ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ဒုတိယအကြိမ်ပင်လုံညီလာခံ ကျင်းပသင့်ကြောင်း လက်ခံ

Wednesday, November 17, 2010 4:29 AM | Posted by Anonymous
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ တို့ တက်ရောက်ကြသလို တိုင်းရင်းသားတွေဖက်က ဦးပူကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ဦးသာဘန်း၊ ဦးရွှေကြူးနဲ့ ဦးစိုင်းတင်လှိုင်တို့ တက်ရောက်ကြတာပါ။ ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

0 Comments to ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ဒုတိယအကြိမ်ပင်လုံညီလာခံ ကျင်းပသင့်ကြောင်း လက်ခံ

Post a Comment