အင်္ဂလန်နိုင်ငံသား ပန်းချီပညာရှင်မှ ဒေါ်အောင်ဆန်းစုကြည်အား ပုံတူပန်းချီကားဖြင့် ဂုဏ်ပြု

Friday, November 19, 2010 8:30 PM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး စီအင်န်အင်န် သတင်းထုတ်လွှင့်ချက်

ဒေါ်အောင်ဆန်းစုကြည် နှင့် CNN အင်တာဗျူး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီအိုအေ ရုပ်မြင်သံကြား သီးသန့်ဆွေးနွေးခန်း

7:49 PM | Posted by Anonymous


ဓာတ်ပုံ ...AP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိမှုဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ရုပ်မြင်သံကြားဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတဲ့အကြောင်း လျှောက်ထားချက်ကို နေပြည်တော်တရားရုံးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီးတော့ ကြားနာပါတယ်။ ရွေးကောက်ပွဲမှာ NLD ၀င်ရောက်ယှဉ်ပြိုင်တာမရှိတာနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ်က ရုတ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြေညာပိုင်ခွင့် မရှိဘူးဆိုပြီး NLD ဘက်က ချေပ လျှောက်ထား ထားတာဖြစ်ပါတယ်။



“တရားဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်၊ မရှိတယ်ဆိုတာကို သူတို့ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တကယ်ကို အဲန်အယ်လ်ဒီက ရပ်တည်နိုင်လား၊ မရပ်တည်နိုင်လားဆိုတာကိုတော့ ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပါ”

မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီ တခုတည်း ဆောင်ရွက်လို့ ရမှာ မဟုတ်သလိုဘဲ သူ တယောက်နဲ့လည်း ဆောင်ရွက်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင်ကာလမှာ နိုင်ငံရေးပါတီတွေ အများအပြားပေါ်လာခဲ့ပြီး NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီက အဖွဲ့ဝင်တချို့လည်း အတိုက်အခံပါတီအဖြစ် သီးခြားရပ်တည်လာခဲ့ပါတယ်။

ဒီအဖွဲ့အစည်းတွေ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြိုဆိုလိုက်ပြီး လက်တွဲ လုပ် ဆောင်ချင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီမိုကရေစီအတွက် လုပ်ပေးချင်တဲ့သူတွေကနေပြီးတော့ လက်တွဲချင်တယ်ဆိုရင် အန်တီတို့ဘက် ကနေ လက်တွဲဖို့ အဆင်သင့်ပါပဲ။ တချို့တွေနဲ့တောင်မှ တွေ့ဆုံဖို့ စီစဉ်ပြီးပြီလို့ ပြောပါတယ်။ ဒါကတော့ ရုံးကနေပဲ စီစဉ်နေတာပါ”

လတ်တလော နယ်စပ်တလျှောက်မှာဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြဿနာအပေါ်မှာလည်း သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားပါတယ်။

“အခုလို ပုံစံက ပြန်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်မလိုမြင်ရတာ အင်မတန်မှ ၀မ်းနည်းတယ်။ အန်တီတို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့… အဲဒီလိုပဲ ပြောရ မှာပဲ။ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အ၀နဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံ…ပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက် သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်း သားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ”

မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်ပြီး ဆောင်ရွက်မယ် လို့ ပြောဆိုထားပါတယ်။ အခုဆိုရင် အဆင့်ခြောက်ဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အစိုးရရဲ လမ်းပြမြေပုံအတိုင်း သဘောတူလိုက်နာဆောင်ရွက်တဲ့ သဘောသက် ရောက်ပေမဲ့ NLD ကတော့ ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး ဒီ လမ်းပြမြေပုံ အစီအစဉ်တွေ ကို ဆန့်ကျင် ကျောခိုင်းထားပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက်လက်တွဲဆောင်ရွက်ရေးဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။

“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပဲလေ။ တခုရှိလို့ တခု မရှိရဘူး လည်းမဟုတ်ဘူး၊ တခုရှိလို့ တခုက အလိုလိုပါလာမှာလည်း မဟုတ်ဘူး။ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး ကတော့ တကယ်ကို လိုအပ်တဲ့ကိစ္စပဲ။ လမ်းပြမြေပုံဆိုတာကတော့ မြေပုံအမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။ အဲဒီဟာတော့ ဆက်လုပ်သွားရမှာပဲ”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေတိုးတက်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး မျှော်လင့်သူတွေက မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွတ်မြောက်ရုံနဲ့ ဒါဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလို့ မသတ်မှတ်သင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလို လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံပါတယ်။

“တခုတော့ အန်တီ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ကျန်နေတဲ့ ၂ ထောင်ကျော်သော နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပါ။ အဲဒါတွေအတွက်ကိုတော့ တောင်းဆို ပေးပါ ဆိုတာကိုတော့ အဲဒါတွေကိုတော့ အန်တီ ဒီအချိန်၊ ဒီနေရာမှာ ပြောချင်တယ်။ ကျန်တဲ့ကိစ္စတွေက တော့ ပြောစရာတွေက အများကြီးရှိပါသေးတယ်”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ သြစတေးလျ ၀န်ကြီးချုပ် Julia Gillard ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရဘက်က တာဝန်ယူသင့်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုကြီးမျိုး နောက်တကြိမ် ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ် ဖော်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လုံခြုံရေးအတွက် အန်အယ်လ်ဒီ လူငယ်တွေက အပြည့်အ၀ ကာကွယ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဘာမှ မစိုးရိမ်တဲ့ အကြောင်း VOA ကို အခုလို ပြောပါတယ်။

“လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီလိုပဲ အဖွဲ့ချုပ်က လူငယ်တွေက အစကတည်းကလည်း လုပ်ခဲ့ပါတယ်။ အခုလည်းလုပ်နေပါတယ်။ လုပ်နေတာပဲပေါ့နော်။ အဲန်အယ်လ်ဒီလို ပါတီတခုဆိုတာက လုံခြုံရေးနဲ့ ပတ် သက်တဲ့ကိစ္စတွေက အကန့်အသတ်နဲ့ ရှိပါ တယ်။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ လည်း မဟုတ်ဘူးဆိုတော့ ကလေးတွေကတော့ လုပ်နိုင်သမျှ လုပ်ပါတယ်။ သူတို့ အရင်တုံးကလည်း အကာအကွယ်ပေးခဲ့တာပဲ။ အခုလည်း သူတို့ အကာအကွယ်ပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ စိတ်ချပါ”

နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မတရားမှုတွေ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံပါတီတွေက ပြောဆိုနေပါတယ်။ ဒီလု မတရားမှုတွေကို စုံစမ်းစစ်ဆေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲမှာ မပါပေမဲ့လည်း ရွေးကောက်ပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကိုတော့ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ အစီရင်ခံစာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို ထည့်သွင်းပြီး ဖော်ပြပါလိမ့်မယ်”

မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နေအိမ်အကျယ်ချုပ်အဖြစ် အထိမ်းသိမ်းခံခဲ့ရတဲ့သက်တမ်း နှစ် ပေါင်း ၁၅ နှစ်နီးပါး ရှိမယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ခန့်မှန်းပါတယ်။ ဒီလို နှစ်တွေအကြာကြီး ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့နဲ့ ဆက်ပြီး ရုန်းကန်တိုက်ပွဲဝင်နိုင်ဖို့ အင်အားတွေ ဘယ်လိုရခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေပါတယ်။

“အဲဒါကတော့ အန်တီ့ကို ၀ိုင်းပြီး အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲ ပြောရမှာပဲ။ ကိုယ် တယောက်တည်း လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲ။ အန်တီ့ကို ၀ိုင်းပြီးတော့ ကူညီပေးတဲ့သူတွေ၊ အားပေးတဲ့မိတ်ဆွေတွေ၊ သူငယ် ချင်းတွေ… နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်မှုပေးတဲ့ အန်တီ့သားတွေ၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုက်လို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲ ပြောရမှာပဲ”

နိုင်ဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ NLD လူမှု အထောက်အကူပြုအဖွဲ့က စောင့်ရှောက်ထားတဲ့ HIV/ AIDS ဝေဒနာသည်တွေကို တွေ့ဆုံပြီး ဝေဒနာသည် တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်အတွင်း အန်လ်ဒီ လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ ဂေဟာသုံးခုမှာ HIV/AIDS ဝေဒနာသည် တရာကျော်ရှိနေပါတယ်။ ဒီလူနာတွေဟာ အကူအညီအလိုအပ်ဆုံး သူတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ရုပ်မြင်သံကြားကို သီးသန့်တွေ့ဆုံ ပြောပြခဲ့တာဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေး သမားများ သက်ကြီးပူဇော်ပွဲဖိတ်ကြားစာ

Thursday, November 18, 2010 7:46 AM | Posted by Anonymous

ဗိုလ်ချုပ်အောင်ဆန်းအကို ဦးအောင်သန်း ကိုရည်မှန်း၍ ဆွမ်းကြွေးဖိတ်ကြားစာ

7:42 AM | Posted by Anonymous

ကာတွန်း အော်ပီကျယ် လက်ရာ

7:00 AM | Posted by Anonymous

အမေဒေါ်စု ပြန်လာပြီ

12:27 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် HIV/AIDS ဝေဒနာရှင်များကို အားပေး

Wednesday, November 17, 2010 9:30 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် HIV/AIDS ဝေဒနာရှင်များကို အားပေး


ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့မှ စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များကို ယနေ့ နေ့လယ်၂ နာရီခန့်တွင် သွားရောက်တွေ့ဆုံ အားပေးကြောင်း သတင်းရသည်။

Myanmar's-pro-democracy-leader-Aung-San-Suu-Kyi

ယမန်နေ့က တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး NLD ရုံးချုပ်မှ ပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)

ဝေဒနာရှင်များ၏ ဆေးဝါး ကုသမှု အခြေအနေ၊ စားဝတ်နေရေး အခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ များကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းအားပေးကြောင်း ဝေဒနာရှင်တဦး ဖြစ်သည့် မသီသီအေး က ဧရာဝတီသို့ ပြောပြ သည်။

“အမေစုကို တွေ့ရလို့ အရမ်းဝမ်းသာတယ်၊ တွေ့ရမယ်လို့ ထင်လည်း ထင်မထားဘူး၊ မျက်ရည်တောင် ကျတယ်”ဟု ၎င်းကပြော သည်။

လူနာရှင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသည့်အတွက် မျော်လင့်ချက်ကုန်နေသည့် ဘ၀တွင် ခွန်အားများ ဖြစ်လာကြောင်း၊ ဘ၀သက်တမ်းတလျှောက်တွင် ယခုကဲ့သို့ တွေ့ဆုံရမည်ဟု မထင်ကြောင်း မသီသီအေးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ပျော်ပျော်ရွှင်ရွှင်နှင့် ဆေးကုသခံယူရင်း ဘ၀ကို ဖြတ်သန်းရန် ပြောဆိုသွားကြောင်းလည်း ၎င်းကဆက် လက်ပြောပြသည်။

လူနာရှင် မသီသီအေးသည် ရန်ကုန်ဇာတိဖြစ်ပြီး အသက်၂၈ နှစ် ရှိပြီဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်ကမှ ၎င်းတွင် ရောဂါ ရှိနေကြောင်း သိရသည်ဟု ပြောသည်။

အဆိုပါ ရောဂါကို ၎င်း၏ အမျိုးသားထံမှ ကူးစက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသားတိမ်းပါးသွားပြီးနောက် တောင်ဒဂုံမြို့နယ်ရှိ NLD လူမှု အထောက်အကူပြု အဖွဲ့၏ ဂေဟာတွင် ဆေးကုသမှု ခံယူရင်း နေထိုင်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

NLD လူမှုအထောက်အကူပြုအဖွဲ့သည် HIV/AIDS ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်မှုပေးရန် ရန်ကုန်တိုင်းအတွင်း ဂေဟာ သုံးခုတည်ထောင်ထားကြောင်း၊ ယခု တောင်ဒဂုံမြို့နယ် ဂေဟာတွင် လူနာပေါင်း ၁၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ယင်း လူနာများ ပြုစုစောင့်ရှောက်ရေးကို လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်း ဦးဆောင်သည့် NLD လူငယ်များက ဦးစီး ဆောင်ရွက်နေခြင်းဖြစ်သည်။

ဝေဒနာရှင် တဦးဖြစ်သည့် မ၀င်းဝင်းနိုင်ကလည်း “အမေစုက ပြောတယ်၊ ရောဂါ အတွက် စိတ်ဓာတ်မကျဖို့၊ ဆေးဝါး တွေကို တတ် နိုင်သမျှ ကူညီပေးမယ် ပြောတယ်”ဟု ဆိုသည်။

ဝေဒနာရှင်များ အားလုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လာရောက်အားပေးမှုကြောင့် ပျော်ရွင်နေကြောင်း မ၀င်းဝင်းနိုင်က ဆက်လက်ပြောသည်။

ယခုကဲ့သို့ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ပေးသည့် လုပ်ငန်းအား ယခင်ကတည်းက NLDလူငယ်များကို စနစ် တကျ လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ပေးခဲ့ကြောင်း၊ ယင်းလုပ်ငန်းများသည် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်နေသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ဆက်လက်လုပ်ဆောင်သွားရန် သံန္နိဋ္ဌာန် ချထားကြောင်း မဖြူဖြူသင်းက ပြောသည်။
NLD လူမှု အထောက်အကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင်ပေါင်း ၃၃၉၀၀၀ ခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၂၀၀၇ ခုနှစ်ထုတ် အစီရင်ခံ စာအရ သိရသည်။

အကျဉ်းကျ တိုင်းရင်းသားခေါင်း ဆောင်လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်စုပြော

9:29 AM | Posted by Anonymous

အကျဉ်းကျ တိုင်းရင်းသားခေါင်း ဆောင်လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်စုပြော



ယခုလ ၁၃ ရက်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က UNA တိုင်းရင်းသားခေါင်းဆောင်များ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ကျနော်တို့ အရမ်းဘဲဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ ဒေါ်စု ကိုယ်တိုင်ကလဲ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဦးစားပေးစဉ်း စားနေတယ်လို့ ပြောတယ် ” - ဟု SNLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းတင်လှိုင်က ပြောပါသည်။

ခွန်ထွန်းဦး နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ ashin-htavara.blogspot.com)

နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီမှ ၂း၃၀ အထိ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ ရုံးချုပ်၌ UNA အဖွဲ့ ၀င် တိုင်း ရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးပူကျင့်ရှင်းထန်(ချင်း)၊ ဦးထောင်ဂိုထန်း(ချင်း)၊ ဦးစော ဟယ်ရီ (ကရင်)၊ မွန်ခေါင်းဆောင်ဖြစ်သည့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်းအပြင် ရခိုင်ခေါင်းဆောင် တဦး နှင့်အတူ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းရွှေကြူး နှင့် စိုင်းတင်လှိုင် တို့ ပါဝင်သည်ဟု သိရှိရပါ သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့ပါတယ်။ အဓိက တော့ ကလေးမြို့ ကြေငြာစာတမ်းအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံဆီသွားဖို့ ပဏာမ လက်ခံထားတယ် လေ၊ နောက်ပြီး လူထုတိုင်းက ပင်လုံစိတ်ဓါတ် ဆိုတာ နားမလည်သေးဘူး၊ ဝေါ့ရှော့ပ့် သဘောမျိုး ဒေါ်အောင် ဆန်းစုကြည် လုပ်ချင်တယ်” - ဟု ဆက်၍ ပြောပြပါသည်။

ထို့အတူ ၂၁ ရာစု ပင်လုံညီလာခံအကောင်အထည် စတင်ဖေါ်ဆောင်ရန် ၀ါရင့်နိုင်ငံရေးသမားများနှင့် တိုင်ပင် ဆွေး နွေးနေကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းခေတ်က လူကိုယ်တိုင် စုံညီတက်ရောက်သည့် ညီလာခံမျိုး မဟုတ် ရင်တောင်မှ IT ခေတ် နှင့်အညီ လုပ်သွားဖွယ်ရှိကြောင်း ပြောပါသည်။

UNA ခေါ် ညီညွတ်သောတိုင်းရင်းသားမဟာမိတ်အဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲမှ လူထုထောက်ခံအားပေး မှုရခဲ့သည့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ခု ပါဝင် ဖွဲ့စည်းထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ဒုတိယအကြိမ်ပင်လုံညီလာခံ ကျင်းပသင့်ကြောင်း လက်ခံ

4:29 AM | Posted by Anonymous
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ တို့ တက်ရောက်ကြသလို တိုင်းရင်းသားတွေဖက်က ဦးပူကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ဦးသာဘန်း၊ ဦးရွှေကြူးနဲ့ ဦးစိုင်းတင်လှိုင်တို့ တက်ရောက်ကြတာပါ။ ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Daw Aung San Suu Kyi's interview with BBC, Nov 15, 10

Tuesday, November 16, 2010 7:33 AM | Posted by Anonymous
D

Burma's Media Focus on Military Leaders, Parties Ahead of Election

6:50 AM | Posted by Anonymous
Burma's Media Focus on Military Leaders, Parties Ahead of Election

Ron Corben | Bangkok 05 November 2010




Zaw Win, the MEMO 88 coordinator for Burma, says the limited access to news left many Burmese reliant on foreign radio broadcasters, 05 Nov 2010

Photo: VOA - R. Corben

A report on Burma's election news coverage shows that there is very little reporting on parties and non-government candidates in the lead up to Sunday's vote. Media analysts say international radio plays a key role in getting news to people in Burma.

MEMO 98, a media and research group based in Slovakia, concludes that Burma's state-controlled media completely dominated reporting ahead of the general elections.

The report said found there has been "an exceptionally limited range of diversity" of reporting on candidates, officials and private media in Burma.

The report, released Friday in Bangkok, says that state television news reported only about key military leaders. On Myawaddy TV, almost 90 percent of news programs focused on Prime Minister Thein Sein. The remainder of the news time featured senior leader Than Shwe.

Watch Daniel Schearf's Companion TV Report









The report said there are severe restrictions on the news media and heavy censorship.

An analyst for MEMO 98, Marek Mracka, says opposition candidates have had limited access to local media.

"Basically there is no information about the candidates. I mean basically the freedom of expression was completely," said Mracka. "Basically there is no information about the candidates. The overall conclusion is that with people in Burma depending on information coming from state media, they really simply have no information to make a choice, unfortunately."

There are more than 3,000 candidates in Sunday's election, from 37 political parties, with 29 million eligible voters. But more than 20 parties, including the leading opposition party, the National League for Democracy, led by Aung an Suu Kyi, were disbanded under tough election laws.

Zaw Win, the MEMO 88 coordinator for Burma, says the limited access to news left many Burmese reliant on foreign radio broadcasters.

"The radio they can listen to, Voice of America, BBC, and Radio Free Asia or Democratic Voice of Burma Radio. Radio is easy to listen, so they can access all the information by radio," said Zaw Win. "For the television is very limited. All the Internet is very limited. You have to go to Internet cafe. Opposition groups' website you cannot access. Access denied all the time."

Reports say Internet access has become increasingly restricted in recent days, and access to many overseas websites denied. The government also refused to issue visas to foreign journalists to cover the elections.

Zaw Win says local journalists face severe consequences for violating the government's rules.

"Inside [Burma] they're going to arrest them if they're Burmese journalists," said Zaw Win. "They are going to arrest and send them to the prison with a heavy sentence. Some journalists are already in prison because they criticise the government."

The Burma support group, Assistance Association for Political Prisoners, says 40 people are incarcerated for media-related activities.

Credit to VOA: http://www.voanews.com/english/news/asia/Burmas-Media-Focus-on-Military-Leaders-Parties-Ahead-of-Election-106757824.html

ဒေါ်အောင်ဆန်းစုကြည်နှင့်ရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်မှုမရှိသော တိုင်းရင်းသားခေါင်းဆောင်များနှင့်အဖွဲ့ချုပ်ရုံး တွင် တွေ့ဆုံ ဆွေးနွေးခြင်း

3:40 AM | Posted by Anonymous
ယနေ့ နေ့လည်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်မှုမရှိသော တိုင်းရင်းသားခေါင်းဆောင်များနှင့်အဖွဲ့ချုပ်ရုံး တွင် တွေ့ဆုံ ဆွေးနွေး မှု ပြုလုပ် ခဲ့သည် ဟုသတင်းရရှိပါသည်။

ဒီချုပ် ပါတီ ဆက်လက်ရပ်တည်ခွင့် အမှုကို လာမယ့် နိုဝင်ဘာ ၁၈ ရက် ကြာသပတေးနေ့မှာ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာမည်

3:36 AM | Posted by Anonymous


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားသူ အနေနဲ့ စွဲဆိုထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဆက်လက်ရပ်တည်ခွင့် အမှုကို လာမယ့် နိုဝင်ဘာ ၁၈ ရက် ကြာသပတေးနေ့မှာ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး လူထုနဲ့အတူတွေ့မြင်ရတဲ့ အားရဖွယ်မြင်ကွင်းပုံရိပ်များ

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ‹အပေါ် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေးက ပြော

12:02 PM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12853

ဒေါ်အောင်ဆန်းစုကြည် ပြည်သူသို့ နှုတ်ခွန်းဆက် မိန့်ခွန်းး (အပြည့်အစုံ)

11:57 AM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12849

“ကြိုဆိုပါ၏” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

11:55 AM | Posted by Anonymous

ရွှေလိုဥတဲ့ အမေစု အောင်ဇေယျတု ဇေယျတု

5:43 AM | Posted by Anonymous
Video of Aung San Suu Kyi released, met by cheering crowd.flv

ဒေါ်အောင်ဆန်းစုကြည် လိုက်ပို့တဲ့ ဘဘဦးလွင် ဇနီး နာရေး မြင်ကွင်းဓာတ်ပုံ

5:42 AM | Posted by Anonymous








၁၂.၁၁.၂၀၁၀ (သောကြာ) နေ့ ည (၉း၀၀) နာရီအချိန်၌ ဘဘဦးလွင်၏ ဇနီးဒေါ်တင်တင်မလေးအသက် (၈၈) နှစ်သည် ဘ၀တပါးသို့ ပြောင်းလဲသွားသည်။

သရုပ်ဆောင် ဦးကျော်သူ ဦးစီးသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၄. ၁၁. ၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှာ ရေဝေးသုဿန်သို့ သယ်ဆောင်သွားခဲ့သည်။

ယင်းဈာပနအခမ်းအနားတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် ဘဘဦးတင်ဦးတို့သည်လည်းဘဘဦးလွင်အား လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားကာ ရေဝေးသုဿန်အထိ လိုက်ပါပို့ဆောင် ပေးခဲ့ပါသည်။

Credit to Irrawaddy: http://www.irrawaddyblog.com/2010/11/blog-post_3363.html

ဒုဗိုလ်ချုပ်ကြီးယွက်စစ် - ပင်လုံကို မပြန်သွားသရွေ့ ယမ်းငွေ့ ဝေနေဦးမည်

4:16 AM | Posted by Anonymous
ဒုဗိုလ်ချုပ်ကြီးယွက်စစ် - ပင်လုံကို မပြန်သွားသရွေ့ ယမ်းငွေ့ ဝေနေဦးမည်
Monday, 15 November 2010 16:31 သျှမ်းသံတော်ဆင့်


ယခုလ ၇ ရက်က တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နဲ့ နအဖစစ်တပ်အကြားတိုက်ပွဲဖြစ်ပွါး ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်း ပြည်တပ်မတော်က သဘော ထားထုတ်ပြန်ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲမှာ DKBA က နအဖအစိုးရကို ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်လိုက်တဲ့စိတ်ဓါတ် ကို အထူးလေးစာဂုဏ်ယူမိကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်တပ်ဖွဲ့ တွေအတွက် စံနမူနာထား အတုယူသင့်ကြောင်း RCSS/SSA ဗဟိုဦးစီးကော်မတီက အဓိကထား ဖော်ပြထားပါတယ်။



ဒေါ်အောင်ဆန်းစုကြည်

တိုးတက်သော ဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် DKBA နဲ့နအဖတို့ရဲ့ မြတီမြို့နဲ့ ဘုရားသုံးဆူမြို့တိုက်ပွဲအပေါ် သဘော ထားထုတ်ပြန် ကြေငြာချက်နဲ့ပါတ်သက်ပြီး သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က -

DKBA ဟာ နအဖနဲ့ ပူးပေါင်းပြီး KNU ကိုတိုက်ခိုက်လာတာ နှစ်ပေါင်းတော်တော်ကြာပါပြီ။ နအဖစစ်အုပ်စုဟာ တိုင်းရင်းသား တွေအပေါ် ရိုးသားမှုမရှိမှန်း သိလာတဲ့ခါကျတော့ DKBA အနေနဲ့ ရဲရဲရင့်ရင့် တိုက်ခိုက် တဲ့အပေါ် ကျနော်တို့ ဂုဏ်ယူတယ်။ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် နအဖစစ်အုပ်စု ဘယ်တုန်းကမှ မရိုးသားဘူးဆိုတာ သင်္ခဏ်းစာရဖို့ အချိန်ရောက်ပြီ။ ဒီတော့တိုင်းရင်းသားတွေပူးပေါင်းဖို့အချိန်တန်ပြီဆိုပြီး DKBA ကို ထောက်ခံ အားပေး တဲ့အနေနဲ့ထုတ် ပြန်လိုက်တာဖြစ်ပါတယ်။

ကြေငြာချက် အပိုဒ် ၃ မှာ စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးရန် အချိန်ကျရောက်ပြီလို့ပါရှိပါတယ်။ ဘယ်လို အနေ အထားနဲ့ ပူးပေါင်းမလဲဆိုတာလဲ သိပါရစေခင်ဗျ။

တိုင်းရင်းသားဆိုရင် ၈ ပြည်နယ်စုပေါင်းထားတဲ့ ပြည်ထောင်စုတိုင်းရင်းသားနဲ့ကျနော်တို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ သျှမ်း၊ ရခိုင် တို့စုပေါင်းဖွဲ့ထားတဲ့ ၆ နိုင်ငံစစ်ရေးမဟာမိတ်အဖွဲ့ ။ နောက်သျှမ်းပြည်တွင်းမှာ ကျန်တဲ့ အခါ၊ ၀ ၊ လားဟူ၊ ပအိုဝ်း စတဲ့ သျှမ်းပြည် တိုင်းရင်း သားတွေ နဲ့ အတူဒီကနေ့ ကျနော်တို့က သျှမ်း ပြည်ကွန်ကရက်ဆိုပြီး ထပ်မံဖွဲ့စည်း ထားပြန်တယ်။ ကျနော်တို့ သျှမ်းပြည်ကွန်ကရက်အနေနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေ ကျနော်တို့နဲ့လာရောက်ပူးပေါင်းပြီး သျှမ်းပြည်တွင်း ပြသနာ အရပ်ရပ်ကို ဖြေရှင်းဖို့ လက်ကမ်းဖိတ်ခေါ်တယ်။

မကြာသေးခင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့ ထပ်မံတွေ့ဆုံတယ်လို့ ကြားသိရပါ တယ်။ သျှမ်းပြည် တပ်မတော်ရော ပါသလားခင်ဗျ။ ဘာတွေ အဓိကထားဆွေး နွေး သွားပါသလဲ။

အဲဒီအကြောင်း ကျနော်တို့ သတင်းကြားရရုံဘဲ။ ကျနော်တို့ အာရ်စီအက်စ်အက်စ် အနေ နဲ့ မပါဝင်ခဲ့ပါဘူး။ ခုန ပြောတဲ့ ကျနော်တို့သျှမ်းပြည်ကွန်ကရက်ကနေ ဘယ်လိုလှုပ်ရှား ဆောင်ရွက်သွားမယ်ဆိုတာ ထပ်မံ ဆွေးနွေးရပါဦးမယ်။ ပြည်ပ တိုင်းရင်းသားတွေက ပြည်ထောင်စုဖွဲ့မယ်ဆိုတာတွေနဲ့ပါတ်သက်ပြီး ကျနော်တို့ရဲ့ စစ်ရေးမဟာမိတ် ၆ ဖွဲ့ အနေနဲ့ ဘယ်ဒေါင့် ကနေ ပါဝင်ထမ်းဆောင်မလဲဆိုတာလဲ ထပ်မံ ဆွေးနွေးရပါမယ်။ ဒီအချက်ကိုကျနော်အဓိကထားလုပ်ဆောင်နေပါတယ်။

ရွေးကောက်ပွဲဆန့်ကျင်တဲ့အနေနဲ့ နအဖစစ်အစိုးရကို DKBA က စစ်မျက်နှာဖွင့် တိုက် ခိုက် တယ်လို့ပြောဆိုနေတဲ့အပေါ် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျ။


ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်

ဒီစစ်ပွဲကတော့ နအဖနဲ့ဒီကေဘီအေတို့အကြား ဖြစ်တဲ့ စစ်ပွဲလို့ကျနော်မြင်တယ်။ ရွေးကောက် ပွဲကာလ နဲ့တိုက်ဆိုင် တဲ့စစ်ပွဲလဲဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြောင်းပြောမယ်ဆိုရင်တော့ မြ၀တီ မှာတင်မဟုတ်ဘူး။ တပြည်လုံးမှာ တရားမျှတမှုကင်းမဲ့တယ်။ ဥပမာ သျှမ်းပြည်မှာဘဲကြည့်လေ။ တရားဝင်ဆိုရင် ကျားဖြူ ပါတီ က အနိုင်ရတယ်။ ဒါပေမယ့် ကြံ့ဖွတ်က မသမာနည်းနဲ့မဲလိမ်တော့ ကျားဖြူက ရှုံးရတယ်။ ဒါပေမယ့် ကြံ့ဖွတ်နိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင်တောင်မှ အရင်ကနဲ့မခြားနားတဲ့ သွေးစွန်းလက် အစိုးရဘဲဖြစ်ပါတယ်။ ပြသနာလဲ အရင်အတိုင်းဘဲရှုပ်နေမှာဘဲ။ ဘာမှထူးခြားလာ မှာမဟုတ်ဘူး။

အရင်က ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မပါလို့မဖြစ်ဘူး ဆိုပြီး အက်စ်အက်စ်အေက ပြောဖူးခဲ့ တယ်ခင်ဗျ။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ် မြောက်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ။

သူမ လွှတ်မြောက်လာတာဟာ လွတ်လပ်မှုအပြည့်နဲ့ လွှတ်မြောက်ခြင်းမဟုတ်ဘူး။ စစ် အစိုးရ (နောက်ကွယ်မှာ) ကန့်သတ် ထားတဲ့စည်းကမ်း ချက် ဘောင်အတွင်းကနေ လွှတ်မြောက်လာ တာဖြစ်လို့သူမယုံကြည်မျှော်လင့်ထားတဲ့ အတိုင်း ပြည်သူတွေအတွက် လွတ် လပ် စွာလှုပ်ရှားခွင့်ရမယ်မထင်ဘူး။ သူမ စစ်အစိုးရရဲ့ မျက်စိဒေါက်ထောက်မှု အောက်မှာ လှုပ်ရှားရ မှာဖြစ်တယ်။ ဆိုတော့ တိုင်းရင်းသားတွေအတွက် သူမဘာတွေစွမ်းဆောင်ပေးမလဲ ဆိုတာလဲ ကျနော် မခန့်မှန်းနိုင်ဘူး။

ကျနော် အဓိကထားပြောချင်တာ ၂ ချက်ရှိတယ်။ ၁- အာရ်စီအက်စ်အက်စ်ရဲ့ ပေါ်လစီ မပြောင်းလဲဘူး။ အမျိုးသား စည်းလုံးညီညွတ်မှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ သျှမ်းပြည်သူလူထုရဲ့ဘ၀ မြှင့်တင်မှု၊ မူးယစ်ဆေးဝါး ကာ ကွယ်တိုက်ဖျက်မှု၊ ငြိမ်းချမ်းမှု ဆိုတဲ့ ၆ ရပ်အပေါ်မှာအမြဲတမ်း ရပ်တည်ပါတယ်။ နအဖကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို မျက်လှည့်တဲ့ ရွေးကောက်ပွဲဘဲဖြစ် တယ်။ သူတို့လုပ်ခဲ့တဲ့အပြစ်တွေကို ဆေးကြောပြတဲ့ သဘောဘဲဖြစ်တယ်။ သူတို့အစိုးရ ဖြစ်လာခဲ့သည့်တိုင်အောင် ၀တ်စုံပြောင်းပေမယ့် အတွင်းစိတ်သဏ္ဍာန်လုံးဝမပြောင်းတဲ့ အစိုးရဖြစ်တယ်။ ခုနပြောတဲ့ အတိုင်း သွေးစွန်းလက်နဲ့အစိုးရဘဲဖြစ်တယ်။ ပြည်တွင်းရေး ပြသနာ လုံးဝဖြေရှင်းနိုင်မှာ မဟုတ် ဘူး။ ပြသနာအရပ်ရပ်ကိုဖြေရှင်း ချင်တယ်ဆိုရင် ၁၉၄၇ ပင်လုံစာချုပ်ကိုပြန်ကိုင်ရမှာ (ဖေါ်ထုတ်လိုက်နာကျင့်သုံးရမှာ) ဖြစ်တယ်။

၂- သူတို့အစိုးရဖွဲ့ပြီးခဲ့ရင်လဲ ဥပဒေအရ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကို အစိုးရသစ် က သွားပြီးတွေ့ဆုံ ဆွေးနွေးရမယ်။ အတူတကွအစိုးရဖွဲ့စည်းထူထောင်ဖို့ဆွေးနွေးရမယ်။ ဒီလိုမဟုတ်ဘဲ စစ်ရေးနဲ့ပြသနာကိုဖြေရှင်း သွားမယ်ဆိုရင် လက်နက် ကိုင်တပ်ဖွဲ့ အားလုံး ပူးပေါင်းလက်တွဲခုခံဖို့ အချိန်တန်ပြီ။ နို့မဟုတ်ရင် အကုန်လုံးကို ကိုးကန့်လိုမျိုး တဖွဲ့ပြီးတဖွဲ့ သူ ရှင်းလင်းပစ်လိမ့်မယ်။ အပစ်ရပ်လာတာလဲ နှစ် ၂၀ ကျော်ပြီ။ ခုထိ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့စကားဝိုင်းဘာမှမရှိ သေးဘူး။ အခုရွေးကောက်ပွဲအတိုင်း လာမယ့်အစိုးရသစ်ကိုစောင့်နေရင် တော့ ကျနော်တို့ တိုင်းပြည်ဟာ အေးချမ်းလာမှာထက် အရင် ကထက်ပိုဆိုးတဲ့အခြေအနေ ဖြစ်လာမှာဘဲစိုးရိမ်ရတယ်။

နောက်တခု ကျနော်တို့ပြည်တွင်းရေး ပြသနာတခုဖြစ်တဲ့ မူးယစ်ဆေးဝါးကိစ္စ။ အခု လွှတ် တော်အမတ်လောင်းအချို့ဟာ ခေတ်သစ်မူးယစ်ရာဇာသတ်မှတ်ခံရသူတွေဖြစ်တယ်။ ဆိုတော့ ဒီပြသနာကိုဘယ်လိုလုပ် ဖြေရှင်းနိုင်တော့မလဲ။

၁၉၄၇ ပင်လုံကိုပြန်သွားရမယ်ဆိုတဲ့ကိစ္စ တချက်လောက်ထပ်မေးပါရစေခင်ဗျ။ ဒီကိုပြန်သွားဖို့ စစ်အစိုးရအနေနဲ့ ဘယ်လို လျှော့ပေးသင့်သလဲ၊ တိုင်းရင်းသားပြည်သူလူထုအနေနဲ့ ဘယ်လောက်အထိ ကြိုးစားသင့်သလဲ ဆိုတာ ပြောပြပေးပါဦး ခင်ဗျ။

ပြည်ထောင်စုမြန်မာနိုင်ငံဆိုရင် ပြည် နယ်က အဓိက ဖြစ်သင့်တယ်။ အစိုးရတရပ်ဖြစ်ဖို့က ဗမာအပါအ၀င် တိုင်းရင်းသား လူမျိုး တိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသင့်တယ်။ ပင်လုံစာချုပ်အချက် ၉ ချက်ထဲမှာ“ ဗမာပြည် အစိုးရဟာ တောင်တန်း ဒေသအစိုး ရထဲဝင်ရောက်စွက်ဖက်ခြယ်လှယ်မှု လုံးဝ မရှိစေရ” ဆိုတာပါတယ်။ ပင်လုံကို မပြန်သွားသေးသရွေ့ မြန်မာပြည် ယမ်းငွေ့ ဝေနေဦးမှာဘဲ။ တိုင်းရင်းသားလက်နက်ကိုင် တပ်တိုင်းမှာ သူ့ပြည်နယ်လွတ်လပ်ခွင့်အတွက် ရည်မှန်းချက် ရှိခဲ့ပြီးသားဘဲ။ ဆိုတော့ရည်မှန်း ချက်ပန်းတိုင်မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်မှာ မလွဲဘူးလေ။

Credit to သျှမ်းသံတော်ဆင့် : http://www.mongloi.org/burmese/interview/2010-03-11-09-40-23/1260-2010-11-15-09-44-56

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း (၂၀၁၀ နိုဝင်ဘာ ၁၄ ရက်၊ ရန်ကုန်မြို့) (အသံဖိုင်)

4:04 AM | Posted by Anonymous

ပြည်သူကို အကျယ်ချုပ်မချပါနဲ့ – လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

4:01 AM | Posted by Anonymous

ပြည်သူကို အကျယ်ချုပ်မချပါနဲ့ – လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက်)

“သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတတွ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ဲ့ချိန်မှာ လုံခြုံရေးသမားကျေမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

ီDaw Aung San Suu Kyi

“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့မခံချင်ဘူး ဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။
အမှားအမှန်က တချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိန်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမှ မုန်းတီးတာမရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့နိုင်ငံ တိုးတက်မယ်။ ကျမနိုင်ငံ တိုးတက်တာ၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့အပိုပဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ပဲ ပြောမယ်။ ကျမတို့ပြည်သူက လက်ဖြန့်ပြီး တောင်းမှာမဟုတ်ဘူးလို့ ကျမသိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာ ဖြစ်တယ်။ ”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမအမြဲယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ် အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့အင်အားကို စနစ်တကျ သုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင်လုပ်ကြမှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ရမယ်။ အကောာင်းဆုံး နည်းလမ်းကို ရှာရမယ်။ ”

“ကျမရဲ့လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဇူးတင်တယ်။ ကျမကိုယ် ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမယ့် ကျမကို အကျယ်ချုပ်ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ်မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်။ ”

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကောင်းတာတွေချည်းလုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာမဟုတ်တော့ပါဘူး။”

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်။ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်။ ”

× × × × ×

သတင်းရင်းမြစ် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

The SPDC - Than Shwe (Burmese political song)

3:59 AM | Posted by Anonymous
ပေါတာကြီးကို ဂုဏ်ပြုတဲ့ သီချင်း
ယူကျုမှာ ရှိ။
ဘယ်သူ ဖန်တီးမှန်း မသိ။

စာသားတွေကတော့ အရမ်း၊ အရမ်း လန်းတယ်။
ပြုံးချင်၊ ရယ်ချင်သူတွေကို ဒီသီချင်း ပေးနားထောင်သင့်တယ်။
ကာယကံရှင် ပေါတာကြီးတောင် တဟားဟား တဟီးဟီး ဖြစ်သွားနိုင်တယ်။

ပရင့်အောက်ပြီး ကပ်ထားဖို့  Mr. Creator ဆီက လာတဲ့ ပုံ

3:57 AM | Posted by Anonymous


email နဲ့  ဖြန့် နေကြတဲ့ Mr. Creator ရဲ့ လက်သံပြောင်ချက်။
သူက ပေါတာကြီးကို ဓာတ်ကျနေတာ ကြာပြီ။
မကြာခဏ အစွမ်းပြ ဖန်တီးလေ့ ရှိတယ်။

ဒီရဲ့ နောက်ဆုံးပေါ် ဖန်တီးမှုက ရွေးကောက်ပွဲအပြီး ဂုဏ်ပြု ဖြန့်ဝေတာ ဖြစ်မယ်လို့ ယူဆရတယ်။
ရွေးကောက်ပွဲ အခြေအနေကိုလည်း ကွက်တိ ထင်ဟပ်နေတယ်။

ပုံကို နောက်တခါ ထပ်အကြည့်မှာ မထင်မရှား ရေးထားတဲ့ဟာ တွေ့ရတယ်။ အဲဒါက သိပ်မသင့်တော်လို့  ထင်ပါရဲ့  ဖန်တီးသူက ကိုယ်တိုင် ဆင်ဆာ ဖြတ်ထားတယ် အနည်းငယ်။

ဒီပုံကို ပုံကြီး ချဲ့ပြီး မြန်မာပြည်က ရုံးတိုင်းမှာ ကပ်ထားရင် နိုင်ငံ့ဝန်ထမ်းတွေ အသက်ရှည်မယ်။
ရယ်သောသူ အသက်ရှည်၏လို့ ဆိုစကား ရှိတယ် မဟုတ်လား။

အမှန်တကယ် ရယ်ရတဲ့ ပုံတွေ Mr. Creator ဖန်တီးနိုင်ပါစေ။
:D

Credit to Irrawaddy: http://www.irrawaddyblog.com/2010/11/mr-creator.html

VOA: ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ

Sunday, November 14, 2010 8:11 PM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး လူထုနဲ့အတူတွေ့မြင်ရတဲ့ အားရဖွယ်မြင်ကွင်းပုံရိပ်များ

11:46 AM | Posted by Anonymous

ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက ကောက်နှုတ်ချက်

11:40 AM | Posted by Anonymous
ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။


နေအိမ်အကျယ်ချုပ်က မနေ့ကမှ လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောဆိုရင်း လူထုရဲ့ အသံကို တိုက်ရိုက် ကြားလိုတဲ့အကြောင်း ဒီနေ့ ပြောဆိုလိုက်ပါတယ်။ သူမ ပြန်လွတ်လာပြီး ပထမဆုံး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဲဒီလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ကျမတို့က ဒီမိုကရေစီ လိုအားတဲ့ အုပ်စု အဖွဲ့တွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပဲ။ ဒါ ကျမတို့ရဲ့ အရင်တုန်းက မူဝါဒ အတိုင်းပဲ။ အခုလည်း ဒီမူဝါဒ အတိုင်းပါပဲ။”

လောလောဆယ် ထိုင်း၊ မြန်မာ နယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထား အမြင်ကို အခုလို ပြောပြပါတယ်။

“တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာကတော့ ဘာများ စိတ်ချမ်းသာစရာ ရှိလဲ။ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာကြောင့် ကျမတို့ အားလုံးအတွက် စိုးရိမ်စရာပေါ့၊ စိတ်မကောင်းစရာပေါ့။ ဒီလိုဟာမျိုးတွေက မဖြစ်သင့်ဘူးလေ။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူမှုရေး လုပ်ငန်းတွေကို အာရုံစိုက် လုပ်တော့မယ် ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ရှင်းလင်း ပြောဆိုသွားပါတယ်။

“NGO ဖွဲ့မယ်လို့လည်း တခါမှ မပြောခဲ့ဘူး။ ကျမတို့ပြောတာက လူမှုဝန်ထမ်း အလုပ်တွေ လုပ်ဖို့ လိုနေပြီ။ လူမှုဝန်ထမ်း အလုပ်ဆိုတာ နိုင်ငံရေးနဲ့ ခွဲခြားလို့ မရဘူး။ အခုအချိန်မှာဆိုရင် ကျမတို့ ပြည်သူတွေက အင်မတန်မှ လိုအပ်နေတယ်။ စီးပွားရေးတွေလည်း ဒုက္ခရောက်နေတယ်၊ အကူအညီ လိုနေတယ်။ အဲဒီ လိုနေတဲ့ လူတွေရဲ့ အကူအညီကို ပေးနိုင်သလောက် ပေးဖို့ပဲ။ အဲဒါတွေက အခုမှ လုပ်တာ မဟုတ်ဘူးနော်။ ၁၉၉၅ ခုနှစ်ကတည်းက စပြီးတော့ လူမှုဝန်ထမ်း အလုပ်တွေကို လုပ်ခဲ့တာ။”

နိုင်ငံခြား သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုရာမှာ လူထုနဲ့ အဆက်ပြတ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံလိုတယ်လို့ အင်္ဂလိပ်လို အခုလို ဖြေရှင်းပါတယ်။

“လူထုရဲ့အသံကို နားထောင်ရင်းနဲ့ လေ့လာနေတာပါ။ ဒါပေမဲ့ အထဲမှာ နေရတော့ လူထုရဲ့အသံကို တိုက်ရိုက်ကြားရဖို့ သိပ်ကို ခက်ခဲလှပါတယ်။ လူထုတွေရဲ့ အသံတွေကို ကြားရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က သူတို့ဆီကို စာရေးဖို့ အားပေးလိုတယ်လို့ ပြောပါတယ်။ လူထုအနေနဲ့ ဘာဖြစ်ချင်သလဲ၊ ဘာတွေ လုပ်စေချင်သလဲ ဆိုတာကို စာရေးပေးကြပါ၊ တချို့က ဆန္ဒတွေ ရှိနေပေမဲ့ လက်တွေ့မှာ ဖြစ်ချင်မှ ဖြစ်မှာပါ။

“ဒါပေမဲ့ သူတို့တွေ အားကျလာအောင်၊ မျှော်လင့်ချက်တွေ ပေးနိုင်အောင် လူထုရဲ့ အသံတွေကိုလည်း ကြားလိုပါတယ်။ လူထုရဲ့ အသံကို နားထောင်မှ ဖြစ်မှာပါလို့ ပြောပါတယ်။ ၆ နှစ်အတွင်းမှာ ရေဒီယိုကိုပဲ နားထောင်ခဲ့ရပြီး အခု လူတွေ ဘယ်လိုပြောတယ် ဆိုတာကို သူ နားထောင်ချင်တဲ့ ဆန္ဒ ရှိပါတယ်လို့ ပြောဆိုသွားပါတယ်။”

ဆက်လက်ပြီး မြန်မာပြည်အပေါ်မှာ သြဇာ အလွှမ်းမိုးဆုံးလို့ ယူဆကြတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အပေါ်မှာရော ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ သဘောထားပါသလဲ။

“တရုတ်နိုင်ငံကို ရန်သူလို သဘောမထားပါဘူး။ ဒီမိုကရေစီကို အမှန်တကယ် လိုချင်တဲ့သူတွေ အနေနဲ့ တရုတ်နိုင်ငံကို ရန်သူရယ်လို့ မရှုမြင်စေလိုပါဘူး။ တရုတ်နဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းတွေ ဖြစ်ပါတယ်။ ဒီကမ္ဘာကြီး တည်ရှိနေသရွေ့ တရုတ်နဲ့ မြန်မာနိုင်ငံဟာလည်း အိမ်နီးချင်းတွေအဖြစ် ရပ်တည်သွားမှာပါ။ ဒါကြောင့် အိမ်နီးချင်းကောင်း ပီသစွာ ဆက်ဆံသွားကြရမှာ ဖြစ်တယ်။” လို့ ပြောဆိုသွားပါတယ်။

ဆက်လက်ပြီး NLD ပါတီ တခုတည်းကပဲ နိုင်ငံကို လွှမ်းမိုးအုပ်ချုပ်တာ၊ ပါတီတခုတည်းက တပါတီစနစ်နဲ့ အုပ်ချုပ်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို သုံးသပ်သွားပါတယ်။

“တပါတီတည်းက နိုင်ငံအာဏာ ထိန်းချုပ်ထားတာ ဒီမိုကရေစီစနစ်လို့ မယူဆပါဘူး။ ဒီလိုပါပဲ၊ ပါတီတခုအတွင်းမှာလည်း လူတဦး တယောက်က ထိန်းချုပ်ထားတာက ဒီမိုကရေစီလို့ မယူဆပါဘူး။ ထိထိရောက်ရောက် မလုပ်ကိုင်နိုင်ဘဲ နိုင်ငံအတွက် ဘယ်လို ဒီမိုကရေစီမျိုးကို ဆောင်ကြဉ်းပေးနိုင်မှာပါလဲ။ NLD ပါတီကိုလည်း သူတယောက်တည်းနဲ့ ဘယ်တော့မှ ထိန်းချုပ်သွားမှာ မဟုတ်ဘူး။” လို့ ပြောဆိုသွားပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်မပြိုင်ဘို့ ဆုံးဖြတ်ချက် ချတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ရှင်းပြပါတယ်။

“ပထမဆုံး အချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ မယုံကြည်လို့ပါပဲ။ ဒုတိယ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲကို လူထုက တခဲနက် ထောက်ခံထားပြီး ၀ါကျလေး တကြောင်းတည်းနဲ့ ဖျက်သိမ်းလိုက်တာကြောင့် ဖြစ်ပါတယ်။ တတိယ အချက်ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် အရာရာကို စွန့်လွှတ် အနစ်နာခံပြီး အကျဉ်းကျခံနေကြတဲ့ ကျမတို့ရဲ့ ရဲဘော် ရဲဘက်တွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မယူဆတဲ့အတွက် NLD ရွေးကောက်ပွဲကို မ၀င်ခဲ့တာ ဖြစ်ပါတယ်။” လို့ ရှင်းလင်း ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက ကောက်နှုတ် တင်ပြခဲ့တာ ဖြစ်ပါတယ်။


Credit to VOA - Burmese: http://www.voanews.com/burmese/news/dassk-press-conference-107945279.html

ဒီကေဘီအေဗိုလ်မှူးကြီး စောလားပွယ် သတင်းစကား

9:47 AM | Posted by Anonymous

“မတရားမှုတွေကြောင့် တရားသော စစ်ကို ဆင်နွှဲရပြီဖြစ်တယ်။ ဗမာလူမျိုးအများစု အ ပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်းတော်လှန်ဆောင်ရွက်မှ ကျ နော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။ ကျနော်တို့နဲ့အတူတူ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရား ကို မြတ်နိုးတဲ့ တပ်မတော်သားများလည်း အမိမြေရဲ့နေရာအနှံ့က ပူးပေါင်းပါဝင်ကြပါ လို့ ဖိတ်ခေါ်ပါတယ်” (ဒီကေဘီအေဗိုလ်မှူးကြီး စောလားပွယ်)

အန်လယ်ဒီ ဌာနချုပ် မှာ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းခွေ

7:29 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲက ၀မ်းသာစရာ ဖြစ်ရပ်ကလေးပါ

7:27 AM | Posted by Anonymous
အမေစု------ မြန်မာ ပြည်သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သည်းငြီးခံတတ်ကြတယ်... ဟုတ်တယ်မလား...



ပြည်သူများ---- ဟုတ်ပါတယ်.....



အမေစု---- တကယ်ရော ဟုတ်ရဲ့လာ....



ပြည်သူများ---- ဟုတ်ပါတယ်....



အမေစု---- ဒါဆိုစမ်းကြည့်ရမလား....



ပြည်သူများ---- စမ်းကြည့်ပါ....



အမေစု--- ဒါဆိုရင် စမ်းမယ်နော်.... ဒီရှေ့က(စင်ရှေ့က)လူတွေက ကျမအသံကို ထိုင်ပြီးတော်တော်လဲ နားထောင်ပြီးသွားပါပြီ.. ဟိုးဘက်(ရွှေဂုံတိုင်ဘက်ခြမ်း)ကလူတွေရယ် နောက်က လူတွေရယ်က မတ်တပ်ရပ်နေရတာ တော်တော်ကြာပါပြီ သည်းငြီးခံနိုင်တယ် ဆိုရင် ဒီရှေ့က လူတွေက အဲဒီလူတွေနဲ့ နေရာလဲပေးလိုက်ပါလား.....



အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ....အမေစု အဲလိုဘဲ ပြောလိုက်ရော...ချက်ခြင်းဘဲ ရှေ့ကလူတွေက ထပြီး နောက်ကလူတွေနဲ့ နေရာလဲပေးကြတာဗျာ.... အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ...

ထောင်သောင်းချီနေတဲ့ လူအုပ်ကြီးအာ ချက်ချင်း နေရာလဲပေးကြတာဗျာ...

အံ့သြဖို့ ကောင်းလိုက်တာ....



ဒါဘဲဗျ.... ခေါင်းဆောင်ကောင်းဆိုတာ...လူတွေရဲ့ ရင်ထဲမှာ ခေါင်းဆောင်လို့ သတ်မှတ်ထားရင် သေနတ်ပြပြီးအုပ်ချုပ်နေစရာမလိုဘူး.... ထောင်နဲ့ခြောက်ပြီးလဲအုပ်ချုပ်နေစရာမလိုဘူး...

စကားလေး တစ်ခွန်းပြောပြီး ညင်ညင်သာသာခိုင်းရုံနဲ့ လူတွေက လိုက်လုပ်ပြီးသားဘဲဗျ...

လေးစားဖို့ကောင်းလိုက်တာဗျာ.... 





ဟောပြောပွဲသို့ ကိုယ်တိုင်သွားရောက်နားထောင်လာသော သောကြာကောင်ကောင် ၏ message အားပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ပေးပို့သူ သောကြာကောင်ကောင် အားအထူးပင်ကျေးဇူးတင်ရှိပါသည်။

အသုဘပို့သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်

7:16 AM | Posted by Anonymous
Sunday, November 14, 2010
အသုဘပို့သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်
လူတွေက အများကြီးပဲ၊ ပြည်တွင်က ဂျာနယ်တွေကလည်း လာကြတယ်၊ လူတွေသိပ်တိုးတယ်၊ လက်ခုပ်တွေတီးကြ ဒေါ်စုကျန်းမာပါစေအော်ကြ တခြားမသာ ပို့လာတဲ့သူတွေလဲ
အဲဒီကိုရောက်လာကြတယ်။

ဦးလွင်မိန်းမရဲ့အလောင်းကားကို ကျော်သူမောင်းလာတယ်၊ အလောင်းကားဝင်လာပီး ခဏကြာတော့
ဒေါ်စုကားဝင်လာတယ်၊ လူတွေ က၀ုန်းဆိုအုံခဲသွားတယ်၊ ဒေါ်စု ကားထဲကတော်တော်နဲ့ထွက်မရဘူး
ကာပေးထားတဲ့ အန်အယ်ဒီတွေလဲ မနိုင်မနင်းဖြစ်သွားတယ်။

ကားထဲကထွက်လာတော့ လူတွေဝိုင်းအော်ကြ လက်ခုပ်တီးကြလုပ်တယ်၊ ဒါ နာရေးဖြစ်လို့ အဲလိုတွေမလုပ်ဖို့ စဉ်းကမ်းရှိကြဖို့ ပြောပေမဲ့ မရဘူး။

ဒေါ်စုက အခေါင်းနဲ့ အတူလိုက်သွားပီး မီးစက်ထဲအထိလိုက်ဝင်သွားတယ် တံခါးကိုပိတ်လိုက်တယ်၊ တစ်ချို့လူတွေက အဲဒါဘာလုပ်တာလဲကွ တို့ဘာတို့ အော်ကြတယ်။ တံခါးပိတ်လိုက်တာကိုး အပြင်သံစကာတံခါးပါပိတ်လိုက်တာ မစိုးရိမ်ကြပါနဲ့ ခဏနေပြန်ထွက်လာမှာပါလို့ပြန်အော်ကြတယ်
လူစုက သံတံခါးနားမှာ ကြိတ်ကြိတ်တိုးသွားတယ်၊

ပြန်ထွက်လာတော့ ခုဏကထက်ပိုပီး တိုးခွေ့ကြတယ်၊ ဒေါ်စုကို မနဲ ကာပေးထားကြရတယ်၊ ပီးတော့ကားထဲကိုတစ်ခါထဲပြန်ဝင်သွားတယ်၊ ကားကထွက်သွားပီး လမ်းပေါ်ရောက်ရောက်ချင်း ကိုက်ငါးဆယ်လောက်ဘဲမောင်းရသေးတယ်၊ လမ်းပြန်ပိတ်သွားတယ်၊ ဒေါ်စုကားက ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတယ်၊ ဆယ်မိနစ်လောက်အဲနားမှာ ဒီတိုင်းဖြစ်နေတယ်၊ လူတွေက ကားနားကို ပြန်အုံလာကြပြန်တယ်၊ ဒေါ်စုက ကားထဲကနေလူတွေထဲကို လက်ပြန်ပြတယ်။

လူတွေကလက်ခုပ်တွေ ၀ိုင်းတီးကြပြန်တယ်၊ ကားကိုဝိုင်းကာထားတဲ့ အန်အယ်ဒီ ၀ိုင်းသားတွေကတော့ လမ်းဖယ်ပေးကြပါ၊ နောက်တော့ အိမ်မှာလာကြည့်လဲရပါတယ်လို့ ပြန်အော်ပြောနေရတယ်။

နောက်တော့မှလမ်းနဲနဲရှင်းလို့ရသွားပီး ကားကဖြည်းဖြည်းချင်းပြန်ထွက်သွားရတယ်၊ ပြန်အထွက် လမ်းတစ်လျှောက်လုံးမှာလဲ လူတွေဘယ်က ဘယ်လိုသတင်းရသွားလဲမသိ၊ လမ်းဘေး တစ်ဘက်တစ်ချက်မှာရပ်ပီး လက်ပြနှုတ်ဆက်နေတဲ့လူအုပ်တွေရှိနေပြန်တယ်

တစ်ချို့သုံးသပ်ကြတယ်၊ ရေဝေးကအခြေအနေမျိုးက ဒေါ်စုအတွက်အန်ဒရာယ်ရှိတယ်လို့
ဘယ်သူဘယ်ဝါမှန်း မသိရတဲ့လူမျိုးလဲ အနားအထိကပ်သွားလို့ရတဲ့ အခြေအနေမျိုးရှိနေတာကိုး။

ဒီလိုနေရာမျိုးကို မလာသင့်ဘူးလို့ တစ်ချို့သုံးသပ်ကြတယ်၊ လူတွေကို လုံးဝထိမ်းလို့မရတဲ့ အခြေအနေမျိုး
ဖြစ်လာနိုင်တယ်လေ၊ အသုဘပို့ရောက်လာတဲ့ အခြားကားတွေ လမ်းပိတ်သွားတာတွေ့တယ်၊
ကျေနပ်ဖို့ကောင်းပေမယ့် စိုးရိမ်ရတယ်လို့ သုံးသပ်တဲ့လူလဲရှိတယ်။

Credit to Irrawaddy: http://www.irrawaddyblog.com/2010/11/blog-post_5317.html

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့အတွက် ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလဘွယ် ကြိုဆို

1:41 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည် ယနေ့အစီအစဉ်များ

1:11 AM | Posted by Anonymous
ဒေါ်အောင်ဆန်းစုကြည် မနက် ၁၀ နာရီက သံအမတ်များနှင့်တွေ့ဆုံတယ်။ ပြီးတော့ ၁၂နာရီတိတိတွင် အန်အယ်ဒီ အဖွဲ့သားများနှင့် တွေ့တယ်။ နေ့လည် ၂နာရီတွင် သတင်းဌာနများနှင့်တွေ့ပြီး နေ့လည် ၃နာရီတွင် ဦးလွင်၏ ဇနီးဈာပန အခမ်းအနား ရေဝေးသို့ သွားရောက်ပို့ဆောင်လိမ့်မည်လို့ သတင်းရရှိပါတယ်။