နောက်ဆုံးရ သတင်းအတိုအထွာများ....

Monday, January 3, 2011 10:53 AM | Posted by Anonymous


ီိ သြဂုတ်လက မြင်တွေ့ရတဲ့ ကြပ်ပြေး နေပြည်တော်ရှိ ပါလီမာန် အဆောက်အဦး (AP)

ရန်ကုန်မြို့ရှိ သံရုံးအားလုံး မတ်လ နောက်ဆုံးထား၍ ကြပ်ပြေး နေပြည်တော် သို့ ပြောင်းရွှေ့ရမည်..
ရန်ကုန်မြို့မှာ ရှိတဲ့ သံရုံးများအားလုံး နေပြည်တော်သို့ လာမည့် မတ်လ နောက်ဆုံးထား၍ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အသိုင်းအဝိုင်းမှ သိရှိရပါတယ်..။ လက်ရှိပြောင်းရွှေ့ပြီးနေတဲ့ သံရုံးများထဲမှာ တရုတ်သံရုံးမှ အကြီးဆုံး။ မြေနေရာအကျယ်ဆုံးနဲ့ အကောင်းဆုံးနေရာမှာ ဆောက်လုပ်ထားကြောင်း သိရှိရပါတယ်.။

တပ်ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူတော့မည်... ဓာတ်ပုံ (AP)
ယခုလ(၂၇)ရက်နေ့မှာ လွှတ်တော်စတင် ခေါ်ယူတော့မှာ ဖြစ်ပြီး အဆိုပါ လွှတ်တော်ခေါ်ယူပြီး အရပ်သား အစိုးရပုံစံ အသွင်ပြောင်းပြီးတဲ့ အခါမှာတော့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်လွှတ်ပြီး မည်သည့်ရာထူးနဲ့ ပြောင်းလဲတာဝန်ယူ ထမ်းဆောင်မယ်ဆိုတာတော့ ကိုတော့ မသိရှိရသေးပါဘူး။ လာမည့် မတ်လ(၂၇)ရက်နေ့ တော်လှန်ရေးနေ့မှာတော့ တပ်မတော်ရဲ့ အကြီးဆုံး ကာကွယ်ရေးဦးစီးချုပ်အဖြင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်မှ ပြောင်းလဲတာဝန်ယူ ထမ်းဆောင်မှာ ဖြစ်ကြောင်း သတင်းရရှိပါသည်..။

သတင်း.. ဒီမိုဝေယံ

0 Comments to နောက်ဆုံးရ သတင်းအတိုအထွာများ....

Post a Comment