၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ


၂၀၁၁ ဇွန်လ ၆ ရက်နေ့တွင် ၃၇နှစ်မြောက် အလုပ်သမားအရေးအခင်း နှစပ် တ်လညေ် န့နှင့်  ၇၄-၇၅-၇၆ အကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားတခုအား ရန်ကုန်မြို့ရှိ ၇၄-၇၅-၇၆ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ ၁၉၇၄ အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲ အ ဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း

(ခေါ်) ရွှေတိဂုံအရေးအခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အလုပ်သမား ၊ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါနှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံ ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ စုစုပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ နီးပါးတက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အ ကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေး ရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန် အလေးအနက်ထပ်မံတောင်းဆိုသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများ၏ တောင်းဆိုလွှာတွင် ပါဝင်စုပေါင်းလက်မှတ်ရေးထိုးကြကြောင်း သတင်းရရှိသည်။

ထို့ပြင် နှစ်စဉ်ဇွန်လ၆ရက်နေ့ကို၇၄၇၅၇၆အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများနေ့သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်းခေတ်သစ် နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နေ့ကိုသင့်လျော်သည့် နေ့တနေ့သတ်မှတ်ကျင်းပသင့်ကြောင်း အဆိုပြုတင်ပြခဲ့သည်ဟု သိရှိရသည်။

အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သမား နိုင်ငံရေးအကျဉ်းသားဟောင်းကြီးများ နှင့် အခြားနိုင်ငံရေး အကျဉ်းသားဟောင်းကြီးများအား ထောက်ပံ့ငွေများ ပေးအပ်ကြသည့်အပြင် လက်ရှိအကျဉ်း ထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း ၅ ဦး၏ မိသား စုများ အတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Credit to Naythit

0 Comments to ၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ

Post a Comment