ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မြန်မာ ပြည်ဝင်ခွင့်ဗီဇာ အငြင်းခံရ

Wednesday, March 9, 2011 4:12 PM | Posted by Anonymous




ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းကို မြန်မာ ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဒုတိယအကြိမ် အငြင်းခံရတယ်လို့ DVB သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ ဂေါ်ဒွန် ဘရောင်းက “ကျနော်တို့ မျိုးဆက်ရဲ့ ဒီမိုကရေစီအရေး မဟာ ဖိုက်တာကြီး” ကို သွားတွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၀ မေလမှာ ရာထူး ၃ နှစ်သက်တမ်းပြည့်လို့ အနားယူခဲ့တဲ့ မစ္စတာ ဂေါ်ဒွန် ဘရောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ အရင်တကြိမ်းကလည်း မစ္စတာ ဂေါ်ဒွန် ဘရောင်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Ref: DVB

0 Comments to ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မြန်မာ ပြည်ဝင်ခွင့်ဗီဇာ အငြင်းခံရ

Post a Comment