ပြည်သူတွေငတ်မွတ်ခေါင်းပါးနေချိန်မှာ သန်းရွှေမြေး မွေးနေ့  ပွဲ ကျင်းပ

Thursday, June 3, 2010 10:43 PM | Posted by Unknown

မုံရွာမြို့  ရတနာ ဈေးကြီး မီးလောင် ခြင်း တရားခံဘယ်သူလဲ






မုံရွာ ချင်းတွင်းဈေးကြီးမီးလောင်နေပုံ

ချင်းတွင်းဈေးကြီးမီးလောင်သွားတယ်လို့သတင်းရပါတယ်။ တနေ့ကမနက် နံနက်လင်းအားကြီးမှာ လောင်တာဖြစ်တယ်။ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်လောင်သွားခြင်းဖြစ်ပါတယ်။ ဒီဈေးက အိန္ဒိယ ဖက်က ကုန်ပစ္စည်းတွေကို တပြည့် လုံးကို တဆင့်ဖြန့် ချီပေးရောနေရာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံး မှု က သန်းနဲ့ ချီရှိမယ်လို့  ခန့် မှန်းရပါတယ်။

မင်္ဂလာဈေးမီးလောင်တာဟာနအဖ ရှို့ မီးလို့ ယူဆမှုများပိုမိုတိုးလာတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အီးပီစီ က မီးကို စနစ်တကျ မှန်မှန်လာအောင်၊ မီးကြိုးတွေကိုစစ်ဆေးတာတွေ မရှိတဲ့အတွက် မီးလောင်မှု့ ရဲ့ အဓိက တရားခံဟာ အီးပီစီ ဌာန တွေဖြစ်ပါတယ်။ အရင်းခံ တရားခံကတော့ နအဖ ပဲလို့  အီးမေးလ်တွေက တဆင့် လူထုရဲ့ ထင်မြင်ချက်တွေကို ရရှိနေပါတယ်။

ဥပမာ - Chan ဆိုတဲ့ လူငယ်တဦးက သူခံစားချက်ကိုခုလိုတင်ပြပါတယ်။

''ဒီမှာတော့ မီးတော်တော်ပျက်တယ်မီးပျက်တာကပြည်သူကို အသိလည်းမပေးဘူးဆိုတော့ ဈေးတွေကို မီးရှို့  နေတာက တခြားလူတော့ မဟုတ်ဘူး လျှပ်စစ် ၀န်ကြီးဌာနပဲ.. EPC ပဲ . နံပါတ် ၁ တရားခံ''

သူက ဆက်ပြီး ဖြစ်စေချင်တာကတော့ -

''ကျွန်တော်တို့မှာခံစားနေရတာက မီးပျက်တယ်ဒီမအေ -ိုးတွေက.. မီးကို လာမလား ပျက်မလား ဘာမှ Schedule ကို မကြေညာ ဘူး .. ပျက်မယ်ဆိုလည်း မကြေညာဘူး အမှန်က ရပ်ကွက်ထဲမှာ သံချဲ့ စက်နဲ့ မီးပျက်တော့မယ် hotplate တွေပိတ်ထားပါ. ဘာညာ လုပ်၇မှာ - ဒါကြောင့်ပျက်တဲ့ အချိန်မှာ ဒီတိုင်ထားတဲ့ HotPlat , ရေနွေးအိုး ဒါတွေက မီးလာတဲ့ အချိန်မှာ လာချင်သလိုလာတော့ . .လူမရှိတော့ ထလောင်ရော့ပေါ့ အဓိက တရားခံက EPC ၊လာချင်ရင် လာတယ် ပျက်ချင်တဲ့ အချိန်ပျက်တယ်။ ဘာမှ အသိမပေးဘူး .. ပျက်တော့မယ်ဆိုတာလည်း.. ဒီ မအေ -ိုးတွေလုပ်လို့မီးလောင်ကုန်တာပါ..

Media မှာ အော်ပေးပါ.. အားကိုးပါရဲ ''
လို့ ဆိုပါတယ်။ ဈေးတွေမီးလောင်နေတဲ့အတွက် တခြားဈေးတွေဖြစ်တဲ့ ဈေးချို၊ မော်လမြိုင်ဈေးကြီး နဲ့ သိမ်ကြီးဈေးသစ်တို့က ကုန်သည်ကြီးများလည်း စိုးရိမ်ပူပန်မူ ဖြစ်ပေါ်နေကြတယ်လို့ သိရတယ်။ လောင်ပြီးခဲ့တဲ့ ဈေးကြီးတွေကတော့ - မန္တလေးရတနာပုံ၊ မော်လမြိုင်ဈေးကြီး၊ မင်္ဂလာဈေး တို့ ဖြစ်ကြပါတယ်။

ဂျင်ဝက် ခရီးစဉ်ဖျက်သိမ်း

10:34 PM | Posted by Unknown



ဆီနိတ်တာ ဂျင် ၀က်က မြန်မာ နိင်ငံကိုသွားရောက်မဲ့ခရီးစဉ်ကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတယ်။
ဖျက်သိမ်းရတဲ့အကြောင်းက မြန်မာနဲ့ မြောက်ကိုးရီးယား နယူးကလီးယားလက်နက် ပုးပေါင်းထုတ်လုပ်နေတဲ့ အချက်အလက်တွေ ထွက်ပေါ်လာလို့ ဖြစ်ပါတယ်။ သူ က တကယ်လို့ သူသာသွားရင် အမျှော်အမြင်မရှိရာ၊ မလိုလားအပ်တဲ့ဝေဖန်မှုတွေ ပိုထွက်လာနိင်မယ်လို့ သူက ဆိုပါတယ်။

နအဖ အနုမြူဗုံး ထုတ်လုပ်ရေး အကြံ အစည်များ ပိုမို ပေါ်လာခြင်း

10:32 PM | Posted by Unknown
အထောက်အထားတွေကို ဗိုလ်မှုး သိန်းဝင်း က နိင်ငံတကာ အနုမြူအေဂျင်ဆီကို ပေးအပ်လိုက်ပြီ

သန်းရွှေ က အနုမြူဗုံးထုတ်လုပ်ဖို့  နဲ့ တာဝေးပြစ် ဒုံးပျံတွေထုတ်လုပ်ဖို့  ကြိုးပန်းနေတယ်။ သူဟာ မြောက်ကိုးရီးယားဆီက နည်းပညာတွေကို လျိုလ်ဝှက်ရပြီးလုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကို
မျိုးချစ်တပ်မတော်သား တဦးဖြစ်တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းက ဖေါ်ထုတ်လိုက်ပါတယ်။ စိုင်းသိန်းဝင်းက
မှတ်တမ်းတွေ၊ ဗွီဒီယိုတွေ၊ ဖိုလ်တွေ၊ အနုမြူ ဗုံးထုတ်လုပ်မှုက ဘယ်အဆင့်ဆီရောက်နေပြီဆိုတာတွေကို
နိင်ငံတကာအနုမြူအေဂျင်ဆီက အရာရှိ ဘော့ကယ်လီ ဆီကိုပေးအပ်ခဲ့တယ်။ ဒီအကြောင်းတွေအပြည့်အစုံကို အဲလ်ဂျဇီးယား ( ရေလက်ကြား ) ရုပ်မြင်သံကြား က မကြာမှီထုတ်လွင့်သွားမယ်လို့ သတင်းရပါတယ်။ အစီအစဉ်ကိုကြည့်ရှု့ နိင်တဲ့ နေရက်တွေကတော့ ထိုင်းစံတော်ချိန် Friday: 0600; Saturday: 1900; Sunday: 0300; Monday: 1400; Tuesday: 0530; Wednesday: 1900; Thursday: 0300. တွေမှာ အပိုင်းလိုက်ခွဲပြီးတင်ပြသွားမယ်လို့ သိရတယ်။

http://english.aljazeera.net/programmes/general/2010/05/201053110470990951.html

Myanmar's ruling generals have started a programme to build nuclear weapons. They are trying to develop long-range missiles.
Elections later this year are aimed at convincing the world they are moving towards democracy. But fearing attack from the US and an uprising by their own people, Myanmar's generals are instead digging themselves in with a nationwide network of bunkers.
With top-secret material gathered over five years, this film reveals how Myanmar is trying to become the next nuclear-armed North Korea.
Key files and other information has been smuggled out by defecting army Major Sai Thein Win, a former deputy commander of a top-secret military factory at a town called Myaing.
Before leaving, he smuggled out thousands of files detailing a secret programme by Myanmar's ruling generals to build nuclear weapons.
To check Sai Thein Win's claims, the Democratic Voice of Burma had him show the files to Bob Kelley, a former intelligence officer at North America's nuclear facility Los Alamos and an ex-director of the International Atomic Energy Agency (IAEA).
Files and photos were also shown to Geoff Forden, a military research scientist from the Massachusetts Institute of Technology.
The experts agree Myanmar is a long way from achieving its goals.
But many believe that with its stated intent to one day acquire nuclear weapons, Myanmar's military ambitions should be taken seriously.

Myanmar's military ambitions can be seen from Friday, June 4, at the following times GMT: Friday: 0600; Saturday: 1900; Sunday: 0300; Monday: 1400; Tuesday: 0530; Wednesday: 1900; Thursday: 0300.

၆၅နှစ်ပြည့် ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့အမှတ်တရ အနုပညာ လက်ရာများ



ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သော ပန်းချီဒီဇိုင်းပညာရှင်၊ မြန်မာများ၊ နိုင်ငံခြားသားများ မှ ဂုဏ်ပြုရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူဖန်တီးမှုများကို အောက်ပါ လင့်ခ်တွင်လည်း ကြည့်ရှုနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် Slide Show (My Opra)

ဓာတ်ပုံမဟုတ်သော ပန်းချီ၊ ဒီဇိုင်း စုစုပေါင်း ပုံပေါင်း ၃၀၀ ကျော်ကို တွေ့မြင်နိုင်ပါသည်။ အောက်ပါလင့်ခ်တွင်လည်း တစ်ပုံချင်းဆီ ဒေါင်းလုပ်ယူ သိမ်းဆည်းနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ပုံများ

ကျွန်တော့်၏ ဖန်တီးမှုများ မဟုတ်ဘဲ အခြားသူများ၏ ဖန်တီးမှုများကို စုဆောင်းထားခြင်းသာ ဖြစ်ပါသည်။ ဖန်တီးသူများ၏ မူပိုင်သာဖြစ်၍ စီးပွားရေးအရ အသုံးပြုလိုလျှင် မူလပိုင်ရှင်များထံ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါလိမ့်မည်။

လေ့လွင့်လှိုင်း