ဝါရင့်နိုင်ငံရေးသမားကြီးများအား ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုစဉ်

Thursday, November 25, 2010 2:33 AM | Posted by Anonymous

အမေ့အတွက်

2:15 AM | Posted by Anonymous


အမေ့အတွက်

တို့ချစ်တဲ့ဒေါ်အောင်ဆန်းစုကြည်

မာစေသာစေဖို့ဆုတောင်း။


အန်တီ ကနေ အမေ အရွယ်ကူးပေမယ်

သွက်လက်စွာ လူထုကိုအကျိုးပြုဆဲ

သွားမကျိုးဆံမဖြူဘဲ

သက်တော်ရာကျော်ရှည်ပါစေအမေ။


အဝေးရောက်သားတွေမို့

အနီးရောက် ဂါဝရ မပြုနိုင်ပေမယ့်

အမေ့အတွက်ဟိုးတောင်ထိပ်က

ပန်းတွေခူးနေပါကြောင်းလူကြုံနဲ့ စကား ပါး ပါရစေ။


အမေ အမေဟာ

အများအကျိုးကို ခါးချိုးပြီးတာဝန်ကျေသူ

ူတာဝန်မကြောက် တာဝန်မကျေမှာကြောက်သတဲ့

လူထုကချစ် လူထုကိုချစ်တဲ့အမေပါ။


မြန်ပြည်မှာ အောင်စည်သာတဲ့အခါ

ခွပ်ဒေါင်းအလံ အမြင့်ဆုံးလွှင့်ပြီး

အမေ့နား လာခဲ့မှာ။


သစ်ရွက်

နိုဝင်ဘာ ၂၄ ၂၀၁၀




ပြည်နယ်/တိုင်း အမျိုးသမီးများ နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

1:53 AM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12942

ဦးအောင်သန်း နှစ်ပါတ်လည်ဆွမ်းကျွေး ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

1:51 AM | Posted by Anonymous
Credit to DVB

ဒေါ်အောင်ဆန်းစုကြည် နှင့် သားလေး ကင်မ် ရွှေတိဂုံဘုရားဖူး မှတ်တမ်းတင်ဓါတ်ပုံများ နိုဝင်ဘာ ၂၄ ၂၀၁၀

Tuesday, November 23, 2010 11:50 PM | Posted by Anonymous

အမေ နှင့် သား

8:17 AM | Posted by Anonymous

ဒေါ်စုရဲ့ မေတ္တာစကား ဦးသန်းရွှေ ကြားပါစေ

5:29 AM | Posted by Anonymous
ဒေါ်စုရဲ့ မေတ္တာစကား ဦးသန်းရွှေ ကြားပါစေ အကြောင်းကြောင်းကိုထောက်ဆပြီး ရာဇဆိုတဲ့မန်ကိုလျှော့ပြီး ဒေါ်စုစကား ဒေါ်စုတရားတွင် သန်းရွှေတို့အကျိုးစီးပွါး အကျိုးစကားတွေ ကိုမြင်လေပါစ ရန်ပြိုရန်ငြိမ်း မာန်သိမ်းရင်ဖြင့် မြန်မာပြည် ငြိမ်းချမ်းရေးလမ်းစ ပွင့်တော့မယ် အချင်းချင်း ရန်တင်းမန်တင်းတွေပျောက် သံခင်းတမန်ခင်းတွေဆက် အမြင်ချင်းဖလှယ်စေ ပြည်ဝန်းငယ်သော်လည်း ပညာကုန်သုံးပြီး လောင်သမျှမီးငြိမ်းသတ် အငြိမ်းဓာတ် မွေးကြစို့

အမေ နှင့် သား

Monday, November 22, 2010 9:16 PM | Posted by Anonymous
အမေ နှင့် သား အရင်က ဆုံစည်းစဉ်
မိခင်ကိုတွေ့ဆုံဖို့မျှော်တလင့်လင့် ဗီဇာလျှောတ်ထားနေတဲု သားငယ်ကင်မ်


ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၀ နှစ်ကြာခွဲခွါနေရတဲ့သားငယ်ကင်မ် ကို ရန်ကုန်လေဆိပ်မှာ ပန်းစီးလေးနဲ့စောင့်နေပုံ


ဒေါ်အောင်ဆန်းစုကြည် ၁၀ နှစ်ကြာခွဲခွါနေရတဲ့သားငယ်ကင်မ် ကို ပထမဦးဆုံးပြန်လည်ဆုံစည်းရတဲ့မြင်ကွင်း

သားလေး ဖောင်ဖြည့်နေတာ အမေက ဘေးကနေ ရပ်ကြည့်နေတဲ့မြင်ကွင်းက ချစ်ဖို့ကောင်းလိုက်တာ
သားငယ်ကင်မ် က သူ့မိခင်ရဲ့ ဒီချုပ် အလံကို သူ့ပါးခုံးမှာထိုးထားတာ သူ့မိခင်ကို တွေ့တွေ့ချင်း ပြနေပုံ


ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၀ နှစ်ကြာခွဲခွါနေရတဲ့သားလေးလက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်

လုံခြုံရေးတွေ သတင်းသမားတွေကြားက သားအမိ

သားငယ်ကင်မ် နဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်


သားငယ်ကင်မ် နဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်
သားငယ်ကင်မ် နဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်
အဖေ အမေ နဲ့အတူတွေ့ရတဲ့ သားငယ်ကင်မ်
အမေ နှင့် သား အပြုံးကိုယ်စီ
အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ အမေ့အိမ်ပဲ လေ
အမေ့ နဲ့ အမေ့ရပ်တည်ချက်ကို ထောက်ခံတဲ့သား ဆိုတာ သူ့အမေကို ဒီချုပ်အလံတက်တူးလေး ကို အရင်ပြပြီးသက်သေထူတယ်
NLD ရဲ့သင်္ကေတ အမေ့သားက အမေ့အတွက် ထိုးထားပြတယ်
သားငယ်ကင်မ် နဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်
တတိုင်းပြည်လုံး သားပျောတ်မိခင်တွေအတွက် ပုခုံးထမ်းထားရတဲ့ မိခင် ကို ထောက်ခံနားလည်မှုပေးတဲ့ ဒီချုပ်အလံလေးနဲ့ သားငယ်


အမေ့ရင်ခွင်ထဲကသားလေး အမေနဲ့ပြန်ဆုံစည်းရ တဲ့ စိတ်ချမ်းမြေ့ဖွယ် မြင်ကွင်း

CNN: Suu Kyi has long-awaited reunion with son in Myanmar

8:25 PM | Posted by Anonymous
Suu Kyi has long-awaited reunion with son in Myanmar
By the CNN Wire Staff
November 23, 2010 -- Updated 0349 GMT (1149 HKT)


Aung San Suu Kyi holds the hand of her younger son Kim Aris after his arrival at Yangon airport on November 23, 2010

Yangon, Myanmar (CNN) -- The younger son of political activist Aung San Suu Kyi arrived in Myanmar on Tuesday for a long-awaited visit with his mother, from whom he'd been separated for a decade.

Kim Aris arrived about 7:30 a.m. Tuesday at the international airport in Yangon, the former national capital, which also is known as Rangoon.

Myanmar air force security officials escorted Aris, speeding his arrival without going through standard immigration. Suu Kyi, also escorted by security officials, was quickly able to greet her son.

About 100 of her supporters were on hand for Aris's arrival from Bangkok, Thailand, where he had waited for weeks in limbo for a Myanmar visa. Mother and son left the airport together, bound for her home.

It was not immediately clear how long Aris planned to stay in Myanmar. Aris last saw his Nobel Peace Laureate mother in 2000, when he spent about two weeks with her, according to one of her attorneys.

Suu Kyi was released from house arrest on November 13, after spending most of the past 20 years under house arrest or in prison.

Myanmar's military regime freed her days after holding the country's first elections in two decades, which critics worldwide dismissed as a sham. The junta's party declared a landslide victory.

Suu Kyi and her National League for Democracy party boycotted the November 7 elections, faulting the military junta. The regime had enacted a new law that forced the NLD to choose between honoring Suu Kyi as its leader and risking the party being declared illegal, or ejecting Suu Kyi from the party and contesting the elections.

The NLD won a landslide election victory in 1990, but the military junta rejected the results. This year, the generals refused to allow international monitors to oversee its elections and overhauled Myanmar's constitution in a way critics say is aimed at tightening the regime's grip.

The constitution now requires more than 100 military nominees in parliament. Myanmar, also known as Burma, has been under military rule since 1962.

The daughter of Gen. Aung San, a hero of Burmese independence, Suu Kyi has repeatedly challenged Myanmar's regime over the years. For her efforts, she won the Nobel Peace Prize in 1991.

Credit to CNN: http://edition.cnn.com/2010/WORLD/asiapcf/11/22/myanmar.suu.kyi/index.html

The Voice

10:57 AM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကို ရုပ်ရှင် ရိုက်မည်

9:49 AM | Posted by Anonymous


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကို ရုပ်ရှင် ရိုက်ကူးရာမှာ မလေးရှားဖွား ဟောလိဝုဒ် သရုပ်ဆောင် မစ်ရှဲ ယိုးက ဒေါ်စုအဖြစ် သရုပ်ဆောင်ပါမယ်တဲ့။ ရုပ်ရှင်နဲ့ ပတ်သက်လို့ အသေးစိတ် ဘာမှတော့ မသိရသေးပါဘူး။ သတင်းအသေးစိတ်ကို အင်္ဂလိပ်လို ဖတ်ကြည့်ပါ။

Michelle Yeoh to star in Aung San Suu Kyi biopic

Best For Film is inordinately excited to bring you what we believe to be a world exclusive; BAFTA-nominated Malaysian actress Michelle Yeoh is to star in a forthcoming biopic of Burmese pro-democracy leader and Nobel laureate Aung San Suu Kyi.

No official information has been released on the film, but our mole tells us that it will focus on Aung San Suu Kyi’s personal experiences rather than be explicitly political.

That’s all we’ve got for now, but to be fair it’s more than anyone else. More on this exciting story as it develops…

EDIT: The biopic is apparently being made by the BBC. We call Benedict Cumberbatch to cameo as General Ne Win!

Credit to Best for film: http://bestforfilm.com/film-news/michelle-yeoh-to-star-in-aung-san-suu-kyi-biopic/

ခင်မောင်သန်း(စိတ်ပညာ) နာရေး

7:31 AM | Posted by Anonymous

ဒုတိယပင်လုံညီလာခံဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

7:24 AM | Posted by Anonymous

ဝါရင့်နိုင်ငံရေးသမားကြီးများကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုပစ္စည်းများ ပေးအပ်


ဒုတိယပင်လုံညီလာခံ ကျင်းပရေး သဘောတူညီချက်ကို ချင်းတိုင်းရင်းသားခေါင်းဆောင် ဦးပူကျင့်ရှင်းထျန်က ဒေါ်အောင်ဆန်းစုကြည်ထံပေးအပ်


ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက်နိုင်ငံရေးမိန့်ခွန်း

ဧရာဝတီ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဒီမိုကရေစီအင်အားစုများအဖွဲ့က
ဝါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့က
မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေနေအိမ် တွင် ပြုလုပ်ခဲ့ရာ
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များတက်ရောက်ခဲ့ပြီး
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒုတိယပင်လုံညီလာခံဖော်ဆောင်ရေး
လှုပ်ရှားရန် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် တရားဝင်အသိအမှတ်ပြု
တာဝန်ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း
အဆိုပါအခမ်းအနားတက်ရောက်လာသူများ၊ နိုင်ငံရေးသမားများနှင့်
သတင်းမီဒီယာများကို ၁၀ မိနစ်နီးပါးကြာမြင့်သော မိန့်ခွန်းတရပ်ပြောဆိုခဲ့
ပြီး အဆိုပါမိန့်ခွန်းမှာ သူမလွတ်မြောက်ပြီးနောက် ဒုတိယအကြိမ် ပြောဆိုသော
နိုင်ငံရေးမိန့်ခွန်းဟု ဆိုရပေမည်။ အဆိုပါမိန့်ခွန်းကို
မူရင်းအတိုင်းပြန်လည်ဖော်ပြလိုက်ပါသည်။


ဒေါ်အောင်ဆန်းစုကြည်

“ကျွန်မတို့တိုင်းရင်းသားတွေဟာ ကျွန်မတို့ရဲ့
လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ပြရမယ်။ ကျွန်မတယောက်တည်း
ကျွန်မသဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။ အခုဒီမှာ ရောက်နေတာက
မျိုးဆက်တွေကလည်းစုံတယ်။

လူကြီးတွေ၊ အခုလာပြီးပြောနေတဲ့ ဘဘတို့ ရဲ့ မျိုးဆက်တွေ၊
ကျွန်မတို့ရဲ့မျိုးဆက်တွေ၊ ကျွန်မတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈
ထက်ငယ်တဲ့ လူငယ်တွေ၊ မျိုးဆက်တွေ၊ ဒီမျိုးဆက်တွေ၊ မျိုးဆက်တွေက
ဒီတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမယ်။ ညီလာခံတခုထက် အရေးကြီးတာက
စိတ်ဓာတ်ပဲ။

ကျွန်မတို့က ပင်လုံစိတ်ဓာတ်ကို ဆက်ပြီးရှင်သန်အောင်လုပ်သွားဖို့က
နောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီလာခံတခုနဲ့
ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့
ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီး ကျွန်မတို့နိုင်ငံအတွက်
ရပ်တည်သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက် တခုနဲ့
မပြီးသွားဘူး။

မျိုးဆက်တွေ၊ မျိုးဆက်တွေ ဆက်ပြီးတော့လုပ်ရဦးမယ်။
တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့လုပ်ရမယ်။ အခုဒီလို
ဝါရင့်နိုင်ငံရေးသမားကြီးတွေ ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစ္စတွေအတွက်
ဆုံဆည်းပြီးလုပ်ကြတာ အင်မတန်မှ သင့်တော်တယ်လို့ ကျွန်မထင်တယ်။
တစ်နည်းအားဖြင့် ဆိုလို့ရှိရင် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊
လူကြီးများက ကျွန်မတို့ကို လက်ဆင့်ကမ်းပြီး တာဝန်ပေးလိုက်တဲ့သဘောပဲ။

အဲဒီတော့ ကျွန်မတို့ကလည်း အခုထက်တောင်ပိုပြီး လုပ်ဆောင်ရမှာပေါ့။
ကျွန်မတို့ပြီးလို့ရှိရင် လူလတ်ပိုင်း၊ လူငယ်ပိုင်း အဆင့်ဆင့်လုပ်သွား
ရမယ်။ ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိဘူး။ နိုင်ငံရေးဆိုတာ
လူတိုင်း ဘယ်သူနဲ့မှလည်း ကင်းတယ်လို့ မရှိဘူး။ ဘယ်တော့မှ
ပြီးဆုံးသွားတယ်လို့လည်း မရှိဘူး။

ဒုတိယပင်လုံလို့ပဲပြောပြော ကျွန်မ ၂၁ ရာစုနှစ်ပင်လုံလို့ ပြောချင်တာက ၂၁
ရာစုနှစ်အမြင်တွေနဲ့လည်းကိုက်အောင်၊ ၂၁ ရာစုမှာ ရမယ့်အခွင့်အရေးတွေ၊
လုပ်ပုံလုပ်နည်း၊ လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျွန်မက
လုပ်လိုက်တာပါ။ လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆိုတဲ့စကားကို
ဖယ်ရှားတဲ့သဘောလည်းမဟုတ်ပါဘူး။ ထပ်ပြီး တော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့
မြင်စေချင်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ တကယ့် ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ လူတိုင်းမှာ
တာဝန်ရှိပါတယ်။ ဟုတ်တာတော့ ကျွန်မက ပြောရမှာပဲ။ ကျွန်မက ဗမာဆိုတော့
ဒီလိုအခြေအနေမှာ ပြောလို့မကောင်းပါဘူး။ လူများစု ဖြစ်တဲ့ ဗမာတွေက
ပိုပြီးတော့ကြိုးစားရမယ်။ ငါတို့က လူများစုဆိုတာ အခွင့်အရေးယူဖို့
မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲသလိုပဲမြင်ပါတယ်။ ကိုယ့်မှာ
အင်အားပိုပြီးတော့များ လို့ရှိရင် တာဝန်ပိုပြီးတော့ ယူရမယ်။
အခွင့်အရေးကို လျှော့ပြီးတော့ယူရမယ်။

ဒါမှ လူ့သိက္ခာနဲ့ညီတဲ့ ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့အစဉ်အလာတွေ
ဖြစ်နိုင်မှာပါ။ တော်လှန်ရေးသမားဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆိုတဲ့အခါမှာ
ဆရာကြီးမင်းသုဝဏ်ရဲ့ “သူ့မှာတမ်း ” ဆိုတဲ့ ကဗျာပေါ်အခြေခံပြီးတော့
ပြောချင်တယ်။ တော်လှန်ရေးသမားရဲ့ စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင်၊
နောက်ဆုံးစွန်းတိုင်၊ အဲဒီကဗျာကို ဖတ်ဖူးတဲ့သူတွေ ၊ မှတ်မိတဲ့သူတွေ
သိပါလိမ့်မယ်။ ဒီတော်လှန်ရေးသမားကြီးက တော်လှန်ရေးမပြီးခင်
ကျဆုံးသွားတဲ့အခါကျတော့ သူက တောင်းပန်သွားတယ်၊ အားနာပါတယ်၊ လမ်းဆုံး ကို
သူမမီ တော့ဘူး။ အဲဒီလိုပဲဖြစ်ရမယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးပါတယ်ဆိုတာ
ပြောမယ့်အစား ကိုယ်ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကို
မကျေနပ်နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန် ပါတယ်ဆိုတဲ့
စိတ်ဓာတ်အားလုံးမှာ ရှိရမယ်။ အဲဒီလို စိတ်ဓာတ်မျိုးနဲ့လုပ်သွားရမယ်။

အခုဆိုရင် ကမ္ဘာကြီးမှာ နောက်ဆုံးတော်လှန်ရေးကို IT တော်လှန်ရေးပေါ့နော်၊
ဒီလို သူတို့ ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေးပေါ့။ အရင်တုန်းက စက်မှု
တော်လှန်ရေးလည်း ရှိခဲ့ တယ်။ တော်လှန်ရေးအမျိုးမျိုးရှိခဲ့တယ်။
တော်လှန်ရေးဆိုတာက အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။
အဲဒီလို အပြောင်းအလဲတွေက ကျွန်မတို့ ကမ္ဘာကြီးတည်သရွေ့ ရှိနေမှာပဲ။
ကျွန်မတို့အားလုံးမှာ တော်လှန်ရေးစိတ်ဓာတ်မွေးတယ်ဆိုတာက အဲဒါကို
ပြောတာပဲ။ ခေတ်နဲ့အညီ ကိုယ်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီး
ထမ်းဆောင်သွားချင်တဲ့စိတ်ပဲ။

အခု ကျွန်မတို့က ခေတ်နဲ့အညီ ပြည်ထောင်စုစိတ်ဓာတ်တွေ ကို ဘယ်တော့မဆို
ခိုင်မြဲသထက် ပိုပြီးတော့ ခိုင်မြဲအောင်လုပ်သွားရမှာ၊
အဆုံးရှိမှာမဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာမဟုတ်ဘူး။ ပင်လုံညီလာခံ၊
ဒုတိယပင်လုံညီလာခံ ခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာမျိုးမဟုတ်ဘူး။
ပင်လုံညီလာခံကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို အကောင် အထည်ဖော်ရမယ်၊ ဆက်ပြီး
ဆက်ပြီးတော့ ပင်လုံစိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာအောင်၊ ပိုပြီးတော့
ကျယ်ပြန့်လို့ ကြိုးစားသွားရမယ်၊ ကျွန်ခပ်တိုတိုပဲပြောပါရစေ။

ပေးလိုက်တဲ့ တာဝန်တွေ၊ အခုပေးတဲ့တာဝန်တွေကို ကျေပွန်အောင်ကြိုးစားပါ့မယ်။
ဒီလိုကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့ အကူအညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။
သဘောမတူရင်လည်း သဘောမတူဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့
သဘောမတူတာလဲ၊ ကျွန်မလုပ်ပုံကိုင်ပုံတွေကို သဘောမတူတာလား၊ ဘာဖြစ်လို့
သဘောမတူတာလဲ ဆိုတာကို ပြောကြပါ။ ကျွန်မက အဲဒီ ဘာဖြစ်လို့ ဆိုတဲ့မေးခွန်းက
အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့မရဘူး။
ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာ
အကြောင်းအချက် ခိုင်ခိုင်မာမာရှိရမယ်။ အဲဒီတော့မှ တဘက်က နားလည်နိုင်မယ်။
ဘယ်လိုပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆိုတာ သဘောပေါက်မယ်။

ဒီတာဝန်ထမ်းဆောင်ဖို့ ၀ါရင့်နိုင်ငံသမားကြီးများဖြစ်တဲ့ လူကြီးများ၊
ကျွန်မတို့နဲ့ တမျိုးဆက်တည်းဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ ကျွန်မတို့ ထက်ငယ်တဲ့
၈၈ မျိုးဆက်လို့ ပဲဆိုပါတော့၊ လူလတ်ပိုင်း၊ နောက်ပြီးတဲ့ တက်သစ်စဖြစ်တဲ့
လူငယ်ပိုင်းတွေက အားလုံး ၀ိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့
လုပ်ကြပါ။ အားလုံးရဲ့တာဝန်က တယောက်ချင်း ၊ တဦးချင်း ရဲ့
တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။ ကျွန်မတို့မှာ
အားနည်းချက်တွေ ရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ဆိုင်တယ်၊
အောင်မြင်မှု ကလည်း လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။
တချို့ကျတော့ အားနည်းချက်ဆိုရင် ငါနဲ့မဆိုင်ဘူး၊ အောင်မြင်မှုဆိုရင်တော့
သူတို့ပဲ၊ သူတို့ပဲ ဆိုတာတွေ ကတော့ မဖြစ်ဘူးနော်။ အဲဒီစိတ်ဓာတ်ကို
ကျွန်မတို့ ဖယ်ရှားရမယ်။ ပုဂ္ဂိုလ်တဦးချင်း ၊ တယောက်ချင်းကလည်း ဒီလို
စိတ်ဓာတ်ထားရမယ်၊ အဖွဲ့အစည်းတခုချင်းကလည်း အဲလိုစိတ်ဓာတ်ထားရမယ်။
ကျွန်မတို့ လုပ်တာအောင်မြင်ရင် ဒို့ NLD ကွ ဆိုပြီး အဲလို ပြောတာက
အင်မတန်မှ မှားတယ်။ တချို့ကျတော့လည်း နိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်တာ
သိပ်အားမရလို့ရှိရင် အဲဒါ NLD ပဲ ဆိုပြီး လက်ညိုးထိုးတာလည်းရှိတယ်။
အဲဒီနှစ်ခုစလုံးက မမှန်ဘူး။

အားလုံးတကယ်ပဲ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော်လှန်ရေးကြီးကို
အောင်အောင်မြင်မြင်လုပ်ချင်တယ်ဆိုလို့ရှိရင် အားနည်းချက်တွေကိုလည်း
အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ထားရမယ်၊ အောင်မြင်ချက်တွေကိုလည်း
အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ ဒါက တကယ်ကို ညီညွတ်ရေးရဲ့
အခြေခံပဲ။ ကျွန်မတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင်
ကျွန်မတို့တိုင်းရင်းသားအားလုံး၊တိုင်းရင်းသားထဲမှာ ဗမာကို
ထည့်ပြီးပြောလိုက်မယ်၊ ဗမာနဲ့ တိုင်းရင်းသားဆိုတာ
သိပ်ပြီးပြောစရာမလိုဘူး။ ကျွန်မတို့လည်း တိုင်းရင်းသားလူမျိုးပဲ။
တိုင်းရင်းသားထဲက တစုပဲ။ ကျွန်မတို့ တိုင်းရင်းသား အားလုံးရဲ့
လုပ်ဆောင်ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ရှေးရှုပြီးတော့
စဉ်းစားသွားပါ မယ်လို့ ကျွန်မကတိပြုတယ်ပဲ ပြောပါရစေ။ ကျွန်မ
ကတိပြုတယ်လည်း သိပ်ပြီးမပြောချင်ဘူး။ ကတိဆိုတာ
သေချာတည်နိုင်တယ်ဆိုတဲ့အာမခံချက်ရှိမှ။ ကျွန်မလုပ်နိုင်သလောက်လုပ်သွား
မယ်။ ကျွန်မ တတ်နိုင်သလောက် ဒီတာဝန်ကို ကျေပွန်အောင် လုပ်သွားပါမယ်လို့ပဲ
ပြောပါရစေ။ ။ ”

Outcome of the Myanmar Elections

7:19 AM | Posted by Anonymous

စာပေစိစစ်ရေး အချက် ၁၀ ချက် ထုတ်ပြန်

7:18 AM | Posted by Anonymous
ဒေါ်အောင်ဆန်းစုကြည်သတင်း သတင်းဂျာနယ်များတွင်
အချပ်ပိုအဖြစ်ရိုက်နှိပ်ပြီးပုံကြီးချဲ့ ဖော်ပြမှုကြောင့် စာပေစိစစ်ရေးက
သတင်းဂျာနယ်များကို အသိပေးကြေညာချက်ထုတ်ပြန်လိုက်သည်။


အသိပေးကြေညာချက်
စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန
ပြန်ကြားရေးဝန်ကြီးဌာန

နေ့စွဲ နိုဝင်ဘာလ ၂၁ ရက် ၊
၂၀၁၀ ခုနှစ်

၁။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် ဂျာနယ် မျက်နှာဖုံး၊
အချပ်ပိုများထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်ပြီး လိုက်နာရမည့်
စည်းကမ်းချက်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။ သို့သော်လည်း ဂျာနယ်များအနေဖြင့် လိုက်နာမှုမရှိသည့်အတွက် ထပ်မံ၍
အောက်ပါအတိုင်း ဒုတိအကြိမ် သတိပေးထုတ်ပြန်လိုက်သည်။

(က) ရှေ့မျက်နှာဖုံးတွင် ပုံနှိပ်ဖော်ပြမည့် ဂျာနယ်၏ Logo ပုံစံနှင့်
အရွယ်အစားသည် ဂျာနယ်ထုတ်ဝေရန် ဌာနသို့ စတင်တင်ပြစဉ်က
ခွင့်ပြုပေးထားခဲ့သည့် Logo ပုံစံနှင့်
အရွယ်အစားအတိုင်းသာပုံနှိပ်ဖော်ပြရမည်။

(ခ)ဂျာနယ်၏မည့်သည့်အတွင်းစာမျက်နှာတွင် မဆို ရှေ့မျက်နှာဖုံးပါ Logo
ပုံစံနှင့် အရွယ်အစားအား နောက်ထပ်အဖုံးပုံစံတစ်ခုသဖွယ် ဖော်ပြခြင်းမပြုရ။

(ဂ)ရှေ့မျက်နှာဖုံးအား အတည်ပြုပြီးပါက ထပ်မံတင်ပြခွင့်မရှိ။ သို့ရာတွင်
ဖြုတ်ပယ်ခံရပါက ၄င်းနေရာတွင် အစားထိုးရန် တစ်ကြိမ်ထပ်မံတင်ပြခွင့်ပြုမည်။

(ဃ)အချပ်ပိုတွင် ဖော်ပြမည့် Logo နှင့် ဂျာနယ် Size သည် မူုလဂျာနယ်ပါ
Logo အရွယ်အစားထက် ထက်ဝက် သေးငယ်ရမည်။

(င)အချပ်ပို(သို့မဟုတ်) Supplementary စာသားကို Logo ၏ အောက်
ဘယ်(သို့မဟုတ်) ညာတွင် ထင်ရှား ပီသစွာ ပုံနှိပ်ဖော်ပြရမည်။

(စ)ဌာနက ခွင့်ပြုထားပြီးဖြစ်သော သတင်း၊ ဆောင်းပါးနှင့် ဓာတ်ပုံများကိုသာ
အချပ်ပိုတွင် ဖော်ပြရမည်။

(ဆ) အချပ်ပို စာမျက်နှာကို A,B,C…… အက္ခရာစဉ်ဖြင့်သာ ဖော်ပြရမည်။

(ဇ)အချပ်ပို စာမျက်နှာကို အများဆုံး ၈ မျက်နှာထိသာ ခွင့်ပြုသည်။

(ဈ) ဂျာနယ်မူကြမ်းတွင် စာမျက်နှာအဖုံးတွင် ဖော်ပြရန် ခွင့်မပြုထားသော
သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများကို အချပ်ပိုစာမျက်နှာ၏ပထမစာမျက်နှာတွင်
ထည့်သွင်းဖော်ပြခြင်းမပြုရ။ အချပ်ပို၏ အတွင်းစာမျက်နှာတွင်သာ ဖော်ပြရမည်။

(ည) အချပ်ပိုထည့်သွင်းလိုပါက သက်ဆိုင်ရာ ဂျာနယ်က မည်သည့်အတွက်ကြောင့်
ထည့်သွင်းလိုခြင်းနှင့် မည်သို့ ထည့်သွင်းဖော်ပြမည်ကို ဌာနသို့ ဦးစွာ
တင်ပြခွင့်ပြုချက်ရယူရမည်။



စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်

Sunday, November 21, 2010 10:00 PM | Posted by Anonymous
ဧရာဝတီ Saturday, 20 November 2010 13:30

ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများ အဖြေ ရှာမှသာ မြန်မာ့ စီးပွားရေး တိုးတက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်သည်။



ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပြန်လည် ထွက်ခွာလာစဉ် (ဓာတ်ပုံ - AP)

ဧရာဝတီက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် အသင်းများမှ စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ မေးမြန်းရာ လက်ရှိအခြေအနေတွင် မြန်မာ့စီးပွားရေးမှာ ထွက်ပေါက် မရှိ သော အခြေအနေမျိုးတွင် ဆိုက်ရောက်နေကြောင်း ပြောဆိုကြသည်။

“စီးပွားရေး၊ နိုင်ငံရေးက ထွက်ပေါက်မရှိသလို ဖြစ်နေတယ်။ စီးပွားရေးသမားတွေကလည်း အနာဂတ်မဲ့ ပုံစံဖြစ်နေတယ်။လက် ရှိ အခြေအနေ အတိုင်းဆက်သွားမယ်ဆိုရင် စီးပွားရေးပိုကျဖို့ ရှိတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဝင် တဦးက ပြောသည်။

ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)က မဲမသမာမှုများဖြင့် အနိုင်ရရှိပြီး ကြံ့ဖွံ့အရပ်သားအစိုးရ ပေါ်ပေါက်လာမည်ဖြစ်ရာ အမေရိကန် နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု များလည်း ဖယ်ရှားမည် မဟုတ်ကြောင်း၊ ထို့အပြင် စစ်ယူနီဖောင်းချွတ်အရပ်သားအစိုးရက ပုံစံပြောင်း အုပ်ချုပ်မည်ဖြစ်သော ကြောင့် ပွင့်လင်းမြင်သာသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာဦးမည် မဟုတ်ဘဲ အစိုးရ နှင့်နီးစပ်သူ စီးပွားရေးသမားများ သာ လုပ်ပိုင်ခွင့်ရသော စီးပွားရေးစနစ်က နေရာယူထားဦးမည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းတွင် ပြော ဆို နေကြသည်။

“မြန်မာ့စီးပွားရေးကို ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်းတို့လို စစ်အစိုးရ ကျောထောက် နောက်ခံ စီးပွားရေး သမားကြီး တွေ ကပဲ ဆက်ပြီး လက်ဝါးကြီး အုပ်ထားဦးမယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင် စီးပွားရေးလုပ်ချင်ရင် အစိုးရနဲ့ပေါင်းဆိုတဲ့ စီးပွားရေးစနစ်ပဲ ဆက်ဖြစ်သွားမယ်။ တကယ့် ဈေးကွက် စီးပွားရေးစနစ် ပေါ်လာစရာ အခွင့်အလမ်းနည်းပါတယ်”ဟု UMFCCI အသင်းဝင် စီးပွားရေးသမား တဦးက ဆိုသည်။

ပြည်တွင်း စီးပွားရေးသမား တချို့က လွှတ်တော်များ ပေါ်ပေါက်လာပြီး မြန်မာ့စီးပွားရေးအတွက် အကျိုးရှိသော မူဝါဒ ဥပေဒ များချမှတ်ပေါ်ပေါက်လာကာ မြန်မာ့စီးပွားရေး တရှိန်ထိုးဖွံ့ဖြိုးတိုးတက်မည်ဟု ယူဆကြကြောင်း၊ ထိုယူဆချက်မှာ ရာနှုန်းပြည့် မမှန်နိုင်ကြောင်း ဂဏန်းမွေးမြူ ရေးလုပ်ငန်းရှင်တဦးကလည်း ပြောသည်။

“ဥပဒေတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ မူဝါဒတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ စစ်တပ် အုပ်ချုပ်တဲ့ အစိုးရ လက်ထက် ကတည်းက အကျင့်ပါနေတဲ့ လာဘ်ပေးလာဘ်ယူမှုက ပပျောက်ဖို့ ခဲယာဉ်းတယ်။ နောင် တက်လာမယ့် အစိုးရ သစ် ကလည်း အခုစစ်အစိုးရမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အရင်က ပြောခဲ့ကြတယ်။ မူပြောင်း လူမပြောင်းစနစ် ဖြစ်မယ် ပေါ့။ အခုတော့ မူလည်းမပြောင်းဘူး လူလည်း မပြောင်းဘူး။ မူမပြောင်း လူမပြောင်းတဲ့အတွက် စီးပွားရေးလည်း ပြောင်းဖို့ မမြင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် တဦးက ဆိုသည်။

မြန်မာ့စီးပွားရေးတိုးတက်ရန်မှာ အမေရိကန်၊ ဥရောပစသည့် အနောက်နိုင်ငံများနှင့် ချိတ်ဆက်ထားသော စီးပွားရေး စနစ် ဖြစ်ပေါ် လာမှသာဖြစ်နိုင်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုရှိနေသမျှ ပြည်တွင်းစီးပွားရေးမှာ အိမ်နီးချင်းနိုင်ငံများ၏ ဂုတ် သွေးစုပ် ရင်းနှီးမြုပ်နှံမှုကိုသာ ရရှိမည်ဖြစ်ပြီး အဆိုပါရင်းနှီးမြုပ်နှံမှုများသည် အစိုးရအတွက် ၀င်ငွေရရှိစေကာ အသက်ရှုချောင် စေမည် ဖြစ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကိုဆင်းရဲတွင်းမှ ဆွဲမထုတ်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင် တဦးက သုံးသပ် သည်။

“စီးပွားရေးတိုးတက်လာတဲ့ တရုတ်နိုင်ငံကိုပဲကြည့်ကြည့်၊ ဗီယက်နမ်နိုင်ငံကိုပဲကြည့်ကြည့် အမေရိကန်၊ ဥရောပနဲ့ အနောက် နိုင်ငံကြီးတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေလုပ်ရင်း ဖွံ့ဖြိုးတိုးတက်သွားတာ။ ဗီယက်နမ်ဆိုရင် အမေရိကန် စီးပွားရေးပိတ်ဆို့မှု ဖယ်လိုက်တော့မှ စီးပွားရေး ဖွံ့ဖြိုးလာတာ။ မြန်မာနိုင်ငံက သဘာဝသယံဇာတထွက်နေလို့ အိမ်နီးချင်းနိုင်ငံတွေက လာရင်းနှီး မြုပ်နှံရင်တောင် ဒီရင်းနှီးမြုပ်နှံမှုက အစိုးရကိုပဲ အသက်ရှုချောင်စေမှာ၊ တိုင်းပြည် စီးပွားရေးအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးစေတဲ့ အထိ မဖြစ်နိုင်ပါဘူး”ဟု အထည်ချုပ် လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးရန် ပြည်သူက တောင်းဆိုလျှင် ဖယ်ရှားရေး ဆောင်ရွက်မည် ဖြစ် ကြောင်း၊ သို့သော်လည်းစီးပွားရေး ပိတ်ဆို့မှုများက ပြည်သူကို မည်သို့မည်ပုံ ထိခိုက်စေသည်ဆိုသော ခိုင်လုံတိကျသည့် အထောက် အထားများ ပြသရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုမည် မဟုတ်ဘဲ တောင်းဆို လျှင်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများက ရုပ်သိမ်းပေး မည်မဟုတ်ကြောင်း၊ မြန်မာ့စီးပွားရေးကို အိမ်နီး ချင်း နိုင်ငံများနှင့် ကူးလူးဆက်ဆံ၍ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် များနှင့်တွေ့ဆုံသော သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံစက်မှုကုန်ထုတ်အသင်းမှ ကုမ္ပဏီပိုင်ရှင် တဦးက နိုင်ငံနှင့် ပြည်သူအကျိုး အတွက် တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့် အဖြေရှာခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောနိုင်တယ် ပြောနေပြီ။ အစိုးရဘက်ကလည်း ဒီ အခွင့်အရေးကို အသုံးချပြီး စကားပြောကြရင်၊ တွေ့ဆုံနွေးကြရင် မြန်မာနိုင်ငံ ငါးနှစ်အတွင်း စီးပွားရေးတိုးတက်မှုတွေ သိသိသာသာ မြင်ရ မယ်၊ စကားပြောကြပါ၊ တွေ့ဆုံနွေးကြပါလို့ပဲ အကုန်လုံးကို တိုက်တွန်းချင်တယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသူ အမျိုးသမီးများအပေါ် အဓမ္မကျင့်မှု၊ နေအိမ်များ အတင်းအကျပ် ရွှေ့ ပြောင်းမှု၊ နိုင်ငံရေး လှုပ်ရှားသူများကို ထောင်သွင်း အကျဉ်းချထားမှု အပါအ၀င် အာဏာ အလွဲသုံးစားပြု၍ ဖိနှိပ်မှုများ ကျူး လွန် နေခြင်းကြောင့် အမေရိကန်၊ ဥရောပ စသည့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ မှုများ ချမှတ် ထား ခြင်း ဖြစ်သည်။

Credit to Irrawaddy: http://www.irrawaddy.org/bur/index.php/news/4948-2010-11-20-06-33-39

ဒေါ်စု လွတ်မြောက်သည့် သတင်းများ ဖော်ပြအပြီး ဂျာနယ် ၉ စောင် အနီကတ် ပြခံရ

9:54 PM | Posted by Anonymous




ရန်ကုန်မြို့ စာအုပ်ဆိုင်တဆိုင်မှ အရောင်းသွက် ဂျာနယ်များ။ ဗိုလ်ချုပ်ကြီးတို့ ကြောက်ရွံ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နှင့် သတင်း အချက်အလက်များ ဖော်ပြသည့် ထိုဂျာနယ်များကို နာမည်ကျော် စာပေစိစစ်ရေးဌာနက ယခုလကုန်ပိုင်းအတွက် အနီကတ် ပြလိုက်သည်။ (ဓာတ်ပုံ-မိုးမခ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် သတင်းဓာတ်ပုံနှင့် သတင်းများအား မျက်နှာဖုံးတွင် ဖော်ပြခြင်း၊ ကြိုတင် တင်ပြခြင်းမပြုဘဲ ဖော်ပြခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် စာသားကို အားကစားဂျာနယ် မျက်နှာဖုံးတွင် ၀ှက်၍ ဖော်ပြခဲ့ခြင်း တို့အတွက် ဂျာနယ် ၉စောင်အား စာပေစိစစ်ရေးက ယာယီ ရပ်နားစေခဲ့သည်ဟု စိစစ်ရေးရုံးတွင် ကြေညာထားချက်အရ သိရသည်။

First Eleven အားကစားဂျာနယ် မျက်နှာဖုံးတွင် '' Suu Free & unite advance to grab the hope " စာသားကို အနီရောင် အနုအရင့်ဖြင့် ကစားကာ ဖော်ပြခဲ့ခြင်း၊ Hot News ဂျာနယ်မှာမူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် သတင်းနှင့် ၁၄ ရက်နေ့ အန်အယ်ဒီရုံးရှေ့တွင် ပြောဆိုသည့် စီးပွားရေး ပိတ်ဆို့မှု နှင့် သက်ဆိုင်သည့် ပြောဆိုချက်များအား စိစစ်ရေး ခွင့်ပြုချက် မတောင်းခံဘဲ ဖော်ပြခဲ့ခြင်းတို့ကြောင့် ၂ ပတ်စီ ရပ်နားခံရပြီးအခြားသော ဂျာနယ် ၇ စောင်မှာမူ တပတ်စီ ရပ်နားခံရသည်ဟု ကြေညာချက်အရ သိရသည်။ တပတ်ရပ်နားခံရသည့် ကျန် ၇ စောင်မှာ ဆဲဗင်းဒေးစ်၊ ဗီးနပ်စ်၊ မြန်မာ နယူးစ်ဝိခ်၊ လျှပ်တပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် ယမန်နေ့ကမှ ဒေါ်အောင်ဆန်းစုကြည် လွတ်သည့်သတင်း ဖော်ပြခဲ့သည့် သည်ဗွိုက်စ် သတင်းဂျာနယ်တို့ ဖြစ်ကြသည်။

စာပေစိစစ်ရေး၏ ကြေညာချက်တွင် မည်သို့ဖော်ပြသည့် အတွက်ကြောင့် ရပ်နားသည် ဆိုသည့် ရှင်းလင်းချက်မျိုး မပါရှိသော်လည်း ဂျာနယ်တိုက်မှ ၀န်ထမ်းများ၏ ပြောဆိုချက်အရ သိရှိရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်သတင်းကို သတင်းဂျာနယ်တိုင်း နီးပါး ဓာတ်ပုံအပြည့်၊ ခေါင်းစဉ် စာလုံးကြီးများဖြင့် ဖော်ပြခဲ့ကြပြီး၊ ထိုသို့ဖော်ပြခြင်း မပြုမီ စိစစ်ရေးမှ တာဝန်ရှိသူထံ ဖုန်းဖြင့် သော်လည်းကောင်း၊ လူကိုယ်တိုင် သွားရောက် ပြသပြီး ခွင့်တောင်းရန် သော်လည်းကောင်း တယ်လီဖုန်းဖြင့် ခွင့်တောင်းရန် မတတ်နိုင်၍ သော်လည်းကောင်း ပုံနှိပ်ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ အချို့သတင်းဂျာနယ်များမှာ ဖော်ပြရန် ခွင့်ပြုသည့် သတင်းဓာတ်ပုံအစား လွတ်မြောက်ပြီး နောက်တရက် ရွှေဂုံတိုင်ရုံး လူထုအား မိန့်ခွန်းပြောသည့် သတင်းဓာတ်ပုံ၊ ရုံးခန်းအတွင်း သတင်းစာရှင်းလင်းပွဲ သတင်းဓာတ်ပုံ တို့ကို ဖော်ပြခဲ့ကြသည့်အတွက် ပြစ်ဒဏ်ပေးခြင်းဖြစ်သည်ဟုလည်း သတင်းဂျာနယ် အယ်ဒီတာ အသိုင်းအ၀ိုင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် သတင်းနှင့် အတူ သူ့ဓာတ်ပုံကို သတင်းဂျာနယ် မျက်နှာဖုံးတွင် တွေ့မြင်ကြရသဖြင့် စာဖတ်သူအများအပြား ၀မ်းသာအားရ ၀ယ်ယူအားပေးခဲ့ကြသည်။ နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့တွင် ထွက်ရှိသည့် ပြည်သူ့ခေတ် ဂျာနယ်မှာ ဒေါ်စုမျက်နှာဖုံးပုံဖြင့် ထွက်ရှိသဖြင့် ထိုနေ့ ရောင်း မလောက်အောင် ဖြစ်ခဲ့ပြီး မြန်မာနယူးစ်ဝိခ်ကဲ့သို့သော ဂျာနယ်များလည်း ၀ယ်သူ အထူး များပြားခဲ့သည်ဟု ဂျာနယ် အရောင်းဆိုင်များက ပြောသည်။

၂ ပတ် ရပ်နားခံရသော ဂျာနယ်များ
First Eleven အားကစားဂျာနယ်
Hot News ဂျာနယ်

၁ ပတ်ရပ်နားခံရသည့် ဂျာနယ်များ
ဆဲဗင်းဒေးစ်၊
ဗီးနပ်စ်၊

မြန်မာ နယူးစ်ဝိခ်၊
လျှပ်တစ်ပြက်၊

မြန်မာပို့စ်၊
ပြည်သူ့ခေတ်
သည်ဗွိုက်စ်

လွန်ခဲ့သည့် ၇နှစ်ခွဲ ဒေါ်အောင်ဆန်းစုကြည် ပြင်ပတွင် ရှိစဉ်က ပုဂ္ဂလိကပိုင် ပြည်တွင်း သတင်းမီဒီယာမှာ ယခုကဲ့သို့ ခေတ်မစားခဲ့ပေ။ အင်တာနက်နှင့် အီးမေးလ် စသည့် သတင်းဆက်သွယ်ရေး နည်းပညာများလည်း မဖွံ့ဇြိုးသေးသည်ကို တွေ့ရသည်။ ယခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် အခါ ပြည်တွင်းသတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး အင်အား အပြည့်ဖြင့် ဖော်ပြခဲ့သည်ကို မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက မနှစ်မြို့ဟု စာပေစိစစ်ရေးနှင့် နီးစပ်သူ အမည် မဖော်လိုသည့် အယ်ဒီတာတဦးက ပြောဆိုသည်။

ယခုကဲ့သို့ ဂျာနယ်များအား ပြစ်ဒဏ်ပေးရန်၊ ဒေါ်စုနှင့်ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံများ နောက်ထပ် မဖော်ပြစေရန် နအဖ အတွင်းရေးမှူုး ၁ ဖြစ်သူ သီဟသူရ တင်အောင်မြင့်ဦးက အမိန့်ပေးခဲ့သည်ဆိုသည် သတင်းလည်း ထွက်ပေါ်နေသည်။

ရန်ကုန်မှ ဂျာနယ်ဖတ်သူ အတော်များများက ဂျာနယ်မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ အပြည့်ဖြင့် ထွက်ရှိလာသဖြင့် အံ့အားသင့်ခဲ့ကြပြီး သတင်းမီဒီယာများ ရေးသားဖော်ပြခွင့် ပိုမို ရလာကြပြီလား ဆိုသည့် ကောက်ချက်ချ ပြောဆိုမှုများ ကြားနေရချိန်တွင် စာပေစိစစ်ရေးမှ ယခုလို အရေးယူမှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မကြာမီ ပေါ်ပေါက်လာတော့မည့် အစိုးရသစ်လက်ထက်တွင် စာပေစိစစ်ရေးဌာနသည် ဒို့တာဝန်အရေး ၃ ပါး မူအတိုင်း စိစစ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲတွင် မဲအများဆုံးရခဲ့သည်ဟူသော ကြံ့ဖွံ့ခေါင်းဆောင် ဦးဌေးဦးက သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။

Credit to Moemaka: မိုးမခ အင်တာနက်စာမျက်နှာမှ ပြန်လည်မျှဝေသည်။

ရွှေခမောက် စာစောင် အမှတ်စဉ် (၁၂၇)

9:50 PM | Posted by Anonymous

သမိုင်းပေးတာဝန်ထမ်းဆောင်ကြဖို့အချိန်တန်ပြီ

9:28 PM | Posted by Anonymous

Weekly Political Events Regarding the SPDC's Post Election (043-2010)

9:13 PM | Posted by Anonymous

ဘွိုင်းကောက် ၂၀၁၀ အတွဲ(၁) အမှတ်(၈)၊ နိုဝင်ဘာ ၂၁၊ ၂၀၁၀။

3:20 PM | Posted by Anonymous

NCGUB: Situation Update of Members of Parliament in Burma Update on 1st October, 2010

3:09 PM | Posted by Anonymous

အားလုံး အမှန်ပဲဟေ့ Monday, 08 November 2010 18:01 ကာတွန်း

3:07 PM | Posted by Anonymous

တဘက်သတ် မလုပ်ပါဘူး ဟန်လေး Sunday, 07 November 2010 18:29 ကာတွန်း

3:04 PM | Posted by Anonymous
တဘက်သတ် မလုပ်ပါဘူး
ဟန်လေး Sunday, 07 November 2010 18:29 ကာတွန်း

စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး

2:50 PM | Posted by Anonymous
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး
2010-11-20

မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကို ထောက်ခံမယ်၊ စစ်အစိုးရနဲ့ အတူ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့က ရိုက်တာ သတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ဒါဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရအောင် စစ်အစိုးရကို စေ့စပ်ဆွေးနွေးဖို့ ဆန္ဒနဲ့ မိမိ ရည်ရွယ်ချက်ကို အားအပါဆုံး ရုပ်လုံးဖော် ပြသတာပဲလို့ သတင်းဌာနက ဆိုပါတယ်။ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး မလုပ်ဘူးလို့ ချမှတ်ထားတာ မရှိသေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါပေမယ့် ဒီကိစ္စကို ဆွေးနွေးရမယ်၊ ချောမွေ့တဲ့ အသွင်ကူးပြောင်းရေးမှာ ဘယ်လို ထိရောက်ပြီး ဘယ်အဆင့်တွေရှိမယ် ဆိုတာတွေ ဆွေးနွေးရပါမယ်၊ စစ်တပ် မလိုတော့ဘူးလို့ မပြောပါဘူး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ ဆိုတာထက် အလုပ်က အလွန်များနေပြီး သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဖို့ နယ်တွေကို ထပ်သွားဖို့ စီစဉ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

စစ်တပ်က နှစ် ၅၀ နီးပါး တိုက်ရိုက် အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်သစ်ကို သူ မြင်တွေ့လိုတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အာဏာရ စစ်ဗိုလ်ချုပ်တွေကို စေ့စပ် ဆွေးနွေးရေး စားပွဲဝိုင်းကို ခေါ်ဆောင်ဖို့ သူ့မှာ အကူအညီ လိုတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှမှာ လွန်ခဲ့တဲ့ နှစ် ၅၀ က အချမ်းသာဆုံး နိုင်ငံတွေမှာ ပါဝင်ခဲ့ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက လူဦးရေ သန်း ၅၀ ရဲ့ သုံးပုံတပုံဟာ ဆင်းရဲတွင်း နက်နေကြချိန်မှာ စစ်အစိုးရကတော့ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေထိုင်နေရတဲ့အကြောင်း ပြောပြီး အဲဒီ ထိပ်တန်း ပြဿနာတွေဟာ အာဏာရသူတွေနဲ့ အလျဉ်းသင့် နီးစပ်သူတွေကို မျက်နှာသာ ပေးမှုကြောင့်လို့ အပြစ်တင်ပါတယ်။ ဒီလို အာဏာရှိသူတွေနဲ့ နီးစပ်သူတွေသာ ကောင်းစားရေးဝါဒဟာ တနေ့တခြား ပိုပြီး အားကောင်း လာနေတယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို လေ့လာမယ့် ကော်မတီ ဖွဲ့ပြီး လာမယ့် သီတင်းပတ်တွေအတွင်း အစီရင်ခံစာ တစောင် ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Credit to RFA: http://www.rfa.org/burmese/news/assk_sees_army_role_in_democratic_burma-11202010094312.html

စာရေးဆရာကြီး ဒဂုန်တာရာ နှင့် အင်တာဗျူး

2:46 PM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12910

ဒေါ်အောင်ဆန်းစုကြည်ကို သုံးရောင်ခြယ်အဖွဲ့ဝင်တို့က သွားရောက်ဂါရ၀ပြု

8:48 AM | Posted by Anonymous
ဒေါ်အောင်ဆန်းစုကြည်ကို သုံးရောင်ခြယ်အဖွဲ့ဝင်တို့က သွားရောက်ဂါရ၀ပြု
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၂၁၊ ၂၀၁၀
၈၈ အရေးတော်ပုံကာလ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတွင် စတင်ဝင်ရောက်ချိန်ကတည်းက စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် နေအိမ်ကို ကာကွယ်မှု၊ စောင့်ရှောက်မှုများ ပေးခဲ့သည့် သုံးရောင်ခြယ်အဖွဲ့လူငယ်အဖွဲ့တို့က ယခုဒေါ်စုလွတ်မြောက်လာချိန်တွင် သွားရောက်တွေ့ဆုံပြီး ဂါရ၀ပြု ကန်တော့ခဲ့ကြသည်ဟု သိရသည်။ ယမန်နေ့က ညနေ ၆ နာရီမှာ ၈ နာရီအထိ နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ပထမဦးဆုံးအကြိမ် ကျစဉ်အချိန်ကတည်းက သုံးရောင်ခြယ်လူငယ်များမှာ အင်န်အယ်ဒီပါတီဝင်များ၊ နိုင်ငံရေးအင်အားစုများကဲ့သို့ ဖမ်းဆီးခြင်း ဖိနှိပ်ခြင်းများ ခံခဲ့ရသည်။ အချို့မှာ မြန်မာပြည်တွင်းတွင် ကျန်ရစ်ပြီး အချို့မှာ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ယခုကဲ့သို့ သွားရောက်တွေ့ဆုံချိန်တွင် လူငယ် ၇ ဦး သာ ရှိတော့သည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ သူတို့နှင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ပြီး ပြန်လည်တွေ့ဆုံရသဖြင့် အလွန် ၀မ်းသာကြောင်း၊ မိမိ၏ သားများကို ပြန်ပြောင်း သတိရစေပြီး မိမိသားများကိုလည်း ယခုကဲ့သို့ တွေ့ဆုံချင်သည်ဟု ပြောကြောင်း၊ မိမိမှာ အဝေးမှာ ရောက်နေရသဖြင့် ထိုသို့ ကြားရသည်ကိုပင် ၀မ်းနည်း ၀မ်းသာဖြစ်ပြီး မျက်ရည်ကျမတတ်ဖြစ်ရကြောင်း ဆန်ဖရန်စစ္စကိုရောက် သုံးရောင်ခြယ်လူငယ်တဦးဖြစ်သူ ကိုမိုးကျော်က မိုးမခသို့ ပြောပြသည်။
သုံးရောင်ခြယ်လူငယ်များမှာ ဒေသအသီးသီးသို့ ရောက်ရှိနေသည့်တိုင် အဆက်အသွယ်မပြတ် ထိတွေ့လျက်ရှိပြီး မြန်မာပြည်အရေး တတ်နိုင်သည့်ဖက်က ကူညီလုပ်ကိုင်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အား ပီစီကွန်ပျူတာ နုတ်ဘွတ်တလုံးနှင့် မိတ်ဆက်ပြသမှုများ ပြုခဲ့ကြပြီး ဒေါ်စုက မိမိမှာ အက်ပဲကွန်ပျူတာကို ယခင်က သုံးစွဲနေကျ ဖြစ်သည်ဟု မှတ်ချက်ပေးသည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ သုံးရောင်ခြယ်လူငယ်များ နှစ်ပေါင်းများစွာ ချစ်ခင်ညီညွတ်လျက် အဆက်မပြတ်ရှိနေခြင်းအတွက် ၀မ်းသာဂုဏ်ယူကြောင်း ပြောကြားသည်ဟု သိရသည်။
(ဓာတ်ပုံ - နို ၂၀၊ ၂၀၁၀၊ ရန်ကုန်၊ ဒေါ်စုအိမ်၊ သုံးရောင်ခြယ်လူငယ်များ (သုံးရောင်ခြယ်))

ရခိုင်ပြည်ရောက် ဦးအေးသာအောင်

3:23 AM | Posted by Anonymous


ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်။


ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရဲ့ ခေါင်းဆောင်တဦး လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ရဲ့ အ တွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေးသာအောင်ဟာ ဂီရီမုန်တိုင်းဒဏ်ခံခဲ့ ရတဲ့ ရခိုင်ပြည်နယ်အတွင်း လှည့်လည်ပြီး လေဘေးဒုက္ခသည်များကို ကူညီဆောင်ရွက်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့မှာ ထိန်းသိမ်းခံဘ၀က လွတ်မြောက်လာတဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

ဂီရိလေမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် မြေပုံမြို့အပါအ၀င် အဓိက ရွာပေါင်း (၁၃၉) ရွာ ပျက်စီးသွားခဲ့တယ်။ ရွာတိုင်းလိုလို ပျက်စီးခဲ့ပါ တယ်။ ရွာတွေမှာရှိတဲ့ အိမ်တိုင်းပျက်စီး ဆုံးရှုံးခဲ့တယ်။ တချို့အိမ်တွေ ဆို အိမ်တိုင်တွေတောင် မရှိတော့ဘူးလို့သိရပါတယ်။ အဓိက (၁၀) ရွာ လောက်ကို ဦးအေးသာအောင်က ကားတို့၊ စက်လှေတို့နဲ့ သွားရောက်ကူညီအားပေးခဲ့တယ်လို့ သိရပါတယ်။

“မြေပုံမြို့ပေါ်မှာလည်း တိုက်တွေလောက်ပဲ အကောင်းကျန်တယ်။ တိုက်ခေါင်မိုးတွေတောင် အမိုးတွေ လန် ကုန်တယ်” ဟု ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်ရောက်ရှိနေသူ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာ အောင်က ပြောပါတယ်။ အခုလောလောဆယ် NGO တွေရော၊ WFP (World Food Programme) စတဲ့ အဖွဲ့အစည်းက အကူအညီပေးပေမယ့် မမျှမတ ဖြစ်နေတယ်လို့ သိရပါတယ်။ အကူအညီတွေ အများကြီး လို အပ်နေသေးတယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး ဦးအေးသာအောင်က “အန်ကယ်တို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန်အိတ် (၁၀၀)၊ တာလဘတ်စ (၁၆၀)၊ သွပ်ပြား (၁၂၀၀) ချပ်နဲ့ ကျေးရွာငါးရွာအတွက် ရေကန်တွေပြန်လည်တူးဖော်ဖို့ ငွေ ကြေးထောက်ပံ့ခဲ့တယ်။ သွပ်ပြားတွေကိုတော့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို အဓိကထားပြီး လှူ ဒါန်းခဲ့တယ်။ အန်ကယ် ရောက်နေတာ (၁၀) ရက်လောက်ရှိပြီ။ ကျေးရွာက လူတွေ မြို့တက်ပြီး အကူအညီ တောင်းကြတယ်။ အန်ကယ့်ဆီကိုလည်း အကူအညီလာတောင်းကြတယ်။ အန်ကယ်တို့ဘက်က သူတို့လို အပ်သလောက် အကူအညီမပေးနိုင်လို့ စိတ်မကောင်းဖြစ်ရတယ်” လို့ ပြောပါတယ်။

အဓိက က လယ်သမားတွေမှာ လယ်တွေ၊ တာတမံတွေ ပျက်စီးသွားတယ်။ ဒါတွေကို တကယ့်အင်အားကြီး တဲ့ အဖွဲ့အစည်းတွေက တည်ဆောက်ပေးမှသာ ရေရှည်မှာ အဆင်ပြေနိုင်မယ်။ ပြီးတော့ တံငါသည်တွေက စက်လှေထောင်ပေါင်းများစွာနဲ့ ငါးဖမ်းပိုက်တွေ ပျက်စီးဆုံးရှုံးကုန်ကြတယ်။ ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသူတွေအတွက် အကူအညီများစွာ လိုအပ်နေကြောင်း ဦးအေးသာအောင်က ဆက်လက်ပြောပြခဲ့ ပါတယ်။

Credit to Dr Lun Swe's Blog: http://drlunswe.blogspot.com/2010/11/blog-post_20.html

ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ယူရေး တာဝန်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူ

3:05 AM | Posted by Anonymous

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

3:02 AM | Posted by Anonymous
ဇာနည်မာန် Saturday, 20 November 2010 15:56

အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား တချို့ ကျန်းမာရေး ချို့ယွင်းမှုများရှိနေပြီး ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ထောင်ဝင်စာတွေ့သူ မိသားစုဝင်များက ပြောသည်။

တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်၊ တက်ကြွလှုပ်ရှားသူလူငယ် ကိုညီညီထွန်းနှင့် ရခိုင်လူငယ် တဦးတို့သည် ခန္ဓာကိုယ် ချည့်နဲ့ဝေဒနာများခံစားနေရပြီး ပြင်ပဆေးရုံများသို့ ဆေးကုသခွင့် ရရန် လိုအပ်နေသည်ဟု မိသားစု ၀င်များက ပြောဆိုသည်။

“လေဖြန်းသလိုမျိုး ခြေထောက်တွေက ချည့်နေတယ်။ လူကလည်း တအားပိန်ပြီးတော့ မည်းခြောက်နေတယ်။ ဒီ ရက်ပိုင်း လေးအတွင်း ဖြစ်သွားတာ။ အရင် ၂ ပတ်လောက်က ဒီလို မဟုတ်ဘူး။ ဘာကြောင့်မှန်းဆိုတာ မသိဘူး။ ထောင်ဆေးရုံက အကြောဆေးပဲ ပေးထားတာ မသက်သာလို့ အပြင်ဆေးရုံ ပြဖို့ပြောထားတာ ခုထိခွင့်မရသေးဘူး”ဟု ကိုရဲထွဋ်ခေါင်၏ ဇနီး မမေမျိုးစု က ပြောသည်။

ကိုရဲထွဋ်ခေါင်သည် တွံတေးမြို့နယ်တွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး ဆု တောင်းပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ကျခံနေရခြင်းဖြစ်သည်။

ထို့အတူ နာဂစ်ဒုက္ခသည်များ ကူညီရေး စေတနာ့ဝန်ထမ်းလူငယ်တဦးဖြစ်သည့် တောင်ဥက္ကလာပမှ ကိုညီညီထွန်းနှင့် ရခိုင်လူငယ်တဦးသည်လည်း အလားတူ ကိုယ်ခန္ဓာချည့်နဲ့ ဝေဒနာများ ခံစားနေရ၍ ထောင်အာဏာပိုင်များထံသို့ ထိရောက်သော ကုသမှုများပေးရန် မိသားစုဝင်များက ထပ်မံ တောင်းဆိုမည်ဟု သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံထားရသူပေါင်း ၂၂၀၃ ဦး ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားသည်။

Credit to Irrawaddy: http://www.irrawaddy.org/bur/index.php/news/4955-2010-11-20-08-57-50

“အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲရအောင် ကြိုးစား … တဲ့” (ကာတွန်း ဘီရုမာ - မိုးမခ၀က်ဘ်ဆိုက်)

3:01 AM | Posted by Anonymous