တာရဇ် အဇစ် ကို သေဒဏ်ချမှတ်

Friday, October 29, 2010 8:35 AM | Posted by Anonymous

(သေဒဏ်ပေးခံရတဲ့ တာရစ် အဇစ် ပုပ်ရဟန်း မင်းကြီး နဲ့ တွေ့ ဆုံစဉ်)

အီရတ် နိုင်ငံမှာ ဘာတ်ပါတီ ခေါင်းဆောင် စစ်အာရှင် ဆက်ဒမ် ဟူစိန် အုပ်စိုးစဉ်ကာလက ဒုတိယ ၀န်ကြီးချုပ် နဲ့  နိုင်ငံခြားရေးဝန်ကြီး တာဝန် ယူခဲ့သူ တာရဇ် အဇစ် ကိုအီရတ် တရားရုံးက သေဒဏ် ချမှတ် လိုက်ပြီဖြစ်ပါတယ်။ ဆက်ဒမ် ဟူစိန် ရဲ့ အစိုးရ အဖွဲ့ ထဲမှာ တစ်ဦး တည်းသော ခရစ်ယာန် ဘာသာ ၀င်ဖြစ်တဲ့ တာရဇ် အဇစ် ဟာ အသက် ၇၆ နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး သူ့ ကို ဗာတီကန် သာသနာ ပိုင် တွေ က သေဒဏ် ပေးမခံရ အောင် ကယ်တင် မယ်လို့ ဆိုပါတယ်။

အဇစ် ရဲ့ သားကတော့သူ့ ဖခင် ဖြစ်သူ ဟာခေတ်ရဲ့ သားကောင် ဖြစ်ရတာ လို့ ဆိုပါတယ်။တာရစ် အဇစ် ဟာ ၂၀၀၃ ခုနှစ် အီရတ် နိုင်ငံ ကိုအမေရိ ကန် ၀င်ရောက် သိမ်းပိုက်တော့ ကိုယ်တိုင် မဟာမိတ် တွေ ထံ သွား ရောက် အဖမ်းခံ ခဲ့သူဖြစ်ပြီးအဲဒီအချိန်က သူဟာ အမေရိကန် စစ်တပ် အီရတ် နိုင်ငံထဲ အလွယ်တကူ ၀င်ရောက် နိုင်ခဲ့အောင် စွမ်းဆောင်ပေးခဲ့သူ အဖြစ် နာမည် ကြီး ခဲ့ပါတယ်။

Credit to Freedom News Group: http://freedomnewsgroup.com

0 Comments to တာရဇ် အဇစ် ကို သေဒဏ်ချမှတ်

Post a Comment