မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန် လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား

Thursday, December 23, 2010 7:25 PM | Posted by Anonymous

2010-12-23

ထိပ်ပိုင်း မြန်မာဗိုလ်ချုပ်တွေအားလုံး လိုချင်နေတာက မလွှဲမရှောင်သာလို့ ကိုယ့်သဘောနဲ့ကိုယ် ရာထူးကနေ ဆင်းပေးရမယ်ဆိုရင် သူတို့နဲ့ သူတို့မိသားစု အားလုံး ပိုင်ဆိုင်မှုတွေကို ဆက်လက်ထိန်းထားပြီး တရားစွဲ အရေးယူမခံရဘို့ ဆိုတဲ့ အာမခံချက်မျိုးပဲ ဖြစ်တယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ လယ်ရီ-ဒင်ဂါး ရေးသားတဲ့ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(Photo: AFP)

နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

၂၀၀၉ ခု ဧပြီလဆန်းပိုင်းမှာ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ မစ္စတာ ဒင်ဂါးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အင်ဒိုနီးရှားသမတ မစ္စတာ ယူဒိုယိုနို အပါအဝင် နိုင်ငံခြားဧည့်သည်တချို့နဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောရာမှာ သူ့အနေနဲ့ နိုင်ငံတကာ ခုံရုံးမျိုး အရောက် မခံနိုင်ဘူးဆိုတာ ပြောပြခဲ့ဘူးတယ်လို့ ကြားသိရကြောင်း၊ လက်ရှိ မြန်မာဗိုလ်ချုပ်တွေဟာ အသက်အရွယ် ထောက်လာပြီ ဖြစ်ပေမဲ့၊ ပြည်သူတွေအပေါ် သူတို့ကျုးလွန်ခဲ့တယ်လို့ ပြင်ပကမ္ဘာ ယူဆထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ သူတို့ မယူဆကြကြောင်း မစ္စတာ ဒင်ဂါးက ရေးသားထားပါတယ်။

မြန်မာခေါင်းဆောင်တွေအတွက် အနားယူတယ်ဆိုတာ ရွေးချယ်စရာလမ်းတခု မဟုတ်ကြောင်း၊ သမိုင်းကို ကြည့်ရင် မြန်မာဘုရင်တွေ၊ ဗိုလ်ချုပ်တွေ သူတို့နဲ့ နီးစပ်သူတွေ သွားရာလမ်းက ရာထူးရှိနေတုန်း သေသွားတာမျိုး၊ လုပ်ကြံခံရတာမျိုး၊ ဒါမှမဟုတ် ပြည်နှင်ဒဏ်ခံရ၊ ထောင်သွင်း အကျဉ်းချခံရတာမျိုးပဲ ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သိပ်မဝေးတဲ့ အနာဂတ်မှာ အချက်အချာကျတဲ့ နိုင်ငံရေးကိစ္စတွေအတွက် သိသိသာသာ တိုးတက်မှုရမယ်လို့ မျှော်လင့်မထားသင့်ကြောင်း၊ စစ်အစိုးရအနေနဲ့ သူတို့ရေးဆွဲထားတဲ့ ဒီမိုကရေစီ Road Map ကို နောက်ကြောင်းပြန်လှည့်ဖို့ လမ်းမမြင်သလို ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ ပြန်နွှေးတာမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တရပ်ကို ပြန်လုပ်ဖို့ အလားအလာလည်း မရှိကြောင်း သံရုံး လျှို့ဝှက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Credit to RFA: http://www.rfa.org/burmese/news/burmese_generals_want_security-12232010095913.html

အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့်

7:23 PM | Posted by Anonymous
ကြာသပတေး, 23 ဒီဇင်ဘာ 2010 By ဦးကျော်ကျော်သိန်း


အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒကို မြန်မာနိုင်ငံမှာ လက်ရှိ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အပြောင်းအလဲလုပ်ဖို့ သုံးသပ်သင့်ပြီလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ လက်ရှိ မူဝါဒကနေ ထင်ရှားတဲ့ အောင်မြင်မှုတွေ မတွေ့ရသေးဘူးလို့လည်း သူက သုံးသပ်ပါတယ်။ ဗွီအိုအေ မြန်မာဌာနနဲ့ ကြာသပတေးနေ့က သီးခြား ဆက်သွယ်မေးမြန်းခန်း တခုအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။


“အခုအချိန်ထိတော့ ဒီဝါဒရဲ့ အောင်မြင်မှု အတိုင်းအတာက သိပ်ပြီး ထင်ထင်ရှားရှားတော့ မရှိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာလည်း ပြန်ပြီးတော့ ဒါကို စိစစ်သင့်ပြီလို့ ကျမ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ၁ နှစ်ကျော်လာလို့၊ ၂ နှစ်ကျော်လာလို့တင် မကပါဘူး၊ အခုအချိန်မှာဆိုရင် ရွေးကောက်ပွဲတွေလည်း လုပ်ပြီးပြီ၊ အခြေအနေတွေကလည်း ပြောင်းလဲတာတွေ မြင်နေရပြီဆိုတော့ အဲဒီ ပြောင်းလဲမှုတွေ အပေါ်မှာ အခြေခံပြီး မူဝါဒကိုတော့ ပြောင်းလဲဖို့ စဉ်းစားလာသင့်ပြီလို့ ကျမ ထင်ပါတယ်။”

မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တွေ မရှိတာ၊ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်တာ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး အကျဉ်းချထားတာတွေကြောင့် အမေရိကန်အစိုးရ အဆက်ဆက်က မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှု အမျိုးမျိုး ချမှတ်ပြီး အပြောင်းအလဲလုပ်ဖို့ ဖိအားပေးခဲ့ပါတယ်။


အဲဒီလို ဒဏ်ခတ် အရေးယူပြီး ဖိအားပေးတာတွေကနေ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ မရခဲ့ဘူးဆိုပြီး အခု အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လက်ထက်မှာတော့ ဖိအားပေးတာရော၊ ထိတွေ့ဆက်ဆံတာရော မူဝါဒ နှစ်မျိုးလုံးကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။


ဒါပေမဲ့လည်း အိုဘားမား အစိုးရရဲ့ မူဝါဒထဲမှာ အချိန်ကာလ ကန့်သတ်ချက်တွေ၊ ဘယ်အချိန်ရောက်ရင် ဘယ်လိုရလဒ်မျိုး ထွက်သင့်တယ် ဆိုတာတွေ တိတိကျကျ မရှိပါဘူး။ သူတို့ရဲ့ အနိမ့်ဆုံး တောင်းဆိုချက်လို့ ဆိုရမယ့် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာကိုတောင်မှ မြန်မာစစ်အစိုးရက ခုချိန်ထိ မလိုက်လျောသေးပါဘူး။ ဒါကြောင့် လက်ရှိ မူဝါဒကို ပြန်ပြီး သုံးသပ်တဲ့ နေရာမှာလည်း အချိန်ကာလ ကန့်သတ်ချက်တွေအလိုက် တိကျတဲ့ ရလဒ်တွေ ထွက်ဖို့ သတ်မှတ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။


“အဲဒီလို ပြန်ပြီး သုံးသပ်တဲ့အခါကြရင် အချိန်ကာလ သတ်မှတ်ပြီးတော့ မှတ်ကျောက်တွေပေါ့၊ ဒီအချိန်ကာလ အတွင်းမှာ ဒီအဆင့်ကို ရောက်သင့်တယ် ဆိုတာတော့ သတ်မှတ်ရင် ပိုပြီးတော့ ထိရောက်မှု ရှိမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးတဲ့ ကိစ္စမှာ အချိန်ကာလ သတ်မှတ်ရင် ကောင်းမယ်လို့ ထင်ပါတယ်။ အဲဒီလို မဟုတ်ရင် နိုင်ငံရေး အကျဉ်းသားများဟာ အချိန်ကာလ သတ်မှတ်ချက် မရှိဘဲနဲ့ ဆက်ပြီးတော့ အထိန်းသိမ်း ခံနေရမယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။


“ဒီလို အပြောင်းအလဲများဟာလည်း ကျမအနေနဲ့တော့ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံက လွှတ်တော်အမတ် အများစုဟာ ကျမတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အပေါ်မှာ အင်မတန်မှ စာနာပြီးတော့ ထောက်ထားတာကြောင့်မို့ ဒီလိုကိစ္စမျိုးတွေဟာ ဖြစ်ပေါ်နိုင်ချေ ရှိတယ်လို့ ကျမတော့ ထင်ပါတယ်။”


မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အသစ်တဖန် စဉ်းစားပြီး မတူကွဲပြားတဲ့ လုပ်ဆောင်ချက်အသစ် ချမှတ်ဖို့ အမေရိကန် အစိုးရကို တိုက်တွန်းထားတဲ့ စာတမ်းတစောင်ကို အမေရိကန် အကြီးတန်း သံတမန်ဟောင်း ၂ ယောက်ကလည်း မကြာသေးခင်ကပဲ ရေးသားခဲ့ပါသေးတယ်။


၁၉၉၀ ကနေ ၁၉၉၄ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ လုပ်ခဲ့တဲ့ ဖရန်ကလင် ဟပ်ဒယ်လ် (Franklin Huddle) နဲ့ ၁၉၉၀ ကနေ ၁၉၉၃ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့ ယာယီအကြီးအကဲ လုပ်ခဲ့တဲ့ ဒေါ်နယ်လ်ဒ် ဂျိမ်းမ်ဆန် (Donald Jameson) တို့က East-West Center ရဲ့ အာရှ၊ ပစိဖိတ် ဒေသဆိုင်ရာ စာစောင်ထဲမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စာတမ်းတစောင် ပူးတွဲ ရေးသားခဲ့ကြတာပါ။


အမေရိကန်ရဲ့ ထိပ်တိုက်တွေ့တဲ့ ချဉ်းကပ်မှုကို အပျက်သဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုလို့တောင်မှ ASEAN အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင် နိုင်ငံတချို့က နာမည်တပ် ခေါ်ဆိုကြတယ်လို့ သူတို့ ၂ ယောက်က ရေးထားပြီး ထိတွေ့ဆက်ဆံမှုကို အသစ်တဖန်လုပ်ဖို့ တောင်းဆိုထားပါတယ်။


မြန်မာနိုင်ငံမှာ အနိမ့်ဆုံးတော့ အဆောင်အယောင် အဆင်တန်ဆာ အရပ်သား အုပ်ချုပ်ရေးဆီ ပြောင်းလဲနေတာမို့ အခုအချိန်ဟာ အချိန်ကောင်း ဖြစ်ဖွယ်ရှိကြောင်း၊ အမေရိကန် အနေနဲ့ ထက်မြက်ပါးနပ်တဲ့ မူဝါဒလို့ ဆိုရမယ့် Smart Power ကနေတဆင့် မိမိရဲ့ ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်အောင် မတူကွဲပြားတဲ့ ချဉ်းကပ်နည်းတခုကို အလေးအနက်ထားပြီး ကြိုးစားသင့်တယ်လို့ အမေရိကန် အကြီးတန်း သံတမန်ဟောင်း ၂ ယောက်က တိုက်တွန်းရေးသားထားပါတယ်။


Credit to VOA Burmese: http://www.voanews.com/burmese/news/dassk-us-policy-112405434.html

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ

2:15 AM | Posted by Anonymous

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ
ဂါမဏိ

နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူ များ ကြားစေဖို့ နည်းလမ်းတခုဖြစ်နေပြီး အပြောင်းအလဲဖြစ်ဖို့ ဖိအားလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာလျှော့မှုဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေးအလုပ်သမား (၆) ယောက်ကို သံခြေ ကျင်းခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက်ရှင်လျက်နဲ့ ဘဝဆုံးရတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက်ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေး ဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့်ပေးခဲ့ရပါတယ်။

အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက်စေချင်သူတွေအတွက် နိုင်ငံရေးချီတက်ပွဲဟာ အရေးပါတဲ့လက်နက်ကရိယာတခု ဖြစ်လာခဲ့ပါတယ်။
ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင် ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက်ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့) အ ဖြစ် သတ်မှတ်ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီနန်းတော်ကို ချီတက်ဆန္ဒပြတာလည်း အကြမ်းဖက်သွေးချောင်းစီးအသတ်ခံရမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက်ခံရပြီး ပြိုကွဲခဲ့ပါတယ်။

ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည်သွားစေတဲ့ ဖိအား မကြာခဏ ပေါ် ထွက်စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါ တွေကတော့ အင်မတန် ရှင်းလင်းတိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့အကြောင်းတရားဟာ ဆန္ဒပြချီတက်သူတွေအနေနဲ့ ထောင်ကျခံရဲလောက် တဲ့ အကြောင်းတရားဖြစ်ရပါမယ်။

နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ်ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယနိုင်ငံထွက် ဆားကို မ တန်တဆ အခွန်ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။ ဆားခွန် ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာစေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီအရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုးတည်းထားတာဖြစ်ပါတယ်။
ဒီဆားခွန်ကို ဘယ်လိုကန့်ကွက်ရမယ်ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစားစီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီး သန့်ဂေဟာရှိရာ အာမက်ဒဘတ်ဒ်ကနေ ဒင်ဒီပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ်ကမ်းစပ်မှာ ဆားချက် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင်ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက်ပြသနိုင်မှာဖြစ်သလို နိုင်ငံတကာမီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုလည်း ဆွဲယူအရှိန်မြှင့်သွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှအာဏာပိုင်တွေဟာ ချီတက်ပွဲရပ်သွား အောင် အကြမ်းဖက်နိုင်တယ်လို့ ဂန္ဒီက မျှော်လင့်တွက်ဆထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်းမဖက်ရေး အခြေခံမူအကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါချီတက်ခွင့်ပေးခဲ့ပါတယ်။ လမ်းခရီးတလျှောက် သိန်း နဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆိုအားပေးကြပေမယ့် ခရီးစဉ်အစအဆုံးကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့်ရည်မှန်းချက်ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာညီညွတ်တဲ့ လွတ်လပ် ရေးလှုပ်ရှားမှုကို အုတ်မြစ်ချပေးလိုက်တာဖြစ်ပြီး ဗြိတိသျှအင်ပါယာသရဖူကြီးထဲက အတောက်ပဆုံးနဲ့ အကြီး ဆုံးရတနာဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ်စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာ ဗြိတိသျှတွေ စမြင်သွားစေခဲ့ပါတယ်။

နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန်နိုင်ငံတောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာတယောက် ဟာ ဂန္ဒီ့နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိကနည်းဗျူဟာအဖြစ် ချီတက်ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်တောင်ပိုင်းမှာ လူမျိုးခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင်လူသာကင်းနဲ့ တခြားသော ပြည်သူ့အ ခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအားပေးနိုင်ခဲ့ပါ တယ်။
ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှမရှိဘဲ အောင် မြင်ခဲ့ပါတယ်။ မာတင်လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန်သမိုင်းမှာ ရာဇဝင်တွင်သွားခဲ့ပါတယ်။

အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေးဆန္ဒပြမှုနဲ့ တောက် လျှောက်တွဲမိစေခဲ့ပါတယ်။ မကြာခင် မာတင်လူသာကင်းဟာ အယ်လာဘားမားပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက်ခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေက ချီတက်သူတွေအပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လောရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့အခွင့်အရေး ဥပဒေ အမြန်အတည်ပြုဖို့ တွန်းအားဖြစ်သွားခဲ့ပါတယ်။

၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ်ဆန့်ကျင်ရေးချီတက်ပွဲတွေလည်း တောက်လျှောက်ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ်ပါတီညီလာခံကို ကန့်ကွက် ချီ တက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုးပြည်နယ်က ကင့်ပြည်နယ်တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိ ကန်ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲအများစုကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်းမဖြစ်ဘဲ ပြီးမြောက်ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေးသမားတွေကို ဗီယက်နမ်စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှုအကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင် သစ်ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါအစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက်ခဲ့ပါ တယ်။ ဒါကြောင့် ပြင်သစ်တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရပြုတ်ကျခဲ့ရပါတယ်။

အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ်ကျောင်းသားတွေ ကျောင်းလခတိုးတာ ကို ကန့်ကွက်ဆန္ဒပြပြီး ချီတက်နေတဲ့သတင်းတွေ တောက်လျှောက်ပါနေပါတယ်။ လန်ဒန်တက္ကသိုလ်၊ လန် ဒန်စီးပွားရေးတက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက်ကြပါ တယ်။

ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင်လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ်တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံတခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာစာရွက် တွေ ဝေနေပါတယ်။ အသားညှပ်ပေါင်မုန့်ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီနေကြပါတယ်။
ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟောလမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ်ညွန့်ပေါင်းအစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေးပေါ်လစီကတော့ အရာမ ယွင်းရှိနေဆဲဖြစ်ပါတယ်။ ကျောင်းလခတိုးတာကို ကန့်ကွက်ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှမထိရောက်ခဲ့ပါဘူး။ ဗြိတိန်အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။

ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းကအလုပ် ဖြစ်သွားပုံရပါတယ်။ သီးသန့် အပြောင်းအလဲတခုဖြစ်စေမယ့် နည်းနာမဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အပြောင်းအလဲဖြစ် ရေးအတွက် မဲပုံးနဲ့ မီဒီယာက အဓိကနည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲဖြစ်စေချင်လို့ လမ်း ပေါ်ထွက်အော်သူတွေဟာ ဒီထက်ပိုစွန့်စားဖို့ စိတ်မပါကြပါ။

လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေးတခု ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်း ဆောင် တွေက လိုက်လျောခွင့်ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ်စစ်ပွဲဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက်ဆန္ဒပြခဲ့တာ ဘာမှအပြောင်းအလဲဖြစ်မသွားခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင်လူသာကင်းရဲ့ ဝါရှင်တန်ချီတက်ပွဲပုံစံမျိုး လူတသန်းချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ချီတက်ဆန္ဒပြသူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီးစိတ်မထက်သန်ကြပါဘူး။

ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက်ပိုပြီး စွန့်စား ဖို့ လိုပါလိမ့်မယ်။ စီတန်းလမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင်တိုင်းပြည်တွေမှာတော့ စီတန်းလမ်းလျှောက်မှုကိုယ်တိုင်က အာဏာဖီဆန်တာ ဖြစ်နေပြီဆို တာ သတိပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက်အဖြစ် ထောင်နန်းစံရေး အလားအလာကို ထည့်သွင်းစဉ်းစားထားမှ နိုင်ငံရေးအပြောင်းအလဲအတွက် ချီတက်ဆန္ဒပြပွဲရဲ့ ဖိအားရလာမှာ ဖြစ်ပါတယ်။ ။

ဂါမဏိ
ရည်ညွှန်း ။ ။ မိုက်ကယ်ဂိုးလ်ဖာ့ဘ်၏ ၂၀၁၀ နိုဝင်ဘာ (၂၇) ရက် BBC ဆောင်းပါး

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား

Wednesday, December 22, 2010 9:42 AM | Posted by Anonymous

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား

အမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာ နိုင်ငံ သို့ တိတ်တဆိတ် ၀င်ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်း နာကျင်စေမှု များ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီလိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲကဖော်ပြထားသည်။ ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အနေဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေးလုပ်တာ ငါလုပ်တာ မဟုတ်ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက်တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။

ပြည်ပ ရောက်အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာနိုင်ငံပြန်လျှင်သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင်များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို့ အတွက်အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသားရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။

Credit to Myanmar Wikileaks: http://www.myanmarwikileaks.org/2010/12/blog-post_9550.html#more

အယ်လ်ဂျားဇီးယား သတင်းဌာန မှာ စီစဉ်တင်ဆက်သည့် လန်ဒန်က နိုင်ငံတကာ ကျောင်းသားလူငယ်လေးရာကျော် နှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်အမေးအဖြေ

အယ်လ်ဂျားဇီးယား သတင်းဌာန မှာ စီစဉ်တင်ဆက်သည့် လန်ဒန်က နိုင်ငံတကာ ကျောင်းသားလူငယ်လေးရာကျော် နှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်အမေးအဖြေ အစီအစဉ်

“စည်းကမ်းသေဝပ်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

Tuesday, December 21, 2010 1:48 AM | Posted by Anonymous

စတိမာရှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ လုပ်အားပေးနှင့် ကလေးစစ်သားကိစ္စ ဆွေးနွေး

1:31 AM | Posted by Anonymous

Credit to DVB: http://burmese.dvb.no/news.php?id=13177

မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ်

1:31 AM | Posted by Anonymous

မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ် - ၂၀၁၀ နှစ် အလှူငွေ အမေရိကန်ဒေါ်လာ ၃,၁၁၇၆.၈၈ ဖြင့် စာရင်းချုပ်

မိုးမခ

ဒီဇင်ဘာ ၂၀၊ ၂၀၁၀

၂၀၁၀ ခုနှစ် နှစ်ချုပ် စာရင်းအရ တနှစ်ပတ်လုံး မြန်မာပြည်ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေက စုစုပေါင်း အလှူငွေ ပမာဏ ယူအက်စ်ဒေါ်လာ ၃ သောင်း၊ ၁ ထောင်၊ ၁ ရာ၊ ၇၆ ဒေါ်လာနဲ့ ၈၈ ဆင့်ကို အများပြည်သူ၏ အလှူငွေအဖြစ် ထူထောင် ကူညီနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၇ သံဃာ့အရေးတော်ပုံက အစပြုပြီး ကိုယ်ထူကိုယ်ထ စတင်ခဲ့သည့် အမျိုးသားရေး ကူညီမှု ရန်ပုံငွေ လှုပ်ရှားမှု ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာအမျိုးသားများက ပြည်တွင်းရှိ အမျိုးသားရေးလှုပ်ရှားသူ အတိုက်အခံများ၊ စွန့်လွှတ်စွန့်စားသူ သံဃာတော်များကို လက်လှမ်းမီသလောက် အကူအညီပေးတဲ့ စေတနာဝန်ထမ်း အလုပ်တခု အဖြစ် - Burmese Helping Burmese - မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ ဆိုတဲ့ အမည်ပေးထားတာ ဖြစ်ပါတယ်။

၂၀၀၉ တုန်းက ရန်ပုံငွေအလှူလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာမှာ စုစုပေါင်းအလှူငွေ ဒေါ်လာ ၂ သောင်း ကူညီလှူဒါန်းနိုင်ခဲ့ပါတယ်။

၂၀၀၈ တွင် ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေ (နှစ်သောင်း ခြောက်ထောင် နဲ့ ခုနှစ်) ၂၆၀၀၇.၀၀ နှင့် နာဂစ် ကူညီမှု ရန်ပုံငွေ (နှစ်သောင်း) ၂၀၀၀၀.၀၀ ကောက်ခံရရှိခဲ့ပြီး စုစုပေါင်း (လေးသောင်း၊ ခြောက်ထောင်နဲ့ ခုနှစ်) ၄၆၀၀၇.၀၀ ကို လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ရန်ပုံငွေ အမေရိကန် ဒေါ်လာ (ခြောက်သောင်း၊ ရှစ်ထောင်၊ သုံးရာ ဒဿမ ခုနှစ်ဆယ့်ခြောက်) ၆၈၀၃၀၇.၇၆ ရရှိခဲ့ပြီး ဝေယျဝစ္စ စာရိတ်မရှိဘဲ ပြည်တွင်းကို ကူညီခဲ့ပြီး ဖြစ်ပါတယ်။

ဝိုင်းဝန်းလှူဒါန်းကြသူ မြန်မာမိသားစုများ၊ ရဟန်းသံဃာတော်များကို ဒီနေရာကနေ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။

မိုးမခ မီဒီယာက အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးနှင့် အခွန်ဌာန စည်းမျဉ်းများနဲ့ အညီ အများအကျိုးပြု လုပ်ငန်း (Non Profit Organization – 501(C)3 ) အဖြစ် မှတ်ပုံတင်ထားတဲ့အတွက် အများပြည်သူအနေနဲ့ မိုးမခရန်ပုံငွေကို လှူဒါန်းကူညီမှုပေးရာမှာ ဥပဒေနှင့်အညီ ၀င်ငွေခွန်ကင်းလွတ်ခွင့် တင်ပြခွင့် ရမှာ ဖြစ်ပါတယ်။

လစဉ်လှူဒါန်းမှု အစီရင်ခံချက်တွေကို သည်နေရာမှာ ကြည့်ရှုနိုင်ပါတယ်။

http://moemaka.com/donate.html

“လွှတ်တော်သစ် ဘယ်လဲ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

12:18 AM | Posted by Anonymous

ဒေါက်တာဂျော်နီ (ရေးသူ တင်မိုး)

Monday, December 20, 2010 9:45 AM | Posted by Anonymous



ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။

မက်(စ်) ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တဲ့။

မောနင်းကျူရှင်၊ နိုင်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနဲ့ ပို့ခဲ့တယ်။


ရီဇာတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။



အမ်စီတက်တော့
ဆိမ်းဗက်ခ်ျက၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး၊ အသွေးဖြူဖြူ
နှတ်ခမ်းထူသနဲ့။
အမူပိုပို၊ အဖိုအရှိုက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။

မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆံသနဲ့။

ဟန်ပန်သွက်သွက်၊ လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။



နောက်တော့....
'ကျမနာမည်၊ မော်လီတဲ့လေ
ဒက်ဒီတို့က၊ အမ်စီသွားပါ
ဆိုလို့သာဘဲ၊
ဝါသနာဆို၊ မပါလိုက်တာ
စိတ်ကုန်ပါရော'
ဘာရယ်ညာရယ်၊ ရယ်ပေါင်းစုံစွာ
ဟန်မူရာနှင့်။

'ဟိုလေ... အန်-အန်၊ ကာလ်တန်မှာ
အီတာလျံကား၊ လဲသွားပြီနော်
အော်- အော် ဟုတ်သား၊ မေ့များနေသေး
ဖရိုက်ဒေးဟာ၊ ကိုယ့်မွေးနေ့ပေါ့
ကိုယ့်မွေးနေ့မှာ၊ ယူလာရမယ်
လာရမယ်နော်၊ ယူ့အဖော်တွေ
ခေါ်ချင်ခေါ်ခဲ့'။

ဘာတဲ့ညာတဲ့၊ မဲ့ချည်နွဲ့ချည်
ဟိုသည်ကြောင်းရာ၊ စုံလေပါရော
ပန်ကာမလေး ဆိုလောက်တယ်။



တလနှစ်လ၊ သုံးလေးလမှာ....
လက်ဖက်ရည်ဆိုင်၊ ထိုင်လည်းတူတူ
လူသူစည်ရာ၊ ကော်ရစ်ဒါမှာ
လာလဲတွတ်ထိုး၊ ခန်းထောင့်ချိုးမှာ
တိုးတိတ်တိုးတိတ်၊ မွတ်သိပ်လှစွာ
ဘာညာဘာညာ၊ ဖြစ်ကြတာတွေ
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
မြက်ခင်းထဲမှာ၊ လှဲကာလူးကာ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တိမ်ကိုဖက်လျက်၊ သစ်ရွက်ဆုပ်ချေ

တညနေက
ရီဝေရီဝေ ထွေခဲ့တယ်။



သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက်လည်လိုက်၊ ဖားခွဲလိုက်နှင့်
အမြိုက်အရသာ၊ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။



ထို့နောက် -
'ဒေါက်တာဂျော်နီ၊ အမ်ဘီဘီအက်စ်နှင့်
ဒေါက်တာမော်လီ၊ အမ်ဘီဘီအက်စ်' ဟု
ပြောင်လက်ကြေးပြား၊ အထင်းသားဝယ်
ကြွားကြွားရွားရွားပေါ်ခဲ့တယ်။
ကားနှင့်တိုက်နှင့်၊ မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။



အို - အလုပ်သမား၊ လယ်သမား
ပြည်သူများတို့......
ဂျော်နီတို့လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။

တင်မိုး
[တင်မိုး - စိမ်းလန်းသောအိပ်မက်၊ ပထမနှိပ်ခြင်း၊ သမဂ္ဂစာပေ၊ ၁၉၆၉ ဇူလိုင် ၂၅ ရက် မှ ကူးယူဖော်ပြပါတယ်။]

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ဧ။် ဇနီးဖြစ်သူ နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ၏ အပြန်အလှန်ပေးစာ

8:48 AM | Posted by Anonymous

နိုင်ငံရေးသမားတွေကို ဘာကြောင့်ပဲ လွှတ်လွှတ် ဝေဖန်စရာမရှိ

Sunday, December 19, 2010 3:39 PM | Posted by Anonymous

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အာဏာပိုင်တွေအနေနဲ့ သူ့ကို လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာကို လှည့်စားချင်လို့ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ ဖြစ်စေဦးတော့ ဝေဖန်စရာမဟုတ်ဘဲ ကိုယ်လုပ်ချင်ရာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ်ဆိုရင် ကောင်းတဲ့လုပ်ရပ်ပဲလို့ ပြောကြားလိုက်ပါတယ်။ ဗွီအိုအေ Crossroads Asia အစီအစဉ်နဲ့ ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ VOA ဆက်သွယ်မေးမြန်းခန်း တတိယပိုင်းကို ဆက်လက်နားဆင်ကြပါရှင်။

"ကျမလွတ်လာတော့ ကျမရဲ့အလုပ်ကို ဆက်လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ နိုင်ငံရေး အမြတ် ထုတ်ချင်လို့ လွှတ်တာ ဖြစ်သည့်တိုင် ကျမကတော့ မဝေဖန်ပါဘူး။ လွှတ်ပေးခံရမယ့် နိုင်ငံရေး အကျဉ်းသား အနေနဲ့ ဘာမလုပ်ရ ညာမလုပ်ရဆိုတဲ့ ဝန်ခံချက်တွေ မလုပ်ရဘူးဆိုရင် ကောင်းတဲ့ဖြစ်ရပ်ပဲ၊ ကိုယ်အလုပ်တွေကို ပိုလုပ်ခွင့်ရလာတာပါပဲ။"

သူ့အနေနဲ့ ပညာရှင်တယောက်အဖြစ်ကနေ နိုင်ငံရေးအကျဉ်းသားတယောက်အဖြစ် ထိန်းသိမ်းတာခံလိုက် ရတဲ့အတွက် နိုင်ငံရေးသမားတဦး ဖြစ်လာရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ လူတွေကို နိုင်ငံရေး မလုပ်စေချင်ရင် မဖမ်းနဲ့ပေါ့ လို့လည်း ရယ်သွမ်းသွေးပြီး ပြောဆိုသွားပါတယ်။

ဖခင်ဖြစ်သူရဲ့ အစဉ်အလာကြောင့် နိုင်ငံရေးအစဉ်အလာ ဆက်ခံရရှိလာခဲ့တာလား အထုံပါရမီရလာတာလား ဆိုတဲ့မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ကံတရားနဲ့သာ ဆိုင်ပါလိမ့်မယ်လို့ အခုလို ပြန်ဖြေ ခဲ့ပါတယ်။

"ကျမက ကံတရားလို့ပဲ ထင်ပါတယ်။ ကံတရားဆိုတာ တကယ်တော့ ကိုယ်လုပ်တဲ့အလုပ်ပါပဲ။ အထုံပါရမီ ဆိုတာတွေကိုတော့ ကျမ သိပ် အယုံအကြည်မရှိပါဘူး။"

ဖခင်ဖြစ်သူရဲ့ လုပ်ရပ်ကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နိုင်ငံရေးနဲ့ ပတ်သက်လာခဲ့တဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲဒီလို ပြောလို့ရပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြန်ဖြေသွားပါတယ်။

"ကျမဟာ ကျမအဖေကို အဖေအနေနဲ့ရော နိုင်ငံရေးခေါင်းဆောင်အနေနဲ့ရော မှတ်ယူပါတယ်။ သူဟာ ကျမ ယုံကြည်တဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ စစ်ခေါင်းဆောင် မဟုတ်ပါဘူး။ သူ့ရဲ့နိုင်ငံရေးဘဝကို ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ စတင်ခဲ့ပါတယ်။ နောက် ပါတီနိုင်ငံရေးသမား ဖြစ်လာခဲ့ပါတယ်။ အများသဘောတူ ဆုံးဖြတ်ချက်အရ ကမ္ဘာစစ်အတွင်းမှာ စစ်ရေးအကူအညီယူဖို့ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် သူစစ်ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတာ မယုံကြည်လို့ အရပ်သား နိုင်ငံရေးသမားအဖြစ် ပြန်လည်ခံယူခဲ့ပါတယ်။"

Credit to VOA Burmese

ကမ္ဘာကြီးနဲ့ တယောက် - ၀ီကီလိခ်ရဲ့အဆန်းန်

3:06 PM | Posted by Anonymous

လောကဓာတ်ခန်းသာဂိ

ဒီဇင်ဘာ ၁၀၊ ၂၀၁၀

ဂျီူလီယာနီအဆန်းန်


ဒီနှစ်ရဲ့ နှောင်းပိုင်းမှာ အမေရိကန်အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ဖောက်ချသူဟာ သာမန်ရိုးကျ သတင်းစာသမား မဟုတ်ဘူး။ အကြမ်းဖက်အုပ်စုတွေ မဟုတ်ဘူး။ အာဏာရှင်နိုင်ငံတွေ မဟုတ်ဘူး။ ၂၁ ရာစုသစ် အင်တာနက်အက်တီဗစ်စ် ဂျူလီယာအဆန်း ဖြစ်တယ်။ ၀ီကီလိခ်ဆိုတဲ့ အင်တာနက် စာမျက်နှာဆိုတာက ရာစုသစ်ရဲ့ မီဒီယာသစ်တခု ဖြစ်တယ်။ အကျိုးအမြတ်အတွက်မဟုတ်ဘဲ သတင်းအချက်အလက်များ လူထုထံ အချုပ်အချယ် အကန့်အသတ်မဲ့ လွတ်လပ်စွာ စီးဆင်းရေးအတွက် ထကြွတဲ့ လှုပ်ရှားမှုဖြစ်တယ်။

ဝီကီလိခ်ထံကို အစိုးရတွေ၊ ကော်ပိုရိတ်ကြီးတွေရဲ့ လျို့ဝှက်ချက်တွေ၊ ခြေပုန်းခုတ်မှုတွေကို အရောက်ပေးပို့သူတွေက အစိုးရတွေ၊ ကော်ပိုရိတ်ကြီးတွေထဲက ၀န်ထမ်းတွေ ကိုယ်တိုင်ပါပဲ။ ဒါတွေကို ဖော်ချ ဖောက်ထုတ် ဖော်ကောင်လုပ်တာကလည်း သူတို့ သဘောနဲ့ သူတို့ ထကြွမှု ဖြစ်နေတယ်။ ဘာအကျိုးအမြတ်မှ မရှိဘူး။

အခုတလော မိုးမီးလောင်နေတဲ့ ၀ီကီလိခ်ရဲ့ ပေါက်ကြားမှုကြီးတွေကို အဆန်းန်လက်ထဲကို အရောက် ပို့ဆောင်ပေးသူ၊ ဖောက်ချပေးလိုက်သူက အသက် ၂၂ အရွက် အမေရိကန်တပ်မတော်သား၊ ကွန်ပျူတာပညာရှင် လူငယ်တဦး၊ လိင်တူ ဆက်ဆံသူ မန်နင်း ဆိုသူ ဖြစ်တယ်။ အခုသူ့ကို အမေရိကန်အစိုးရက စစ်ခုံရုံးတင်ဖို့ ပြင်နေပြီ။ ကယ်လီဖိုးနီးယားရဲ့ ဘာကလေးမြို့ကတော့ အက်တီဗစ်တို့ရဲ့ (ထကြွသူများ) အိမ်ယာဆိုတော့ သူ့ကို မြို့တော်ဂုဏ်ထူးဆောင်အဖြစ် ဂုဏ်ပြူဖို့ အဆိုတင်နေကြလေရဲ့။ အမေရိကန်နဲ့ ကမ္ဘာက ပြည်သူတွေထံ အမှန်တရားကို ရဲရင့်စွာ ထုတ်ဖော်လို့ ဆိုပဲ။

အဆန်းန်ကို ဗြိတိန်မှာ ဖမ်းထားတယ်။ သူက သြစတြေးလျနိုင်ငံသား။ ဖမ်းထားတဲ့အမှုက ဆွီဒင်မှာ အမျိုးသမီး ၂ ဦးနဲ့ လိင်ဆက်ဆံမှု လုပ်တာမှာ ကာကွယ်မှု (ကွန်ဒွန်) မသုံးစွဲလို့ ဆိုပဲ။ ဒါကို နိုင်ငံတကာပုလိပ်အဖွဲ့ (အင်တာပို) ကိုယ်တိုင်က ၀ရမ်းထုတ်ြပီး ဖမ်းတာ ဖြစ်တယ်။ သူ့ကို ဥပဒေကြောင်းအရ ၀ီကီလိခ်လုပ်ရပ်အတွက် တရားစွဲတာ ဖမ်းဆီးတာ မလုပ်နိုင်သေးတော့ အခုလို အနောက်က အစိုးရတွေက အဆန်န်း ချက်အောက်ကို ထိုးကြတယ်လို့ ပြောတာပဲ။

အစိုးရတွေရဲ့ လျို့ဝှက်ချက်တွေအပြင် နိုင်ငံတကာကော်ပိုရိတ်ကြီးတွေရဲ့ နောက်ကွယ်က အကြောင်းတွေကိုပါ ဖောက်ချဦးမယ်လို့ သတင်းထွက်နေတော့ အာဏာပိုင်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးသမားတွေ နဲ့ အရင်းရှင်ကြီးတွေဟာ ဘယ်လောက်အထိ ဆောက်တည်ရာ မရဖြစ်ပြီး အဆန်းန်ကို ဖြစ်တဲ့နည်းနဲ့ ဖိနှိပ်ကန့်သတ်ဖို့ အစွမ်းကုန် ကြိုးစားကြပုံကတော့ အံ့သြကုန်နိုင်ဖွယ် …။

အမေရိကန် နိုင်ငံရေးသမားတွေက သူ့ကို အင်တာနက်အကြမ်းဖက်သမားလို့ စွပ်စွဲတယ်။ တွေ့ရာ သင်းချိုင်း ဒါးမဆိုင်းပဲ တဲ့။ အမေရိကန်က ၀က်ဆိုက်တွေ၊ ဒီအန်န်အက်စ်ဆိုတဲ့ ၀က်ဆိုက်လမ်းညွန်တွေ၊ ၀က်ဆာဗာတွေက ၀ီကီလိခ်ကို သပိတ်မှောက်တယ်။ ပိတ်ဆို့တယ်။ သူ့ကို ငွေကြေး ဖြတ်တောက်ဖို့ Paypal, Amazon, Visa & Master လုပ်ငန်းတွေက ဆောင်ရွက်တယ်။ အဲသလိုမျိုး အင်တာနက် ထကြွသူတဦးရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လုပ်ကြံဖို့ ၀ိုင်းလုပ်ကြပုံကို ယူအင်န်က လူ့အခွင့်အရေးနဲ့ သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ ပြောခွင့်ရသူတဦးက ပြစ်တင် ဝေဖန် ထောက်ပြရတဲ့ အထိတောင် ဖြစ်ကုန်တယ်။ (ရှက်ဖွယ်)

သူရဲ့ ဖွင့်ချမှုတွေကလည်း ကမ္ဘာကြီးတခုလုံး တုန်သွားတာ အမှန်ပါ။ မြန်မာပြည်လို နိုင်ငံက နူကလီးယားကိစ္စတွေတောင် ပါဆိုပဲ။ ကျန်တာတွေကတော့ ပြောမနေနဲ့တော့။ သို့သော် ပြောချင်တာက အစိုးရတွေ၊ နိုင်ငံရေးသမားတွေ၊ အရင်းရှင်ကြီးတွေဟာ သူတို့ရဲ့ အရိုးအထိ လှီးခံရမယ့် အဖြစ်ကို တိုးတော့မယ်ဆိုတဲ့အခါ ဒါကို အပြတ်လက်တုန့်ပြန်ဖို့ ကြိုးစားတာက လက်ကုန်ပဲ။ နူကလီးယားလဲမရှိ၊ အသေခံအကြမ်းဖက်သမားလဲ မဟုတ်၊ လက်နက်ကိုင်သူလည်း မဟုတ်တဲ့ အင်တာနက်ထကြွသူဟာ ပြေးစရာ တောင် မြေမရှိတော့ဘူး။ ၀က်ဆိုက်တောင် ထားစရာ မရှိတော့လို့ ဂူးဂဲကနေ ဒိုမိန်းနဲ့ ရှာလို့ မရတော့ အိုင်ပီအက်ဒရက်စ်နဲ့ လိုက်ရှာရတဲ့ အဖြစ်။ (http://213.251.145.96/)

အခု ၁ ရက် ၂ ရက် အတွင်းမှာ ၀ီကီလိခ်ကို အမေရိကားအပြင်ဖက်၊ ဥရောပလို နိုင်ငံတွေက အင်တာနက်အက်တီဗစ်စ်တွေ အဖွဲ့တွေက နေစရာ၊ နားစရာ ၀က်ဆိုက် ဇရပ်တွေ ထိုးပေးထားတယ်။ ငွေကြေး အလှူခံလို့ မရဘူး ဆိုလို့ ဥရောပက ဘဏ်အချို့က ငွေကို လက်ခံပေးတယ်။ သူဆက်လုပ်ရမယ့် အလုပ်တွေ ဆက်ဖောက်ရမယ့် ပေါက်ကြားမှုတွေကို လက်ဆင့်ကမ်း ဖော်ထုတ်ဖို့ ပြင်ဆင်နေကြတယ်။ ပြီးတော့ အင်တာနက်ပေါ်က ဟက်ကာ + အက်တီဗစ် = ဟက်ကစ်ဗစ်စ်တွေကလည်း အဆန်းန်အတွက် သွေးစည်းညီညွတ်မှုတွေ နဲ့ လက်တုန့်ပြန်မယ်လို့ စစ်ကြေညာလိုက်တယ်။ ဆိုင်ဘာဝါး - အင်တာနက် နည်းပညာ စစ်တုန့်ပြန်မယ်။ အင်တာနက်စစ်သွေးကြွတွေလို့ အမေရိကန်နိုင်ငံရေးသမားတွေက ပြောတော့မှာပေါ့လေ။

ဟက်ကစ်ဗစ်စ်တွေက အခု တန်ပြန်ထိုးစစ်မှာ အဆန်းန်ကို ပိတ်ဆို့တဲ့ မာစတာကဒ်၊ ဗီဇာကဒ်နဲ့ ပေးပေါ ငွေပေးချေစနစ်တွေရဲ့ ၀က်ဆိုက်တွေကို ပြန်လည် ပိတ်ဆို့ တိုက်ခိုက်နေကြတာ အခု ၂ ရက် ရှိသွားပြီ။ ကမ္ဘာတ၀ှမ်းက အင်တာနက်ထကြွသူတွေဆိုတာ ဆယ်ကျော်သက်တွေသာမက မိဘတွေ၊ လူလတ်တန်းစား ပညာတတ်မိသားစုတွေ အထိ ပါဝင်တယ်လို့ ဆိုတယ်။

အဆန်းန်ဘက်က သတင်းတွေ အာဘော်တွေကို ပြောဆိုတင်ဆက်ပေးနေတဲ့ သာမန်ရိုးကျ သတင်းဌာနဆိုလို့ နယူးယောက်တိုင်း၊ ဂါဒီယန်း တို့လောက်ကသာ ဖြစ်တယ်။ အရင်းရှင်ကြီးတွေ၊ နိုင်ငံရေးသမားတွေ လက်ခုပ်ထဲက သတင်းတွေ မီဒီယာတွေ သတင်းသမားတွေဆိုတာက အဆန်းန်းကို အကောင်းပြောဖို့တောင် ပါးစပ်မဟရဲကြဘူး။ အလုပ်ရှင်တွေ၊ အာဏာရှင်တွေ၊ ငွေရှင်တွေ ငြိုငြင်သွားမှာ စိုးလို့။

တွေးကြည့်ရင် တရားရစရာပါပဲ။ ဘယ်ရာစုပဲ ရောက်ရောက်ပါ၊ သတင်းနဲ့ အချက်အလက် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတာဟာ လွတ်လပ်မှု ဘယ်လောက်ပဲ ရှိတယ် ပြောပြော၊ အကန့်အသတ်တွေ ဆင်ဆာတွေ ဆိုတာ ရှိတာချည်းပဲ ဆိုတဲ့ အချက်။ အင်တာနက်ထကြွသူ၊ သတင်းစာနယ်ဇင်းသမား၊ နိုင်ငံရေး တက်ကြွသူတွေ ဆိုတာ အဲသည်လို သက်ဝင်ယုံကြည်မှုနဲ့ ပတ်သက်ပြီး အဆုံးစွန် ရွေးစရာအချိန်ရောက်ရင် ရွေးကြရတာချည်းပါပဲ။ အဲသည်မှာ ကမ္ဘာကြီးက တဖက်၊ ကိုယ်က တဖက် ဖြစ်ချင် ဖြစ်သွား၊ ရွေးရတာချည်း။ ကိုယ့်နောက်မှာ ကိုယ့်လိုပဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး မိုက်တွင်းနက်သူတွေဆိုတာ ကျဉ်းထဲ ကြပ်ထဲရောက်မှ တွေ့ကြရမှာ။ တွေ့ချင်မှလည်း တွေ့ကြရမှာ။

ကဲ … ဂျီူလီယာနီအဆန်းန် သင်တို့တတွေဟာ ခေတ်သစ် ရော်ဘင်ဟုဒ်တွေလား၊ ရာစုသစ် ငတက်ပြားတွေလား။ အာဏာရှင်တွေ၊ အစိုးရတွေ၊ အရင်းရှင်တွေကို အာဏာဖီဆန်၊ အာခံသူ ၂၁ ရာစု အင်တာနက်သူုပုန်ကြီးတွေလား။ အစွမ်းရောက် စစ်သွေးကြွတွေလို အင်တာနက်အကြမ်းဖက်သမားတွေလား။ အချိန်နဲ့ သမိုင်းက ဆက်လက် စောင့်ကြည့် ဆုံးဖြတ်ကြယုံသာ။ ။

Credit to Moemaka Web

ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်က ဆုလက်ခံရန်ဖိတ်ကြား


2010-12-17

အိုင်ယာလန်နိုင်ငံ Galway မြို့တော်ကောင်စီက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြားလိုက် ပါတယ်။ Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။

Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျဉ်းကျခံနေရတဲ့အတွက် မောင်နှမ ဝမ်းကွဲတော်စပ်သူ အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ကိုယ်စားတက်ရောက် လက်ခံခဲ့ပါတယ်။

အခုဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး ဒေါက်တာ စိန်ဝင်းက ခုလို ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က ဆုအများဆုံးလို့တော့ ကျွန်တော် ထင်တာပဲ။ ဒီ ပုဂ္ဂိုလ်တဦးအနေနဲ့ အမျိုးမျိုးသော ဆုတွေကို သူရနေတယ်။ သို့သော်လည်းပဲ တခါမှ ထွက်ပြီး ဒီဆုတွေကို လက်ခံလို့ မရဘူး။ မရတာလည်း အကြောင်းအမျိုးမျိုး ကျွန်တော်တို့ သိပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဗမာပြည်သူတယောက်အနေနဲ့ကော၊ ဒီမိုကရေစီ ခေါင်းဆောင်တယောက် အနေနဲ့ကော၊ အမျိုးသမီး တယောက် အနေနဲ့ကော၊ ဒီလို နိုင်ငံတကာက ဆုချီးမြှင့်တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ပြောတာပေါ့နော်၊ ဒါ ပြည်သူတွေရဲ့ ကိုယ်စား သူယူပါတယ်လို့ သူ အမြဲတမ်း ပြောပါတယ်။ နိုင်ငံတကာရဲ့ တကဲ့ကို ကြီးမားတဲ့ ဆုတွေ ရတဲ့အတွက် ကျွန်တော်တို့ အားလုံး ဝိုင်းပြီးတော့။” အခု ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဒီဆုကို ပုံမှန်အခမ်းအနားနဲ့ ပေးအပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆုလက်ခံရေးအတွက် တရားဝင်ဖိတ်ကြားဖို့ မြို့တော်ဝန် ဦးဆောင်တဲ့ Galway မြို့တော်ကောင်စီက တညီတညွတ်တည်း စည်းဝေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ Galway မြို့တော်ကောင်စီလူကြီးတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မာတင်လူသာကင်း၊ မဟတ္တမ ဂန္ဓီ တို့လို ကမ္ဘာ့ သူရဲကောင်း ရုပ်ပုံလွှာတခု ဖြစ်ပါတယ်၊ တနေ့နေ့ တချိန်ချိန် မှာတော့ မိမိတို့ရဲ့ဖိတ်ခေါ်ချက်ကို လက်ခံ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

Credit to Radio Free Asia

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေချိန်အတွင်း ရေးဆွဲခဲ့သည့် ပန်းချီကားများထဲမှ SUMMER အမည်ရှိ ပန်းချီကားချပ်ကို ရိုက်ကူးထားသည့် ပို့စကဒ်ပုံ

1:46 PM | Posted by Anonymous
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေချိန်အတွင်း ရေးဆွဲခဲ့သည့် ပန်းချီကားများထဲမှ SUMMER အမည်ရှိ ပန်းချီကားချပ်ကို ရိုက်ကူးထားသည့် ပို့စကဒ်ပုံ ဖြစ်ပါသည်။

မြန်မာ့ညူကလီးယားကိစ္စ လာရောက်စစ်ဆေးဖို့ IAEA တောင်းဆို

1:23 PM | Posted by Anonymous


2010-12-18

မြန်မာနိုင်ငံမှာ ညူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သံသယဖြစ်စရာ နေရာတွေကို လာရောက်စစ်ဆေးခွင့် ပြုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက မကြာသေးခင် လပိုင်းတွေအ တွင်း စစ်အစိုးရကို စာရေးသား တောင်းဆိုထားကြောင်း ဒီကနေ့ ထုတ်ဝေတဲ့ Wall Street Journal သတင်းစာက ရေးသားလိုက်ပါတယ်။

မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာရာမှာ အဲဒီအထဲမှာ ညူကလီးယားနည်းပညာတွေ၊ တာဝေးပစ်ဒုံးပျံတပ်ဆင်တာတွေနဲ့ မြေအောက်လိုဏ်ခေါင်း တူးဖော်တာတွေ ပါဝင်တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် အာရှနိုင်ငံတွေက စိုးရိမ်နေကြတာပါ။

အီရန်၊ ဆီးရီးယား စတဲ့ နိုင်ငံတွေကို မြောက်ကိုရီးယား စစ်လက်နက်ပစ္စည်းတွေ ပင်လယ်ရေကြောင်း က သယ်ယူရာမှာ မြန်မာဆိပ်ကမ်းကတဆင့် ကြားခံလွှဲပြောင်းပြီး ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အရာရှိ တွေက စွပ်စွဲထားပါတယ်။ ဒါ့ပြင် မကြာသေးခင် နှစ်တွေအတွင်း မြန်မာရေပိုင်နက်နဲ့ လေကြောင်းပိုင်နက် တွေကို ဖြတ်သန်းပြီး ဒုံးကျည်အစိတ်အပိုင်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတွေနဲ့ လေယာဉ်တွေကို အမေရိကန်က ကြားဖြတ် တားမြစ်ခဲ့တယ်လို့လည်း ဝါရှင်တန်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။

Sources: RFA Burmese