President Barack Obama on Libya Our Goal is Focused Our Cause is Just and Our Coalition is Strong

Saturday, March 19, 2011 10:30 AM | Posted by Anonymous
President Barack Obama on Libya Our Goal is Focused Our Cause is Just and Our Coalition is Strong 1

UN Security Council Authorizes Use of Force to Protect Civilians and Populated Areas in Libya

Friday, March 18, 2011 3:03 PM | Posted by Anonymous
UN Security Council Authorizes Use of Force to Protect Civilians and Populated Areas in Libya

Q a With the White House Press Secretary Jay Carney Chairman of the Nuclear Regulatory Commission Greg Jacz...

2:57 PM | Posted by Anonymous
Q a With the White House Press Secretary Jay Carney Chairman of the Nuclear Regulatory Commission Greg Jacz...

UN Security Council Resolution Regarding Libya No Fly Zone

2:49 PM | Posted by Anonymous
UN Security Council Resolution Regarding Libya No Fly Zone

လစ်ဗျားကို အရေးယူဖို့ ကုလ ဆုံးဖြတ်

9:43 AM | Posted by Anonymous

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက လစ်ဗျားကို အရေးယူမယ့် ဆုံးဖြတ်ချက်ကို ကြာသပတေးနေ့က မဲခွဲပြီး ချမှတ်လိုက်ပါပြီ။

ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိ နဲ့ ဆုံးဖြတ်ချက် ကျ

လစ်ဗျားခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီက သူ့ကို ဆန့်ကျင်နေသူတွေကို လေကြောင်းက အပါအဝင် တပ်အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ချေမှုန်းနေတာတွေ ချက်ခြင်းရပ်ဖို့ ဒီဆုံးဖြတ်ချက်က တောင်းဆိုလိုက်ပြီး လစ်ဗျားလေယာဉ်တွေ ပျံသန်းခွင့် ကိုလည်း တားမြစ်လိုက်ပါတယ်။

နောက်ပြီး လစ်ဗျားပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာ မှန်သမျှ လုပ်နိုင်ခွင့်ကိုလည်း အခု ဆုံးဖြတ်ချက်က ပေးလိုက် ပါတယ်။ ဒါဟာ လိုအပ်ရင် နိုင်ငံတကာ တပ်တွေက လစ်ဗျားတပ်တွေကို လေကြောင်းက တိုက်ခိုက်ခွင့်ကို ပါပေးလိုက်တာပါ။ ဒါကြောင့် လေကြောင်းကဖြစ်ဖြစ် ပင်လယ်ထဲမှာရှိတဲ့ သင်္ဘောကနေဖြစ်ဖြစ် လစ်ဗျားအစိုးရ ပစ်မှတ်တွေကို နိုင်ငံတကာ တပ်တွေက ပစ်ခတ် တိုက်ခိုက်နိုင်မှာပါ။

ဒါပေမယ့် လစ်ဗျားနိုင်ငံထဲကို မြေပြင်တပ်တွေ လွှတ်ပြီး ဝင်တပ်စွဲ တိုက်ခိုက်တာကိုတော့ ခွင့်မပြုထားပါဘူး၊ နောက်ပြီး အရေးယူမှု တွေကို ဒေသတွင်းက အဖွဲ့အစည်းဖြစ်တဲ့ အာရပ်အဖွဲ့ချုပ်နဲ့ တိုင်ပင်ပြီး လုပ်ဆောင်သွားဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

လုံခြုံရေးကောင်စီမှာ မဲခွဲကြတဲ့အခါ ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားက ကန့်ကွက်မလားဆိုပြီး အစောပိုင်းက ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်၊ တကယ်တန်း မဲခွဲတော့ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိပဲ မဲမပေးပဲ နေခဲ့တဲ့ နိုင်ငံက ၅ နိုင်ငံရှိခဲ့ပါတယ်။ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ဘရာဇီးနဲ့ အိန္ဒိယတို့က မဲမပေးပဲ နေခဲ့ကြပါတယ်။

အခု ဆုံးဖြတ်ချက်ကျပြီဆိုတော့ လိုအပ်ရင် နာရီပိုင်းအတွင်း ဗြိတိန်နဲ့ ပြင်သစ်တပ်တွေက လစ်ဗျားကို တိုက်ဖို့ အသင့်ရှိနေကြပြီလို့ စစ်ဖက် အသိုင်းအဝိုင်းက ပြောပါတယ်။

အမေရိကန်တွေက ပထမပိုင်းမှာတော့ သူတို့ဦးဆောင်ပြီး လစ်ဗျားကို တိုက်တယ်လို့ ယူဆခံရမှာစိုးတဲ့ အတွက် ခပ်ရှောင်ရှောင် နေခဲ့ပါသေးတယ်၊ ဒါပေမယ့် မဲမခွဲခင်ကလေးမှာပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က လေကြောင်းက တိုက်ခိုက်တာတွေ မလွှဲမရှောင်သာ လုပ်ရလိမ့်မယ်လို့ ခပ်တင်းတင်း ပြောခဲ့ပါတယ်။

အခုလို အမြန်မဲခွဲ ဖြစ်ခဲ့တာကလည်း ဗိုလ်မှူးကြီး ကဒါဖီက အတိုက်အခံတွေ တပ်စွဲထားတဲ့ ဘင်ဂါဇီမြို့ကို အပြင်းအထန် တိုက်တော့မယ်လို့ ကြုံးဝါးနေတာက တကြောင်း ပါနိုင်ပါတယ်။

လစ်ဗျား အတိုက်အခံတွေကတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။

အခု အချိန်အထိ နိုင်ငံတကာကို အာခံနေခဲ့တဲ့ ကဒါဖီ ကိုယ်တိုင်ကတော့ နောက်ဆုတ်သွားမလား ဆိုတာကတော့ မသေချာသေးပါဘူး။

Sources: BBC

ချက်ချင်းအပစ်အခတ်ရပ်စဲရေး လစ်ဗျားကြေညာ

9:41 AM | Posted by Anonymous

ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့တော်က ဗိုလ်မှူးကြီး မိုမာကဒါဖီအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး မူဆာကူဆာ (Moussa Koussa) က အပစ်အခတ်ရပ်စဲကြဖို့ အတိုက်အခံတွေကို ကြေညာကမ်းလှမ်းလိုက်တာကြောင့် ဒါဟာ မနေ့က မတ်လ ၁၇ ရက်နေ့က ကန့်ကွက်သူမရှိချမှတ်လိုက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၉၇၃) ကို ကဒါဖီက တုံ့ပြန်အဖြေပေးလိုက်တာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

လစ်ဗျားရဲ့ နယ်နိမိတ် မပြိုကွဲဘဲ ညီညွတ်ရေးကိုလိုလားတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လစ်ဗျားအစိုးရက တွေ့ဆုံဆွေးနွေးလိုတယ်လို့လည်း ၀န်ကြီး ကူဆာ က ဆိုပါတယ်။ လစ်ဗျားက လေကြောင်းရန် ကာကွယ်ရေးဖြန့်ချထားတဲ့စနစ်တွေကို နာရီပိုင်းအတွင်းမှာ ချေမုန်းဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် လစ်ဗျားမှာ တကယ်တမ်း ဘာတွေဖြစ်နေလဲဆိုတာ သိရှိနိုင်ဖို့ အင်အားကြီးနိုင်ငံကြီးတွေ အနေနဲ့ လစ်ဗျားကို အချက်အလက်ရှာဖွေလေ့လာရေး အဖွဲ့တွေ စေလွှတ်ဖို့ကိုလည်း ၀န်ကြီး ကူဆာက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၉၇၃) အရ ကဒါဖီရဲ့ လေတပ်လေယာဉ်တွေ မပျံသန်းနိုင်အောင် လစ်ဗျားကောင်းကင်ကို မပျံသန်းရေးဇုံ သတ်မှတ်မှုနဲ့ နောက်ဆက်တွဲအဖြစ် လစ်ဗျားက အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ သင့်လျော်တဲ့လုပ်ငန်းဆောင်တာ အားလုံး လုပ်ဆောင်ရေးတို့ကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတကာက စစ်ရေးနဲ့ ၀င်ရောက်စွက်ဖက်လုပ်ဆောင်မှုမှာ ပြင်သစ်နဲ့ နော်ဝေနိုင်ငံတို့က ပါဝင်မယ်လို့လည်း အဲဒီနိုင်ငံအစိုးရတွေက ဒီကနေ့ ကြေညာခဲ့ပါတယ်။

မနေ့ကတော့ ကဒါဖီက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၉၇၃) ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ပြောဆိုခဲ့ပြီးတော့ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အရှေ့ခြမ်းက ဘန်ဂါဇီမြို့ကို သူ့ရဲ့တပ်တွေက မကြာခင် ၀င်ရောက်သိမ်းပိုက်တဲ့အခါ လက်နက်မချဘဲနေသူတွေကို ညာတာမှာမဟုတ်ဘူးလို့လည်း ရေဒီယိုကနေ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

လစ်ဗျားမှာ နိုင်ငံတကာက စစ်ရေးနဲ့ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်မှုဟာ နာရီပိုင်းအတွင်း ကျရောက်လာတော့မှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံက သံတမန်တွေက ဒီကနေ့ အရိပ်အမွက် ပြောဆိုလိုက်ကြပြီးတဲ့နောက် ကဒါဖီအစိုးရက လစ်ဗျားနိုင်ငံက လေဆိပ်တွေ အားလုံးကို ပိတ်ပစ်လိုက်ပါတယ်။

ဒီကနေ့ သောကြာနေ့မှာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၁၉၇၃) ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေ နေတိုးဌာနချုပ်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ဆွေးနွေးနေကြစဉ်မှာပဲ ကဒါဖီရဲ့ လေတပ်တိုက်လေယာဉ်တွေက အတိုက်အခံတွေ ထိန်းသိမ်းထားတဲ့ အနောက်ဘက်ခြမ်းက မစ်ရာတာ (Misrata) မြို့ကိုလည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြပါတယ်။

Sources: VOA

Radiation Effects Cumulative Exposure

Thursday, March 17, 2011 1:53 PM | Posted by Anonymous
Radiation Effects Cumulative Exposure

USAID Earthquake and Tsunami in Japan How You Can Help

1:48 PM | Posted by Anonymous
USAID Earthquake and Tsunami in Japan How You Can Help

Japan’s-Emperor-Akihito-“Don’t-Lose-Hope-”-in-Historic-TV-Speech-to-the-People-of-Japan-with-Links-to-VIDEO-Docs-Picture-Gallery

1:36 PM | Posted by Anonymous
Japan’s-Emperor-Akihito-“Don’t-Lose-Hope-”-in-Historic-TV-Speech-to-the-People-of-Japan-with-Links-to-VIDEO...

Tsunami in Japan 3.11 first person FULL raw footage

Wednesday, March 16, 2011 12:03 PM | Posted by Anonymous

Photos of Tsunami in Japan

Monday, March 14, 2011 12:42 PM | Posted by Anonymous

“အကျည်းတန် မှန်ကြောက်” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

11:55 AM | Posted by Anonymous

ဆယ်နှစ်လည်းပြည့်ခဲ့ပြီ . . . တစ်သိန်းလည်းပြည့်တော့မည်

10:46 AM | Posted by Anonymous


ဆယ်နှစ်လည်းပြည့်ခဲ့ပြီ . . . တစ်သိန်းလည်းပြည့်တော့မည်
နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေး၊ (၇) ရက်သားသမီးတို့၏ နာရေးကိစ္စအ၀၀တို့ကို မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ (အခမဲ့) ကုသိုလ်ဖြစ် အအေးခန်းထားပေးခြင်း၊ မီးသင်္ဂြိုလ်ပေးခြင်းတို့ကို အလူမီနီယမ်ခေါင်း၊ မှန်ခေါင်း၊ ရဟန်းသံဃာတော် များအား စတီးလ်ကရ၀ိတ်ဖောင်၊ မှန်စီရွှေချခေါင်းများဖြင့် ကုသိုလ်ပြုလုပ်ငန်းများကို ပေးဆပ်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဆယ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့အထိ နာရေးကူညီမှုပေါင်း (၉၉၆၄၄) ဦးတို့ကို (အခမဲ့) ကူညီခဲ့ပြီး ဖြစ်ပါသည်။ ယခုလာမည့် မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းဦးရေ ပြည့်တော့မည်ဖြစ်သည်။

၂၀၀၇ ခုနှစ်မှစ၍ အသင်း၏ အထူးအစီအစဉ်တစ်ရပ်ဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော ဆင်းရဲနွမ်းပါးလှသည့် နာရေးကိစ္စကို နိုင်ငံခြားမှတစ်ဆင့် လှူဒါန်းထားသော နိုင်ငံခြားဖြစ်အခေါင်းနှင့် မီးသင်္ဂြိုလ်ပေးခြင်း၊ ကျန်ရစ်သောနာရေးရှင် မိသားစုတို့အား ငွေလှူဒါန်းခြင်း (အသင်းသူ/သားများ၏ စုပေါင်းလှူဒါန်းငွေ) တစ်သိန်းအထက်နှင့် ရက်လည်ဆွမ်းကပ်အလှူဒါနအတွက် သင်္ကန်းပရိက္ခရာများ လှူဒါန်းပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်မှာ ယခုဆိုလျှင် (၅) ကြိမ်တိတိရှိပြီ ဖြစ်ပါသည်။

ယခု ၂၀၁၁ ခုနှစ်တွင် အသင်း၏ထူးခြားမှု၊ လှုပ်ရှားမှုတစ်ရပ်အဖြစ် “ဘ၀နိဂုံး အဆုံးပုံရိပ်” ဟူသော ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓါတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ နာရေးကူညီ မှုအသင်း(ရန်ကုန်)သို့ လာရောက်၍ လုပ်အားပေးမည့် လူမှုရေးသမားများသည် နာရေးကူညီမှု၊ ဆေး ကူညီမှု၊ ပညာရေးစသည့် သင်တန်းများကိုတက်ရောက်ပြီးမှ လုပ်အားပေးခွင့်ကို ရရှိမည်ဖြစ်သည်။ ယင်း သင်တန်းများတွင် “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံသင်တန်းကိုလည်း ပို့ချခဲ့သည်။
ရည်ရွယ်ချက် -
၁။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်သယ်ဆောင် ကူညီပံ့ပိုးပေးသည့် နာရေးလမ်း ကြောင်းများ၏ ထူးခြားချက်များ ( ရေနစ်၊ ဆွဲကြိုးချ၊ ရထားကြိတ်၊ လမ်းဘေး သေဆုံးမှု စသည့်) အခြားအခြားသော ဖြစ်စဉ်များအတွက် ဓါတ်ပုံမှတ်တမ်းများ လိုအပ်ခြင်း။
၂။ အချို့သော နာရေးရှင်များမှ မိမိတို့၏ နာရေးကိစ္စမှတ်တမ်းပုံများကို အမှတ်တရတောင်းခံခြင်း။
၃။ အလှူရှင်တို့အား မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပေးခြင်း။
၎။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းကြောင်းရာဇ၀င်များကို မှတ်တမ်းတိတိကျကျ ဓါတ်ပုံ များနှင့်တကွ မှတ်တမ်းပြုထားလိုခြင်း စသည့် ရည်ရွယ်ချက်များကြောင့် အသင်းသူ/သားတိုင်း ဓါတ်ပုံရိုက်ကူးမှု အတတ်ပညာကို တတ်မြောက်ရမည်ဟူသော ခံယူချက်နှင့်အညီ ဓါတ်ပုံရိုက်သင်တန်း ကို သင်ကြားပေးခဲ့ပါသည်။

ယခင် ၂၀၀၉ ခုနှစ်အတွက် အသင်းမှ သင်္ဂြိုလ်ပေးမှုအလောင်း (၁၀၀၀၀) ပြည့်ကိုလည်း (၂၈.၉.၂၀၀၉) နေ့တွင် “ဘ၀နိဂုံး အဆုံးပုံရိပ်” ဟူသော မှတ်တမ်းတင်ဓါတ်ပုံပြိုင်ပွဲ ကျင်းပပေးခဲ့ရာ အသင်းသူ/သားများ တက်တက်ကြွကြွ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နာရေးရှင်တို့ကလည်း နောက်နေ့ တွင် သူတို့၏ နာရေးမှတ်တမ်းပုံများကို မှတ်မှတ်ရရ လာရောက်တောင်းခံခဲ့ကြသည်။
ဤသည်မှာ . . . မိမိတို့၏ ပီတိပင်ဖြစ်တော့သည်။
ဓါတ်ပုံဆုပေးရာတွင် အဓိက - နာရေးရှင်တို့၏ ပတ်ဝန်းကျင်အနေအထား၊
နာရေးရှင်တို့၏ ခံစားချက်အနေအထား၊
ဓါတ်ပုံပညာရပ်၏ ကျွမ်းကျင်မှုအနေအထား၊
ဓါတ်ပုံပညာရပ်၏ ထူးခြားသော ပုံဖော်မှုတို့ကို အဓိကထား ရွေးချယ် ဆုံးဖြတ်ကြသည်။
ဤတွင် . . . ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု တို့ဖြစ်ကြသည်။
ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းပြည့်တော့မည့် နေ့ရက်တွင် အထူးခြားဆုံး အစီအစဉ်တစ်ရပ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဓါတ်ပုံသင်တန်းဆင်း အသင်းသူ/သားများအား ဓါတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့်မပြုဘဲ စိတ်ပါဝင်စားသော ပြင်ပဓါတ်ပုံပညာရှင်များသာ ပါဝင်ရိုက်ကူးယှဉ်ပြိုင် ကုသိုလ်ယူမည့်ပွဲ ဖြစ်သည်။ အသင်းသူ/သားများ ပါဝင်ရိုက်ကူးခွင့် မပြုခြင်းမှာ - နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးပို့ဆောင်မှု အင်အားလျော့ပါးခြင်း မရှိစေဘဲ စည်ကားသိုက်မြိုက်စွာ ဘ၀တစ်ပါးသို့ ပြောင်းလဲသွားသော လူသားတစ်ဦးအတွက် ထိရောက်စွာပေးဆပ်နိုင်ရန်အတွက် ဖြစ်သည်။ ထို့အပြင် ပြင်ပဓါတ်ပုံပညာရှင် များအနေဖြင့်လည်း မင်္ဂလာဆောင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မွေးနေ့ပွဲများနှင့်သာ တင်းတိမ်ရောင့်ရဲမနေဘဲ လူသားတစ်ဦး၏ နောက်ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ပုံရိပ်လွှာများ အား ကုသိုလ်လည်းရကာ မိမိတို့၏ ဓါတ်ပုံပညာရပ်ကိုလည်း တင်ပြနိုင်ခွင့် ရစေမည်ဖြစ်သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းပြည့် အစီအစဉ်အတွက် အထူးကျင်းပမည်ဖြစ်သော “ဘ၀နိဂုံး . . . အဆုံးပုံရိပ်” ဓါတ်ပုံပြိုင်ပွဲအား စိတ်ဝင်စားသော ဓါတ်ပုံပညာရှင်များသည် ယခု မတ်လ (၁၈/၁၉) ရက်နေ့များတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃ သို့၎င်း၊ တီဗီသက်မွန်နှင့်အဖွဲ့ အမှတ်(၁၂၆)၊ ၃၃ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၉ ၅၀၄၄၄၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်း၍ ပြိုင်ပွဲဝင်လျှောက်လွှာများအား ထုတ်ယူဖြည့်စွက်ကာ တစ်သိန်းပြည့် ကုသိုလ်ယူပွဲ ကြီး၏ မှတ်တမ်းပုံများကို ပါဝင်ဆင်နွှဲကြပါရန် သတင်းပေးအပ်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။


ဂျပန် ငလျင်နှင့် ဆူနာမီဘေးအတွက် အင်တာနက်များကို အခမဲ့ သုံးခွင့်ပေးထားပါတယ်။ ပျောက်ဆုံးသူများ ရှာဖွေရန်အတွက် အင်တာနက်စာမျက်နှာ ဖွင့်လှစ်ထားရှိ။

10:44 AM | Posted by Anonymous




















ဂျပန် ငလျင်နှင့် ဆူနာမီဘေးအတွက် အင်တာနက်များကို အခမဲ့ သုံးခွင့်ပေးထားပါတယ်။

ကွန်ပြူတာရှိရုံနဲ့ အင်တာနက်သုံးလို့ရအောင် လုပ်ပေးထားပါတယ်။ အခမဲ့ ဆက်သွယ်လို့ရအောင် ဖြစ်ပါတယ်။

ငလျှင်ဒဏ်သင့်ခဲ့သော ဂျပန်အရှေ့ပိုင်းဒေသတွင် တယ်လီဖုံးနှင့်ဆက်သွယ်ရေး ပြတ်တောက်
မှုများ ဖြစ်ပေါ်နေသဖြင့် Softbank နှင့် Live Door ဆက်သွယ်ရေးကုမ္ပဏီများမှ အများပြည်သူများ အခမဲ့သုံး အင်တာနက် LAN ကွန်ယက်ကို စတင် အသုံးပြုခွင့် ပေးထားပါတယ်။

အင်တာနက်အသုံးပြုရန် ယင်းကုမ္ပဏီများနှင့် စာချူပ် မချူပ်ထားသူများလည်း အင်တာနက်
ချိတ်ဆက်နိုင်သောစနစ်ရှိသည့်ကွန်ပျူတာနှင့် လက်ကိုင်ဖုံး အသုံးပြုသည့် မည်သူမဆို ယင်းအင်တာနက်ကွက်ယက်အား အခမဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Softbank အင်တာနက်ကွန်ယက်ကို အသုံးပြုလိုလျှင် -

ネットワーク名 (Network အမည်) ကို FON ဟု ရိုက်ထည့်လျှင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Live Door အင်တာနက်ကွန်ယက် ကိုအသုံးပြုလျှင် -

ログインID (Log In ID) : 01@free@lw

パスワード (Password): livedoor

ログインID (Log In ID) : 02@free@lw

パスワード (Password) : livedoor

ログインID (Log In ID) : 03@free@lw

パスワード (Password) : livedoor

ထို့ အပြင် ဂျပန်နိုင်ငံတွင် ငလျင်ဘေးဒဏ်နှင့် ဆူနာမီဘေးဒဏ်တို့ နှင့် ပတ်သက်၍ တစ်စုံတစ်ယောက်သတင်းအား ရှာဖွေလိုပါက အောက်ဖေါ်ပြပါ အင်တာနက် စာမျက်နှာတွင် အမည်ရိုက်သွင်း၍ စုံစမ်းကြည့်နိုင်ကြောင်းလည်း သိရှိရပါတယ်။

http://japan.person-finder.appspot.com/query?lang=en&role=provide


ဂျပန်နိုင်ငံတွင် နေထိုင် ရောက်ရှိနေကြသော မြန်မာပြည်သူ ပြည်သားများ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေ။

Sources: Nicknayman

မက်စ်မြန်မာ ဦးဇော်ဇော်ရဲ့ ရန်ကင်း ကလေး အထူးကု ဆေးရုံသစ်ဖွင့်ပွဲ...

10:43 AM | Posted by Anonymous


သံအမတ်တွေက အနောက် အလယ်မှာက မျောက်...
ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် လက်အောက်ခံဌာနများ အဖြစ် ဖွင့်လှစ်ခဲ့သော ရုံးအဆောက်အဦးများကို ခုတင်(၅၅၀)ဆံ့ ကလေး အထူးကု ဆေးရုံသစ်ကြီးအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ ကလေးအထူးကု ဆေးရုံသစ်ကြီး၏ အကျယ်အ၀န်းမှာ မြေဧရိယာ(၉.၅)ဧက ကျယ်ဝန်းပါသည်။


မက်စ်မြန်မာကုပ္မဏီပိုင်ရှင် ဦးဇော်ဇော်မှ မြန်မာကျပ်ငွေ သန်းပေါင်း(၉၀၀၀)ကျော် အကုန်ကျခံကာ လှုဒါန်းဆောက်လုပ် ပေးခဲ့သည်ဟု သိရှိရပါသည်။ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်ဖွင့်ပွဲသို့ နအဖအတွင်းရေးမှုး(၁) ဦးသီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်မှုးကြီး၏ သမီးနှင့်မြေး ဖိုးလပြည့်(ခ) နေရွှေသွေးအောင်၊ ကျန်းမာရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကျော်မြင့်၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၊ မက်စ်မြန်မာကုပ္မဏီအုပ်စု ပိုင်ရှင်ဦးဇော်ဇော်နှင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ၊ နိုင်ငံတကာမှ သံအမတ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။

ရန်ကင်း ကလေးအထူးကုဆေးရုံသစ်ဖွင့်ပွဲကို ယနေ့ မတ် ၁၃ ရက် နံနက် ၈း၁၀ အချိန်တွင် အလှုရှင်ဖြစ်သော မက်စ်မြန်မာကုပ္မဏီအုပ်စု ပိုင်ရှင်ဦးဇော်ဇော်၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ကြီးဒေါက်တာကျော်မြင့်၊ နအဖအတွင်းရေးမှုး(၁) ဦးသီဟသူရ တင်အောင်မြင့်ဦး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်တွင် ဆေးရုံအဆောင်ပေါင်း (၂၄)ဆောင်ပါရှိသည်ဟု သိရှိရပါသည်။ ဖွင့်ပွဲ အခမ်းအနားကျင်းပပြီးနောက် နအဖဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏မြေး ဖိုးလပြည့်(ခ) နေရွှေသွေးအောင်မှ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်အတွက် အလှုငွေ(၁၅)သိန်းကို လှုဒါန်းခဲ့သည်ဟု သိရှိရပါသည်။

ဒါကတော့ သတင်းတစ်ပိုင်းပေါ့...

သာဓုခေါ် သင့်မသင့်ထက် နေရွှေသွေးအောင် လှူတာ သမ္မတ လစာရဲ့ သုံးပုံတစ်ပုံပါ..။ Max မြန်မာ ဦးဇော်ဇော်လှူတာ ကျပ်ငွေ သန်းပေါင်း (၉၀၀၀)တဲ့ နားကြားများ မှားလားလို့ပေါ့..။ သိန်း(၉၀၀၀)ထောင် မဟုတ်ပါ.. သန်း(၉၀၀၀)ထောင် ဒေါ်လာ ၉သန်းပေါ.့.။ နအဖဗိုလ်ချုပ်ကြီးတွေ ပိုင်ဆိုင်မှုဆိုရင် စဉ်းစားသာကြည့်ပါတော့..။ နအဖဗိုလ်ချုပ်တွေကော ဝင်ငွေကြေငြာရဲပါ့မလား.. လွှတ်တော်ထဲမှာ အမတ်ဆိုသူတွေက လူတိုင်းသိနေတဲ့ မေးခွန်းကို မေးနေပြီး ဝန်ကြီးဆိုသူတွေက ဖြေချင်တာ ဖြေနေတာထက် အများသိချင်တဲ့ ပိုင်ဆိုင်မှုတွေ ဝင်ငွေကို စစ်ဆေးပိုင်ခွင့်၊ ဝင်ငွေခွန် ဆောင်မဆောင် ကြေငြာခွင့် မေးမြန်းခွင့်ရှိပါလား။ တပ်ချုပ်ကြီးသားနေတဲ့ အိမ်က လျှပ်စစ်မီးမီတာခက ကျပ် ၁၀၀ကျော်ပဲ ကျတယ်ဆိုပဲ။ ဒီလို တိုင်းပြည်ဘဏ္ဍာငွေတွေကို အလကားနီးပါး ရနေတဲ့ တပ်ချုပ်ကြီး အသိုင်းအဝန်းက ဝင်ငွေခွန်ကျတော့ အများနီးပါး ဆောင်စရာမလိုဘူးလား။ မေးချင်တာပါ.. လွှတ်တော်ကိုယ်စားလှယ် ကြီးများလည်း လွှတ်တော်မှာ ဘာမှမအဖြေမရတဲ့ အမေးတွေ မေးမြန်းပြီး နောက်ဆုံးကတော့လည်း လုပ်ချင်တာပဲ လုပ်သွားတာကို ခံနေရမယ့် အတူတူ မိမိတို့ကိုယ်ကိုယ် ဘယ်ဘဝ ရောက်နေပြီလည်းဆိုတာ ပြန်လည် ဆန်းစစ်ပါဦးလို့ တင်ပြလိုက်ရပါတယ်...။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

မြတ်လေးငုံ

ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်း၊ ဓာတ်ပုံများ-၂

10:41 AM | Posted by Anonymous


  • စတင်၍ တောင်အောက်သို့ ဆင်းနေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်နေပုံ..
  • လမ်းလျှောက်ရင်း ခါးလယ်အောက် နစ်သွားသောသူကို တူးယူကယ်ထုတ်အပြီး ၎င်းချိုင့်ကို မှတ်တမ်းတင်ထားပုံ..
  • လမ်းခရီးတွင် တစ်ဦးကိုတစ်ဦး အားပေးရင်း ဆင်လာပုံကို မှတ်တမ်းတင်ထားပုံနှင့် Capt.များမှာလည်း လမ်းလျှောက်ရင်း ၎င်းတို့ Body Heat ကြောင့်၎င်းအချိန်တွင် အအေးဒဏ်ကို ခံနိုင်နေဆဲဖြစ်ပြီး မိမိတို့မှာလည်း တောင်အောက်ကို ရောက်ချင်ဇောနှင့် Snow Cover Travel Coat မျှဝေမပေးမိပေ..
  • ရာသီဥတု ဆိုးဝါးလာမှုကြောင့် နီးစပ်ရာကျောက်စပ် (ကျောက်ကြို ကျောက်ကြားများတွင် ဝင်ခိုကာ ဥက္ကဋ္ဌမှ ၎င်းဝတ်ထားသော ၎င်းအသက်အတွက် အလွန်အရေးကြီး လှသည့် Snow Cover Travel Coat/ နားအုပ်/ လက်အိတ်/ ခြေအိတ်များအား မျှဝေချွတ်ပေးကာ Capt.များကို အားပေးစကား ပြောနေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်ထားပုံ..
  • ဦးသက်ထွန်းမှ အောက်ခြေဘက်မှ မှတ်တမ်းတင်နေပြီး မိမိတို့မှလည်း ဦးသက်ထွန်းကို ပြန်၍ မှတ်တမ်းတင်နေပုံ..
  • ဘာပဲဖြစ်နေ ဖြစ်နေ ငါတို့ "မြန်မာ" မလျော့သော ဇွဲနဲ့ ဒီဒုက္ခက လွတ်အောင် လုပ်မည်ဟု ကြွေးကြော်ကာ ဥက္ကဋ္ဌအိတ်ထဲ ပါလာသည့် မြန်မာနိုင်ငံအလံ၊ မိမိတို့ ကုမ္ပဏီအလံများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံက အချင်းချင်း စိတ်ဓာတ်ပြန်မြှင့်နေပုံ....
  • စီးကျလာသော ရေများမှာ အောက်ခြေမကျပဲ လမ်းခရီးတွင် ခဲသွားစဉ် ထူးခြားစွာ တွေ့ရပုံကို မှတ်တမ်းတင်ထားပုံ..
  • (၂၂)ရက်နှင့် (၂၃)ရက် နှစ်ရက်တာကာလတွင် လူ(၆)ဦး/ ချိုချဉ်(၉)လုံး ချောကလက် ၃တောင့်ဖြင့် ပေ(၃၀၀၀) ကျောက်တောင် ဆင်းလမ်းတစ်လျှောက် ဖြတ်သန်းကျော်ဖြတ်ခဲ့ရပြီး အားအင်များ ကုန်ဆုံးကာ ဘာဓာတ်ပုံမှ မှတ်တမ်း မတင်နိုင်တော့သော်လည်း ၂၄ရက်နေ့ မနက်တွင် ရာသီဥတု ကောင်းလာပြီဖြစ်၍ မိမိတို့ ရောက်ရှိနေသော နေရာမှ မြင်တွေ့ရသော အလွန်လှပသည့် ပုံများကို မှတ်တမ်းတင်ထားပုံ
  • ဆိတ်သားခြောက် (၆)ချောင်းပါ နှစ်ထုတ်/ ဓါးနှစ်ချောင်း၊ ဖယောင်းတိုင် (၃)တိုင်၊ မီးခြစ်(၂)ခု၊ ဘီစကစ်(၁)ထုတ်၊ ခေါက်ဆွဲခြောက် (၁)ထုတ်နှင့် ဘောင်းဘီ(၄)ထည် ပါဝင်သည့် တစ်ထုတ်တည်းသာ ရရှိရန်အတွက် မိမိတို့ အဖွဲ့ဝင် Grace မှ ၄နာရီကြာ တစ်ဦးတည်းသွားကာ ခြေထောက်ဖြင့် တွန်းချယူခဲ့သည့် ခြေရာလမ်းကြောင်း။ (23.2.2011၊ ညနေ ၃း၀၀ နာရီ) (အကူအညီ ရောက်ရှိလာသည့် ရဟတ်ယာဉ်မှ ရိက္ခာ ချပေးစဉ်)
  • ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်း၊ ဓာတ်ပုံများ-၃) ဆက်လက်ဖော်ပြပါမည်..။ နတ်ရေကန်ရှာပုံတော် စွန့်စားခန်းတွေပါ...။
ဒီမိုဝေယံ
မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၁) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_13.html ကျွန်ုပ်၏ စွန့်စားခန်းအတွက် ဝေဖန်ချက်များ ရေးသားနိုင်ပါတယ်...။

မြတ်လေးငုံ

လွင်မိုး ဘယ်သူတွေနဲ့  ပေါင်းနေသလဲ?

10:37 AM | Posted by Anonymous

ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက်

ဆရာ …

အောက်က စာလေး ဖတ်ကြည့်ပါ။

ကျွန်မအထင် ‘ဦးတေဇ’ ဆိုပြီး တင်ထားတဲ့ပုံ မှားနေတယ်ထင်ပါတယ်ရှင်။ ကျေးဇူးပြုပြီး သေချာ confirm လုပ်ပေးပါလို့ ပြောချင်ပါတယ်။ ပုံထဲက လူကို ‘စစ်သွေးအောင်’ ပုံလို့ ကျွန်မထင်ပါတယ်။ ‘share’ လုပ်တာကို ကျေးဇူးတင်ပါတယ်။

နောက်တယောက် ပို့လာတာကတော့ …

ကြံ့ဖွတ်လွင်မိုးနဲ့ အတွဲများနေတဲ့ စစ်သွေးအောင်အကြောင်း တစေ့တစောင်း

ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်က Palm Court Villa အိမ်ရာမှာ နေပါတယ်။ Palm Court Villa အိမ်ရာမှ မျက်နှာချင်းဆိုင် လုံးချင်းအိမ် (၂) လုံးကို သစ်တောဝန်ကြီးဟောင်း ဗိုလ်မှူးကြီးအောင်ဖုန်း ပိုင်ဆိုင် ပြီး ၎င်းတို့ပိုင် ကုမ္ပဏီနာမည်က SUNTECH လို့ ဆိုပါတယ်။ သစ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းအပြင် ကလပ်ပါ ထောင်ထားတယ်ပါတယ်။ ငွေဆောင်က Bay Of Bemgal Resort Hotel ဟာလည်း သစ်တောဝန် ကြီး ဦးအောင်ဖုန်းတို့ ပိုင်ဆိုင်တာပါတဲ့။ စစ်သွေးအောင်နဲ့ ကြံဖွတ်လွင်မိုးဟာ BME 2 မှာ ဆေးအမြဲသွားရှူနေ တာဖြစ်ပါကြောင်း ရေးသားပေးပို့လာပါတယ်။

‘စစ်သွေးအောင်’ ပါတဲ့ …

လေးစားစွာဖြင့် ...
ဒီမိုဝေယံ

















လွင်မိုးဟာ ကြံ့ဖွံ့ပါတီကို လိုလို လားလား ရက်ရက်ရောရောနဲ့ တကူးတက လေယာဉ်စီးပြီး မြိတ်မြို့ က ကြံ့ ဖွတ်ကို မဲသွားထည့်ခဲ့သူ ဖြစ်ပါတယ်။

နအဖတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလတွေမှာ လွင်မိုးဟာ ကမာရွတ်မြို့နယ်၊မြကန်သာ ၂ လမ်းWA MINN Co., Ltd (Export & Import) မှာ Vice Chairman အဖြစ် လုပ်ကိုင်နေပြီး ဇေကမ္ဘာဦးခင်ရွှေ (နအဖသန်းရွှေတို့ နှင့် အလွန်နီးစပ်သူ) နဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို လိုက်ပါခဲ့ပါတယ်။

လွင်မိုးဟာ ကြံ့ဖွံ့ပါတီကနေ ၀င်အရွေးခံတဲ့ ယုဇန ဦးဌေးမြင့်ရှိရာ မြိတ်ကို သွားပြီး မဲပေးခဲ့ပြီး သူရဲ့  ဇနီးသည်နဲ့ အတူ မေသန်းနု၊ ဇူးဇူးမောင် တို့ ပါ ခေါ်သွားခဲ့ပါတယ်။

လွင်မိုးရဲ့  ဒီ ကြံ့ ဖွတ်ပါတီကို မဲပေးခဲ့မှုတွေ ကြံ့ ဖွတ်ပါတီရဲ့  မဲဆွယ်စည်းရုံးမှုကို လိုက်ပါခဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြောစကားတွေကတော့ - “ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့ကကျနော့် ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ” ဟူသော လွင်မိုးက ပြောခဲ့ပါတယ်။ ဒီအပြင် ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခု အချိန် မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟု ပြောကြားခဲ့ပါသေးတယ်။

မင်းသားဘ၀ကနေ စီးပွားရေးဘက် ပြောင်းလဲခဲ့သူ လွင်မိုးဟာ ပြည်သူက သူရဲ့  အနုပညာအောင်မြင်မှုအတွက် အားပေးပေးခဲ့ကြတာတွေ ပြည်သူက အားပေးလို့  အောင်မြင်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ကနေ ကျေးဇူးရှင် ပြည်သူပရိတ်သတ်ကို ကျောခိုင်းရုံသာမက၊ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးကို ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့ နအဖဘက်ကို ပြောင်ပြောင်တင်းတင်း လိုက်ပါပြတာ ထောက်ခံအားပေးပြောဆိုပြလိုက်တာတွေဟာ ပြည်သူအပေါ်ကျေးစွပ်လိုက်တဲ့အပြင် နအဖအာဏာရူးတွေရဲ့  လက်ကိုင်ဒုတ်ဘ၀ကို လွင်မိုးကိုယ်တိုင်က လိုလိုလားလား ခံယူလိုက်တယ်ဆိုတာ ပေါ်လွင်သွားပါတယ်။

လွင်မိုးရဲ့  အကြောင်းကို နအဖရွေးကောက်ပွဲ ကြံ့ ဖွတ်ပါတီ မဲဆွယ်စည်းရုံးတာ လိုက်ပါခဲ့တဲ့အချိန်နဲ့  ကြံ့ ဖွတ်ပါတီကို မဲပေးခဲ့မှသာ သိကြရပြီး လွင်မိုးကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုတဲ့အခါမှာ လွင်မိုးဟာ နအဖဘက် လိုက်ပါနေသူဆိုတာ တိတိကျကျ သိလိုက်ကြပါတယ်။

နအဖသန်းရွှေတို့ နဲ့  လွင်မိုး ဘယ်လောက်နီးနီကပ်ကပ် ပေါင်းဘက်နေပြီလည်းဆိုတာကို ထပ်မံတွေ့ ရှိရတဲ့ အခြေအနေတွေက ပြောနေပါတယ်။

နအဖသန်းရွှေတို့ နဲ့  နီးစပ်သူ ဇေကမ္ဘာ ခင်ရွှေတို့  ယုဇနဌေးမြင့်တို့ လို ကြံ့ ဖွတ်အကြီးစားတွေနဲ့  လွင်မိုး တွဲဘက်နေရုံတင်မက မကြာသေးခင်ကမှ သန်းရွှေအတွက် နှင်းတောင်ပေါ်မှာ နတ်ရေကန်သွားရှာတဲ့ (ရဟတ်ယာဉ်ပျက်လို့  ငရဲမင်းကတောင် လက်မခံရဲလို့  ထိုင်းက ကယ်လိုက်တဲ့ အသက်လေး ဖုတ်လိုက် ဖုတ်လိုက်နဲ့  ပြန်ရောက်လာတဲ့) တေဇ တို့ နဲ့ ပါ လည်ပင်းဘက်ပေါင်းနေတာ တွေ့ ရပါတယ်။

အောက်ဖေါ်ပြပါ ပုံတွေ ကြည့်ရင် အနုပညာလိုင်းကနေ စီးပွားရေးလိုင်းပြောင်းပြီး ကျေးဇူးရှင်ပြည်သူတွေကို စော်ကားခဲ့တဲ့ လွင်မိုးနဲ့  မူးယစ်သောင်းကျန်းကဲနေကြတဲ့ တေဇနဲ့  သူ့ သားတွေ အတူတကွ သောက်လိုက်စားလိုက် ထိုးလိုက် သွင်းလိုက်နဲ့  ကမြင်းကြောထနေကြတာကို တွေ့ ရပါလိမ့်မယ်။ လွင်မိုး စီးပွားရေးလုပ်ငန်းတွေ သွားလုပ်တဲ့အခါမှာ လိုက်လံစောင့်ရှောက်ပေးနေတဲ့ နအဖစစ်သားတွေကိုပါ တွေ့ မြင်ရပါတယ်။



ပြည်သူကို စော်ကားဆန့် ကျင်တဲ့ ကြံ့ ဖွတ်မင်းသား စီးပွားရေးသမား လွင်မိုး၊ တိုင်းပြည်သယံဇာတတွေကို ခိုးယူမောင်ပိုင်စီးနေတဲ့ သူခိုးကြီးတေဇနဲ့  အဖေခြေရာ ထပ်တူထပ်မျှ နင်းနေတဲ့ ပြည့်ဖြိုးတေဇတို့  မျိုးပျက်သားတွေကို နအဖသန်းရွှေတို့ က ချီးမြှောက်ထားတာမို့  တိုင်းပြည်ပျက်ရတဲ့အထဲ တိုင်းပြည်ဖျက်တဲ့အထဲမှာ အခုတော့ လွင်မိုးလည်း တစ်ဦးအပါအ၀င် ဖြစ်ပါပြီ။

(ပေးပို့ လာတဲ့ ကိုဂါမဏိအား ကျေးဇူးတင်ရှိပါသည်။ ထို့ အတူ ပို့ စ်ရေးသားမှုအား တက်ညီလက်ညီ အတူတစ်ကွ ဖေါ်ပြတဲ့ ဒီမိုဝေယံအားလည်း ကျေးဇူးတင်ရှိပါသည်)။

နတ်ရေကန်တေဇနှင့် ကြံ့ဖွတ်လွင်မိုးတို့ရဲ့ လျှို့ဝှက်စံအိမ်တော်မှ မြင်ကွင်းများ...

နတ်ရေကန်တေဇနဲ့ အတူတွေ့ရတဲ့ ကြံ့ဖွတ်လွင်မိုး... ဘာကြောင့် ကြံ့ဖွတ်ကို ထောက်ခံတယ် ဆိုတာတော့ ပြောစရာမလိုတော့ပါဘူး.. ဒီယုံမြင်လို့ ဒီခြုံထွင်တာလေ...
နတ်ရေကန်တေဇနဲ့ ကြံ့ဖွတ်လွင်မိုးတို့ ပျော်စံရာ အိမ်တော်မှ နတ်ရေကန် တေဇ၏ ဟန်ပန်..
နတ်ရေကန် ရှာပုံတော် ဖွင့်ရာမှာ သေကံမရောက် သက်မပျောက်ခဲ့တဲ့ ဥက္ကဋ္ဌကြီးတေဇအား ဤသို့
ပြည်သူ့ချဉ်ဖတ် ဖြစ်လာတော့မယ့် ကြံ့ဖွတ်လွင်မိုး..
အဖေခြေရာနင်းမယ့် သား ပြည့်ဖြိုးတေဇ...
ဒီသတင်းပုံကတော့ ဆက်လက်ဖော်ပြပေးပါမယ်..
ပူတာအိုသို့ ရောက်ရှိပြီး ဆေးစစ်မှု ခံယူနေသော ဥက္ကဋ္ဌအား ဒုဥက္ကဋ္ဌမှ အားပေးနေစဉ်တဲ့
ယခုနတ်ရေကန် တေဇမှ ဤသို့ အားပေးနေစဉ်..

နအဖဗိုလ်ချုပ်တွေရဲ့ တစ်ဦးတည်းသော လက်ရုံး တေဇနဲ့ ကြံ့ဖွတ်ပါတီကို တရားဝင်ထောက်ခံခဲ့တဲ့ ကြံ့ဖွတ် လွင်မိုး တို့ကို ၎င်းတို့ပျော်စံရာ စံအိမ်တော်မှာ တွေ့ရတဲ့ ပုံတွေပါ...။

နတ်ရေကန်တေဇဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကချင်ပြည်နယ် မြောက်ဖျား မဒွယ် ရေခဲတောင်ကို သွားရောက်ခဲ့ပါတယ်..။ စင်ကာပူနိုင်ငံသား ရဟတ်ယာဉ်မှုးအပါအဝင် ပေါင်း(၆)ဦးနဲ့ အတူ သွားရောက်ခဲ့ရာမှာ ၎င်းရဲ့ မှတ်တမ်းစာအုပ်ပါ ရေးသားချက်များအရ မဒွယ်ရေခဲတောင်ပေါ်မှာ ရှိတဲ့ နတ်ရေကန်ကို သွားရောက် ရှာဖွေခဲ့တာပါ..။ ဘယ်သူ့အတွက် ဘာအကြံနဲ့ သွားတယ် ဆိုတာကတော့ စဉ်းစားစရာပါပဲ..။ ရှေးကံမကုန်သေးတဲ့ အတွက် သေကံမရောက် သက်မပျောက်ခဲ့ပေမယ့် အဆိုပါ နတ်ရေကန် ရှာဖွေရေးအတွက် သွားရောက်ခဲ့တဲ့ သတင်းဟာ တပ်ချုပ်ကြီး မိသားစုနဲ့ ပတ်သက် ဆက်စပ်နေကြောင်း ၎င်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရှိရပါတယ်..။ အထက်ပါ ပုံတွေကတော့ တေဇနဲ့ ကြံ့ဖွတ်လွင်မိုးတို့ရဲ့ အရေခြုံ၊ သိက္ခာ သမာဓိတွေကို မြင်ရတွေ့ရမှာပါ။

ကြံ့ဖွတ်လွင်မိုးကတော့ အများသိတဲ့ အတိုင်း ပြီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတုန်းက လျှက်တပြက် ဂျာနယ်နှင့် အင်တာဗျူးရာမှာ “ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့က ကျွန်တော့ ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ”ဟု ဗြောင်ကျကျပြောဆိုခဲ့ပြီး ကြံ့ဖွတ်အမတ် ဦးခင်ရွှေ၏ မဲဆွယ် စည်းရုံးပွဲတွင်လည်း ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခု အချိန် မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာ ပေါ့လေ” ဟု သူက ပြောဆိုကြောင်း ဧရာဝတီ သတင်းဌာနက ရေးသားခဲ့ပါသည်။ အထက်ပါ ပုံတွေကို ကြည့်ချင်းအားဖြင့် လွင်မိုးဒီယုံ မြင်လို့ ဒီချုံထွင်တာ ဆိုတာသိသာ ထင်ရှားနေပါတယ်.။ နောက်(၅)နှစ်ကြာရင် အမတ်ပဲဖြစ်မလား ချဉ်ဖတ်ပဲ ဖြစ်မလားဆိုတာကတော့ သာကူးလွင်မိုး သမိုင်းက အဆုံးအဖြတ်ပေးမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်..။

ဒီမိုဝေယံ..

ဓာတ်ပုံများ ပေးပို့တဲ့ ကိုဂါမဏိအား ကျေးဇူးတင်ပါသည်...။

Huge blast at Japan nuclear power plant BBC Fukushima

1:40 AM | Posted by Anonymous

New hydrogen blast at Fukushima nuclear reactor after Japan quake-tsunami

1:30 AM | Posted by Anonymous

BREAKING Yet Another Huge Explosion at Fukushima Nuclear Reactor Plant Now It Was Unit 3 With VIDEOS ....

1:21 AM | Posted by Anonymous

Footage of Japan's devastating tsunami

Sunday, March 13, 2011 10:46 PM | Posted by Anonymous
New pictures are emerging of the moment the tsunami struck northeastern Japan.

Terrified residents rushed to the safety of higher ground and watched houses being crushed like tin cans and cars washed away.

Rescue teams are searching for the missing along hundreds of kilometers of coast.

They're combing through towns and villages that have been reduced to splinters.

Al Jazeera's Azhar Sukri reports.

Where is Gadhafi s Money

5:52 PM | Posted by Anonymous

All You Need to Know About Nuclear Power in Japan

5:47 PM | Posted by Anonymous

Tsunami Exercise Was Scheduled as Pacifex11 for March 23 2011 NOAA

5:37 PM | Posted by Anonymous

President Barack Obama News Conference on Massive Japan Earthquake Tsunami Gas Prices in America

4:47 PM | Posted by Anonymous

Big-Explosion-at-Fukushima-Nuclear-Plant-in-Japan-with-VIDEO-Links-Probable-Reactor-Meltdown-–-DEVELOPING…

4:42 PM | Posted by Anonymous

Battle to Stabilize Earthquake Damaged Reactors

4:38 PM | Posted by Anonymous

Tsunami Safety Checklist

4:31 PM | Posted by Anonymous

မိုးကြိုးသတင်းစဉ် အမှတ်စဉ် (၁၁၅)

12:36 AM | Posted by Anonymous

ဂျပန်ကပ်ဘေးနဲ့ နျူကလီးယား အရေးပေါ်အခြေအနေ

12:26 AM | Posted by Anonymous

(ဓာတ်ပုံ REUTERS)

ဂျပန်နိုင်ငံက ဖူကူရှီးမား ဓါတ်အားပေးစက်ရုံမှာ သောကြာနေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကိုခံခဲ့ရတာမို့ အခု ဓါတ်ပေါင်းဖိုအမှတ် (၃) မှာ အရေးပေါ်အနေအထား ကြုံနေရတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယားဆိုင်ရာ လုံခြုံစိတ်ချရရေးအဖွဲ့ JNISC က တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။ စနေနေ့က ဓါတ်ပေါင်းဖိုအမှတ် (၁) ရှိရာမှာ ပေါက်ကွဲမှုနဲ့အတူ စက်ရုံအဆောက်အဦးတခု ပျက်စီးခဲ့ရပြီး အခုလည်း အမှတ် (၃) ဓါတ်ပေါင်းဖိုက အအေးပေးတဲ့စနစ် ချို့ယွင်းလာတာမို့ ပေါက်ကွဲမှုတွေဖြစ်ပွားနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ဆိုပါတယ်။

သောကြာနေ့ နေ့လည်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားအဆင့် ၈.၉ ရှိတဲ့ငလျင်ကြီးနောက်ပိုင်း ၂၄ နာရီကျော်တဲ့အထိ ငလျင်ငယ် အများအပြား ဆင့်ကဲလှုပ်ခတ်ခဲ့တယ်လို့ ဖူကူရှီးမား နျူကလီးယား ဓါတ်ပေါင်းဖိုရှိရာ ဒေသမှာရောက်နေတဲ့ ဗွီအိုအေသတင်းထောက်တွေက ပြောပါတယ်။

စနေနေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နောက်ပိုင်း လေထုထဲ အနုမြူဓါတ်ရောင်ခြည် ထုတ်လုပ်မှုပမာဏ လျော့ကျလာတယ်လို့ တာဝန်ခံတွေကပြောပါတယ်။ ဒါပေမဲ့ နောက်ထပ် ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်အတိုင်းအတာကိုတော့ သေသေချာချာ မပြောပါဘူး။ ဓါတ်ပေါင်းဖိုရှိရာနေရာကနေ ၁၂ မိုင်ခွဲအတွင်း နေထိုင်နေကြတဲ့ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်အဆိပ်သင့်မှု ကြိုတင်ကာကွယ်ဖို့အတွက် ဒေသခံတွေကို အိုင်အိုဒင်းဆေးပြားတွေ ဝေငှပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတ၀ှမ်း ဆင့်ကဲလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်နဲ့အတူ ဆူနာမီရေလှိုင်းကြီးတွေရဲ့ ဒဏ်ကို အကြီးအကျယ်ခံစားနေရချိန်မှာပဲ အခုလို နျူကလီးယားစွမ်းအင်ထုတ်တဲ့ ဓါတ်ပေါင်းဖိုတွေကနေ တွေ့ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို ထပ်ပြီးစိုးရိမ်လာရတာဖြစ်ပါတယ်။

ငလျင်ဒဏ်နဲ့အတူ ဆူနာမီရေလှိုင်းကြီးတွေရဲ့ဒဏ်ကြောင့် သေဆုံးပျောက်ဆုံးရသူ အရေအတွက်ဟာ ဂျပန်စံတော်ချိန် စနေနေ့ညပိုင်းအထိ ၁,၃၀၀ ကျော်သွားပြီဖြစ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်တဲ့သူပေါင်း ၂၁၀,၀၀၀ ကျော်ရှိတယ်လို့ သတင်းတွေကပြောပါတယ်။