စစ်အာဏာရှင်တို့ ညူကလီးယားပိုင်ဆိုင်ရေးအတွက် တိုးမြင့်လုပ်ဆောင်

Friday, October 29, 2010 8:49 AM | Posted by Anonymous
အေအက်ပီ၊ ၂၇ အောက်တိုဘာ ၂၀၁၀

အောင်မြင်။ ။မြန်မာစစ်အာဏာရှင်တို့ဟာ အဆင့်မြင့်ညူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေး
အတွက် မြောက်ကိုရီးယား အဆင်မြင့်သိပညာရှင်များအကူအညီဖြင့် အရှိန်မြင့်ဆောင်ရွက်နေကြောင်း
သတင်းများထွက်ပေါ်နေသည်။

နော်ဝေးနိုင်ငံအခြေစိုက်ဒီမိုကရက်တစ်မြန်မာ့အသံမှမြန်မာ့စစ်အာဏာရှင်တို့ညူကလီယားပိုင်ဆိုင်မှုကြိုးပမ်း
ချက်လျို့ဝှက်မှတ်တမ်းများကိုပြီးခဲ့သည့်ဂျွန်လကနိုင်ငံတကာကိုထုတ်လွှင့်တင်ပြခဲ့သည်။

ထိုထုတ်လွှင့်ခဲ့သောမှတ်တမ်းဓါတ်ပုံများ၊စာတမ်းများအရနိုင်ငံတကာညူကလီးယားစွမ်းအင်အေဂျင်စီမှဒါရိုက်တာဟောင်းရောဘတ်ကယ်လီကညူကလီယားထုတ်လုပ်မှုကြိုးပမ်းနေသည်မှာမှန်ကန်ကြောင်း
အတည်ပြုပြောဆိုခဲ့သည်။

မြန်မာစစ်အဏာရှင်တို့ဟာ မြေအောက်ဥမင်များအတွင်းတွင် မြောက်ကိုရီးယားနည်းပညာဖြင့် ထုတ်လုပ်နိုင်
ဖို့ကြိုးစားနေကြောင်း၊ မြန်မာစစ်အစိုးရ ကြိုးစားနေမှုများသည် တိုးတက်ကောင်းမွန်သည့် အဆင့်ကိုတော့
မရောက်သေးကြောင်း ထိုင်းနိုင်ငံသတင်းထောက်များအသင်းတွင် အင်္ဂါံနေ့ကပြောဆိုလိုက်သည်။

ကယ်လီကဆက်လက်ပြီး မြန်မာ့ ညူကလီယားထုတ်လုပ်နိုင်ဖို့အစီအစဉ်ကို အတွေ့အကြုံရှိပြီးသောနိုင်ငံ
တခုက နည်းပညာ၊ ကျွမ်းကျင်ပညာ၇ှင်၊လိုအပ်သောပစ္စည်းများကို ကူညီပံပိုးပေးရင်တော့ မြန်မြန်ဆန်ဆန်ဘဲ ညူကလီးယားလက်နက်ပိုင်ဆိုင်သွားကြောင်း၊ ထိုသို့ ကူညီပံ့ပိုးမယ့် နိုင်ငံဟာလည်း မြောက်ကိုရီးယားနိုင်
ငံဖြစ်တယ်လို့ သူယုံကြည်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

နိုဝင်ဘာ ( ၇ ) ရက်နေ့ မှာနှစ်၂၀အတွင်းပထမဆုံးအကြိမ်ကျင်းပတော့မယ် ရွေးကောက်ပွဲကြောင့် မြန်မာ
စစ်အာဏာပိုင်တို့ရဲ့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညူကလီးယားလက်နက် ထုတ်လုပ်
မှုကြိုးမှုကို အနောက်နိုင်ငံတွေရဲ့စိုးရိမ်မှုတွေကို ဖယ်ရှားနိုင်မယ်လို့ ယူဆထားသည်။

ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ မှတ်တမ်းသတင်းထဲမှာပါတဲ့ ထောင်ပေါင်းများစွာသောဓါတ်ပုံတွေ။ နည်းပညာအချက်အလက်အချို့နဲ့ပစ္စည်းတွေ၊စမ်းသပ်ချက်တွေ၊မြေအောက်ဥမင်တွေလျို့ဝှက်စွာ

ဆောက်လုပ်နေမှု တွေဟာ မြောက်ကိုရီးယားနည်းပညာအဖွဲ့ကကူညီပေးတယ်ဆိုတာထင်ရှားသော
သက်သေများဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရမှ မြန်မာစစ်အာဏာရှင် နှင့် မြောက်ကိုရီးယား ပူပေါင်းပြီး စွမ်းအားမြင့်ညူကလီးယား
လက်နက်ထုတ်လုပ်နိုင် ကြိုးပမ်းဆောင်ရွက်မှုများကို အလွန်စိုးရိမ်ကြောင်းထုတ်ဖေါ်ပြောဆိုခဲ့ပြီးဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများမှ လာမည့်ရွေးကောက်ပွဲကိုမျော်လင့်နေကြမယ့် အနောက်နိုင်ငံအစိုးရများကတော့
ရွေးကောက်ပွဲပြီးတက်လာမယ့် အရပ်ဝတ်အစိုးရသစ်ရဲ့နောက်ကနေ စစ်တပ်က အာဏာဆက်ကိုင်ထားမယ်လို့ ခိုင်ခိုင်မာမာယုံကြည်နေကြကြောင်း ပြောဆိုခဲ့သည်။

ကယ်လီကဆက်လက်ပြီး မြန်မာ့စစ်အစိုးရရဲ့ ညူကလီးယားပိုင်ဆိုင်မှုကြိုးပမ်းချက်အစီအစဉ်မှာ ပြည်ပအကူအညီမပါဘဲပိုင်ဆိုင်ဖို့ကိုသံသယဖြစ်စရာမလိုကြောင်း၊ထိုင်းပြည်သူတွေရဲ့လုံခြုံမှုကိုပြောရရင်တော့ နှစ်အနည်းငယ်အတွင်းလုံခြုံမှုရှိမှာဖြစ်ပြီး၊မကြာခင်နည်းအနည်းငယ်အတွင်းမှာတော့မြန်မာအစိုးရပိုင်ဆိုင်လာနိုင်ကြောင်းပြောဆိုခဲ့သည်။

0 Comments to စစ်အာဏာရှင်တို့ ညူကလီးယားပိုင်ဆိုင်ရေးအတွက် တိုးမြင့်လုပ်ဆောင်

Post a Comment