ရွှေည၀ါဆရာတော် ဦးပညာသီဟကို ကျောင်းတိုက်ကနေထုတ်ဖယ်ဖို့ စီစဉ်နေတဲ့အပေါ် ကြေငြာ တောင်းဆိုချက်

Thursday, December 15, 2011 12:49 PM | Posted by Anonymous
Protect Shwe Nya War Sayardaw Gyi

(ရွှေည၀ါ ဆရာတော်ကြီး)


ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယက ဆရာတော်) ဘဒ္ဒန္တပညာသီဟ (ရွှေည၀ါ ဆရာတော်ကြီး)

"အမျိုးနဲ့ဘာသာ၊ သာသနာအတွက် ဘ၀တစ်ခုလုံး ထိုးကျွေးဖို့ ၊ ဘယ်တော့မှ ၀န်မလေးဘူး။ ကြုံလာစမ်း လောကဓံ အညံ့မခံ ငါ့အားမာန်နဲ့ အမြဲတမ်းပဲ ရှင်သန်နေမယ် မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်" (ရွှေည၀ါ ဆရာတော်ကြီး)

"ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခဲ့လို့လား၊ အမျိုးသားနေ့ အောင်ပွဲ ကျင်းပဖို့ လက်ခံခဲ့လို့လား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ တောင်းလို့လား၊ ဘာကြောင့်မှန်းမသိဘဲ လေး၊ ငါး၊ ခြောက်ရက် ရှိနေပြီ၊ ဘုန်းကြီး ဘ၀တခုလုံးကို အပြောင်းအလဲ ဖြစ်စေမယ့် ဖိအားတွေပေးနေတယ်။ ဘုန်းကြီး ဘ၀ တသက်တာ လုပ်ခဲ့သမျှ အခြေအနေတွေကို ဖျက်ဆီးမယ့် ဖိအားမျိုးတွေ ရင်ဆိုင် နေရတယ်”..... (ရွှေည၀ါ ဆရာတော်ကြီး)

“အဲဒီလို ရင်ဆိုင်ရလို့လည်း ဘုန်းကြီး စိတ်ဓာတ်မကျဘူး၊ မျက်နှာမပျက်ဘူး၊ ငါ့ဘ၀ ပျက်ချင် ပျက်ပစေ၊ လုပ်သင့် လုပ်ထိုက်တာ၊ အမှန်တရားအတွက် စွန့်လွှတ်မယ်ဆိုတဲ့ စိတ်မျိုးဘုန်းကြီးမှာ အပြည့်ရှိတယ်” (ရွှေည၀ါ ဆရာတော်ကြီး)၁၀.၁၂.၂၀၁၁