ဒီကေဘီအေ တပ်များ လှုပ်ရှားမှုသတင်းစုံ

Sunday, November 28, 2010 8:14 AM | Posted by Anonymous
ယနေ့ သတင်း (၂၈ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၈ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
နေ့လည်(၃ နာရီ) မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကျေးရွာအနီး တဲ့ဂေါ်ကျိုးဘက်မှာ နအဖ တပ်များနဲ့ ဒီကေဘီအေတပ်များ ယနေ့မနက် ၈ နာရီနဲ့ နေ့လည် ၁၂ နာရီ ၄၁ မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တွေလို့ သိရှိရပါတယ်။ ယနေ့ဖြစ်သော တိုက်ပွဲများတွင် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်ကြောင်း သိရှိရပါတယ်။

နေ့လည်(၂ နာရီ) ယမန်နေ့ညနေ ၄ နာရီခန့်က နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်း၊ နယ်ခြားစောင့်တပ်များကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တို့မှ ခြုံခိုတိုက်ခိုက်ရာ နအဖ ဘက်မှ တပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။

နံနက် (၈ နာရီ) နအဖ စစ်တပ် ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့ ယမန်နေ့ ညနေပိုင်း ဖလူးကျေးရွာအနီး တဂေါ်ကျိုးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်မှ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာတာကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့က ခြုံခိုတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲက ည ၈ နာရီလောက်တွင် လက်နက်ကြီးများနဲ့ အပြန်လှန်ပစ်ခတ်မှု ပြင်းထန်လာခဲ့ပါတယ်။ ညဦးပိုင်းအထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရပါတယ်။



မြ၀တီမြို့တွင် နအဖ စစ်တပ်နဲ့ ဒီကေဘီအေတို့ ဖြစ်ပွားခဲ့သော မြို့တွင်းတိုက်ပွဲ (ကိုးကား - နေ့သစ်)




ဗိုလ်ကြီးသက်နိုင် နှင့် အင်တာဗျူး


ဒီကေဘီအေ ၉၀၉ တပ်ရင်း လာရောက်ပေါင်းစည်းတဲ့အတွက် ကေအန်ယူမှ ဂုဏ်ပြုကြိုဆိုပွဲပြုလုပ် (၁၇ နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
ညနေ(၄ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး တဂေါ်ကျိုးမှာ နအဖ တပ်များနဲ့ နယ်ခြားစောင့်များ အင်အား ၁၀၀ နီးပါး ဒီကေဘီအေ တပ်များနဲံ့ တိုက်ပွဲဖြစ်နေကြောင်း သိရှိရပါတယ်။

နံနက်(၈ နာရီ) ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။

ဆုံဆည်းရာ၊ ၂၆ ရက် နိုဝင်ဘာလ ၂၀၁၀

မြ၀တီ
နံနက် (၁၀ နာရီ ၁၄) ယနေ့မနက်ပိုင်း ၁၀ နာရီတွင် ဝေါလေဒေသ၊ ဖလူးကျေးရွာဘက်မှာ နအဖ နဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး နအဖ ဘက်မှ ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာသည့် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်း အင်အား ၈၀ ကျော်ခန့်နဲ့ ဒီကေဘီအေ တပ်ဖွဲ့များ ဖြစ်တယ်လို့ သိရှိရပါတယ်။ မိုင်းကွင်းထဲမှာရောက်နေတဲ့ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို ရိက္ခာသွားရောက်ပို့ဆောင်သည့် နအဖ ခလရ(၆၂)တပ်ရင်းနဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားတာပါ။

ဆုံဆည်းရာ၊ ၂၅ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
ယမန်နေ့က ညနေပိုင်းက နအဖ တပ်တွေ မြ၀တီမှ ဝေါလေ၊ ကနဲလေး ဘက်ကို စစ်ကူအဖြစ် စစ်ကား ၁၀ ဒီကေဘီအေ တပ်များကို တိုက်ခိုက်ဖို့အတွက် ပို့ဆောင်လိုက်တယ်လို့ သိရှိပါတယ်။ ဒီကေဘီအေ တပ်များက မောခီး၊ စခန်းသစ်နဲ့ ဝေါလေ၊ ကနဲလေး ဘက်တို့မှာ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို မိုင်းထောင်ထားတဲ့အတွက် နအဖ တပ်များ ရိက္ခာပြတ်ပြီး ထွက်မရဖြစ်နေတယ်လို့ သိရပါတယ်။ ၂၃ ရက်နေ့က နအဖ စစ်တပ်ရင် စစ်စင်ရေးဗျူဟာမှူးက ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကို လက်နက်ချဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်မချပါက နအဖ ဘက်က စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရှိရပါတယ်။

သျှမ်းပြည်တပ်မတော်
နိုဝင်ဘာ ၂၃ ရက်နေ့က သံလွင်အရှေ့ခြမ်း ပုံပါကျင်အရှေ့ဖက် (ထိုင်းနယ်စပ်အနောက်ဖက် ၈ မိုင် အကွာ) ၀မ့်အောင့်လောင့် နှင့် နမ့်ဟူးခွန် ကြား၌ သျှမ်းပြည်တပ်မတော်နှင့် နအဖစစ်တပ်တို့ မိနစ် ၂၀ ကြာ ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “ မနေ့က မနက်ပိုင်း ၇း၃၀ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တယ်။ သျှမ်းတပ် ဘက် ၁ ယောက်ဒဏ်ရာရ တယ်၊ ဗမာ တပ်ဘက်က ၂ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်။ သျှမ်းဘက်က အင်အား ၁၀ ယောက်လောက်နဲ့ ဗမာဘက် က အင်အား အယောက် ၃၀ လောက်ရှိမယ် ” ဟု သျှမ်းပြည်တပ်မတော်အသိုင်း အ၀ိုင်းက ပြောသည်။

လင်းခေး - မိုးနဲကြားအမှတ် ၃၆၁ ပန်ဆတ်အမြောက်တပ်ရင်း တပ်ရင်းမှူး အမှတ်မထင် ပစ်သတ်ခံရပြီးနောက်ပိုင်း အင်အား ၃၀ ကျော်ပါ နအဖစစ်ကြောင်းတကြောင်း သျှမ်းပြည် တပ်မတော် နယ်လှည့် စစ်ကြောင်းအား နောက်ယောင်ခံလိုက်ရာ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး နအဖတပ်သားများ သေဆုံးခဲ့ကြောင့် ဒေသခံများပြောဆိုနေကြပါတယ်။ လွန်ခဲ့သည့်အပတ်အတွင်းလည်း သံလွင်အရှေ့ခြမ်း မိုင်းတုံမှ တရုတ်လုပ် တုန်းဖုန်းစစ်ကား ၆ စီးဖြင့် နအဖ စစ်သားအပြည့်တင်ကာ မိုင်းတော့ - မိုင်းထားဘက် စစ်အားဖြည့်ရန် တက်သွားသည်ဟု နယ်စပ်နေ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။ ရွေးကောက်ပွဲပြုလုပ်တဲ့ ၇ ရက်နေ့မှ ယနေ့အချိန်ထိ နအဖနှင့် သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနဲ ဖြစ်ပွားခဲ့ဖြစ်ကြောင်း SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်က ပြောဆိုပါတယ်။ (ကိုးကား - သျှမ်းသံတော်ဆင့်)

ဆုံဆည်းရာ၊ ၂၄ ရက် နိုဝင်ဘာလ ၂၀၁၀
လက်နက်ချမလား၊ စစ်တိုက်မလား...

ဗိုလ်မှူးချူပ် စောလာဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချူပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချူပ် စောလာဘွယ်ကို တယ်လီဖုန်းနဲ့ တစ်နာရီလောက် ကြာအောင် ဆက်သွယ်စကား ပြောပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျူဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချူပ် နှုတ်ခမ်းမွှေး အပါအ၀င် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့ တိုက်နေကြရတာ မဟုတ်တဲ့ အကြောင့် ပြောပါတယ်။ အခုလို ရာဇသံ ပေးတာရှိသလို မြ၀တီမြို့မှာလည်း ဗိုလ်းမှူးချူပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာ လည်းဆိုတဲ့ အစည်းအဝေး တစ်ခုကို နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချူပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။

ဒီအစည်းအဝေးနဲ့ ပက်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောက်သက်က အရှေ့တောင်တိုင်း တိုင်းမှူး ၊ မြ၀တီကဗျူဟာမှူး ၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ ၊ ကရင်ဆရာတော်တစ်ပါး နဲ့ သာထူးကျော်တို့ပါဝင် ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဖက်ကတော့ စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖစစ်ကူ တွေကတော့ အင်အား ၄၀၀ ကျော်သာရှိနေပြီး ဝေါလေစခန်းဖက်က တပ်မ ၂၂ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။ (ကိုးကား - http://www.bbc.co.uk/burmese/burma/2010/11/101122_dkba_ultimatum.shtml)

ဆုံဆည်းရာ၊ ၁၉ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
(၃နာရီ) မြ၀တီ ဟွေ့ရှမ်းရွာဘက် တံတားကြိုးအနီးတွင် တဖက်နဲ့ တဖက်ပစ်ခတ်မှုများရှိနေကြောင်း သိရှိရသည်။ နအဖ စစ်နဲ့ အခြားပစ်ခတ်သည့်အဖွဲ့မှာ မည်သည့်အဖွဲ့မှန်း မသိရသေးပေ။

(၂ နာရီ ၂၀) “မြ၀တီ ရဲစခန်းထဲ သို့ လူ ၂ယောက်က လက်ပစ်ဗုံးနဲ့ ပစ်တယ်။ အဲဒီလက်ပစ်ဗုံးက ရဲစခန်းနားမှာ ပေါက်သွားတယ်။ အဲဒီလူထဲကတယောက်က ကျောင်းထဲကို ပြေးဝင်သွားတာ”ဟု မြို့ခံတဦးမှ ပြောဆို သည်။ လက်ပစ်ဗုံးနဲ့ ပစ်သွားသူများကို ဖမ်းဆီးမိခြင်း မရှိပဲ ထိုပစ်ခတ်သူများသည် မည်သူမ၀ါဖြစ်သည်ကို မသိရှိရပေ။ ယခု မြ၀တီမြို့ကို စစ်တပ်တွေ ၀ိုင်းထားကြောင်း သိရှိရသည်။

(၁ နာရီ ၄၀) မြ၀တီမြို့တွင်း ကုန်သွယ်မှုဇုံ၊ သင်္ကန်းညီနောင် ဘက်က ပစ်ခတ်မှုများ ဖြစ်ပေါ်နေသောကြောင့် မြ၀တီမြို့တွင်းတွင် ပြည်သူလူထုများ ရှုတ်ရှုတ်သဲသဲ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ မြ၀တီမြို့က ကျောင်းများကို ပိတ်ပစ်လိုက်ပြီး ဈေးဆိုင်များလည်း ပိတ်လိုက်ကြကြောင်းသိရှိရသည်။

0 Comments to ဒီကေဘီအေ တပ်များ လှုပ်ရှားမှုသတင်းစုံ

Post a Comment