ဆက်ကစားရင်တော့ . . . ပေါင်ရမယ် ဟန်လေး Monday, 30 May 2011 19:42 ကာတွန်း

Thursday, June 2, 2011 11:32 PM | Posted by Anonymous

SYCB Monthly Bulletin for May 2011 (Vol-5, Issue-52)

SYCB Monthly Bulletin for May 2011 (Vol-5, Issue-52)

မြန်မာပြည်အတွက်မြောက်အမေရိကတိုက် ကို စက်ဘီးစီး ဖြတ်သန်း

10:41 PM | Posted by Anonymous


Naing and Rod (both wearing Kwantlen shirts)
were excitedly describing their JustRide bike
route to the Kwantlen friends.

ဗန်ကူးဗား မှာ ခရီး မစမီ အချိန် ကလေး က သူတို့ ၂ ဦး http://www.justride2011.blogspot.com/

Day 1 - June 2 - North Vancouver to Mission

ထိုင်းမြန်မာနယ်စပ် က မဲတော် ဆေးခန်း အတွက် ရံပုံငွရှော ဖို့ ရည်ရွယ်ပြီး ကနေဒါ လူမျိုး ရှေ့နေ တဦးနဲ့ မြန်မာပြည်သား တဦး တို့ ဟာ ကနေဒါ နိုင်ငံ အရှဖေ့က် ကမ်း က နေ အနောက်ဖက် ကမ်း အထိ စက်ဘီးနင်းတဲ့ ခရီးရှည် ကို ဒေသ စံတော်ချိန် ကြာသပတေး မနက် ပိုင်း က စတင် လိုက် ပါပြီ။

ကနေဒါ အရှဘေ့က်ကမ်း Vancouver ဗန်ကူးဗား မြို့ ကနေ အနောက်ဖက် ကမ်းခြေက Halifax ဟာလီဖက်စ မြို့အထိ မြောက်အမေရိတိုက် ကို ဖြတ်သန်း စီးနင်း မှာ လို့ ဆိုရမယ့် ဒီခရီး ဟာ ကီလိုမီတာ ၅၈၀၀ ကျော် ရှည်လျား ပါတယ်။

အရင်နှစ်တွတေုန်း ကလည်း မဲတော် ဆေးခန်း အတွက် ရံပုံငွေ ရှာ ခဲ့ဘူးပြီး အခုတခါ မှာ တော့ ခရီးရှည် စက်ဘီးစီးခြင်း နဲ့ ရံပုံငွရှော ဖြစ်ဖို့ စဉ်းစား စီစဉ် ဖြစ်တာ လို့ ကနေဒါ လူမျိုး ရှေ့နေ မစ်စတာ ရော့ဒ် ဂျာမင်း Mrျြod Germaine က ဘီဘီစီ ကို ပြောပါတယ်။

သူနဲ့ အတူ ခရီးရှည် ကို စီးနင်း မယ့်သူ က မြန်မာလူမျိုး ကိုစိုးနိုင် ဖြစ်ပြီး သူတို့ ရက်ပေါင်း ၆၀ ကျော် လောက် နင်း ရမယ်လို့ ခန့်မှန်းထား ကြောင်းပြောပါတယ်။

မစ်စတာ ဂျာမင်း ဟာ လွန်ခဲ့တဲ့ နှစ် များစွာတုန်း က အခု သူတို့ ခရီးဆုံး မယ့် Halifax မြို့ က တက်ကသိုလ် တခုမှာ ဥပဒေ ဘွဲ့ ကို ယူခဲ့တဲ့သူပါ။

သူတို့ အဲဒီမြို့ ကို ရောက်ဖို့ မှန်းထားတဲ့ လာမယ့် သြဂုတ် လ တွင်းမှာ သူ တက်ခဲ့တဲ့ ဥပဒေ ဌာန က ကျောင်းသူကျောင်းသား ဟောင်း တွေ ကျောင်းမှာ ပြန်လည် တွဆေုံ့ မယ့် အခမ်းအနား လည်း ရှိမှာ မို့ အဲဒီ အခမ်း အနား အမီ သွားနိုင်အောင် လုပ်မှာ ဖြစ်ပြီး ရံပုံငွေ ကို အဲဒီ မှာလည်း ကောက်ဖို့ စီစဉ် ထားကြောင်း မစ်စတာ ဂျာမင်း က ပြောပါတယ်။

အခုတော့ ရံပုံငွေ က ကနေဒါ ဒေါ်လာ ၇ ထောင်ကျော် လောက်ရနေပြီး ခရီးဆုံး ရင် သိန်းချီ ရဖို့ မျှော်လင့် ပါကြောင်း လည်း အဲဒီ စက်ဘီးခရီးသည် ရှေ့နေ က ဘီဘီစီ ကို ပြော ပါတယ်။

http://www.justride2011.blogspot.com/ (Their message to the world with blogspot's power)

It will be a long ride. Naing and Rod could use some incentive. The best incentive is support for the Just Aid Foundation, which is why this is the Just Ride 2011 – it will raise funds to help deliver health care for Burmese people on the Thai-Burma border. For more about the charity and the health care it supports, please visit the Just Aid website: http://www.justaid.ca.

There are 4 ways to support Just Ride 2011:
# 1: Make an outright donation in recognition of Soe Naing a.k.a Naing’s ambition to bicycle across the continent. This form of support is encouraged! Please click here to make a donation. Or, if you prefer to send a cheque, make it payable to Just Aid Foundation (please note "Just Ride" on it somewhere) and send it to Just Aid Foundation, 300 - 1275 West 6th Avenue, Vancouver, BC V6H 1A6. Donations are tax deductible. An official receipt will be issued by the Just Aid Foundation before tax time next year.
# 2: Join the ride: You are welcome to join us on the road. Our blogs will give you approximate location at any time. A Just Aid donation of any sort will entitle you to participate as long as you want. And if you have a partner who wants to accompany you in a vehicle (carrying panniers from point to point) your welcome is guaranteed.
# 3: If you can't join the ride on the road, you can be a part of the ride as a Just Fund Rider: Register as a Just Fund Rider and use your network to raise more donations or pledges. There will be prizes for the Fund Riders who raise the most. To register, click here and then invite donors to find your name in the Search section of the Donate page where they can “Pledge me Now” in order to make a designated donation. Leading Fund Riders will be displayed at https://donationrelayonline.com/JustAid/JustRide2011.
# 4: Can Naing do it? Make a bet. This is easily done by pledging a donation conditional on his performance. Specify your pledge and send it to justride2011@gmail.com. There are many ways to structure such a donation. You can design your pledge any way you want but here are a few suggestions:
i) pledge an amount per kilometer or mile he completes. To help, his route is approximately 5,800 kms or 3,600 mi on the road plus a couple of ferry rides. At a penny per km, this commitment would be about $58.
ii) pledge an amount if he makes it to Halifax (without taking a train, bus or cab).
iii) pledge an amount if he makes it as far as any place you want to identify. This type of pledge must be honoured if he makes it to the same longitude because his route may not pass through the place you specify.
iv) pledge an amount per jurisdiction he enters. Be aware that his tentative route includes seven provinces besides BC and as many as nine or ten states.

Thursday, June 2, 2011
Day 1 - Mission (BC)
74 kms. We made it to Mission around noon and will spend the night here. It was raining ALL day.

We had an interview with BBC and it was transmitted in Burmese later today.

နယ်စပ်ဒုက္ခသည်စခန်းကို သွားတဲ့ ရန်ကုန်က ဗြိတိသျှ သံအမတ်




မယ်လ ဒုက္ခသည်စခန်းကို ရန်ကုန်အခြေစိုက် ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn မနေ့က ရောက်သွားပါတယ်။


ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားမှာ ရှိတဲ့ ဒီစခန်းထဲက မြန်မာပြည်သား ဒုက္ခသည် တွေရဲ့ သဘောထားတွေကို တီးခေါက်ဖို့၊ စခန်း အခြေအနေတွေကို လေ့လာဖို့ သွားရောက်ခဲ့တာလို့ သိရပါတယ်။

စခန်းရဲ့ တာဝန်ရှိ ထိုင်းအာဏာပိုင်များ၊ ဒုက္ခသည်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
(ဓာတ်ပုံ - ဧရာဝတီ)














၁၉၈၈ အရေးအခင်းကာလ အတွင်းက ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်သံမြင်ကွင်းများ.

ထိုစဉ်က လူထုဆန္ဒပြပွဲများ၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် ကြေငြာချက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဗိုလ်ချုပ်စောမောင်ရဲ့ အာဏာသိမ်း ကြေငြာချက် စသည်တို့ ပါဝင်တဲ့ ရှားပါး ရုပ်သံဖိုင်တွေပါ.... ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို မမှီ၊မသိရှိလိုက်တဲ့ ယနေ့ခေတ် လူငယ်များ လေ့လာသိရှိနိုင်ဖို့ ရှာဖွေ တင်ပြလိုက်ပါတယ်...



BURMA 1988 PROTESTS



Burma 1988 Scene
8888



Burma Military 1988 Coup In Rangoon



ရိုက်တာ သတင်းဋ္ဌာနရဲ့ ၁၉၈၈အရေးတော်ပုံ ကာလကြီးအတွင်းက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေ ထပ်မံရှာဖွေ စုစည်း တင်ပြလိုက်ပါတယ်..။ အမေရိကန်သံရုံးရှေ့က ဘယ်တော့မှ မေ့မရနိုင်တဲ့ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းတွေနဲ့ အတူ ထိုစဉ်က ပြည်သူ့ တပ်မတော်သားများ အပါအဝင် အလွှာပေါင်းစုံရဲ့ သပိတ်တိုက်ပွဲ မြင်ကွင်းတွေ ရုပ်သံတွေပါ..။ မကြည့်ရ၊ မမြင်ရသေးတဲ့ တချို့မြင်ကွင်း ရုပ်သံဖိုင်တွေကို အားလုံးသိရှိနိုင်ဖို့ တင်ပြလိုက်ပါတယ်...။

BURMA 8888


ပြည်တွင်းမှ ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် ဖိုင်(၁)
http://www.mediafire.com/?dekdu5sbnzc7n5c



ပြည်တွင်းမှ ပရိသတ် ဒေါင်းလုပ်လုပ်ချင်ရင် ဖိုင်(၂) http://www.mediafire.com/?ndl83zcdpcscs5o


Credit to Demowayyan ဒီမိုဝေယံ

ဒေါက်တာကျော်ရင်လှိုင်၊ NLD၊ စင်္ကြာမှန်ပြောင်းနှင့် ဗေဒါကျောင်း (ဆောင်းပါးရှင် အောင်မျိုးထွန်း)

3:07 PM | Posted by Anonymous


အားလုံးရှင်းသွားရင်လည်း ကောင်းမယ်။ ဒါမှမဟုတ် ပိုရှုပ်ပြီး ရှင်းမရလင်းမရ ဖြစ်သွားလည်း အေးတာဘဲ။ ခုတော့ တည့်မလိုလိုနဲ့  ကောက်ကွေ့ ၊ ဝေ့၀ိုက်မယ်ထင်ပေမယ့် ဖြောင့်နေအောင် ဒုန်းစိုင်းကြနဲ့။

NLD မှာ နိုင်ငံရေးသင်တန်းပေးမယ့် ဒေါက်တာကျော်ရင်လှိုင်ကိစ္စပါ။ ကိုကျော်ရင်လှိုင်နဲ့ ပတ်သက်ပြီး ၂၀၁၀ ဖေဖော်ဝါရီလပိုင်းလောက်က သတင်းဆောင်းပါး တစ်ပုဒ်ရေးဖူးပါတယ်။ အီးမေးလ်နဲ့ ဖြန့်ဝေခဲ့ပါတယ်။ ကိုကျော်ရင်လှိုင်ဟာ လေးဆယ်ကျော်မျိုးဆက်ပါ။ ပညာရှင်များဟောပြောပွဲကို UMFCCI မှာ သူ လာဟောပြောသွားဖူးပါတယ်။ အဲဒီတုန်းက စင်မြင့်ပေါ်ကနေ တည်ဆဲအစိုးရကို “စစ်အစိုးရ” လို့သုံးနှုန်းပြီး အထပ်ထပ်အခါခါ ဝေဖန်ပြောဆိုသွားပေမယ့် နိုင်ငံရေး ရပ်တည်မှုအရတော့ ဆရာကျော်ဝင်းတို့ ဒေါက်တာနေ၀င်းမောင် တို့ “လိုင်း” ပါဘဲ။ အပြင်မှာနေတော့ နည်းနည်းရဲတဲ့ပုံ ရှိပါတယ်။ မြန်မာပြည် ဒေဝေါကြီးလို့ ခုထိ ၀ိုင်း ဆွမ်းကြီးလောင်းနေကြတဲ့ “အီးဂရက်”အဖွဲ့ရဲ့  ရပ်ခံမှုနဲ့ လည်း နီးစပ်မယ့် အသွေးအရောင်ရှိပါတယ်။

ကိုကျော်ရင်လှိုင်က ပညာရှင်တစ်ယောက်ဖြစ်တာမို့ နတ်သားဖြစ်ဖြစ်၊ ငရဲသားဖြစ်ဖြစ် သူ့အယူအဆနဲ့ ပညာကို နာလိုသူတွေရှိရင် ဟောရပြောရမှာဘဲ ဖြစ်ပါတယ်။ လှီးရဖြတ်ရမယ့် အပိုင်းကိုတော့ သူ နားလည် ပြီးသားနေပါလိမ့်မယ်။ ပြည်တွင်းမှာ နိုင်ငံရေးနဲ့နှီးနွှယ်ပြီး လုပ်ကြကိုင်ကြသူတွေ ဒါကို သဘောပေါက်ပြီးသားပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ (၄)ရက်လောက်က ဖတ်ရတဲ့ အီးမေးလ်တစ်စောင်မှာ ဗေဒါသင်တန်းကျောင်းက ကိုကျော်ရင်လှိုင်ပို့ချမယ့် ဘာသာရပ်တွေကို သူတို့ ဗေဒါကျောင်းမှာ သင်ကြားပေးမယ့်ပုံစံနဲ့  လာတက်ရောက်ချင်သူတွေကို စာရင်းပေးနိုင်ပါပြီလို့  မက်ဆေ့ခ်ျ ပေးထားတာ တွေ့ ရပါတယ်။ ဗေဒါသင်တန်းဆီ အပ်နှံတဲ့ ပက်တ်ကေ့တစ်ခုလုံးကို ဇွန်လ (၂၀)ရက်နေ့ NLD မှာ စတင်သင်ကြားမယ့် နိုင်ငံရေးသိပ္ပံ သင်တန်းဆီ ရှန်တိန်လွှတ်မယ့်သဘောလို့ ထင်ရပါတယ်။ ဒီသတင်းကိုလည်း ဖေ့ဘုတ်မှာ ဥမ္မာဦးဆိုတဲ့ အကောင့်ပိုင်ရှင်တစ်ယောက် တင်ထားတာ ဖတ်လိုက်ရပါတယ်။

ကိုကျော်ရင်လှိုင်နဲ့ မျိုးရန်နောင်သိန်းရဲ့ ဗေဒါကျောင်းဟာ ချိတ်ဆက်မှု မရှိသေးဘူးဆိုတာ သေချာသလောက်ပါဘဲ။ ကာယကံရှင် ကိုကျော်ရင်လှိုင်လည်း ဗေဒါကျောင်းရဲ့ ဖိတ်ခေါ်ချက် ကြော်ငြာကိုဖတ်ပြီး ဘယ်လို ကောက်ချက်ချ မလည်း ဆိုတာထက် NLD မှာလုပ်မယ့် သူ့ပညာဝေငှမှုကို ဆက်လုပ်ဖြစ်၊ မဖြစ် ရင်လေးနေမယ့်ပုံပါဘဲ။ NLD ဆိုတာ ရာဇ၀င်နဲ့ နေခဲ့တဲ့ ပါတီကြီးတစ်ခုပါ။ ကနေ့ထက်တိုင် စစ်အုပ်ချုပ်မှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ပြည်သူတွေအတွက် အားကိုးရာ ဘူမိနက်သန်ပါ။ NLD ဆိုတာနဲ့ အားလုံးက လှည့်ကြည့် ငဲ့ကြည့်ကြရပါတယ်။ HARDလိုင်းလို့ သတ်မှတ်ထားကြပါတယ်။ ကိုကျော်ရင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနိုင်ငံရေးသိပ္ပံပို့ချမှု ကိစ္စကို ညှိနှိုင်းတိုင်ပင်ခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ထုတ်ဖော်သွားပါတယ်။ ကိုကျော်ရင်လှိုင် တစ်ယောက် NLD မှာ ကရားရေလွှတ်တာ မဆန်းလှပေမယ့် UMFCCI တို့ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှာ ဟောပြောခဲ့တဲ့ ပညာရှင်တွေ NLDကို ရွေ့မျောစီးဆင်းသွားတာ စတိုင်ဘောင်းဘီရှည်နဲ့ တိုက်ပုံကို တွဲမြင်လိုက်ရသလို ကျင့်သားမရသေးလို့ ပြောရင် ခံရမှာပါဘဲ။

“စစ်ဘက် အရပ်ဘက် တွဲရမယ်”မှာ သပွတ်အူလည်နေကြတဲ့ မြန်မာ့နိုင်ငံရေးဟာ စင်္ကြာ မှန်ပြောင်း ကြည့်ရသလို လက်ကလေးက လှည့်ပေးမှ အရောင်တွေ စုံတာမဟုတ်လား။

အောင်မျိုးထွန်း
၁- ၆- ၂၀၁၁

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဆီနိတ်တာဂျွန်မက်ကိန်းတို့ တွေ့ဆုံပွဲ (သတင်း၊ ဓာတ်ပုံ)

2:47 PM | Posted by Anonymous

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌဘဘဦးတင်ဦးနဲ့ အတူတွေ့ရတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း...

2:46 PM | Posted by Anonymous

ဂျွန်မက်ကိန်း မြန်မာ့အရေး ဆက်ထောက်ခံမည်

10:12 AM | Posted by Anonymous



အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံရာ မြန်မာ့ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။

suu400

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ သွားရောက် တွေ့ဆုံ ဆွေးနွေးသော ဂျွန်မက်ကိန်း (ဓာတ်ပုံ-ဧရာဝတီ)

ညနေ ၄နာရီခန့်က ၎င်းတို့ နှစ်ဦး တနာရီကြာ ဆွေးနွေးရာတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ပြည်ပ သတင်းထောက်များကို ပြောပြသည်။

မစ္စတာဂျွန်မက်ကိန်းသည် ယနေ့ နေ့လယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး အပါ အ၀င် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မကြာမီ ခရီးလည့်လည်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးကြကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့အခါ လုံခြုံရေးနဲ့ ပတ်သက်လို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတဲ့ အကြောင်းကို ဆွေးနွေးတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ဂျွန်မက်ကိန်းနှင့် ယနေ့ ဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ခရီးထွက်မည် ဖြစ်ပြီး တိုင်းပြည်ကို အသိပေးပြီးမှ သွားရောက်မည်ဟု ပြောပြခဲ့သည်။

ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် သီးခြားစီ
တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ဂျွန်မက်ကိန်းက နိုင်ငံရေး အကျဉ်းသားများ အကျဉ်းသား အခွင့်အရေး အပြည်အ၀ရရှိရေး၊ အကျဉ်းထောင်များသို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (ICRC) သွားရောက် စစ်ဆေးခွင့် ပြန်လည် ရရှိရေးတို့ကို တောင်းဆိုခဲ့သည်ဟု သိရကြောင်း ဦးအုန်းကြိုင်က ပြောပြသည်။ မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးသည်ဟု ဆိုသည်။

ဂျွန်မက်ကိန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ရှိ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေးဂေဟာ တခု၊ ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းရုံး တို့ကို သွားရောက် လေ့လာခဲ့သည်။

ထို့နောက် ဒု ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဆန်း၊ ဦးနိုင်းနိုင်း၊ ကိုသိန်းဆွေ၊ အဆိုတော် ဇေယျာသော် စသည့် မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်သားဟောင်းများနှင့် နေ့လယ်စာ စားခဲ့သည်။

ဂျွန်မက်ကိန်းက ဤခရီးစဉ်နှင့် ပတ်သက်ပြီး မနက်ဖြန် နံနက်ပိုင်း ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရ အဖွဲ့ဝင်များ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။

ဦးသိန်းစိန် အစိုးရသစ် တာဝန်ယူပြီး ၂လကျော်တွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေ နမ်ဗီးယား၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရို အမြဲတမ်းကော်မတီဝင် ကျာချင့်လင်၊ တရုတ်စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့မှ စစ်ခေါင်းဆောင်များ လာရောက် လည်ပတ်ခဲ့သည်။

Source: Irrawaddy
http://www.irrawaddy.org/bur/index.php/news/6524-2011-06-02-12-56-38

A democracy doesn’t keep its media behind bars

8:37 AM | Posted by Anonymous


By KHIN MAUNG WIN
Published: 3 May 2011
A democracy doesn’t keep its media behind bars thumbnail
Along with the five named VJs - [L to R] Win Maw, Maung Maung Zeya, Sithu Zeya, Ngwe Soe Lin, Hla Hla Win - are 12 jailed DVB reporters we are not naming for security reasons (DVB)

Seventeen journalists for the Democratic Voice of Burma (DVB) are serving lengthy prison sentences, some more than 60 years, in Burma for their work documenting atrocities committed by the military and government.

The rise of video journalist (VJ) networks in Burma has been fuelled by developments in technology that have allowed undercover teams to send material out of the country to exiled and foreign media.

In 1988, when millions of Burmese took to the streets demanding an end to military rule and the establishment of a democratic government, the military killed some 3000, and sent many more to jail. Yet the world knew little about it.

But nearly 20 years later, when a Japanese journalist was shot dead by Burmese soldiers in the midst of the 2007 Saffron Revolution, VJs were there to capture the incident, and within hours it appeared on television screens around the world. As a result, the Burmese regime realised that they no longer had a free hand to kill peaceful demonstrators. The death toll in 2007 was estimated at around 100, far fewer than that of 1988, partly thanks to VJs who reported the atrocities in a timely manner.

Video journalists again played an important role in reporting the country’s worst-ever disaster. When cyclone Nargis struck in May 2008, the regime banned reporters from entering the devastated Irrawaddy delta region, fearful that international scrutiny would again trigger widespread criticism of Burma’s rulers. But undercover reporters managed to gain access, and exposed the true extent of damage and the regime’s indifference to victims.

The awarding of prestigious international media and journalism awards to VJs is an acknowledgement of their performance and contribution to press freedom in a closed country. All VJs and potential VJs know the importance and impact of the work they do. Yet they are also paying a high price for their priceless work.

There have been murmurings of hope from sections of the international community that the new government will initiative positive change in Burma. Whether such changes include the release of we are so eagerly waiting for is one of the major tests of the government. In his recent speech, President Thein Sein pledged a respect for the role of the media, acknowledging its role as the ‘fourth pillar’ of the state, in addition to the executive, legislature and judiciary institutions.

Today, on World Press Freedom Day, we must remember DVB’s journalists who are languishing in prisons across the country, and do our outmost to ensure their freedom. That is why were are launching the Free Burma VJ Campaign today to mobilise international efforts towards their release. Ultimately, however, it is the government’s final say, but we can use their fate to gauge whether progress toward greater freedom in Burma can be expected in the near future.

Khin Maung Win is deputy executive director of the Democratic Voice of Burma.

ကိုမင်းဇေယျ ၏မိခင်ကြီးအတွက်ရက်လည်ဆွမ်းသွတ်ဖိတ်စာ

ချစ်ခင်ရပါသော ညီ အစ်ကို မောင်နှစ်မ များ ခင်ဗျာ....

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ၏မိခင်ကြီးအတွက် မဲဆောက်ရှိ လုပ်ဖော်ကိုင်ဘက်ရဲ့ ဘော်သူငယ်ချင်းများမှ ရက်လည်ဆွမ်းသွတ် အလှူပြုလုပ်မည်ဖြစ်သဖြင့် တရားနာကြွရောက်ရန်ဖိတ်ကြားအပ်ပါသည်။

ခင်မင်စွာဖြင့်
မျိုးဆက်ကျောင်းသားများ

ဒီပဲယင်း (ရုပ်သံမှတ်တမ်း အမှတ် ၂ )

ဒီပဲယင်း (ရုပ်သံမှတ်တမ်း)

မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော

3:50 AM | Posted by Anonymous

မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော



နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း John McCain မြန်မာ့အရေး လာရောက်ဆွေးနွေးသည်မှာ အင်အားသစ်တခု တိုးလာခြင်းဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

“မြန်မာပြည်အရေးကို သံတမန်ချင်း လက်ဝါးရိုက်ပြီး ဗမာပြည်ကိုလည်း ပြန်မပြော၊ အဲလိုလုပ်မယ့်အစား ဂျွန်မက်ကိန်းလို ပွင့်ပွင့်လင်းလင်းပြောတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူဆွေးနွေးသမျှကို လူသိရှင်ကြား ပြန်ပြောမှာပဲ၊ ဖွင့်ချမှာပဲလို့ ယူဆပါတယ်။ တခြားသော သံတမန်တွေထက် ပိုပြီး ပွင့်လင်းမှု ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မက်ကိန်းလာခြင်းဟာ ဘာပဲပြောပြော အင်အားသစ်တခု တိုးလာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ကာ ဂျွန်မက်ကိန်းသည် ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် NLD ရုံးချုပ်၌ CEC အဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ပြီး၊ ဦးဝင်းတင်မှာမူ ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်မည် မဟုတ်ပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်လာရန်အတွက် ကြိုးပမ်းပေးရန် မစ္စတာဂျွန်မက်ကိန်းကို NLD ဘက်က ပြောဆိုရန် စီစဉ်ထားသည်။

“ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟိုဘက်က ဦးသိန်းစိန်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းပေးပါလို့ ပြောရမှာပေါ့။ နောက် ကျနော်တို့အဖွဲ့ချုပ် ဆက်လက်ရပ်တည်ရေး ကြိုးပမ်းနေတဲ့ ကိစ္စတွေ ရှင်းပြမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ အခြေခံဖြစ်တယ်။ ဒါကို ကူညီဆောင်ရွက်ပေးပါလို့ ပြောမယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

တနေ့တည်းတွင် မစ္စတာမက်ကိန်းက ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအဝင် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP နှင့်ပါ တွေ့ဆုံဦးမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေအိမ်သို့ သွားရောက်တွေ့ဆုံမည်။

မေလ ၁၈ ရက်နေ့တွင် အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Y Yun မြန်မာနိုင်ငံသို့ ၄ ရက်ကြာ လာရောက်ခဲ့အပြီး သီတင်းပတ်နှစ်ပတ်အကြာ ဆီးနိတ်အမတ်တဦး ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။

“ခက်တာက အမေရိကန်က ဒီမိုကရေစီနိုင်ငံဗျ။ လွှတ်တော်ကလည်း ၂ ရပ်၊ ကဏ္ဍ ကဏ္ဍအလိုက် check and balance လုပ်နေရတော့၊ လွှတ်တော်အမတ်ကလည်း လွှတ်တော်အမတ်တာဝန် လုပ်ရတာရှိတော့ သူ့ကဏ္ဍနဲ့သူ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။



မစ္စတာကိန်းသည် ကြာသပတေးနေ့ နေ့လည် ၁၂ နာရီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်များအပြင် ကချင်ဘာသာရေး ခေါင်းဆောင်တဦးနှင့်လည်း တွေ့ဆုံဖို့ရှိကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။



“သူ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆက်ထားဖို့သင့်တယ်ဆိုရင် ကျနော်တို့က မေးစရာ ရှိတာပေါ့ဗျာ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် ပိတ်ဆို့ထားတယ်။ ဒီနှစ် ၂ဝ မှာ မရခဲ့ဘူး။ အခု ဆက်ပိတ်ထားမယ်ဆိုရင်ရော ရနိုင်မယ်လို့ ဘယ်သူက အာမခံချက်ရှိလို့လဲ။ ဘယ်အာမခံချက်နဲ့ ဆက်ပိတ်မှာလဲဆိုတာ ကျနော်တို့ မေးကောင်း မေးရဖို့ အကြောင်းရှိမှာပါ။ ကျနော်တို့နိုင်ငံမှာ စီးပွားရေးပိတ်ဆို့ထားမှုက နံပါတ်တစ် ဖြစ်နေတာကိုး” ဟု သူက ဆိုသည်။

မစ္စတာကိန်းအနေနှင့် အစိုးရ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသားများအရေးနှင့် ဒုက္ခသည်များအရေးကို ဆွေးနွေးသွားမည်ဟု အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အမေရိကန်ခေါင်းဆောင်များ တလအတွင်း ၂ ကြိမ် လာရောက်ခဲ့သလို၊ အိမ်နီးချင်း တရုတ်နိုင်ငံမှ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကျာချင့်လင်လည်း ဧပြီလဆန်းပိုင်းတွင် လာရောက်ခဲ့ပြီး၊ မြန်မာသမ္မတ ဦးသိန်းစိန်လည်း တရုတ်နိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် သွားရောက်ခဲ့သေးသည်။

“အမေရိကန်အစိုးရနဲ့ တရုတ်နဲ့ ဗမာပြည်ပြင်ပမှာ ဆွေးနွေးစေချင်တယ်။ ဒီစစ်အစိုးရကို မဏ္ဍိုင်ပြုပြီးတော့ တရုတ်က ဆွေးနွေးလိုက်၊ အမေရိကန်က ဆွေးနွေးလိုက် လုပ်နေရင် အရပ်စကားနဲ့ ပြောရရင် လူရာသွင်းပြီး လုပ်နေသလို ဖြစ်နေတယ်။ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အာရှမြောက်ပိုင်း၊ အာရှ အရှေ့မြောက်ပိုင်းဒေသပေါ့။ အဲလိုနေရာမျိုးမှာ ခိုင်ခိုင်မာမာ ဆွေးနွေးသင့်တယ်လို့ ယူဆတယ်ဗျ” ဟု ဦးဝင်းတင်က ဆိုသည်။



အမေရိကန် ခေါင်းဆောင်များအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်တိုင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလေ့ရှိသည်။

ရန်ကုန်မြို့ရှိ တရုတ်သံရုံးသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပအပြီး NLD ထံ လာရောက်တွေ့ဆုံသည့် ပထမဆုံးသော နိုင်ငံခြားသံရုံး ဖြစ်ခဲ့သော်လည်း ယခုအခါ NLD နှင့် တရားဝင် ဆက်ဆံရေး မရှိတော့ကြောင်း သိရသည်။

Senator John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)

by Kyaw Thu

Source: Ko Kyaw Thu's Facebook page

အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် (Senator) John McCain နှင့် အမေရိကန်သံရုံးအရာရှိ များသည် ၂.၆.၂၀၁၁ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဧည့်သည်တော်များအား နာရေးကူ ညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှုရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသောအဆောက်အဦးများရှိရာ နေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူလူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့်အတွက် ၀မ်းနည်းမိကြောင်း၊ ယခုလို လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုး ဆက်သစ်သင်တန်း အမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ၀ိုင်းဝန်း ကယ်ဆယ် အကူအညီများပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဘုရားသခင်မှလည်း ကောင်းချီးပေးပါစေ” ဟု အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်းမေတ္တာပို့စာသား ရေးသားလက်မှတ်ထိုးကာ မွန်းတည့် (၁၂း၀၀) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှုတ်ခွန်း ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ယနေ့တောင်ဒဂုံမြို့နယ် ကမ္ဘောဇ ၂လမ်းရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ သွားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း...

Wednesday, June 1, 2011 3:00 PM | Posted by Anonymous

ယနေ့တောင်ဒဂုံမြို့နယ် ကမ္ဘောဇ ၂လမ်းရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ သွားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း...

ယနေ့ တောင်ဒဂုံမြို့နယ်၊ အမှတ်(၃၇၆)၊ ကမ္ဘောဇ(၂)လမ်းရှိ HIV/AIDS Prevention and Care Section သို့ အမေရိကန် ရီပတ်ပလေကန် အထက်လွှတ်တော်အမတ် Jhon mac cain ၊ သံရုံးတာဝန်ခံမစ္စတာဒင်္ဂါနှင့် အဖွဲ့ဝင်(၇)ဦး တို့ နံနက် ၉နာရီက လာရောက်ခဲ့ပါသည်။

ထိုသို့ရောက်ရှိ လာရောက်ရာတွင် HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူများဖြစ်ကြ သော မဖြူဖြူသင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဒေါ်မေ၀င်းမြင့်၊တနသာင်္ရီတိုင်းတာဝန်ခံ(ဦးလှမင်း)၊ ရန်ကုန်တိုင်းစည်းအဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့မှ လက်ခံတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံရာတွင် လွတ်တော်အမတ်Mr.Jhon McCainအနေဖြင့်မဖြူဖြူသင်း မှ လက်ရှိ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်လင်းစွာ မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထိုနောက် Mr.Jhon McCain နှင့် အဖွဲ့သည် လူနာများအား ရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံ ကြည့်ရူ့အားပေးခဲ့ကြပြီး လူနာများနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ယင်းနောက် မဖြူဖြူသင်းနှင့် (၅)မိနစ်ခန့် သီးသန့်တွေ့ဆုံခဲ့ရာ။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့်အခါ လုပ်ငန်းကိစ္စများကို ဆက်လက်ပြောပြပေးမည်ဟု မဖြူဖြူသင်းအား ပြောကြားခဲ့သည်။ ယင်းနောက် မဖြူဖြူသင်းမှ အမှတ်တရ လက်ဆောင်ပြန်လည်ပေးခဲ့သည်။ ထိုနောက်Mr.Jhon McCain နှင့်အဖွဲ့အား လူနာများမှ စားသောက်စရာများနှင့် တည်ခင်းဧည့်ခံခဲ့ပြီး နံနက်(၁၀းဝ)နာရီတွင် အဆိုပါ ဂေဟာမှ ပြန်လည် ထွက်ခွာလာခဲ့သည်။

မေလင်း...

သတင်း၊ ဓာတ်ပုံ ပေးပို့ပေးတဲ့ ... မေလင်း အားကျေးဇူးတင်ပါသည်..