Crowds gather to see Aung San Suu kyi release

Saturday, November 13, 2010 11:07 PM | Posted by Anonymous

ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ

8:59 AM | Posted by Anonymous

ဒီမိုကရေစီတိုင်းပြည်ကို လှမ်းချီတက်မယ့် ရဲဝံ့တဲ့ လူထုခေါင်းဆောင်ရဲ့ အားမာန်အပြည့်နဲ့ ခြေလှမ်းများ

8:06 AM | Posted by Anonymous
ဒီမိုကရေစီတိုင်းပြည်ကို လှမ်းချီတက်မယ့် ရဲဝံ့တဲ့ လူထု ခေါင်းဆောင်ရဲ့ အားမာန်အပြည့်နဲ့ ခြေလှမ်းများ ( အန်တီ့ဘေးမှာ ၀န်းရံလိုက်ပါလာတာက အန်တီရဲ့အမျိုးသမီးဆရာဝန် ပြုံးပြုံး(ပြုံးမိုအိ)။ ဒေါက်တာတင်မျိုးဝင်း.။ ရှေ့နေဦးညဏ်ဝင်း။ NLD ခေါင်းဆောင်များ)

ငြိမ်းချမ်းရေး နမိတ်ပြ သင်္ကေတ ဖြင့် နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်

7:37 AM | Posted by Anonymous

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ကို မိုးကုတ်မြို့ က မီးရှုးမီးပန်းဖောက် ကြိုဆို

6:26 AM | Posted by Anonymous
ည (၈ နာရီ ၄၇) မိုးကုတ်မြို့တမြို့လုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်သည့်အထိမ်းအမှတ်အဖြစ် မီးရှုးမီးပန်းဖောက်ကြောင်း သိရှိရသည်။ ၈ နာရီလောက်က စဖောက်တာ ယခုအချိန်အထိပဲဟု မိုးကုတ်မြို့ခံတဦးမှ ပြောဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ရဲ့ ခြံဝင်းထဲက နောက်ခံမြင်ကွင်းက တကယ် ရင်နင့်စရာပါဗျာ

5:57 AM | Posted by Anonymous

လူထုက မေတ္တာနဲ့ပေးတဲ့ ရင်ငြိမ်းပန်းကို လက်ခံယူနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

5:51 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလာခြင်း ပြည်သူလူုထုနဲ့ပထမဆုံးတွေ့ဆုံတဲ့ မြင်ကွင်း ဗီဒီယို

5:44 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ချင်း ဒီနေ့ ညနေခင်း နေအိမ်ရှေ့မှာ လူထုကို နှုတ်ခွန်းဆက်စကား

4:51 AM | Posted by Anonymous
မတွေ့ရတာလည်းကြာပြီဆိုတော့ ပြောစရာတွေက အများကြီးပဲ အားလုံးကြားချင်ရင် မနက်ကျ ရုံးကိုလာခဲ့ အသံချဲ့စက်နဲ့ပြောမယ်

Burma releases Aung San Suu Kyi

4:18 AM | Posted by Anonymous

Burma releases Aung San Suu Kyi

Aung San Suu Kyi waves at her supporters in Rangoon (13 November 2010)
Ms Suu Kyi appeared at the gate of her compound in a traditional lilac dress


The military authorities in Burma have released the pro-democracy leader, Aung San Suu Kyi.

She has appeared in front of a crowd of her supporters who rushed to her house in Rangoon when nearby barricades were removed by the security forces.

The Nobel Peace Prize winner has been detained for 15 of the past 21 years.

Earlier, Ms Suu Kyi's lawyer warned that she was highly unlikely to accept a conditional release if it excluded her from political activity.

The government has restricted her travel and freedom to associate during previous brief spells of liberty, and demanded she quit politics.

She was originally due to be released from house arrest last year, but a case involving an American who swam across Inya Lake to her home, claiming he was on a mission to save her, prompted the latest detention.

Last Sunday, the political party supported by the military government won the country's first election in 20 years. The ballot was widely condemned.

'Work together'

Since Saturday morning, crowds of people had been waiting anxiously for news of Ms Suu Kyi's fate near her home and the headquarters of her now-banned National League for Democracy (NLD) party. Many wore T-shirts sporting the slogans "We stand with Aung San Suu Kyi".

By late afternoon, a stand-off had developed between armed riot police and several hundred people who had gathered on the other side of the security barricade blocking the road leading to her lakeside home. Some of them later sat down in the road in an act of defiance.

As tensions rose, reports came in at about 1700 (1030 GMT) that the security forces had started removing the barricade.

Soon after, official cars were seen entering the compound, and unnamed officials then said that the release order had been read to Ms Suu Kyi.

Hundreds of people then surged forward and rushed towards her home to greet her.

Ms Suu Kyi then appeared on a platform at the gate of her compound, wearing a traditional lilac dress. The crowd chanted, cheered and sang the national anthem.

"There is a time to be quiet and a time to talk. People must work in unison. Only then can we achieve our goal," she told the crowd.

She then returned inside her home along with senior NLD officials.

Her lawyer, Nyan Win, earlier said that if she was freed without conditions, she would meet with the NLD's central committee, members of the media and the public once she was freed.

He noted that after earlier detentions, she always visited the Shwedagon pagoda, one of the most sacred sites in Burma.

Ms Suu Kyi will address her supporters at the NLD's headquarters at noon Saturday, party officials said.

UK Prime Minister David Cameron said her release had been "long overdue", describing her detention had been a "travesty".

"Aung San Suu Kyi is an inspiration for all of us who believe in freedom of speech, democracy and human rights."

Elections criticised

The decision by Burma's ruling generals to release Ms Suu Kyi follows the elections on Sunday.

Earlier this week, state media announced that partial results showed that the biggest military-backed party, the Union Solidarity and Development Party (USDP), had secured a majority in both houses of parliament.

The USDP had won 190 of the 219 seats so far declared in the 330-seat lower House of Representatives, and 95 of 107 seats in the 168-seat upper House of Nationalities, the reports said.

Those elected included the leader of the USDP, Prime Minister Thein Sein, who retired from the military as a general in April to stand.

The junta has said the election marks the transition from military rule to a civilian democracy, but the opposition, many Western governments and human rights groups have said the election was neither free nor fair.

The NLD - which won the last election in 1990 but was never allowed to take power - was ordered to dissolve after refusing to take part.

A quarter of seats in the two new chambers of parliament will be reserved for the military.

Any constitutional change will require a majority of more than 75% - meaning that the military will retain a casting vote.

Credit to : http://www.bbc.co.uk/news/world-asia-pacific-11749661

ဒေါ်အောင်ဆန်းစုကြည် တကယ်ကိုလွတ်ပြီ

3:02 AM | Posted by Anonymous
ဒေါ်အောင်ဆန်းစုကြည် တကယ်ကိုလွတ်ပြီ လို့ သတင်းရရှိပါကြောင်း မင်္ဂလာသတင်းပါးလိုက်ပါတယ် ပြည်သူအပေါင်းအလွန်ပျော်ရွှင်နေကြပါတယ် ဆန်းရဲ့သမီး နန်းနဲ့နီးပါစေ သက်တော်ရာကျော်ရှည်ပါစေ

DKBA မှဖမ်းဆီးထားသည့် နအဖ အရာရှိ နှင့် တွေ့ ဆုံမေးမြန်းမှု

Friday, November 12, 2010 11:40 AM | Posted by Anonymous
DKBA ဗိုလ်မှုးချုပ် စောလားပွယ် မှ ဖမ်းဆီးထားသည့် ဗိုလ်ကြီး သက်နိုင်ကို ယမန်နေ့ က ပြန်
လည် လွှတ်ပေး လိုက်ပြီး သူ့ ကို နိုဝင်ဘာလ ၈ ရက်နေ့ က ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။စစ်ဦးစီး
မှုး တတိယ တန်း အဖြစ် လည်း တာဝန် ထမ်းဆောင် နေသူ အဆိုပါ ဗိုလ်ကြီးသက်နိုင်က တွေ့ ဆုံ
ဆွေးနွေး ရေး သည် နိုင်ငံ အနာဂတ် အတွက် အရေး ကြီး သည် ဟု သူ၏ ဆန္ဒသဘောထားကို
ပြော ဆိုခဲ့သည်။



Credit to Freedom News Group: http://freedomnewsgroup.com/category/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/

သန်းရွှေ ဘာလဲ ဘယ်လဲ

10:21 AM | Posted by Anonymous

သန်းရွှေ ဘာလဲ ဘယ်လဲ

ရဟန်းရှင်လူပြည်သူလူထုတွေ တခဲနက် တောင်းဆိုခဲ့ကြတဲ့၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်ဝါဒီတွေဟာ လက်နက်နဲ့ အကြမ်းဖက်တဖက်သတ်ဖြေရှင်းခဲ့ပြီး နဝတ ဖွဲ့ခဲ့တယ်။ ၁၉၉၀ ရွေကောက်ပွဲကိုကျင်းပမယ် စစ်တမ်းလျှားပြန်မယ် အာဏာကို ဖြစ်နိုင်သမျှမြန်မြန် ပြည်သူများလက်ဝယ်သို့အပ်နှင်းချင်ပါသတဲ့ ဆိုပြီး နိုင်ငံပိုင်သတင်းစာမှာ "တပ်မတော်ရဲ့ သဘောထား" ဆိုပြီး တရားဝင် ကြေငြာခဲ့ ဖူးတယ်။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လူထုခေါင်းဆောင်တွေကို ရွေးကောက်ပွဲစက်ဝန်းထဲက အပြီးပထုပ်ထားခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားယူလို့၊ ကိုမင်းကိုနိုင်က လူထုအရေးတော်ပုံကြီး မှာ မင်းမဲ့တိုင်းပြည်လုပ်လို့ ၊ ကိုကိုကြီး က ပြည်ပနဲ့ဆက်လို့ စသဖြင့် တဆိပ်အစုံကပ်ပြီး မတရားတဲ့ အမိန့်အာဏာတွေ နဲ့ အရေးတော်ပုံခေါင်းဆောင်အကုန်လုံးကို လူဖမ်းပွဲတွေလုပ်ပြီး ရှင်းထုပ်ပစ် ခဲ့ကြတယ်။

၈၈ အရေးတော်ပုံ မှာ ဦးဆောင်ပါဝင်ခဲ့ကြသူတွေ လူပြန်မစုနိုင်စေဖို့ မြန်မာနိုင်ငံမှာ ၁၉၈၈ ကနေ ၁၉၉၁ နှစ်လယ်အထိ တက္ကသိုလ်တွေကို လဲ ပိတ်ပစ်ထားခဲ့ကြတယ်။ အတားအဆီးအမျိုးမျိုးထဲကနေ ၁၉၉၀ ရွေးကောက်ပွဲ လုပ်တယ်။ နဝတ ဟာ သူတို့လုပ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ပြီးပြန်တော့ သူတို့ရွေးကောက်ပွဲရလဒ်လည်း သူတို့အကောင်အထည်မဖော် ရူးချင်ယောင်ဆောင်ပြီး နေလိုက်တယ်။ အာဏာအပ်ဖို့ အစီအစဉ်မရှိ၊ ၉၀နိုင်သူ အမတ်မင်းများ လွှတ်တော်ခေါ်ယူခွင့်မရှိ၊ အမျိုးသားညိလာခံလုပ်ပြီး မှသာ အခြေခံဥပဒေ ရေးမည် စသဖြင့် နဲ့ အနိုင်ရသူတွေကို အာဏာမအပ် ဘဲ ထောင်ထဲပို့၊ တောထဲပို့ နိုင်ငံရေးကို နိုင်ငံရေးလို မရှင်း လူမိုက်လို ရှင်း အတင်းမင်းမူခဲ့ကြတယ်။ အချိန်ဆွဲခဲ့ကြတယ်။ နအဖ ဟာ တပ်မတော်က မြန်မာ့နိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ ပါဝင်မည် ဆိုတာလေး ထည့်ပြီး တမတ်သားပါလီမန် ရဖို့ လမ်းပြမြေပုံ နဲ့ ၉၃ ကနေ ၂၀၁၀ အထိ နိုင်ငံရေးဓားပြ ပူတိုက်လာလိုက်ကြတာ တပ်မတော်သားကြီးတွေပါ။

ဟော အနှစ် နှစ်ဆယ်အကြာ နအဖ ဟာ၂၀၁၀ ရွေးကောက်ပွဲ နောက်တခုထပ်လုပ်ပြန်ပြီ။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ၂၀၀၈ နာဂစ် အခြေခံဥပဒေနဲ့ စစ်ကျွန်စနစ်ကို ဦးတည် စစ်ဝါဒီတွေအတွက် အပိုင်ချီရေးထား ခဲ့ကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကို ၂၀၀၈ စစ်ကျွန်စနစ်ကို ဦးတည်တဲ့ အခြေခံဥပဒေနဲ့ ကျင်းပတာရယ်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော် မတရားဖမ်းဆီးထားတာရယ်၊ တိုင်းရင်းသားတွေအရေးကို လပေါ်သရေ အလေးမထား အလေးအနက်မရှိ အရေးမပေးတာတွေ ၊သုံးပွင့်ဆိုင် နိုင်ငံရေးအရ စစ်ရေးအရ အဓိပ္ပါယ်ရှိရှိ လေးလေးနက်နက်မဆွေးနွေးတဲ့အပြင် ဖြစ်စလွယ်လုပ်တာ အချိန်မယူတာ၊ အဓိကနိုင်ငံရေးဇတ်ကောင်တွေကိုမပါနိုင်အောင်ကန့်ထားပြီး ၁၉၉၀ အနိုင်ရ ဒီချုပ်ကို ခွဲချေ ဖဲ့ထုတ် ဖိနှိပ် ဖျက်သိမ်းမှုတွေ မျက်ဝါးထင်ထင်တွေ့ရပါတယ်။ နအဖ ရဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ကျင်းပတဲ့ ၂၀၁၀ရွေးကောက်ပွဲဟာ တကယ်ကို အမည်ခံမျှသာ၊ ရွေးကောက်ပွဲအတုအယောင်သာ ဖြစ်လိုက်ပုံကလည်း သူတို့ပဲဒိုင်လူကြီး သူတို့ပဲအမတ်မင်း သူတို့ပဲ မဲရုံပိတ်မဲခိုး နဲ့ သူတို့အစိုးရဖြစ်ပြန်ပြီ လို့ကြေငြာတာရယ်က အတော့်ကို စိတ်မသက်မသာမယာ ဖြစ်စေမိတယ်။

အခြေခံဥပဒေ ဆိုတာ အစိုးရ နဲ့ နိုင်ငံသားတွေရဲ့ စာချုပ် ၊ စစ်အုပ်စုက ထာဝရ မင်းမူဖို့ စစ်ဝါဒီပုံသွင်းပြီးအဓမ္မ ရေးခွင့်မရှိဘူး။ တကယ်ကို မရေးသင့်တာ။

စစ်တပ်က နိုင်ငံ နဲ့ ပြည်သူကိုကာကွယ်ဖို့ ကိုသာ ဇောင်းပေးသင့်တယ်။

နိုင်ငံ့အနာဂတ်ကို မထီမလေးစားဘဲ စစ်ဝါဒီ စစ်အုပ်စုလူတစုဟာ တပ်မတော်ကို အလွဲသုံးစားလုပ်နေပြီ

တပ်မတော်သားတွေက သန်းရွှေ ကို မေးခွန်းထုတ်ကြရမယ်။ မောင်အေးကို မေးခွန်းထုတ်ကြရမယ်။ သူရရွှေမန်းကို မေးခွန်းထုတ်ကြရမယ်။ တင်အောင်မြင့်ဦးကို မေးခွန်းထုတ်ကြရမယ်။

အောင်ဆန်းလမ်းစဉ်ကို တပ်မတော်က လိုက်မလား သန်းရွှေလမ်းစဉ်ကို တပ်မတော်က လိုက်မလား ?

အောင်ဆန်းတပ်မတော် လူထုချစ်တဲ့ ပြည်သူ့တပ်မတော် နဲ့ အနာဂတ် ဒီမိုကရေစီစနစ် နိုင်ငံတော်ကြီးကို ထူထောင်ကြပါစို့။

ရူးချင်ယောင်ဆောင်မနေနဲ့ !!!!!

6:26 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ မလွတ်လာသေးပါ

4:48 AM | Posted by Anonymous
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ လွတ်ပြီ ဆိုပြီး မင်္ဂလာသတင်း ထွက်လာပေမဲ့ အခုအထိ မလွတ်လာသေးပါဘူး ။

သတင်းထူးတာနဲ့ အမြန်ဆုံး တင်ပေးပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ။

မြန်မာပြည်ငြိမ်းချမ်းပါစေ။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ လို့ သတင်းရရှိပါကြောင်း မင်္ဂလာသတင်းပါးလိုက်ပါတယ်

Thursday, November 11, 2010 10:33 PM | Posted by Anonymous

စစ်အစိုးရကို ထိုးစစ်ဆင်ဖို့ တိုင်းရင်းသား လက်နတ်ကိုင်ခြောက်ဖွဲ့ပေါင်းပြီး တပ်ပေါင်းစုကြီး ဖွဲ့လိုက်ပြီ

2:38 AM | Posted by Anonymous
စစ်အစိုးရ ကို တိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့ကြီး ခြောက်ဖွဲ့က ပူးပေါင်းတိုက်စစ်ဆင်ဖို့ တပ်ပေါင်းစုကြီး ဖွဲ့လိုက်ပြီ။ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ (KNU) ကရင်နီတပ် (KNPP) မွန်ပြည်သစ်ပါတီ (NMSP) ရှမ်းတပ်မတော် မြောက်ပိုင်း (SSA N) လွတ်လပ်တဲ့ကချင်တပ်မတော်(KIA) က ထိုးစစ် တိုက်စစ်တွေအတွက် လက်နတ်ကိုင်တပ်ဖွဲ့တွေကနေ အနည်းဆုံးတပ်သား သုံးသောင်း စုပြီး ထိုးစစ် ဆင် တိုက်ပွဲဝင်မှာဖြစ်ကြောင်း

Myanmar rebel groups form new alliance: activist

2:29 AM | Posted by Anonymous

Myanmar rebel groups form new alliance: activist


(AFP)

NEW YORK — Six Myanmar ethnic rebel groups have formed a coalition to step up hostilities with the country's junta, a representative for an activist group said.

Three of the groups had previously signed ceasefire accords with the junta, which faces renewed international criticism over the country's November 7 national election.

The alliance accord was made three days before the election at a meeting in Thailand, Gum Sang Nsang, a representative of the Kachin National Organization said following a meeting at the UN headquarters late Tuesday.

The Kachin National Organization is allied to the Kachin Independence Army (KIA), one of the signatories.

He said the others were the Karenni National Progressive Party (KNPP), the Karen National Union (KNU), the Mon New State Party (MNSP) and the Shan State Army-North (SSA-N). Together they could muster at least 30,000 fighters, he said.

The Kachin group, the MNSP and the Shan State Army had all signed ceasefires with the junta but had become disillusioned and rejected the outcome of the vote, said Gum Sang Nsang.

He warned that hostilities would increasingly be moved to urban areas. "The war will no longer be restricted to the jungle."

Gum Sang Nsang said the junta and ethnic rebel groups had both reinforced their troop numbers in disputed areas since the election.

The Myanmar government has battled ethnic rebels since the former Burma gained independence in 1948.

In border areas where civil war continues, rights groups have accused the junta of waging a brutal counter-insurgency campaign involving the rape, torture and murder of villagers whose homes are routinely destroyed.

Credit to Relief Web: http://www.reliefweb.int/rw/rwb.nsf/db900sid/KHII-8B48FQ?OpenDocument

ဘုရားသုံးဆူမှာ တိုက်ပွဲအရှိန်မြှင့် မြန်မာဒုက္ခသည် (၅၀၀၀၀)နီးပါးလောက် ထွက်ပြေးရောက်ရှိလာ

2:02 AM | Posted by Anonymous
ဘုရားသုံးဆူမြို့တွင်း ဒီနေ့မနက်အစောပိုင်းမှာ ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ စစ်အစိုးရတပ်ရင်း ခလရ ၂၈၃ ခမရ (၄၀၅)တပ်ဖွဲ့ဝင်တွေနဲ့ တနာရီကြာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်၊ အဲဒီတိုက်ပွဲကြောင့် ကလေးငယ်တဦးသေဆုံးပြီး အရပ်သား (၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်၊ တိုင်တရာဘုန်းကြီးကျောင်းပေါ်ကိုလည်း လက်နက်ကြီးကျလို့ သံဃာတော် သုံးပါး ပျံလွန်တော်မူသွားတယ် အခုလက်ရှိအထိကတော့ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူရဲ့ ထိုင်းနိုင်ငံဘက်ခြမ်း စန်ခရဘူရီမြို့ဘက် ကို မြန်မာဒုက္ခသည် (၅၀၀၀၀)နီးပါးလောက် ထွက်ပြေးရောက်ရှိလာနေတယ် လို့စုံစမ်းသိရပါတယ်

“သေမြေကြီး ရှင်ရွှေထီး၊ သေအတူ ရှင်မကွာ” (ကာတွန်း ဟန်လေး - သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်)

Wednesday, November 10, 2010 6:09 PM | Posted by Anonymous

အွန်လိုင်းတွင် ပြန့်နေသည့် မြဝတီတိုက်ပွဲဆိုင်ရာ သန်းရွှေ ညွန်ကြားချက်ဒုတိယဖိုင်

6:04 PM | Posted by Anonymous

နိုင်ငံတကာဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် အဓိကထားမည်

5:54 PM | Posted by Anonymous




ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပါက နိုင်ငံတကာ ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

“နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ သူပြန်လွတ်လာတဲ့အခါ ဒေသတွင်းနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများနဲ့ သံတမန်ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်သွားမယ်လို့ သိရပါတယ်” ဟု NLD နှင့်နီးစပ်သော အမည်မဖော်လိုသူတဦးက ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သည့်ကာလတလျှောက် စစ်အစိုးရနှင့်စပ်လျဉ်းသည့် နိုင်ငံရေးပြဿနာများသည် ထင်သာမြင်သာရှိနေပြီဖြစ်ကြောင်း၊ ယခုတခေါက် ပြန်လွတ်မြောက်သည့်အခါ မြန်မာပြည်ဒီမိုကရေစီ အပြောင်းအလဲအတွက် ဆက်လက်ဆောင်ရွက်ရာတွင် နိုင်ငံ တကာအသိုင်းအ၀န်းနှင့် ပိုမိုဆက်ဆံဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အိမ်ကို နိုင်ငံရေးစုဝေးရာနေရာအဖြစ် အသုံးပြုမည်မဟုတ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေး ဘ၀ကိုလည်း ခွဲခြားထားမည်ဖြစ်ကြောင်း၊ NLD မှ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ခေါင်းဆောင်များကိုလည်း ထိုကဲ့သို့နေထိုင်ရန် အကြံပြုကြောင်းလည်း အဆိုပါ အမည်မဖော်လိုသည့် နီးစပ်သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၈ လ ကြာ နေအိမ်အကျယ်ချုပ် ချခံထားရရာမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွတ်ရက်စေ့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။

ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးလောကသို့ ၀င်ရောက်စဉ်က အသက် ၄၃ နှစ်သာ ရှိသေးသည်။ ထိုစဉ်ကတည်းက မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲအတွက် မနားမနေကြိုးပမ်းခဲ့သည်။ လွန်ခဲ့သည့် ၂၂ နှစ်တာ ကာလအတွင်း နေအိမ်တွင် ၁၅ နှစ်ကြာမျှ အကျယ်ချုပ်ဖြင့် ၃ ကြိမ် ချုပ်နှောင်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်လာပြီးနောက် ခရီးသွားလာခြင်းကို ချက်ခြင်းပြုလုပ်မည်မဟုတ်ဟုလည်း သိရ သည်။

အကယ်၍ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်အစိုးရက ခြွင်းချက်မရှိ လွှတ်ပေးခြင်းမပြုပါက လက်ခံမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကား၍ Reuters သတင်းဌာနက ယနေ့ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပြီး ပြည်သူများကိုလည်း မဲမပေးဘဲ နေနိုင်သောအခွင့်အရေးကို အသုံးချရန် တိုက်တွန်းခဲ့သည်။ NLD ကလည်း ရွေးကောက်ပွဲအကြို ကာလတလျှောက်လုံး မဲမပေးရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲတွင် မဲထွက်ပေးမှုရာခိုင်နှုန်း နည်းပါးသည်ဟု လေ့လာသူများက သုံးသပ်ကြပြီး ထိုသိုဖြစ်ရခြင်းတွင် အကြောင်းရင်း ၂ ရပ်ရှိကြောင်း၊ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲမပေးကြရန် တိုက်တွန်းချက်နှင့် စစ်အစိုးရက ရွေးကောက်ပွဲမတိုင်မီ ကြိုတင် မဲအများအပြားကို မတရား ကောက်ယူထားခြင်းတို့ကြောင့် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

Credit to Irrawaddy: http://www.irrawaddy.org/bur/index.php/news/4791-2010-11-10-10-26-33

အဖွဲ့ချုပ် နှင့် စိအာပီပီ တို့ နိုင်ငံရေးလုပ်ငန်း များ ဆက်လုပ်သွားမည်

12:29 AM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12785

အွန်လိုင်းတွင် ပြန့်နေသည့် မြဝတီတိုက်ပွဲဆိုင်ရာ သန်းရွှေ ညွန်ကြားချက် ဖိုင်

Tuesday, November 9, 2010 11:08 PM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ် မိခင်ဖြစ်သူ နှင့် တွေ့ ဆုံရန် ဘန်ကောက်ရှိ မြန်မာ သံရုံးတွင် ဗီဇာ လျှောက်ထား

11:02 PM | Posted by Anonymous

နအဖ က ဒီကေဘီအေ လို့ မပြောဘဲ ကေအင်န်ယူလို့ မတရား စွတ်စွဲ

10:53 PM | Posted by Anonymous

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆို

10:52 PM | Posted by Anonymous
ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ခမောက်ပါတီကို ပြည်သူတွေက အနိုင်မဲတွေ တစ်ခဲနက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒပေါ် အခြေမခံဘဲ ကြိုတင်မဲဆိုတဲ့ လက်နက်ပုံးတွေနဲ့ ပြည်သူ့ဆန္ဒကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ကြပါပြီ။ ဒါဟာ ပြည်သူ့ဆန္ဒကို မထေမဲ့မြင်ပြုတာ၊ ပြည်သူတွေအပေါ် အာဏာနောက်ခံနဲ့ ငါတကောကောတာ။ ကမ္ဘာ့အလယ်မှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အရှက်ရစေတဲ့ ဂုဏ်သိက္ခာမဲ့မှုကြီးကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခမောက်ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဥပဒေဘောင်အတွင်းက အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုပဲဖြစ်နေပါစေ ခမောက်ပါ တီဟာ နိုင်ငံရေးမှာ မရှုံးဘူးဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျွန်တော်တို့ နိုင်ငံရေးနောက်ကျော မလုံစရာ မရှိပါဘူး။ ခမောက်ပါတီဟာ မဲခိုးပြီး အနိုင်ရဖို့ ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့အတွက်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အတူ ပြည်သူကို ကျောမခိုင်းဘဲ နိုင်ငံရေးခရီးကို ဆက်လျှောက်မယ်ဆိုတာ မိဘပြည်သူများကို အသိပေး ကတိပြုပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

ကြိုတင်မဲများကို ပယ်ဖျက်ပေးရန် တောင်းဆိုသွားရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက"ကြိုတင်မဲတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားပါမယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

"တချို့မဲရုံတွေကိုတော့ ကန့်ကွက်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အပြောင်းအလဲက သိပ်အလားအလာမမြင်ဘူး"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းထွန်းအေးက ပြောကြားခဲ့သည်။

"ကြိုတင်မဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့ပါတယ်။ ကြိုတင်မဲတွေကို ပယ်ဖျက်ပေးသွားဖို့အတွက် တောင်းဆိုသွားဖို့ အစီ အစဉ်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ Press ခေါ်ပြီး ပြည်သူလူထုကို အသိပေး ပြောကြားသွားဖို့ရှိပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောကြားခဲ့ပါသည်။

"အခုလတ်တလောမှာတော့ ဌာနချုပ် အစည်းအဝေးလုပ်နေပါတယ်။ ဌာနချုပ်အစည်းအဝေးမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြိုတင်မဲအခြေအနေ၊ မဲရုံတွေမှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ကြိုတင်မဲတွေအတွက် ကန့်ကွက်စာ တင်ထားပါတယ်။ ကြိုတင်မဲတွေကို ပြန်စစ်ခွင့်ပေးရင်တော့ Fair ဖြစ်တယ်လို့ ယူဆပါမယ်။ ပြန်စစ်ခွင့်မရဘူးဆို ရင်တော့ Unfair ပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ခိုင်လုံတဲ့အကြောင်းပြချက်၊ ခိုင်လုံတဲ့အချက်အလက်တွေရအောင် ကြိုးစားနေပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လွင်ဦးက ပြောပြပါသည်။

"ကြိုတင်မဲဆိုတာက လိမ်ဆင်ကြီးပဲ။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲဆိုတာလည်း စကတည်းက တရားမျှတမှုမှ မရှိတာ။ မတရားတာကို မတရားဘူးလို့လဲ ပြောထားပြီးပါပြီ။ ဒီလိုမတရားမယ်မှန်းသိလျက်ရဲ့ ၀င်ပြိုင်တဲ့သူတွေ၊ အပေါက်ကျဉ်းကျဉ်းလေးကနေ ၀င်တိုးခဲ့တဲ့သူတွေ အခုကျတော့ ကျောချမှဓါးပြမှန်းသိတာ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် သူတို့တွေ ဒီလိုခံရလို့ ၀မ်းသာနေမှာတော့ မဟုတ်ပါဘူး။ သူတို့ဘက်က နာပါတယ်။ စကတည်းက မတရားတာကို လက်မခံတာဖြစ်တဲ့အတွက်ကြောင့်လည်း ကြိုတင်မဲဆိုတာနဲ့ မတရားလုပ်တာကိုလည်း လက်ခံစရာ အကြောင်းမရှိပါဘူး။ ရွေးကောက်ပွဲဝင်တဲ့သူတွေက မတရား သဖြင့်လုပ်တဲ့ ကြိုတင်မဲကိစ္စကို ကန့်ကွက်တယ်ဆိုရင်လည်း လုပ်သင့်တယ်လို့ပဲ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး ဦးသာဘန်းက ပြောပြသည်။

"ကြိုတင်မဲကိစ္စတွေက ကြားနေရတဲ့အတိုင်းဆိုရင် တော်တော်ကို ဗြောင်ကျကျနဲ့ ညစ်ပတ်စွာ လုပ်ဆောင်နေတာပဲလို့ မြင်တယ်။ ဒီလို ညစ်ပတ်လိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပေမယ့် ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လိမ့်မယ်လို့ ထင်မထားဘူး။ ဒီကိစ္စကို ပါတီတွေကသာမက မဲဆန္ဒရှင်တွေကလည်း ကန့်ကွက်သင့်တယ်။ ကော်မရှင်က အရေးမယူဘူးဆိုရင် တရားဥပဒေအရ တရားစွဲဆိုနိုင်မယ့် လုပ်ဆောင်မှုတွေ လုပ်သွားကြရလိမ့် မယ်လို့ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ပြောပြပါသည်။

"ကျွန်တော့်အိမ်ပတ်ဝန်းကျင်က မဲရုံတွေမှာလည်း ကြိုတင်မဲတွေ ထပ်ရောက်လာပြီး စောစောက နိုင်ထားတဲ့သူတွေ ရှုံးသွားတယ်လို့ ကြားရတယ်။ ကြိုတင်မဲဆိုတာ အဲလို ထပ်ရောက်လာပြီး ဘယ်က ရောက်လာမှန်းမသိ။ ဘာမှန်းမသိ။ ဘယ်သူပေးမှန်းလည်း မသိဘူး။ ပြီးတော့ အဲဒါတွေနဲ့ပဲ နိုင်သွားတယ်။ ဒါ့ကြောင့် ကြိုတင်မဲတွေ အကုန်လုံးကို သေချာပြန် စိစစ်ပြီးတော့ လုပ်သင့်တယ်။ ကြိုတင်မဲဆိုတာ အသင့်ဆောင်ထားပြီး လိုကာမှထပ်ဖြည့်တဲ့ ပုံစံဖြစ်နေတယ်" ဟု ကာတွန်းအော်ပီကျယ်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့က ဒီရွေးကောက်ပွဲကနေ လက်တွေ့ကျတဲ့ ပြောင်းလဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ တကယ် ယုံကြည်ထားတာ။ ဒါကြောင့်လည်း ပြည်သူတွေ မဲပေးဖို့တိုက်တွန်းခဲ့တာ။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ကြုံတွေ့ခဲ့ရတာတွေကတော့ ကျွန်တော်တို့ ယုံကြည်သလို မဟုတ်ခဲ့ပါဘူး။ အများယုံကြည်လက်ခံနိုင်တဲ့ ရလဒ်ဖြစ်ဖို့ သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေနဲ့ မလျှော်ညီတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ဖြေရှင်းပေးသင့်ပါတယ်" ဟု Weekly Eleven News ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။

"ဗဟန်းမှာ ခမောက်ရှုံးစရာ မရှိပါဘူး။ ဒါပေမယ့် ရှုံးတယ်ဆိုလို့ အံ့သြရပါတယ်။ မဲရုံအမှတ် ၂ မှာ မဲ ၂၅၀ နဲ့နိုင်နေတယ်။ ကြိုတင်မဲ ၁၀၀ ကျော်ထပ်ရောက်လာတဲ့အထိလည်း နိုင်နေသေးတယ်။ မြို့နယ်ကော်မရှင် ရုံးရောက်မှ မနိုင်တော့ဘူးဆိုတော့ ကိုယ်တိုင်မဲပေးခဲ့သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ပါဘူး" ဟု ဗဟန်းမြို့ နယ်တွင် နေထိုင်သူမဲဆန္ဒရှင်တစ်ဦးက ပြောပါသည်။

ကြိုတင်မဲနှင့်ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ

၅၁။(က) ရွေးကောက်ပွဲကျင်းပသော နေ့ရက်၌ မိမိနှင့်သက်ဆိုင်သည့် မဲဆန္ဒနယ်၏ ပြင်ပသို့ ခရီးဝေးသွားရန်၇ှိသူတစ်ဦးသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ကြိုတင်၍ ဆန္ဒမဲပေးနိုင်သည်။

(ခ) (၁) ရွေးကောက်ပွဲကျင်းပသောနေ့ရက်၌ မဲဆန္ဒနယ်အတွင်းတွင် ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်စွမ်းမရှိသော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများရှိပါက သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မိမိအဖွဲ့ဝင်နှစ်ဦးကို စေလွှတ်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်က ဆန္ဒမဲပေးလိုကြောင်း ပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ယင်းသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုယ်တိုင် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ရေးသွင်းရန် အခက်အခဲရှိလျှင် မဲစာရင်းတွင်ပါရှိသော ယင်းပုဂ္ဂိုလ်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊သားသမီးညီအစ်ကိုတစ်ဦးဦးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ဆန္ဒအတိုင်း ယင်း၏ရှေ့မှောက်တွင် ရေးသွင်းရမည်။ ထိုသို့ကူညီမယ့်သူမရှိလျှင် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ရှေ့မှောက်တွင် ယင်းပုဂ္ဂိုလ်က ညွှန်ကြားသည့်အတိုင်း ရေးသွင်းရမည်။

(၂)အချုပ်ခံနေရသူနှင့် ပတ်သက်လျှင် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူးကို သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအဖွဲ့ခွဲက ဆက်သွယ်၍ အချုပ်ခံနေရသူများ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ရဲအချုပ်စခန်း (သို့မဟုတ်) အကျဉ်းစခန်းအကြီးအမှူးသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ယင်းအချုပ်ခံနေရသူများ ဆန္ဒပြုပြီးသော လက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။

(၃)ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာနှင့်ပတ်သက်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ဆေးရုံတာဝန်ခံနှင့် ဆက်သွယ်ရမည်။ ဆေးရုံတာဝန်ခံသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ဆေးရုံရှိ သက်ဆိုင်ရာ အတွင်းလူနာ၏ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ပါ စာအိတ်ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။

(၄)နည်းဥပဒေခွဲ ငယ်(၂)နှင့်(၃)ပါ ကိစ္စရပ်များအတွက် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူး သို့မဟုတ် ဆေးရုံတာဝန်ခံတို့သည် ဤနည်းဥပဒေခွဲပါ မဲဆန္ဒရှင်များအား ယင်းတို့၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ပြီး ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲနေနိုင်ကြောင်း ဦးစွာရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒမဲပေးလိုကြောင်းပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရမည်။

(ဂ) ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်။

(ဃ) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်။ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၃)နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီပေးပို့ရမည်။ ယင်းပုံစံ ၁၃များ တွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကိုသိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်။

၅၂။ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ(၁၃)ပါ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည်။

၅၃။ (က) ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကိုကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ မဲရုံမှူးကသင့်လျော်သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့် ကွက်မဲစာရင်းပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲ လက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်။ ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင်ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့်မပြုရ။

(ခ) မဲရုံမှူးသည် ဆန္ဒမဲပေးခွင့်ပြုသည်ဖြစ်စေ ဆန္ဒမဲပေးခွင့်မပြုသည်ဖြစ်စေ ထိုအကြောင်းအရာများနှင့် မိမိ၏ဆုံးဖြတ်ချက်တို့ကို ကန့်ကွက် မဲစာရင်းပုံစံ(၁၄)တွင်ရေးမှတ်ထားရမည်။

အခန်း(၁၁)

မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း

၅၄။ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင့်ခွင့်ရှိသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။-
(က) တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ
(ခ) မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ
(ဂ) မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ
(ဃ) မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
(င) အချုပ်ခံနေရသူများ၊
(စ) ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများ၊
(ဆ) အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ၊

ကြံ့ဖွတ်မှအပ ကျန်ရှိသည့် နိုင်ငံရေးပါတီများ အနိုင်ရရှိမှု စာရင်းများအရ ပြည်ထောင်စုလွှတ်တော်၏ ၁ဝ ပုံတပုံပင် မရှိသေး

9:30 AM | Posted by Anonymous

ကြံ့ဖွံ့မှအပ ၁ဝ ရာခိုင်နှုန်းပင် မပြည့်သေး ရွေးကောက်ပွဲ အနိုင်အရှုံး လက်ရှိ စာရင်းများအရ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှအပ ကျန်ရှိသည့် နိုင်ငံရေးပါတီများ အနိုင်ရရှိမှု စာရင်းများအရ ပြည်ထောင်စုလွှတ်တော်၏ ၁ဝ ပုံတပုံပင် မရှိသေးကြောင်း တွေ့ရှိရသည်။

မဇ္ဈိမသတင်းဌာန၏ စုံစမ်းမှုနှင့် အခြား ပြည်တွင်းပြည်ပ သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအရ လေ့လာတွေ့ရှိရခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်အတွက် လွှတ်တော်အမတ်ပေါင်း ၄၄ဝ ဦး သတ်မှတ်ထားရာ ၄ ပုံတပုံဖြစ်သည့် ဦးရေ ၁၁ဝ သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသော လွှတ်တော်အမတ် ဦးရေ ၃၃ဝ ကိုမူ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲက ရွေးချယ်ပေးသည်။

လတ်တလော စာရင်းအရ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် ၂၅ ဦးသာ ရှိသေးသည်။

ထို ၂၅ ဦးထဲတွင် အမတ်လောင်း ၉၈ဝ ဖြင့် ဒုတိယအများဆုံး ဝင်ပြိုင်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ၁ ဦး၊ ၁၆၃ ဦးဖြင့် တတိယအများဆုံး ဝင်ပြိုင်သည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF က ၁၁ ဦး၊ ၁၅၇ ဦးဖြင့် စတုတ္ထ အများဆုံး ဝင်ပြိုင်သည့် ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ၈ ဦး ပါဝင်နေသည်။

အမျိုးသားလွှတ်တော်အတွက် လွှတ်တော်အမတ်ပေါင်း ၂၂၄ ဦး သတ်မှတ်ထားရာ ၄ ပုံတပုံဖြစ်သည့် ၅၆ ဦးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပင် ခန့်အပ်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသည့် လွှတ်တော်အမတ် ဦးရေ ၁၆၈ ကိုမူ ရွေးကောက်ပွဲက ရွေးချယ်ပေးသည်။

လတ်တလော စာရင်းအရ အရွေးချယ်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သည် ၁၂ ဦးသာ ရှိသေးသည်။

ထို ၁၂ ဦးထဲတွင် တစည က ၁ ဦး၊ NDF ၄ ဦး၊ ကျားဖြူက ၂ ဦးနှင့် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ RNDP က ၃ ဦး ပါဝင်နေသည်။

အဆိုပါ စာရင်းအရဆိုလျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကာ ဖြစ်ပေါ်လာမည့် ပြည်ထောင်စု လွှတ်တော်အတွင်း အရပ်သား လွှတ်တော်အမတ်ပေါင်း ၄၉၈ ဦး ရှိမည့်အနက် လတ်တလော ၃၇ ဦးသာ ရှိသေးသဖြင့် ရာခိုင်နှုန်းအားဖြင့် ၇ ဒဿမ ၄၃ နီးပါးသာ ရှိနေပါသေးသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ နိုင်ငံတဝှန်း အမတ်လောင်း ဦးရေ ၁၁၆၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပါတီကို လက်ရှိ စစ်အစိုးရ ခေါင်းဆောင် စစ်ဗိုလ်ချုပ်များက ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Credit to Mizzima: http://mizzimaburmese.com/

၇/၁၁ မဲမသမာမှုက အရုပ်ဆိုးဟု ဆရာကြီး ဦးဝင်းတင် ဝေဖန် ပြော

9:07 AM | Posted by Anonymous



Credit to Mizzima: http://mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=331

ရွေးကောက်ပွဲ လက်ခံနိုင်ဖွယ်မရှိဟု ဘန်ကီမွန်း ပြောကြား

8:59 AM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12774

ရွေးကောက်ပွဲ ပွဲဦးထွက် နအဖနှင့်ဒီကေဘီအေ စစ်ဖြစ်

8:56 AM | Posted by Anonymous

Tuesday, 09 November 2010 19:49 သျှမ်းသံတော်ဆင့်


နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် မြ၀တီနှင့်ဘုရားသုံးဆူမြို့များ၌ ဒီကေ ဘီအေနှင့် နအဖတို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားရာ ရွေးကောက်ပွဲ ပွဲဦးထွက်ရလဒ် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ယနေ့ ကြေငြာချက်ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးမျက်ကွက်ပြု အတုအယောင် အပစ်အခတ်ရပ်စဲရေး၏ နောက်ဆက်တွဲ ရလဒ်ဖြစ်ပြီး ကျန်အပစ်ရပ် အဖွဲ့များနှင့်ပါ အပစ်ရပ်စဲရေး ပျက်ပြားလာဖွယ်ရှိသည်ဟု ကျောင်းသားတပ် အထွေထွေအတွင်းရေးမှူး ကိုဆလိုင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကျနော့်အမြင်ကတော့ ဒီကေဘီအေနဲ့ နအဖအပစ်ရပ် ကျိုးပေါက်သွားပြီဖြစ်တယ်။ ထို့အတူ ကျန်တိုင်းရင်းသား အပစ် ရပ် အဖွဲ့တွေအကြား သဘောတူညီမှု ကျိုးပေါက်လာမဲ့ အနေအထားတွေတွေ့နေရတယ်” ဟုသူက ဆိုသည်။

ထိုအချက်ကို အပစ်ရပ်လက်နက်ကိုင်များ သတိမူရမည့် အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့်လည်း ကရင်အမျိုးသားချင်း ပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံးလုပ်ရန် လိုအပ်ကြောင်း သူက ထောက်ပြသည်။

“ကျနော်တို့မှာ ကိုယ့်ကိုလာမတိုက်ရင် ပြန်မတိုက်တဲ့စစ်ရေးအမှားတွေရှိခဲ့တယ်။ တည့်တည့်ပြောရရင် ကရင်ကိုတိုက်ရင် မွန်ကမဆိုင်သလိုနေခဲ့တာ၊ ကချင်ကိုတိုက်ရင် ရှမ်းက မဆိုင်သလိုနေခဲ့တာ။ အဲဒီစစ်ရေးအမှားတွေကို သင်ခန်းစာယူ ရမဲ့ အချိန်ရောက်ပြီ”

“အားလုံးလက်တွဲပြီး စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အမြန်ဆုံးတိုက်ပွဲဝင်ရမဲ့အချိန် ရောက်ပြီ။ ကိုယ်ကမတိုက်ရင် မကြာခင်သူကကိုယ့်ကိုတိုက်မှာဖြစ်တယ်။ ကေအန်ယူအနေနဲ့လည်း ဒီအခွင့်အရေး ကိုယူပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြန်ဆုံးဆောင်ရွက်သင့်ကြောင်းအကြံပြုလိုတယ်”
သူက ဆိုသည်။

ထို့အပြင် ဗိုလ်မှူးစောလပွယ် ဦးဆောင်သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA သည် နအဖသြဇာခံ နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကာ စောဘဦး၏ မူ ၄ ချက်အတိုင်း ပြည်သူတစ်ရပ်လုံး အတွက် တိုက်ပွဲဝင်မှုဖြစ်ကြောင်း၎င်း ကြေငြာချက်၌ ဆိုထားသည်။

ကျောင်းသားတပ်မတော်သည် နအဖအား တိုက်ပွဲဝင်နေသည့် DKBA တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ရန် အသင့် ရှိကြောင်း ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း မဇျွိမသတင်းဋ္ဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။


Credit to သျှမ်းသံတော်ဆင့်

: http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1250-2010-11-09-12-50-30

ရွေးကောက်ပွဲရလဒ်အပေါ် အန်ဒီအက်ဖ် ရန်ကုန်တိုင်း အတွင်းရေးမှုးကဝေဖန်

8:44 AM | Posted by Anonymous

Credit to DVB: http://burmese.dvb.no/news.php?id=12781

ဒီကေဘီအေကို ၀ိုင်းကူကြဖို့ ရှမ်းပြည်တပ်မတော် ဆော်သြ

8:35 AM | Posted by Anonymous

ဒီကေဘီအေ ကဖမ်းထားတဲ့ ဗိုလ်ကြီးသက်နိုင် နဲ့ မေးမြန်းချက်

8:30 AM | Posted by Anonymous

ABSDF Statement on Attack Between DKBA and SPDC

8:20 AM | Posted by Anonymous

BURMA - ELECTIONS:On the brink of ethnic violence

Monday, November 8, 2010 9:12 AM | Posted by Anonymous

ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်)

7:39 AM | Posted by Anonymous

ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်)


ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်) ပြောဆိုလာပါတယ်။

"ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကို
လက်ခံဘူး။ ဘောဒါဂတ် မလုပ်နိင်ဘူး။ ပြည်သူလူထုတွေ ငတ်ကုန်တာကို
လက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက် မရမချင်း
ဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ
့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ
့အတူတိုက်ပွဲဝင်ကြပါ လို့ "ပြောချင်တယ်။

ဒီကေဘီအေ တပ်ဖွဲ့က ဘုရားသုံးဆူမြို့ကို စတင် သိမ်းပြီ

12:49 AM | Posted by Anonymous
နိုဝင်ဘာလ ၈ရက်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁နာရီကျော်အချိန် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် ဒီကေဘီအေဘက်က ဘုရားသုံးဆူမြို့ကို စတင် သိမ်းလိုက်ပြီဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၆)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေက “ဒီမနက် ၁၁း၁၅မိနစ်အချိန်မှာ ဗိုလ်နော်တယာ ဦးဆောင် တဲ့ ဒီကေဘီအေ တပ်ရင်း(၉၀၇)နဲ့ နအဖ ခလရ(၂၈၃)၊ ခမရ(၄၀၅)တပ်ရင်းတို့ကြား ဘုရားသုံးဆူနှင့် မဲ့ကသာသွားရာလမ်း ရပ်ကွက်(၄) နအဖ တပ်စခန်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။ လောလောဆယ်တော့ နအဖတပ်တွေ တပ်ကုန်းကို အကုန်နေ ရာရွှေ့လိုက်ပြီ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့တ၀က်ခန့်ကို ၀င်ရောက်သိမ်းဆည်းနိုင်ပြီဖြစ်သလို နအဖ ကြေးနန်းဆက်သွယ်ရေးရုံး၊ စိုက် ပျိုးရေးရုံးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ၀င်ရောက်မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း စောထဲနေက ပြောသည်။

နအဖ ခလရ(၂၈၃)မှ စစ်ဗျူဟာ(၃)ထံသို့ အစီရင်ခံ တင်ပြရာတွင် ဒီကေဘီအေအဖွဲ့မှ အေ၀မ်း ဦးစီးသော အင်အား ၆၀ဦး သည် ဘုရားသုံးဆူ အခြေစိုက်သည့် ၎င်းတို့နယ်စပ်စခန်းအား လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် နအဖဘက် မှ ၄၀-မမ ဖြင့် ပြန်လည်ခုခံနေကြောင်း ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ(၆) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးဆွာက ဒီကေဘီအေအနေဖြင့် ရှေ့ဆက် စစ်ရေးအရ အကူအညီ တောင်းခံလာပါက လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုဒေသတွင် ဒီကေဘီအေတပ်ဖွဲ့အပြင် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီ အဖွဲ့ ၀င်များလည်း အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

ဘုရားသုံးဆူမြို့တွင်း၌ ယခုလို တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ခံများ အထိတ်တလန့် ဖြစ်ပွားနေသည့်အပြင် အထုပ်အပိုးများ ပြင် ဆင်နေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

သူက “အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေ ပစ်ပြီ။ အခု မြို့ခံတွေကတော့ ကိုယ့်အထုပ်အပိုးတွေ သိမ်းဆည်းကြပြီ။”ဟု ပြော သည်။