လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ် ပြည်သူလူထုမှ သောင်းသောင်းဖြဖြကြိုဆို (ဓာတ်ပုံ)

Saturday, August 13, 2011 10:46 PM | Posted by Anonymous

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ် ပြည်သူလူထုမှ သောင်းသောင်းဖြဖြကြိုဆို (ဓာတ်ပုံ)

ပဲခူးမြို့ကျက်သရေဆောင် ရွှေမောဓော စေတီတော် မြတ်ကြီးအား ဖူးမျှော်စဉ်..
အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲမှာ မေမေစုကို ချစ်တယ် ဆိုတဲ့ ပိုစတာများနဲ့ ကြိုဆိုကြပါတယ်..
ဓာတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုပါရန်...
ဓာတ်ပုံ AP

ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)

9:20 PM | Posted by Anonymous

ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)

သြဂုတ် ၁၃၊ ၂၀၁၁


၂၀၁၁ နွေရာသီတွင်သို့ ရောက်လာသည်နှင့် တပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည်တောက်လောင်ခဲ့ပေသည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုများပြား ပိုမိုပြင်းထန်လာခဲ့သည်။ အသက်များစွာ အသက်များစွာ သေဆုံးရကြောင်းလည်း သိရသည်။


ဤပြည်တွင်းစစ်မီးသည် ပို၍ပြင်းထန်၊ ပို၍ကျယ်ပြန့်၊ ပို၍အသက်သေကြေ၊ ပို၍ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ် စိုးရိမ်လာကြရသည်။

သေဆုံးကြရသူများမှာ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြသည်။ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီး ဆုံးရှုံးရသည်မှာလည်း ဤနိုင်ငံနှင့် ဤနိုင်ငံသားများ၏ အိုး - အိမ် - ပစ္စည်း - ဥစ္စာ များသာ ဖြစ်သည်။
ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်၊ ဆုံးရှုံးရသမျှ အိုး - အိမ် - ပစ္စည်း - ဥစ္စာတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အသွေးအသားများသာဖြစ်သည်။

ထိုဆုံးရှုံးမှုများကို ဆက်၍မခံကြရစေရန် အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်စဲကြဖို့ မလုပ်မဖြစ် လိုအပ်နေပြီ။

ထို့ကြောင့် သက်ဆိုင်ရာအားလုံးတို့သည် -

၁။ ချက်ချင်း အပစ်အခတ်ရပ်စဲကြရန်

၂။ တွေ့ဆုံဆွေးနွေး၍ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန်

အလေးအနက် ပန်ကြားမေတ္တာရပ်ခံပါသည်။

ငြိမ်းချမ်းရေးဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ်အရပ်ရပ် လုပ်ကိုင်ကြပါရန် ပြည်သူအပေါင်းတို့အားလည်း လေးစားစွာ ပန်ကြားလိုက်ပါသည်။

(ကျည်ဆန်ခြုံ၍ မလုံ . . . မေတ္တာခြုံမှ လုံလိမ့်မည်။)

ဒဂုန်တာရာ
၇. ၈. ၂၀၁၁၊ အောင်ပန်းမြို့၊ ရှမ်းရဋ္ဌ

အညတရအကျဉ်းသားရဟန်းတော်များ (၂) - ဦးပညာသီရိ

9:19 PM | Posted by Anonymous
အညတရအကျဉ်းသားရဟန်းတော်များ (၂) - ဦးပညာသီရိ
အရှင်ပညာနန္ဒ
ဇူလိုင် ၃၁၊ ၂၀၁၁




ခုအချိန်မှာ မင်းဟာ ငါတို့လက်ခုပ်ထဲကရေဖြစ်နေပြီ။ ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ် အဖြစ်မှန်ကိုမပြောဘူးဆိုရင် ရာထူးပြုတ်ချင် ပြုတ်ပစေ။ ဒဏ်ရာမပေါ်ဘဲနဲ့ သတ်တဲ့နည်းတွေ ငါတို့မှာအများကြီးရှိတယ်လို့ပြောပြီး စစ်ကြောရေးစခန်းမှာ ခြိမ်းခြောက်ခံရတဲ့ ဦးပညာသီရီဟာ ချင်းပြည်နယ် လင်တန် ရဲဘက်အလုပ်ကြမ်းစခန်းကနေ သက်စွန့်ဆံဖျား ထွက်ပြေးလွတ်မြောက်လာတဲ့ ရဟန်း တော်တပါးဖြစ်ပါတယ်။ စက်တင်ဘာအရေးအခင်းကာလက သံဃတပ်ပေါင်းစုအဖွဲ့ကြီး ကိုဦးဆောင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ ခေါင်း ဆောင် ဆရာတော်လည်းဖြစ်ပါတယ်

ရွှေဝါရောင်အရေးအခင်းမဖြစ်ခင်ကမန္တလေး ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်ကျောင်းတိုက်မှာ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခမဲ့ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီးပညာသင်ကြားပေးနေတာပါ။

ရွှေဝါရောင်အရေးအခင်းမှာပါဝင်ခဲ့ပုံနဲ့ သူအဖမ်းခဲ့ရပုံကို အခုလိုပြောပြပါတယ်။


ရွှေဝါရောင်အရေးအခင်းဖြစ်တော့ တပည့်တော်သံဃတပ်ပေါင်းစု ခေါင်းဆောင်ဆရာတော်တွေဖြစ်ကြတဲ့ ဦးသြဘာသ၊ ဦးဂမ္ဘီရ၊ ဦးဣ ဿရိယ (King Zezo) ဦးခေမိန္ဒ၊ ဦးတေဇ၊ ပြီးတော့ ဒကာကြီးဦးလင်းတို့နဲ့အတူ နီးနီးကပ်ကပ်အလုပ်လုပ်ခဲ့ပါတယ်။ ရွှေဝါရောင်တော် လှန်ရေးအပြီးမှာ သံဃာ့တပ်ပေါင်းစုက ကိုယ်တော်တွေကိုစစ်အစိုးရက လိုက်ဖမ်းတဲ့အချိန်မှာ ဦးဆောင်ဆရာတော်တွေဟာနေရာ ဒေသ အသီးသီးမှာ ရှောင်တိမ်းနေရတယ်။ အဲဒီလိုရှောင်တိမ်းချိန်မှာ တပည့်တော်နေတဲ့ကျောင်းကို စရဖ (စစ်ဘက်လုံခြုံရေးတပ်)၊ ကြံ့ခိုင်ရေး၊ ရဲတို့က ၃ ကြိမ်လောက် လာရောက်စီးနှင်းရှာဖွေခဲ့တယ်။ လာရှာတဲ့အချိန်မှာ တပည့်တော်အပြင်ကိုရောက်နေတယ်။ ဒီသတင်းတွေကြား တော့ တပည့်တော် မုံရွာမြို့ကို ရှောင်တိမ်းခဲ့ပါတယ်။

အောက်တိုဘာက (၁၈) ရက်နေ့၊ ည (၇) နာရီလောက် ရှိမယ် ထင်ပါတယ်။ မုံရွာမြို့က soft link internet café မှာ သံဃတပ်ပေါင်းစု ဆရာတော်တွေနဲ့ အဆက်အသွယ်လုပ်နေတုန်း လုံထိန်းတွေနဲ့ စစ်သားသုံးဆယ်ဝန်းကျင်လောက်က အင်တာနက်ဆိုင်ကိုဝိုင်းထားပြီး မေးစရာရှိလို့ ရဲစခန်းခဏ လိုက်ခဲ့ပါပြောပြီး အဖမ်းခံရတာပါဘဲဘုရားလို့ ပြောပြပါတယ်။

စစ်ကြောရေးမှာ ဘာတွေမေးလဲဘုရား။ ကြုံတွေ့ခဲ့ရတာလေးတွေလည်းပြောပါအုံးဆိုတော့ ... သက်ပြင်းရှည်ကြီးတချက်ချလိုက်ပြီး

မေးခွန်းတွေကတော့ အများကြီးဘဲဘုရား။ သံဃတပ်ပေါင်းစုကဆရာတော်တွေ ဘယ်မှာရှိသလဲ။ ဦးဂမ္ဘီရတို့၊ ဦးသြဘာသတို့ ဘယ်မှာ နေသလဲ။ ရွှေဝါရောင်မှာပါဝင်ခဲ့တဲ့ ဆရာတော်တွေထဲကဘယ်ဘုန်းကြီးတွေသိသလဲမေးတယ်။ နောက်ပြီး ၈၈ ကျောင်းသားအုပ်စုကို သိလား။ သူတို့နဲ့ အဆက်အသွယ်ရလား။ NLD ပါတီက ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ။ ဘယ်သူတွေ သိလဲမေးတယ်။ ဘယ်သူ တွေနဲ့မှ မသိပါဘူး။ အဆက်အသွယ်လည်း မရှိပါဘူးဆိုပြီးဖြေလိုက်တယ်။ ငါတို့က အချက်အလက်တွေရပြီးသား။ မင်းဗကသလား။ ဗကပလားဆိုပြီးတော့ မေးပြီး အတင်းဝန်ခံခိုင်းတယ်။ သူတို့နဲ့တွေ့မှ တပည့်တော်လည်း ကွန်မြူနစ်ဖြစ်တော့တာပဲ ဘုရားလို့ ရယ်ရယ်မော မောနဲ့ ပြောပြပါတယ်။

စစ်ကြောရေးမှာ အဆိုးဆုံးကတော့ စရဖအရာရှိ ကိုကိုအောင်ရယ်၊ ဦးစန်းဝင်းရယ်က တပည့်တော်ရင်ဘတ်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်တယ်။ မျက်နှာကို စစ်ဖိနပ်နဲ့ပေါက်တယ်။ နောက်ပြန် လက်ထိပ်ခတ်ထားတယ်။ မေးခွန်းတခုမေးတိုင်း နားရင်းပါးရင်း ရိုက်တယ်။ လက်သီးနဲ့ ထိုး တယ်။ မေ့မြှောသွားမတတ်အောင် ခံစားရတယ်။ နောက်ကနေကန်လိုက်တာ ရှေ့စားပွဲပေါ်မှောက်သွားတာပဲ။ လက်တွေကို လှမ်ချိုးတယ်။ ကျဉ်ကြောတွေနှိပ်တယ်။ နံကြားတွေကိုထောက်ပြီးတော့ မတာတွေရှိတယ်။ နားရွက်တွေကိုလည်း ဆောင့်ဆွဲတယ်။ နည်းမျိုးစုံနဲ့ စစ် ဆေးတယ်။ ခြေထောက်တွေကို တက်ကျိတ်တာက တပည့်တော်ထောင်ကျတဲ့အချိန်ထိ လမ်းကိုကောင်းကောင်း မလျှောက်နိုင်ဘူး။ ခြေသန်းတွေမှာ သွေးခြေဥနေတယ်။ လုံးဝမခံနိုင်တော့တဲ့အတွက် သေချင်သေပါစေကွာ၊ ခံစားရတဲ့နာကျင်မှုတွေ ပျောက်အောင်ဆိုပြီးတော့ ရှေ့မှာရှိတဲ့စားပွဲကို ခေါင်းနဲ့ပစ်ဆောင့်လိုက်တယ်ဘုရားလို့ သူရဲ့စစ်ကြောရေး အတွေ့အကြုံတွေ ထိတ်လန့်ဘွယ်ရာပြောပြပါတယ်။

အရှင်ဘုရားကို ဘာပုဒ်မတွေတပ်ပြီး ထောင်ချလိုက်တာလည်းဘုရား။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင် အသင်းအဖွဲ့ဖွဲ့စည်းမှု၊ အစိုးရကိုအကြည်အညိုပျက်စေတဲ့ရေးသားမှု၊ တရားမဝင်ငွေကြေး ကိုင်ဆောင်မှု – ပုဒ်မတွေ အများကြီးတပ်တယ်။ နောက်ဆုံးမှာ ဒီကောင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာ ပြချင်တာနဲ့ နိုင်ငံခြားငွေကိုင်ဆောင်မှုပုဒ်မနဲ့ ထောင်ဒဏ် (၃) နှစ် ချလိုက်တယ်။

နိုင်ငံခြားငွေဆိုတာကလည်း အများကြီးမဟုတ်ပါဘူး။ တပည့်တော်ကျောင်းမှာ ပညာဒါနသင်တန်းရှိတယ်လေ။ နွေရာသီမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာ အခမဲ့သင်တန်းဖွင့်တယ်။ ဖွင့်တဲ့အခါကျတော့ နိုင်ငံခြားသားတွေ အ၀င်အထွက်ရှိတယ်။ တရုတ်ငွေ (၄) ယွမ်နဲ့ အမေရိကန် ၂ ဒေါ်လာက တရုတ်ကျောင်းဆရာမတယောက်က လှူတာ။ ယူရိုငွေ (၁၂၀) က သြစတြေးလျက ခရစ်ယန်ဘုန်းကြီးကနေပြီး ပညာသင်စရိတ်ဆို လှူသွားတာပါ။

အောက်တိုဘာလ (၂၄) ရက်နေ့မှာ မုံရွာထောင်ကိုပို့လိုက်တယ်။ မုံရွာထောင်ထဲရောက်တော့ စရဖအရာရှိ ဦးစန်းဝင်းနဲ့ အက်စ်ဘီ (၂) ယောက်ရယ် မုံရွာမြို့ရွှေကူကျောင်းတိုက်က သံဃနာယကဆရာတော် ဦးဇောတိကတို့လာပြီးတော့မှ သိက္ခာချခိုင်းပါတယ်။ မင်းရဲ့ သာ သနာဝင်ကဒ်ပြားကို သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ထောင်ကနေလွတ်လာလို့ရှိရင်လည်း ဘုန်းကြီးဝတ်လို့မရဘူး။ အခုလိုအချိန်မှာ သိက္ခာချ မယ်ဆိုရင် နောက်ပြန်ဝတ်ချင်ရင် ဝတ်ခွင့်ပေးမယ်လို့ ဦးဇောတိကက ပြောသေးတယ်။ သံဃနာယကဆရာတော်က မကူညီတဲ့အပြင် အာဏာရှင်တွေအလိုကျ သိက္ခာချဖို့လာပြောနေတာ ရင်နာလို့မဆုံးဘူးဘုရားလို့ ဝမ်းနည်းစွာပြောပြပါတယ်။

အရှင်ဘုရား ရဲဘက်အလုပ်ကြမ်းစခန်းကို အပို့ခံရတယ်လို့သိရတယ်။ အလုပ်ကြမ်းစခန်းမှာ ဘာတွေလုပ်ရလဲပြောပါဦးဆိုတော့ ...

မုံရွာထောင်မှာ (၇) လလောက်နေပြီးတော့ ကလေးထောင်ကိုပို့လိုက်တယ်ဘုရား အဲဒီကတဆင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လင်တန် ရဲဘက်စခန်းကို တပည့်တော်အပါအ၀င် အကျဉ်းသားတရာလောက်သံခြေကျဉ်းခတ်ပြီး ပို့လိုက်ပါတယ်။ ရဲဘက်စခန်းရောက်တဲ့ အချိန် ကစပြီး သံခြေကျင်းတွေ ခတ်ထားပြီး တပည့်တော်တို့ကို အလုပ်ကြမ်းလုပ်ခိုင်းပါတယ်။ လမ်းပြင်ရတယ်။ ကျောက်ထုရတယ်။ ထင်းတုံးကြီး တွေထမ်းရတယ်။ ချင်းပြည်နယ်ဆိုတာ သိတဲ့အတိုင်းပဲ။ တောင်တန်းကြီးတွေ။ ချောက်ထဲကနေ တောင်ကုန်းပေါ်ထိ ထမ်းတင်ရတယ်။ အဲဒီတိုင်တွေကို နေ့တိုင်းထမ်းတင်ရတယ်။ နားရက်မရှိဘူး။ ထမ်းတင်ရတဲ့အခါမှာလည်း ရှေ့ကလူကို နောက်ကလူကမှီအောင် လိုက်ရ တယ်။ မမှီတဲ့လူတွေကို တပ်ခွဲမှူး၊ တပ်စုမှူးတွေက နောက်ကနေ တအုံးအုံး တဘုံးဘုံးနဲ့ ရိုက်တယ်။ ထင်းတုံးကိုမနိုင်လို့ လဲကျသွားတဲ့ သူတွေကို ခြေတောက်နဲ့ပိတ်ကန်တယ်။ ရင်ဝကို ဆောင့်ကန်တယ်။ အဲဒီလို နှိပ်စက်တာတွေ ခံခဲ့ရတယ်။

စားရတဲ့ အစားအစာကလည်း ပုံစံနဲ့စားရပါတယ်။ ရဲဘက်စခန်းမှာ နာမည်ကြီးတဲ့ ဒံပေါက်ထမင်းပေါ့။ ထမင်းတွေထဲမှာ ကျောက်ခဲတွေ ပါတယ်၊ စပါးလုံးတွေပါတယ်။ တခါတရံမှာ ကြွက်ချေးတွေကလည်းပါတယ်။ အဲဒီလို နီရဲနေတဲ့ထမင်းတောင်မှ အဝ မစားရဘူး။ အကျဉ်း သားတွေက ဒီလောက်ပင်ပင်ပန်းပန်းလုပ်ရပြီး ထမင်းကို ဝအောင် မစားရဘူး။ အဲဒီ ရဲဘက်စခန်းကိုရောက်ပြီး နှစ်ပတ် သုံးပတ် လောက် လည်းကျရော လူတွေက မျက်တွင်းတွေချောင်ကျသွားတယ်။ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ တချို့ဆိုရင် ဖျားတယ်။ တချို့ဆိုရင် သံခြေ ကျင်းရဲ့ဒဏ်ကြောင့် ခြေထောက်တွေမှာ အနာတွေပေါက်လာတယ်။ သွေးစုနာတွေ ပေါက်လာတယ်။ တပည့်တော်ကိုယ်တိုင်လည်း သွေး စုနာ ၃-၄ ကြိမ်လောက် ပေါက်ဖူးပါတယ်။ ဆေးကုဖို့တော့မပြောနဲ့ ဖျားနာရင်သေဘဲ။ အဲလို အစားဆင်းရဲတဲ့ဒဏ်၊ အလုပ်ကြမ်းလုပ်ရတဲ့ ဒဏ်တွေကြောင့် မြစ်ကြီးနားကကိုယ်တော်တပါးဆို ဒဏ်မခံနိုင်လို့ ရဲဘက်စခန်းမှာ ပျံလွန်တော်မူသွားရှာတယ်လို့ သူကြုံတွေ့ခဲ့ရတာ တွေကိုပြောပြရင်း သူ့မိတ်ဆွေရဟန်းတော်ကို သတိရသွားဟန်ရှိပြီး စိတ်မကောင်းဖြစ်သွားပုံကို သတိပြုမိလိုက်ပါတယ်။

အရှင်ဘုရား ရဲဘက်စခန်းကထွက်ပြေးလာတယ်။ ရဲဘက်စခန်းကနေ သံခြေကျင်းတန်းလန်းနဲ့ ထွက်ပြေးဖို့ဆိုတာမလွယ်ဘူးလေ။ အရှင်ဘု ရားကတော့ အတော်သတ္တိကောင်းတာဘဲ အတွေ့အကြုံလေးပြောပြပါအုန်းဘုရား။

လင်တန်ရဲဘက်စခန်းကို အက်စ်ဘီ (၂) ယောက် ရောက်လာပြီး စစ်ဆေးပြန်တယ်။ သံဃတပ်ပေါင်းစုမှာ ဦးဆောင်တဲ့သူတွေသိလား ဆိုပြီး မနက် (၉) နာရီကနေ ညနေ (၆) နာရီအထိ ဆက်တိုက်မေးတယ်။ အဲဒီနေ့မှာ ဆွမ်းမစားရဘူး။ မဖြေနိုင်ရင် ထိုးတာကြိတ်တာ လုပ်တယ်။ တပည့်တော်ကို သံဃတပ်ပေါင်းစုမှာပါတယ် မဟုတ်လား။ သံဃတပ်ပေါင်းစုကဆရာတော်တွေ ဘယ်မှာရောက်နေလဲ ဆိုတာတွေ ထပ်မေးတယ်။ ဒီလူတွေ ပုဒ်မအသစ်တိုးပြီးတော့ ထောင်ထပ်ချမှာကိုသိရတဲ့အတွက် ဒီည ထွက်မပြေးလို့မဖြစ်တော့ဘူးလို့ တွေးမိလို့ အသက်စွန့်ပြီး ထွက်ပြေးခဲ့တယ်။ အလုပ်ကြမ်းစခန်းကို ပထမတထပ်က ၁ဝ ပေလောက်ရှိတဲ့ သစ်တုံးကြီးတွေကို သံဆူးကြိုး တွေပတ်ပြီး ကာထားတယ်။ အဲဒီသစ်တိုင်ကြီးတွေကို ဖက်ပြီးတော့ကျော်တက်ခဲ့ရတယ်။ သံဆူးကြိုးတွေက လက်တွေခြေထောက်တွေကို စူးလိုက်တာလည်း မပြောပါနဲ့တော့။ ဒါပေမယ့် ဒီဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ အမြင့်ပေ ၁၅ ပေလောက်ရှိတဲ့ ဒုတိယသံဆူးကြိုးကို ကျော်ဖို့ ကြိုးစားရပြန်တယ်။ လက်တွေမှာလည်း သွေးအလိမ်းလိမ်းပေါ့။ အသက်အန္တရာယ် ကလွတ်ပြီဆိုတာနဲ့ ရင်ထဲမှာနည်းနည်း ပေါ့ သွားတာတယ်။ ဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ ကိုယ့်အသက်အန္တရာယ်ကိုစိုးရိမ်ပြီး ဂက်စ်မီးခြစ်က အလင်းရောင်လေးကိုအားပြုပြီး တွေ့တဲ့လမ်းအတိုင်း စွတ်ပြီးထွက်ပြေးလာခဲ့တယ်။

တချို့ချောက်ကမ်းပါးတွေဆို ၄-၅ နာရီကြာအောင် ဂရုစိုက်ဆင်းရတယ်။ ရှင်းလို့မရတဲ့ခြုံတွေဆို လှိမ့်ချလိုက်ရတာရှိတယ်။ တိုးလို့မရတဲ့ ဆူးခြုံတွေဆိုရင် တောကောင်သွားတဲ့ လမ်းလေးတွေကိုအားပြုပြီး လေးဘက်ထောက်သွားခဲ့ရတာတွေလည်းရှိတယ်။ သားရဲတိရိစ္ဆာန် အန္တရာယ်ကိုစိုးရိမ်မိပေမယ့် ရှေ့ခရီးတွင်ဖို့ပဲ အာရုံထားပြေးရတာပေါ့။ အဲဒီအချိန် ဗိုက်ကလည်းဆာ၊ စားစရာလည်းမရှိ၊ ရေကလည်း ငတ်တော့ တွေ့တဲ့ ဆီးဖြူသီးလေးတွေခူးစားပြီး (၂) ရက်၊ (၂) ည တိတိ မနားမနေပြေးခဲ့ရပါတယ်။

တခါတရံ ချောက်ကမ်းပါးတွေကို မတက်နိုင်လောက်အောင် မောပန်းနေတော့၊ ချောင်းတွေအတိုင်း စုံဆင်းနေတော့ ခရီးတွေက မဝေး သင့်ဘဲ ဝေးခဲ့တဲ့ခရီးတွေကလည်း အများကြီးပဲ။ ရွာတွေကိုတွေ့ရပေမယ့် အဖမ်းခံရမှာ၊ ခွေးဟောင်မှာစိုးတဲ့အတွက် မဝင်ရဲဘူး။ ရှောင် သွားရတယ်။ လမ်းတွေကလည်းမသိတော့ မှန်းဆသွားရတဲ့အတွက် အဝေးကြီးရောက်သွားတာတွေရှိတယ်။ ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားဂုဏ် တော်တွေကိုအဖော်ပြုပြီး မေတ္တာပို့ရင်းပြေးလွှားနေရတာပေါ့။ နောက်ပိုင်း မရွတ်နိုင်တော့တဲ့အဆုံး အာရုံပဲပြုနိုင်တော့တယ်။

ကံကောင်းထောက်မစွာနဲ့ အသက် ၂ဝ ပတ်ဝန်းကျင်ရှိတဲ့ ချင်းတိုင်းရင်းသားလေး တယောက်နဲ့တွေ့လို့ထမင်းထုပ်နဲ့ ရေဗူးလေး ပါလာတာ ကိုပေးတယ်။ အငမ်းမရ မြိန်ရည်ယှက်ရည်စားလိုက်တယ်။ ဒါနဲ့နောက်ဆုံး လမ်းပြပေးဖို့ အကူအညီတောင်းလိုက်တော့ သူက လမ်းကြောင်း မှန်ကို ပြပေးတယ်။ ကျေးဇူးတင်လွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပါတဲ့ငွေ (၂ဝဝဝ) ပေးလိုက်တယ်။ အော် မေ့လို့ ... ထွက်ပြေးတုန်းက သံ ခြေကျင်းမရှိတော့ဘူးဘုရား။ အကျဉ်းစခန်းက တာဝန်ရှိသူတွေကို ပိုက်ဆံ (၅ဝဝဝဝ) ပေးလိုက်တော့ သံချေကျင်း ဖြုတ်ပေးပါတယ်။ ဒါနဲ့ ပြေးဖို့ လွယ်ကူသွားတာပေါ့။ အဲဒီနောက် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို အောက်တိုဘာ ၁ရက်၊ ၂၀၀၈ နေ့မှာ ရောက်လာခဲ့တယ်။ တပည့် တော် ကံကောင်းလို့ မသေတာပါဘုရားလို့ ပြန်ပြောပြတဲ့ သူရဲ့စွန့်စားခန်းတွေကိုနားထောင်ရတာ စုံထောက်ဝတ္ထုဖတ်ရသလိုသဲထိတ်ရင်ဖိုရှိလှပါတယ်။

ရှေ့ဆက်လုပ်မဲ့အစီအစဉ်နဲ့ သူ့ရဲ့ နိုင်ငံရေးအမြင်ကိုလည်းပြောပြပါတယ်။

အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တုန်းကတောင်မှ သံဃာထုအပေါ်မှာ ဒီလောက် ရက်ရက်စက်စက် မနှိပ်စက်ခဲ့ပါဘူး။ အခု ကိုယ့်ကိုယ်ကို ဗုဒ္ဓ ဘာသာ သာသနာ့ဒါယကာလို့ခေါ်နေတဲ့ စစ်အစိုးရအာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကတော့ ကိုယ်တွေ့ကြုံလိုက်မှပဲ ပြောစရာစ ကားလုံး ရှာမရလောက်အောင် သိလိုက်ရပါတယ်ဘုရား။ တပည့်တော်တို့ ရွှေဝါရောင် အကြမ်းမဖက်တော်လှန်ရေးကြီးဟာ နအဖ စစ် အစိုးရအနေနဲ့ မတရားဖမ်းဆီးညှဉ်းပမ်းနှိပ်စက်၊ ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သံဃာ ၃ သိန်းကျော်၊ ၄ သိန်းနီးပါး ကျန်ပါသေးတယ်။ ရှေ့ဆက်ပြီးတော့ အဓမ္မဝါဒီတွေကို အသက်ထက်ဆုံး ဓမ္မလမ်းကြောင်းပေါ်ကနေ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆက်လက်လုပ်ဆောင် သွားမှာပါ။ အရေးကြီးဆုံးအချက်က ဘောလုံးပွဲတွေမှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးရောက်ပြီဆိုရင် တကိုယ်ကောင်းဆန်ပြီး တယောက် ထဲဆွဲမပြေးဖို့ အဲဒါအရေးကြီးဆုံးပဲ။ နောက်ပြီး ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီသဘော တရား၊ ဒီမိုကရေစီကျင့်စဉ်တွေကို စတင်ကျင့်သုံးဖို့ လိုနေပါပြီ။

ဒီမိုကရေစီဆိုတာ သူတပါးကလာပေးတာမဟုတ်ဘဲ ကိုယ်တိုင်ကျင့်သုံးရတာပါ။ အဲဒီတော့ နအဖ လက်ထဲမှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အဲဒါကို သွားတောင်းမနေနဲ့။ အချိန်ကုန်တယ်။ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ်ရှိပြီးတော့ ငါတို့ဟာ တနေ့မှာ မုချအောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးပြီး သံဃာထု၊ ကျောင်းသားထုနဲ့အတူ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုရင် တရားမျှတမူ၊ လွတ်လပ်မူနဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံသစ်ကြီးကို မကြာခင်တည်ဆောက်နိုင်ကြမှာ အမှန်ပါပဲ။

ခုအချိန်မှာတော့ ဆရာတော်လေးဟာ ဒုက္ခသည်ဘ၀နဲ့ တနေကတနေရာပြောင်းရွေ့သတင်းသုံးနေထိုင်ရင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း ရေးအတွက် အကြမ်းမဖက်ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်လျက်ရှိပါတယ်။ ။

သံတိုင်များနောက်က သံဃာများ

8:43 PM | Posted by Anonymous
သံတိုင်များနောက်က သံဃာများ
မောင်စွမ်းရည်
ဇူလိုင် ၂၈၊ ၂၀၁၁


‘‘ဗမာနိုင်ငံဟာ တနိုင်ငံလုံး ထောင်ကျနေတဲ့ နိုင်ငံပါ’’ လို့ စစ်အာဏာရှင် စစ်သံခွာအောက်က ဗမာပြည်သူတွေရဲ့ဘ၀ကို ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က အတိုဆုံး သရုပ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဗမာပြည်မှာက တပြည်လုံးထောင်ကျနေတဲ့ အပြင်၊ ထောင်ထဲက အကျဉ်း၊ အကျဉ်းထဲက အကျပ်၊ အကျပ်ထဲက အကြုံ့ဆိုသလို ကျပ်သထက်ကျပ်၊ ကျုံ့သထက်ကျုံ့တဲ့နေရာတွေ တိုးလာနေပါတယ်။ တိုင်းတပါး ဘာသာခြား အင်္ဂလိပ်အစိုးရလက်ထက်ကဆိုရင် ဦးဝိစာရနဲ့ ဦးဥတ္တမ ဆရာတော်ကြီးနှစ်ပါးပဲ ထောင်ချခံခဲ့ ရတာ အထင်အရှားရှိခဲ့ဖူးပါတယ်။ ဗမာစစ်အစိုးရလက်ထက်မှာတော့ ရဟန်းသံဃာဟူသမျှ ထောင်မကျတာ မရှိဖူးသလောက်ပါပဲ။ မဟာ ဘွဲ့တံဆိပ်တော်ရ သံဃာ့မဟာနာယကများက လွဲလို့ပေါ့လေ။ စစ်အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာဝင်အစိုးရဆိုတာ ဟုတ်မှ ဟုတ်ပါလေစ။ ဘီလူးသဘက်၊ ငရဲသားတွေများအုပ်စိုးနေသလား အောက်မေ့ရပါတယ်။ သံဃာတွေကို ဖမ်းဆီးပြီး ထောင်ချရုံမက သင်္ကန် ချွတ်၊ ဆံဆိုကြိမ်းမောင်း ရိုက်နှက်ကန်ကျောက်၊ သတ်ဖြတ်တာတွေကို မကြားဝံ့မနာ လုပ်နေလိုက်ကြပါတယ်။ ဒီကြားထဲ သာသနာ့ဒါယကာမင်းလို့ နာမည်ခံချင်လို့ ကြိုးစားသေးတဲ့အခါ ယမမင်းအဖြစ်နဲ့သာ ကမ္ဘာကျော်ခဲ့ပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ စစ်တပ်လက်စွဲ စာနယ်ဇင်းနဲ့ ရုပ်မြင်သံကြားတွေပဲရှိတော့ သူတို့မတရားလုပ်တဲ့ မကောင်းသတင်းတွေကို ဖုံးဖိထားပြီး သူတို့မလုပ်တဲ့ကောင်းသတင်းတွေပဲ လွှင့်နေခဲ့ပါတယ်။ ဒါပေမယ့် ပုပ်ရင်ပေါ်၊ ပေါ်ရင်နံစော်တော့တာပါပဲ။ နှိပ်ကွပ်သတ်ညှစ်တာတွေကြားက မသေလို့ထွက်လာတဲ့ ရှင်လူရဟန်းတွေက ဒင်းတို့ရဲ့ ယုတ်မာချက်တွေကို ခွေးရေပုရပိုဒ်မှာ မှတ်တမ်းတင်နေကြတာ ပလူပျံနေပါပြီ။ ခုထွက်လာတဲ့ စာအုပ်ကတော့ သာသနာ့ဥသျှောင်အဖွဲ့ရဲ့ အမှတ်တံဆိပ်နဲ့ပါ။ အဖွဲ့ကြီးရဲ့ နာမည်နဲ့ဆိုရင် ဒီစာအုပ်ဟာ နှေးကွေးနည်းပါးနေသေးတယ်။ နောက်ထပ် အလျှိုလျှို ထွက်လာလိမ့်ဦးမယ်လို့ မျှော်လင့်ရပါတယ်။



စာအုပ်အမည်က ‘‘သံတိုင်နောက်က မှတ်တမ်းများ’’ တဲ့။ စာအုပ်လေးက စာမျက်နှာ ၂၀၀ နီးပါးရှိပြီး ဆောင်းပါး တဒါဇင်မျှပဲ ပါရှိပါတယ်။ ဆောင်းပါးရှင် သံဃာအမည်၊ အကျဉ်းသားဟောင်းသံဃာ ဒါဇင်ဝက်လောက်ပဲပါရှိသေးတာ တွေ့ရပါတယ်။ အရှင်ဇ၀န၊ ဦးလာဘသာမိ၊ ဦးဥက္ကံသ၊ ဦးစန္ဒောဘာသ၊ ဦးသောကိတ၊ ဦးပညာသာမိ အာလုံး (၆) ပါးပါ။ နောက်ဆက်တွဲစာရင်းမှာ အဖမ်းအဆီးခံရသူ ရဟန်း၊ လူ၊ သီလရှင် စုစုပေါင်း ၁၉၂ ဦး မျှ ရှိပါသေးတယ်။ ဒါဟာ စရင်းလုပ်လို့ ရသမျှနဲ့တူပါတယ်။ တကယ်က ပျံလွန်တော်မူတဲ့ စာရင်းအကြမ်းဖျင်း လုပ်ကြည့်ရင်ကိုပဲ ၁၉၂ ဦးမက ရှိနိုင်ပါတယ်။ ခု စာရေးသူတွေထဲမှာက မျက်မြင်သက်သေ၊ ထောင်ကျဖက်လူတွေရဲ့ အမည်များလဲ ပါရှိပါတယ်။ စာမူစုဆောင်းရတာက ဗမာပြည်နဲ့အနီးဆုံး ထိုင်းနယ်စပ်မှာပဲဆိုတော့ ပြည်တွင်းက စာမူတွေတော့ မရနိုင်ဘူးပေါ့။ အဓိက စုဆောင်းသူက အရှင်ဇ၀နနဲ့ အရှင်ပညာနန္ဒ သာသနာ့ဥသျှောင် အဖွဲ့ချုပ်ကိုယ်တော့ နှစ်ပါးပဲဖြစ်ပါတယ်။

ရွှေဝါရောင်အရေးတော်ပုံကြီး ၂၀၀၇ က လွတ်မြောက်ရှင်ကျန်တဲ့ကိုယ်တော်တွေ အများကြီးရှိပါသေးတယ်။ ကိုယ်တိုင်ရေးမှ မဟုတ်ပါဘူး။ ဒီစာအုပ်ထဲက နမူနာအတိုင်း ထောင်ကျဘက်ရဲဘော်တွေကလဲ ရေးနိုင်တာမို့ နောက်ထပ်အများကြီးဖော်ထုတ်နိုင်ပါဦးမယ်။ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ ထောင်တွင်း ထောင်ပြင် ဖြစ်ရပ်များက နားစွန်နားဖျားကြားရတာနဲ့ပဲ ကြက်သီးထရပါတယ်။ တိပိဋိက ဆရာတော် ဦးသုမင်္ဂလ၊ ရွှေဘုန်းပွင့်ဆရာတော်၊ ရန်ကင်းမဟာဗောဓိဆရာတော်၊ ကျောက်ကုန်း မေ၀ီနိဆရာတော်၊ မန္တလေးသံဃာ့သမဂ္ဂီ ဥက္ကဌ ဦးရေ၀တ၊ အင်းစိန်ရွာမ ဆရာတော် စတဲ့ ဆရာတော်ကြီးတွေအကြောင်းကိုလဲ ထောင်ကျဖက် ကိုယ်တော် များနဲ့ ဒကများက ရေးသားဖော်ထုတ်ကြရင် ဘယ်လောက်ကောင်းမလဲလို့ တမ်းတမိပါတယ်။ အရှင်ဇ၀နနဲ့ ဦးငွေလှိုင်၊ ကိုနိုင်ကျော်၊ ကိုလွန်းနွေညိန်းတို့လိုပေါ့။

ဒီစာအုပ်ထဲမှာ ဖမ်းဆီးပုံ အမျိုးမျိုးတွေ့ရပါတယ်။ တချို့ဟက သံဃာအုံကြွမှုကိစ္စ ဘာမှမသိလိုက်တဲ့ ဆရာတော်ကြီးတွေနဲ့ ကိုရင်လေးတွေကို မသိရကောင်းလားဆိုပြီး ဖမ်းတာပါ။ တောထဲမှာ တဲကလေးတလုံးနဲ့ ဧကစာသတင်းသုံးနေရှာတဲ့ ကိုယ်တော်ကြီးတပါး ကိုလဲ ထွက်ပြေးတဲ့ရဟန်းတပါးကို လက်ခံမှုနဲ့ ဖမ်းသတဲ့။ တချို့ကိုတော့ သံဃာ့အစည်းအဝေးဖိတ်တယ်ဆိုပြီး စုလာတော့မှ ဆီးဖမ်းသတဲ့။ တချို့ကိုတော့ ကုလား-ဗမာရိုက်ပွဲဖြစ်နေတယ်လို့ ထောက်လှမ်းရေးသမားတဦးက ကျောင်းပေါ်တက်အော်ပြီး ထောင်ချောက်ဆင်ဖမ်းသတဲ့။ ဘယ်လိုနည်းနဲ့ဖမ်းဖမ်း၊ မိလာရင် သင်္ကန်းချွတ်၊ ဦးခေါင်းကို ဂုံနီအိတ်စွတ်၊ လက်ထိပ်ခတ်၊ သံခြေကျင်းခတ် (ခြေမသန်တဲ့ကိုယ်တော်ပဲဖြစ်စေဦးတော့) သတဲ့။ ပြီးမှ မင်းတို့ ‘‘သင်္ကန်းဝတ်’’ တွေ ဘယ်လောက်မိုက်သလဲ။ ငါတို့ကို အလုပ်ရှုပ်အောင်လုပ်အုံးဟဆိုပြီး နာရင်းကို ဘယ်ပြန်ညာပြန်အုပ်၊ လက်သီးနဲ့ ဗိုက်ကိုထိုး၊ ကျော်တို့ ရင်ဘတ်တို့ကိုရော စစ်ဖိနပ်နဲ့ကန်၊ မေ့ကြောကျဉ်ကြောတွေ နှိပ်ပြီး ကုပ်ဆွဲ၊ ခြေချောင်းလက်ချောင်းကိုတက်နင်း၊ နားရွက်ဆွဲ။ နံရုံးကုတ်ဆွဲ၊ မကြားဝံ့မနာသာ ဆဲဆို နှိပ်စက် ပါသတဲ့။ ဆွမ်းမကျွေး၊ ရေမတိုက်ပဲလဲ နှိပ်စက်သတဲ့။ ကျောက်စရစ်လမ်းပေါ် ဒူးကတောင် ထောက်ခိုင်းပြီး သွားခိုင်း၊ မိကျောင်းတွားသွားခိုင်းပြီး သွေးစက်စက် ကျစေသတဲ့။ လက်ဖျန်ကို ၀ိုင်ယာကြိုးမြှုပ်ပြီး ဘက်ထရီနဲ့ရှော့တိုက်သတဲ့။ တချို့ဆရာတော်ကြီးများဆိုရင် တင်ပြင်ခွေပြီး မြေကြီးပေါ်ထိုင်ခိုင်း၊ နဖူးကို မြေထိအောင်ငုံ့၊ လက်ကို ရှေ့ပစ်မှောက်ချထားခိုင်းသတဲ့။ အရေးပေါ်ပုံစံကြီး ထိုင်ခိုင်းတာဆိုပဲ။ တရားထိုင်လဲ ရိုက်၊ ကဗျာရွတ်လဲ ရိုက်၊ တရားဆွေးနွေးလဲ ရိုက်သတဲ့။ လူကြီးတွေ၊ ဘုန်းကြီးတွေကို မင်းနဲ့ငါနဲ့ ပြောရုံမက အယုတ်တမာဆဲဆို ပြောသတဲ့။ ကဲ ခင်ဗျားတို့ ယုံနိုင်သေးရဲ့လား။

သမိုင်းဆရာ ဒေါက်တာအေးချမ်း၊ ဆရာဝန်ဒေါက်တာမျိုးဝင်း၊ ဗိုလ်ကြီးစိုင်းဝင်းကျော်၊ ကဗျာဆရာ ရွှေဘုန်းလူ (တာရာမင်းဝေ)၊ ကဗျာဆရာ ကြည်တင်ဦး စတဲ့ လူအကျဉ်းသားတွေ သတ္တိပြောင်ပုံ၊ အနှိပ်စက်ခံရပုံတွေကိုလဲ သံဃာတော်များက မှတ်တမ်းတင်ပါတယ်။ ကဗျာဆရာတယောက်ကိုဆိုရင် (ပြောရစေတော့) မွေးရာပါပစ္စည်းကို တုတ်နဲ့ရိုက်၊ ဆေးလိမ်မီးနဲ့ တို့ပြီး နှိပ်စက်ခံရသတဲ့။ ကျောင်းသားတွေ၊ ဆရာတွေ၊ ဆရာဝန်တွေ၊ စစ်ဗိုလ်တွေ အမျိုးမျိုးဟာ ဘယ်လောက်နှိပ်စက် နှိပ်စက် ပြန်သတိမလစ်ခင်အချိန်ထိ အာခံပြီး ပြန်အော်လေ့ရှိသတဲ့။ ဒီပုဂ္ဂိုလ်တွေဟာလဲ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အာဇာနည်သူရဲကောင်းတွေအဖြစ် ကျနော်တို့ ပြည်သူတွေ အလေးပြုကြရမှာပဲ။

ဒီဇာတ်လမ်းတွေမှာ ငရဲသားကြီးတွေကိုလဲ မှတ်တမ်းတင်ရမယ်။ ဒေါက်တာအေးချမ်းရဲ့ ကျောင်းနေဘက် သူငယ်ချင်း ထောင်မှူးပြုံးချိုဆိုတာလဲ အဆန်းပဲ။ ဒေါက်တာအေးချမ်းကို ‘‘သူငယ်ချင်းထွက်ခဲ့’’ လို့ခေါ်ပြီး ဦးခေါင်းကို အိတ်စွပ် နှောင်ကြိုးတဲ ခေါ်သွားသတဲ့။ ပြီးတော့ နေရာမလပ် စိစိကြေအောင် ရိုက်ပါလေရောတဲ့။ ဒါပေမယ့် နောက်တော့ ရာထူးတက်သွားတာကို ခံယူရပြီး ကိုယ့်ကိုယ်ကို သတ်သေသွားရှာသတဲ့။ ထောင်မှူး ကျော်သန်းဆိုတာကတော့ သူများကိုရိုက်ရာမှာ ရက်စက်လွန်းသတဲ့။ သူ့ကို အထက်က အမှုစစ်တော့ လိမ်ညာစစ်ပေးဖို့ ဘုန်းကြီးရဲ့လက်ကို ယုယုယယဆွဲကိုင်ပြီး တောင်းပန်းရှာသတဲ့။ နန်းမတော် မယ်နု အသတ်ခံရခါနီးတော့ ဆရာတော်ကြီး ဦးဗုဒ်ကို လာကန်တော့တဲ့အခါ ဆရာတော်ကြီးက ‘‘မယ်နု နင့်ကြွေးရှိရင်ဆပ်ပေါ့’’ လို့ မိန့်တော်မူ လိုက်သတဲ့။ ခုလဲ ဘုန်းတော်ကြီး ဦးစန္ဒောဘာသက ‘‘ကိုယ်ဖြစ်ရင် ကိုယ်ခံပေါ့’’ လို့ ပြန်ဖြေလိုက်ပါသတဲ့။ ဦးစန္ဒောဘာသာကို ကျောရော ရင်ပါ စစ်ဖိနပ်နဲ့ ပြေးပြေးကန်သူက တပ်ကြပ်ကြီးထွန်းကြည်တဲ့။ ကန်တာ ခြောက်ကြိမ်၊ နားရင်းအုပ်တာ လေးကြိမ်၊ ပြီးမှ မှောက်ခိုင်းပြီး နံပါတ်ဒုတ်နဲ့ ရိုက်တော့တာတဲ့။ သံဃာတော်တွေကတော့ ဘုရားသားတော်တွေဖြစ်လို့ သည်းခံပေမယ့် ယမမင်းကြီးက သည်းခံပေးမယ် မဟုတ်ဘူး။ ၀ဋ်အမြဲ အငရဲအပဆိုသလို ငရဲမင်းက စစ်ဗိုလ်ထောင်မှူးတွေကို ငါထက်မိုက်တဲ့ကောင်တွေဆိုပြီး လွတ်လိုက်ပေမယ့် ၀ဋ်လိုက်တာကတော့ လွတ်ရိုးမရှိပါဘူးတဲ့။ ထောင်မှူးကျော်သန်း၊ ဒုချုပ် ဘုန်းဟန်တဲ့၊ တပ်ကြပ်ကြီး ထွန်းကြည်၊ ထောင်မှူး ပြုံးချို၊ မဟုတ်တာရေးတဲ့ တင်သန်းဦးတဲ့။ မျက်မှောက်ဘ၀မှာပဲ သူတို့ဘယ်လို ၀ဋ်ကြွေးဆပ်သွားရမလဲဆိုတာ စောင့်ကြည့်ကြရုံပါပဲ။ တယောက်ကတော့ အသဲကင်ဆာနဲ့ဆုံးရှာပြီ။ တယောက်ကတော့ ကြိုးဆွဲချပြီး ကြွေးဆပ်သွားရှာပြီ။

သူတို့မှာ သူတို့အထက်ကခိုင်းစေတဲ့ အာဏာရှင် ဗိုလ်ချုပ်၊ ဗိုလ်မှူးတွေ အဆင့်ဆင့်ရှိပါသေးတယ်။ ‘‘အစွမယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ မုဆိုး ကျနော်မျိုး’’ ဆိုပြီး တရားခံ သုံးစုမှာ ဗိုလ်ချုပ်ကြီးတွေရာ၊ ဗိုလ်ချုပ်ကတော်တွေရော၊ ဒီဝဋ်ကြွေးတွေက လွတ်ပါ့မလား။ လွတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါမယ်။ ဒါပေမယ့် သူတို့နှိပ်စက်တာခံရတဲ့ ရှင်လူရဟန်းအာလုံးကတော့ သမိုင်းမှာ ‘‘အာဇာနည်’’ အဖြစ်နဲ့ မော်ကွန်းတင်ခံရပြီး ဘယ်တော့မှ သေရှာမဟုတ်ပါဘူး။ စောင့်ကြည့်ကြပါစို့ ...။

စွယ်စုံ ဦးကျော်ဆန်း

8:41 PM | Posted by Anonymous

စွယ်စုံ ဦးကျော်ဆန်း
ဓာတ်ပုံသတင်း
သြဂုတ် ၁၃၊ ၂၀၁၁

 ယနေ့ သောကြာနေ့တွင် ပြုလုပ်သည့် နေပြည်တော် အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဦးကျော်ဆန်း။ (photo: Reuters)

ဧရာဝတီမြစ်တွင် အကြီးအကျယ် တည်ဆောက်နေသော အငြင်းပွားဖွယ် စီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းစဉ် ၀န်ကြီး ဦးကျော်ဆန်းက ငိုချင်းချခဲ့သည်ဟု အင်တာနက် သတင်းများက ဆိုသည်။

အောက်ဖော်ပြပါ ရေးသားချက်များမှာ facebook မှ ကူးယူခဲ့ခြင်း ဖြစ်သည်။

( ၁ ) ဟုတ်တယ်ဗျ၊ အမေးအဖြေလုပ်တုံးမှာ ငိုချလိုက်တာ။ ပြီးတော့ ခဏနေမှ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ကျွန်တော်တို့လုပ်သမျှ အကောင်းမမြင်တဲ့စိတ်ကြောင့် Emotion မထိန်းနိုင်လို့ပါ။ တောင်းပန်ပါတယ်။ ဒါကို မဖွကြပါနဲ့လို့ တောင်းပန်သတဲ့။ ဂျာနယ်လစ်များ ကလည်း လိုက်နာရှာပါတယ်။ ဟီးဟီး နှစ်နာရီလောက်ကြာတော့ အင်တာနက်ေ ပ်ါမှာ မောင့်မျက်ရည်ဝိုင်းဇာတ်ကားတက်လာတော့တာပဲ။ ဘာပဲဖြစ်ဖြစ် ဧရာဝတီကတော့ ဒင်းတို့ အသဲနှလုံးကို ထိုးနှက်နေပြီ။

( ၂ )ကိုယ်တိုင် အကယ်ဒမီ တက်ယူတော့ မယ်ထင်ပါ့...။

( ၃ ) အိကနဲ အိကနဲ ဖြစ်နေတာများ... ဟီးဟီး.. ပီးတော့ သေသေချာချာမှာပါတယ်.. ဒီကိစ္စကို မဖွပါနဲ့တဲ့.. ကိုယ်တွေကလဲ မဖွပါဘူး...

( ၄ ) ဟီး မိုက်သကွာ........ အကယ်ဒမီရှော့ ...

( ၅ ) မောင့်မျက်ရည်ဝိုင်း၊ မောင်ငိုမယ်မိုးသဲထဲမှာ ဟဲဟဲ ဧရာဝတီရေမရှိတော့ ဘူးဆိုလို့ မောင့်မျက်ရည်နဲ့ ဖြည့်ပေးလိုက်ပါတယ်

( ၆ ) ဟ ရောင်းရင်းတို့ကလဲကွာ၊ဒီဗီဘီက ဦးနေဇော်နိုင်အတိုင်းပဲပါလားဗျာ...ုဦးနေဇော်နိုင်လုပ်လို့ သတင်းစာရှင်းလင်းပွဲ မလုပ်တာကြာပြီ....ဘာတဲ့ ကျွန်တော်တို့က စိတ်ရှည် သီးခံနေ ပါ တယ် ဆိုတဲ့စကားကို ၀န်ကြီးခင်ဗျားပဲပြောတော့ဗျာလို့ ကျွန်တော်ဖွင့်ထားမိသော ဒကားများဆိုလားဂျာ...အဲဒါနောက်ပိုင်း သူတော်တော် သတင်းစားရှင်းလင်းပွဲမလုပ်တော့ဘူးဗျ

( ၇ ) သတင်းထောက်တွေက မချော့ကြဘူးလား။


(photo: Reuters)


တချိန်က ပျော်ပျော်ပါးပါး ၁ (photo: unknown source)


တချိန်က ပျော်ပျော်ပါးပါး ၂ (photo: unknown source)


(photo: AP)

(photo: Getty Images)

ရေကြီးတဲ့ပဲခူး

8:41 PM | Posted by Anonymous

ရေကြီးတဲ့ပဲခူး
ဓာတ်ပုံသတင်း
သြဂုတ် ၁၃၊ ၂၀၁၁


facebook/Ohn Mar Oo ဓာတ်ပုံများ









ပဲခူးသား ပေးပို့လာသည့် ပုံများ












AP သတင်းဌာန ဓာတ်ပုံများ၊ ကြာသပတေးနေ့