(ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ ဆိုတဲ့THE SKETCH OF A RIVER THE AYEYARWADY ပြပွဲ...

Thursday, September 22, 2011 8:28 PM | Posted by Anonymous

(ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ ဆိုတဲ့THE SKETCH OF A RIVER THE AYEYARWADY ပြပွဲ...

အမေစုမှတ်တမ်း ရေးခဲ့တဲ့ (ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်း ညီညွတ်ရေးအတွက် အစဉ် တည်ရှိနိုင်ပါစေတဲ့.. ကျေးဇူးပါအမေ...

ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြပွဲအား၂၀၁၁ ခု စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၆၅) ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ရှိ GALLERY 65 တွင် ဖွင့်လှစ်ကျင်းပ ခဲ့ပါသည်။ အဆိုပါပြပွဲသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဌ ဘဘဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဘဘဦးဝင်းတင်တို့ လာရောက် အားပေး ကြည့်ရှုခဲ့ပါသည်။

(ဧရာဝတီကို ပြည်ထောင်စု သားသမီးများမှ အစဉ်ကာကွယ်သွားနိုင်ပါစေ)ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသွားခဲ့ပါသည်။ ဧရာဝတီပြပွဲအား စိုးဝင်းငြိမ်းမှ ဦးစီးအကောင်ထည်ဖော်ခဲ့ပြီး ကာတွန်းပညာရှင် အော်ပီကျယ် အပါအ၀င်ကာတွန်း၊ ဓါတ်ပုံ၊ ပန်းချီနှင့် ကဗျာ၊ အနုပညာရှင်ပေါင်းများစွာ၏ လက်ရာများကို ဖော်ထုတ် ပြသထားပါသည်။ အဆိုပါပြပွဲအား စက်တင်ဘာ ၂၂ ရက်နေ့မှ ၂၅ရက်နေ့အထိ ၄ ရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ခင်းကျင်း ပြသသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

0 Comments to (ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ ဆိုတဲ့THE SKETCH OF A RIVER THE AYEYARWADY ပြပွဲ...

Post a Comment