အင်းစိန်နဲ့ ကလေးမြို့ထောင်တွင်းမှာ တိုက်ပွဲများစပြီ

Saturday, May 21, 2011 11:10 PM | Posted by Anonymous

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်တွင်းက အဆောင် ၂၊ ၃၊ ၄ ၊ ၅ မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ ကိုညီညီထွန်း ၊ကိုဇော်ထွန်းနိုင် ၊ ဦးဝိသုဒ္ဓ၊ ဦးရေ၀တ၊ ရဲမြတ်ဟိန်း၊ ဦးဝိလာသ၊ ဇင်မင်းရှိန် ၊မျိုးမင်းသူ၊ သက်နိုင်ဦး သော်ဇင်၊ကောင်းမြတ်လှိုင်၊ ကိုကိုအောင်၊ ဥာဏ်ထွန်းလင်း ၊အောင်တင်ဝင်း ၊စောနိုင်၊ ကိုအောင်နိုင် ၊သိန်နိုင်ဦး စောအယ်ထူး ၊စောနိုဝယ် အပါအ၀င် ၂၂ဦး တိုဟာ သူတို့နေရာ တိုက်ခန်းကနေ မထွက်တော့ပဲ အချက် ၆ ချက်ကို ဆန္ဒပြတောင်းဆိုနေပါတယ်။

သူတို့တောင်းဆိုတာတွေကတော့
၁။ ထောင်ကကျွေးတဲ့အစားအစာတွေကို အထက်ကချပေးတဲ့သတ်မှတ်ချက်အတိုင်း ပြည့်ပြည့်စုံစုံကျွေးမွေးရန်
၂။ လူဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ချုပ်လုပ်ထားတဲ့အ၀တ်အစား၊ စောင် အိပ်ယာခင်း တွေအပါအ၀င် ၆လတကြိမ်အသစ်လဲပေးရန်
၃။ အလျာအနံ ၃၀ပတ်လည် အခန်းထဲမှာ လူဦးရေအများကြီ ပြွတ်သိတ်နေအောင်ထားတာကိုရပ်တန့်၍
နေရာထိုင်ခင်းလုံလောက်စွာပေးပြီး ကြွက်၊ခြင်၊ယင်၊ ဂျပိုးများ ရှင်းလင်းပေးရန်
၎။ အခြားအကျဉ်းသားများနည်းတူ လျော့ရက်ခံစားခွင့် ရရှိရေး စာရေးစာဖတ်ခွင့်ရရှိရေး
၅။ ထောင်ဝင်စာတွေ့ဆုံတဲ့အခါ နိုင်ငံခြာသားအကျဥ်းသားများနည်းတူ ခြိမ်းခြောက်မှုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်တွေ့ခွင့်ပေးရေး
၆။ နိုင်ငံရေးအကျဉ်းသားများကို အခြားအကျဉ်းသားများနဲ့ခွဲပြီး သီးသန့်ထားခွင့်ပေးရေးတို့ ဖြစ်သည်။

ဒီတောင်းဆိုချက်တွေကို ထောင်ပိုင်ဦးသက်ရှည်ကနေတဆင့်အထက်ကိုစာတင်တောင်းဆိုပြီး အပြင်မထွက်ဘဲဆန္ဒပြတာဖြစ်တယ်လို့သိရပါတယ်။ အကယ်၍ မလိုက်ရောရင် မနက်ဖြန်ကစပြီး အစာငတ်ခံတိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားသည်ဟုသိရပါသည်။ ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း အောက်ပါအတိုင်း တောင်းဆိုထားပါတယ်။

0 Comments to အင်းစိန်နဲ့ ကလေးမြို့ထောင်တွင်းမှာ တိုက်ပွဲများစပြီ

Post a Comment