တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

Friday, October 8, 2010 1:05 PM | Posted by Anonymous

တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်



နယူးဒေလီ (မဇ္ဈိမ)။ ။ ၂ဝ၁ဝ နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ အကျဉ်းစံ Lui Xiaobo ကို ချီးမြှင့်ကြောင်း နော်ဝေနိုင်ငံ နိုဘယ်ဆု ချီးမြှင့်ရေးအဖွဲ့က ယနေ့ ကြေညာသည်။

နောက်ဆုံး ဆန်ကာတင် လူ ၂ ဦးနှင့် အဖွဲ့အစည်း ၃ ဖွဲ့ထဲက မစ္စတာ Lui Xiaobo ကို ရွေးချယ်ကြောင်း ယနေ့ နော်ဝေ စံတော်ချိန် မနက် ၁၁ နာရီ တွင် ကြေညာသည်။

“တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ
xiaobo

တရုတ်လူ့အခွင့်အရေး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo (Photo: Wikidemia Commons)

ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အကြာကြီး တိုက်ပွဲဝင်နေသူကို ရွေးလိုက်တာပါ” ဟု နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

နောက်ဆုံး ဆန်ကာတင်စာရင်း တစ်ပေးခံရသူများမှာ အသက် ၅၅ နှစ်အရွယ် Lui Xiaobo အပြင် အာဖဂန်နစ္စတန်မှ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ Sima Sama ၊ အင်တာနက် ၊ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၊ စစ်ရာဇဝတ်မှုနှင့် လူမဆန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဆီးရီးယား အထူးတရားရုံးတို့ ဖြစ်သည်။

ယခုနှစ်အတွက် လူ ၁၉၉ ယောက်နှင့် ၃၈ ဖွဲ့တို့ကို ပဏာမ စရွေးခဲ့သည်။

Lui သည် တရုတ်နိုင်ငံ ဂျီလင်ပြည်နယ် ချန်ချူးမြို့တွင် ၁၉၅၅ ဒီဇင်ဘာ ၂၈ ရက်တွင် မွေးဖွားပြီး ဂျီလင် တက္ကသိုလ်မှ ၁၉၈၂ တွင် စာပေ (ဝိဇ္ဇာဘွဲ့) ရခဲ့သည်။ ယင်းတက္ကသိုလ်မှပင် ၁၉၈၄ တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၈၈ တွင် ပီကင်းတက္ကသိုလ်မှ စာပေဒေါက်တာဘွဲ့ ရသည်။

တရုတ်နိုင်ငံတွင် ဒီမိုကရေစီရေး ပြန်လည်မြှင့်တင်ရန် ပညာရှင်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ၃ဝ၃ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် Charter 08 တွင် ပါ၍ Lui ကို တရုတ်အစိုးရက ၂ဝဝ၈ ဒီဇင်ဘာတွင် ဖမ်းပြီး ၂ဝဝ၉ ဒီဇင်ဘာတွင် ထောင် ၁၃ နှစ် ချခဲ့သည်။ ထောင်ကျနေစဉ် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည်။

နောက်ဆုံး ဆန်ကာတင် အဆင့်တွင် ပါခဲ့သည့်အတွက် DVB အနေဖြင့် ဝမ်းသာဂုဏ်ယူကြောင်းနှင့် နောက်ဆုံး မိနစ်အထိ ဆုကို မျှော်လင့်မိကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အုပ်ချုပ်ရေးမှူး ကိုအေးချမ်းနိုင်က ပြောသည်။

“ဒီလောက်ကြီးမားတဲ့ ဆုအတွက် အနှိုင်းယှဉ်ခံရတာကို ကျနော်တို့ သတင်းထောက်တွေအတွက် ဝမ်းသာဂုဏ်ယူပါတယ်။ အထူးသဖြင့် အကျဉ်းကျနေတဲ့ သတင်းထောက်တွေအတွက်ပေါ့။ ဒီလိုဖြစ်လာတာဟာ သူတို့ရဲ့ အဓိက ကြိုးပမ်းမှုတွေကြောင့်လို့ ပြောလို့ရပါတယ်” ဟု သူက ပြောသည်။

DVB သည် ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကို ကမ္ဘာက သိအောင် ကြိုးပမ်း တင်ပြနိုင်ခဲ့ကာ ယင်းကာလအတွင်း ပြည်တွင်းသတင်းထောက်များ သက်စွန့်ဆံဖျား သတင်းရယူပုံကို ရိုက်ကူးထားသည့် Burma VJ ရုပ်သံမှတ်တမ်းသည်လည်း မနှစ် ဟောလိဝုဒ် အော်စကာ ဆုပေးပွဲတွင် နောက်ဆုံးဆန်ကာတင်အဆင့် ဝင်ခဲ့သည်။

နေအိမ်တွင် အထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၁ က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့သည်။

ယခုဆုကို ဒိုင်းနမိုက်တီထွင်သူ ဆွီဒင်နိုင်ငံသား အဲဖရက် နိုဘယ်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသူများကို ချီးမြှင့်ရန် အခြားဆုများနှင့်အတူ ၁၈၉၅ က သေတမ်းစာရေး၍ ထူထောင်ပေးခဲ့သည်။

Credit to: http://www.mizzimaburmese.com/news/regional/6220-2010-10-08-13-14-20.html

0 Comments to တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

Post a Comment