Revolution, Counter-Revolution & Terror (The Spanish Civil War - Granada UK MCMLXXXIII)

Saturday, July 24, 2010 1:44 AM | Posted by Anonymous
Interviewees: Asuncion Martinez (Labourer's Daughter), Manuel Vazquez Guillen (Labourer (Socialist)), Frederico Escofet (Chief of Police of Barcelona), Eduardo de Guzman (Journalist (Anarchist)), Alvaro Delgado (Art Student (Republican)), Juan Crespo (Monarchist Militiaman), Emilio Bernuz (Anarchist Militiaman), Eduardo Pons Prades (Anarchist Youth), Willie Forrest (Daily Express Correspondent), Francisco Poyotas Lopez (Lawyer), Felix Moreno De La Cova (Landowner), Mario Neves (Portuguese Journalist), Teresa Villalobos (Republican Widow), Raimundo Fernandez Cuesta (Falange (Fascist)), Ramon Serrano Suner (Nationalist), Enrique Lister (Communist Commander), Willie Forrest (Journalist).

People: Francisco Franco, General Mola, Gonzalo Queipo de Llano, General Manuel Goded Llopis, Buenaventura Durruti, Federico Lorca, Juan Yagüe, Francisco Largo Caballero.

Places: Pamplona, Barcelona, Valladolid, Seville, Lora del Rio, Merida, Badajoz, Toledo, Valencia.

Terms: Ideology, Mass Graves and Mass Executions, the Spanish Colonial Army of Africa, Wealth Redistribution by the Workers, Nationalists and Nationalism, Republicans and Republicanism, Socialized Industry, Worker Takeovers, Safe and Healthy Working Conditions, Legalization of Abortion and Contraception, Collectivization of Society's Productive Forces, Investigation Committees of Political Parties, Atheists and Atheism, Marxists and Marxism, Liberals and Liberalism, "Jamas," Spontaneous and Authoritative Executions, Communists and Communism, Death by Firing Squad, the Badajoz Massacre.
http://82.143.209.25/1936-1939/spanie...

Second Spanish Republic (1931-1939):
http://en.wikipedia.org/wiki/Second_S...

Documentos de y sobre La II República Española y la guerra de España de 1936-39:
http://er.users.netlink.co.uk/biblio/...

Spanien:
http://da.wikipedia.org/wiki/Spanien

Spaniens historie:
http://da.wikipedia.org/wiki/Spaniens...

Spanien 1936-1939 (the Spanish Antifascist War):
http://82.143.209.25/1936-1939/

Spain: Chronology, 1933-1996
http://www.staff.brad.ac.uk/sardouin/...

Internationale Brigader:
http://82.143.209.25/1936-1939/interb...

International Brigades order of battle:
http://en.wikipedia.org/wiki/Internat...

...
Category:

Education











(မိုးမခ) ဦးဝင်းတင်နဲ့ မေးခွန်းများ

Tuesday, July 20, 2010 7:11 PM | Posted by Anonymous

ဦးဝင်းတင်နဲ့ မေးခွန်းများ
၂၀၁၀ ရွေးကောက်ပွဲဥပဒေအပြင်က အင်န်အယ်ဒီပါတီ
မိုးမခ
ဇူလိုင် ၂၀၊ ၂၀၁၀
၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်တဲ့ အင်န်အယ်ဒီပါတီဟာ မတ်လ ၂၉ နောက်ပိုင်းမှာ မိမိရပ်တည်ချက်ဖြင့် မိမိ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နိုင်သေးရဲ့လား ဆိုတဲ့ မေးခွန်း …
ကျနော်တို့ကတော့ ပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပြန်လည် ထိတွေ့တာ၊ တွေ့ဆုံဆွေးနွေးတာ၊ ခရီးတွေ ထွက်တာ၊ အဲသည်လိုမျိုး လည်ပတ်မှုတွေ ပိုပြီး လုပ်နေရတယ်။ အဲတာတွေနဲ့ အလုပ်တွေ များနေတယ်လို့ ပြောရင် ရတယ်။ အထူးသဖြင့်ကတော့ အရင်တုံးကထက် ပိုပြီးတော့ ပါတီက ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေဟာ နယ်တွေ၊ ဒေသတွေကို ပိုပြီး ခရီးတွေ သွားဖြစ်လာတယ် လို့ ဆိုရမယ်။
၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ဆက်လက်မပြုလုပ်တဲ့ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရရဲ့ လက်ရှိဥပဒေများအရ နိုင်ငံရေးပါတီတရပ်လို့ မသတ်မှတ်နိုင်တော့တဲ့အတွက် ဒီဖက်ကာလတွေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ တားမြစ်ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရပြီလား …

အခုအချိန်မှာတော့ဖြင့် သူတို့က ဘယ်လိုလုပ်လာမလဲဆိုတာကို မတွေ့ရသေးပေါ့ဗျာ။ သူတို့ဘောင်ထဲက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေက အသံဗလံလေးတွေ ထွက်လာနေတော့ နှစ်ဖက် ရန်ဖြစ်နေရမှာ စိုးလို့လား ဘာလားတော့ မသိဘူးပေါ့။ အကန့်အသတ်တွေ လုပ်လာတာမျိုးတော့ မတွေ့ရဘူး။ စောင့်တော့ကြည့်နေတာတွေတော့ ရှိတာပေါ့။
လူထုနဲ့ ထိတွေ့မှုဟာ ယခင်ကထက် ပိုမိုပြီး ရှိလာတယ်လို့ ပြောချင် ပြောလို့ရတယ်။
လူထုနဲ့ ထိတွေ့မှုတွေ ပိုပြီး ရှိလာတယ် ဆိုတာက ဘာတွေများပါလဲ။
နေရာ ဒေသနဲ့ အောက်ခြေက ပါတီဝင်တွေ၊ လူတွေနဲ့ ပိုပြီး ထိတွေ့မှုတွေ လုပ်လာနိုင်တယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်လာနိုင်တယ်။ လူကြီးတွေကလည်း ခရီးတွေ ထွက်ပြီးတော့ လူငယ်တွေ၊ အခြေခံအဖွဲ့တွေနဲ့ တွေ့ကြ ဆုံကြတာမျိုး လုပ်လာတယ်။ တလောက ကရင်ပြည်နယ် သွားတယ်၊ မော်လမြိုင် သွားတယ်။ ရခိုင်သွားဖို့လည်း လုပ်နေတယ်။ ကချင်တို့ ချင်းတို့လည်း သွားပြီးပြီ၊ မန္တလေးတို့၊ စစ်ကိုင်းတို့အပါအ၀င်ပေါ့ကွာ။ ရှမ်းပြည်လည်း တောင်ပိုင်း မြောက်ပိုင်းလည်း သွားတယ်။ မကြာခင် တနလာင်္ရီဘက်ကို သွားကြမယ်။
အဓိကရှင်းလင်းရတဲ့ မေးခွန်းတွေ ဆွေးနွေးချက်တွေက ဘာလဲ။
များများစားစား ရှည်ရှည်ဝေးဝေးတွေ ပြောနေရတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးအင်အားစု တခုအနေနဲ့ အင်န်အယ်ဒီဟာ ဆက်လက်တည်ရှိနေတယ်။ သေသွားတာ မဟုတ်ဘူး။ ယခင်ကတည်းက ပါတီဟာ နိုင်ငံရေးပါတီတခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မှတ်ပုံတင်ထားခဲ့တာဖြစ်တယ်။ အဲသည်လိုမျိုး ပါတီဟာ ဆက်လက်ရပ်တည်နေတယ်။ အခု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ဥပဒေတွေက မတရားတဲ့အတွက် လက်မခံနိုင်လို့ အဲသည်မှာ ထပ်မံမှတ်ပုံမတင်တာ ဖြစ်တယ်။ အခုလည်းပဲ တရားဥပဒေဘောင်ထဲကနေပြီးတော့ မတရားတဲ့ ဥပဒေတွေ၊ လုပ်ရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေအကျိုးဆောင်အဖွဲ့တွေက တရားစွဲဆိုတဲ့ အလုပ်တွေ ဆောင်ရွက်နေတယ်။ ဒါက တခု။
နောက်ပြီးတော့ - ပါတီကို ပြန်လည် ဖွဲ့စည်းတာတွေ ဘာတွေ လုပ်ဖို့က အရေးမကြီးဘူး။ အခုအချိန်မှာ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ပြန်လည် စုစည်းမိကြဖို့၊ ပြန်လည် တွေ့ဆုံမိကြဖို့၊ အရင်တုံးက မလုပ်နိုင်ခဲ့တာတွေကို အခုချိန်မှာ ပြန်လည် လုပ်ကိုင်နေကြရတာ ဖြစ်တယ် ဆိုတာကို ပြောပြရတာ ဖြစ်တယ်။ Party Consolidation ပေါ့ကွာ။ ဒါက တခု ရှင်းပြရတာဖြစ်တယ်။
နောက်ပြီးတော့ ပါတီဝင်တွေ၊ မိတ်ဆွေတွေဘက်က သူတို့ ဒေသတွေမှာ ရှိနေ ကြုံနေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေကို ပြောပြ ရှင်းလင်းပြကြတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေ ဖြစ်ပါတယ်။
ပြည်သူလူထုက အင်န်အယ်ဒီရဲ့ ယခုလက်ရှိ ရပ်တည်ချက်ကို ဘယ်လို့ တုန့်ပြန်ကြသလဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို သူတို့က သဘောကျတယ်ပေါ့ကွာ။ ထောက်ခံတယ်။ ခုဆိုရင် ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ တစည အပါအ၀င် အခုရွေးကောက်ပွဲကို ၀င်ပါမယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ ဒါဟာ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့သဘောဆိုတာကို ပြောလာကြတာ မျိုးပေါ့။
ဒါပေမယ့် ပါတီမှာ အခုလက်ရှိအခြေအနေမှာကော အခက်အခဲတွေ မရှိဘူးလား။
ဒါပေမယ့် - အခက်အခဲတွေကတော့ ရှိနေတာပေါ့။ အခုလိုမျိုး ဆုံးဖြတ်ချက်ကြီးတခု၊ ရပ်တည်ချက်ကြီးတခုကို ထုတ်ဖော်ပြသလိုက်ရတယ် ဆိုတာက အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဖိအားတွေ အများကြီးကြားထဲကနေ ဆောင်ရွက်လိုက်ရတာဖြစ်တယ်။ အခုလို အပြောင်းအလဲကြီးတခုကို ရွေးချယ် ဖြတ်သန်းလိုက်ရတော့ အဖွဲ့အစည်းတခုအနေနဲ့၊ ပါတီတခုအနေနဲ့ ယိုင်သွားလိုက်ရင် ပြိုသွားတတ်တယ်။ ဒါတွေကို ကျော်ဖြတ်ရတယ်။ အသေးအမွှား အခက်အခဲလေးတွေလည်း အများကြီးပေါ့ကွာ။ ဒီလိုပါပဲ။
အသေးအမွှားအခက်အခဲလေး တခုလောက်ပဲ ပြောပြပါဦး။
ပါတီတခု အဖွဲ့အစည်းတခုအနေနဲ့ ဆက်လက် ရပ်တည်နေရတယ် ဆိုတော့ အနည်းဆုံး ပါတီကို ၀င်ထွက်သွားလာနေသူတွေကို ဧည့်ခံရတာတွေ၊ ဧည့်သည်တွေကို ကျွေးမွေးရတာတွေ ရှိနေရတာပေါ့ကွာ။ အနည်းဆုံးတော့ အဖွဲ့အစည်းတရပ်မှာ ၀င်ထွက်သွားလာနေသူတွေအတွက် ဧည့်ဝတ်ကျေပွန်ရတယ်။ အနည်းဆုံးတော့ နေ့ခင်းထမင်းစားချိန်ဆိုရင် ချဉ်ပေါင်ဟင်းလေးနဲ့ ငပိကြော်လေးနဲ့တော့ ကျွေးမွေးဧည့်ခံနိုင်အောင်တော့ လုပ်ရတာပေါ့။
ခရီးစာရိတ်တို့ ဘာတို့ ဆိုရင်လည်း အားလုံးက မျှဝေပြီး ခံကြရတာတွေ လုပ်ရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အပင်ပန်းခံပြီးတော့ ဘတ်စကားတွေ ဘာတွေ အပင်ပန်းခံ စီးပြီးတော့ သွားကြပေါ့ကွာ။ အဲသလိုမျိုးလေးတွေ လို့ ပြောရမှာပေါ့။
အဲသည်တော့ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် တချို့ပါတီတွေက လူတွေက ကားတွေ ဘာတွေနဲ့ သွားလာနေချိန်မှာ ငါတို့တွေကတော့ ခြေကျင်သွားနေကြရတာမျိုး အခက်အခဲလေးတွေ ရှိတာပေါ့ကွာ။ ဒီလောက်ပါပဲ။
အခုလိုမျိုး ဆရာတို့က ခိုင်ခိုင် ရပ်တည်နိုင်ပြီ လို့ ဆိုတယ်။ အဲသည်အတိုင်း ဆရာတို့ ဆက်လက် ရပ်တည်သွားနိုင်ပါ့မလား။ ဆက်လက် တောင့်ခံနိုင်မယ်လို့ ပြောနိုင်သလား။
ခုချိန်မှာ လူထုက အင်န်အယ်ဒီ ရပ်တည်ချက်ကို ထောက်ခံတယ်။ အင်န်အယ်ဒီပါတီဝင်တွေ၊ မိတ်ဆွေတွေကလည်း စိတ်ဓာတ် တက်ကြွလျက် ရှိတယ်။ ဒီဟာကို ကျနော်တို့က ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ပဲ။ အနီးကပ်ဆုံး အချိန်ဇယားတခုကို ပြောရမယ် ဆိုရင် - အနည်းဆုံး ရှေ့ ၆ လ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် အချိန်တို့၊ သူတို့ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန် တို့က ၆ လလောက် ကြာမယ်။ ပြီးနောက် အဲသည်ရဲ့ နောက် ၆ လ လောက် ရှိတယ်။ ၁ နှစ်လောက် ရှိတယ်။ အနည်းဆုံး အဲသည်အချိန်မှာ ဆက်လက်ပြီး Sustain လုပ်သွားရမှာ ဖြစ်တယ်။
ခုချိန်မှာ နယ်တွေသွားတဲ့အခါ မြို့နယ်တွေမှာ ဘယ်ပါတီဝင်မှ၊ ဘယ်စည်းကော်မီတီမှ ပျက်တယ်လို့ မရှိဘူး။ ၁၄ ၊ ၅ ယောက်လုပ်နေတဲ့နယ်မြေတွေမှာတောင်မှ ၁ ယောက် ၁ လေလောက် ထွက်သွားတာပဲ ရှိတယ်။ ပြောရရင် ဦးခင်မောင်ဆွေတို့ပြောနေတဲ့ မြို့နယ် ၅၀ တို့ ဘာတို့ ဆိုတာတွေက ဘယ် အင်န်အယ်ဒီပါတီတွေမှ ပါတာမဟုတ်ဘူး။ သူတို့ဖာသာ သူတို့ရှာတဲ့ အပြင်လူတွေနဲ့ ပြောတာ ဖြစ်တယ်။ ဒါကြောင့် အခုလိုအခြေအနေမှာတောင်မှ လူထုက အင်န်အယ်ဒီကို နားလည်တယ်၊ ထောက်ခံတယ်။ ဒါကို ဆက်လက် ရှိနေတယ် ဆိုတာ ထင်ရှားတယ်။
ဒါဆိုရင် အယင်တုံးက စစ်အစိုးရ ကန့်သတ်ထားတဲ့ ပါတီနိုင်ငံရေး စည်းကမ်းတွေ ဥပဒေတွေအတွင်းက၊ အောက်ကနေပြီး အင်န်အယ်ဒီဟာ သူ့ကိုယ်သူ Sustain (ထိန်းသိမ်းရေး၊ ရှင်သန်ရေးတွေ) လုပ်ခဲ့ပြီးပြီ၊ အခုကျတော့ - စစ်အစိုးရရဲ့ အလိုကျ ပါတီအဖြစ်ကနေ လွတ်မြောက်ပြီးတော့ ဘယ်လိုမျိုး ရှင်သန်ရေး၊ ထိန်းသိမ်းရေးတွေ လုပ်နေတဲ့ ပါတီ ဖြစ်တယ်လို့ ပြောနိုင်သလဲ။
၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိမ်းသိန်းခဲ့ပြီးနောက်မှာ ပါတီဟာ စစ်အစိုးရအလိုကျ ပါတီရှင်သန်ရေးနဲ့ ရပ်တည်ခဲ့ရတယ်လို့ ပြောနိုင်တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ အခုလိုမျိုး ရပ်တည်လိုက်တယ်။ ဒါဟာ စစ်အစိုးရအလိုကျ ပါတီရှင်သန်ရေးကနေ “ပြည်သူအလိုကျ ဒီမိုကရေစီလမ်းကျ” ပါတီရှင်သန်ရေးလို့ ပြောချင်ပါတယ်။ ပါတီဟာ မသေဘူး၊ ပါတီ မသေအောင်လုပ်နိုင်တယ်။ ဆက်ပြီးတော့ လုပ်နေရမယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေ၊ စည်းမျဉ်းတွေကနေ ရုန်းထွက်ပြီး ရပ်တည်လိုက်တဲ့ ပါတီဟာ ပိုပြီးတော့ ရှင်သန်နိုင်ရမယ်၊ ထိန်းသိမ်းနိုင်ရမယ် ဖြစ်တယ်။
အဲသည်လို ရပ်တည်လိုက်နိုင်တဲ့ အင်န်အယ်ဒီပါတီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ကြံစည် ကြိုးစားနေကြတဲ့ အကြပ်အတည်းတွေ့နေတဲ့ နိုင်ငံရေးပါတီတွေကို အကူအညီပေးရမယ်။ ရှေ့က ဦးဆောင်မှုပေးရမယ်လို့ သဘောထားမျိုးနဲ့ မီဒီယာအင်တာဗျုးမှာ ဆရာ့ကို မေးကြတယ်။ အဲဒါကကော ဆရာတို့အလုပ်ပဲလား။
တကယ်တမ်းကတော့ အခုလိုမျိုး ပါတီကို ပြည်သူလူထု အလိုကျ၊ ဒီမိုကရေစီလမ်းကျ ရပ်တည်ပြီး မသေအောင် ကြိုးစားထိန်းသိမ်းနေရတဲ့အချိန်မှာ မီဒီယာအင်တာဗျူးမှာ မေးလာတာက အခုလိုမျိုး အခြေအနေမှာ အင်န်အယ်ဒီကို ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ၀ိုင်းရံကြမယ်ဆိုရင် ဘယ်လိုလဲ ဆိုတာမျိုး - ပြောချင်တာကတော့ သေမှတော့ လွမ်းသူ့ပန်းခွေပို့ပြီးတော့ ၀ိုင်းရံတာမျိုး မလုပ်နဲ့၊ အခုအချိန်မျိုးပါတီသက်ရှင်နေတုံးမှာ သပြေပန်းနဲ့ ၀ိုင်းရံဖို့ အကောင်းဆုံးပဲ လို့ ပြောချင်တယ်။
နောက်တခုကတော့ - ကျနော်တို့ ပြောနေတဲ့၊ ကျနော်တို့ ပြတဲ့ လမ်းက အရင်ကတည်းက ပြောခဲ့ပြီးသား၊ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ပဲ ဖြစ်တယ်။ ဒါကို ဦးဆောင်မှုပေးပြီး အဖြေရှာပေးနိုင်တာက ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ ဒီအတွက် အဲသည် ရပ်တည်ချက်အတိုင်း ပါတီကို ထိမ်းသိန်း ရှင်သန်နိုင်အောင် ဆောင်ရွက်နေတယ်။
အဲသည်လို ပါတီကို ရှင်သန်အောင် ပြုလုပ်နေတဲ့ ကာလမှာ နိုင်ငံရေးကို အခြေခံတဲ့ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ လုပ်နေတယ်။ နာဂစ်ဒေသ ကူညီထောက်ပံ့ရေးတွေ၊ ပဲခူးနဲ့ အခြားနယ်တွေ ရေရရှိရေးတွေ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို အားပေးကူညီမှုတွေ လုပ်နေတယ်။ နယ်အသီးသီးမှာ ဥပဒေအထောက်အကူအဖွဲ့တွေ ရှိတယ်။ ရှေ့နေမရှိရင်တောင်မှ အင်န်အယ်ဒီက လူတွေက ၀ိုင်းပြီး ကူညီပေးမယ်။ ရှေ့နေတွေနဲ့ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးပေးမယ်။ ဒါတွေ လုပ်ကိုင်နေရတယ်။ အိပ်ခ်ျအိုင်ဗီလူနာတွေ မိသားစုတွေကို ပြုစု စောင့်ရှောက်တာတွေ လုပ်နေတယ်။ လူထုနဲ့ ထိတွေ့မှုတွေ လုပ်နေတယ်။ ဒါတွေက သူတို့ရဲ့ ဥပဒေ စည်းမျဉ်းတွေအရ ပါတီမရှိဘူး ဆိုရင်တောင်မှ အဲသည်အလုပ်တွေဟာ ဆက်ရှိနေအောင်၊ ဆက်ပြီး ရှင်သန်ပြီး လုပ်ကိုင်နေနိုင်အောင် လုပ်နေရတာ ဖြစ်တယ်။
နိုင်ငံတကာကကော အခုအချိန်မှာ အင်န်အယ်ဒီရဲ့ ရပ်တည်ချက်ကို ဆက်လက် အသိအမှတ်ပြုပြီး တွေ့ဆုံဆက်ဆံနေတာမျိုးတွေ တွေ့နေရတယ်။ ဒါက ဆရာတို့ရပ်တည်ချက်ဟာ မှန်ကန်တယ် ဆိုတာကို သက်သေပြချက်တခု ဖြစ်တယ် လို့ ပြောနိုင်သလား။
အဲသလို ပြောချင်လည်း ပြောလို့ရပါတယ်။ အရင်ကတည်းက တွေ့ဆုံဆက်ဆံနေကြ နိုင်ငံတကာက သံတမန်တွေ၊ အဖွဲ့အစည်းတွေကလည်း ပုံမှန် ဆက်လက်ပြီး တွေ့ဆုံကြတာမျိုးတွေ ရှိတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေကို မေးမြန်း စုံစမ်းတယ်။ ဒါက ကျနော်တို့ဟာ သာမန်လူမှုရေးအဖွဲ့အစည်းတရပ်အဖြစ် ပြောင်းလဲပြီး ရပ်တည်လိုက်ပြီလို့ အများက ယူဆလိုက်တယ်သာ ဆိုလို့ရှိရင် အခုလိုမျိုး ဆက်ဆံရေးတွေလည်း ရှိနေမှာ မဟုတ်ဘူးဆိုတာ ထောက်ပြချင်တယ်။ နိုင်ငံရေးအဖွဲ့အစည်းတရပ်အဖြစ် ဆက်လက်ရှင်သန်နေဖို့ ထင်ရှားတယ်လို့ ပြောချင်ပါတယ်။
အဲသည်နေရာမှာ တခုဖြည့်ပြီး ပြောချင်တာက - စစ်အစိုးရက သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲကို ချမှတ်တယ်။ နိုင်ငံရေးပါတီတွေ ထောင်တယ်။ ပါတီထောင်ကြဖို့ကိုလည်း ဖိတ်ခေါ်တယ်။ အဲသည်နေရာမှာ အဲသည်လမ်းကြောင်းက မှန်ကန်တယ်၊ ထိရောက်တယ်၊ ပြည်သူလူထု အလိုကျဖြစ်တယ်၊ ဒီမိုကရေစီနည်းလမ်းကျတယ်သာ ဆိုရင် နိုင်ငံတကာက ချမှတ်အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ၊ တားဆီးကန့်သတ်မှုတွေဟာ အခု ၃ လ၊ ၄ လ အတွင်းမှ လျော့ကျသွားရမယ်။ ဒါပမယ့် အခုအချိန်မှာ အမေ၇ိကန်ရဲ့ အရေးယူပိတ်ဆို့မှုဆိုတာတောင် သက်တမ်းတိုးလိုက်ပြီ ဖြစ်တယ်။ ဒါက လက်ရှိ နိုင်ငံရေးအခြေအနေအရ ဖြစ်ပေါ်လာရတာ ဖြစ်တယ်။ စစ်အစိုးရ စွပ်စွဲလေ့ရှိသလို အင်န်အယ်ဒီက သွေးထိုးလှုံ့ဆော်တောင်းဆိုလို့ ဖြစ်ရတယ် ဆိုတာမျိုး အခုအချိန်မှာ စစ်အစိုးရ ပြန်လှန် ချေပလို့ မရတော့ဘူးလို့ ပြောလို့ရမယ် ထင်တယ်။
မှန်ပါတယ်။ ကျနော်တို့ဖက်က တောက်လျောက် ရပ်တည်ပြီး လုပ်ကိုင်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးဆောင်မှုပေးတယ် ဆိုတာက မတရားတဲ့ ဥပဒေတွေ၊ စည်းကမ်းနည်းလမ်းတွေကို တာဝန်အရ ဆန့်ကျင်ရမယ်၊ မလိုက်နာဘဲ နေရမယ် ဆိုတဲ့ အခြေခံအချက် တခုဖြစ်တယ်။ အခု ၂၀၀၈ အခြေခံဥပဒေဟာ တရားမျှတမှုမရှိဘူး၊ အဲဒါကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေဆိုတာကို လက်မခံနိုင်ဘူး၊ မလိုက်နာနိုင်ဘူး။ ဒါကို ကျနော်တို့က ဆန့်ကျင်တယ် မလိုက်နာနိုင်ဘူးလို့ ထုတ်ဖော်တယ်၊ ရပ်တည်တယ်။ ဒါပါပဲ။ နိုင်ငံတကာက အရေးယူတာ၊ တောင်းဆိုတာတွေကလည်း နအဖစစ်အစိုးရရဲ့ လုပ်ရပ်တွေကို သူတို့နည်း သူတို့သဘောထားအရ လက်မခံနိုင်လို့ ထွက်ပေါ်လာတယ်ဆိုတာ ထင်ရှားတယ်လို့ ပြောနိုင်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်။ ကျနော်တို့ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့်မို့လို့ အရေးယူပိတ်ဆို့မှုတွေ ဖြစ်ပေါ်ရတယ်လို့ လက်ညိုးထိုးစရာ မရှိပါဘူး။
အဲသည်လိုမျိုး အခြေခံပြီး ဆက်ပြီးပြောမယ် ဆိုရင် - ၂၀၀၈ အခြေခံဥပဒေလည်း ရှိပြီ၊ ၂၀၁၀ ရွေးကောက်ပွဲလည်း ဥပဒေပြဋ္ဌာန်ထားပြီးပြီ၊ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေလည်း ရှိနေပြီ။ အဲသည် သူတို့ရဲ့ သတ်မှတ်ချက်တွေ၊ ဘောင်တွေအတွင်းမှာ အင်န်အယ်ဒီလည်း မရှိဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်လည်း မပါလာတော့ဘူး၊ ယခင်က နိုင်ငံရေး အငြင်းပွားမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေကိုလည်း အခု ၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းက ချန်ထားရစ်ခဲ့ပြီ ဆိုရင် - ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချပြီး ဖမ်းထားစရာ လိုတော့လို့လဲ။ လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရတော့မှာပေါ့လို့ စစ်အစိုးရကို ကျနော်တို့ဖက်က ထောက်ပြလို့ ရနိုင်မလား။
ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အချိန်မှာ လွတ်မြောက်ရမှာ ဖြစ်တယ်။ (၂၀၁၀ နိုဝင်ဘာလတွင် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးသည်ဟု သတင်းများတွင် ရေးထားသည် - မိုးမခ) ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တယ် ဆိုတာဟာ ကျနော် မီဒီယာတွေမှာ ပြောဖူးပါတယ်။ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ လွတ်မြောက်လာတယ်ဆိုတာက ပန်းပွင့် တပွင့်လောက် ပွင့်တယ် ဆိုတာမျိုးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ်ဆိုတာက တလောကလုံးမှာ ရှိတဲ့ ပန်းတွေ၊ သစ်ပင်တွေ အားလုံးဟာ မိုးရွာချလိုက်လို့ အားလုံး စိမ်းလန်းစိုပြေ နိုးထလာတာမျိုး ဖြစ်လိမ့်မယ်။ ပြည်သူလူထုဖက်က စိတ်အားတက်ကြွမှုတွေ၊ နိုင်ငံရေးနိုးကြားမှုတွေဟာ ဘာနဲ့ နှိုင်းယှဉ်လို့မရအောင် ပွင့်လန်းလာတဲ့ အချိန်ဖြစ်မယ်။ အဲသည်ကနေပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် လမ်းကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောချင်တယ်။
တိုင်းပြည်အတွက် အဖြေရှာနိုင်မယ်ဆိုတာက အင်န်အယ်ဒီလက်ရှိ ကိုင်စွဲထားတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးပဲ လား ဆရာ။ တပ်မတော်အတွင်းမှာရှိတဲ့ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ လက်နက်ကိုင်ပြီး အကြမ်းဖက် ဖြေရှင်းရေးတွေထက်၊ မတရားတဲ့ တဖက်သတ် ဥပဒေ အာဏာတွေ သုံးစွဲပြီး ဖိနှိပ် ဖြေရှင်းရေးတွေထက် အားလုံးအတူတကွ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရေး သာလျင် အသင့်မြတ်ဆုံးဖြစ်တယ်ဆိုတာကို ဆရာတို့က ဆက်လက်ပြီး ကိုင်စွဲသွားမှာလား။
တချို့က ကျနော့်ကို ပြောကြပါတယ်။ တောက်လျောက်အဖြစ်အပျက်တွေ၊ ဖြစ်ရပ်တွေကို ကြည့်လိုက်မယ်ဆိုရင် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာကို မျှော်လင့်ချက်ထားစရာ မကောင်းတော့ဘူး။ ဒါကို အယုံအကြည်မရှိတော့ဘူးလို့ ပြောကြတယ်။ ဒါက အခြေအနေတွေကို ကြည့်ပြီး ထင်ဟတ်ပြီး ပြောကြတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က မူအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာလျင် လမ်းဖြစ်တယ် လို့ ရပ်တည်ထားပြီး ဖြစ်တယ်။ ဒါကို ကျနော်တို့ကို စွန့်လွှတ်တယ်လို့ ပြောလို့မရဘူး။
အဲသည်တောင်းဆိုချက်ကိုမှ မတောင်းတော့ဘူးဆိုရင် နိုင်ငံရေးအင်အားစုတရပ်အနေနဲ့ ဘာကို သွားတောင်းတော့မှာလဲ။ တွေ့ဆုံဆွေးနွေးကြရေးကို နိုင်ငံတကာကလည်း တောင်းဆိုတယ်။ ကုလသမဂ္ဂမှာလည်း တောင်းဆိုနေကြတာပဲ။ တွေ့ဆုံဆွေးနွေးရေး ကို ဆောင်ရွက်ကြမှာသာလျင် ခုနင်က ကိစ္စတွေဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ အခြေခံဥပဒေ၊ ရွေးကောက်ပွဲအရေးကိစ္စတွေကို အားလုံးက သာတူညီမျှ တရားမျှတစွာ အဖြေရှာနိုင်ကြမှာ ဖြစ်တယ်။
တွေ့ဆုံဆွေးနွေးရေးသာ လမ်းပွင့်မယ်သာ ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေး၊ တိုင်းရင်းသားအရေး၊ ရွေးကောက်ပွဲကိစ္စတွေအပြင် အင်န်အယ်ဒီရပ်တည်မှုတွေကို အစစ အရာရာ ဖြေရှင်းနိုင်မယ်ဆိုတာ လို့ ကျနော်တို့က ပြောနေတာ ဖြစ်တယ်။
အဲသည်မှာ ကရင်ပြည်နယ်ဖက် ခရီးထွက်ရင်းနဲ့ ဆရာတော်ကြီးတပါးနဲ့ ဆွေးနွေးခဲ့တော့ ဆရာတော်ကြီးက ဦးဝင်းတင်တို့ပြောတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာက သာမန်လူတွေ နားမလည်နိုင်ဘူးဆိုရင် ဘုန်းကြီးတို့သုံးတဲ့ ဓမ္မနည်းနဲ့ ဖြေရှင်းကြမယ်လို့ ပြောရင် မကောင်းဘူးလား လို့ ဆွေးနွေးပါတယ်။ အဲသည်တော့ ကျနော်က ပြန်လျှောက်တာက ဟုတ်ပါတယ်ဘုရား၊ ဘယ်အသုံးအနှုံးကို သုံးသုံးပါ။ မြန်မာပြည်မှာက တပည့်တော်ဆိုရင်လည်း နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းကျခံရတယ်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိနေတယ်။ ပစ်တာ ခတ်တာတွေ ရှိနေတယ်။ ဒါဟာ တိုင်းပြည်မှာ အဓမ္မနည်းနဲ့ အုပ်ချုပ်နေလို့ ဖြစ်ရတာ ဖြစ်တယ်။ အဲဒါရဲ့ ဆန့်ကျင်ဖက် ဓမ္မနည်းနဲ့ ချိုချိုသာသာ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး အဖြေရှာကြတာ အကောင်းဆုံးဖြစ်တယ်လို့ အရှင်ဘုရားတို့ကလည်း တိုက်တွန်းပေးကြပါလို့၊ ဟောပြောဆုံးမကြပါလို့ ကျနော်တို့ဖက်က ပြန်ပြီး ဆွေးနွေးခဲ့ပါတယ်။
နောက်ပြီးတော့ ဒီနည်းလမ်းကို ရွေးချယ်တယ်ဆိုတာ ငြိမ်းချမ်းတဲ့နည်း၊ အဖြေတွေ့မယ့်နည်းလို့ ပြောရတာက ဒီဖက်က ဆွေးနွေးမယ့်သူတွေက ထိုက်တန်တဲ့ လူတွေ၊ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေလို့ ပြောရတာ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူပုဂ္ဂိုလ်သက်သက်မဟုတ်ဘူး။ ပြည်သူတွေက ထောက်ခံတယ်၊ တိုင်းရင်းသားတွေက လက်ခံတယ်၊ နိုင်ငံတကာက အသိအမှတ်ပြုထားပြီးသား ခေါင်းဆောင်တဦး ဖြစ်တယ်။ ဒါ့အပြင် ကျနော်တို့ဆီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းဆိုတာ မူတွေ၊ ရပ်တည်ချက်တွေနဲ့ တလျောက်လုံး ရှင်သန်နေတာ ဖြစ်တယ်။ ပြင်ဆင်ထားတာတွေ ရှိနေတယ်။
တပ်မတော်ဖက်ကလည်း လုံးလုံးကြီး သည်လမ်းကြောင်းကို ဆန့်ကျင်နေတာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ထားပြီးသား ဖြစ်တယ်။ လမ်းဖောက်ထားတာပဲ။ သူ့ကို ဆက်သွယ်ရေးဝန်ကြီးလို့ အမည်ပေးထားတာထက် ယူနီတီဝန်ကြီးလို့သာ ဆိုလိုက်ရင် တိုင်းရင်းသားတွေ အားလုံးနဲ့ အင်န်အယ်ဒီနဲ့ တိုင်းပြည်တခုလုံးနဲ့ ဆိုင်တဲ့သဘောတောင် ဖြစ်သွားနိုင်သေးတယ်။ တခါးကို ဖောက်ထားပေမယ့် သော့ခတ်ပြီး ပိတ်ထားတာကတော့ တပိုင်းပေါ့။ ဒါပေမယ့် တပ်မတော်က လက်နက်အားကိုးတဲ့နည်းတွေနဲ့ မဖြစ်ဘူးဆိုတာ သူတို့ သိပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ဒီဖက်က တရုတ်တို့ အာဆီယံတို့ကိုယ်တိုင်ကလည်း ပြောဆိုနေရပြီ ဖြစ်တယ် လို့ ပြောချင်တယ်။
နောက်ဆုံးတနေ့မှာ တပ်မတော် အခြေခံအင်အားစုတွေသာမက တပ်မတော်ခေါင်းဆောင် အင်အားစု အများစုက တိုင်းပြည်အကျိုးစီးပွားအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို ယုံကြည်လာကြမယ်၊ ဆောင်ရွက်လာကြမယ်ဆိုတာကို ကျနော်တို့က လမ်းဖွင့်ထားတဲ့သဘောနဲ့ ဆက်လက် တောင်းဆို ကိုင်စွဲနေရမှာပဲ ဖြစ်တယ် လို့ ပြောချင်ပါတယ်။
(မိုးမခက ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ အီးဘွတ်လေးတော့ ထုတ်ဖြစ်အောင် စီစဉ်နေပါတယ်)

စာရေးဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်များ

7:05 PM | Posted by Anonymous
ဒဂုန်တာရာ (ဓာတ်ပုံ - မိုးမခ)
မူရင်း (ဧရာဝတီ)

ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင် ကြီးများနှင့် တွေ့ဆုံ ဆက်ဆံ ခဲ့ဖူးသော မြန်မာနိုင်ငံ ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် နေထိုင်လျက် ရှိသည့် စာရေးဆရာကြီး ဒဂုန်တာရာအား ဧရာဝတီ သတင်းထောက် ကိုစိုးက အာဇာနည် နေ့နှင့် ပတ်သက်သော အမှတ်တရ မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကျနော်က အခု အသက် ၉၂ ထဲ ရောက်ပြီ။ အဲဒီ အာဇာနည်နေ့ပေါ့ဗျာ။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်၊ အဲဒီတုန်းက ကျနော်လည်း ငယ် သေးတယ်။ ကျနော်က တက္ကသိုလ် သမဂ္ဂမှာ အမှုဆောင် ၂ နှစ် ဆက်တိုက်ဖြစ်ခဲ့ သေးတယ်။ စစ်မဖြစ်ခင်ပေါ့ဗျာ၊ ၁၉၃၉ – ၄၀၊ အဲဒီတုန်းက ဥက္ကဌ က ကိုလှရွှေ၊ အာဏာရှင် လှရွှေ၊ အဲဒီတုန်းက အာဏာရှင်ဆိုတဲ့ စကားလုံးက အကောင်းဗျ၊ ကောင်းတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ အဲဒီနှစ်တွေက ကျနော်က နေ့ကျောင်းသား နေခဲ့တယ်၊ ကျောင်းဆောင် ဘ၀ကတော့ ကျနော် စစ်ကိုင်းကျောင်း ဆောင်၊ ဟို တုန်းက အင်းဝ ၊ စစ်ကိုင်း၊ ပင်းယ ၊ ပဲခူး ဆိုပြီး ကျောင်းဆောင်တွေရှိတယ်၊ တက္ကသိုလ်ကိုတော့ ကျောင်းတိုက်လို့ ခေါ်တယ်၊ ကျနော်တို့က ကျောင်းနေဘက်တွေ ဆိုတော့ သူငယ်ချင်းတွေလို ဖြစ်နေတာကိုး။

အဲဒီ ၁၉၄၇ ကျတော့ ကျနော်က အသက် ၂၉ ၊ ၃၀ လောက်ပေါ့၊ အတိအကျ ဆိုရင် ပြန်တွက်မှရမယ်။ နောက်ဥက္ကဌ က မိတ္ထီလာ ကိုလှမောင်၊ ကျနော်တို့ထက် အများကြီး ကြီးတာပေါ့၊ ဦးနုတို့ တန်းပေါ့၊ ဦးနု လောက်တော့ မကြီးဘူး၊ ဦးနု ကို ကျနော်တို့က ကိုကြီးနု ခေါ်တယ်၊ သူတို့ကတော့ နိုင်ငံရေးလို့ နောင် အခါတော့ ခေါ်တာပေါ့ ဗျာ၊ လွတ်လပ်ရေး လှုပ်ရှားမှုပေါ့၊ တပ်ထဲက ဆိုလို့ ရှိရင် ဗိုလ် လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရန်အောင် အများကြီးပေါ့ဗျာ၊ ရဲဘော် သုံးကျိပ် ခေါ်တာပေါ့၊ အဲဒီတုန်းက နိုင်ငံရေး မဟုတ် သေးဘူး။

ကျောင်းသား သမဂ္ဂ ဆိုတာက ဟို အောက်စ်ဖို့ တို့၊ ကိန်းဘရစ်ခ်ျ တို့၊ လန်ဒန်မှာ ရှိတဲ့ တက္ကသိုလ်တွေ။ အဲဒီက သမဂ္ဂတွေအတိုင်း ဖွဲ့ထားတာ၊ အခြေအနေက အဲဒီလို။

အဲဒီတုန်းက ကျနော်တို့က လွတ်လပ်ရေး လိုချင်တာပေါ့ဗျာ၊ ကျောင်းသားတွေ ၊ တက္ကသိုလ် သမဂ္ဂ၊ ၁၉၃၅-၃၆ ထင်တယ်၊ ကျောင်းသား သပိတ်ဖြစ်တယ်၊ ပညာရေး အတွက်ပေါ့၊ ကိုအောင်ဆန်းကတော့ ၁၉၃၈ – ၃၉ မှာ သမဂ္ဂ ဥက္ကဌ ဖြစ်တယ်၊ တို့ဗမာ အစည်းအရုံးမှာ သခင်အောင်ဆန်း ဖြစ်သွားတယ်။

ကျနော်တို့ လွတ်လပ်ရေး လှုပ်ရှားမှုမှာ ကိုအောင်ဆန်းက ခေါင်းဆောင်လုပ်ခဲ့တာပေါ့။ သူ့ကို အများကြိုက်ကြတယ်၊ ကိုအောင်ဆန်း က စကားအပြော မတတ်ဘူး။ ဒါပေမယ့် ကျနော်ကတော့ သူနဲ့ ပေါင်းလို့ ရတယ်။ သူက ကျနော့်ကို ခင်တယ်။

အဲဒီတုန်းက မှတ်မိသေးတယ်၊ သူက သခင်အောင်ဆန်းလို့ ခေါ်မှ ကိုအောင်ဆန်း လို့ ခေါ်ရင် သိပ်မကြိုက်ချင်ဘူး၊ အဲဒီတုန်းက သမဂ္ဂက လူတွေကလည်း နိုင်ငံရေးလို့ ခေါ်တဲ့ လှုပ်ရှားမှုလုပ်ကြတာ၊ အဖွဲ့အစည်းလှုပ်ရှားမှု၊ ဦးနုက အဲဒီ ၃၅-၃၆ မှာ ဥပဒေ တန်း ပေါ့၊ ဟို တုန်းက ဥပဒေ တန်းတက်ချင်ရင် ဘီအေ အောင်ပြီးတဲ့ လူမှ တက်လို့ရတယ်၊ သခင်သန်းထွန်းက အဲဒီတုန်းက ဆရာဖြစ် သင် ကောလိပ်မှာ အောင်ပြီးပြီ၊ လူတော်ဗျ၊ ငြိမ်းချမ်းရေးသမား လို့ ကျနော်က ထင်တယ်၊ နောက်မှ ဘယ်လိုဖြစ်သွားလဲမသိဘူး။

ကျနော်က အဲဒီကတည်းက ငြိမ်းချမ်းရေး စိတ်ကလေးက ရှိနေတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ငယ်ငယ်ကတည်းက ကျနော်က အကြမ်းပတန်းတွေ သိပ်မကြိုက်ဘူး၊ အဲဒီအချိန်ကတည်းက စတာဗျ။ ကျောင်းသား သမဂ္ဂထဲမှာ ဒေါက်တာ ဘမော်တို့၊ ဒေါက်တာ ဘဟန်တို့ စတဲ့ သူတွေလည်း ရှိတယ်၊ လွတ်လပ်ရေး အတွက် လှုပ်ရှား သူတွေ၊ အရေးကြီးတဲ့ အချိန်တွေပေါ့၊ ကျနော့်ကို လည်း သူတို့က သမဂ္ဂ ဥက္ကဌ လုပ်စေချင်တယ်၊ ၁၉၄၁ လောက်ကပေါ့၊ ကျနော်ကလည်း ရှေ့တန်း သိပ်နေချင်တဲ့လူ မဟုတ်ဘူး၊ အဲဒီ တုန်း က ဗြီတိသျှ အင်ပါယာကို တိုက်ရမှာ၊ လက်နက်ကိုင်ရမယ်ပေါ့ ဗျာ၊ ကျနော်က လက်နက်ကိုင်တာ ၀ါသနာမပါဘူး၊ လက်နက် ကိုင်တာ သိပ်မကြိုက်ဘူး၊ ဟိုတုန်းက ကျနော့်ကို သူတို့က ခေါ်တာ အတွေးသမား အရေးသမား၊ စာရေးတဲ့ ကောင်က ကျနော် တယောက်ပဲ ရှိတာ၊ ဟိုတုန်းက စိတ်ကူးယဉ်တယ်ဆိုတဲ့ စကားလုံးက မပေါ်သေးတော့ အတွေးသမားလို့ ပြောတာပေါ့ဗျာ။

အဲဒီ စနေနေ့ ကိုအောင်ဆန်းတို့ ကျဆုံးမယ့် နေ့က ဗိုလ်ထွန်းလှ ကို ကျနော်က ပြောတယ်၊ ကိုအောင်ဆန်း ကို ပြောလိုက်ပါ၊ ကျနော် ဆောင်းပါး လာယူမယ်၊ အဲဒီတုန်းက သူတို့က ၀န်ကြီးအဖွဲ့ပေါ့၊ ကိုအောင်ဆန်းက အရင် ပဲခူးကျောင်းဆောင်ကနေ ရေကျော်မှာရှိတဲ့ တို့ဗမာ အစည်းအရုံး ဌာနချုပ်မှာနေတယ်၊ သူအိပ်တာ ဖျာလေး တချပ်ပဲ ရှိတယ်၊ တခါတလေ ခေါင်းအုံးက မရှိဘူးနဲ့ တူပါတယ်၊ ခေါင်းက ဆီ က ဖျာမှာ ကွက်နေတယ်၊ အဲဒီမှာ ကျနော် ရောက်သွားတာ၊ ကျနော်က မသိဘူး။

အတွင်းဝန် ရုံးကို ကျနော်ရောက်သွားတော့ ကျနော်က အပေါ်တက်သွားတာ၊ သူတို့ကျဆုံးတဲ့နေရာက အလယ်ခန်း၊ အ၀င်ပေါက် ပေါ့၊ ကျနော်က ၀င်သွားတာ၊ ဘာဖြစ်မှန်း ကျနော်က မသိဘူး၊ အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊ ဟာ ကိုယ်ကျိုးနည်းပြီကွ လို့ ပြောတယ်။

ကျနော် ဘာတခုမှ နားမလည်ဘူး၊ ကျနော်တို့ အတွင်းဝန် ရုံးထဲမှာပဲရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်စကား ပြောတယ်၊ မင်းမကြား ဘူးလားတဲ့၊ ဦစောလူတွေ သတ်သွားတာလို့ပြောတယ်၊ ဦးစောလို့ မပြောဘူး၊ ဆေးရုံပို့လိုက်ပြီ၊ ကိုအောင်ဆန်းကို အ၀တ်ဖြူ အုပ် ထားတယ်၊ သေသွားပြီ၊ ကျနော် “ဦးအောင်ဆန်း၏ နောက်ဆုံးနေ့”ဆောင်းပါးမှာ ရေးထားတယ်၊ ကျနော် အတွင်းဝန်ရုံးရောက် တော့ ကိုအောင်ဆန်းနဲ့ အာဇာနည်တွေကို သယ်သွားပြီ၊ ကျဆုံးတဲ့အချိန် ၁၀ နာရီခွဲဗျ၊ ကျနော် သွားတော့၊ ကျနော် ကိုအောင်ဆန်း နဲ့ ချိန်းထားတာ၊ မသိဘူးလေ။ ကျနော်က ၁၄ လမ်းမှာ နေတာကိုး။

အဲဒီတုန်းကတော့ ဘာမှ မသိဘူးပေါ့လေ၊ ကျနော့် ဘ၀ မှာ ပထမဆုံး လုပ်ကြံမှုကို ကြုံရတာပဲ၊ ဦးစောအဖွဲ့ ဘာညာလည်း မသိ ဘူး၊ နောက်မှ သိတာ၊ သတ်တာတွေ လုပ်ကြံတာတွေ ပထမဆုံး ကျနော့် တသက်တာမှာ ကြုံဖူးတာပဲ။

ဒေါက်တာ မောင်မောင်ရေးတဲ့ စာအုပ်ရှိတယ်၊ ခေါင်းစဉ်က ဘာဆိုလား၊ ပုဂံ စာအုပ်တိုက်က ထုတ်တာ၊ လုပ်ကြံတဲ့နည်းနဲ့ အာဏာ သိမ်းတာ ဦးစော လုပ်တာပဲ၊ သူ့အဖွဲ့က ဂဠုန် ပါတီလို့ ခေါ်တာလား၊ ဂဠုန် အဖွဲ့လို့ ခေါ်လားပဲ၊ မေးမှ ကျနော်လည်း စဉ်းစားရင်းနဲ့ ပြောရတာ၊ အဲဒီ ဂဠုန် ဦးစော ကို ကြိုးပေးတယ်လေ။

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတာ စကြုံဖူးတယ်၊ ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းတာ အရင်က မကြားဖူးဘူး၊ နိုင်ငံရေး သိပ္ပံမှာ အစိုးရ ဆိုတာ ရွေးကောက်တင်မြှောက်ထားတဲ့ဟာ အစိုးရပဲ၊ အာဏာ သိမ်းတယ်ဆိုတာ ကျနော်တို့ အဲဒီမှာ စကြားဖူး တာပဲ၊ ဗိုလ်နေ၀င်း စအာဏာသိမ်းတာပဲ။

ဒီဘက်မှာ ရွေးကောက်ပွဲက ၁၉၉၀ မှာ လုပ်တယ်လေ၊ ရွေးကောက်ပွဲမှာ မဲအများဆုံး ရတာ NLD ။ အဲဒီတော့ အစိုးရဆိုတာ ရွေးကောက် တင်မြှောက်ထားတာလို့ ကျနော်တို့က နားလည်ထားတာ၊ ဗိုလ်ချုပ်နေ၀င်းက တခါ အာဏာ သိမ်းတယ်၊ သြော် အာဏာသိမ်းအစိုးရ ရှိပါလား၊ အဲဒီလို အခြေအနေတွေက ပြောင်းသွားပြီဗျ၊ ကျနော်တို့ နားလည်ထားတဲ့ နိုင်ငံရေး သိပ္ပံနဲ့က ၊ အခုက စစ်တပ် အာဏာသိမ်း အစိုးရ။

တော်လှန်ရေးဆိုတာ အစိုးရကို တိုက်တဲ့ဟာ။ သူပုန်ပေါ့ဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲ လာအောင် လုပ်တာ။ ကျနော်တို့လည်း ငယ်ငယ်တုန်းက သိပ်နားမလည်ဘူး။ ကြီးမှ သိလာတယ်။ လက်နက်နဲ့ အာဏာသိမ်း တယ်။ တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲနည်းနဲ့ အာဏာ သိမ်းရမယ်၊ ဒါပဲ။

ငြိမ်းချမ်းရေးသာလျှင် ဒီမိုကရေစီ ပန်းတိုင်ဖြစ်တယ်၊ ငြိမ်းချမ်းရေး နည်းနဲ့သာ မိတ်ဆွေဖြစ်နိုင်မယ်။

ကျနော် ပြောချင်တယ်ဗျာ၊ အာဇာနည်နေ့ကိုလည်း ကျကျနန လုပ်စေချင်တယ်၊ အာဇာနည်တွေ ကျဆုံးတဲ့ အချိန်ကိုလည်း ဥသြ မှုတ်စေချင်တယ်၊ အရင်အတိုင်း ပုံမှန် လုပ်စေချင်တယ်၊ ကောင်းစေချင်တယ်၊ ဒါပါပဲ။

မိုးမခ သတင်းစဉ်

4:54 AM | Posted by Anonymous

ရှင်သန်နေတဲ့ စိတ်ဓါတ် (ကဗျာဆရာကြီး ဦးတင်မိုး)

Monday, July 19, 2010 10:36 PM | Posted by Anonymous
(ကဗျာဆရာကြီး ဦးတင်မိုး)


ရှစ် လေးလုံး အရေးတော်ပုံ ဟာ
လူထုရဲ့ ဂုဏ်ကို အနက်ဖွင့် ပြခြင်းပါ ။

လူထု ကို ခိုင်းနွား လို
မြက် စားရုံ စားရ
လုပ်အား ကျ အကုန် ပေး
ချွေးနဲ့ ရင်း သွေးနဲ့ ရင်း
ခြင်း စွပ်တဲ့ ပါးစပ်နဲ့
ခိုင်းဖတ် ဖြစ်ခဲ့ ရတဲ့ ဘဝကို
အုံကြွ တော်လှန် ခဲ့ကြတယ် ။

ဆိုရှယ်လစ် တံဆိပ်နဲ့
စစ် မိစ္ဆာတွေ ကြီးစိုး
ခါးရိုး ကျိုးနေတဲ့ လူထု ဘဝ
မ ဆ လ အာဏာရှင် ခေတ်ကို
အမြစ်က လှန်ဖို့
ကြွေးကြော် သံတွေ ဟစ်အော်
နိုင်ငံတော် တစ်ခုလုံး
လက်ရုံးတွေ ဆန့် တန်းပြီး
အံ့မခန်း ခြေလှမ်း ညီညီ နဲ့
ဒီမိုကရေစီ တောင်းဆို ခဲ့ကြတယ် ။

တစ်နှစ် .. နှစ်နှစ်
သုံးနှစ် .. လေးနှစ် ...
အခု ၁၃ နှစ် ရှိခဲ့ ပြီ ။

စစ်တပ်က ပိတ်ဆို့
ငါ တို့ကို ဖြိုခွဲ
ပြို ကွဲအောင် နှိမ်နင်း
တို့ လည်ပင်း ကြိုးကွင်း စွပ်
တို့ လွတ်လပ်မှုကို မပေးနိုင်
လက်နက် ကိုင်ပြီး ဟန့်တားဆဲ
တို့ တိုက်ပွဲ မဆုံးသေး
တို့ သွေးတွေ ကျဆဲပါ ။

ဒီမိုကရေစီ တိုက်ပွဲ ဝင်
ကောင်းကင်ယံက ခွပ်ဒေါင်း အလံဟာ
လေမှာ တလွင့်လွင့် ပျံဆဲပါ ။

လူထုရဲ့ ဆန္ဒ ဟာ
မုချ အောင်မြင် ရမည် လို့
ယုံကြည်ချက် ပြင်းပြ ဆဲပါ ။ ။

(တင်မိုး)
၈-၈-၂၀၀၁
(ကဗျာဆရာကြီး ဦးတင်မိုး ရဲ့ ရှစ်လေးလုံး ၁၃ နှစ် ပြည့် ဂုဏ်ပြုကဗျာ ဖြစ်ပါတယ်)

သူ့ ကျွန် မခံ (မင်းကိုနိုင်)

10:27 PM | Posted by Anonymous

သူ့ ကျွန် မခံ



တိုင်း တစ်ပါး ကျွန်

စစ်တပ် ကျွန်

ဘယ် ကျွန် မှ မခံ .. ဒေါင်း အလံ ဟေ့ ..

ကျောင်း နံရံ တစ်ဝိုက်

ဒေါင်း အလံ ပြန် စိုက်မယ် ။


မင်းကိုနိုင်

၈-၈-၂၀၀၇

ရှစ်လေးလုံး ကြွေးကြော်သံ

10:20 PM | Posted by Anonymous

သပိတ် သပိတ် ....................... မှောက် မှောက်

မီးဒုတ် မီးဒုတ် ......................... ရှို့ ရှို့

ဒီမိုကရေစီ ရရှိရေး ....................... ( ဒို့ အရေး ) ၂

၂၀၁၀ ရွေးကောက်ပွဲ......................... ( အလိုမရှိ) ၂

လူသတ် အစိုးရ ........................ ( အလို မရှိ ) ၂

စစ်အာဏာရှင် စနစ် ................... ( တိုက်ဖျက် ပစ် ) ၂

အာဏာရူး စစ်ခေါင်းဆောင်တွေ .......................... ( ဖြုတ်ချ ပစ် ) ၂

စစ်ရာဇဝတ်ကောင် သန်းရွှေ၊ မောင်အေး ................ ( ထောင်ထဲ ပို့ ) ၂

နအဖ အစိုးရ ............................... ( ချက်ချင်း ဖျက် ) ၂

ပြည်သူ့ အစိုးရ ............................. ( ချက်ချင်း ဖွဲ့ ) ၂

တိုင်းရင်းသား အခွင့်အရေး ............... ( ချက်ချင်း ပေး ) ၂

နိုင်ငံရေး အကျဉ်းသား အားလုံး ........... ( ချက်ချင်း လွှတ် ) ၂

အကျဉ်းကျခံ သံဃာတော် များ ............... ( ချက်ချင်း လွှတ် ) ၂

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်... (ချက်ချင်းလွှတ်)၂

မင်းကိုနိုင် နှင့် ဖမ်းဆီးခံ ကျောင်းသားများ .... ( ချက်ချင်း လွှတ် ) ၂

ရှစ်လေးလုံး စိတ်ဓါတ် ........................... ( မြှင့် တင်ကြ )၂

ဒီမိုကရေစီ အရေးတော်ပုံ ...................... ( အောင် ရမည် ) ၂

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ( ၁၃၅၀ ပြည့် လူထုအရေးတော်ပုံ )

8:50 PM | Posted by Anonymous
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ( ၁၃၅၀ ပြည့် လူထုအရေးတော်ပုံ )




၁၉၈၅၊ ၁၉၈၇ ငွေစက္ကူ ၂ ကြိမ် ရုပ်သိမ်းခြင်း နှင့် ဆင်းရဲလာသော နိုင်ငံ


၃-၁၁-၁၉၈၅ တွင် ကျပ် ၁၀၀ တန်၊ ၅-၉-၁၉၈၇ တွင် ၂၅ / ၃၅/ ၇၅ ကျပ်တန် ငွေစက္ကူများကို တရားမဝင်တော့ကြောင်း ကြေညာလိုက်ခြင်းဖြင့် ပြည်တွင်း သုံးစွဲနေသော ငွေကြေး ၈၀ % ကို မဆလ အစိုးရက အတင်း အဓမ္မ သိမ်းပိုက်လိုက်သည်။ မဆလ အစိုးရ၏အုပ်ချုပ်မှုအောက် ချွတ်ခြုံကျ လာသော မြန်မာ နိုင်ငံ သည် ယခင် ဖွံ့ဖြိုးဆဲ နိုင်ငံမှ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ ( Least Development Country – LDC ) သို့ ၁၉၈၇၊ ဒီဇင်ဘာလ တွင် စာရင်းသွင်း အတည်ပြု ရောက်ရှိ သွားရသည်။

၁၃-၃-၁၉၈၈ ကိုဖုန်းမော် ကျဆုံးခြင်း
( စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် )

ရန်ကုန်စက်မှုတက္ကသိုလ် အနီး ကျောင်းသားနှင့် အရပ်သား တို့၏ သာမန် ပဋိပက္ခ ကို မဆလ အစိုးရက အကြမ်းဖက်ဖြေရှင်းခဲ့၍ ကျောင်းသား ကိုဖုန်းမော် သည် သေနတ်ဒါဏ်ရာ အချက်ပေါင်းများစွာဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။ မရှေးမနှောင်းမှာပင် ကိုစိုးနိုင် လည်း သေဆုံးခဲ့ရသည်။

တံတားဖြူ မှ တံတားနီ
စက်မှုတက္ကသိုလ် က ခါးသီးလှသော ဖိနှိပ်ခံခဲ့ရမှုအပေါ် မကျေနပ် ချက်များသည် ရန်ကုန်တက္ကသိုလ်သို့ ပြန့်နှံ့ လာရာမှ ၁၆-၃-၁၉၈၈ လုံထိန်း များ ၏အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် အင်းယားကန်ရေပြင်နှင့် တံတားဖြူ သည် ကျောင်းသား/သူ တို့၏ သွေးချင်းများ ဖြင့် နီ လာခဲ့ရသည်။

အချုပ်ကားထဲ က သေဆုံး သူ ( ၄၁ ) ဦး
တက္ကသိုလ်ကျောင်းများထဲက ရင်ဖွင့်သံများနှင့် ပြည်သူတို့၏ ခံစား နေရသော မကျေနပ်ချက်များ ပေါင်းသွားကြရာမှ မဆလ အစိုးရ၏ အရေးယူ ကိုင်တွယ်ပုံမှာ မတ်လ ၁၇ - ၁၈ ရက်များတွင် အချုပ်ကားအတွင်း လူ(၄၁)ဦး သေဆုံးရသည် အထိဖြစ်ခဲ့သည်။

ဇွန် ( ၂၁ ) သွေးစွန်းသော မြေနီကုန်း
မတ်လ၊ဇွန်လ ကျောင်းသားလှုပ်ရှားမှုကိုထောက်ခံသော မြေနီကုန်း ဆန္ဒပြမှု တွင် ကျောင်းသားငယ်များပါ သွေးမြေကျခဲ့ရသည်။

နေဝင်း ထွက်ပြီး ၊ စိန်လွင် တက်ပြီ
“ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်ခဲ့လို့ ရှိရင်တော့ .. စစ်တပ် ဆိုတာ.. ပစ်ရင် မှန်အောင်ပစ်တယ်... မိုးပေါ်ထောင်ပြီး ဖေါက်တာ မပါဘူး ... အဲဒါ .. နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ .. အဲဒီလို ဆူတဲ့လူတွေ .... မသက်သာဘူးသာ မှတ်ပေတော့ ..... ” ဟုနောက်ဆုံးပြောကြားသွားခဲ့သည့် ချိန်းခြောက်စကား နဲ့ အတူ နေဝင်း နှုတ်ထွက်ခဲ့ရသည်။
၂၃-၇-၁၉၈၈ တွင် လူသတ်သမား စိန်လွင် တက်လာသည်။

(မြန်မာ့ စစ်အာဏာရှင် နေဝင်း )

(သားသတ်သမား-လူသတ်သမား အမည်ရ လူသတ်ကောင် စိန်လွင်)

စစ်အုပ်ချုပ်ရေး စပြီ


ကျောင်းသားများ၏ တောင်းဆိုဆန္ဒပြ ခဲ့ကြမှုမှ အစပြုလာခဲ့ သော မကျေနပ်ချက်များ မှသည် မဆလ ၏အုပ်ချုပ်မှုအောက် တဖြည်းဖြည်းဆိုးဝါး လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေဆိုးများ ကြောင့် ကြပ် တည်း လာသော လူထုကြီးမှာ ပေါက်ကွဲရန် တာစူနေကြပြီ။ ကျောင်းသားနှင့် ရဟန်းရှင်လူ၊ ပြည်သူတို့ ပေါင်းစပ်သွားပြီး အထွေထွေသပိတ်ကြီး တစ်ခုစီသို့ တဖြည်းဖြည်း ဦးတည် လာနေခဲ့သည်။
၎-၈-၁၉၈၈ တွင် မဆလ က စစ်အုပ်ချုပ်ရေးကို စတင် လိုက်သည်။

၈-၈-၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး


(ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး)

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (ခေါ်) ၁၃၅၀ ပြည့် ဒီမိုကရေစီ လူထု အရေးတော်ပုံကြီးဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ် အတွက် တောင်းဆို တိုက်ပွဲ ဝင်ခဲ့ကြသည်။
၈-၈-၈၈ ည မှာပင် စစ်တပ်က လူထုကိုအကြမ်းဖက် ပစ်ခတ်နှိမ်နင်း ဖြိုခွင်းသည်။ လူထု ဆန္ဒပြပွဲများ တစ်နိုင်ငံလုံးသို့ ပြန့်နှံ့ လာသည်။
၁၈ ရက် သမ္မတ စိန်လွင် ဆင်းပေးခဲ့ရပြီး၊ ဒေါက်တာမောင်မောင် တက်လာခြင်းဖြင့် လူထုကို နှစ်သိမ့်ရန် ကြိုးစားသည်။ လူထုက မယုံကြည်။
တစ်တိုင်းပြည်လုံး အတိုင်းအတာအားဖြင့် လူထု ဆန္ဒပြပွဲကြီးများ၊ အထွေထွေ သပိတ်ကြီးများဖြင့် အစိုးရ အုပ်ချုပ်ရေး ယန္တယားများ အားလုံးကို ရပ်ဆိုင်းသွားစေသည်။ မဆလ တစ်ပါတီအာဏာရှင်အစိုးရကိုဖြုတ်ချခဲ့သည်။

(မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)

၂၆-၈-၁၉၈၈ တွင် ရွှေတိဂုံစေတီ အနောက်ဘက်မုခ်၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာ လူထု ၁ သိန်းကျော် တက်ရောက်ခဲ့သည်။


(ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်)

၂၈-၈-၁၉၈၈ တွင် ရန်ကုန်တက္ကသိုလ် အားကစားရုံ မြက်ခင်းပြင်၌ “ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ” ကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ သည်။ ယင်းနေ့တွင်ပင် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု ကလည်း ဒီမိုက ရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ် (ယာယီ) ကို တည်ထောင် ဖွဲ့စည်းသည်။

( နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု)

၉-၉-၁၉၈၈ တွင် ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ မိမိသာလျှင် တရားဝင် ဝန်ကြီးချုပ်ဖြစ်ကြောင်း ဦးနု က ကြေညာ သည်။
၁၁-၉-၁၉၈၈ တွင် မဆလ အရေးပေါ် လွှတ်တော်က ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်သည်။
အစာငတ်ခံ ဆန္ဒပြပွဲများ ပြုလုပ်၍ သပိတ်တိုက်ပွဲ အရှိန်ကို တိုးမြှင့် ကြသည်။ တပ်မတော်(လေ)၊ ကစလ တပ်၊ လက်ရုံးတပ်၊ ရဲတပ်ဖွဲ့ဝင်များ အထွေထွေသပိတ်တွင် ပူးပေါင်းပါဝင် လာကြသည်။ မဆလ ပါတီ နှုတ်ထွက် ရန်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်နှင့် ကြားဖြတ် အစိုးရ ဖွဲ့စည်းပေး ရန် လူထုက တောင်းဆိုလာကြသည်။ မလိုက်လျောပါက အဆုံးမသတ်နိုင် သော ဆန္ဒပြပွဲများနှင့် ရင်ဆိုင်ရမည်ဟု ပြည်သူလူထုက ရာဇသံပေးလိုက် သည်။
အစိုးရ၏ အုပ်ချုပ်ရေး ယန္တယားမှာ လုံးဝ ပြိုကွဲသွားသည်။ ရဟန်း သံဃာနှင့် ကျောင်းသားများ ဦးဆောင်မှုဖြင့် ရပ်ရွာလုံခြုံရေးကို ကိုယ်ပိုင် တာဝန် ယူကြရသည်။
စစ်တပ်၏ ပဉ္စမံ တပ်သားများက ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးကို သေးသိမ်စေရန်၊ အကျဉ်းတန်စေရန်၊ မင်းမဲ့စရိုက်ကို ဖန်တည်းရန် တန်ပြန် သပိတ် အဖျက်အမှောက် လုပ်ငန်းများကို လုပ်ဆောင်လာသည်။ နိုင်ငံတဝှမ်း ရှိ ထောင်များမှ အကျဉ်းသားများအား ထောင်တံခါးဖွင့် ပေးခဲ့ကြသည်။
၁၇-၉-၁၉၈၈ တွင် ရန်ကုန်မြို့၊ ကုန်သွယ်ရေးဌာန ရုံး အဆောက် အဦ ပေါ်မှ စစ်သားများက ဆန္ဒပြလူထုအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ သဖြင့် စစ်တပ်နှင့် ပြည်သူတို့ကို စတင်ထိပ်တိုက်တွေ့စေခဲ့သည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် မဆလ အစိုးရက ငြင်းဆန်သဖြင့် ဆန္ဒပြမှု အရှိန်အဟုန် ကြီးမား ခဲ့သည်။ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားရာ နယ်စပ် ဒေသများသို့ စစ်သင်တန်းနှင့် လက်နက်များ ရယူရန် ကျောင်းသား အချို့ စတင် ထွက်ခွာကြသည်။

စစ်တပ်က အာဏာ သိမ်းပြီ

(ဗိုလ်စောမောင်)

၁၈-၉-၁၉၈၈၊ ညနေ ၄ နာရီတွင် ဗိုလ်စောမောင် ခေါင်းဆောင်သော စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်သည်။ သပိတ်စခန်းများ ကို သိမ်းယူကာ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး အောက်သို့ ကျရောက်စေခဲ့သည်။

မပြီးဆုံးသေးသော လူထုတိုက်ပွဲ
ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးမှာ အကြမ်းဖက် ဖြိုခွင်းခြင်း ခံခဲ့ရသည်။ စစ်အုပ်စု၏ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည် ဟု လှည့်စားရန် ကြိုးစားသည်။ မဆလ တစ်ပါတီ အာဏာရှင်စနစ် မှ နဝတ စစ် အာဏာရှင်စနစ်သို့ အာဏာ လွှဲပြောင်းလိုက်ခြင်းပင် ဖြစ်သည်။

(၁၉၉၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ပြီးလျှင်ပြီးချင်း စစ်တပ် က စစ်တမ်းလျှား ပြန်မည်- အနိုင်ရပါတီကို အမြန်ဆုံးအာဏာလွှဲပေးမယ် လို့ ကတိပြုခဲ့သူ နဝတ ဗိုလ်ချုပ်မှူးကြီး ဗိုလ်စောမောင်ဆန္ဒမဲ ပေးနေပုံ )

ထောင်နှင့်ချီသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ များမှာ လူထု အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရပြီး၊ အများအပြားမှာ ဖမ်းဆီး၊ နှိပ်စက်၊ အကျဉ်းကျ ခံခဲ့ရပါသည်။ လူ့အခွင့်အရေးများ ဖိနှိပ်၊ ချိုးဖေါက်ခံ ကြရသည်။


(ကွယ်လွန်သွားပြီဖြစ်သော နဝတ ဗိုလ်ချုပ်မှူးကြီး ဗိုလ်စောမောင် နှင့် အတူတွေ့ရှိရသော လက်ရှိအာဏာသိမ်းစစ်အစိုးရ နအဖ အကြီးအကဲ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး ဗိုလ်သန်းရွှေ နှင့် ထောက်ချုပ်ဟောင်း ဗိုလ်ခင်ညွန့် တို့အား အတူတကွတွေ့ရှိရစဉ်)

ကျောင်းသားလူငယ်၊ ပြည်သူ အများအပြား မှာ စစ်အာဏာရှင်စနစ် လုံးဝ ပျက်သုန်းရေး အတွက် နည်းသဏ္ဌာန်မျိုးစုံ နှင့် ဆက်လက် တိုက်ပွဲဝင် သွားနိုင်ရန် တော်လှန်ရေးဒေသများ၊ နယ်စပ်ဒေသများ သို့ ထွက်ခွါသွား ခဲ့ကြ သည်။ မြေပေါ်၊ မြေအောက် တိုက်ပွဲဝင်ခဲ့ကြသည်။
တော်လှန်ရေး ရဲဘော်များ ဖြစ်သော အင်အားစု အသီးသီးတို့သည် စစ် အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ စစ်ဝါဒ ကျဆုံးရေး၊ ဒီမိုကရေစီ ရရှိရေး တို့အတွက် ပြည်တွင်း၊ပြည်ပတွင် ပုံစံသဏ္ဌာန် အမျိုးမျိုး၊ နည်းဗျူဟာ အမျိုးမျိုး တို့ဖြင့် ဆက်လက် တိုက်ပွဲဝင်နေ ကြဆဲပင် ဖြစ်သည်။


(ရှစ်လေးလုံး စိတ်ဓါတ်ကို ဆက်လက် စွဲကိုင်ခြင်းဖြင့် ပြည်သူအပေါ် သစ္စာရှိပါ)

တို့  တိုင်း ပြည် ( ဇော်ဂျီ )

8:45 PM | Posted by Anonymous
တို့  တိုင်း ပြည်

ထ လော့ မြန်မာ၊ အို မြန်မာ တို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ ၀ယ်
စေတီ စပါး၊ များလည်း များ၏
များပါ လေလည်း၊ တမွဲမွဲ နှင့်
ဆင်းရဲ ကာသာ၊ ကာလ ကြာလျှင်
ယာ စကာမျိုး၊ တညှိုးညှိုး နှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည် သွားလျှက်
မစား လေရ၊ ၀မ်း မ၀ ၍
ဆွမ်းမျှ မတင်နိုင်၊ ရှိမည်တည်း ။

ထ လော့ မြန်မာ၊ အို မြန်မာ တို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ ၀ယ်
ရေချို သောက်ရန်၊ မြစ်ချောင်း ကန် နှင့်
သီးနှံ ချိုပျား၊ များလည်း များ၏
များပါ လေလည်း၊ တမွဲမွဲ နှင့်
ဆင်းရဲ ကာသာ၊ ကာလ ကြာလျှင်
မြင်သာ မြင်ရ၊ မစား ရ၍
တောက ပြိတ္တာ၊ ဖြစ်မည်တည်း ။

ထ လော့ မြန်မာ၊ မြန်မာ ထ လော့၊
အား မပျော့ နှင့်၊ မလျော့ လုံ့ လ
သူက စ၍၊ ငါက အားလုံး
လက်ရုံး များမြောင်၊ ဉာဏ် များမြောင်နှင့်
စွမ်းဆောင် ကြလေ
ဤမြေ ဤရွာ၊ ဘယ်သူ့  ရွာလဲ
ဤယာ စပါး၊ ဘယ်သူ့  စပါးလဲ
ထားလော့ တာဝန်၊ ဉာဏ်ရှေ့  ပန်း၍
တ၀မ်း တစိတ်၊ ညီစေ သတည်း ။ ။ ( ဇော်ဂျီ )

၁၉၃၅ ခုနှစ် သြဂုတ်လ ကြီးပွါး ရေး မဂ္ဂဇင်း အတွဲ -၃ ၊ အမှတ် -၁၁၊

ဦးအောင်ဆန်း၏နောက်ဆုံးနေ့ (ရေး - ဒဂုန်တာရာ)

3:51 AM | Posted by Anonymous



ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသောပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန်(ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထား သည်။

၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင် သင့် တွေ့ သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါ လာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။

ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။

ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။

သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။

ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရ သည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။

ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည် ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက် တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ၊

လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်းကိုကျော်၍ဇော်ဂျီ၏အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာ လည်း တံခါး ပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည်ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်းအသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့တဖန်လှည့်၍ ‘‘အထဲမှာအစည်းအဝေးလုပ်နေသလား’’ ဟု မေးရသည်။

ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီးအတွင်းသို့ ၀င်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။

ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက် ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာတိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလိုအုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည်။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော်သည်ထိက်ကနဲဖြစ်သွားသည်။

‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။

‘‘မင်း မကြားသေးဘူးလား’’ဟု ဇော်ဂျီက အံ့သြနေသည်။

‘‘ဟင့်အင်း … ကျနော်အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ’’
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအားစတင်းဂန်းဖြင့်ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။

ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ်တုန်လာ သည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့် ကလေး က လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။

‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည်ငြီးတွားလျက်ရှိကြသည်။

ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်းတရပ်ပဲ’’ ဟု တသသပြောသည်။

‘‘ကျနော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကိုမတားကြ ဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’။

‘‘လူတွေဟာမပြောရက်ကြဘူး’’ ဟု ဇော်ဂျီကဆိုလေသည်။

လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံကပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က ၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှ တပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။

‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။

‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’

ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း(ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။

လူတယောက်က ကျနော်၏ လက်မောင်းကိုဆွဲကိုင်၍ ‘‘ဒီမယ်… ခုနက၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူးရင်းအသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက် သည်။ ကားသည် လမ်းမတော်ဘက်သို့ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက်ရှိသည်။

ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍ နေသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦး က‘‘အားကီး ရက်စက်တာပဲ’ဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ် ကား ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်းပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။

ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့်ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။

လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။

မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ဟူသောအသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။

တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။

ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။

တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တရေးနိုးတိုင်းသတိရလျက် ရှိသည်။ မကြာခဏအိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်ထိုညကို လွန်မြောက်ရသည်။

၁၉၄၇
သြဂုတ်လ

“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်မှ

အာဇာနည်နေ့ (သို့) နိုင်ငံတော် လုပ်ကြံမှုကြီး

Sunday, July 18, 2010 10:36 PM | Posted by Anonymous

စိုးရိမ်ဖွယ်ရာ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး (အိတ်ဖွင့်ပေးစာ)

10:34 PM | Posted by Anonymous
ရဲဘော်ကျော်သန်း

အတွေးခေါင်နေမလားတော့မသိပါ။ သတိဆိုတာ ပိုသည်မရှိ လိုသည်ချည်းပါ။ အာဇာနည်နေ့ အခါသမယမှာ ကောလဟဠအဖြစ် အွန်လိုင်းတွေမှာ ပေါ်ထွက်လာတဲ့ သတင်းတွေကို အခြေခံတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စိုးရိမ်စရာအခြေအနေတချို့ကို မျှဝေပေးချင်ပါတယ်။

စစ်အုပ်စုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကြားမှာ ဒေါ်စုကို ပြန်လွှတ်ပေးတော့မယ်ဆိုတဲ့ ကောလဟဠဖြစ်နေ တာ သီတင်းပတ်တွေ အတော်ကြာခဲ့ပါပြီ။ အခုတော့ အာဇာနည်နေ့မှာ လွတ်မယ်လို့ အတိအကျ အွန်လိုင်း တွေမှာ တွေ့လာရပါတယ်။ ဒီသတင်းတွေ စကြားစဉ်ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ မြင်မိပါတယ်။ တမင်ဖမ်း ဆီးထိန်းသိမ်းထားချင်လို့ ယက်ထောနဲ့ အမှုဆင်ထောင်ချခဲ့တဲ့ စစ်အုပ်စုဟာ ဒေါ်စုကို လွှတ်ပေးရင်တောင်မှ ရွေးကောက်ပွဲပြီးမှသာ ဖြစ်နိုင်မယ်လို့ ယူဆခဲ့တာပါ။

အခုတော့ အဲဒီစဉ်းစားချက်တွေကို အလေးအနက် ပြန်လည်သုံးသပ်စရာဖြစ်လာပါတယ်။ လွှတ်ပေးရင်လည်း အကောင်းထက် အဆိုးက ပိုများနေမလား စဉ်းစားမိလာပါတယ်။ ဝမ်းနည်းစရာ အဖြစ်ပျက်တွေများ ဖြစ်လာ လေဦးမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်မိပါတယ်။

အကြောင်းကတော့ စစ်အုပ်စုရဲ့ ပညာရေးဒုဝန်ကြီး ဗိုလ်မှုးချုပ်အောင်မျိုးမြင့်က ဒီလ (၆) ရက်နေ့က မန္တလေး တက္ကသိုလ်ရတနာပုံနယ်မြေမှာ ဆရာ/ဆရာမတွေ ကျောင်းသူကျောင်းသားတွေကို ကြံ့ဖွတ်အတွက် မဲဆွယ် စည်းရုံးရင်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရတာ သူတို့အတွက် တာဝန်ကြီးကြောင်း၊ တစုံတဦးက ဒေါ်စုကို စနိုက်ပါနဲ့ ချောင်းမြောင်းလုပ်ကြံခဲ့ရင် အများက သူတို့ (နအဖ) ကိုပဲ ရိုးစွပ်မှာဖြစ်ကြောင်း၊ အမေရိ ကန်ထောက်လှန်းရေး စီအိုင်အေကော မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်သွားတယ် ဆိုပါတယ်။ ဒီစကားကို သူရောက်လေရာ တွေ့ဆုံသူတိုင်းကို ပြောတယ်လို့ ကြားရပါတယ်။ ဒါဟာ သူတို့ရဲ့ ယုတ်မာပက်စက်တဲ့ အ ကြံအစည်အတွက်၊ ကြိုတင်လမ်းခင်းမှုလား၊ သို့တည်းမဟုတ် သူတို့ရဲ့ အကြံအစည် အကောင်အထည်ဖော်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေအတွက် တီးခေါက်ကြည့်တဲ့သဘော (searching- fire) လား စဉ်းစားစရာ ဖြစ်ပါတယ်။

ဒေါ်စုအတွက် ပိုပြီးစိုးရိမ်မိစေတဲ့ အချက်က လွန်ခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးခင်း မတိုင်မီက တွေ့ခဲ့ရတဲ့ ပြည် တွင်းမိတ်ဆွေတဦးရဲ့ ပြောပြချက်ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ ဒေါ်စုကို ထပ်လုပ်ကြံဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။ ဗိုလ်သန်းရွှေက ဗမာပြည်နိုင်ငံရေးမှာ ဒေါ်စုရှိနေတာကို လုံးဝမကြိုက်ပါဘူး၊ လက်မခံနိုင်ပါဘူး၊ မရှိ စေချင်ပါဘူး။ သူတို့လုပ်သမျှ မအောင်မြင်တာ ဒေါ်စုကြောင့်၊ သူတို့ကို လူထုမထောက်ခံတာ ဒေါ်စုကြောင့် လို့ ယူဆပါတယ်။ ဒါကြောင့် ဒေါ်စုကို သုတ်သင်ရှင်းလင်းရမယ်၊ ဒေါ်စု မရှိရင် ဗမာပြည်မှာ သူတို့လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ယူဆတယ်ဆိုပါတယ်။ ဒါပေမယ့် ဒေါ်စုဟာ သာမာန်ပုဂ္ဂိုလ်မဟုတ်လို့ အလွယ်တကူ သုတ် သင်ဖို့ မဖြစ်နိုင်လို့ ဟောလီးဝုဒ်ရုပ်ရှင်တွေထဲကလို၊ သမ္မတကနေဒီလုပ်ကြံမှု ပုံစံလို၊ ပြဇာတ်ဆန်ဆန် လုပ်ကြံ ဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။

သူတို့အကြံအစည်ကတော့ လက်ရွေးစင်လူတစု သို့မဟုတ် တဦးက ဒေါ်စုကို လုပ်ကြံမယ်။ အဲဒီလူကို နောက် တစုက ထပ်ပြီး သုတ်သင်မယ် (အဓိက တရားခံ prime suspect or hard evident ကို ဖျောက်ဖျက်တဲ့သ ဘော)။ နောက် အဲဒီလုပ်ကြံမှုမှာ ဒုတိယအဆင့် ပါဝင်ပတ်သက်သူကို ရုံးတင်စစ်ဆေး အပြစ်ပေးမယ်။ ပြီး တော့ ဒေါ်စုကို နိုင်ငံတော်အခမ်းအနားနဲ့ သင်္ဂြိုဟ်မယ်၊ ဒေါ်စုအတွက် အမှတ်တရ ကျောက်ရုပ်တခုထုလုပ် ဂုဏ်ပြုပြီး နိုင်ငံတကာနဲ့ ဗမာပြည်သူတွေကို မျက်လှည့်ပြပြီး လုပ်ကြံမှုက ရှောင်ထွက်မယ်လို့ ဆိုပါတယ်။ ဒီလို နဲ့ ဒေါ်စုကို အပျောက်ရှင်းပြီး သူတို့ရဲ့ ခြေရာလက်ရာကို အစဖျောက်ဘို့ အကြံအစည်ဖြစ်ပါတယ်။

ဒီတုန်းကတော့ ကျနော့်မိတ်ဆွေကို ဒါဟာ သိပ်စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ ပြောမိခဲ့ပါတယ်။ သူကလည်း ဘာမှပြန်မပြောတော့ သူလည်း ဒီအကြောင်း ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ဟန်တူပါတယ်။ အခုတော့ နောက် ထပ်သိလာရတဲ့ အချက်အလက်တွေအရ ဒီအရေး (စစ်အုပ်စုရဲ့ လျှို့ဝှက်အကြံနဲ့ ဒေါ်စုရဲ့လုံခြုံရေး) ဟာ အ လေးအနက်ထား စဉ်းစားရမယ့် အခြေအနေ၊ ကြိုတင်ကာကွယ်ရေးတွေ ဝိုင်းဝန်းရှာဖွေရမယ့် အခြေအနေတွေ ရှိနေပါပြီ။

ဟိုအရင်ကတော့ ဒီပဲယင်းလုပ်ကြံမှုဟာ ဒေါ်စုကို ခြောက်လှန့်ရုံသက်သက် (သို့) ဒေါ်စုနှင့် လူထုကို ခွဲခြားဖို့ သက်သက်ပဲလား၊ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြံစည်ခဲ့တာလားဆိုတာ သိပ်မကွဲပြား မသေချာခဲ့ပါဘူး။ အခု တော့ ဒီပဲယင်းလုပ်ကြံမှုဟာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ရည်ရွယ်တယ်ဆိုတာ ဦးတင်ဦးရဲ့ ကိုယ်တွေ့ ပြန်လည်ပြောပြချက်တွေနဲ့ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှန်းရေးဟောင်း ဗိုလ်အောင်လင်းထွဋ် ထုတ်ဖော်ဝန်ခံ ချက်တွေက အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ဦးတင်ဦးရဲ့ ပြန်လည်ပြောပြချက်တွေထဲမှာ တိုက်ခိုက်သူတွေ (အရပ်ဝတ်စစ်သားတွေနဲ့ အကျဉ်းသားတွေ) ဟာ ဒေါ်စုရဲ့ကားကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ပုံနဲ့ ဒေါ်စုကို ကြည်ညိုလေးစားတဲ့ ပါတီဝင်အမျိုးသား/အမျိုး သမီးတွေက အသက်ပေးကာကွယ်ခဲ့လို့ လွတ်မြောက်သွားရပုံတွေကို ပြောသွားခဲ့ပါတယ်။ ဗိုလ်မှုးအောင်လင်း ထွဋ်ကလည်း သူရဲ့စာတပိုဒ်ထဲမှာ ဗိုလ်ခင်ညွန့်က ဒီပဲယင်းအဖြစ်အပျက်တွေကို ဗိုလ်သန်းရွှေထံ သွားသတင်း ပို့တော့ သန်းရွှေက “အေး ငါသိတယ်၊ အဲဒါ ငါလုပ်ထားတာ မင်းဘာသာမင်း ကြည့်ရှင်းလိုက်” လို့ ပြန်ပြော တယ်လို့ ဖော်ထုတ်ထားပါတယ်။

နိုင်ငံရေးလုပ်ကြံမှုဆိုတာ တိုင်းပြည်တပြည် လူမျိုးတမျိုးရဲ့ အပေါ်ယံလွှာ အုပ်ချုပ်သူလူတန်းစားတွေထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်ဖြစ်ပါတယ်။ အများစုကတော့ ဖောက်ပြန်တဲ့လက္ခဏာရှိပါတယ်။ အောက်လွှာ အခြေခံလူတန်းစားနဲ့ ဆက်နွယ်မှုနည်းပါတယ်။ ဆက်နွယ်မှု ရှိလာပြီဆိုရင်လည်း အောက်ခြေလူထုအာဏာ ကို စုစည်းဖော်ထုတ်နိုင်ပြီး လူထုအာဏာကို မြှင့်တင်ဖို့ ကြိုးစားခဲ့တဲ့ လူထုခေါင်းဆောင်တွေ လုပ်ကြံသတ် ဖြတ်ခံရတာနဲ့ အဆုံးသတ်သွားလေ့ရှိပါတယ်။

ကမ္ဘာ့သမိုင်းစဉ်တလျှောက်မှာ နိုင်ငံရေးလုပ်ကြံမှုနဲ့ ကင်းလွတ်တဲ့ နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။ အဲဒီထဲမှာ ဗမာပြည်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်မှုတခုကတော့ အင်္ဂလန် လစ်ဘရယ်နိုင်ငံရေးပုံစံ ထူထောင်ခဲ့ကြတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ ကိုလိုနီ နိုင်ငံဟောင်းတွေမှာလည်း နိုင်ငံရေးလုပ်ကြံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အချက်ပါ။ ဗမာပြည်ကတော့ လွတ်လတ်ရေး သန္ဓေတည်စမှာပဲ နိုင်ငံရေး လုပ်ကြံမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပိုပြီးလည်း ပက်စက်ပါတယ်။ လုပ်ကြံမှုမှာ ခေါင်းဆောင်အများစု ဆုံးရှုံးခဲ့ရလို့ ပန်းကောင်းအညွန့်ကျိုး၊ တာမထွက်ခင် မြင်းကောင်းခွာလိပ်ဖြစ်ခဲ့ရတာပါ။ လက်ရှိဗမာလူထု ရင်ဆိုင်ခံစားနေရ တဲ့ ဒုက္ခသုက္ခအပေါင်းနဲ့ စစ်အာစဏာရှင်စံနစ်ဟာ ဒီနိုင်ရေးလုပ်ကြံမှုရဲ့အကျိုးဆက်လို့လည်း ပြောနိုင်ပါတယ်။

လက်ခံနိုင်စရာမဟုတ်ပေမယ့် အိန္ဒိယ၊ ပါကစ္စတန်စတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးလုပ်ကြံမှုတွေက တစုံတ ရာသော အတွေးအခေါ် အယူအဆ၊ တခုသော လူအုပ်စု ရည်ရွယ်ချက်တခုခုအတွက် ကိုယ်စားပြုတယ်လို့ ဆို နိုင်ပါတယ်။ ဗမာပြည် ရင်ဆိုင်လိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံလိုက်ရတဲ့ လုပ်ကြံမှုကတော့ အင်္ဂ လိပ်နယ်ချဲ့စနစ်နဲ့ အင်္ဂလိပ်ဓနရှင်တစုက အရင်းခံအကြောင်းလို့ ဆိုသော်လည်း ကာယကံမြောက် ကျူးလွန် သူကတော့ ဗမာတယောက်ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အာဃာတ သို့မဟုတ် ပုဂ္ဂိုလ်ရေးလောဘဆန္ဒကြောင့် ကျူးလွန်ခဲ့တာပါ။ အင်မတန် ကျဉ်းမြောင်းပါတယ်။ ဒါကြောင့် တဘက်က တွေးကြည့်ရင် အမျိုးသားရေး ဂုဏ် သိက္ခာမဲ့မှုတခုဖြစ်ပါတယ်။

အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ ဖောက်ပြန်မှုပုံစံအမျိုးမျိုးနဲ့ နိုင်ငံတကာအလယ်မှာ အမျိုးသားရေး ဂုဏ်သိက္ခာကို တရစ်ပြီးတရစ်ချခဲ့တယ်။

အမြင်မတူတဲ့ နိုင်ငံရေး ပြိုင်ဘက်၊ ကျောင်းသားပြည်သူတွေကို သတ်ဖြတ်ပြီး ရိုင်းစိုင်းရက်စက်မှုကို ပြခဲ့တယ်။

ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သတ်၊ ဘုရားကျောင်းကန်တွေ ဖျက်ဆီးပြီး အာဏာလောဘနဲ့ သူရဲ ဘောကြောင်မှုကို ပြခဲ့တယ်။

နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်တွေအပေါ် နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး လူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာမှုကို ပြခဲ့တယ်။

နိုင်ငံရေးကတိ အမျိုးမျိုးပေးပြီး ဗြောင်လိမ်ဗြောင်စားနဲ့ အရှက်သိက္ခာမဲ့မှု ယုတ်မာပက်စက်မှုကို ပြခဲ့တယ်။

အခုလည်း အမျိုးသားရေး ဂုဏ်သိက္ခာပျက်စေမယ့်၊ အမျိုးသားရေး ဆုံးရှုံးမှုကြီးကို ဖြစ်စေမယ့် ယုတ်မာပက် စက်တဲ့ အကြံအစည်တခုကို အားထုတ်နေပြန်ပြီလို့ ယူဆရပါတယ်။ အခုလို အာဇာနည်နေ့ အခါသမယမှာ ဗိုလ်ချုပ်အောင်းဆန်းနဲ့ အာဇာနည်ကြီးတွေရဲ့ ဂုဏ်ပုဒ်တွေကို ချီးမွမ်းခြင်း၊ ဂဠုန်ဦးစောရဲ့ ယုတ်မာတဲ့ လုပ်ရပ် ကို ရှုတ်ချခြင်းတွေ လျော့ပါးပြီး ဂဠုန်စောရဲ့အစွမ်းအစနဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ဖော်သလို ပြည်တွင်းစာစောင် တွေမှာ ဖော်ပြနေတာ တွေ့ရတယ်။ ဒါဟာ နောင်ဖြစ်ပေါ်လာစရာရှိတဲ့ ဂဠုန်စောလို လုပ်ရပ်တခုအတွက် ကြို တင် လမ်းခင်းနေတာများလား စဉ်းစားစရာဖြစ်ပါတယ်။

ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုဟာ အနှစ် (၂၀) ကျော်ခဲ့ပါပြီ အခုထိ မပြီးဆုံးသေးပါ။ ဒါဟာ ကျနော်တို့အရေးတော်ပုံတပ်သားတွေနဲ့ ပြည်သူလူထုရဲ့ အားထုတ်ပံ့ပိုးမှု လိုအပ်နေဆဲဆိုတာကို ပြသလို ဒေါ် အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ဝေဖန်စရာတွေ ရှိကောင်းရှိမှာပါ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကို ခံယူရရှိထားဆဲဖြစ်ပါ တယ်။ လူထုရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ခါးခါးသီးသီး ကွဲလွဲနေတဲ့ စစ်အာဏာရှင် အုပ်စုနဲ့ ပြည်သူလူထု အ ကြားက ပဋိပက္ခရဲ့အဖြေလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးရှုံးစေမှုဟာ ဗမာပြည်သူတွေအ တွက် အမျိုးသားရေးဆိုင်ရာ ဂုဏ်သိက္ခာပျက်သုဉ်းမှုဖြစ်စေသလို နိုင်ငံတကာမိသားစုအတွက်လည်း အမှန်တ ရားဆိုင်ရာ ရှုံးနိမ့်မှုဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာသာမက နိုင်ငံတကာမိသားစုရဲ့ စောင့်ကြည့်ကာကွယ်မှုကို လို အပ်နေပြီဖြစ်ပါတယ်။

ဗမာပြည်မှာ ဒုတိယအာဇာနည်နေ့ ထပ်မံမပေါ်ပေါက်ရေး သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်သန်း ရွှေနဲ့ စစ်အုပ်စုရဲ့ ပက်စက်ယုတ်မာတဲ့ အကြံစည်မှကာကွယ်ရေးဟာ လူစိတ်မကုန်သေးတဲ့ နအဖ ဝန်ထမ်းများ အပါအဝင် ပြည်သူတရပ်လုံးရဲ့တာဝန်ဖြစ်ကြောင်း နှိုးဆော်သတိပေးအပ်ပါတယ်။

ဒါဟာ အမျိုးသားဂုဏ်သိက္ခာ ကာကွယ်ရေးဖြစ်ပါတယ်။ လက်ငင်းအမျိုးသားရေး တာဝန်ဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း