မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ


Sources (Eleven Media Group)
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်မှစ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိရသည်။ အဆိုပါဈေးသည် မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ အပါအ၀င် မီးငြိမ်းသတ်မှုကို ယခုအထိ(နံနက် ၉ နာရီ ၄၅ မိနစ်)မီးငြိမ်းသတ်မှု ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ (ကျန်သတင်း အချက်အလက်များနှင့် ဓာတ်ပုံများကို ဆက်လက်ဖော်ပြ ပေးသွားပါမည်။)




နောက်ဆက်တွဲသတင်း ။ ။ မြန်မာစံတော်ချိန် ၁၂း ၀၀ ထိ မီးငြိမ်းသက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မြန်မာစံတော်ချိန် ၁:၀၀ နာရီ တွင် မီးလောင်ကျွမ်းသည့် နေရာအပါအ၀င် ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းလျက် ရှိပါသည်။


Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

0 Comments to မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ

Post a Comment