ဧရာဝတီ -၂၀၁၀ ရွေးကောက်ပွဲအထူးသတင်းမှတ်တမ်း

Saturday, October 30, 2010 1:20 AM | Posted by Anonymous

စစ်အာဏာရှင်တို့ ညူကလီးယားပိုင်ဆိုင်ရေးအတွက် တိုးမြင့်လုပ်ဆောင်

Friday, October 29, 2010 8:49 AM | Posted by Anonymous
အေအက်ပီ၊ ၂၇ အောက်တိုဘာ ၂၀၁၀

အောင်မြင်။ ။မြန်မာစစ်အာဏာရှင်တို့ဟာ အဆင့်မြင့်ညူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေး
အတွက် မြောက်ကိုရီးယား အဆင်မြင့်သိပညာရှင်များအကူအညီဖြင့် အရှိန်မြင့်ဆောင်ရွက်နေကြောင်း
သတင်းများထွက်ပေါ်နေသည်။

နော်ဝေးနိုင်ငံအခြေစိုက်ဒီမိုကရက်တစ်မြန်မာ့အသံမှမြန်မာ့စစ်အာဏာရှင်တို့ညူကလီယားပိုင်ဆိုင်မှုကြိုးပမ်း
ချက်လျို့ဝှက်မှတ်တမ်းများကိုပြီးခဲ့သည့်ဂျွန်လကနိုင်ငံတကာကိုထုတ်လွှင့်တင်ပြခဲ့သည်။

ထိုထုတ်လွှင့်ခဲ့သောမှတ်တမ်းဓါတ်ပုံများ၊စာတမ်းများအရနိုင်ငံတကာညူကလီးယားစွမ်းအင်အေဂျင်စီမှဒါရိုက်တာဟောင်းရောဘတ်ကယ်လီကညူကလီယားထုတ်လုပ်မှုကြိုးပမ်းနေသည်မှာမှန်ကန်ကြောင်း
အတည်ပြုပြောဆိုခဲ့သည်။

မြန်မာစစ်အဏာရှင်တို့ဟာ မြေအောက်ဥမင်များအတွင်းတွင် မြောက်ကိုရီးယားနည်းပညာဖြင့် ထုတ်လုပ်နိုင်
ဖို့ကြိုးစားနေကြောင်း၊ မြန်မာစစ်အစိုးရ ကြိုးစားနေမှုများသည် တိုးတက်ကောင်းမွန်သည့် အဆင့်ကိုတော့
မရောက်သေးကြောင်း ထိုင်းနိုင်ငံသတင်းထောက်များအသင်းတွင် အင်္ဂါံနေ့ကပြောဆိုလိုက်သည်။

ကယ်လီကဆက်လက်ပြီး မြန်မာ့ ညူကလီယားထုတ်လုပ်နိုင်ဖို့အစီအစဉ်ကို အတွေ့အကြုံရှိပြီးသောနိုင်ငံ
တခုက နည်းပညာ၊ ကျွမ်းကျင်ပညာ၇ှင်၊လိုအပ်သောပစ္စည်းများကို ကူညီပံပိုးပေးရင်တော့ မြန်မြန်ဆန်ဆန်ဘဲ ညူကလီးယားလက်နက်ပိုင်ဆိုင်သွားကြောင်း၊ ထိုသို့ ကူညီပံ့ပိုးမယ့် နိုင်ငံဟာလည်း မြောက်ကိုရီးယားနိုင်
ငံဖြစ်တယ်လို့ သူယုံကြည်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

နိုဝင်ဘာ ( ၇ ) ရက်နေ့ မှာနှစ်၂၀အတွင်းပထမဆုံးအကြိမ်ကျင်းပတော့မယ် ရွေးကောက်ပွဲကြောင့် မြန်မာ
စစ်အာဏာပိုင်တို့ရဲ့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညူကလီးယားလက်နက် ထုတ်လုပ်
မှုကြိုးမှုကို အနောက်နိုင်ငံတွေရဲ့စိုးရိမ်မှုတွေကို ဖယ်ရှားနိုင်မယ်လို့ ယူဆထားသည်။

ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ မှတ်တမ်းသတင်းထဲမှာပါတဲ့ ထောင်ပေါင်းများစွာသောဓါတ်ပုံတွေ။ နည်းပညာအချက်အလက်အချို့နဲ့ပစ္စည်းတွေ၊စမ်းသပ်ချက်တွေ၊မြေအောက်ဥမင်တွေလျို့ဝှက်စွာ

ဆောက်လုပ်နေမှု တွေဟာ မြောက်ကိုရီးယားနည်းပညာအဖွဲ့ကကူညီပေးတယ်ဆိုတာထင်ရှားသော
သက်သေများဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရမှ မြန်မာစစ်အာဏာရှင် နှင့် မြောက်ကိုရီးယား ပူပေါင်းပြီး စွမ်းအားမြင့်ညူကလီးယား
လက်နက်ထုတ်လုပ်နိုင် ကြိုးပမ်းဆောင်ရွက်မှုများကို အလွန်စိုးရိမ်ကြောင်းထုတ်ဖေါ်ပြောဆိုခဲ့ပြီးဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများမှ လာမည့်ရွေးကောက်ပွဲကိုမျော်လင့်နေကြမယ့် အနောက်နိုင်ငံအစိုးရများကတော့
ရွေးကောက်ပွဲပြီးတက်လာမယ့် အရပ်ဝတ်အစိုးရသစ်ရဲ့နောက်ကနေ စစ်တပ်က အာဏာဆက်ကိုင်ထားမယ်လို့ ခိုင်ခိုင်မာမာယုံကြည်နေကြကြောင်း ပြောဆိုခဲ့သည်။

ကယ်လီကဆက်လက်ပြီး မြန်မာ့စစ်အစိုးရရဲ့ ညူကလီးယားပိုင်ဆိုင်မှုကြိုးပမ်းချက်အစီအစဉ်မှာ ပြည်ပအကူအညီမပါဘဲပိုင်ဆိုင်ဖို့ကိုသံသယဖြစ်စရာမလိုကြောင်း၊ထိုင်းပြည်သူတွေရဲ့လုံခြုံမှုကိုပြောရရင်တော့ နှစ်အနည်းငယ်အတွင်းလုံခြုံမှုရှိမှာဖြစ်ပြီး၊မကြာခင်နည်းအနည်းငယ်အတွင်းမှာတော့မြန်မာအစိုးရပိုင်ဆိုင်လာနိုင်ကြောင်းပြောဆိုခဲ့သည်။

တာရဇ် အဇစ် ကို သေဒဏ်ချမှတ်

8:35 AM | Posted by Anonymous

(သေဒဏ်ပေးခံရတဲ့ တာရစ် အဇစ် ပုပ်ရဟန်း မင်းကြီး နဲ့ တွေ့ ဆုံစဉ်)

အီရတ် နိုင်ငံမှာ ဘာတ်ပါတီ ခေါင်းဆောင် စစ်အာရှင် ဆက်ဒမ် ဟူစိန် အုပ်စိုးစဉ်ကာလက ဒုတိယ ၀န်ကြီးချုပ် နဲ့  နိုင်ငံခြားရေးဝန်ကြီး တာဝန် ယူခဲ့သူ တာရဇ် အဇစ် ကိုအီရတ် တရားရုံးက သေဒဏ် ချမှတ် လိုက်ပြီဖြစ်ပါတယ်။ ဆက်ဒမ် ဟူစိန် ရဲ့ အစိုးရ အဖွဲ့ ထဲမှာ တစ်ဦး တည်းသော ခရစ်ယာန် ဘာသာ ၀င်ဖြစ်တဲ့ တာရဇ် အဇစ် ဟာ အသက် ၇၆ နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး သူ့ ကို ဗာတီကန် သာသနာ ပိုင် တွေ က သေဒဏ် ပေးမခံရ အောင် ကယ်တင် မယ်လို့ ဆိုပါတယ်။

အဇစ် ရဲ့ သားကတော့သူ့ ဖခင် ဖြစ်သူ ဟာခေတ်ရဲ့ သားကောင် ဖြစ်ရတာ လို့ ဆိုပါတယ်။တာရစ် အဇစ် ဟာ ၂၀၀၃ ခုနှစ် အီရတ် နိုင်ငံ ကိုအမေရိ ကန် ၀င်ရောက် သိမ်းပိုက်တော့ ကိုယ်တိုင် မဟာမိတ် တွေ ထံ သွား ရောက် အဖမ်းခံ ခဲ့သူဖြစ်ပြီးအဲဒီအချိန်က သူဟာ အမေရိကန် စစ်တပ် အီရတ် နိုင်ငံထဲ အလွယ်တကူ ၀င်ရောက် နိုင်ခဲ့အောင် စွမ်းဆောင်ပေးခဲ့သူ အဖြစ် နာမည် ကြီး ခဲ့ပါတယ်။

Credit to Freedom News Group: http://freedomnewsgroup.com

ကြံ့ဖွံ့  သတင်းစာရှင်းလင်းပွဲ ၊မြို့ တော်ဝန် က သတင်းထောက် တစ်ဦး ကို ပုဆိုးလှန်ပြ

8:30 AM | Posted by Anonymous

ပုဆိုးလှန် မပြမှီ သတင်းစာရှင်း လင်းပွဲဉ် ဤသို့ တွေ့ ရစဉ်

ကြံဖွံ့ ပါတီ ၏ ယခင် ရုံးချုပ်ဟောင်း ဖြစ်သည့် ရန်ကုန်တိုင်း ဗဟန်းမြို့ နယ် သံလွင် လမ်း တွင် ကျင်းပသည့်
ကြံ့ဖွံ ပါတီ ၏ တရားဝင် ပထမ ဦးဆုံး အကြိမ် ဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်တွင်း နှင့် နိုင်ငံခြား သတင်း
ထောက်များ နှင့် တွေ့ ဆုံရာတွင် တောင်ဥက္ကလာ ပ မြို့ နယ် မှ ၀င်ရောက် အရွေးခံမည့် ကြံဖွတ် ပါတီ အမတ်
လောင်း နှင့် လက်ရှိ မြို့ တော်ဝန် ဦးအောင်သိန်း လင်းက သတင်းထောက် နှစ်ဦး အား ပုဆိုးလှန် ပြခဲ့သည်
ဟု သိရသည်။

ကြံ့ဖွံ့ ပါတီ မှ ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲဉ် နိုင်ငံခြား သတင်းထောက်များက ရန်ကုန်မြို့ ဉ် လမ်းများ
ခင်းနေသည် မှာ ပါတီ ပိုင် ငွေ လား ၊ ပြည်သူ ပိုင် ငွေလား ဟု မေးမြန်း စဉ်က တည်းက ဦးအောင်သိန်း လင်း
က စိတ်ဆို မာန်ဆိုး ဖြင့် ပြောခဲ့ သော် လည်း လယ်ယာဆည် မြောင်း ၀န်ကြီး ဖြစ်သူ ဦးဌေးဦးက ယဉ်ကျေးစွာ
ပင် ဖြေဆိုခဲ့သည်။

သတင်းစာရှင်းလင်း ပွဲပြီးနောက် ပြည်တွင်း သတင်းထောက် တစ်ဦးက အလွတ် သဘောမေးမြန်းသည့်
မေးခွန်း တစ်ခု ဖြစ်သည့် “ရွေးကောက်ပွဲ ၀င်တော့ မယ် ဆိုတော့ မြို့ တော်ဝန် ရာထူးက နှုတ်ထွက် ဖို့ အစီ
အစဉ် မရှိ ဘူး လား” ဆိုသည့် မေးခွန်း ကို ၎င်း က ဒေါသတကြီး ဖြင့် ဒါမင်းတို့ ကိစ္စ မဟုတ် ဘူး ဟု အစချီပြီး
ဆဲရေး တိုင်းထွာကာ ပုဆိုး လှန် ပြခဲ့သည် ဟု အဆို ပါ အခမ်းအနား သို့ တက်ရောက် လာသည့် သတင်း
ထောက် တစ်ဦး က Freedom News Group သို့ ပြောသည်။

မြို့တော်ဝန် အောင်သိန်းလင်း သည့် ယခင်ကလည်း ဈေးမီးလောင်မှု ၊ တိုက်ပြိုကျမှု များ တွင် လာရောက်
သတင်းယူသည့် သတင်းထောက် များ အား ဆဲရေး တိုင်းထွာမှု များ ပြုခဲ့ပြီး ၊၎င်း ၏ မဲဆန္ဒ နယ်တွင် ပြီးခဲ့
သည့် လက မဲဆွယ်ရာဉ် ဘာသာရေး နိုင်ငံရေး အရ အငြင်း ပွားဖွယ်ရာ များ ပြုလုပ်ခဲ့သည်။

ယမန်နေ့ က ကျင်း ပခဲ့သည့် ကြံ့ဖွံ့ ပါတီ ၏ မဲဆွယ် ပွဲ အခမ်းအနားကို တက်ရောက် ခဲ့သူ သတင်းထောက်
တစ်ဦးက ဦးအောင်သိန်းလင်း သည် အလွန် မိုက်ရိုင်းသည့် အပြုအမူရှိ ပြီး လက်ရှိ မြို့ တော်ဝန် နှင့် အမတ်
လောင်း တစ်ဦး အနေနှင့် မဖွယ်မရာ အပြုအမူ ကို လုပ်ခဲ့ခြင်း ကြောင့် ဦးဌေးဦး က ပင် တားယူရသည် ဟု
သိရသည်။

သတင်းစာ ရှင်းလင်းပွဲ သို့ သတင်းထောက် ၈၀ ကျော်တက်ရောက်ခဲ့သည်။ကြံ့ဖွံ့ ပါတီ အနိုင်ရလျှင်စီး
ပွားရေး ပြုပြင် ပြောင်းလဲ မှု များ ပို လုပ်မေးမည် ဟု ဦးအောင်သိန်း လင်းက ပြောကြားခဲ့သည်။

လက်ရှိ ၀န်ကြီး ချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ ဖွံ့ ပါတီသည် ဂီရိ မုန်တိုင်း ကြောင့် ပျက်စီး ဆုံးရှုံး
သေကြေမှု များ ဖြစ်ပေါ် ခဲ့သည့် ရခိုင် ပြည်နယ် တွင် အကူအညီ တစ်စုံ တစ်ရာ ပေးမှု မရှိ ဟု သိရသည်။

Credit to Freedom News Group: http://freedomnewsgroup.com

မြန်မာနိုင်ငံမှ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီ မီဒီယာသတင်းဖော်ပြပုံကို စောင့်ကြည့်အကဲခတ်ခြင်း အစီရင်ခံစာ

Wednesday, October 27, 2010 10:23 PM | Posted by Anonymous

“မဲရုံအတွင်း (သို့မဟုတ်) အနီးပတ်ဝန်းကျင်တွင် မဲပေးမှုကို လာရောက် သြဇာလွှမ်းမိုးမှုများ ရှိသလား” (ကာတွန်း ဟန်လေး - ဧရာဝတီဘလော့ဂ်)

9:13 PM | Posted by Anonymous

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ကြေငြာချက် (၁၀/၁၀/၂၀၁၀)

9:06 PM | Posted by Anonymous

“အတိတ်နိမိတ်တွေ သယ်ဆောင်လာတဲ့ ယတြာအလံတော်” (ကာတွန်း ဘီရုမာ - မိုးမခ၀က်ဘ်ဆိုက်)

Monday, October 25, 2010 2:34 PM | Posted by Anonymous

“ဆင်ဖြူစီး ဒုက္ခသည်ရံ ယတြာအလံဆောင် မင်းတြားကြီး” (ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်)

2:30 PM | Posted by Anonymous

(ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်)

1:32 PM | Posted by Anonymous

စင်ပြိုင်အစိုးရ အလံနှင့် နအဖ က ပြည်ထောင်စုမြန်မာနိုင်ငံအတွက်အသုံးပြုရန် အလံသစ် ချွတ်စွတ်တူ

Sunday, October 24, 2010 10:44 PM | Posted by Anonymous

ကလေးမြို့ဆုံးဖြတ်ချက် ကြေညာစာတမ်း

10:39 PM | Posted by Anonymous

ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ NLD နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြေညာ

10:23 PM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12560