အဘတို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ အားပေးနေ

Tuesday, July 13, 2010 5:36 AM | Posted by Anonymous

(





13.7.2010 ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦး + အတွင်းရေးမှူး ဦးဝင်းတင် ဦးဆောင်သော အဖွဲ့သည်
နိုင်ငံရေးအကျဉ်းကျမိသားစုများ အားသွားရောက်တွေ့ဆုံခဲ့သည်။



ထိုသို့သွားရောက် ရာတွင် ပထမဦးစွာ၊ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုခိတာ(၄) လမ်း၊ အိမ်အမှတ်(၁၁၅)ရှိ ကိုပဏ္ဍိတ်ထွန်း၏ နေအိမ်တွင် နိုင်ငံရေးအကျဉ်းကျများဖြစ်ကြသော ကြည်သာထွန်း၊ အေးသီတာ၊ထွန်းထွန်းနိုင် ၊မောင်မောင်မြင့်၊ဦးသိန်းလွင်ဦး၊ဦးရဲမြင့်၊ဦးတင်ဦး၊တို့၏ မိသားစုဝင်များ အား မနက်(၁၀း၄၅) နာရီတွင်တွေ့ဆုံသော အားပေးစကားပြောကြားခဲ့ သည်။



ဆက်လက်ပြီး ရန်ကုန်တိုင်းအင်းစိန်မြို့၊ဖော့ကန်ရပ်ကွက်၊ဂျပန်လမ်းမကြီးဘေးရှိနိုင်ငံရေးအကျဉ်းသားဒေါက်တာနေ၀င်း၏နေအိမ်တွင် ဒေါက်တာနေ၀င်း၏ဇနီးဖြစ်သူ ဒေါ်သန္တာဝင်းနှင့်အတူ၊ မဖြိုးဖြိုးအောင်၊ ကိုဇော်ဇော်အောင်၊ ကိုဒီငြိမ်းလင်း၊ ရဲမြတ်ဟိန်း၊ ကိုထွန်းထွန်းနိုင်တို့၏ မိသားစုဝင်များအားသွားရောက်တွေ့ဆုံခဲ့သည်။ကိုဇော်ဇော်အောင်၏ဇနီး ၊ ကိုဒီငြိမ်းလင်း၏ မိခင်၊ ဒေါ်ဌေးဌေးဝင်း မိသားစုဝင်များအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။



ယင်းသို့ တွေ့ဆုံရာတွင်၊အကျဉ်းကျမိသားစုဝင်များ ၏ မိသားစုဝင်များကလည်း အဘတို့ယခုလို လာရောက်ခြင်းကို လွန်စွာ ကျေနပ်မိပါကြောင်း နှင့် အားဖြစ်စေပါကြောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

0 Comments to အဘတို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ အားပေးနေ

Post a Comment