြားရာတွင် …
“ကျနော်တို့ကတော့ စေတနာတူညီတဲ့ စေတနာရှင်တွေ၊ လုပ်အားပေးတွေက ၀ိုင်းကြပါ။ ပြည်သူ့ဂုဏ်ရည်အဖွဲ့သားတွေကလည်း ဖိတ်ခေါ်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ အခြားမြို့နယ်တွေအသီးသီးကလည်း မြန်မာပြည်က ဝေဒနာသည်တွေကို အရေးပေါ်သလို ၀ိုင်းကူညီကြပါ။ ပွဲတော်တွေ မလုပ်နိုင်ရင်တောင် လှမ်းဆက်သွယ်ပြီး လှူကြပါလို့ ပြောချင်ပါတယ်။”

- သားစိုး၏ အင်တာနက်ပေါ်က ယူကျု ဖိတ်စာ -
အစီအစဉ်မှာ -
အချိန် - ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့
လိပ်စာ - PS -12, 7200, Woodside Avenue, Woodside, NY 11377
စုံစမ်းရန် - ဦးဉာဏိန္ဒ (၄၀၄-၇၈၉-၉၃၇၆)၊
ကိုဇော် (YGN PHOTO) (၇၃၂) ၉၇၉-၄၈၄၈
ကိုယဉ်ထွေးဆွေ (၆၂၆) ၃၁၅-၄၈၉၈
ကိုဟန်မင်းဦး (၉၁၇) ၆၂၀ ၀၄၃၁
မသင်းသင်းမော် (၃၄၇) ၃၄၀-၄၁၇၇
မသက်မာဝင်း (၉၁၇) ၃၁၉-၂၆၂၇ အပြင် Exit တေးဂီတအဖွဲ့နှင့်ပက်သက်၍
ကိုဝင်းမင်း (၃၄၇) ၅၅၂-၇၂၃၇ သို့ ဆက်သွယ်နိုင်ပါသည်။

“အကျယ်ချုပ်က လွတ်လာ အပြင်လောကမှာ ရှင်းလင်းစရာ တပုံတပင်” (ကာတွန်း ဟန်လေး - သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်)

11:24 AM | Posted by Anonymous

“ခေါင်းလောင်းသံ တညံညံပေး” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

11:20 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ

11:17 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ

မိုးမခ အင်တာဗျူး

နိုဝင်ဘာ ၂၆၊ ၂၀၁၀

ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့ မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့ တုန့်ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ပထမဦးဆုံး မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ အားတက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အမျိုးသားရေးလုပ်ငန်းတွေ အစီအစဉ်တွေကို အားလုံးက အဆင်ပြေ ချောမွေ့ အောင်မြင်စေဖို့ ဆုမွန်ကောင်းတွေ တောင်းနေကြတယ်၊ မေတ္တာပို့နေကြတယ်၊ ထောက်ခံ အားပေးလျက် ရှိတယ် ဆိုတဲ့ အကြောင်းကို အရင်ဆုံး တင်ပြလိုပါတယ်။

ကျေးဇူးတင်ပါတယ်။ ကျမတို့ အခုလို ကြားသိရတဲ့အတွက်လည်း ၀မ်းသာပါတယ်။

နောက်တခုကတော့ ပြည်ပမှာ မြန်မာအမျိုးသားတွေကလည်း လူမှုရေးကွန်ယက်တွေအဖြစ် တယောက်တလက် ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ပြည်တွင်းက လူမှုရေးစွမ်းဆောင်သူတွေကို အားပေး ဂုဏ်ပြုကြတာတွေ လုပ်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ စသည်ဖြင့် အဲသည်အတွက်ကို ဘာများ ပြောလိုပါသလဲ။

ကျမ ဒီအကြောင်းကို ကြားရ သိရပါတယ်။ ၀မ်းသာပါတယ်။ ဒါမျိုးတွေကို ဆက်ပြီးတော့ လုပ်သွားကြပါ။ သားတို့အနေနဲ့ ညီညီညွတ်ညွတ် လုပ်ကြရမယ်နော်။ အပြင်က အဖွဲ့တွေက အကွဲကွဲအပြားပြားဖြစ်နေတယ်လို့ ခဏခဏ အပြောခံရတာ မကောင်းဘူးနော်။ တခါတလေမှာ နိုင်ငံရေးအရ နဲနဲ ကွဲပြားနေကြတာတွေကို လူမှုရေးလုပ်ငန်းတွေ အတူတူလုပ်ရင်းနဲ့ ရင်ကြားစေ့ကြလို့ ရှိရင် အခြေအနေတွေ ကောင်းလာလိမ့်မယ် လို့ ထင်ပါတယ်။

ဟုတ်ကဲ့ပါ။ ပြည်ပက မြန်မာအမျိုးသားတွေ၊ တိုင်းရင်းသားတွေက မြန်မာပြည်ပြင်ပမှာ၊ နယ်စပ်ဒေသတွေမှာ ရွှေ့ပြောင်းနေထိုင်ကြနေကြရတယ်။ အခုဆိုရင် နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ သို့သော် တိုင်းပြည်ရဲ့ အမျိုးသားရေးနဲ့ ပတ်သက်ရင်တော့ အမြဲတန်း စိတ်ဝင်တစား၊ တက်တက်ကြွကြွနဲ့ ရောက်ရာ ကျရာနေရာတွေကနေ လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ၊ ရပ်တည်မှုတွေကို နှုတ်ပိတ်ခံထားရတဲ့ ပြည်တွင်းက ပြည်သူတွေကိုယ်စား ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀ ရွေးကောက်ပွဲတွေကို လက်မခံဘူး၊ ကန့်ကွက် ဆန့်ကျင်ခဲ့ကြတယ်။ အဲသည်အတွက်ကို ဘာပြောချင်ပါသလဲ။

အခုလိုမျိုး လုပ်ကိုင် ဆောင်ရွက်တာတွေဟာ ခုချိန်မှာ အရေးကြီးတယ် လို့ ပြောချင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကြဖို့ကိုလည်း မမေ့ကြစေချင်ဘူးနော်။ အခုချိန်ဟာ တကယ်တော့ ကျမတို့အတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အခုချိန်မှာ အားလုံးက စုပေါင်းအင်အားနဲ့ လှုပ်ရှားရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကို သားတို့က သိမှာပါ။

အခုအချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းမှာ အရင်တုန်းကနဲ့ မတူတဲ့ ထောက်ခံမှုတွေ ရနေတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတဲ့ အဖွဲ့ချူပ်မဟုတ်ဘူးဆိုတာမျိုး ဖြစ်အောင်လို့ လုပ်နေတာတွေလည်း ရှိနေတဲ့ အချိန်လည်း ဖြစ်နေတော့။ ဒါတွေက အများကြီး လုပ်ရမယ့် အချိန်ပဲ။

ဟုတ်ကဲ့ပါ။ ကျနော်တို့ ကြားသိ တွေ့မြင်ရသလောက်ကတော့ မြန်မာပြည်သူတွေ အားလုံးလိုလိုက အင်န်အယ်ဒီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ နိုင်ငံရေးပါတီတခုအနေနဲ့တင်သာမကဘူး၊ မြန်မာပြည်သားတွေရဲ့ လူမှုအဖွဲ့အစည်း၊ နိုင်ငံပြု အဖွဲ့အစည်းလို မှတ်ယူထားပြီးသား ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာဖက်ကအနေနဲ့ကော ဘယ်လိုမျိုး မြင်ချင် တွေ့ချင်တာ ရှိပါသလဲ။

ဟုတ်ကဲ့။ နောက်တခုကလည်းလေ ဥပဒေကြောင်းအရ တတ်နိုင်သမျှ ၀န်းရံပြီးတော့ ပြောပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတာကို ဖျက်မယ်ဆိုတာဟာ ဥပဒေနဲ့ မညီဘူး။ ကျမတို့ ရှေ့နေတွေနဲ့ သေသေချာချာ တင်ထားတယ်။ ဥပဒေကြောင်းအရသာ ဖြစ်ရမယ်ဆိုရင်တော့ အဖွဲ့ချူပ်ကို မှတ်ပုံတင် ရုပ်သိမ်းလို့ မရဘူး။ အဲဒါကို ကမ္ဘာတလွှားက ပညာရှင်တွေကနေပြီးတော့ ဒီဟာကို ထောက်ပြပြီးတော့ ဥပဒေအမြင်ကနေပြီးတော့ ထောက်ခံပေးတာကိုလည်း လုပ်ပေးစေချင်တယ်။ သားတို့လည်း လုပ်ပေးစေချင်တယ်။

ဟုတ်ကဲ့ပါ။ မြန်မာပြည်တွင်းက ဒေါ်စုတို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစုတွေရဲ့ ဆောင်ရွက်မှုတွေ၊ ချမှတ်ဖော်ဆောင်မှုတွေကိုလည်း အားလုံးက နားစွင့်ပြီး၊ စောင့်ပြီး နားထောင်ပြီး လိုက်ပါဆောင်ရွက်နေကြတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောနေကြပါတယ် ခင်ဗျာ။

ကျေးဇူးတင်ပါတယ် သားရယ်။

နောက်တချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ အင်န်အယ်ဒီပါတီဘက်က ရပ်တည်ပေးနေကြတဲ့ ပြည်သူလူထုတွေ ရှိတယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး အစုအဖွဲ့တွေ ရှိနေတယ်။ ဒ့ါအပြင် တဖက်ကကြည့်ရင်လည်း တပ်မတော်တို့၊ မကြာခင်မှာ ပေါ်ထွန်းလာနိုင်တဲ့ လွှတ်တော်တို့ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ကော ဘယ်လိုမျိုး လက်တွဲပြီး လုပ်သွားမယ်ဆိုပြီး မျှော်လင့်ထားသလဲဆိုတာကိုလည်း သိချင်ကြပါတယ်။

အန်တီတို့က ကြိုးစားနေတာပဲ။ အခုဆိုရင်လည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီ ၁ ခု ၂ ခု နဲ့၊ တသီးပုဂ္ဂလတွေနဲ့လည်း တွေ့ပြီးပါပြီ။ အများကောင်းကျိုးကို တတ်နိုင်သမျှ လက်တွဲပြီး လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီထက်ပိုပြီး ထပ် ထပ် ပြီးတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ဖြစ်အောင်လို့ ကြိုးစားသွားမှာပါ။ အဲသည်တော့ သားတို့တွေ အနေနဲ့ကလည်း သည်လိုကြိုးစားမှုတွေကို ထောက်ခံမယ် ပံ့ပိုးမယ်လို့ ဆိုတာကို ယုံကြည်ထားပြီးသားပါ။

အဲသည်မှာ မေးခွန်းတခုကတော့လေ … ဒီမိုကရေစီရေး လှုပ်ရှားမှုတွေထဲမှာ အင်န်အယ်ဒီရဲ့ ရပ်တည်မှုတွေထဲက အခြေခံအချက်တခုဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ်၊ ဒီမိုကရေစီရေးကို အခြေခံတဲ့ အာမခံတဲ့ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေးကို ထောက်ခံပြီး ဦးတည်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရည်မှန်းကြတယ်။ ဒီလိုမျိုး ဆောင်ရွက်နိုင်အောင်လို့ အခြားအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကို အားလုံးက ဘယ်လို စည်းရုံးကြမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။

ဒါကတော့ ရွေးကောက်ပွဲဝင်ပြီးတဲ့သူတွေလည်း တော်တော် အခြေအနေတွေကို သိလာကြပါပြီ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် အစတုန်းကတော့ Political Space ရဖို့လုပ်ခဲ့ကြတာ လို့ ဆိုတယ်။ တကယ်တန်းကျတော့ Political Space ရှိရဲ့လား၊ မရှိဘူးလား ဆိုတာကို လက်တွေ့ကျကျ သုံးသပ်ကြဖို့ လိုတယ်ဆိုတာကိုတော့ သားတို့က ထောက်ပြကြရလိမ့်မယ် ထင်တယ်။

အဲဒါကတော့ ဆောင်ရွက်ကြရတဲ့နေရာမှလည်းပဲ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စတွေက ဘာနဲ့ စရမှာလဲ ဆိုတော့ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးတာနဲ့ စရမယ်။ အခုသုံးနေကြတဲ့ စကားကတော့ Exchange ပေါ့။ Engagement ပေါ့။ Exchange ရှိရမယ်။ Engagement ရှိရမယ်။ Exchange of Ideas ရှိရမယ်။ အပြန်အလှန်ဆွေးနွေးကြပြီးတော့မှ ကိုယ်ကနေပြီးတော့ ဘယ်လိုပုံစံနဲ့ပြောရင် သူတို့နားလည်သဘောပေါက်မယ် ဆိုတာ အဲလိုဆုံးဖြတ်ရမှာပေါ့။

အဖွဲ့ချုပ်ကို လက်ရှိစစ်အစိုးရနဲ့ အခြားနိုင်ငံရေးအင်အားစုတွေက အနှောက်အယှက်ပေးတယ်။ မတရားမှုတွေ လုပ်လာတာမျိုးတွေ ရှိလာရင်၊ ဖြစ်လာရင် ပြည်သူလူထုအားလုံး ပါဝင်နိုင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဘယ်လိုမျိုး ၀ိုင်းဝန်းပြီး လုပ်ကြရင် ကောင်းမှာလဲ ဆိုတာ ဘယ်လိုပြောချင်ပါသလဲ ခင်ဗျာ။

ပထမဦးဆုံးအဓိကအချက်ကတော့ Awareness ပိုပြီးရှိလာအောင် လုပ်ကြဖို့ ဖြစ်တယ် လို့ ပြောချင်ပါတယ်။ နိုင်ငံတကာအဆင့်နဲ့ကို Awareness ရှိလာအောင်လို့၊ ရှိနေအောင်လို၊့ အခြေအနေကို အများကနေပြီးတော့ ပိုပြီး သိလာအောင်လို့၊ ထောက်ခံလာအောင်လို့ လုပ်ကြတဲ့နေရာမှာ အပြင်က လုပ်ပေးနိုင်တာက အထဲမှာ အန်တီတို့ မလုပ်ပေးနိုင်တာ အများကြီး ရှိတယ်။ အထဲမှာ အန်တီတို့လုပ်မယ့် လှုပ်ရှားမှုတွေကို အပြင်ကလည်း သိမှာပဲ။ သိကြလို့ရှိရင် ကိုယ့်အထိုက်အလျောက် ၀ိုင်းကြဖို့၊ ၀န်းကြဖို့ပါပဲ။ ဒါတွေက အန်တီတောင် ပြောဖို့ မလိုဘူး ထင်ပါတယ်။ အခု သားတို့ လုပ်နေကြပဲ။ လုပ်ပေးနေကြပဲ။

ဟုတ်ကဲ့ပါ။ အဲသည် လုပ်ပေးနေကြပဲ ဆိုတဲ့နေရာမှာ တခုကတော့ နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတဲ့ Sanction ဆိုတဲ့အပေါ် ဒီဘက်ကသဘောထားတွေ အနေနဲ့ ပြောချင်ပါတယ်။ ဒီ နိုင်ငံတကာက ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေက မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူထားတယ်ဆိုတာက မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ သဘောကို ပြတဲ့အနေနဲ့ အရေးယူမှုဖြစ်တယ်။ ထောက်ခံမှုကို ပြသတဲ့ သဘောအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာပြည်ဒီမိုကရေစီရေးမှာ မြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မဖြစ်မချင်းမှာ ဆက်လက်ကိုင်စွဲသွားရမယ့် အရေးယူမှုတခုဖြစ်တယ်လို့ ဒီမိုကရေစီရေးလိုလားသူ မြန်မာကွန်မြူနီတီတွေရဲ့ သဘောထားလို့ ပြောပြချင်ပါတယ် ခင်ဗျာ။

ဒါလဲ အန်တီတို့က သဘောတူပါတယ်။ အန်တီတို့အနေနဲ့က အခြေအနေတွေကို ပြန်ပြီး Review လုပ်မယ်လို့ပဲ ပြောတာပါ။ အခုလို ပြောပြတာတွေနဲ့ ပတ်သက်လို့ သဘောမတူစရာအကြောင်း အန်တီတို့ဖက်က ဘာမှ မရှိဘူး။ Sanction တွေကြောင့်မို့လို ဒီမှာ စီးပွားရေးအခြေအနေတွေ မကောင်းတာပါ လို့ပြောနေကြတာကလဲ မဟုတ်ဘူး ဆိုတာကို ယုံတယ်။ ဒါကိုလည်း ထင်ထင်ရှားရှားပေါ်လွင်အောင်လည်း အန်တီတို့အနေနဲ့က လုပ်မယ်။ လူထုကို ထိခိုက်နေတာတွေ ရှိတယ် ဆိုရင်လည်း ကြည့်ပြီးတော့ ပြန်စဉ်းစားရမှာပေါ့။ ဒါပေမယ့် ခုနက သားပြောသွားတာတွေကလည်း အန်တီတို့ရဲ့ အခြေခံမူပါပဲ။

နောက်တဆင့်ထပ်ပြောချင်တာကတော့ ဒီလိုမျိုး နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတာတွေ ရှိတဲ့ကြားထဲကပဲ နောက်ပိုင်းတွေမှာ ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှုလိုမျိုး ဒေါ်စုနဲ့ အင်န်အယ်ဒီကို အကြမ်းဖက်မှုတွေ လုပ်တယ်။ နောက်ပိုင်း ထင်ရှားတာတွေက ၂၀၀၇ သံဃာ့အရေးအခင်းတွေ၊ ၂၀၀၈ နာဂစ်အရေးအခင်းတွေမှာ လက်နက်မဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေက မတရားမှုတွေ လုပ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီး သတ်ဖြတ် နှိပ်စက် ထောင်ချတာတွေကို လုပ်တယ်။ ဒါတွေကို နောင်ဆက်မဖြစ်အောင် ဟန့်တားနိုင်အောင်လို့၊ ဖြစ်ခဲ့တာတွေကိုလည်း အမှန်တရားအတိုင်း ပေါ်ပေါက်ဖော်ထုတ်နိုင်အောင်လို့ ကုလသမဂ္ဂလိုမျိုး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပေါ်လာအောင် အရေးယူနိုင်အောင် လုပ်လာကြတာတွေ ဖြစ်တယ် ဆိုတာကလည်း ဒီမှာရှိနေတဲ့ မြန်မာကွန်မြူနီတီတွေကိုယ်တိုင်ရဲ့ သဘောထားဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဒါလဲ အန်တီတို့ သဘောတူပါတယ်။ သဘောမတူစရာ အကြောင်းမရှိပါဘူး။ ဒီမူတွေဟာ မှန်တယ်လို့ အန်တီတို့ ယုံကြည်တယ်။ ဒါပေမယ့်လည်း အချိန်ကာလအလျောက် ပြန်ပြီးတော့ Review လုပ်မယ် ဆိုတာကလည်း တာဝန်အရ Review လုပ်မှာပေါ့နော်။ Review လုပ်တယ် ဆိုတာကလည်း အန်တီတို့ တွေ့တိုင်းအတိုင်းပဲ ထုတ်ဖော် ပြောဆိုမှာ ဖြစ်ပါတယ်။ အန်တီအနေနဲ့ကလည်း စီးပွားရေးဒုက္ခတွေ ဖြစ်နေတာဟာ Sanction တွေကြောင့် မဟုတ်ဘူးဆိုတာလည်း ပေါ်လွင်အောင် ဆွေးနွေးပြီးတော့ ဖော်ထုတ်ပေးရမှာပေါ့။ အဲဒါကိုလည်း အန်တီတို့ကလည်း တန်ဖိုးထားပါတယ်။

နောက်ဆုံးတခုအနေနဲ့ကတော့ ပင်လုံညီလာခံကြီးကို ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ကို အားလုံးက မျှော်လင့်နေတယ်။ မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း ရောက်ရာ၊ ရာရာနေရာတွေကနေပြီး ဘယ်လို အခမ်းကဏ္ဍတွေကနေပြီး ဘယ်လို ၀ိုင်းဝန်းကြရမလဲဆိုတာကို ကြိုဆိုနေကြတယ် လို့ ပြောကြားနေကြတဲ့အကြောင်း၊ စိတ်အားထက်သန်နေကြတဲ့အကြောင်းကို ပြောပြလိုပါတယ်။

ကျေးဇူးတင်တယ် သားရယ်။ ဒါနဲ့ ပတ်သက်လို့လဲ အန်တီတို့က အကူအညီလိုမှာပါ။ အကူအညီလိုတဲ့အခါကျရင် အန်တီတို့ ဆက်သွယ်မယ်လေ။ ဆက်သွယ်လို့ရအောင်ကိုလည်း အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို ပြောပြထားကြရင် ကောင်းမယ် ထင်တယ်နော်။ အခုလို ပြောကြတာတွေဟာ တန်ဖိုးရှိပါတယ်။ ဒီလိုပြောတဲ့အခါကျတော့လည်း အတွင်းမှာရှိတဲ့ အန်တီတို့ သဘောထားတွေနဲ့ အပြင်က သဘောထားတွေနဲ့က ကွာခြားမှုမရှိဘူး။ ကွာဟမှု မရှိဘူး ဆိုတာ သိရတော့လည်း အန်တီတို့အတွက် အားတက်စရာပေါ့။

သားတို့အားလုံး ကျန်းကျန်းမာမာရှိအောင် နေကြနော်။ ကျန်တဲ့သူတွေကိုလည်း အန်တီက နှုတ်ဆက်လိုက်တယ်။ မေတ္တာပို့လိုက်ပါတယ်လို့ ပြောလိုက်ပါနော်။

ဒါတွေကတော့ ၂၆ ရက် နိုဝင်ဘာ ညနေခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တ ဆုံတွေ့ခွင့်ရချိန်မှာ မိုးမခ၀ိုင်းတော်သားများရဲ့ တင်ပြဆွေးနွေးမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေများပဲ ဖြစ်ပါတယ်။

အဲသည်လို တွေ့ဆုံချိန်လေးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မြန်မာပြည်ရဲ့ ကဗျာဆရာကြီး ဦးတင်မိုးအကြောင်းကို အမှတ်တရ စကားပြောပါတယ်။ ဆရာ့အစီအစဉ်တွေကို လေလှိုင်းများကတဆင့် အမြဲတမ်း နားထောင်နေခဲ့တဲ့အကြောင်း ဆရာဦးတင်မိုးရဲ့ သမီးငယ် မိုးချိုသင်းကိုလည်း နှုတ်ဆက်စကားပြောပါတယ်။ အခုတော့ ဆရာဦးတင်မိုးအသံတွေ မကြားရတော့ပေမယ့် ဆရာ့ဦးတင်မိုးရဲ့ မိတ်ဆွေ ဆရာမောင်စွမ်းရည်ရဲ့ အသံတွေကတော့ ဆက်ကြားနေဆဲ ဖြစ်ကြောင်းနဲ့ ဆရာမောင်စွမ်းရည်နဲ့ စာပေမိတ်ဆွေများကို နှုတ်ဆက်လိုက်ကြောင်းကိုလည်း စကားလက်ဆောင် ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဗီဂျေးနမ်ဘီယား တွေ့ဆုံ

11:11 AM | Posted by Anonymous

အန်တီစုရဲ့ Diary လေးပါ

10:52 AM | Posted by Anonymous


ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ဩော်…
ဒီနေ့ ငါ့မွေးနေ့ပဲလေ…

ငါဘာလုပ်ရင်ကောင်းမလဲ
ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
၁၉ နှစ်တောင် ရှိရော့ပေါ့
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.
ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ
ရှိစေချင်လိုက်တာ
ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.
ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့
ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…
ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ
အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ

အို….
ငါသိပ်လွမ်းတယ်သိလား…
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…

ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက
လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့
မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့
ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့
အို…
ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
ငါဘာမှနားမလည်ခဲ့ဘူး
အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး
မျှော်လိုက်ရတာ ဖေဖေရယ်..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်..
ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ်
ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…

၁၉၆၀ ခုနှစ်

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.
အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့
ပြောတယ်.
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့

မေမေတို့ပြောင်းရတော့မယ် သမီးလေး..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
လိုက်ခဲ့ရမှာလေ.
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
ဟင်းဟင်းဟင်း…
ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
သွားပြောပေးရမှာလေ.

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
ဝယ်ထားပေးမယ်.

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
ပြေးဝင်ခဲ့တယ်.
မေမေက သိပ်တော်တာပဲနော်.
ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်
မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
စံနမူနာထားလို့
သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…

၁၉၆၄ ခုနှစ်

ငါပျော်လိုက်တာ…
အောက်စဖို့ တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
I'm proud of you, honey! လို့
ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…
မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ ကြတယ်.
အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့
ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့
ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…

အောက်စဖို့တက္ကသိုလ်ကို တက်ဖို့ ငါထွက်ခဲ့ရပြီ
လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
စကားတစ်ခွန်းပြောတယ်.
I believe in you! တဲ့.
ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
မေမေ၀မ်းနည်းနေတာ ငါသိတယ်.
ဒါပေမယ့် မေမေမငိုခဲ့ဘူး
လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး
ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
ငါ့ဘ၀ရဲ့ အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက်
ငါဂုဏ်ယူနေလို့ပါ
ငါပျော်နေလို့ပါ
ငါပီတိဖြစ်နေလို့ပါ

တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီး
ရင်းနှီးခဲ့ရတယ်.
သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.
တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့
ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…

၁၉၆၉ ခုနှစ်

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.
ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.
သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
*အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ*
မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.
Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.
ညနေရုံးဆင်းချိန်တွေနဲ့
စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer
ဝင်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီလူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..

၁၉၇၂ ခုနှစ်

မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို
လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…

မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား
မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့ ထုံးစံအတိုင်းပဲပေါ့
I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ
ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…

၁၉၇၃ ခုနှစ်

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို ငါမွေးခဲ့တယ်.

ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
အဲဒီနေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.
ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…

၁၉၇၄ ခုနှစ်

မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့

၁၉၇၇ ခုနှစ်

ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.

၁၉၈၅ ခုနှစ်

*ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို စာတမ်းပြုစုခဲ့တယ်.*
ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.

*၁၉၈၆ ခုနှစ်*

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
*ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.*
ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..

*၁၉၈၇ ခုနှစ်*

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.
အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
ငါ့ရဲ့ Advanced Degree အတွက်
London School of Oriental and African Studies မှာ
စာရင်းပေးခဲ့တယ်

*၁၉၈၈ ခုနှစ် မတ် ၃၁*

တယ်လီဖုန်းသံမြည်လာခဲ့တယ်.
ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
မေမေလေဖြတ်သွားတယ်တဲ့
နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
မေမေရယ်…
မှတ်တောင် မမှတ်မိတော့ဘူး
မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ
ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်…

*ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်*
*၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ
ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.*
*သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့
တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်*
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…

*စက်တင်ဘာ ၁၈ ရက်*
စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့
ငါဘာလုပ်ရမလဲ
ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်
ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.
ဒါပေမယ့် သေချာတယ်
ငါလိပ်ပြာမလုံဘူး

ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.
သူတို့ကို ငါရှက်တယ်.
ငါမပြန်ဘူး
ငါဒီမှာနေမယ်
ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.
ဟုတ်တယ်
ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး
ငါဒီမှာနေမယ်
ငါမပြန်တော့ဘူး
ငါချစ်တဲ့ ငါ့ ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
ငါ့ဖေဖေအတွက်
*ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.*
လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်
ဟုတ်တယ်
ဒါငါပဲ.

NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
ဒါကို ငါအသုံးချခဲ့တယ်
*စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.*
ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့
သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ
တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်

င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.
သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
လူထုကြီးက "ဟေးးးးးးးးးးးးးးးးးးးးးးး"
ဆိုပြီး
တခဲနက်အားပေးလိုက်ကြတာ
ငါ့မှာ ကြက်သီးတွေတောင်ထလို့…

*၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်

မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..*
ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
*ကောင်းကင်ဘုံက *လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.

*၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်
မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.*
မေမေ့ကို မြင်စေ့ချင်လိုက်တာ.
မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
*ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.*
ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…

ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.
အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်
ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.
ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်

အဲဒီကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..
ငါ့အပေါ်ရက်စက်လိုက်ကြတာ.
ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ
သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ
နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..

ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့
ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.
ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..
မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
ခုချိန်ထိပဲလေ.
မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး
သားတို့ကို သိပ်ချစ်တာပေါ့
သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့
ဒါပေမယ့်သားတို့ရယ်
သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
မေမေပိုချစ်မိတယ်.
ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…

*၂၀၀၃ ခုနှစ် မေလ ၃၀ ရက်*

ရက်စက်လိုက်ကြတာကွယ်
ရက်စက်လိုက်ကြတာ
မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး
သတ်ဟေ့သတ်ဟ
ချဟေ့ချဟ
ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ
*တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ…*
အဲဒီညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.
ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..
သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ
ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့
မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
*ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…*

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း
နွမ်းလျလှပါပြီ
*မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ*

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ
ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ
ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
ငါ့မှာတော့…
*ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…
ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….*

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်
အပြင်မှာ နေခြည်တွေဖြာနေပြီနော်
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး
အခန်းပြတင်းကိုဖွင့်လိုက်တယ်.
ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.
မကြောက်ပါနဲ့သားရယ်
ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
ငါ့ကို ဦးညွှတ်တယ်.
သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်
အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.
ဒီသစ္စာစကားမှန်ရင်
ငါချစ်တဲ့
*မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား…*

ငါရှင်သန်နေဦးမှာပါ.
မသေမချင်းပေါ့…

နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး
ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
*အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ
ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…
မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…
မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…*

ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…
အမျှအမျှအမျှ…..

*သာဓု..သာဓု..သာဓု……*

ပေးပို့သူကိုအရှည်ကြီးအားအထူးကျေးဇူးတင်ရှိပါသည်။

Credit to Min Yan Naing: http://minyannaing-myanmar.blogspot.com/2010/11/diary.html

အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း

10:45 AM | Posted by Anonymous

ခင်နှင်းလွင် ၊ ရန်ကုန်
နိုဝင်ဘာ ၂၇၊ ၂၀၁၀ထိုနေ့ တစ်နေ့လုံး မျှော်လင့်ချက်အပြည့်နဲ့ လမ်းမပေါ်မှာရော NLD ရုံးချုပ် ရှေ့တွင် မှာပါ လူအုပ်စုကြီးက စိတ်အား ထက်သန်စွာဖြင့် စောင့်ဆိုင်း နေသကဲ့သို့ အန်အယ်ဒီ ရုံးချုပ်ရဲ့ အပေါ်ထပ် ဒေါ်အောင်ဆန်းစုကြည် အတွက် ပြင်ဆင်ပေးထားတဲ့ ၈ ပေ x ၁၄ ပေ သာသာ အကျယ် ရုံးခန်းလေး အတွင်းမှာလည်း ပိတ်ဖြူစ ပန်းချီကားချပ် တစ်ခု ….ထို့နောက် ကမ္ဘာ့မိတ်ဆွေ ဗမာ့ကျက်သရေ ဆိုတဲ့ ကဗျာ ခေါင်းစဉ်နှင့် အန်တီ့ပုံကို ကမ္ဘာ့နိုင်ငံ အလံများအလယ်တွင် ထည့်သွင်းထားတဲ့ ဓါတ်ပုံကားချပ်တစ်ခုတို့က ပြည်သူများနှင့်အတူ ထိုရုံးခန်းငယ်ကလေးထဲမှ စောင့်ကြိုနေခဲ့သည်။

ရွှေဂုံတိုင် NLD ရုံးရဲ့ ပထမထပ်မှာ ရှိတဲ့ အန်တီ့အတွက် ရည်ရွယ်ထားတဲ့ ရုံးခန်းဆီကို ရွှေဂုံတိုင်ရုံးထဲ ၀င်ဝင်ချင်း ဘယ်ဘက်အကြား လှေခါးမှ တက်သွားလျှင် ရောက်နိုင်သည်။

ရုံးခန်းလို့ ခေါ်ပေမဲ့ ရုံးခန်း အပြင် အဆင် အဆောင်ယောင် ဆိုလို့ တယ်လီဖုန်းတွေ၊ ကွန်ပျူတာ၊ ဖက်စ်၊ မိတ္တူကူးစက်လို စာအုပ်စင်လို အရာတွေ ဘာမှမရှိဘဲ သန့်ရှင်း ရှင်းလင်းတဲ့ အဆင် အပြင်ကိုသာ မြင်တွေ့ရသည်။

စားပွဲခင်း အဖြူစ ခင်းထားသည့် စားပွဲလေးပေါ်မှာ ထိုးထားသော နှင်းဆီပန်းတပွင့်၊ ဖိုင်တွဲစင်၊ ဘောပင်ထည့်သည့် ခွက်တခု ရှိသည်။ ရေ ထည့်သုံးသည့် လေအေးပေးစက် တစ်လုံး နှင့် ကုလားထိုင် အနည်းငယ်ကိုသာ တွေ့ရသည်။ အန်တီထိုင်ဖို့ ကြိမ်ထိုး ကုလားထိုင်ကို ပန်းရောင် အစွပ် စွပ်ထားသည်ကို တွေ့ရပြီး လေ၀င်လေထွက် ကောင်းပြီး အလင်းရောင် ကောင်းကောင်းရသည့် အခန်းတစ်ခန်းဟု ဆိုနိုင်သည်။

`ဒီပန်းချီကားချပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၇နှစ်မြောက် မွေးနေ့အတွက် ဆိုပြီး အင်းစိန် အကျဉ်းထောင်နဲ့ အခြားအကျဉ်းထောင်က နိုင်ငံရေးနဲ့ အကျဉ်းကျသူတွေ စုပြီး ထိုးထားတဲ့ လက်ရာတွေပဲ။ ၂၀၀၂ ခုနှစ်ကတည်းက ပေးထားခဲ့တာ အခုမှ ဒေါ်အောင်ဆန်းစုကြည်ကို ပေးနိုင်မှာ။ ဒီထဲက တစ်ယောက်ဆို ထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ရတယ်။ တစ်ချို့လည်း ထောင်ကလွတ်လို့ ပြည်ပ ရောက်တဲ့လူက ရောက်ကုန်ကြပြီ´ လို့ ပန်းချီကားကို လက်ညှိုးထိုးပြရင်း ဒေါက်တာဒေါ်မေ၀င်းမြင့်က ပြောသည်။

ချည်ထည် ပိတ်ဖြူစပေါ်တွင် ကမ္ဘာလုံးနှင့် ငြိမ်းချမ်းရေးပုံ၊ ခမောက်ပုံ၊ မန္တလေးနန်းတော် မျှော်စင်ပုံနှင့် ပစ်တိုင်းထောင်ပုံတို့ကို ရေးဆွဲထားပြီး ပုံများအားလုံးမှာ ချည်ရောင်စုံများနှင့် ရေးထိုးပုံဖော်ထားတာကို တွေ့မြင်နိုင်သည်။

ငြိမ်းချမ်းရေး ချိုးငှက် မြန်မာပြည်မှာ နားသင့်ပြီ ဆိုတဲ့ ခေါင်းစဉ်နှင့် ကမ္ဘာလုံးနှင့် ငြိမ်းချမ်းရေး ပုံကို ထောင် ၇ နှစ် ကျသူ မသန္တာဦး၊
ကျသည့် နေရာတွင် ထောင်နိုင်သည့် ပစ်တိုင်းထောင်၊ ရှားပါးတန်ဖိုး ကြီးသည့် နှင်းဆီနက် ပုံတို့ကို ထောင် ၂၉ နှစ် ချမှတ်ခံခဲ့ရသူ ဒေါ်ခင်ခင်လဲ့၊
သက်တင်ကြည်ဖြူ စိန်သရဖူ၊ ပြည်သူကြားရောက် NLD ခမောက်နှင့် ပြည်သူနှလုံး စု သိမ်းကြုံးယူ အစရှိသော ပုံကို ထောင် ၇နှစ်သာ ချမှတ်ခံရသော်လည်း အင်းစိန်ထောင်တွင် ၁၁နှစ် နေခဲ့ရသူ ဒေါက်တာဒေါ်မေ၀င်းမြင့်၊
မြန်မာ့နိုင်ငံရေး အလင်းပေးတယ် သုံးရောင်ချယ် အမည်နှင့်ပုံကို ၇နှစ်ကျခံခဲ့ရသူ ဒေါ်တင့်တင့်ဟန်၊
လှေခွက်ကြီးကျန် အလံမလှဲသော NLD လှေကလေးအမည်နှင့် ရိုးသားဖြူစင်သော သူငယ်တော်ရုပ်ကလေးကို ထောင် ၇နှစ် ကျခံရသော မခင်မာရီ၊
သူ မပါ ဘယ်ဟာမှ မပြီး၊ ဒို့တိုင်းဌာနီ ဗဟိုစည် ပုံကို ထောင် ၂၉နှစ် ချခံရသူ မသီတာထွေး၊
မပျက်ရိုးရာ ပြည်မြန်မာ, သစ္စာစောင့်ရှောက် ထီးချက်စောင့်, ငြိမ်းချမ်းသော ကမ္ဘာကို ထောင် အနှစ် ၂၀ ကျ မကြူကြူမာ၊
မိခင်မေတ္တာ ကြီးမားစွာတည့် ပုံကို ၂၉နှစ်ကျ ဒေါ်အေးသန်း၊
ဒို့ရှမ်းတောင်သူ တုနိုင်ရိုးလားကို ၁၇နှစ်ကျ မသန်းသန်းဌေး၊
၈၉ သေဒဏ် တကျွန်းစံပုံကို ပြစ်ဒဏ် သေဒဏ်နှင့် တကျွန်း ချခံခဲ့ရသူ ဒေါ်ညွှန့်
ညစ်ထေးမတင် မှိုသွင်ပြင်နှင့် လ၀န်းမကွယ် သုံးရောင်ချယ်ကို မခင်ဆွေရင် (ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရသူ)၊
အမှန်အမှား လူထုအားတည့်ပုံကို ပြစ်ဒဏ် ၄၂နှစ်ကျ မခင်ဆွေထွန်း
စသည့် အမျိုးသမီး ၁၂ ဦးက ရေးထိုးထားခြင်း ဖြစ်ကြောင်း တွေ့ရသည်။

သာမန်အားဖြင့် ရိုးစင်းပြီးမထူးဆန်းလှသည့် ပန်းချီကားလေး တစ်ချပ် ဖြစ်သည်။ ရေးထိုးထားသည့် ခေါင်းစဉ်များကို ကြည့်ရှုခြင်းဖြင့် ဖန်တီးထားသူတို့၏ လူထုခေါင်းဆောင် တစ်ယောက်အပေါ် ထားရှိသည့် မေတ္တာ၊ သူတို့ကိုယ်တိုင် အကျဉ်းအကျပ်ထဲတွင် ရောက်နေသော်လည်း သူတို့ ထမ်းဆောင် နေသည့် သမိုင်းတာဝန်ကို ရုပ်လွတ်လပ်မှု နှင့် မိသားစုဘ၀ ကို စတေးပြီး ထမ်းဆောင်သွားမည့် မာန် စသည်တို့ကို ခံစားနိုင်သည်။

မနေသင့် မနေအပ်သည့်နေရာတွင် မနေထိုက်သူတို့ ရောက်ရှိနေရာ အရပ်၊ တရားမမျှတမှုများ ဖုံးလွှမ်းရာ အရပ်ကို မြန်မာနိုင်ငံမှ အကျဉ်းထောင်များက ညွှန်ပြနေသယောင် မြင်တွေ့နိုင်သည်။ နိုင်ငံရေးနဲ့ အကျဉ်းကျသူနေသူတွေ အတွက် အပ်နှင့် အပ်ချည် ကိုင်ဆောင်ဖို့ ခက်ခဲပြီး သူတို့အတွက် ယခုလို အ၀တ်ပန်းချီကားကို ရေးထိုးဖို့ရာ့  မလွယ်ကူတာအမှန်ပင်။

ထိုသို့ အခက်အခဲ ပေါင်းစုံကြားမှ ပြည့်သူ့ခေါင်းဆောင်ကို မမေ့လျော့သည့် စိတ်နှင့် ရေးထိုးပေးထားသော ပန်းချီကားလေးမှာ နိုင်ငံအတွက် အကျဉ်းကျနေသူ အားလုံး၏ စိတ်ကိုဖော်ဆောင် ပေးနေသကဲ့သို့ပင် ဖြစ်လေသည်။ ထို့အပြင် ပြင်ပကမ္ဘာမှ ခေတ္တ အမေ့ခံနေရသူတို့ရဲ့ ၀မ်းနည်းဖွယ် ပုံရိပ်လည်း ဖြစ်သည်။

`ထောင်ဆိုတဲ့ အရပ်က မကောင်းမှန်း သိတယ်၊ ကြောက်တယ် ဒါပေမဲ့ ကိုယ်ဒီအရပ်ကို ရောက်ခဲ့ရတာဟာ အမှန်တရားအတွက် ဆိုတော့ မပျော်ပေမဲ့ ပျော်အောင်နေတတ်ခဲ့ပါတယ်´ ဟု NLD ရုံးမှ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။


မြန်မာနိုင်ငံ၏ မပြီးဆုံးနိုင်သေးသည့် တိုင်းရင်းသားလူမျိုးစု ပြဿနာ၊ ဆင်းရဲမွဲတေမှု ပြဿနာများနှင့် နိမ့်ကျနေသည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဖြေရှင်းစရာ အခက်အခဲ ပေါင်းစုံက ဒီရုံးခန်းက ကုလားထိုင်မှာ ရုံးထိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်လင့်နေသည့် အသွင်မျိုး ခံစားရသည်။

ထည်ဝါမှုမပါ ခေတ်မှီ အသုံးဆောင်များမရှိ ရိုးစင်းတဲ့ အပြင်အဆင်နှင့် ဒီစားပွဲငယ်လေးတွင် ထိုင်ပြီး ပြည်သူတို့၏ မျှော်လင့်ချက်၊ ယုံကြည်ချက်တို့ကို ဒေါ်အောင်ဆန်းစုကြည်က လူထုနှင့် လက်တွဲပြီး ဒီနေရာမှ ရင်ဆိုင် ဖြေရှင်းသွားလိမ့်မည် ဖြစ်သည်။

ရုံးခန်းမှ ပြန်ထွက်အလာတွင်တော့ NLD ပါတီဝင်များ၊ NLD ကို အားပေးသူများ၏ မျှော်လင့်ချက်နှင့် တောက်ပနေသည့် မျက်နှာများကို ဖြတ်သန်းပြီး ရွှေဂုံတိုင်ရုံးချုပ် အပြင်ကို ရောက်ရှိခဲ့ပါသည်။

Credit to Moemaka: http://moemaka.blogspot.com/2010/11/daw-suus-office-room.html

ယနေ့ကဗျာဆရာ၊ တေးရေးဆရာ၊ ပန်းချီဆရာ (၂၀)ခန့်မှ တောင်ဒဂုံရှိ HIVဝေဒနာရှင်များအား သွားရောက်အားပေး လှူဒါန်း (ဓာတ်ပုံ၊ သတင်း)

9:27 AM | Posted by Anonymous
သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ
ကိုတိုးလွင်(ဥတ္တရအလင်း) နဲ့ တေးရေးဆရာ ကိုညီညီလွင်တို့မှ ဝေဒနာရှင်များအတွက် ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းနဲ့ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်..

နိုဝင်ဘာလ(၂၈)ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့မှဖွင့်လှစ်ထားတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ဂေဟာသို့ မြန်မာပြည်တွင်းမှာရှိတဲ့ နာမည်ကြီး ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ (၂၀)ဦးခန့်မှ ဝေဒနာရှင်များအတွက် အလှူငွေများ၊ လိုအပ်သည့် ပစ္စည်းများ၊ ဖတ်ရှူရန် စာအုပ်၊ စာတမ်းများကို လာရောက် လှူဒါန်းခဲ့ကြပါတယ်..။

မြန်မာပြည်မှ နာမည်ကြီး ကဗျာဆရာ တေးရေးဆရာ ပန်းချီဆရာများ ဖြစ်သည့် ကိုတိုးလွင်(ဥတ္တရအလင်း) ကိုငြိမ်းသစ်၊ ကိုညီညီလွင်တို့အပါအဝင် လူဦးရေ (၂၀)ခန့်မှ မိမိတို့ ရရှိသည့် စာမူခ၊ တေးရေးခ စသည့် မိမိတို့ ရရှိသည့် ငွေများအား စုပေါင်း၍ လှူဒါန်းခဲ့ကြပါတယ်..။ လာမည့် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ကျရောက်မည့် WORLD AIDS DAY ကို ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ နံနက်(၁၀)နာရီမှ စတင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အဆိုပါအခမ်းအနား၌~ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကား (၃)ကား လှူဒါန်းမှာ ဖြစ်ပြီး သားငယ် ကိုထိန်လင်းမှ HIV ဝေဒနာရှင်များအား ဂစ်တာတီးခတ် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) ကလည်း ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်) နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာ မောင်နှမများမှလည်း တောင်ဒဂုံရှိ HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာ သို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်း ကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက် လှူဒါန်းခဲ့ကြပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်ဟု ပြောဆိုခဲ့ပါတယ်..။

သတင်း၊ ဓာတ်ပုံ ပေးပို့ပေးတဲ့ ညီမငယ် မေလင်းအား ကျေးဇူးတင်ပါသည်...။

သတင်း.. ဒီမိုဝေယံ

Credit to Demowayyan: http://www.demowaiyan.co.cc/2010/11/hiv_29.html

ဒီကေဘီအေ တပ်များ လှုပ်ရှားမှုသတင်းစုံ

8:14 AM | Posted by Anonymous
ယနေ့ သတင်း (၂၈ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၈ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
နေ့လည်(၃ နာရီ) မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကျေးရွာအနီး တဲ့ဂေါ်ကျိုးဘက်မှာ နအဖ တပ်များနဲ့ ဒီကေဘီအေတပ်များ ယနေ့မနက် ၈ နာရီနဲ့ နေ့လည် ၁၂ နာရီ ၄၁ မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တွေလို့ သိရှိရပါတယ်။ ယနေ့ဖြစ်သော တိုက်ပွဲများတွင် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်ကြောင်း သိရှိရပါတယ်။

နေ့လည်(၂ နာရီ) ယမန်နေ့ညနေ ၄ နာရီခန့်က နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်း၊ နယ်ခြားစောင့်တပ်များကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တို့မှ ခြုံခိုတိုက်ခိုက်ရာ နအဖ ဘက်မှ တပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။

နံနက် (၈ နာရီ) နအဖ စစ်တပ် ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့ ယမန်နေ့ ညနေပိုင်း ဖလူးကျေးရွာအနီး တဂေါ်ကျိုးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်မှ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာတာကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့က ခြုံခိုတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲက ည ၈ နာရီလောက်တွင် လက်နက်ကြီးများနဲ့ အပြန်လှန်ပစ်ခတ်မှု ပြင်းထန်လာခဲ့ပါတယ်။ ညဦးပိုင်းအထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရပါတယ်။



မြ၀တီမြို့တွင် နအဖ စစ်တပ်နဲ့ ဒီကေဘီအေတို့ ဖြစ်ပွားခဲ့သော မြို့တွင်းတိုက်ပွဲ (ကိုးကား - နေ့သစ်)




ဗိုလ်ကြီးသက်နိုင် နှင့် အင်တာဗျူး


ဒီကေဘီအေ ၉၀၉ တပ်ရင်း လာရောက်ပေါင်းစည်းတဲ့အတွက် ကေအန်ယူမှ ဂုဏ်ပြုကြိုဆိုပွဲပြုလုပ် (၁၇ နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
ညနေ(၄ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး တဂေါ်ကျိုးမှာ နအဖ တပ်များနဲ့ နယ်ခြားစောင့်များ အင်အား ၁၀၀ နီးပါး ဒီကေဘီအေ တပ်များနဲံ့ တိုက်ပွဲဖြစ်နေကြောင်း သိရှိရပါတယ်။

နံနက်(၈ နာရီ) ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။

ဆုံဆည်းရာ၊ ၂၆ ရက် နိုဝင်ဘာလ ၂၀၁၀

မြ၀တီ
နံနက် (၁၀ နာရီ ၁၄) ယနေ့မနက်ပိုင်း ၁၀ နာရီတွင် ဝေါလေဒေသ၊ ဖလူးကျေးရွာဘက်မှာ နအဖ နဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး နအဖ ဘက်မှ ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာသည့် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်း အင်အား ၈၀ ကျော်ခန့်နဲ့ ဒီကေဘီအေ တပ်ဖွဲ့များ ဖြစ်တယ်လို့ သိရှိရပါတယ်။ မိုင်းကွင်းထဲမှာရောက်နေတဲ့ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို ရိက္ခာသွားရောက်ပို့ဆောင်သည့် နအဖ ခလရ(၆၂)တပ်ရင်းနဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားတာပါ။

ဆုံဆည်းရာ၊ ၂၅ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
ယမန်နေ့က ညနေပိုင်းက နအဖ တပ်တွေ မြ၀တီမှ ဝေါလေ၊ ကနဲလေး ဘက်ကို စစ်ကူအဖြစ် စစ်ကား ၁၀ ဒီကေဘီအေ တပ်များကို တိုက်ခိုက်ဖို့အတွက် ပို့ဆောင်လိုက်တယ်လို့ သိရှိပါတယ်။ ဒီကေဘီအေ တပ်များက မောခီး၊ စခန်းသစ်နဲ့ ဝေါလေ၊ ကနဲလေး ဘက်တို့မှာ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို မိုင်းထောင်ထားတဲ့အတွက် နအဖ တပ်များ ရိက္ခာပြတ်ပြီး ထွက်မရဖြစ်နေတယ်လို့ သိရပါတယ်။ ၂၃ ရက်နေ့က နအဖ စစ်တပ်ရင် စစ်စင်ရေးဗျူဟာမှူးက ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကို လက်နက်ချဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်မချပါက နအဖ ဘက်က စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရှိရပါတယ်။

သျှမ်းပြည်တပ်မတော်
နိုဝင်ဘာ ၂၃ ရက်နေ့က သံလွင်အရှေ့ခြမ်း ပုံပါကျင်အရှေ့ဖက် (ထိုင်းနယ်စပ်အနောက်ဖက် ၈ မိုင် အကွာ) ၀မ့်အောင့်လောင့် နှင့် နမ့်ဟူးခွန် ကြား၌ သျှမ်းပြည်တပ်မတော်နှင့် နအဖစစ်တပ်တို့ မိနစ် ၂၀ ကြာ ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “ မနေ့က မနက်ပိုင်း ၇း၃၀ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တယ်။ သျှမ်းတပ် ဘက် ၁ ယောက်ဒဏ်ရာရ တယ်၊ ဗမာ တပ်ဘက်က ၂ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်။ သျှမ်းဘက်က အင်အား ၁၀ ယောက်လောက်နဲ့ ဗမာဘက် က အင်အား အယောက် ၃၀ လောက်ရှိမယ် ” ဟု သျှမ်းပြည်တပ်မတော်အသိုင်း အ၀ိုင်းက ပြောသည်။

လင်းခေး - မိုးနဲကြားအမှတ် ၃၆၁ ပန်ဆတ်အမြောက်တပ်ရင်း တပ်ရင်းမှူး အမှတ်မထင် ပစ်သတ်ခံရပြီးနောက်ပိုင်း အင်အား ၃၀ ကျော်ပါ နအဖစစ်ကြောင်းတကြောင်း သျှမ်းပြည် တပ်မတော် နယ်လှည့် စစ်ကြောင်းအား နောက်ယောင်ခံလိုက်ရာ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး နအဖတပ်သားများ သေဆုံးခဲ့ကြောင့် ဒေသခံများပြောဆိုနေကြပါတယ်။ လွန်ခဲ့သည့်အပတ်အတွင်းလည်း သံလွင်အရှေ့ခြမ်း မိုင်းတုံမှ တရုတ်လုပ် တုန်းဖုန်းစစ်ကား ၆ စီးဖြင့် နအဖ စစ်သားအပြည့်တင်ကာ မိုင်းတော့ - မိုင်းထားဘက် စစ်အားဖြည့်ရန် တက်သွားသည်ဟု နယ်စပ်နေ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။ ရွေးကောက်ပွဲပြုလုပ်တဲ့ ၇ ရက်နေ့မှ ယနေ့အချိန်ထိ နအဖနှင့် သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနဲ ဖြစ်ပွားခဲ့ဖြစ်ကြောင်း SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်က ပြောဆိုပါတယ်။ (ကိုးကား - သျှမ်းသံတော်ဆင့်)

ဆုံဆည်းရာ၊ ၂၄ ရက် နိုဝင်ဘာလ ၂၀၁၀
လက်နက်ချမလား၊ စစ်တိုက်မလား...

ဗိုလ်မှူးချူပ် စောလာဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချူပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချူပ် စောလာဘွယ်ကို တယ်လီဖုန်းနဲ့ တစ်နာရီလောက် ကြာအောင် ဆက်သွယ်စကား ပြောပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျူဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချူပ် နှုတ်ခမ်းမွှေး အပါအ၀င် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့ တိုက်နေကြရတာ မဟုတ်တဲ့ အကြောင့် ပြောပါတယ်။ အခုလို ရာဇသံ ပေးတာရှိသလို မြ၀တီမြို့မှာလည်း ဗိုလ်းမှူးချူပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာ လည်းဆိုတဲ့ အစည်းအဝေး တစ်ခုကို နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချူပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။

ဒီအစည်းအဝေးနဲ့ ပက်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောက်သက်က အရှေ့တောင်တိုင်း တိုင်းမှူး ၊ မြ၀တီကဗျူဟာမှူး ၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ ၊ ကရင်ဆရာတော်တစ်ပါး နဲ့ သာထူးကျော်တို့ပါဝင် ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဖက်ကတော့ စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖစစ်ကူ တွေကတော့ အင်အား ၄၀၀ ကျော်သာရှိနေပြီး ဝေါလေစခန်းဖက်က တပ်မ ၂၂ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။ (ကိုးကား - http://www.bbc.co.uk/burmese/burma/2010/11/101122_dkba_ultimatum.shtml)

ဆုံဆည်းရာ၊ ၁၉ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
(၃နာရီ) မြ၀တီ ဟွေ့ရှမ်းရွာဘက် တံတားကြိုးအနီးတွင် တဖက်နဲ့ တဖက်ပစ်ခတ်မှုများရှိနေကြောင်း သိရှိရသည်။ နအဖ စစ်နဲ့ အခြားပစ်ခတ်သည့်အဖွဲ့မှာ မည်သည့်အဖွဲ့မှန်း မသိရသေးပေ။

(၂ နာရီ ၂၀) “မြ၀တီ ရဲစခန်းထဲ သို့ လူ ၂ယောက်က လက်ပစ်ဗုံးနဲ့ ပစ်တယ်။ အဲဒီလက်ပစ်ဗုံးက ရဲစခန်းနားမှာ ပေါက်သွားတယ်။ အဲဒီလူထဲကတယောက်က ကျောင်းထဲကို ပြေးဝင်သွားတာ”ဟု မြို့ခံတဦးမှ ပြောဆို သည်။ လက်ပစ်ဗုံးနဲ့ ပစ်သွားသူများကို ဖမ်းဆီးမိခြင်း မရှိပဲ ထိုပစ်ခတ်သူများသည် မည်သူမ၀ါဖြစ်သည်ကို မသိရှိရပေ။ ယခု မြ၀တီမြို့ကို စစ်တပ်တွေ ၀ိုင်းထားကြောင်း သိရှိရသည်။

(၁ နာရီ ၄၀) မြ၀တီမြို့တွင်း ကုန်သွယ်မှုဇုံ၊ သင်္ကန်းညီနောင် ဘက်က ပစ်ခတ်မှုများ ဖြစ်ပေါ်နေသောကြောင့် မြ၀တီမြို့တွင်းတွင် ပြည်သူလူထုများ ရှုတ်ရှုတ်သဲသဲ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ မြ၀တီမြို့က ကျောင်းများကို ပိတ်ပစ်လိုက်ပြီး ဈေးဆိုင်များလည်း ပိတ်လိုက်ကြကြောင်းသိရှိရသည်။

Leaked General Khin Nyunt Video Clip and Burma Today's reports

3:20 AM | Posted by Anonymous