အမှတ်တရ နှစ်ပတ်လည်နေ့ ဆူးလေဆုတောင်းပွဲ

Monday, September 26, 2011 8:53 AM | Posted by Anonymous

မေသင်္ကြန်ဟိန်(မြစ်မခ)

စက်တင်ဘာ ၂၆၊ ရန်ကုန်မြို့။

ဒီနေ့ နံနက်ကတည်းက အလှူပွဲတွေ၊ အခမ်းအနားတွေ ရှိတာကို ကြားရ သိရပါတယ်။ သတင်း ဂျာနယ် နှစ်စောင်အတွက် သတင်းတွေပို့ပေးနေရလို့ ရုံးကနေ ထွက်ခွင့်ရတဲ့အချိန်က နေ့လည် ၁၁ နာရီ ကျော်နေပါပြီ။

ဆူးလေဘုရားအနီး၊ မြို့တော်ခန်းမ ရှေ့ကို ရောက်တဲ့အချိန်မှာ နေ့လည် ၁၂နာရီ ထိုးပြီး ၁၅ မိနစ်ပါ။ မြို့တော်ခန်းမရှေ့က့  မီဒီယာကော်နာရှေ့မှာ ကျမရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း ကင်မရာ ကိုယ်စီနဲ့ တွေ့မြင်ရပါတယ်။

မြို့တော်ခန်းမရှေ့မှာတော့ ယူနီဖောင်းအပြည့်အစုံဝတ် လုံထိန်းတွေကို တင်ထားတဲ့ ကား ၆ စီးနဲ့ မြို့တော်ခန်းမအနီးမှာ စောင့်နေတဲ့ ရဲကား ၃ စီးကို မြင်တွေ့နေရပါတယ်။

နေ့လည် ၁နာရီ ထိုးပြီး ၃ မိနစ်လောက်မှာပဲ မိုးစက်တွေက ဝေါကနဲ့ သွန်ချလိုက်ပါတယ်။ မိုးစက်တွေနဲ့အတူ အ၀ါရောင်တီရှပ်အကျီာင်္တွေ ၀တ်ထားတဲ့ အမျိုးသားအမျိုးသမီး အယောက် ၃၀ လောက်က ကားတွေ၊ လိုင်းကားတွေ၊ ရဲကားတွေကို ဖြတ်ပြီး မဟာဗန္ဓုလပန်းခြံရှေ့ကနေ ဆူးလေ ဘုရားပေါ်ကို တက်သွားကြပါတော့တယ်။

အဲဒီအ၀ါရောင်တီရှပ်တွေ နောက်ကို ယူနီဖောင်းဝတ် ရဲ ၂၀ လောက်က ပြေးလိုက်သွားကြသလို၊ ကင်မရာကိုင် သတင်းသမား ၃၀ လောက်နဲ့ ၊ အရပ်ဝတ်ထားတဲ့ ရဲ ၂၀ လောက်ကလည်း အပြေးအလွှား ပြေးလိုက်ကြပါတယ်။

ဆူးလေဘုရားပေါ်မှာတော့ ဘုရားဖူးသူ နည်းနည်း လုံခြုံရေးချထားတဲ့ ယူနီဖောင်းဝတ်ရဲ၊ ရဲအရာရှိများ၊ အရပ်ဝတ်ရဲများများနဲ့ သတင်းသမားတွေက၀ိုင်းပြီး အ၀ါရောင်လမ်းလျှောက်လာကြသူတွေ၊ ဆုတောင်းနေကြသူတွေကို မေးမြန်းကြ၊ ဓါတ်ပုံရိုက်ကြနဲ့ပါပဲ။

မိုးတွေကလည်း တဝေါဝေါရွာလို့၊ သတင်းသမားတွေရဲ့ တယောက်တခွန်းမေသံတွေနဲ့ မှတ်တမ်းတင် ဓါတ်ပုံရိုက်နေကြသူတွေကြားမှာ

အ၀ါရောင်ဝတ်သူတွေကတော့ တည်တည်ငြိမ်ြိငြိမ် အေးအေးဆေးဆေးနဲ့ပါပဲ။

`ဘာကြောင့်ခုလို လမ်းလျှောက်ဆုတောင်းကြတာပါလဲ`ဆိုတဲ့ အမေးအဆုံးမှာ ပန်းတွေ ပွေ့ထားတဲ့ မျက်နှာ ချိုချိုနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားက လေသံအေးအေးနဲ့ပဲ ဖြေပါတယ်။

`၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်ပါ။ပြီးတော့ ကျနော်တို့ ရဲ့ ရဲဘော်တွေဖြစ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲ ရည်ရွယ်ကိုယ်စားပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်” လို့ သူက အေးဆေးစွာပဲ ပြောပါတယ်။

ခဏကြာတော့ ရဲအရာရှိကြီးတွေက အ၀ါေ၇ာင်တီရှပ်ဝတ်တွေနဲ့ စကားတွေ ပြောဆိုကြပါတယ်။မိုးစက်သံတွေနဲ့ ရပ်နေရာကနေ ဘာတွေ ပြောကြသလဲဆို မကြားရလိုက်ပေမဲ့၊ ကမ္ဘာအေးကနေ ရောက်လာမဲ့ အဖွဲ့ကို စောင့်နေတာကိုတော့ ကြားလိုက်ရပါတယ်။

ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ မိုးရေတွေထဲမှာ အေးအေးဆေးဆေးပဲ ထိုင်နေပြီး ဘုရားဝတ်ပြုနေကြတယ်။ သူတို့ဟာ စိုးရွံ့နေပုံမရဘူး၊ ပျာယာလည်း ခတ်မနေကြဘူး၊ ပြာယာခတ်နေတဲ့ သူတွေ ဟိုပုံရိုက် ဒီပုံရိုက်နဲ့ ကင်မရာ၊ ဗီဒီယို ကင်မရာ ကိုင်ထားကြသူတွေ ကြားမှာ အ၀ါရောင်သူတွေကတော့ အေးဆေးစွာနဲ့ ဘုရားဝတ်ပြုနေကြပါရဲ့။

ကမ္ဘာအေး ဘုရားမှာ ဆုတောင်းတဲ့ အဖွဲ့ တဖွဲ့ရှိသေးတယ်၊ သူတို့နဲ့လည်းဆူးလေမှာပဲ ဆုံဖို့ ချိန်းထားတယ်ဆိုတဲ့ စကားကြောင့် မီဒီယာသမားတွေ ကမ္ဘာအေး ဘုရားဘက်ကို ရွေ့ဖို့ ပြင်ကြတယ်။

ဆူးလေနဲ့ ကမ္ဘာအေးဘုရား လူခွဲပြီး နေကြမယ်ဆိုပြီး မီဒီယာသမားတွေ အချင်းချင်းတိုင်ပင်ပြီး ကမ္ဘာအေးဘက်ကို ရွေ့ကြတယ်။ အဲဒီထဲမှာ ကျမလည်းပါတာပေါ့။

ကားငှားပြီး ထွက်ခဲ့ပေမဲ့ ရွှေဂုံတိုင်ရောက်တော့ မိုးရေတွေက လမ်းပေါ်တက်ပြီး ကားဆက်သွားလို့မရတော့ဘူး၊ သိတယ်မဟုတ်လား၊ ရန်ကုန်မှာ မိုးရွာရင် မိုးရွာလို့ နာရီဝက်မပြည့်ခင် လမ်းတွေပေါ်ရေတွေရောက်လာတာ ကားဘော်ဒီအောက်ပိုင်း မြှုပ်တယ်လေ၊ အဲဒါနဲ့ ဆူးလေဘက် ပြန်လှည့်လာတော့ ဦးထောင်ဘိုလမ်းထိပ်မှာ ရွှေဂုံတိုင်ဘက်ကို လမ်းလျှောက်လာတဲ့ အ၀ါရောင်အဖွဲ့ကို တွေ့လိုက်ရပါတယ်။

အ၀ါရောင်ဝတ်ဆင်သူပေါင်း ၆၀ ကျော်လောက်နဲ့ ၄ ယောက်တတွဲလမ်းလျှောက်လာတဲ့ သူတွေပါ။ အမျိုးသမီးအမျိုါ်သားတွေနဲ့ တက်တက်ကြွကြွလျှောက်လာကြတာပါပဲ။ မိုးတွေလည်း ကင်းစင်စပြုလာပြီ အ၀ါရောင်ဝတ်ဆင်သူတွေလည်း ရွဲရွဲစိုစိုနဲ့ ဘေးနားကလိုက်ကြည့်သူတွေလည်း မိုးရေတွေ ရွဲစိုနေကြပါတယ်။ ကားပေါ်ကနေ လိုက်လာတဲ့ ယူနီဖောင်းဝတ် ရဲအရာရှိတွေကတော့ မပါဘူးပေါ့နော်။

လမ်းလျှောက်သူတွေနဲ့ သူတို့နားဘေးနားမှာတော့ အရပ်ဝတ်နဲ့ ရဲတွေပါ၊ သူတို့မှာလည်း ကင်မရာတွေ နဲ့ပါပဲ။ သတင်းထောက်နဲ့ စုံထောက်တွေလည်း မျက်လုံးချင်း မကြာခဏ စုံမိကြပါရဲ့။ အမြဲတွေ့တွေ့နေရတဲ့ သူတွေမို့  သူတို့တွေကလည်း ကျမတို့တွေကို မှတ်မိ၊ ကျမတို့သတင်းသမားတွေကလည်း သူတို့တွေကို မှတ်မိနဲ့ပါ။လမ်းလျှောက်သူတွေနောက် တကောက်ကောက်လိုက်ကြရင်း ရွှေဂုံတိုင်မီးပွိုင့်မှာ ရပ်လိုက်ကြပါတယ်။

ကမ္ဘာအေး အဖွဲ့က လူစုကွဲသွားပြီ ဆူးလေကို ပြန်ကြရအောင်ဆိုလို့ နောက်ကြောင်း ပြန်လှည့်ပြီး ထွက်လာတော့ညနေ ၃နာရီ ခွဲကာနီးပါပီ။

ဆူးလေမှာ ပြန်ဆုံကြတော့ ညနေ၄နာရီပါ။ ဆူးလေမှာ သံလျင်က လာတဲ့အဖွဲ့နဲ့ ဒေါ်နော်အုန်းလှတို့အဖွဲ့ ဆုံကြပြီး ဆုတောင်းဖို့ ပြင်ဆင်ကြပါတယ်။

အ၀ါရောင်ဝတ်စုံတွေနဲ့ အ၀ါရောင်ပန်းခက်တွေကိုင်ပြီး ညီညီထိုင်လို့ ယဉ်ယဉ်ကျေးကျေး ရွတ်ဆို ဆုတောင်းကြတာပါ။

`ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အကျဉ်းထောင်အသီးသမီးတွင် ထောင်ကျအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်း လွှတ်မြောက်ပါစေ၊ နယ်စပ်ဒေသအသီးသီးတွင် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးငြိမ်းချမ်းသာယာစေရန်အတွက် တန်းတူညီမျှတဲ့ စစ်မှန်သော တွေ့ဆုံရှင်းလင်းမှုများနှင့် ဖြေရှင်းနိုင်ပါစေ`ဆိုပြီး ဆုတောင်းကြတယ်။

ဆုတောင်းနေတဲ့ သူတို့တွေရဲ့ ဟန်ပန်နဲ့ အမူအရာကလည်း ယဉ်ကျေးသိမ်မွေ့ပါတယ်။အော်ဟစ်ခြင်း၊ ရိုင်းစိုင်းခြင်း စတဲ့ဟန်ပန်မျိုါ်လုံးဝ မရှိကြပါဘူး၊ သတင်းသမားများ၊ အရပ်ဝတ် ရဲများ၊ ယူနီဖောင်းဝတ် ရဲများနှင့် အတူ လာရောက်ကြည့်ရှုကြသော ပြည်သူလူထုများနှင့် ဆူးလေဘုရား နောက်ဘက်မုဒ်နှင့်မြောက်ဘက်မုဒ်ကြားပြည့်ညှပ်သွားတော့တယ်။

`တိုင်းပြည်နှင့်ပြည်သူလူထုကြီး အကျိုးနှင့် ဆန့်ကျင်သော ဧရာဝတီမြစ်ဆုံရေကာတာ စီမံရေးကိစ္စ ပြည်သူလူထုကြီးဆန္ဒနှင့် အညီ ဖြစ်ပေါ်ပါစေ`ဟု အ၀ါရောင်ဝတ်ဆင်သူ၅၀ ၀န်းကျင်ခန့်က ဆုတောင်းခဲ့ကြတယ်။

အဲဒီနောက်တော့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်မြောက်ရေး ဆိုတဲ့ ဆန္ဒအပေါ်မှာ ပြည်သူလူထုတည်ရှိနေတဲ့ ဆန္ဒကို စည်းကမ်းရှိစွာ ၊ ယဉ်ကျေးစွာနှင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ်ကို ရှင်းရှင်းလင်းလင်း မြင်မြင်သာသာနဲ့ အားပေးထောက်ခံလိုက်တဲ့ သက်သေပြချက်ကို အောင်မြင်စွာ ပြုလုပ်နိုင်တဲ့အတွက် ဒီနေ၇ာမှာ အောင်မြင်စွာ ပြီးဆုံးကြောင်း အမျိုးသားတဦးက ကြေညာခဲ့ပါတယ်။ အဲဒီနောက်တော့ အ၀ါရောင်တွေ လူစု ခွဲလိုက်ကြပါတယ်။ ကျမတို့တွေလည်း ကင်မရာသိမ်းပြီး ပြန်ဖို့ပြင်ကြပါပြီ။

ညနေလူစုခွဲတော့ ၄နာရီ ကျော်ပါပြီ။ မိုးတွေလည်း ကင်းစင်ပါပြီ။ အောင်မြင်တဲ့အတွက် ကျေနပ်ကြသူတွေ၊ အဖမ်းအဆီးခံရသူ မရှိလို့ စိတ်အေးချမ်းကြသူတွေနဲ့ပါ။

ဘာပဲဖြစ်ဖြစ် ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်အထိမ်းအမှတ် ဆူးလေ ဆုတောင်းပွဲကတော့မိုးရေတွေကြားမှာပဲ ပြီးစီးခဲ့ပါပြီ။

ကျမတို့လို သတင်းသမားတွေကတာ့ အပြေးအလွှားနဲ့ ရုံးကို ပြန်ပြီး စာရေးဖို့ အသည်းအသန်ပါပဲ။ င်္ဒီနေ့ ဆုတောင်းပွဲ သတင်းကို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရမရ မသေချာကြပေမဲ့ သတင်းသမားတွေကတော့ သတင်းဖြစ်ဖြစ်၊ ဆောင်းပါးပါးဖြစ်ဖြစ်ရေးကြမှာပါ။

ဘယ်မှာမှ ဖော်ပြခွင့်မရခဲ့ရင်လည်း ကိုယ့် facebook မှာကိုယ်တင်ကြမယ်ဆိုတဲ့ကျမလို သတင်းသမားတွေလည်း ရှိနေကြမှာပါ။

မိတ်ဆွေများအား လေးစားခင်မင်လျက်

မေသင်္ကြန်ဟိန်

0 Comments to အမှတ်တရ နှစ်ပတ်လည်နေ့ ဆူးလေဆုတောင်းပွဲ

Post a Comment