သူတော်ကောင်းကြီး ဗိုလ်ခင်ညွန့် အသံပါတဲ့ ဗီဒီယို ကလစ် နဲ့ မြန်မာလို စာစီစာရိုက်လုပ်ထားတဲ့ သူ့အသံဘာသာပြန်

Saturday, December 4, 2010 10:36 PM | Posted by Anonymous


သူတော်ကောင်းကြီး ဗိုလ်ခင်ညွန့်  ဗီဒီယို ကလစ် (အသံပါတဲ့ဟာ) ကို နားထောင်ပြီး စာစီစာရိုက်လုပ်ထားတာ ရောက်လာလို့  လက်ဆင့် ကမ်းလိုက်ပါတယ်။

ခင်ညွန့်။ ။ ကဲ ဒီမှာလာ ဧည့်ခမ်းက မီးပျက်နေတယ်။
ရဲချုပ်။ ။ တစုံတရာ ရှည်ရှည်ဝေးဝေးပြော (သဲသဲကွဲကွဲ မကြားရ)
ခင်ညွ......န့်။ ။ ရပါတယ်၊ လိုက်ရမှာပေါ့။ ခေါ်ယင်လိုက်ရမှာပေါ့၊ ပစ္စည်းပစ္စယတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ အမကြီးရော လိုက်ခဲ့ရမှာ။
ခင်...ညွန့်။ ။ နှစ်ယောက်စလုံးပေါ့။ အိမ်မှာ ဘယ်သူမှ မကျန်ခဲ့တော့ဘူးပေါ့။
ရဲချုပ်။ ။ ဟုတ် ဗိုလ်ချုပ် နှစ်ယောက်စလုံး
ခင်ညွန့်။ ။ သားတွေလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်သွားပြီ။ အခု ကိုယ့်ရော ကိုယ့်မိန်းမရော ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ကလေးတွေချည်းပဲ။ အခုဟာ ကလေးတွေလည်း ကျောင်းကမတက်ရဘူး။ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး။ အဆက်အသွယ် လည်း ဘာမှ မရှိဘူး။ သူ့ သတ်မှတ်ချက်အတိုင်းပဲ နေနေကြတာပဲ။
ရဲချုပ်။ ။ ဟုတ်ကဲ့ သိပါတယ်။
ခင်ညွန့်။ ။ အဲတော့ ဘာတုန်း စီးပွားရေးနဲ့ ပတ်သက်လို့လား
ရဲချုပ်။ ။ ကျနော်တို့လည်း ပြဿနာကို မသိပါဘူး
ခင်ညွန့်။ ။ ကဲ အဲတော့ နှစ်ယောက်စလုံး ခေါ်မယ်ပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့ အမကြီးက အကူရဖို့ ခေါ်တာပါ။ ဟိုလို ခေါ်တာ မဟုတ်ပါဘူး။
ခင်ညွန့်။ ။ နှစ်ယောက်စလုံး အတူထားမှာလား။
ရဲချုပ်။ ။ ဟုတ် အတူထားမှာပါ။
ခင်ညွန့်။ ။ကဲ အ၀တ်အစားတွေ ထည့် မိန်းမပါ ပါတယ်တဲ့။ နှစ်ယောက်စလုံးတဲ့ အ၀တ်အစားတွေရယ် ယူစရာရှိတာယူ။ (ဒေါ်ခင်ဝင်းရွှေကို လှည့်ပြီးပြော)
ရဲချုပ်။ ။ လိုအပ်မယ်ထင်တာတွေ အကုန်ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ယူရမယ်။ ယူခဲ့မယ် အရင်တခေါက် သားနှစ်ယောက်ရော သားမက်ရော ခေါ်တုန်းက ဘာမှ မယူခဲ့ရဘူးဆိုလို့ ဘာမှ ပါမသွားဘူး။ အ၀တ်အစားတွေတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ ဟုတ်ကဲ့ ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ရပါတယ် ကဲ လိုက်ရမှာပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့
ခင်ညွန့်။ ။ အေးအေးဆေးဆေးပဲ လိုက်မှာပါ။ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်း မဟုတ်ဘူး။
ရဲချုပ်။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်

ရဲချုပ်က ၄င်းတို့ယူခဲ့ချင်သည့် ပစ္စည်းများကို ရဲများအား သယ်ခိုင်းသည်။

The End

0 Comments to သူတော်ကောင်းကြီး ဗိုလ်ခင်ညွန့် အသံပါတဲ့ ဗီဒီယို ကလစ် နဲ့ မြန်မာလို စာစီစာရိုက်လုပ်ထားတဲ့ သူ့အသံဘာသာပြန်

Post a Comment