ဘုရားသုံးဆူမှာ တိုက်ပွဲအရှိန်မြှင့် မြန်မာဒုက္ခသည် (၅၀၀၀၀)နီးပါးလောက် ထွက်ပြေးရောက်ရှိလာ

Thursday, November 11, 2010 2:02 AM | Posted by Anonymous
ဘုရားသုံးဆူမြို့တွင်း ဒီနေ့မနက်အစောပိုင်းမှာ ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ စစ်အစိုးရတပ်ရင်း ခလရ ၂၈၃ ခမရ (၄၀၅)တပ်ဖွဲ့ဝင်တွေနဲ့ တနာရီကြာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်၊ အဲဒီတိုက်ပွဲကြောင့် ကလေးငယ်တဦးသေဆုံးပြီး အရပ်သား (၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်၊ တိုင်တရာဘုန်းကြီးကျောင်းပေါ်ကိုလည်း လက်နက်ကြီးကျလို့ သံဃာတော် သုံးပါး ပျံလွန်တော်မူသွားတယ် အခုလက်ရှိအထိကတော့ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူရဲ့ ထိုင်းနိုင်ငံဘက်ခြမ်း စန်ခရဘူရီမြို့ဘက် ကို မြန်မာဒုက္ခသည် (၅၀၀၀၀)နီးပါးလောက် ထွက်ပြေးရောက်ရှိလာနေတယ် လို့စုံစမ်းသိရပါတယ်

0 Comments to ဘုရားသုံးဆူမှာ တိုက်ပွဲအရှိန်မြှင့် မြန်မာဒုက္ခသည် (၅၀၀၀၀)နီးပါးလောက် ထွက်ပြေးရောက်ရှိလာ

Post a Comment