ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ပြောင်းရွှေ.အပ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း ၊ ကရင်လက်နှက်ကိုင်များအား ထိုင်းမှဖိအားပေး

Saturday, December 18, 2010 1:07 AM | Posted by Anonymous

ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ပြောင်းရွှေ.အပ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း ၊ ကရင်လက်နှက်ကိုင်များအား ထိုင်းမှဖိအားပေး

by Ye Thurein Min on Saturday, December 18, 2010 at 12:03am

ရဲသူရိန်မင်း 17၊12၊2010 16း45

ထားဝယ်ရေနက်ဆိပ်ကမ်းက စရပေလိမ့်မည်၊ ထားဝယ်ဆိပ်ကမ်းသည် ကမ္ဘာရေလမ်းကြောင်းတွင် မည်မျှ အရေးပါသနည်း၊ အင်ဒိုချိုင်းနားကျွန်းစွယ်တွင် ရေအောက်ကျောက်ဆောင်များ ထူထပ်နေခြင်း၊ မလိုအပ်ဘဲ ၄င်းကျွန်းစွယ်အား ကွေ့ပတ်သွားနေရသောကြောင့် ရေလမ်းကြောင်းပို၍ရှည်လျှားသဖြင့် ကုန်ကျစရိတ်ပိုများခြင်း ဆိုးကျိုးများ ရှိနေရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ပြီးလျှင် တိုတောင်း၍ တောင်တရုပ်ပင်လယ် နှင့် အိန္ဒိယ သမုဒ္ဒရာသွား သင်္ဘောများ အများဆုံး အသုံးပြုမည်.လမ်းကြောင်းဖြစ်လာလိမ့်မည်။

ထားဝယ်ရေနက်ဆိပ်ကမ်းမဆောက်လုပ်ခင် အင်ဒိုချိုင်းနားကျွန်းစွယ်အား သင်္ဘောများ ကွေ့ပတ်သွားနေကြရသည့်လမ်းကြောင်းများ

အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုပ် ပင်လယ်ပြင်သွားသင်္ဘောတို့မှာ ရှည်လျှားသော ရေလမ်းကြောင်း မလေးရှား၊ စင်္ကာပူကို ကွေ့ဝိုက်၍သွားနေရပါသည်။ ထားဝယ်မြို.မှ ထိုင်းနိုင်ငံကို ဖြတ်ဖေါက်လိုက်လျှင် ဘန်ကောက်မြို.အနီးသို့ပေါက်ထွက်သွား လိမ့်မည်။ ထို့ကြောင့်ဘန်ကောက်မြီု.သည်လည်းပိုမိုဖွင့်ဖြိုးသွားလိမ့်မည်။ အခြားနေရာများ (အင်ဒိုချိုင်းနားကျွန်စွယ်ကြီးတွင်) ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် သင့်တော်သောနေရာမရှိပါ။ ပင်လယ်ရေအောက်ကျောက်ဆောင်များကြောင့် ထားဝယ်မြီု.သည်သာ အကောင်းဆုံး အချက်အခြာ အကျဆုံးဖြစ်နေသည်။

ရေလမ်းကြောင်း တိုတောင်းသွားသောကြောင့် တရုပ်၏စီးပွါးရေး ဈေးကွက်သည်လည်းပိုမို ပွင့်လန်းလာမည်။ ထိုအကြောင်းကို သိသော တရုပ်၊ ထိုင်းနိုင်ငံတို့မှ ထိုရေနက်ဆိပ်ကမ်းအား တည်ဆောက်ရန်အကြိမ်ကြိမ် စစ်ဗိုလ်ချုပ်ကြီးများအား နားချခဲ့သောလည်း ၄င်းတို့မှ လက်မခံခဲ့ချေ။ အကြောင်းမှာ ဤသို့တည်း.............ကုန်တင်သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာကို ရှည်လျှားစွာဖြတ်မောင်းလာရသောကြောင့် ခရီးတထောက် စင်္ကာပူ တွင်နား၍ ပြုပြင်ထိန်းသိမ်းမှု များပြုလုပ်ရသည်၊ ထို့ကြောင့် စင်္ကာပူသည် သင်္ဘောလုပ်ငန်းဖြင့် ၀င်ငွေမြောက်များစွာရရှိကာ ချမ်းသာလျှက်ရှိပေသည်၊ အကယ်၍ ထားဝယ်ဆိပ်ကမ်းသာ တည်ဆောက်ခဲ့လျှင် စင်္ကာပူနိုင်ငံသို့ သင်္ဘောများ ဖြတ်သွားစရာ မလိုတော့သောကြောင့် စင်္ကာပူ၏ အနာဂတ်သည် မရေရာတော့လောက်အောင် ဖြစ်သွားနိုင်သည်။ စင်္ကာပူသည် ထိုအဖြစ်ကို ကြောက်ရွံ.သည်၊

စည်းပွါးရေးတွင်အောင်မြင်နေသော ဂျပန် တိုယိုတာကဲ့သို့သော ကုမ္မဏီ များမှလည်း ကမ်းလှမ်းမူအကြိမ်ကြိမ်လုပ်သောအခါ စင်္ကာပူ၏ စီုးရိမ်မှု သည် အထွတ်အထိပ်သို့ရောက်ရတော့သည်။ ထိုအခါ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း Goh Chok Tong (ဂိုရှောက်တောင်) 1994 march မှာ မြန်မာနိုင်ငံကို ထားဝယ်ရေနက်စီမံကိန်း ဆောက်လုပ်မှုအားတားမြစ် နားချရန် လာခဲ့ပါတော့သည်။ အပေးအယူကား အနောက်နိုင်ငံများမှ ပိတ်ဆို့ထားသော စစ်ဗိုလ်ချုပ်ကြီးများပိုင် ဒေါ်လာများအား စင်္ကာပူမှ တာဝန်ယူ အပ်နှံခြင်းကို လက်ခံ သိမ်းဆည်းပေးမည်.အပြင် အမေရိကန်ဒေါ်လာ ၃ သန်းကို ပါ မြန်မာနိုင်ငံ နည်းပညာ ဖွင့်ဖြိုးမှု အတွက်ထောက်ပံ့ပေးခဲ့ပါတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း ၄င်းတို့ပိုင်ငွေကြေးများ စိတ်ချ လုံခြုံမှုအတွက် ၀မ်းမြောက်ဝမ်းသာစွာ ထားဝယ်ရေနက်စီမံကိန်းအား စွန့်လွှတ်ခဲ့ပါတော့သည်။

ကြားနေ တခြားသူပြည်တွင်းရေး မစွက်ဖက်ရေး နိုင်ငံခြားရေးမူကို ကျင့်သုံးသော တရုပ်သည်လည်း ၄င်း၏စီးပွါးရေးဖွင့်ဖြိုးလာသည်နှင့်အမျှ ထိုစီမံကိန်းအား ပို၍အာရုံစိုက်လာသည်နှင့်အမျှ ၄င်း၏နိုင်ငံခြားရေးမူကိုပင် ချိုးဖောက်ကာ စစ်ဗိုလ်ချုပ်ကြီးများအား ထားဝယ်ရေနက် ဆိပ်ကမ်းအား တည်ဆောက်ရန် နည်းမျီုးစုံဖြင့် ဖျောင်းဖျ ကြတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများမှလည်း ၄င်းတို့ပိုင်ငွေကြေးမြောက်များစွာ သိမ်းဆည်းထားသော စင်္ကာပူနှင့်လည်း ဆက်ဆံရေး မထိခိုက်ရေးကို ပိုမို၍ စဉ်းစားရပေသည်။ ထိုအခါ တရုပ်က မက်လုံးပေး၍ စည်းရုံးတော့သည်၊ ဗိုလ်ချုပ်ကြီးများပိုင်ငွေကြေးများအား ဟောင်ကောင် ဘဏ်များနှင့် တရုပ်ဘဏ်များတွင်ပြောင်းရွှေ.အပ်နှံခွင့်ပြုမည်ဟူ၍ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း ထိုမျှလောက်နှင့်မယုံကြည်သေး၊ တရုပ်ကလည်း ထပ်မံ၍ မက်လုံးပေးပြန်သည်၊ အပေးအယူအဖြစ် ဦးသန်းရွှေပိုင်ငွေကြေး၏နှစ်ဆဖြစ်သော ဒေါ်လာ ၄ ဘီလျှံ အတိုးမဲ့ အနှစ် သုံးဆယ် ချေးဌားမည်။ ဦးသန်းရွှေ အတွက် သွားရေကျစရာပင် ၄င်းပိုင်ငွေများလည်း ဘဏ်စားရင်းထဲတွင် ရှိနေမည်.အပြင် ထိုချေးငွေ ၄ ဘီလျှံအပေါ်တွင်လည်း ၁ ဘီလျှံလောက် အိတ်ထဲ ထည်.ရပေမည်။ ထိုအခါ ထားဝယ်ရေနက်စည်မံကိန်းကြီ ပေါ်ပေါက်လာရပေတော့သည်။ ဗိုလ်ချုပ်ကြီးပိုင်ငွေကြေးများအား တရုပ် ဟောင်ကောင်ဘဏ်များသို့ပြောင်းရွှေ. အပ်နှံသောအခါ ဗိုလ်ချုပ် ဗိုလ်ပေါက်စများလညး ၄င်းတို့ပိုင်ဒေါ်လာများအား စင်္ကာပူတွင် မထားရဲတော့၊ ၄င်းတို့အဆက်အသွယ်ရှိရာ ဥရောပနိုင်ငံများသို့ ဆွေမျိုးများမှတဆင့် ပြောင်းရွှေ.အပ်နှံကြရတော့သည်။ ထိုသို့မအပ်နိုင်သော ဗိုလ်ချုပ်များက တော့ဒေါ်လာများကို ပြည်တွင်းသို့ သယ်ဆောင်ယူလာကြတော့သည်။ ထိုနောက်ဆက်တွဲမှာ ဒေါ်လာမှောင်ခိုဈေးကွက်တွင် ဒေါ်လာ အလုအယက်ဝယ်ယူ စုစောင်းလေ့ရှိသော စစ်ဗိုလ်ချုပ်တို့၏ ဒေါ်လာဝယ်ယူစုစောင်းမှုလျှော့ကျကာ ဒေါ်လာဈေးမှာလည်း အဆမတန် ထိုးကျဆင်းရတော့သည်.

ထိုမျှနှင့် မပီးသေး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်လျှင် အနှောင့်အယှက်ပေးမည်.သူများရှိနေသည်၊ ၄င်းတို့ကိုလည်း ရှင်းလင်းရအုန်းမည်၊ ပထမရန်သူမှာ ပြည်ပထောက်ခံမှုရရှိထားသော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ပ ဖိအားများ၊ ပြည်ပဖိအားများ ကျဆင်းသွားစေရန်၊ အတုအယောင် ရွေးကောက်ပွဲဆင်နွှဲရမည်။ NLD ရွှေးကောက်ပွဲဝင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လမ်းမမြင် ဟူသော NLDခေါင်းဆောင်ပိုင်းတို့၏ ယူဆချက်တို့ဖြင့် NLD ပါတီ၏ ၂၂ နှစ်ကြာသမိုင်းကို နိဂုံးချုပ်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အား ကံစမ်း အလျှော်အစားလုပ်ခဲ့ကြရပေသည်။ စစ်ဗိုလ်ချုပ်ကြီးတို့၏ မျော်လင့်ချက်များ ပြည့်ဝကြပေပြီ၊NLDကိုလည်းနုတ်ပိတ် ပြည်ပဖိအားများလည်းလျှော့နည်းလာချိန်၊ ဒုတိယအုပ်စုဖြစ်သော မွန်လက်နှက်ကိုင် နှင့် ကရင် လက်နှက်ကိုင်များအား ရှင်းလင်းရအုန်းမည်။ ၄င်းတို့သည် ထားဝယ်ရေနက်စည်မံကိန်း ဆောက်လုပ်ရာတွင် အနှောင့်အယှက်ပေးမည့်သူများတည်း၊ တိုက်သည် သတ်သည် ရွာပုန်း ရွာရှောင်များ ထိုင်းဘက်သို့ပြေးသည်၊ ထိုင်းနိုင်ငံက ပြန်ပို့သည်။ ဘာကြောင့်ထိုင်းက စစ်ဖြစ်နေတာသိလျှက်၊ ဒုက္ခသည်တွေမှန်းသိလျှက် ပြန်ပို့နေရသနည်း၊ အကြောင်းမှာ ထားဝယ်ရေနက်စီမံကိန်းတွင် ထိုင်းနှင့် ၀န်ကြီးချုပ် အဘီစစ်တို့၏ ရင်းနှီးမြုပ်နှံမှုများ ပါဝင်နေရာ ထားဝယ်ဒေသ တ၀ိုက် လက်နှက်ကိုင်ပပျောက်ရေးအား ထိုင်းနိုင်ငံအနေနှင့် ပူးပေါင်းပါဝင် ရန်လိုအပ်နေပေသည်။ ကရင်နှင့်မွန်ကို နိုင်အောင်တိုက်ပြီးလျှင် ထားဝယ်ရေနက်ဆိပ်ကမ်းအား အောင်မြင်စွာတည်ဆောက်မည်။ အလွန်အင်မတန် သာယာဝပြော၊ငြိမ်းချမ်း ခေတ်မှီတိုးတက်သော အစိုးရအသစ်နှင့် နိုင်ငံတော်သစ်ကြီး အစိမ်းရောင်များလွှမ်းခြုံကာ ရှေ.သို့ ချီတက်ပေတော့မည်။

အထက်ပါဆောင်းပါးပါ အကြောင်းအရာအားလုံးသည် ကျွန်တော်၏ ထင်မြင်ယူဆချက်များအား ကိုးကား၍ရေးသားထားခြင်းဖြစ်သည်၊ အမှားအမှန်ပေါ်တွင် တာဝန်မယူပါ။ သင်တို့၏ ထင်မြင်ယူဆချက်များအားလည်း မျှဝေပါရန် တောင်းခံအပ်ပါသည်။

ရဲသူရိန်မင်း

0 Comments to ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ပြောင်းရွှေ.အပ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း ၊ ကရင်လက်နှက်ကိုင်များအား ထိုင်းမှဖိအားပေး

Post a Comment