ဥပဒေမရှိတဲ့ မရဏမင်း

Friday, October 8, 2010 10:41 PM | Posted by Anonymous

ဥပဒေမရှိတဲ့ မရဏမင်း



ရင်နှင့်ဖွယ် ဖြစ်ရပ်ကလေးတစ်ခု ။ ။ ၇.၁၀.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၉း၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်နေကွယ်လွန်သူဒေါ်အုံးရီအသက် (၆၇)နှစ် နှင့် သားဖြစ်သူဦးခင်ဦးအသက်(၄၈) နှစ်တို့၏ ရုပ်အလောင်းများကိုနာရေးကူညီမှုအသင်း(ရန်ကုန်)က အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများ၊ ၀န်ထမ်းများမှ နိဗ္ဗာန်ယာဉ် (၂) စီးဖြင့် သွားရောက် သယ်ဆောင်ကာကျီစုသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။

သားဖြစ်သူဦးခင်ဦးသည် TB ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော (၅) ရက်ခန့်က သတိမေ့မျောနေကာမိခင်ကြီးဒေါ်အုံးရီ မှ အနီးကပ်ပြုစုစောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် (၂) ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူတစ်ဦးဖြစ်သည်။


မိခင်ကြီးဒေါ်အုံးရီသည် ၆.၁၀.၂၀၁၀ရက်နေ့က သားဖြစ်သူအား ရက်ရှည်ပြုစုစောင့်ရှောက်ပေးခဲ့ရသော်လည်း သားဖြစ်သူဦးခင်ဦးသည် သတိပြန်လည်ရရှိခြင်းမရှိသဖြင့် မိခင်မေတ္တာ၊ သားသမီးဇောတို့ဖြင့် ပေါက်ကွဲပြီးသတိလစ်နေသောသားဖြစ်သူအားလှုပ်ရမ်းကာ “သားမောင်ခင်ဦး … သားလေးမောင်ခင်ဦး” ဟု နှစ်ခွန်းသာခေါ်ဆို၍ နှလုံးဖောက်ပြန်ပြီး ဘ၀တပါးသို့ ည (၆း၀၀) နာရီတွင် ကွယ်လွန်သွားရှာခဲ့သည်။ သားဖြစ်သူဦးခင်ဦးသည် မိခင်၏ အော်ခေါ်မှုတို့ကို ကြား၊ မကြားတော့ မသိ။ ည (၈း၀၀) နာရီတွင် မိခင်ကြီးဒေါ်အုံးရီနောက်သို့ လိုက်ပါသွားတော့သည်။ ကျန်ရစ်သူဇနီးနှင့် သမီးငယ်လေး နှစ်ယောက်တို့သည် လောကကြီးအလယ်တွင် ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ဘ၀ဖြင့် ကျန်ရစ်ခဲ့တော့သည်။



ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိသည့် နေ့ရက်၊ အချိန်ကာလများမတူညီကြသော်လည်းကမ္ဘာ မြေပြင်မှ ပြန်လည်ထွက်ခွာသွားချိန်တို့သည် အဘယ်ကြောင့် တူညီတိုက်ဆိုင်နေကြပါသလဲဟူ၍ တွေးမိတော့သည်။
ထို့ကြောင့် မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစားမခွဲ။ အချိန်ကာလသတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာမိတ်ဆွေရန်သူမခွဲချေ။

အာဏာကိုရူးသွပ်သူများ၊ ဥစ္စာပစ္စည်းမက်မောသူများ၊ မိဘ၊ ဆရာ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းစသဖြင့် သံယောဇဉ် တွယ်တာသူများအဖို့ သံဝေဂရသင့်ပြီ ဖြစ်သည်။ ဥပဒေမရှိတဲ့ မရဏမင်း၊ လူတန်းစားမခွဲခြားတဲ့ မရဏမင်း၊ အသက်ကြီးငယ်မရွေးခေါ်ဆောင်တတ်တဲ့ မရဏမင်းနှင့် မတွေ့ခင် စပ်ကြားသီလလုံခြုံရန်၊ မေတ္တာလွှမ်းခြုံ၍ လောကကောင်းကျိုးထမ်းဆောင်ပေးရန်၊ သရဏဂုံတည်မြဲရန် အရေးကြီးလှပါပေသည်။



မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊
နာလည်းနာနိုင်သည်။
မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊
သေလည်းသေနိုင်သည်။
ငါသည်မုချ သေရမည်။
အချိန်အနည်းငယ်သာလိုတော့သည်။
အသေမဦးခင် - ဥာဏ်ဦးအောင်၊
တရားအားထုတ်ကြပါလော့။

(မိုးကုတ်ဆရာတော်ဘုရားကြီး သြ၀ါဒ)


မှတ်တမ်း နာရေးကူညီမှုအသင်း (ရန်ကုန်)

Credit to anyarnway tamarmyay: http://anyarnwaytamarmyay.blogspot.com/2010/10/blog-post_6428.html

ထိုင်းနိုင်ငံ၊ ခွန်ကယ်မြို့က မြန်မာအလုပ်သမားများ အရေးပေါ် အကူအညီ လို အပ်နေခြင်း

2:47 PM | Posted by Anonymous

နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲဖြင့် ဖြေရှင်းမရဟု ဇိုမီးအမျိုးသားကွန်ဂရက် ပြောကြား

1:41 PM | Posted by Anonymous

နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲဖြင့် ဖြေရှင်းမရဟု ဇိုမီးအမျိုးသားကွန်ဂရက် ပြောကြား

ဝီရ / ၀၅ ဧပြီ ၂၀၁၀


၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး အတွက်လည်း အပြောင်းအလဲ ပြုလုပ်ပေးနိုင်မည်မဟုတ်ကြောင်း ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress - ZNC) က ထောက်ပြပြောဆို လိုက်သည်။

ZNC ၏ ဥက္ကဋ္ဌဖြစ်သူ ဦးပူကျင့်ရှင်းထန်က “၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး။ အန်အယ်လ်ဒီကလည်း ရွေးကောက်ပွဲ ဝင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသွားကြဖို့ စစ်အစိုးရ အကြီးအကဲတွေဆီ အကြိမ်ကြိမ် စာရေးသား တောင်းဆိုထားပါတယ်။ ဒီအခြေအနေမျိုး၊ ဒီအချိန်မျိုးမှာ ရွေးကောက်ပွဲ ကျင်းပရမယ့် အချိန်လည်း မဟုတ်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နိုင်ဖို့ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲဟာ တချို့ထင်နေသလို မြန်မာပြည်ကို အပြောင်းအလဲ လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဇိုမီးအမျိုးသားကွန်ဂရက်အနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံတင်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် ဧပြီ (၃) ရက် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အဖွဲ့၏ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံကို ဒီအတိုင်းပဲ မပြင်ဆင်ဘူးဆိုရင် ကျနော်တို့ကွန်ဂရက်က ရွေးကောက်ပွဲ ဝင်မှာမဟုတ်ဘူး။ ဒီအခြေခံဥပဒေကို စောင့်ထိန်းပါမယ်တို့၊ အကျဉ်းကျနေသူတွေ မပါရဘူး စတဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စတွေမှာလည်း အဲဒီလို ပြဋ္ဌာန်းထားတာကြောင့် ကျနော်တို့ ကွန်ဂရက်က ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်” ဟု ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။

ဇိုမီးအမျိုးသားကွန်ဂရက်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အမတ်လောင်း (၄) နေရာ ယှဉ်ပြိုင်ခဲ့ရာတွင် (၂) နေရာ အနိုင်ရရှိထားသော တိုင်းရင်းသားပါတီတရပ်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ် (၂၅၀) ကျော် ပါဝင်သော စီအာပီပီ ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။

ဇိုမီးအမျိုးသားကွန်ဂရက်၏ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ “ကျနော်တို့ကွန်ဂရက်က အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ထောက်ခံသွားမယ်။ စီအာပီပီရဲ့ ဆုံးဖြတ်ချက်အတိုင်း၊ ရှေ့လုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်သွားမှာပါ။ လူထုထောက်ခံမှု ရှိနေသေးတဲ့ ဘာနိုင်ငံရေးအဖွဲ့အစည်းမဆို သူတို့လုပ်ငန်းစဉ်တွေ ရပ်တန့်သွားမှာ မဟုတ်ပါဘူး” ဟု ဦးပူကျင့်ရှင်းထန်က ရှင်းပြသည်။

ဇိုမီးအမျိုးသားကွန်ဂရက်ပါတီသည် ၁၉၉၂ ခုနှစ်တွင် မြန်မာစစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

Credit to Khitpyaing: http://www.khitpyaing.org/index.php?route=detail&id=55

ရန်ကုန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး စစ်ဆေးမှုများ တင်းကြပ်လာ

1:21 PM | Posted by Anonymous

ရန်ကုန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး စစ်ဆေးမှုများ တင်းကြပ်လာ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရ အမိန့်များထုတ်ပြန်ထားပြီး ဒေသအာဏာပိုင်များက ဧည့်စာရင်း စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေလျှက်ရှိသည်။

ယခုလ(၃) ရက်နေ့မှ စတင်ကာ မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်နှင့် (ည) ရပ်ကွက်တို့တွင် ည(၁၁) နာရီ နောက်ပိုင်း အပြင်မထွက်ရ အမိန့်စာများ ရပ်ကွက်ရုံးများတွင် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အခု အပြင်မထွက်ရအမိန့်ကို ရပ်ကွက်ရုံတွေမှာ ထုတ်ပြန်ထားတာ၊ ညဆယ်တစ်နာရီနောက်ပိုင်း ဘယ်သူမှ အပြင်မထွက်ရဘူး၊ ထွက်လို့ တွေ့တဲ့သူမှန်သမျှ ဖမ်းမယ်ပြောထားတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ ပြီးခဲ့သည့် စက်တင်ဘာ (၁၅)ရက်နေ့က ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေခဲ့သည့် ကျောင်းသားလူငယ်များကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်မှုရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့ ကျောင်းသားလေးတွေနဲ့ ပတ်သတ်ပြီး အဲဒီရပ်ကွက် ပြည်သူတွေက မကျေနပ်ဖြစ်နေတယ်၊ အဖမ်းခံရတဲ့ ကျောင်းသားလေးတွေကလည်း အဲဒီ ရပ်ကွက်ကဘဲဆိုတော့ ရပ်ကွက်ထဲမှာ ဆူပူမှုတွေမဖြစ်အောင်လို့ ဒီလိုအမိန့်ထုတ်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက် စာရွက်စာတမ်းများဖြန့်ဝေသည့် ကျောင်းသားများ အဖမ်းခံရပြီးနောက်ပိုင်း ရပ်ကွက်အလိုက် လုံခြုံရေးများတင်းကြပ်လာပြီး ဧည့်စာရင်း စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ စစ်ဆေးလာလျှက်ရှိကြောင်း ဒေသခံက ပြောသည်။

Credit to Yoma3: http://www.yoma3.org/?p=1552

တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

1:05 PM | Posted by Anonymous

တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်



နယူးဒေလီ (မဇ္ဈိမ)။ ။ ၂ဝ၁ဝ နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ အကျဉ်းစံ Lui Xiaobo ကို ချီးမြှင့်ကြောင်း နော်ဝေနိုင်ငံ နိုဘယ်ဆု ချီးမြှင့်ရေးအဖွဲ့က ယနေ့ ကြေညာသည်။

နောက်ဆုံး ဆန်ကာတင် လူ ၂ ဦးနှင့် အဖွဲ့အစည်း ၃ ဖွဲ့ထဲက မစ္စတာ Lui Xiaobo ကို ရွေးချယ်ကြောင်း ယနေ့ နော်ဝေ စံတော်ချိန် မနက် ၁၁ နာရီ တွင် ကြေညာသည်။

“တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ
xiaobo

တရုတ်လူ့အခွင့်အရေး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo (Photo: Wikidemia Commons)

ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အကြာကြီး တိုက်ပွဲဝင်နေသူကို ရွေးလိုက်တာပါ” ဟု နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

နောက်ဆုံး ဆန်ကာတင်စာရင်း တစ်ပေးခံရသူများမှာ အသက် ၅၅ နှစ်အရွယ် Lui Xiaobo အပြင် အာဖဂန်နစ္စတန်မှ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ Sima Sama ၊ အင်တာနက် ၊ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၊ စစ်ရာဇဝတ်မှုနှင့် လူမဆန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဆီးရီးယား အထူးတရားရုံးတို့ ဖြစ်သည်။

ယခုနှစ်အတွက် လူ ၁၉၉ ယောက်နှင့် ၃၈ ဖွဲ့တို့ကို ပဏာမ စရွေးခဲ့သည်။

Lui သည် တရုတ်နိုင်ငံ ဂျီလင်ပြည်နယ် ချန်ချူးမြို့တွင် ၁၉၅၅ ဒီဇင်ဘာ ၂၈ ရက်တွင် မွေးဖွားပြီး ဂျီလင် တက္ကသိုလ်မှ ၁၉၈၂ တွင် စာပေ (ဝိဇ္ဇာဘွဲ့) ရခဲ့သည်။ ယင်းတက္ကသိုလ်မှပင် ၁၉၈၄ တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၈၈ တွင် ပီကင်းတက္ကသိုလ်မှ စာပေဒေါက်တာဘွဲ့ ရသည်။

တရုတ်နိုင်ငံတွင် ဒီမိုကရေစီရေး ပြန်လည်မြှင့်တင်ရန် ပညာရှင်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ၃ဝ၃ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် Charter 08 တွင် ပါ၍ Lui ကို တရုတ်အစိုးရက ၂ဝဝ၈ ဒီဇင်ဘာတွင် ဖမ်းပြီး ၂ဝဝ၉ ဒီဇင်ဘာတွင် ထောင် ၁၃ နှစ် ချခဲ့သည်။ ထောင်ကျနေစဉ် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည်။

နောက်ဆုံး ဆန်ကာတင် အဆင့်တွင် ပါခဲ့သည့်အတွက် DVB အနေဖြင့် ဝမ်းသာဂုဏ်ယူကြောင်းနှင့် နောက်ဆုံး မိနစ်အထိ ဆုကို မျှော်လင့်မိကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အုပ်ချုပ်ရေးမှူး ကိုအေးချမ်းနိုင်က ပြောသည်။

“ဒီလောက်ကြီးမားတဲ့ ဆုအတွက် အနှိုင်းယှဉ်ခံရတာကို ကျနော်တို့ သတင်းထောက်တွေအတွက် ဝမ်းသာဂုဏ်ယူပါတယ်။ အထူးသဖြင့် အကျဉ်းကျနေတဲ့ သတင်းထောက်တွေအတွက်ပေါ့။ ဒီလိုဖြစ်လာတာဟာ သူတို့ရဲ့ အဓိက ကြိုးပမ်းမှုတွေကြောင့်လို့ ပြောလို့ရပါတယ်” ဟု သူက ပြောသည်။

DVB သည် ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကို ကမ္ဘာက သိအောင် ကြိုးပမ်း တင်ပြနိုင်ခဲ့ကာ ယင်းကာလအတွင်း ပြည်တွင်းသတင်းထောက်များ သက်စွန့်ဆံဖျား သတင်းရယူပုံကို ရိုက်ကူးထားသည့် Burma VJ ရုပ်သံမှတ်တမ်းသည်လည်း မနှစ် ဟောလိဝုဒ် အော်စကာ ဆုပေးပွဲတွင် နောက်ဆုံးဆန်ကာတင်အဆင့် ဝင်ခဲ့သည်။

နေအိမ်တွင် အထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၁ က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့သည်။

ယခုဆုကို ဒိုင်းနမိုက်တီထွင်သူ ဆွီဒင်နိုင်ငံသား အဲဖရက် နိုဘယ်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသူများကို ချီးမြှင့်ရန် အခြားဆုများနှင့်အတူ ၁၈၉၅ က သေတမ်းစာရေး၍ ထူထောင်ပေးခဲ့သည်။

Credit to: http://www.mizzimaburmese.com/news/regional/6220-2010-10-08-13-14-20.html

ထိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံ အလုပ်သမားများ ဆန္ဒပြ

1:01 PM | Posted by Anonymous

ထိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံ အလုပ်သမားများ ဆန္ဒပြ

ထိုင်းနိုင်ငံ မြောက်ပိုင်း လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် မြန်မာ အလုပ် သမား ၉၀၀ ကျော်နှင့် အလုပ်ရှင်အကြား လုပ်ခလစာ အပါအ၀င် ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်၍ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

Khon-Kaen-Strike

စက်တင်ဘာလအတွင်းက ဆန္ဒနေကြသည့် Dechapanichငါးဖမ်း ပိုက်ကွန် စက်ရုံ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)

အဆိုပါစက်ရုံမှ တာဝန်ရှိသူများက အလုပ်သမား ၆ ဦး၏ အလုပ်လုပ်ခွင့် ကတ်ပြား(Work Parmit)ရှိ ဓာတ်ပုံ များကို ပြောင်းလဲပစ်ခြင်း၊ ယာယီနိုင်ငံကူး လက်မှတ်၌ ပါရှိသော ဗီဇာ စာရွက်တွင် CANCEL ဟူသော စာကို ရေးသား ထား ခြင်းကြောင့် မကျေမနပ်ဖြစ်မှုမှ စတင်ကာ အလုပ်သမားများက စက်တင်ဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ် တဦးက ပြောပြသည်။

တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပြီးနောက် အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောရန် အလုပ်ရှင် က ကတိပြုခဲ့သော်လည်း လုပ်ခလစာနှင့် စာရွက်စာတမ်းများကို စက်ရုံတွင် ထုတ်ပေးခြင်းမရှိဘဲ ထိုင်း လူဝင်မှု ကြီး ကြပ်ရေးရုံးတွင် ထုတ်ယူရန် အောက်တိုဘာလ ၆ ရက်နေ့က ကြေညာချက် ထုတ်ရာမှ ဆန္ဒပြမှု ပြန်လည်ဖြစ်ပွားခဲ့ ကြောင်း အလုပ်သမားများ အရေး ဆောင်ရွက်ပေးနေသော MAP Foundation မှ မမိုင်က ပြောသည်။

“အလုပ်ရှင်က အလုပ်သမား ၅၆၉ ယောက်ကို အလုပ်ထွက်ခိုင်းနေတယ်။ ဒါပေမယ့် အလုပ်သမားတွေရမယ့် လုပ်ခ ကိုလည်း မရှင်းပေးတော့ အလုပ်သမားတွေက ထွက်လို့မဖြစ်ဘူး။ နောက်တခုက လုပ်ခကို လ၀က ရုံးမှာ သွားယူ ရမယ် လို့ စာကပ်တယ်။ ဒါကတော့ ထိုင်း အလုပ်သမား ဥပဒေနဲ့ မညီဘူးလေ။ ဥပဒေ အရက လုပ်ခလစာကို ကိုယ် လုပ်တဲ့ အလုပ်ရုံမှာ ထုတ်ရမှာ။ ဒါကြောင့် အခြေအနေက တင်းမာနေတယ်”ဟု ပြောသည်။

ထို့အပြင် အလုပ်ရှင်ဘက်မှ လုပ်ခလစာများ ထုတ်ပေးခြင်းမရှိဘဲ အလုပ်မသားများကို အောက်တိုဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး စက်ရုံမှ ထွက်ခွာရန်၊ မထွက်ခွာလျှင် ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း နှစ်ကြိမ် စာကပ် သည် ဟုလည်း သိရသည်။

“စက်ရုံက ကျနော်တို့ကို အမျိုးမျိုး ခြိမ်းခြောက်တာပဲ။ ဒါပေမယ့် ကျနော်တို့လစာတွေ ကျနော်တို့ ယာယီပတ်စ်ပို့ အပါ အ၀င် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရပိုင်ခွင့်တွေကို မရသရွေ့ ကျနော်တို့ အားလုံး ဒီစက်ရုံက မခွာဖို့ ဆုံးဖြတ်ထား ပါတယ်”ဟု အလုပ်သမား ကိုယ်စားလှယ် ကိုမြင့်မောင်က ပြောသည်။

“လ၀က ရုံးမှာ ကျနော်တို့ စာရွက်စာတမ်းတွေ လခတွေကို သွားထုတ်ပါဆိုတာက ကျနော်တို့ကို တပတ်လှည့်နဲ့ လုပ်တာလို့ ကျနော်တို့ ယူဆတယ်။ ရုံးကိုရောက်တာနဲ့  လ၀ကက ကျနော်တို့ကို အဆင့်သင့်ဖမ်းမယ်ဆိုရင် ဖမ်းနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အလုပ်ရှင်ဘက်မှ ယာယီနိုင်ငံကူးလက်မှတ်များကို လူစေ့မထုတ်ပေးခြင်း။ လုပ်ခများကို ပြည့်ပြည့်၀၀ မပေးခြင်းတို့ ကြောင့် ယာယီ နိုင်ငံကူး လက်မှတ် ပြန်လည်ရရှိထားသူ အလုပ်သမား ၅၆၉ ဦးက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အလုပ် ထွက်စာတင်ခဲ့ကြသည်ဟုလည် ကိုမြင့်မောင်က ဆိုသည်။

ယင်းစက်ရုံတွင် ယာယီ နိုင်ငံကူးလက်မှတ်ရှိသူ မြန်မာအလုပ်သမား ၉၃၈ ဦးရှိပြီး ၃၆၉ ဦးမှာ ယာယီ နိုင်ငံကူး လက် မှတ် ပြန်ရခြင်း မရှိသေးကြောင်း သိရသည်။

အလုပ်သမားများမှာ စက်တင်ဘာလဆန်းက ဆန္ဒမပြမီအထိ နေ့စဉ် နံနက် ရှစ်နာရီမှ ည ရှစ်နာရီအထိ အလုပ်ဆင်းရ ကာ တရက် လုပ်အားခ ၁၇၀ ဘတ်ရရှိခဲ့ကြောင်း၊ ဆန္ဒပြပြီးနောက် နံနက် ၈နာရီမှ အလုပ်စ၀င်ကာ ညနေ ၅ နာရီတွင် အလုပ်ပြီးဆုံးပြီး တရက် လျှင် ၁၅၇ ဘတ်ရရှိကြောင်း၊ ယခု ဆန္ဒပြ အလုပ်သမားများသည် အလုပ်ရှင်ထံမှ ပျမ်းမျှ တဦး လျှင် ဘတ် ၄၀၀၀ ခန့်ရရှိရန် ကျန်နေသေးကြောင်း ကိုမြင့်မောင်က ပြောဆိုသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက“အခု လက်ရှိအနေအထားကတော့ အလုပ်ရှင်က ပတ်စ်ပို့ စာအုပ် ပြန်ထုတ်ပေးတာမှာ အိမ်ထောင်ရှင်တွေ ပါတယ် လေ။ တချို့ မိသားစုမှာ ယောက်ျားတွေက ရပြီ။ မိန်းမက မရဘူး။ မိန်းမက ရတယ်။ ယောက်ျားက မရသေးဘူး ဆိုတာ မျိုး ဖြစ်နေတယ်။ ဒါကြောင့် ပတ်စ်ပို့ အကုန်လုံးကို ထုတ်ပေးဖို့နဲ့ လစာကို ပြည့်ပြည့်၀၀ ဒီစက်ရုံထဲမှာပဲ ထုတ်ပေးဖို့ တောင်းဆိုနေကြတယ်။ စိုးရိမ်စရာ တချက်ရှိတာက တော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီ အလုပ်သမားတွေကို အလုပ်ထုတ်ထားပြီးပြီဆိုတာ ကြိုတင်တိုင်ထားပြီး ၇ ရက် မြောက်သွားရင် အလုပ်ရှင်မဲ့ အလုပ်သမားတွေအဖြစ် ဖမ်းလို့ ရတဲ့ ဥပဒေ တခုရှိတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။

Credit to Irrawaddy: http://www.irrawaddy.org/bur/index.php/news/1-news/4255-2010-10-08-12-38-25

Cartoon Han Lay - Dirty Deal

12:52 PM | Posted by Anonymous

ချကွာ

12:41 PM | Posted by Anonymous

အရပ်သား (၂) ဦးအား ပစ်မိန့်ပေးသူ ဗိုလ်ကြီးကို နေပြည်တော်သို့ ပြောင်းရွှေ့

12:21 PM | Posted by Anonymous

အရပ်သား (၂) ဦးအား ပစ်မိန့်ပေးသူ ဗိုလ်ကြီးကို နေပြည်တော်သို့ ပြောင်းရွှေ့

တက်လူ / ၀၈ အောက်တိုဘာ ၂၀၁၀


ပဲခူးမြို့တွင် အရပ်သားလူငယ် (၂) ဦးကို သေနတ်ဖြင့် ပစ်ခတ်ရန် အမိန့်ပေးခဲ့သူ ဗိုလ်ကြီးသိဒ္ဓိစိုးကို နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ပေးအပ်လိုက်ကြောင်း ခလရ (၅၉) မှ ဗိုလ်မှူးတဦးက အတည်ပြု ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ (၄) ရက်နေ့ည (၁၂) နာရီခန့်၌ ပဲခူးမြို့တွင် နေထိုင်သူ လူငယ် (၂) ဦးဖြစ်သည့် မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်၊ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့နှင့် ဒေသခံစစ်တပ် အရာရှိများ ခိုက်ရန်ဖြစ်ပွားရာမှ အစပြုကာ လူငယ်များနေထိုင်ရာ ရပ်ကွက်အတွင်းသို့ စစ်သားများက ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပစ်ခတ်မှုတွင် ဗိုလ်ကြီးသိဒ္ဓိစိုးက ပစ်မိန့်ပေးသည့်အတွက် လူငယ် (၂) ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။

သေဆုံးခဲ့သည့် အရပ်သားလူငယ် (၂) ဦး၏ အလောင်းများကို စစ်တပ်မှ ခေါင်းဆောင်ကာ စက်တင်ဘာ (၇) ရက်နေ့ နေ့လယ် (၁၂) နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ရာ လူပေါင်း (၂,၅၀၀) ခန့် လိုက်ပါပို့ဆောင်ခဲ့သည်။

ဗိုလ်ကြီး သိဒ္ဓိစိုးသည် အမှတ် (၁၀၁) ခြေမြန်တပ်ရင်းမှဖြစ်ပြီး အခင်းဖြစ်ချိန်တွင် အရပ်သားလူငယ် (၂) ဦးကို သေနတ်ဖြင့်ပစ်ရန် အမိန့်ပေးခဲ့မှုအပေါ် မည်သည့်အရေးယူခြင်းမျှ မခံရသောကြောင့် ပဲခူးမြို့ခံလူငယ်များက ယခုတိုင် မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

“ကျနော်တို့နဲ့ စိုးပိုင်ဇော်တို့နဲ့က သူငယ်ချင်းတွေမဟုတ်ဘူး။ ဒါပေမယ့် တရပ်ကွက်တည်း နေတာဖြစ်လို့သိတယ်။ အခုသူတို့ကို ပစ်တဲ့သူတွေရော၊ ပစ်ဖို့အမိန့်ပေးသူရော ဘယ်လို အရေးယူခံရတယ် ဆိုတာကို မသိရဘူး။ ဒါဟာ အရေးမယူလို့ဘဲပေါ့။ အမိန့်ပေးတဲ့ ဗိုလ်ကြီးကို နေပြည်တော်ကို ပြောင်းတယ်လို့ ကြားတယ်။ အဲဒါနဲ့ပဲ အမှုကပြီးရောလားဗျာ” ဟု ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်နေ လူငယ်တဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် လူငယ် (၂) ဦးကို ပစ်မိန့်ပေးခဲ့သူ ဗိုလ်ကြီးသိဒ္ဓိစိုးနှင့် အရာရှိငယ် (၂) ဦး၊ တပ်သား (၇) ဦးတို့ကိုလည်း ထိန်းသိမ်းထားကာ စစ်ဆေးနေကြောင်း စစ်ဖက်နှင့်ထောက်လှမ်းရေးအဖွဲ့များမှ ကြားသိသော သတင်းများကို အခြေခံ၍ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်က ပြောကြားခဲ့သည်။

ယခုအခါ ဗိုလ်ကြီးသိဒ္ဓိစိုးကို နေပြည်တော်သို့ ပြောင်းရွှေ့ပေးလိုက်သည်ဟူသော သတင်းအရ ပဲခူးမြို့ခံများအကြား ဝေဖန်မှုများ ရှိနေကြသည်။

“ကျနော်တို့အထင်ကို ပြောရရင်တော့ အစိုးရအနေနဲ့ အရေးယူမှာ မဟုတ်ဘူး။ ဟိုပြောင်းဒီရွှေ့တော့ လုပ်လိမ့်မယ်။ ဒီပုံစံမျိုးနဲ့ပဲ သူတို့က အရေးယူတယ်ဆိုတဲ့ သဘောလုပ်မှာပါ။ ဒါနဲ့ပဲ ဒီအမှုပြီးသွားမှာပဲ။ သေတဲ့သူက သေသွားပေမယ့် ကျန်ရစ်သူ မိသားစုအတွက်တော့ ဆုံးရှုံးမှုကြီးပဲ” ဟု ပဲခူးမြို့မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူတဦးက ပြောသည်။

Credit to Khitpyaing: http://www.khitpyaing.org/index.php?route=detail&id=4965

ဒီချုပ် ဖျက်သိမ်းခဲ့သည့်အတွက် စွဲဆိုထားမှု ကြားနာရန် ရက်သတ်မှတ်

12:15 PM | Posted by Anonymous

ဒီချုပ် ဖျက်သိမ်းခဲ့သည့်အတွက် စွဲဆိုထားမှု ကြားနာရန် ရက်သတ်မှတ်



ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့သည့်အပေါ် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရကို တရားစွဲဆိုထားခဲ့ရာ ယင်းအမှုကိုကြားနာရန် အောက်တိုဘာ ၁၈ ရက်နေ့ကို ချိန်းဆိုခဲ့သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ဤအမှု ပထမဆုံး ကြားနာသည့်နေ့တွင် ဒီချုပ်ကို ကိုယ်စားပြုရန် ရှေ့နေကြီး ဦးကြည်ဝင်းတဦး တည်းကိုသာ ခွင့်ပြုထားသည်။

ဤအမှုအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီကိုယ်စားလှယ်များကို နောက်အပတ်တွင် တွေ့ဆုံဆွေးနွေး ခွင့်ပြုပါရန် ဒီချုပ်က အာဏာပိုင်များကို မေတ္တာရပ်ခံထားသည်။

စစ်အစိုးရက သြဇာလွှမ်းမိုးထားသော မြန်မာ့ တရားစီရင်ရေး စနစ်တွင် မမျှတသော စီရင်ဆုံးဖြတ်ချက်ကိုသာ ရရှိလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပျက်ကွက်ခဲ့သည့်အတွက် စက်တင်ဘာလ ၁၄ ရက်နေ့ က ပါတီကို ဖျက်သိမ်းခဲ့သည့်အပေါ် စစ်အစိုးရအား တရားစွဲဆိုခဲ့ရာတွင် ယခုအမှုကိုပထမဆုံး လက်ခံ ကြားနာခဲ့ခြင်း ဖြစ်သည်။

ယခင်က အမှုစွဲဆိုမှုကို ပယ်ချခဲ့ရာတွင် စစ်အစိုးရ ပြဌာန်းထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခြေခံ၍ ပယ်ချခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေသည် အငြင်းပွါးဖွယ် ၂ဝဝ၈ ဖွဲ့စည်းပုံ၏ ကျောရိုးသဖွယ် အသုံးတော်ခံနေသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိသည်။

Credit to Mizzima: http://www.mizzimaburmese.com/news/inside-burma/6215-2010-10-08-10-33-37.html

“ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

12:09 PM | Posted by Anonymous

မြန်မာနိုင်ငံ၌ တွေ့ဆုံဆွေးနွေးရန်အတွက် အရှေ့တီမောသမ္မတ တိုက်တွန်း

Thursday, October 7, 2010 12:14 AM | Posted by Anonymous
(José Ramos-Horta)

Credit to DVB: http://burmese.dvb.no/news.php?id=12379

အရင်းနှီးဆုံး မြန်မာ့မိတ်ဆွေတဦး လူထုရှေ့ မှ အနားယူ

12:08 AM | Posted by Anonymous
(တောင်အာဖရိက ဂုဏ်ထူးဆောင် ဂိုဏ်းချုပ်ကြီး ဒက်စမွန်တူးတူး)

အရင်းနှီးဆုံး မြန်မာ့မိတ်ဆွေတဦး လူထုရှေ့ မှ အနားယူ



ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ ဒီမိုကရေစီအရေးတွင် ထောက်ခံသူ မရှားလှသော်လည်း တောင်အာဖရိက ဂုဏ်ထူးဆောင် ဂိုဏ်းချုပ်ကြီး ဒက်စမွန်တူးတူးလို ထင်ရှားကျော်ကြားသူကတော့ အနည်းငယ်သာ ရှိပါသည်။

မနက်ဖြန် ၇၉ နှစ်ပြည့် မွေးနေ့မှစ၍ လူထုလုပ်ငန်းများမှ သိသိသာသာ အနားယူတော့မည်ဟု တောင်အာဖရိက အသားအရောင် ခွဲခြားမှု ပပျောက်ရေး အတွက် ၁၉၈၄ က ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရသော ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြောသည်။

အသားအရောင် ခွဲခြားသည့်စနစ် နောက်ဆုံးကျင့်သုံးသော တောင်အာဖရိက သမ္မတ ဒီကလပ် နှင့်အတူ ၁၉၉၃ က ငြိမ်းချမ်းရေး နိုဘယ်ဆု ပူးတွဲချီးမြှင့်ခံရသူ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား ကလည်း တူးတူးကို `တခါတရံ ရန်စွယ်ငေါငေါ၊ အများအားဖြင့် သိမ်မွေ့နူးညံ့သူ၊ ဘယ်တော့မဆို မကြောက်တတ်သူနှင့် ဟာသမပါဘဲ စကားမပြောတတ်သူ´ ဟု ရည်ညွှန်း ပြောဆိုခဲ့သည်။

`ဒက်စမွန်တူးတူးအသံသည် ထုတ်ပြောခွင့် မရသူများ၏ အသံဖြစ်သည်´ ဟုလည်း မင်ဒဲလားက မှတ်ချက်ပြုသည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ကြာမြင့်စွာကထဲက ကူညီထောက်ခံခဲ့သူ ဘုန်းတော်ကြီး တူးတူးသည် မနှစ် ဇူလိုင်က လန်ဒန် ဂါးဒီးယန်း သတင်းစာကြီးတွင် မြန်မာနိုင်ငံနှင့် ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ကို အယ်ဒီတာ့ အာဘော်တွင် အသေးစိတ် ရေးသားခဲ့သည်။

ဘုန်းတော်ကြီးတူးတူးက `ကျနော့်ရဲ့နှမလေး အောင်ဆန်းစုကြည် အကြောင်း ကျနော်နေ့တိုင်းဘဲ စဉ်းစားမိပါတယ်။ ကျနော့်ရုံးခန်းထဲမှာချိတ်ထားတဲ့ သူ့ဓာတ်ပုံက မိုင်ပေါင်းထောင်ချီဝေးတဲ့ အာရှနိုင်ငံတနိုင်ငံမှာ လူတွေ ဖိနှိပ်ခံနေရတယ်ဆိုတာကို သတိပေးနေပါတယ်´ ဟု ရေးခဲ့သည်။

ဘုန်းတော်ကြီးတူးတူးရော ဒေါ်အောင်ဆန်းစုကြည်ပါ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာတို့နှင့်အတူ ထင်ရှားသည့် ပုဂ္ဂိုလ်တဒါဇင်ခန့်ပါဝင်သော “ ကမ္ဘာ့လူကြီးသူမ” (The Elders) အဖွဲ့ဝင်များ ဖြစ်ကြသည်။

သြဂုတ်လနှောင်းပိုင်းက ဘုန်းတော်ကြီးတူးတူးသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ “ဖြန့်ထားသော လက်ဖဝါးများ” လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။

သူ့လက်ဖဝါးပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် နာမည်ရေး၍ လူအများ မြင်သာရန်ဖြန့်ပြသော လှုပ်ရှားမှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည် မျှော်လင့်ချက်၏ပြယုဂ်၊ သတ္တိနှင့် လွတ်မြောက်ရေး ကိုစူးစမ်းရှာဖွေသူအဖြစ် ရည်ညွှန်းခဲ့သည်။ တချိန်တည်းတွင် အာဏာရှင် ဗိုလ်ချုပ်သန်းရွှေကိုလည်း လွတ်မြောက်ရေးကို အာသာငမ်းငမ်းရလိုသည့် လူသားတို့၏ ပင်ကိုစရိုက်ကို နားလည်နိုင်စွမ်းမရှိသူ၊ ထိုအရာကို ဘယ်လိုမှ ဖိနှိပ်ထားမရပုံကို မသိသူ ဟု ရေးခဲ့သည်။

` တခါတရံ ကမ္ဘာကြီးတွင် မြန်မာပြည်မှာလိုပင် အမြော်အမြင်ရှိသည့်ခေါင်းဆောင်မျိုး ချို့တဲ့ နေတတ်သည်။ ထိုနိုင်ငံမျိုးတွင် ဥာဏ်ပညာ ကြီးကျယ်သည့် ခေါင်းဆောင်က ခေါင်းဆောင်ခွင့် မရဘဲ ဖြစ်နေသည်´ ဟု အဆိုပါ ဂါးဒီးယန်းခေါင်းကြီးတွင် ဘုန်းတော်ကြီးတူးတူးက ဆက်လက် ရေးသားထားသည်။

ဗိုလ်ချုပ်သန်းရွှေ အုပ်ချုပ်သည့် မြန်မာနိုင်ငံကို နိုင်ငံတကာ လက်နက်တင်ပို့မှု ပိတ်ပင်တားဆီးရေး ထောက်ခံခဲ့သည့် နိုင်ငံများတွင် တောင်အာဖရိကနိုင်ငံလဲ ပါဝင်သည်။ ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရ ကျူးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မှုများကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စစ်ရေးအတွက် အစောဆုံး ဆော်သြ တောင်းဆိုခဲ့သည့် နိုင်ငံလဲ ဖြစ်သည်။

ဤသို့စစ်ဆေးလျှင် ဗိုလ်ချုပ်မှူးကြီး ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများစွာကို သေချာပေါက်တွေ့လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။

အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးတွင် တောက်လျှောက် ပါဝင်ခဲ့ပြီး အောင်ပွဲ အရယူနိုင်ခဲ့သော ဘုန်းတော်ကြီးတူးတူးက တောင်အာဖရိက အတွေ့အကြုံများက မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိမည်ဟု ယုံကြည်နေသည်။

အသားအရောင် ခွဲခြားသည့် တောင်အာဖရိက အစိုးရကို ကြာမြင့်စွာ ပိတ်ဆို့ဒဏ်ခတ် အရေးယူပြီး နောက်ထပ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများကြောင့် တဖြည်းဖြည်း ပြိုလဲကျဆုံးသွားရသည်ဟု နိုဘယ် ငြိမ်းချမ်းရေးဆုရှင်က ဆိုသည်။

အနောက်နိုင်ငံများနှင့် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်ကြီးများကို ထိပ်တိုက်ရင်ဆိုင်တိုက်နေသည့် ချဉ်းကပ်ပုံများမှာလည်း ဤအတိုင်း ပုံစံတူဖြစ်နေပြီး အောင်ပွဲရမည်မှာ မြင်သာလှသည်ဟု သူက ဆိုသည်။

ဘားရက် အိုဘားမား သမ္မတရာထူးရရေးအတွက် ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့သူ ဖြစ်သော်လည်း ဘုန်းတော်ကြီးတူးတူးသည် ဘုရှ်အစိုးရ၏ မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် ချဉ်းကပ် ဆောင်ရွက်ပုံများကို အသိအမှတ်ပြု အမှတ်ပေးခဲ့သည်။ အိုဘားမားအစိုးရ လက်ရှိပေါ်လစီဖြစ်သော မြန်မာနိုင်ငံကို ပြောင်းလဲချဉ်းကပ်မည့် အကန့်အသတ်ရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒကိုလည်း သံသယရှိကြောင်း လူသိရှင်ကြားပြောခဲ့သည်။

မြန်မာဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရာတွင် ထိတွေ့ဆက်ဆံရေးနှင့် ကိုယ်ဖြစ်ချင်တာကို စဉ်းစားသည့် အရာနှစ်ခုကို ဝါရှင်တန်အနေဖြင့် ခွဲခြားသိဘို့ လိုသည်ဟုလည်း ဘုန်းတော်ကြီးက ပြောသည်။

`ကျနော်တို့ အတွေ့အကြုံအရတော့ အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်းလိုက်ရုံနဲ့ မြန်မာ ဗိုလ်ချုပ်ကြီးတွေ လမ်းကြောင်းပြောင်းမှာ မဟုတ်ဘူး။ ဒီအစိုးရက တခြားအာဏာရှင် အစိုးရတွေလို မဟုတ်ဘူး။ လူထုဘဝ စိုပြေရေးဆိုတာ နဲနဲမှ ထည့်စဉ်းစားတာ မဟုတ်ဘူး´ ဟု အိမ်ဖြူတော်က မြန်မာနိုင်ငံကို စနစ်ပြောင်း၍ ချဉ်းကပ်နေချိန်တွင် ‘The Elders’ ဝက်ဆိုက်၌ လွန်ခဲ့သောနွေဦးက ဘုန်းတော်ကြီးတူးတူး ရေးခဲ့သည်။

တူးတူးကို ဝါရှင်တန် ဒီမိုကရက်တစ် အင်စတီကျုမှ ၂ဝဝ၈ က အေဗရီယယ်ဟယ်ရီမန်း ဒီမိုကရေစီဆုကို ချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံအတွက် အဓိကထားလုပ်ခဲ့သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုများအတွက် ချီးမြှင့်ခံရသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း အစောပိုင်းက ထိုဆု ချီးမြှင့်ရဖူးသည်။

ဘုန်းတော်ကြီးတူးတူး လူထုအကျိုးပြု လုပ်ငန်းများကို တပတ်တကြိမ်လောက်သာ လုပ်တော့မည် ဖြစ်သော်လည်း မြန်မာ့ဒီမိုကရေစီရေးနှင့် မြန်မာ့အတိုက်အခံ လှုပ်ရှားမှုအပေါ် ထားသည့် သူ့ကတိကို မေ့ပျောက်သွားမည် မဟုတ်ဟု ပြောကြားခဲ့သည်။

Credit to Mizzima: http://www.mizzimaburmese.com/news/regional/6188-2010-10-06-13-02-00.html

ဆန့်ကျင်ပါ သပိတ်မှောက်ပါ

Wednesday, October 6, 2010 10:42 AM | Posted by Anonymous



၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအား သပိတ်မှောက်ပါ။





၂၀၀၈ ခုနှစ် နအဖ၏ (နာဂစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်ပါ။




မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ

ထွန်းကားတိုးတက်ရေးအတွက် မဆုတ်မနစ်သော ဇွဲဖြင့် ညီညွတ်စွာ၊

သတ္တိရှိစွာ ဆက်လက်တိုက်ပွဲဝင်ပါ။

ငြိမ်းချမ်းရေး နိုဗဲလ်ဆု ဆန်ခါတင်အဆင့်တွင်ဒီမိုကရက်တစ် မြန်မာ့အသံ ပါဝင်

10:26 AM | Posted by Anonymous

Written by Irrawaddy.org | 06 October 2010

ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေး ဆုအတွက် ဆုရွေးချယ်ရေး ကော်မတီက ဆန်ခါတင် ၃ ဖွဲ့၏ အမည်များကို ယမန်နေ့က ထုတ်ပြန်ရာ ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) လည်း ပါဝင်ကြောင်း သိရှိရသည်။

DVB ၏ ထိုင်းဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က “ဆုရွေးချယ်ရေး အဖွဲ့က ဒါလောက်အဖွဲ့တွေ လူတွေအများကြီး ရှိတဲ့အထဲမှာ ကျနော်တို့ကိုရွေးတယ်ဆိုတော့ ပိုရင်ခုန်တယ်၊ ပို ဝမ်းသာပါတယ်။ ဒါက မြန်မာ့ မီဒီယာ အခန်းကဏ္ဍကို သူတို့ဘက်က အသိအမှတ်ပြုတယ် ဆိုတဲ့သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရွေးချယ်ရေး ကော်မတီက ထုတ်ပြန်သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အကြိုက်ဆုံး ၃ ဖွဲ့မှာ အာဖဂန် အမျိုးသမီးများ အရေးကို လှုပ်ရှားသူ မစ္စ ဆီမာဆမာ (Simar Samar)၊ DVB သတင်းဌာနနှင့် အာဖရိကတိုက်မှ ဆယ်ရာလီယွန် နိုင်ငံ ပြည်တွင်းစစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စုံစမ်း အရေးယူသည့် အထူးတရားရုံး (Special Court for Sierra Leone) တို့ ဖြစ်ကြသည်။

DVB သတင်းဌာနကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နော်ဝေနိုင်ငံ၌ အခြေစိုက်သည်။ မြန်မာပြည်တွင်းသို့ ရုပ်သံလိုင်းများ တိုက်ရိုက်လွှင့်နိုင်သည့် တခုတည်းသော ပြည်ပအခြေစိုက် သတင်းဌာနတခုဖြစ်သည်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်းတွင် DVB သတင်းထောက်များက ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းများ ရယူကာ သတင်း အစီရင်ခံနိုင်ခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ယင်းအဖြစ်အပျက်ကို သိရှိနိုင်ခဲ့သည်။

ရွှေဝါရောင် တော်လှန်ရေးအတွင်း DVB သတင်းထောက်များ အကြောင်း ရိုက်ကူးထားသည့် Burma VJ ရုပ်သံ မှတ်တမ်းသည် ယမန်နှစ် အော်စကာဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိရောက်ရှိခဲ့သည်။

“နိုဗဲလ်ဆုကို မီဒီယာ အဖွဲ့အစည်းတွေ အနေနဲ့ ရခဲတယ်။ အခု ကျနော်တို့ကို အကြိုက်ဆုံးစာရင်းထဲ ထည့်တယ်ဆိုတာက လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေထူးခြားမှုနဲ့ ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ နောက်တခုက မြန်မာပြည်မှာ သတင်းယူရတာ ဘယ်လောက် ခက်ခဲပါတယ်၊ ဒီလူတွေက ဘယ်လိုမျိုး သတင်းယူနေပါတယ်ဆိုတာကို မီးမောင်းထိုးပြချင်တဲ့ သဘောလည်း ပါကောင်း ပါနိုင်ပါတယ်” ဟု ဦးတိုးဇော်လတ်က ပြောသည်။

နိုဗဲလ်ဆုအတွက် ဆန်ခါတင်စာရင်းဝင် တဦးဖြစ်သည့် အာဖဂန်နစ္စတန်မှ မစ္စ ဆီမာဆမာသည် ဆရာဝန်တဦးဖြစ်ပြီး ဆူဒန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၅ မှ ၂၀၀၉ အထိ ဆောင်ရွက်ခဲ့သည်။

မစ္စ ဆီမာဆမာသည် အာဖဂန်နစ္စတန်တွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် Afghanistan Independent Human Rights Commission (AIHRC) ကို ဦးဆောင်နေပြီး ၂၀၀၂ ခုနှစ်၊ ဟာမစ်ကာဇိုင်း အစိုးရလက်ထက်တွင် အမျိုးသမီးရေးရာ ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်ဟု Peace Research Institute Oslo (PRIO) ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

DVB နှင့်အတူ တခြားအမည်စာရင်း တင်သွင်းခံရသည့်အဖွဲ့ Special Court for Sierra Leone ကို ၂၀၀၂ ခုနှစ်တွင် ဆယ်ရာလီယွန်အစိုးရနှင့် ကုလသမဂ္ဂတို့၏ သဘောတူညီမှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ဆယ်ရာလီယွန်နိုင်ငံ၏ တရားစီရင်မှုအတွင်း၌ပင် ထားရှိသည်။

ယင်းတရားရုံးမှတဆင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လက်တွေ့အသုံးချနိုင်သည်ဟု ဆုရွေးချယ်ရေးအဖွဲ့မှ သုံးသပ်ထားကြောင်း PRIO အဖွဲ့၏ သတင်းစာမျက်နှာတွင် ပါရှိသည်။

ယခု ရက်သတ္တပတ် အတွင်းတွင် အသိပညာ အတတ်ပညာ နယ်ပယ်၌ ကျွမ်းကျင်သူများကို ရွေးချယ်၍ နိုဗဲလ်ဆုများ ချီးမြှင့်ခဲ့သည်။ DVB အပါအဝင် ဆန်ခါတင် ၃ ဖွဲ့စာရင်းထဲမှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိသည့် တဖွဲ့ကို လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးသည်။

Credit to Irrawaddy: http://irrawaddy.org/bur/index.php/news/1-news/4235

လပွတ္တာ၌ လှေနစ် လူ၃၀ ဦးသေဆုံး

10:20 AM | Posted by Anonymous

ဗြိတိသျှ ကွန်ဆာဗေးတစ်ပါတီညီလာခံ၌ ဝေနှင်းပွင့်သုန် က မြန်မာ့အရေးတင်ပြ

4:52 AM | Posted by Anonymous


Credit to DVB: http://burmese.dvb.no/news.php?id=12368

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် စာစောင် အတွဲ (၄) အမှတ်စဉ် (၄၄)

2:05 AM | Posted by Anonymous

ဘွိုင်းကောက် ၂၀၁၀ ဂျာနယ် အတွဲ(၁) အမှတ် (၅)

1:02 AM | Posted by Anonymous

ရဲအရာရှိက ရွာသားကို သေနတ်ဖြင့် ပစ်သတ်

12:53 AM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12363

ဒီမိုကရက်တစ်ပါတီဝင်များနှင့် တော်ဝင်ပလာဇာလုံခြုံရေးဝန်ထမ်း ရုန်းရင်းဆန်ခတ်ဖြစ်

12:27 AM | Posted by Anonymous

Credit to DVB: http://burmese.dvb.no/news.php?id=12365

“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

12:20 AM | Posted by Anonymous

“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

(ဧရာဝတီ)

ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

U-Win-Htein

ဦးဝင်းထိန်

အဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။

ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။

အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။

လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။

ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။

အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။

နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။

ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။

ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။

ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။

ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။

ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။

အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။

ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။

စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။

ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။

ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။

ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။

မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။

အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။

အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။

နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။

ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။

၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။

အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။

အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။

ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။

ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။

Credit to Irrawaddy: http://www.irrawaddy.org/bur/index.php/special/2010-08-04-10-30-14/4216-2010-10-05-05-55-29

ကြံ့ဖွံ့ကို လှောင်သောကြောင့် ဂျာနယ် ၂ ပတ် အပိတ်ခံရ

12:19 AM | Posted by Anonymous

ကြံ့ဖွံ့ကို လှောင်သောကြောင့် ဂျာနယ် ၂ ပတ် အပိတ်ခံရ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို နောက်ပြောင် ထားသည်ဟု ယူဆရသော ကာတွန်းကြောင့် ပြည်တွင်း အပတ်စဉ်ထုတ် The Favorite သတင်း ဂျာနယ်ကို စာပေစိစစ်ရေးက သီတင်း ၂ ပတ် ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

usdp04

ကြံ့ဖွံ့ပါတီ ဖွင့်ပွဲ (ဓါတ်ပုံ - ဧရာဝတီ)

“အရင် တပတ်က ပါသွားတဲ့ ကာတွန်းကြောင့် စာပေစိစစ်ရေးက ဂျာနယ်ကို ၂ ပတ်နားဖို့ ပြောလိုက်တာ” ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာ တဦးက ဧရာဝတီသို့ ပြောသည်။

လူပုံစံ ၀တ်စုံ အဖြူ၊ အစိမ်းဖြင့် ရေးဆွဲ သရုပ်ဖော် ထားသော ကာတွန်း ပုံကြောင့် ကြံ့ဖွံ့ပါတီကို နောက်ပြောင် ထားသည်ဟု ယူဆကာ စာပေစိစစ်ရေးက ယခုကဲ့သို့ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ဆိုသည်။

ဂျာနယ် အပိတ်ခံရကြောင်း ပြည်တွင်းရှိ စာနယ်ဇင်း သမားများက အတည်ပြု ပြောကြား သော်လည်း The Favorite ဂျာနယ် တိုက်သို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ သတင်း အယ်ဒီတာ တဦးက စက်ချို့ယွင်းမှုကြောင့် ရပ်နားထားခြင်းသာ ဖြစ်ကြောင်း ဖြေကြားသည်။

ပြီးခဲ့သည့် သြဂုတ်လက “The Modern Times ဂျာနယ် အတွဲ ၁၊ အမှတ် ၅ တွင် ဖော်ပြထားသော မျက်နှာဖုံး သတင်း ဖြစ်သည့် မုန်တိုင်း သတင်း၏ ပုံစာကို “စက်တင်ဘာမှာ ပြန်လာမှာလား” ဟု ရေးသားဖော်ခဲ့ခြင်းကြောင့် ဂျာနယ် တလ အပိတ်ခံခဲ့ရသည်။

ယခုနှစ်အတွင်းတွင် The Voice ဂျာနယ်နှင့် ပေါ်ပြူလာ သတင်းဂျာနယ်တို့လည်း အသီးသီး ယာယီ အပိတ်ခံခဲ့ရသေးသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် ဇူလိုင်လဆန်းပိုင်းမှ စ၍ သတင်းဂျာနယ်များကို သေချာစွာ ပိုမိုစိစစ် ဖြတ်တောက်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောက်ဆက်တွဲ စာမူများ ပြန်မကျမီ ဖြန့်ချိရမည့်ရက်ထက် စော၍ ထုတ်ဝေသည့် ဂျာနယ်များကိုလည်း တင်းကျပ်စွာ အရေးယူမည်ဟူသော သတင်းများ ပြည်တွင်း စာနယ်ဇင်းလောကတွင် ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားပြီး မြန်မာနိုင်ငံသည် စာနယ်ဇင်းလွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံများတွင် နှစ်စဉ်ပါဝင်လေ့ရှိသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဖိနှိပ်သူအဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က လွန်ခဲ့သည့် မေ ၃ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Credit to Irrawaddy: http://www.irrawaddy.org/bur/index.php/news/1-news/4213-2010-10-05-04-52-20

အဖွဲ့ချုပ်က နအဖ ကို ထပ်မံတရားစွဲ

12:00 AM | Posted by Anonymous

အဖွဲ့ချုပ်ခေါင်းဆောင်များ ဧရာဝတီတိုင်း ခရီးစဉ် ဆက်

Tuesday, October 5, 2010 11:56 PM | Posted by Anonymous

ဧရာဝတီတိုင်းဆီရောက်နေတဲ့ အန်အယ်လ်ဒီဗဟိုဦးစီးအဖွဲ့ ၀င် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက လေးမျက်နှာမြို့နယ်က အဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံပွဲအကြောင်းကို အန်အယ်ဒီပြန်ကြားရေးအဖွဲŒ၀င် ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။ “လေးမျက်နှာမြို့က အဖွဲ့ချုပ်မြို့နယ်အတွင်းရေးမှူး ဦးလှဝင်းနေအိမ်မှာ မြို့နယ် စည်းရုံးရေး ကော်မတီခေါင်းဆောင်တွေ ပါတီဝင်တွေနဲ့ တွေ့ဆုံတယ်၊ အားလုံးပေါင်း ၅၀ ကျော်လောက် တက်ရောက်ကြတယ်၊ ဦးကြည်ဝင်းတို့အဖွဲ့က အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ် ငန်းစဉ်တွေကို ရှင်းပြတယ်၊ “

နောက်ပြီး ရွေးကောက်ပွဲသပိတ်မှောက်တဲ့ ကန်ပိန်းနဲ့ ပတ်သက်လို့ အဖွဲ့ချုပ် ရဲ့ သဘောထားတွေ ဆုံးဖြတ်ချက်တွေကို ရှင်းပြတယ်၊ အဖွဲ့ဝင်တွေက စိတ်ဝင်တစား ပြန်လည်ဆွေးနွေးကြတယ်၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သပိတ်မှောက်မှုဆိုတဲ့ ဆုံး ဖြတ်ချက်ကို သဘောတူကြတယ်၊ ပြန်ပြီးပြောကြားကြတယ်လို့ သိရပါတယ်။” မနေ့ကတော့ အင်္ဂပူအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုမြင့်အိမ်မှာ မြို့နယ်အဖွဲ့ချုပ် ၃၀ ကျော်နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သူတို့အဖွဲ့ဟာ ရန်ကုန်ကို ပြန်လာကြပြီလို့ ဦးအုန်းကြိုင်က ပြောပါတယ်။ မနက်ဖြန်မှာတော့ သူနဲ့အတူ လပွတ်္တာလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း၊ ဗဟိုဥပဒေအကျိုးဆောင်အဖွဲ့ဝင် ဦးခင်မောင်ရှိန်တို့ ဦးဆောင်တဲ့အဖွဲ့က ရှမ်းပြည် တောင်ပိုင်းရှိ မြို့နယ်တွေက အဖွဲ့ချုပ်ဝင်တွေနဲ့ သွားရောက်တွေ့ဆုံမယ်လို့ ဦးအုန်းကြိုင် က ပြောပြခဲ့ပါတယ်။

Credit: http://burmese.dvb.no/news.php?id=12347

ကော်မရှင် အထက်မှာ စစ်တပ်ရှိသလား

11:55 PM | Posted by Anonymous

ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် လောင်းတွေ မဲဆွယ်ဖို့ ကော်မရှင်ကို ကြိုတင် အကြောင်း ကြားရာမှာ လျှောက်လွှာ မိတ္တူပိုတောင်းပြီး တိုင်း စစ်ဌာနချုပ်ရဲ့ ခွင့်ပြုချက် ရယူရမယ်လို့ ကော်မရှင်က ပြောနေပါတယ်။

ဒါဟာ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ မညီညွတ်ဘူးလို့ ကျောက်တံတား မြို့နယ် ပြည်သူ့လွှတ်တော် အတွက် အရွေးခံမယ့် ဝံသာနု အင်အယ်လ်ဒီ ပါတီက ဦးထွန်းရွှေက တုန့်ပြန်ပြောဆိုပါတယ်။

ပါတီရဲ့ ကြေညာ စာတမ်းနဲ့ ကိုယ်ရေးရာဇဝင် ဝေမယ် ဆိုရင် သက်ဆိုင်ရာ တိုင်းကို ကြိုတင် ပြီးတော့ ခွင့်ပြုချက် တင်ရပါတယ်။ လက်တွေ့ စာတင် တဲ့ အခါမှာတော့ သက်ဆိုင်ရာ စစ်တိုင်းကို ပေးဖို့လိုတယ်ဆိုပြီး မိတ္တူ ပိုတောင်းပါတယ်။ စစ်တိုင်းက အကြောင်းပြန်ကြားချက်ရမှ ဝေပါလို့ ကော်မရှင်က ပြောလာတယ်လို့ ဦးထွန်းရွှေက ဘီဘီစီကို ပြောပါတယ်။

ဒီသဘောဟာ ကော်မရှင်ရဲ့ အထက်မှာ စစ်တပ်ရှိနေတဲ့ သဘောဖြစ်နေတယ်၊ ကော်မရှင်ရဲ့အထက်မှာ အခုလို စစ်တပ်ရှိနေတာကိုတော့ နားမလည်နိုင်အောင်ဖြစ်ရတယ်လို့လည်း ဦးထွန်းရွှေက ပြောပါတယ်။

တခြားပါတီက လွှတ်တော် အမတ်လောင်းတွေလည်း အလားတူ တောင်းခံတာမျိုးတွေ ရှိနေတဲ့အတွက် စစ်တပ်က ဝင်ရောက်စွက်ဖက်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

Credit: http://www.bbc.co.uk/burmese/burma/2010/10/101004_ele_commission.shtml

မဲပေးစနစ် မြန်မာပြည်သူတွေ နားလည်မှု နည်းပါး

11:54 PM | Posted by Anonymous

အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်တလလောက်ပဲ လိုပါတော့တယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ တော်တော်များများက ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမယ် ဆိုတာကို အခုချိန်ထိ ကောင်းကောင်း သဘောမပေါက်ကြသေးလို့ နိုင်ငံရေး ပါတီတွေက မဲပေးနည်းကို ရှင်းပြနေကြရပါတယ်။ ရှင်းရှင်းလင်းလင်း သဘောမပေါက်ဘဲ မဲပေးကြရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲ မကျင်းပတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲ ရက်ကိုလည်း မကြာခင်ကမှ ကြေညာခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီတွေလည်း ကမန်းကတန်းနဲ့ ဖွဲ့ခဲ့ကြရတာပါ။ ဒီကြားထဲမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေကလည်း နိုင်ငံရေးပါတီတွေကို အသက်ရှူ ကျပ်စေခဲ့ပါသေးတယ်။

ရွေးကောက်ပွဲက အချိန်တလပဲ ကျန်တော့တယ် ဆိုပေမဲ့ မြန်မာပြည်သူ အများစုမှာ ရွေးကောက်ပွဲအတွက် စိတ်ဝင်တစားရှိတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရသေးသလို မဲပေးတဲ့ အခါမှာလည်း ဘယ်လိုပေးကြရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြတဲ့သူတွေ တော်တော်များများ ရှိနေလို့ နိုင်ငံရေးပါတီတွေဘက်က မဲပေးနည်းတွေကို လိုက်ပြီး ရှင်းပြနေကြရတယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“အရင်တုန်းက ဆိုရင်တော့ တမဲပဲ ပေးရတယ်လေ။ အခုဆိုရင် မဲက ၃ မဲပေးရမယ်ဆိုတော့ ခေါင်းထဲမှာ ရှုပ်သွားတာပေါ့။ ပြည်သူ့လွှတ်တော်က တမျိုး၊ အမျိုးသားကတမျိုး၊ တိုင်းဒေသကြီးက တမျိုးဆိုတော့ တကြိမ်ထဲမှာ သွားရမှာလား၊ အခု ကျမတို့ သိရတာကတော့ တခေါက် မဲပြားယူလိုက်၊ အထဲဝင်လိုက်၊ အမှတ်ခြစ်လိုက်၊ ပုံးထဲထည့်လိုက်၊ နောက်တခါ ပြန်ထွက်လိုက်၊ အဲတော့ အဲဒါလေးတွေကလည်း နည်းနည်း ဇဝေဇ၀ါ ဖြစ်နိုင်တယ်။

“အရင်တုန်းကဆိုရင် မဲမပေးတော့ပါဘူး၊ ပေးရင်လည်း မထူးပါဘူးဆိုတဲ့ စကားတွေ ကြားရတယ်။ အခု ဒီတကြိမ်မှာတော့ ကျမတို့ မဲပေးချင်တယ်၊ နည်းနည်းလေး ရှင်းပြပါ၊ ဘယ်လိုပေးရမလဲဆိုတာ ရှင်းပြသွားပါဆိုတော့ ကျမတို့ တအိမ်မှာ ၀င်ပြောတယ်ဆိုရင် ဘေးကနေလည်း သူတို့ လာနားထောင်ကြတယ်။ လမ်းဘေးမှာ လမ်းသွားလမ်းလာတွေကလည်း လာနားထောင်ကြတယ်။ အဲလိုအခြေအနေ ရှိပါတယ်။”

မဲပေးတဲ့ကိစ္စကို ရှင်းပြတာက နိုင်ငံရေးပါတီတွေရဲ့ အလုပ်လား၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလုပ်လားခင်ဗျ။

“အမှန်တကယ် ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အလုပ်ပါ။ ပညာပေးတဲ့ အနေနဲ့ လူထုပညာပေးတွေ အများကြီးလိုတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူ့အလုပ်၊ ကိုယ့်အလုပ်ဆိုတာ ကျမတို့ မပြောလိုတော့ဘူး။ ပြည်သူတွေ လမ်းမှန်ပေါ်မှာ မှန်မှန်ကန်ကန် ပေးနိုင်အောင်ဆိုပြီး တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီး ကိုယ့်ဘာသာကိုယ်ပဲ ရှင်းပြတယ်။”

နိုင်ငံရေးနဲ့ နီးစပ်သူတွေတောင်မှ မဲပေးနည်းကို ကောင်းကောင်း မသိကြဘူးလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောပါတယ်။

“အခုချိန်ထိ သာမန်ပြည်သူတွေတင် မဟုတ်ပါဘူး၊ နိုင်ငံရေးနဲ့ နည်းနည်း အဆက်အစပ် ရှိတယ်ဆိုတဲ့ လူတွေတောင်မှ မဲပေးတဲ့ဟာကို မဲပုံး ဘယ်နှစ်ပုံးပေးရမယ်ဆိုတဲ့ ကိစ္စတို့၊ တိုင်းရင်းသားတွေအတွက် မဲပေးရမယ့် မဲပုံးဆိုတာ၊ အဲဒါတွေကို ၄ ပုံးအထိရှိတယ် ဆိုတာကိုတောင် သေချာမသိကြဘူး။ အဲတော့ သာမန်ပြည်သူတွေဆိုရင် ပိုပြီးတော့ မသိဘူးလို့ပဲ ဆိုရမှာပေါ့။”

ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူအများ သဘောပေါက်အောင် ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်တဲ့ အချက်ကိုလည်း ဦးသောင်းဝင်းက ထောက်ပြပါတယ်။

“ကော်မရှင်က မဲပေးပုံနဲ့ဆိုင်တဲ့ နည်းစနစ်တွေကို ပြည်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိအောင် တာဝန်ယူပြီး လုပ်ပေးရမှာကိုး။ မဲရုံတာဝန်ခံတွေအဖြစ် လုပ်မယ့်လူမျိုးတွေလောက်ပဲ ပညာပေးတဲ့ ပုံစံမျိုး ရှိတယ်။ သာမန်ပြည်သူတွေအထိ သူတို့က လှုပ်ရှားမှုတခု အနေနဲ့ မသွားနိုင်တဲ့ အခါကြတော့ သာမန် ပြည်သူလူထုက မသိဘူး။”

စစ်အစိုးရပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကနေ မဲပေးနည်းတွေအကြောင်း ရှင်းပြတာရှိတယ် ဆိုပေမဲ့ ပြည်သူတွေက အစိုးရပိုင် သတင်းမီဒီယာတွေကို စိတ်မ၀င်စားကြတာရယ်၊ မဲပေးတဲ့အကြောင်း ရှင်းပြတဲ့ ထုတ်လွှင့်မှုတွေ အကြိမ်အရေအတွက် နည်းတာရယ်တွေကြောင့်လည်း ပြည်သူအများက သိပ်သဘောမပေါက်ဘဲ ဖြစ်နေကြတာလို့ ဆိုပါတယ်။

“တီဗီမှာတော့ မဲပေးဖို့ သီချင်းလောက်ပဲ ပါတယ်။ မဲကို ဘယ်လိုပေးရမယ်ဆိုတဲ့ နည်းစနစ်တွေကြတော့ မပါပြန်ဘူးဗျ။ သတင်းစာမှာလည်း အဲဒီအတိုင်းပဲ၊ နေ့စဉ်မပါဘူး။ အဲတော့ အဲဒီဟာတွေကို ဖြည့်ဆည်းနိုင်ဖို့ဆိုရင် ကျနော်တို့ သတင်းစာနဲ့ တယ်လီဗေးရှင်းတို့ ရေဒီယိုတို့အပြင် လူထုလှုပ်ရှားမှု အနေနဲ့ကို ကော်မရှင်က လိုက်ပြီး လုပ်ပေးဖို့ လိုအပ်တယ်။ အမှန်တော့ သူတို့တွေက သက်ဆိုင်ရာ ပါတီတိုင်း၊ ပါတီတိုင်းက လူတွေကို ခေါ်ပြီးတော့ သူတို့ မဲပေးပုံ နည်းစနစ်တွေ ဘယ်လိုရှိတယ်၊ ဘယ်လိုပေးရမယ်ဆိုတာ သူတို့က ကျနော်တို့ ပါတီတွေကို ပေးရမယ်။”

မဲပေးတဲ့နည်းတွေကို ပြည်သူတွေ ကောင်းကောင်းမသိကြရဘဲ ဖြစ်နေရတဲ့ ကိစ္စမှာ နိုင်ငံရေးပါတီတွေဘက်က ကျယ်ကျယ်ပြန့်ပြန့် လိုက်ပြီး မရှင်းပြနိုင်တာတွေကြောင့်လည်း ပါတယ်လို့ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“ကျမတို့ဘက်ကလည်း ဘယ်လိုချို့ယွင်းချက် ရှိလဲဆိုတော့ ကျမတို့က လူထုကြားထဲကို ထင်သလောက် ခရီးမပေါက်ဘူးပေါ့။ အဲဒါတော့လည်း ငွေရေးကြေးရေး အခြေအနေကြောင့်ပေါ့။”

ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေဘက်က မဲပေးနည်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းမပြနိုင်တဲ့ အချိန်မှာ အစိုးရမဟုတ်တဲ့ NGOs အဖွဲ့တချို့က မဲပေးမှုဆိုင်ရာ ပညာပေး ကိစ္စတွေကို လိုက်ပြီး ရှင်းပြနေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း သူတို့က ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြတာတော့ မဟုတ်ပါဘူး။ မဲပေးနည်းကို ပြည်သူတွေ ကျကျနန နားမလည်တဲ့ အတွက်ကြောင့် မှားယွင်း မဲပေးမှုတွေ ဖြစ်လာမှာကိုလည်း နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။

Credit: http://www.voanews.com/burmese/news/myanmar-election-voters-education-104281244.html

ရွေးကောက်ပွဲကို မသိသူနှင့် ကြောက်ရွံ့သူ အများအပြားရှိ

11:52 PM | Posted by Anonymous

ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာသော်လည်း တိုင်းနှင့်ပြည်နယ်များရှိ အခြေခံလူတန်းစားများနှင့် တိုင်းရင်းသားနယ်များတွင် ရွေးကောက်ပွဲကျင်းပမည် ဆိုသည်ကိုပင် မသိသူများ ရှိနေပြီး ပါတီများ စည်းရုံးရေး ဆင်းကြသည်ကို ကြောက်ရွံ့လျက်ရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရှိရသည်။

“ရခိုင်ပြည်နယ်ဘက်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာတောင် မသိတဲ့သူတွေ အများကြီးရှိနေတယ်။ သိပေမယ့်လည်း ကြောက်တဲ့သူတွေ ရှိတယ်။ နိုင်ငံရေးပါတီ ၀င်ဖို့မပြောနဲ့ မဲထည့်ဖို့ ဆိုတာကို တော်တော်လေး စိုးရိမ်ကြတာတွေ့ရတယ်။ လူတွေက နိုင်ငံရေးဆိုတာကို တော်တော်လေး ကြောက်ရွံ့သွားကြတာပဲ” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဦးလှစောက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူခရိုင်တွင် မာန်အောင်ကျွန်းမှလွဲ၍ ကျန် ၃ မြို့နယ်မှ ဒေသခံများသည်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မသိကြကြောင်း၊ ဒေသခံများနေဖြင့် ရွေးကောက်ပွဲအပေါ် မယုံကြည်ကြောင်း၊ နိုင်ငံရေးပါတီများမှ စည်းရုံးရေးဆင်းရာတွင် နယ်ခံ သတင်းတပ်ဖွဲ့များက နိုင်ငံရေးသမားမျာကို လိုက်လံစောင့်ကြည့်နေ၍ ဒေသခံများက ကြောက်ရွံ့မှုရှိသည်ကို တွေ့ရကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရခိုင်ပြည်နယ် စည်းရုံးရေးမှူး မာန်အောင်ကျွန်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်က ပြောသည်။

“ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ ဒီမြို့နယ်တွေက ဒေသခံတွေလည်း တောင်ကုတ်မြို့နယ်က ဒေသခံတွေလိုပါပဲ။ သူတို့စိတ်ထဲမှာ နိုင်ငံရေးလုပ်တယ်ဆိုတာ အဖဖ်းခံရဖို့၊ ရာဇ၀တ်မှုနဲ့ နီးတယ်လို့ မြင်နေကြတယ်။ နယ်မြေခံ သတင်းတပ်ဖွဲ့တွေက လုံခြုံရေး အဟန့်အတား အနှောက်အယှက်တွေကြောင့် ပါတီအစည်းအဝေးဆို မတက်ရဲတာတွေ ရှိတယ်။ တောင်ကုတ်မြို့မှာရှိတဲ့ ဆွေမျိုးအရင်းအချာ ကိုယ်တိုင်က ကျနော့်ကို သူတို့အိမ်မှာ ၁ နာရီ အတည်းမခံဘူး။ လူထု ကိုယ်တိုင်ကလည်း အဲဒီလို မြင်နေတော့ စည်းရုံးလို့ မရဘူး” ဟု ဦးထွန်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်တွင်သာမက တခြားပြည်နယ်များတွင်လည်း အလားတူ ဖြစ်လျက်ရှိကြောင်း နိုင်ငံရေးပါတီများက ပြောဆိုကြသည်။

ကယားပြည်နယ်တွင်နေထိုင်ကြသူ အများစုမှာလည်း လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုသည်ကို မသိကြကြောင်း ကယားပြည်နယ် ဒီမောဆိုးမြို့တွင် နေထိုင်သူတဦးက ပြောသည်။

“အဲဒီဘက်မှာက သတင်းစာလည်း မရောက်ဘူး၊ ယူလည်း မယူကြဘူး။ ဂျာနယ်တွေ ဘာတွေလည်း မရောက်တော့ မသိကြဘူး။ ကျနော်တို့တောင်မှ ဒီဘက်ရောက်မှ သူများတွေပြောလို့ သိကြတာပါ” ဟု ကယားတိုင်းရင်းသားတဦးက ပြောသည်။

ကယားပြည်နယ်တွင် ကယား၊ ဂေခို၊ ဂေဘား၊ ပဒေါင် (ခေါ်) ကယန်း၊ ပရဲ့၊ မနုမနော၊ ယင်းနော်၊ ယင်းတလဲ၊ ပကူကရင်နှင့် ရှမ်းတို့ နေထိုင်ကြပြီး ကရင်နှင့် မြန်မာများလည်း ရှိကြောင်း သိရှိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ် ရှိသည့်အနက် ကျိုက်မရောမြို့နယ်မှသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါက်တာ မြင့်ဆွေက ပြောသည်။

“ကျနော့်အနေနဲ့ ပါတီမှာ မွန်ပြည်နယ်စည်းရုံးရေမှူး တာဝန်ယူထားတော့ ဟောပြောပွဲလေး လုပ်တယ်။ နောက်ဆုံးအချိန်အထိ တယောက်မှ ပေါ်မလာဘူး။ စည်းရုံးရေးအနေနဲ့ ပြောရင်လည်း ပြည်သူတွေမှာ အကြောက်တရား ရှိနေသေးတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာကို နာမလည်တဲ့သူတွေကို တော်တော်ရှင်းပြရပါတယ်။ နောက် ရွေးကောက်ပွဲအတွက် တော်တော် စဉ်းစားနေတဲ့သူတွေလည်း ရှိတယ်” ဟု ဆိုသည်။

ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကလည်း “ကျွန်တော်ယှဉ်ပြိုင်ရမှာ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်မှာ ယှဉ်ရမှာဖြစ်တဲ့အတွက် နယ်မြေကျယ်ဝန်းပါတယ်။ ရောက်လေရာမှာ လူထုရဲ့ ၈၀ ရာခိုင်နှုန်းလောက်က စိုးရိမ်နေတာတွေ၊ ကြောက်နေတာတွေ ရှိနေတယ်။ တချို့ကလည်း မဲမပေးရင် မရဘူးလား မေးတဲ့သူရှိတယ်။ အဲဒီလိုလူတွေကို မဲမပေးရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ပြန်ရှင်းနေရတာက အခက်အခဲတခုပါပဲ” ဟု ပြောကြားသည်။

Credit: http://irrawaddy.org/bur/index.php/news/1-news/4211-2010-10-04-10-38-55

နိုင်ငံကျော် အနုပညာရှင်များကို ဗန်းပြ၍ ကြံ့ဖွံ့မဲဆွယ်

11:51 PM | Posted by Anonymous

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော ဇေကမ္ဘာ ဦးခင်ရွှေသည် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များတွင် နိုင်ငံကျော် အနုပညာရှင်များကို ခေါ်သွားကြောင်း သိရသည်။

“ကျနော်က အတင်းခေါ်တာ မဟုတ်ပါဘူး။ ကိုလွင်မိုးက လေ့လာရေးအနေနဲ့ လိုက်ချင်တယ်ပြောလို့ ခေါ်သွားဖြစ်တာပါ။ ဒီနေ့ ခရီးစဉ်မှာ ဦးမိုးဒီလည်း ပါလာတယ်” ဟု ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။

၎င်း၏ ခရီးစဉ်တွင် နာမည်ကြီး အနုပညာရှင်များ ပါဝင်ခြင်းကြောင့် ဒေသခံများ၏ အာရုံစိုက်မှု၊ အားပေးမှုများကို အထူးရရှိ ကြောင်းလည်း ဦးခင်ရွှေက ဆက်ပြောသည်။

ဦးခင်ရွှေသည် ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၎င်း၏ စည်းရုံးရေး ခရီးစဉ်တွင် နိုင်ငံကျော်အနုပညာ ရှင်များဖြစ်သော မင်းသားလွင်မိုး၊ မင်းသမီးနန္ဒာလှိုင်၊ ဟာသသရုပ် ဆောင် ဦးမိုးဒီ တို့ပါဝင်ကြောင်း သိရသည်။

မင်းသမီးနန္ဒာလှိုင်သည် ဦးခင်ရွှေ၏ သားဖြစ်သူ ဦးဇေသီဟ၏ ဇနီးဖြစ်သည်။

“ကျနော်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး လိုက်လာတာ မဟုတ်ပါဘူး။ အန်ကယ်လ် ဦးခင်ရွှေနဲ့ ရင်နှီးတဲ့အတွက် အဖော်လိုက်လာ ပေးတာပါ။ နိုင်ငံတော်က ပထမဆုံးအကြိမ် ပြုပြင်ပြောင်းလဲမှု တွေလုပ်နေပြီလေ။ ဒီတော့ ပြည်သူတွေက နိုင်ငံရေးအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာ လေ့လာတဲ့သဘောပါ။ လူတိုင်းက နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိတယ်လေ” ဟု မင်းသား လွင်မိုးက ဧရာဝတီကို ပြောသည်။

“ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့်ရှိတယ်။

အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟုလည်း မင်းသား လွင်မိုးက ဆက်ပြောသည်။

ဦးခင်ရွှေ၏ စည်းရုံးရေး ခရီးတွင် လိုက်ပါလာသည့် အနုပညာရှင်များက နိုင်ငံရေးစည်းရုံးရန် မဟုတ်ဟုဆိုသော်လည်း ဒေသခံများကမူ အနုပညာရှင်များကို နိုင်ငံရေးအတွက် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ပြောဆိုကြသည်။

“ကျမတို့ ချစ်တဲ့အနုပညာရှင်တွေနဲ့ တွေ့ရလို့တော့ ၀မ်းသားပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ အတွက်စည်းရုံးရေးမှာ ပါလာတော့စိတ်ထဲက မကောင်းဘူး။ ပြည်သူတွေနဲ့ တွေ့တာ ကြံ့ဖွံ့မပါလည်း တွေ့လို့ရတာပဲ” ဟု ကော့မှူး ဒေသခံ တဦးက ပြောသည်။

ဦးခင်ရွှေသည် ၎င်းအားမဲပေးပါက ကော့မှူးမြို့ပေါ်မှ ငှက်အော်စမ်း ကျေးရွာအထိ ၁၆ မိုင်ဝန်းကျင်ရှည်သော လမ်းကို ခင်းပေးမည့် အပြင် လမ်းတလျှောက်ရှိ လျှပ်စစ်မီးတိုင်များကို ပြုပြင်၍ မီးလင်းစေရန် ဆောင်ရွက်ပေးမည်ဟု ငှက်အော်စမ်း
ကျေးရွာ ဒေသခံများကို ပြောဆိုသွားကြောင်း သိရသည်။

“ဒီနေ့လည်း ကော့မှူးမြို့ပေါ်မှာ လာစည်းရုံးမယ်ဆိုပြီး ဒေသခံတွေကို ခေါ်တယ်။ လာတဲ့လူကို ပိုက်ဆံ ၅၀၀၀ စီပေးတယ်။ နောက်လည်း ဘာပေးဦးမယ်၊ ညာပေးဦးမယ် ပြောတယ်” ဟု ကော့မှူး ဒေသခံ တဦးကဆိုသည်။

ဦးခင်ရွှေ နှင့်အတူ နိုင်ငံကျော် ဟာသသရုပ်ဆောင် ဦးမိုးဒီလည်း ပါလာ၍ ဒေသခံများက သွားရောက် နားထောင်ကြသည်ဟု လည်း၎င်းက ပြောသည်။

နိုင်ငံရေးပါတီများသည် မိမိတို့စည်းရုံးဟောပြောလိုသော အကြောင်းအရာ၊ ဟောပြောမည့် သူများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တပတ်ခန့် ကြိုတင် အကြောင်းကြားရမည်ဟု ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားသော် လည်း ကြံ့ဖွံ့ပါတီ နှင့် ပတ်သက်သည့် အရာများကိုမူ အကြောင်းကြားရန် မလိုကြောင်း သိရသည်။

သရုပ်ဆောင်ဦးမိုးဒီက ယခုလိုက်ပါသည့် ခရီးစဉ်အတွက် ရုပ်ရှင်အစည်းအရုံး အပါအ၀င် မည်သည့် အဖွဲ့ကိုမှ အကြောင်း မကြားခဲ့ရကြောင်းပြောသည်။ ၎င်းသည် ကြံ့ခိုင်ရေးပါတီ အတွက်စည်းရုံးပေးရန်အတွက် လိုက်ပါလာခြင်း မဟုတ်သော်လည်း
ပြည်သူများက နိုင်ငံရေးနှင့် ရောထွေးမြင်မည်ကို စိုးရိမ်ကြောင်း ဧရာဝတီကိုပြောသည်။

“ကျနော်က နိုင်ငံသား တယောက် အနေနဲ့ လိုက်လာပြီးတော့ လူတွေက နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားဖို့၊ မဲပေးတဲ့အခါ မဲရွေး မမှားကြဖို့၊ ကိုယ့်လက်ထဲက အခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချဖို့၊ ကိုယ်မှားရင် ကိုယ်ပဲခံရမှာဖြစ်လို့ သေချာစဉ်းစားပြီး
မှ မဲပေးကြဖို့၊ နိုင်ငံရေးကို ပေါ့ပေါ့တန်တန် မလုပ်ကြဖို့ ဆိုတာတွေကို အနုပညာရှင် တယောက်အနေနဲ့ လိုက်ပြီးရှင်းပြတာ ပါ” ဟု ဦးမိုးဒီက ဆိုသည်။

ဦးခင်ရွှေသည် ၎င်းအရွေးခံမည့် ဒေသရှိ ပြည်သူများအား စည်းရုံးပြောဆိုရာတွင် ၎င်း၏ ချမ်းသာကြွယ်ဝမှုကို ရှေ့တန်းတင် ပြောဆိုပြီး ၎င်းတို့ကြံ့ဖွံ့ပါတီကသာ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်၍ ကြံ့ဖွံ့ကိုသာ မဲပေးကြရန် စည်းရုံး နေကြောင်း သိရသည်။

“သူတို့လုပ်ပေးချင်ရင် နှစ် ၂၀ လုံးလုံး ဘာလုပ်နေကြလဲ။ အခု မဲလိုချင်တဲ့ အခါမှ စေတနာတွေပိုပြနေတယ်။ တစည ကတော့ပြောတယ်၊ ကြံ့ဖွံ့ ပြောတာကို ယုံရင် အလိမ်ခံရမယ် ဆိုပြီး ရွာတွေမှာ လိုက်စည်းရုံးနေတယ်” ဟု ကော့မှူး မြို့နယ် ထန်းမနိုင် ရွာသား တဦးက ပြောသည်။

“ကျနော်တို့ဒေသခံတွေ ကတော့ ပေးတာယူမယ်၊ ကျွေးတာစားမယ်၊ မဲထည့်ရင် စဉ်းစားမယ်လို့ ခံယူထားကြတယ်” ဟု လည်း အဆိုပါ ထန်းမနိုင်ရွာသားက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီကသာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည် ဖြစ်၍ တခြားသော နိုင်ငံရေးပါတီများ အနေဖြင့် နောင် ၅ နှစ်အတွက်သာ ကြိုးစားသင့်ကြောင်း ဦးခင်ရွှေက ပြောသည်။

Credit: http://irrawaddy.org/bur/index.php/news/1-news/4210-2010-10-04-10-25-39

ရွေးကောက်ပွဲကြောင့် ကချင်အဖွဲ့ အကွဲအပြဲဖြစ်

11:50 PM | Posted by Anonymous

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ဘက် အမတ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီးသည့်နောက် ကချင်အထူးဒေသ (၁)၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကောင်စီအတွင်း အကွဲအပြဲများ ပေါ်ပေါက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ ကချင်နိုင်ငံရေးသမားတဦးက ပြောသည်။

၎င်းက “ငြိမ်း/စည်း ကောင်စီဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းနဲ့ သူ့သားက ကြံ့ဖွံ့နဲ့ မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်တယ်။ ကောင်စီ လူကြီးတွေဖြစ်ကြတဲ့ ဦးမုတ်ရင်ဒေါင်ဟောင်း၊ ဦးမဂျီဇော်တောင်၊ ဦးနဘုတ်ထောခေါင် တို့က တစည ပါတီကနေ ရွေးကောက်ပွဲဝင်တယ်။ နောက် ဦးဆခုံတိန့်ယိန်း ဝင်မယ့်နေရာမှာ ကောင်စီလူကြီး ဦးမဂျီဇော်တောင်နဲ့ ပြိုင်ဘက် သွားဖြစ်တယ်။ ဒါနဲ့ စိတ်ဆိုးပြီး ဦးဆခုံတိန့်ယိန်းက ကောင်စီဝင်လူကြီးတွေကို အဖွဲ့ကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ခေတ်ပြိုင်က လက်ခံရရှိသည့် ဦးဆခုံတိန့်ယိန်း၏ စက်တင်ဘာ (၂ဝ) ရက်နေ့စွဲ အမိန့်စာတွင် “ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကောင်စီဝင်အဖြစ်မှ ရပ်စဲခြင်း၊ ငြိမ်း/စည်း ကောင်စီဝင်များ ဖြစ်ကြသော (၁) ဦးနဘုတ်ထောခေါင်၊ (၂) ဦးမုတ်ရင်ဒေါင်ဟောင်း၊ (၃) ဦးမဂျီဇော်တောင် တို့ (၃) ဦးသည် ၎င်းတို့၏ ဆန္ဒအတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသို့ ကူးပြောင်းသွားကြပြီ ဖြစ်ခြင်းကြောင့် ကချင်ပြည်နယ် ငြိမ်း/စည်းကောင်စီဝင်အဖြစ်မှလည်းကောင်း၊ ကချင်ပြည်နယ် အထူးဒေသ (၁) မှ ပေးအပ်ထားသော တာဝန်များမှ လည်ကောင်း ၂ဝ-၉-၂ဝ၁ဝ ရက်စွဲမှ စ၍ ရပ်စဲလိုက်သည်။ အထူးဒေသ (၁) တွင်ပါဝင်နေခဲ့သည့် ထွန်းရှင်ဇုံးတင့်ကိုလည်း ပေးအပ်ထားသော တာဝန်အရပ်ရပ်မှ ရပ်စဲလိုက်သည်။ ၎င်းတို့အားလုံး အထူးဒေသ (၁) နှင့် လုံးဝ ပတ်သက်မှု မရှိတော့ပါကြောင်း ကြေညာသည်” ဟု ဖော်ပြပါရှိသည်။

အဆိုပါ ကြေညာချက် ထွက်လာပြီးနောက် တစညအမတ်လောင်း ကောင်စီဝင်များကလည်း ကြေညာချက်တစောင် ပြန်လည်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ထဲတွင် ကောင်စီဝင်များက ကချင်အထူးဒေသ (၁) ထဲ ပါဝင်သည့် ချီဖွေ၊ လောခေါင်၊ ဖီမော်၊ ဂေါ်လန်၊ ကမ်ဖန်၊ ကမ်ပိုင်တည်၊ ဆဒုံး ဒေသများသည် ကချင်လူမျိုးတို့၏ မိဘ ဘိုးဘွားပိုင် နယ်မြေဖြစ်ကြောင်း၊ လူတယောက်၊ မိသားစုတစုပိုင် နယ်မြေမဟုတ်ကြောင်း ဦးဆခုံတိန့်ယိန်း၏ လက်ရှိ ပြုမူပုံများကို ဝေဖန်ထားသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အမတ်လောင်း အမည်စာရင်းတင်သွင်းရန် ခွင့်ပြုထားသည့် နောက်ဆုံး (၃) ရက်အလိုအထိ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း၏ ဆက်သွယ်မှုကို စောင့်ဆိုင်းခဲ့ကြောင်း၊ မည်သည့် အသိပေး ညှိနှိုင်းအကြောင်းကြားချက်မျိုးမှ ရောက်မလာသည့်အတွက် ၎င်းတို့ဘာသာ တိုင်ပင်ညှိနှိုင်းပြီး တစည ပါတီကနေ အမတ်လောင်း စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ရခြင်းသည်လည်း ဒေသခံ တိုင်းရင်းသား လူမျိုးတို့၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားကြောင်း တွေ့ရသည်။

စစ်အစိုးရ၏ နိုဝင်ဘာ (၇) ရက် ကျင်းပပေးမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်တွင်း အတိုက်အခံ အင်အားစုကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းတွင်လည်း သဘောထား ကွဲလွဲခဲ့ပြီး ဖြစ်သည်။

ဦးခင်မောင်ဆွေနှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့က နိုင်ငံရေးဆက်လုပ်နိုင်ရန် တရားဝင်နိုင်ငံရေးပါတီတရပ် ရှိရမည်ဟု ယူဆပြီး ပါတီသစ်တခုကို မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ခဲ့သည်။

ယခု ကချင်အထူးဒေသ (၁) ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေးကောင်စီမှာမူ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲသည့် တိုင်းရင်းသား အဖွဲ့အစည်းတခု ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းသည် ၁၉၈၉ နှစ်ကုန် ဗကပ (၁ဝ၁) စစ်ဒေသနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲပြီးနောက် ၁၉၉ဝ ဇန်နဝါရီလတွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်။

ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းနှင့် ၎င်းထုတ်ပယ်လိုက်သည့် ကောင်စီဝင် (၃) ဦး စလုံးသည် ၁၉၉ဝ ခုနှစ်ကတည်းက အဆိုပါအဖွဲ့တွင် ခေါင်းဆောင်များအဖြစ် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကချင် အထူးဒေသ (၁) သည်လည်း ရွေးကောက်ပွဲအပြီးတွင် အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဆခုန်တိန့်ယိန်း ဦးဆောင်သည့် ယခင် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) မှာမူ ပြီးခဲ့သည့်နှစ်က စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

Credit: http://khitpyaing.org/index.php?route=detail&id=4919

နိုင်ငံတော်ဘဏ္ဍာသုံး၍ မဲဆွယ်ကြောင်း ကြံ့ဖွံ့ တရားဝင်ပြော

11:49 PM | Posted by Anonymous

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) သည် နိုင်ငံတော် ဘဏ္ဍာအသုံးပြု၍ လမ်းခင်းခြင်း၊ ငွေချေးခြင်း၊ စာသင်ကျောင်း ဆောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ် ပေးခြင်းများဖြင့် မဲဆွယ်လျက်ရှိကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့ ပါတီ တာဝန်ခံ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တော်ခန်းမတွင် စက်တင်ဘာလနှောင်းပိုင်းက ပြည်တွင်း သတင်း မီဒီယာတချို့ကို ခေါ်ယူတွေ့ဆုံစဉ် ဦးအောင်သိန်းလင်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဆင်ခြေဖုံးမြို့နယ်များ အပါအ၀င် မြို့နယ်များတွင် လမ်းပေါင်း ၄၀၀၀ ခန့်ရှိကြောင်း၊ ကြံ့ဖွံ့ပါတီသည် ထိုလမ်းများကို စီမံချက်ဖြင့် ခင်းပေးနေပြီး အဆိုပါ လမ်းခင်းခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ဘိလပ်မြေကို စည်ပင်ပိုင် ဘိလပ်မြေစက်ရုံက ထုတ်လုပ်ပေးကာ လမ်းခင်းစက်များ သည်လည်း စည်ပင်သာယာရေးပိုင်များသာ ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

“လမ်းခင်းဖို့ ဘိလပ်မြေက တရက်ကို အိတ် ၆၀၀၀၊ ၇၀၀၀ လောက်ထွက်တယ်” ဟု မြို့တော်ဝန်က ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူလူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြံ့ဖွံ့အသင်း အနေဖြင့် ရပ်တည်စဉ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ဆက်လက်လည်း လုပ်ဆောင်သွားမည်ဟု သူက ဆိုသည်။

“လမ်းတွေခင်းပေးတယ်၊ ရေရအောင်လည်း ရေတွင်းတွေ တူးပေးတယ်၊ ပြည်သူလူထု ကျန်းမာရေး အတွက်လည်း ဖြိုးစေတနာ ဆေးခန်းတွေ အခမဲ့ ဖွင့်လှစ်ပေးထားတယ်၊ ပညာရေး စောင့်ရှောက်မှုအနေနဲ့ စာသင်ကျောင်းတွေလည်း အများကြီးဆောက်ပေး ထားတယ်။ စီးပွားရေး စောင့်ရှောက်မှုအနေနဲ့ ဆင်းရဲတဲ့လူတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးတယ်” ဟု ဦးအောင်သိန်းလင်းက မီဒီယာများကို ရှင်းပြခဲ့သည်။

ကြံ့ဖွံ့ပါတီအနေဖြင့် အစိုးရ အသုံးစရိတ်ဖြင့် မဲဆွယ်လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ နိုင်ငံရေးပါတီ အများစုကလည်း ထိုသို့ အစိုးရစရိတ်သုံးကာ မဲဆွယ်မှုများကို ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် ကန့်ကွက် သင့်ကြောင်း၊ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည့် ကြံ့ဖွံ့ပါတီကို တရားဥပဒေကြောင်းအရ ဖျက်သိမ်းရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တရားဝင်တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်းများလည်း ပြုလုပ်သင့်ကြောင်း
ဝါရင့် သတင်းစာဆရာတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကြံ့ဖွံ့ပါတီက ချိုးဖောက်နေတာတွေကို နိုင်ငံရေးပါတီတွေက ကန့်ကွက်ရမယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ ဥပဒေချိုးဖောက်တဲ့ ကြံ့ဖွံ့ပါတီ ဖျက်သိမ်းပေးဖို့ တရားဝင်တောင်းဆိုရမယ်။ ကြောက်နေရင်တော့ ကြံ့ဖွံ့ပါတီရဲ့ မတရားနည်းလမ်းသုံး မဲဆွယ်တာတွေကို ထိုင်ကြည့်နေကြပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က/ ၅) တွင် နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် ပါတီအဖွဲ့အစည်း ဖြစ်လျှင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု တရားဝင်ပြဋ္ဌာန်းထားသည်။

ကြံ့ဖွံ့ပါတီသည် လမ်းများခင်းရာတွင် ငွေကြေးမကောက်ခံဟု မြို့တော်ဝန်ကပြော ဆိုသော်လည်း အမှန်တကယ် လက်တွေ့တွင်မူ ရပ်ကွက်လူထုထံမှ ငွေကြေး ကောက်ခံမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

“ပေ ၃၀၀ ရှိတဲ့ လမ်းခင်းဖို့ ကျပ် ၃ သိန်း ၆ သောင်း ရပ်ကွက်က ပေးလိုက်ရတယ်။ ပါတီဝင်လည်း စုပေးရတယ်” ဟု ကမာရွတ်မြို့နယ်မှ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာနိုင်ငံတွင် မဲပေးနိုင်သည့် အသက်ပြည့်ပြီးသူ လူဦးရေ သန်း ၃၀ ကျော်ရှိကြောင်း သိရှိရသည်။

နေပြည်တော်ခရိုင်တွင် မဲပေးနိုင်သော လူဦးရေ ၆ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်မူ မဲပေးနိုင်သော လူဦးရေ ၄၄၁၈၉၈၉ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ထားသည်။

ကြံ့ဖွတ်ယုံလို့ စုံလုံးကမ်းကြရပြီ

11:22 PM | Posted by Anonymous

မကွေးတိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုမယ့် အမတ်လောင်းက မဲဆွယ်စည်းရုံးတဲ့အနေနဲ့ လူတွေကို မျက်စိခွဲစိပ်ကုသပေးရာမှာ လူအတော်တော်များများ မျက်စိကွယ်သွားကြရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဗိုလ်ချုပ်မြင့်မောင် ဦးစီးဦးဆောင်ပြီး လူထုကို စည်းရုံးတဲ့အနေနဲ့ မျက်စိ အခမဲ့ ကုသပေးတဲ့အခါမှာ အခုလို လူအတော်များများ မျက်စိကွယ်ကြရတာ ဖြစ်ပါတယ်။

ပထမ အသုတ်အနေနဲ့ မြန်မာဆရာဝန်တစ်ဦးက ဝေဒနာရှင် ၁၇၀ ကျော် ခွဲစိပ်တဲ့အခါမှာ အောင်မြင်မှုရခဲ့ပေမယ့် ဒုတိယအသုတ် ထိုင်ဝမ်က တရုတ်ဆရာဝန် ခွဲစိပ်ရာမှာတော့ လူနာ ၁၈၀ မှာ ၅၀ နီးပါးကတော့ မျက်စိကွယ်သွားကြရပါတယ်။

ကိုယ်တိုင် မျက်စိမမြင်ဖြစ်သွားရတဲ့ အသက် ၇၀ အရွယ် ဒေသခံ ဝေဒနာရှင်တစ်ဦးက ဘီဘီစီကို ပြောပြရာမှာ သူဟာ ခွဲပြီးကာစ ခုနှစ်ရက်မြင်တဲ့အကြောင်း နောက်ရက်ကျတော့မှ ရုတ်တရက် ကွယ်သွားတယ်လို့ ပြောပါတယ်။

ခွဲစိပ်တာကတော့ တစ်ရက်တည်းပါ၊ ဒီကနေ့ခွဲပြီး မနက်ဖြန်ခါကျတော့ ပတ်တီး ဖြည်လိုက်တာပါပဲ ဘယ်လိုဖြစ်သွားတယ်လို့တော့ မသိပေမယ့် မျက်စိကတော့ မမြင်ရတော့ဘူးလို့ထင်တာပဲ လို့ အဲဒီ ဒေသခံ ဝေဒနာရှင်ကပဲ ပြောပါတယ်။

မျက်စိကွယ်သွားကြရတဲ့ လူ ၅၀ ထဲမှာ သံဃာတော်တစ်ပါးကတော့ မျက်စိထဲပိုးဝင်သွားလို့ မျက်စိထုတ်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဘာ့ကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို ရေစကြိုမြို့နယ် ဒေသခံဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပြရာမှာ ဇွန်လ ၁၆၊၁၇ က ပထမ အသုတ်မင်းဘူးက ဒေါက်တာအောင်ဆန်းဝင်း ဦးဆောင်ပြီးခွဲတာ အားလုံးကောင်းတယ်၊ ဒုတိယအသုတ်က ဇူလိုင်လ ၁၁ ရက်နေ့ ထိုင်ဝမ်ဆရာဝန်ကတစ်ရက်တည်းနဲ့ လူနာ ၁၈၀ လောက် ခွဲချသွားတယ် ၊ ဝေဒနာရှင် ၁၀၀ မှာ တစ်ယောက်တလေတော့ အခုလိုဖြစ်တတ်တာတော့ရှိတတ်ပေမဲ့၊ အခုဟာက လူအများကြီးဖြစ်တာဆိုတော့ ခွဲစိတ်တဲ့ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့်လို့ သူထင်တဲ့အကြောင်း ပြောပြပါတယ်။

အခု လက်ရှိ မျက်စိမမြင်ရတဲ့ ဒေသခံတွေကတော့ သူတို့မျက်စိကို တခြားဆရာဝန်တွေနဲ့ ပြကြည့်တဲ့အခါမှာလည်း မရနိုင် မမြင်နိုင်တော့ဘူးလို့ ဘီဘီစီကို ပြောပြသွားကြပါတယ်။

နယူးယောက် က မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှု ဖိတ်စာ

Sunday, October 3, 2010 1:39 PM | Posted by Anonymous

NYC Invitations: Burma 2010: between Hope and Reality. The Elections and the Violations of Human Rights

THE BURMA FUND UNITED NATIONS OFFICE

Is pleased to invite you to

Burma 2010: between Hope and Reality. The Elections and the Violations of Human Rights

WEDNESDAY, OCTOBER 6, 2010

12.30 PM -14.45 PM

THE CHURCH CENTER

777 UNITED NATIONS PLAZA, 2TH FLOOR

(CORNER OF 44TH STREET & FIRST AVENUE)

A few weeks before Burma’s November 7 elections, the General Assembly is about to start the negotiations on a resolution on the situation of human rights in Burma. The first elections for twenty years have raised many hopes about a possibility for a change in the country. In reality, human rights and freedoms are still largely repressed and the process so far has shown that these elections will rather cement the authoritarian rule.

The Burma Fund will bring together representatives from the democracy movement, international human rights organizations, and academic institutions, to discuss how the United Nations and the regional actors should respond to the elections in order to support genuine democratic reform in Burma. The first panel will talk about the reality of the electoral process, the tensions in the ethnic areas, and the feelings within the civil society. The second panel will discuss strategies to address the persistent and systematic violations of human rights and widespread impunity for systematic grave crimes. The Harvard International Human Rights Clinic report Crimes in Burma, entirely based on UN documents, has assessed that serious crimes committed in Burma amount to crimes against humanity and war crimes. Member states should support a commission of inquiry into these serious violations, which has been also recommended by the UN Special Rapporteur Prof. Tomas Ojea Quintana.

12.30 pm, FIRST PANEL “ELECTIONS AND CIVIL SOCIETY: A VIEW FROM THE GROUND”

Moderator: Dr.Thaung Htun, Burma Fund Director and Representative for the UN of the National Coalition Government of the Union of Burma

Ms. Debbie Stothard, Deputy Secretary-General, International Federation for Human Rights-FIDH

Ms. Wah Ku Shee, Women’s League of Burma

Ms. Du Du Win, Women’s League of Burma

Mr. Twan Zaw, Domestic Program In-charge, Students and Youth Congress of Burma

13.45 pm, SECOND PANEL “END SERIOUS CRIMES IN BURMA THROUGH A UN COMMISSION OF INQUIRY”

Moderator: Mr. Alberto Turlon, Burma Fund UN Advocacy Coordinator

Prof. Tyler Giannini, Director of the Harvard Law School’s International Human Rights Clinic

Mr. Emmanouil Athanasiou, Head of Asia Desk, FIDH

Ms. Elaine Pearson, Deputy Director, Asia Division, Human Rights Watch

Dr. Thaung Htun, Director, Burma Fund

Light Lunch will be provided

R.S.V.P. to alberto.turlon@gmail.com

-- Alberto TurlonUnited Nations Advocacy CoordinatorBurma Fund UN Office777, UN Plaza 10017New York, NY U.S.A.Tel: +1 212 338 0048Cell: +1 917 225 5942 begin_of_the_skype_highlighting +1 917 225 5942 end_of_the_skype_highlighting 

လန်ဒန် က မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှု ဖိတ်စာများ

1:35 PM | Posted by Anonymous
၀၂ - ၁၀ -၂၀၁၀(စနေနေ့)02 – 10 – 2010(Saturday)

ထိုင်းမြန်မာနယ်စပ်အခြေစိုက်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌအဖြစ်လည်းကောင်း၊ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူ ...ဦးအောင်မိုးဇော် က"မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန်ကာလ"ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြမည့် ဟောပြောပွဲ (မြန်မာဘာသာဖြင့်) သို့ တက်ရောက်ပါရန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ယူကေဌာနခွဲ) က လေးစားစွာ ဖိတ်ကြားပါသည်။



U Aung Moe ZawChair of DPNS and Joint General Secretary for the National Council of Union of Burma (NCUB)Will give a talk in Burmese “2010 Elections and Beyond in Burma” ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့လည် (၁၂)နာရီ (၃၀) မိနစ် မှ (၂)နာရီ (၃၀) မိနစ် အထိအရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာလေ့လာရေးကျောင်းSchool of Oriental and African Studies (SOAS) The Brunei Gallery Thornhaugh Street Russell Square London WC1H 0XG အနီးဆုံးမြေအောက်ဘူတာရုံ (ရပ်စ်စဲလ်စကွဲယား ဘူတာ)ဆက်သွယ်ရန် - ကိုဇင်ခိုင် (ဖုန်း - ၀၇၉ ၀၄၃၉ ၃၄၅၇)

-------------------------------------------------------------------------------------------------



Events in Manchester, UK

Film with Q&ABurma VJ


Venue: Contact Theatre, Oxford Road, Manchester Date: 5 October 2010 Burmese people risking their lives, using video cameras to report the repression by their military rulers.


Talk and Book Signing
Zoya Phan


Venue: Cross Street Chapel, Cross Street, Manchester Date: 23 October 2010 Zoya is a refugee from the atrocities in Burma, born and raised in the jungle of the Karen region, and now working for her country from the UK.


Vigil
Political Prisoners


Venue: Rochdale Canal and plaza, next to Bridgewater Hall, Manchester Date: 4 November 2010 Focus on three young men sentenced to 37 years for voicing their opinions


The Burma Play




Venue: Contact Theatre, Oxford Road, Manchester
From: 19 November 2010 To: 20 November 2010 A popular entertainer struggles to recall his past in the struggle for human rights in Burma


Even though I’m free I am not




Venue: 8th Day Cafe, Oxford Road (near MMU / All Saints), Manchester
From: 1 November 2010 To: 30 November 2010 Award winning photographic exhibition featuring former Prisoners of Conscience from Burma and other countries


Talk
Burma Regime of Fear




Venue: various location
To book speaker: 07766 083765Talk and presentation by Mike Reed, Amnesty International. Available to local groups, Trade Union meetings, etc.

----------------------------------------------------------------------------------------------

01 – 11 – 2010(Monday)

Demonstration to oppose 2010 sham election in Burma Date: 01 – 11 – 2010 Time: 12:00 – 13:00Venue: In front of Burmese Embassy, 19A Charles Street London W1J 5DX

မထောက်ခံထိုက်သော ရွေးကောက်ပွဲအဖြစ် ဦးဝင်းတင်ရေးသား

11:53 AM | Posted by Anonymous

မထောက်ခံထိုက်သော ရွေးကောက်ပွဲအဖြစ် ဦးဝင်းတင်ရေးသား

2010-10-01

(လွတ်လပ်သောအာရှအသံ)

စက်တင်ဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ထုတ် နယူးယောက်တိုင်း သတင်းစာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ဆောင်းပါး တပုဒ် ရေးသားခဲ့ပါတယ်။

(Photo: AFP)

စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

`မထောက်ခံထိုက်တဲ့ ရွေးကောက်ပွဲ` ဆိုတဲ့ အဲဒီဆောင်းပါးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မစ္စ ပီလေး ရဲ့ မြန်မာပြည် ရွေးကောက်ပွဲအပေါ် လွတ်လပ်မျှတမှု ရှိမရှိ ကမ္ဘာက စောင့်ကြည့်ရမယ်လို့ မကြာခင်က ပြောဆိုခဲ့တာဟာဖြင့် မြန်မာပြည် ပြဿနာရဲ့အဖြေမဟုတ်တဲ့ အဲဒီရွေးကောက်ပွဲဟာ အရေးကြီးသယောင်၊ တစုံတရာ စောင့်ကြည့်ထိုက်သယောင် သဘောဆိုက် နေတဲ့အတွက် မိမိတို့ စိတ်မကောင်းကြောင်း ရေးသားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က ဒီမိုကရေစီပါတီတွေအပေါ် တဖက်သတ် ဖိနှိပ်နေတဲ့ လက်ရှိ အခြေအနေတွေကို ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမဲ့ လွှတ်တော်ဟာလည်း အစိုးရဖွဲ့ခွင့်၊ စစ်ရေးကိစ္စ ဆုံးဖြတ်ခွင့်၊ သမတက ခန့်အပ်လိုက်သူတွေ၊ ဘတ်ဂျက် ခွင့်ပြုချက်တွေအပေါ် ငြင်းဆို ကန့်ကွက်ပိုင်ခွင့်စတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ မရှိတဲ့ လွှတ်တော်မျိုးသာ ဖြစ် ကြောင်း၊ ဒီမိုကရေစီဘက်သား ပါတီတွေက အမတ်တွေဟာလည်း ဒီလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခဲယဉ်းကြောင်း၊ ကံကောင်း ထောက်မလို့ နိုင်ခဲ့ရင်လည်း ဒီလိုလွှတ်တော်မျိုးမှာ သူတို့ အသံမကျယ်နိုင်ကြောင်း၊ ဒီတော့ ဒီလို ရွေးကောက်ပွဲမျိုးကို နိုင်ငံတကာက အရေးစိုက်ပြီး စောင့်ကြည့်ဖို့ လိုပါသေးသလား လို့ ဦးဝင်းတင်က မေးခွန်း ထုတ်လိုက်ပါတယ်။

ဆက်လက်ပြီး - ရွေးကောက်ပွဲအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်လိုက်တာကို မြန်မာပြည်သူ သန်းပေါင်းများစွာက ထောက်ခံကြပေမဲ့ အကြောင်းမလှစွာပဲ ဥရောပနိုင်ငံ တချို့က မြန်မာပြည်မှာ ရွေးကောက်ပွဲက လွဲပြီးတခြား ရွေးစရာမရှိလို့ ယူဆကြပြီး ရွေးကောက်ပွဲ ဝင်ရေး အားပေးနေကြကြောင်း၊ ရွေးကောက်ပွဲဟာ အဖြေမဟုတ်။ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေးကသာ နိုင်ငံ့အဖြေဖြစ်ကြောင်း၊ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးဆီ ရောက်လာအောင် ပြည်တွင်းက ငြိမ်းချမ်းတဲ့ တောင်းဆိုမှုတွေ၊ ပြည်ပဖိအားတွေနဲ့ တွန်းပို့နိုင်အောင်သာ ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း နယူးယောက်တိုင်းသတင်းစာမှာ ဦးဝင်းတင်က ရေးသားခဲ့ပါတယ်။
An Election Not Worthy of Support By Win Tin