အမေ့အတွက်

Thursday, November 25, 2010 2:15 AM | Posted by Anonymous


အမေ့အတွက်

တို့ချစ်တဲ့ဒေါ်အောင်ဆန်းစုကြည်

မာစေသာစေဖို့ဆုတောင်း။


အန်တီ ကနေ အမေ အရွယ်ကူးပေမယ်

သွက်လက်စွာ လူထုကိုအကျိုးပြုဆဲ

သွားမကျိုးဆံမဖြူဘဲ

သက်တော်ရာကျော်ရှည်ပါစေအမေ။


အဝေးရောက်သားတွေမို့

အနီးရောက် ဂါဝရ မပြုနိုင်ပေမယ့်

အမေ့အတွက်ဟိုးတောင်ထိပ်က

ပန်းတွေခူးနေပါကြောင်းလူကြုံနဲ့ စကား ပါး ပါရစေ။


အမေ အမေဟာ

အများအကျိုးကို ခါးချိုးပြီးတာဝန်ကျေသူ

ူတာဝန်မကြောက် တာဝန်မကျေမှာကြောက်သတဲ့

လူထုကချစ် လူထုကိုချစ်တဲ့အမေပါ။


မြန်ပြည်မှာ အောင်စည်သာတဲ့အခါ

ခွပ်ဒေါင်းအလံ အမြင့်ဆုံးလွှင့်ပြီး

အမေ့နား လာခဲ့မှာ။


သစ်ရွက်

နိုဝင်ဘာ ၂၄ ၂၀၁၀




0 Comments to အမေ့အတွက်

Post a Comment