ကြားဖြတ်စက်သတင်း

Tuesday, August 31, 2010 5:03 AM | Posted by Anonymous
၀၁၀ ခုနှစ် ဩဂုတ်လ (၂၃) ရက်

ပ-ကချင်ပြည်နယ်တိုင်းမှူး

လ-ကကကြည်း

နံနက် ၈ နာရီ

အထက်တင်ပြချင်တာက လက်ရှိကချင်ပြည်နယ်ဖက်က တပ်မတော်နဲ့ ပတ်သက်ပြီး တည်ငြိမ်မှုရှိပေမဲ့ လက်ရှိအခြေအနေမှာ တပ်အတွင်းပိုင်းရဲ့ အခြေအနေက တဖြည်းဖြည်း ပြည်နယ်နဲ့တိုင်းဘက်က တပ်အတွင်းလှုပ်လာတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘက်ကိုပါ ကူးစက်နိုင်တဲ့အနေထား တွေ့ရှိရသည်။

လက်ရှိ စစ်ရေးနဲ့ပတ်သက်ပြီး တပ်တွင်းကိစ္စနဲ့ပတ်သက်ပြီး အာဏာသိမ်းဖို့ ပြင်ဆင်နေတဲ့ချက်များကို ကြားသိရတာကြောင့် တပ်တွင်းလှုပ်ရှားတောင်းဆိုမှုများကို ကူးစက်လာနိုင်တဲ့ အချက်တွေရှိရသည်။

ဒါကြောင့်လက်ရှိ တပ်မတော်အတွင်းကိစ္စကို ပြန်လည်စည်းရုံးဖို့လိုတယ်။

ပြန်လည်စည်းရုံးလို့ မရရှိရင်တော့ လက်ရှိ ရွေးကောက်ပွဲကို ထိခိုက်မှုရှိနိုင်သလို လက်ရှိ စစ်ရေးဆိုင်ရာ တပ်မတော်ကြားမှာ တိုင်းရင်းသားနဲ့ မပြုလုပ်ဘဲ အချင်းချင်းအာဏာ သိမ်းဖို့ကို ပြုလုပ်လာနိုင်တဲ့အချက် တင်ပြတာပါ။

ပ-ကကကြည်း

လ-ကချင်ပြည်နယ်တိုင်းမှူး

နံနက် ၈ နာရီ ၃၀ မိနစ်

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဒုတိုင်းမှူး ပြုလုပ်စီစဉ်ပိုင်ခွင့် မရှိဘူး။ လက်ရှိတိုင်းမှူးကို ခိုင်းထားတဲ့အတိုင်း စစ်ရေးနဲ့ပတ်သက်ပြီး စောင့်ကြည့်မှုပြုလုပ်ဖို့ကို စီစဉ်ပါ။

လက်ရှိတပ်အတွင်း အာဏာသိမ်းသည်ဖြစ်စေ တိုင်းမှူးများ ဝေဖန်ပိုင်ခွင့်မရှိဘူး။ လက်ရှိအထက် လူကြီးတွေရဲ့ကိစ္စကို အထက်လူကြီးအချင်းချင်း ပြုလုပ်စီစဉ်သွားလိမ့်မယ်။

တိုင်းမှူးလက်အောက်မှာရှိတဲ့ တပ်ရင်းများရဲ့ဖြစ်ရပ် အခြေအနေမျိုးကိုသာ တင်ပြပေးဖို့ကိုပြုလုပ် စီစဉ်သွားပါ။ အခြေအနေကို အထက်ညွှန်ကြာခိုင်းတဲ့ ကိစ္စကိုသာ စီစဉ်ပြုလုပ် ပြင်ဆင်သွားဖို့ကို ပြုလုပ်ပါ။

၂၀၀၉ NDD စစ်အင်္ဂါစဉ်အရ။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မြစ်ကြီးနား၊ ကချင်ပြည်နယ်) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် စံသိန်း

ပ-ဗခအောင်သန်းထွဋ် (အရှေ့မြောက်ပိုင်းတိုင်း)

လ-ကကကြည်း

နံနက် ၉ နာရီ

ကျနော်တို့ လက်အောက်ခံတပ်ရင်းများနဲ့ ပတ်သက်ပြီး အခြေအနေက တိုင်းနဲ့ပြည်နယ်ဘက်က တပ်မ၊ တပ်ရင်းများနဲ့ ပတ်သက်ပြီး အမျိုးမျိုးအသံများ ကြားလာတာကြောင့် ထိမ်းချုပ်မှုပြုလုပ်ဖို့အတွက် အများကြီးခက်ခဲမှုရှိတယ်။

လာမယ့်ရွေးကောက်ပွဲ ပြုလုပ်ဖို့ကိစ္စကို တပ်မတော်တစ်ခုလုံးကို ထိမ်းချုပ်မှုပြုလုပ်ဖို့ဆိုတာ လက်ရှိအာဏာနဲ့ ပြုလုပ်တည်ဆောက်မှုပိုင်းကို စီစဉ်လို့မရရှိဘူး။

လက်ရှိရဲဘော်များ တောင်းဆိုမှုပိုင်းနဲ့ စားနပ်ရိက္ခာပိုင်းဆိုင်ရာနဲ့ ငွေကြေးများအစ အထက်ကပြေလည်အောင် စီစဉ်လုပ်ဆောင်ပေးမှ လက်ရှိတပ်မတော်ထိမ်းချုပ်လို့ ရရှိမှာဖြစ်တယ်။ လက်ရှိ ကျနော်တို့ လက်အောက်ခံ တပ်ရင်းများကို ထမ်းဖို့ကိစ္စက သိပ်မလွယ်တဲ့ကိစ္စဖြစ်တယ်။ အထက်ကို တင်ပြတာပါ။

ပ-ဗခကျော်ဖြိုး (တြိဂံတိုင်း)

လ-ကကကြည်း

နံနက် ၁၀ နာရီ

အထက်တင်ပြချင်တာက တပ်မတော်အခြေအနေများနဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်းလက်အောက်ခံ တပ်ရင်းမှာ လက်ရှိ (၂၂၆)၊ (၂၂၇) တပ်ရင်းများနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေမှာ ပိုဆိုးနေတယ်။

လက်ရှိတပ်ရင်းများပါဝင် လက်ရှိနိုင်ငံရေးပိုင်းနဲ့ ပတ်သက်ပြီးတပ်ရင်းများ အပါအဝင်တောင်းဆိုမှုပိုင်းကို ပြုလုပ်လာတဲ့ အချက်များတွေ့ရှိရသည်။

တပ်ရင်းများအပါဝင် တောင်းဆိုမှုမှာ လက်ရှိကုန်ဈေးနှုန်းကို အဓိကချပေးဖို့နဲ့ လက်ရှိရဲဘော်များရဲ့ ရိက္ခာပိုင်းဆိုင်ရာကို လုံလောက်စွာချပေးဖို့ လာစာငွေကြေးများနဲ့ ရဲဘော်များစုဆောင်းထားတဲ့ ငွေကြေးများနဲ့ ပတ်သက်ပြီး အထက်ချပေးဖို့ ပါဝင်ကိစ္စများကို တောင်းဆို တင်ပြချက်များကို တွေ့ရှိရသည်။

လက်ရှိ တိုင်းလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင် အခုလိုဖြစ်နေတယ်ဆိုရင် တခြားတပ်ရင်းများနဲ့ ပတ်သက်ပြီး တည်ငြိမ်အောင်ထိန်းထားဖို့ မလွယ်တဲ့အချက် ဖြစ်တယ်။ အထက်ကို တင်ပြတာပါ။

၂၀၀၉ NDD စစ်အင်္ဂါစဉ်အရ။

တြိဂံဒေသ တိုင်းစစ်ဌာနချုပ် (တသခ) ကျိုင်းတုံမြို့၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ် ကျော်ဖြိုး

အမှတ် (၂၂၆) ခြေလျင်တပ်ရင်း (လွယ်မွေ) ဒုဗိုလ်မှူးကြီး လှမျိုး

အမှတ် (၂၂၇) ခြေလျင်တပ်ရင်း (မိုင်းခတ်) ဗိုလ်မှူး နိုင်လင်းစိုး (ခေတ္တရင်းမှူး)

ပ-ဗခကျော်ဆွေ (ဧရာဝတီတိုင်း)

လ-ကကကြည်း

နေ့လည် ၁ နာရီ ၃၀ မိနစ်

အထက်တင်ပြချင်တာက ကျနော်တို့ ဧရာဝတီတိုင်းအတွင်းရှိ တပ်မ၊ တပ်ရင်းများနဲ့ ပတ်သက်ပြီး ပိုပြီးကြပ်တည်းလာတဲ့ အချက်တွေ့ရှိရသည်။

ဧရာဝတီတိုင်းရှိ ထောက်လှမ်းရေးများနဲ့ ပြည်ခိုင်ဖြိုးတပ်ဖွဲ့များပါဝင် အထက်က ပါတီအသွင်ပြောင်းလိုက်တဲ့ ကိစ္စများနဲ့ပတ်သက်ပြီး လက်ရှိပါတီဝင်များက ဧရာဝတီတိုင်းရှိ အခွင့်အရေးများကို တပ်မတော်ထက် ပိုယူပြီးလုပ်ဆောင်နေတဲ့ အချက်တွေ့ရှိရသည်။

ပါတီအသွင် ပြောင်းလဲလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးအခွင့်ရေးပေးတာကြောင့် ဂိတ်တွေမှာ အားလုံးကို တာဝန်ယူပြီးအထက်က ပြုလုပ်ခိုင်းတဲ့ အခြေအနေမျိုးကြောင့် တပ်တွင်းဝင်ငွေပိုင်းနဲ့ ပတ်သက်ပြီး ပိုပြီးလျော့ကျသွားတဲ့အချက် တွေ့ရှိရသည်။ ဒီကိစ္စကို မဖြေရှင်းရင် ဒီထက်ဆိုးလာနိုင်တဲ့အချက် တပ်ရင်းမှူး တင်ပြလာတယ်။ လက်ရှိအခြေအနေကို အထက်ကို တင်ပြတာပါ။

ပ-ရခိုင်ပြည်နယ်

လ-ကကကြည်း

နေ့လည် ၂ နာရီ

ကနော်တို့ ရခိုင်ပြည်နယ် တပ်မတော်တပ်ရင်းများနဲ့ ပက်သက်ပြီး လက်ရှိပြည်ခိုင်ဖြိုး အသွင်ပြောင်းလိုက်တဲ့ ထောက်လှမ်းရေးတစ်ချို့ကို တပ်မတော်ထက်ပိုပြီး အခွင့်ရေးပေးတာက သဘာဝမကျတဲ့အချက် တွေ့ရှိရသည်။

*ဗိုလ်ချုပ် သိန်းစိန်အမည်ခံပြီး တပ်မတော်အတွင်းရှိ နယ်မြေပိုင်များက အခြေအနေမျိုးကို ပြုလုပ်တာဖြစ်တယ်။

လက်ရှိတပ်မတော် ရဲဘော်များနဲ့ ပတ်သက်ပြီး မကျေနပ်သလို လက်ရှိကျနော်ကိုယ်တိုင်လည်း ဒီလိုအခွင့်အရေးပေးတာကို သိပ်မကျေနပ်ဘူး။

လက်ရှိအခြေအနေကို ဒီအတိုင်းလွတ်ထားမယ်ဆိုရင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကြားမှာ ပိုဆိုးသွားနိုင်တယ်။ ဒါကို မဖြစ်အောင် အထက်ကို တင်ပြတာပါ။

ပ-ကကကြည်း

လ-နပတ

နေ့လည် ၂ နာရီ ၃၀ မိနစ်

အထက်တင်ပြချင်တာက လက်ရှိဗိုလ်ချုပ်များရဲ့ တင်ပြချက်များက လက်ရှိတိုင်းအတွင်း တပ်မတပ်ရင်းများမှာ ဖြစ်နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး ဒီတိုင်းထိမ်းချုပ်မှုပြုလုပ်ဖို့ကို တာဝန်မယူတဲ့အချက်ကို တင်ပြထားကြတယ်။

ဗိုလ်ချုပ်သောင်အေးကိုလည်း ပြည်ခိုင်ဖြိုးတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အသွင်းပြောင်းလိုက်တဲ့ ကိစ္စကလက်ရှိ ပြည်ခိုင်ဖြိုးပါတီများနဲ့ ထောက်လှမ်းရေးတစ်ချို့ကို တပ်မတော်စီးပွားရေးနဲ့ ပတ်သက်ပြီး ဝင်စွတ်ဖက်ပြုလုပ်တယ်ဆိုပြီး မကျေနပ်လို့ တင်ပြလာတဲ့ အချက်များတွေ့ရှိရသည်။

*ပါတီအသွင် အမည်ခံလိုက်တဲ့ ဗိုလ်ချုပ်သိန်းစိန် အမည်ကိုပြောဆိုပြီး တပ်မတော်စီးပွားရေး နေရာများကို ပြုလုပ်လာတဲ့အချက်များ တွေ့ရှိရသည်။

ဒီတိုင်း လွတ်ထားမယ်ဆိုရင် အခြေအနေက ဒီကြားမှာ ပိုဆိုးသွားနိုင်တယ်။

*နောက်တစ်ခုက ဧရာဝတီတိုင်းကလည်း ထောက်လှမ်းရေးနဲ့ ပြည်ခိုင်ဖြိုးများကို သင်္ဘောဂိတ်တွေမှာ ချထားလို့ တပ်မတော်ဝင်ငွေပိုင်းက ပိုအားနည်းလာတာကြောင့် အခြေအနေကို အထက်က ဒီတိုင်းလွတ်ထားမယ်ဆိုရင် ဖြစ်လာတဲ့အခြေအနေကို တာဝန်မယူဘူးဆိုပြီး တင်ပြထားတယ်။

၂၀၁၀ ခုနှစ် ဩဂုတ်လ (၂၄) ရက်

ပ-ပခတိုင်းမှူး

လ-ကကကြည်း

နံနက် ၈ နာရီ

လက်ရှိအခြေအနေမှာ ပဲခူးတိုင်းတွင်းရှိ တပ်မ (၇၇) လက်ခံတပ်ရင်းများနဲ့ ပတ်သက်ပြီး အခြေအနေက ပိုပြီးကြမ်းလာတဲ့ အချက်တွေ့ရှိရသည်။

လက်ရှိအခြေအနေမှာ နိုင်ငံရေးပိုင်းနဲ့ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်များက ဒီနေ့နံနက်မှာ သေနတ်များပစ်ခတ်မှု ဆိုင်ရာကို ပြုလုပ်ပြီး တပ်ရင်းလက်အောက်ခံ အခြေအနေက ပိုပြီးဆိုးလာတဲ့အချက် တွေ့ရှိရသည်။

အခြေအနေက တပ်တွင်းမှာ လက်နက်ကိုင်ဆောင်ပြီး သေနတ်ဖောက်နေတဲ့အချက်ကို တွေ့ရှိရသည်။ ဒါကြောင့် ကျနော်တို့ ဒီအတိုင်းလွှတ်ထားရင် အခြေအနေက ပိုပြီးဆိုးသွားနိုင်တဲ့ အချက်တွေ့ရှိရသည်။ အထက်တင်ပြတာပါ။

ပ-တနင်္သာရီတိုင်း

လ-ကကကြည်း

နံနက် ၈ နာရီ ၃၀ မိနစ်

အထက်တင်ပြချင်တာက လက်ရှိလေကြောင်းကာကွယ်ရေး တပ်ဖွဲ့များနဲ့ လက်ရှိအထူးတပ်ဖွဲ့များ ဖြစ်ကြတဲ့ ထောက်လှမ်းရေးများနဲ့ ပြဿနာဖြစ်လို့ လက်ရှိအချင်းချင်းပိုပြီး ငြိစွန်းလာတဲ့အချက်ကို တွေ့ရှိရသည်။

လက်ရှိကဝဲအခြေစိုက် လေကြောင်းရန်ကာကွယ်ရေး အတွင်းပိုင်းနေရာများကို ထောက်လှမ်းရေးများချပြီး စောင့်ကြည့်မှုပြုလုပ်တာကြောင့် လက်ရှိအထူးထောက်လမ်းရေး (၇) ဦးကို လေကြောင်းကာကွယ်ရေး တပ်ရင်းမှူးကိုယ်တိုင် လက်ရှိတပ်တွင်းမှာ ဖမ်းဆီးထားလိုက်တဲ့ အချက်ကို တွေ့ရှိရသည်။

နောက်တစ်ခုက လက်ရှိမြိတ်မြို့ အခြေစိုက် (၁၇) တပ်ရင်းမှာလည်း လက်ရှိဝင်ကိုင်ဖို့ ပြုလုပ်နေတယ်။

ထောက်လှမ်းရေးတပ်ဖွဲ့များက ပိတ်ပြီး မြိတ်မြို့အတွင်း စီးပွားရေးများကို ပြုလုပ်စီစဉ်နေတဲ့ အချက်ကိုတွေ့ရှိရတာကို အထက်တင်ပြတာပါ။

ပ-ရဲမြင့်ဌာနချုပ်တင်ပြချက်

လ-နပတ

နံနက် ၉ နာရီ

အထက်တင်ပြချင်တာက လက်ရှိ ဗိုလ်ချုပ်ရဲမြင့်နဲ့ နေပြည်တော်က လက်ရှိအခြေအနေကို နေပြည်တော်နဲ့ ပျဉ်းမနားမှာရှိတဲ့ တပ်ရင်းများနဲ့ ပတ်သက်ပြီး လက်ရှိဗိုလ်ချုပ်ရဲမြင့်ငယဒငို လက်နက်ငယ်များနဲ့ ပစ်ခတ်မှုဆိုင်ရာကို ပြုလုပ်လိုက်လို့ ဗိုလ်ချုပ်ရဲမြင့်ကားမောင်းတဲ့ ဗိုလ်ကြီးတစ်ဦး ကျဆုံးသွားတယ်။

ကားမောင်းတစ်ဦးသာ ထိခိုက်မှုဖြစ်ပြီး ဗိုလ်ချုပ်ရဲမြင့်က လက်ရှိဒဏ်ရာ ရရှိပြီး ဌာနချုပ်အတွင်းရှိ ဆေးရုံတင်ဆောင်ထားပါတယ်။ နေပြည်တော်ကြား အထွက်ကစပြီး ပြုလုပ်ခံရတာကြောင့် နေပြည်တော်ကားလမ်းကြောင်းကနေ ဘေးကိုထိုးရပ်ပြီး ကျသွားတာကြောင့် ဗိုလ်ချုပ်ရဲမြင့်လက်ကို ထိမှန်ပြီးဆေးရုံကို ပို့ဆောင်ထားပါတယ်။

လက်ရှိအခြေအနေမှာ တပ်မတော်အတွင်းက တပ်ကြပ်ကြီးတစ်ဦးကိုယ်တိုင် ပြုလုပ်စီစဉ်တာကြောင့် ဖမ်းဆီးမှုပိုင်းကိုပြုလုပ်ထားပါတယ်။

ဗိုလ်ချုပ်ရဲမြင့် ကားမောင်းတဲ့ အရာရှိဗိုလ်ကြီး ကျော်စိုးထွန်း နေရာမှာ သေဆုံးသွားပါတယ်။ အထက်ကိုတင်ပြတာပါ။

ပ-နပတ

လ-ရဲမြင့်ဌာန

နံနက် ၉ နာရီ ၃၀ မိနစ်

မင်းတို့ ဌာနတင်ပြချက်ကို လက်ခံရရှိပါတယ်။

လက်ရှိဗိုလ်ချုပ်ရဲမြင့်ကို အခုလိုပြုလုပ်တဲ့ လက်ချက်က ဘယ်သူ့လက်ချက်ဆိုတာကို အသေးစိတ် ပြုလုပ်စုံစမ်းမှုပိုင်းကို လုပ်သွားပါ။

လက်ရှိပြုလုပ်တဲ့ တပ်ကြပ်ကြီးကိုလည်း သေချာစုံစမ်းစစ်ဆေးမှုပိုင်းကို ပြုလုပ်ပြီး ဒီကိစ္စပေါက်ကြားမှုမရှိအောင် သေချာဖိထားဖို့ လိုတယ်။ လက်ရှိဒဏ်ရာရသွားတဲ့ ဗိုလ်ချုပ်ရဲမြင့်ကိုလည်း သေချာပြုလုပ်ပေးဖို့ကို လုပ်ဆောင်ပါ။

လက်ရှိဖြစ်ရပ်များနဲ့ ပတ်သက်ပြီး အသေးစိတ်စစ်ဆေးမှုပိုင်းဆောင်ရွက်ဖို့ကို အခြေအနေထူးခြားမှုရှိရင် ချက်ချင်းတင်ပြပေးဖို့ကို ပြုလုပ်ပါ။ အခြေအနေများ အကြောင်းစုံကို တင်ပြပေးဖို့ပြုလုပ်ပါ။

ပ-ဗခကိုကို

လ-နပတ

နံနက် ၁၀ နာရီ

အထက်တင်ပြချင်တာက လက်ရှိဗိုလ်ချုပ်ရဲမြင့်က ကျနော်တို့ လုံခြုံရေးပိုင်းယူထားတဲ့ ကြားအတွင်းမှာ လက်ရှိပစ်ခတ်မှုပိုင်း ပြုလုပ်တာကို ခံရတယ်။

လက်ရှိဗိုလ်ချုပ်ဝေလွင်က လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ (၈၅) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးက ကျနော်တို့ လုံခြုံရေးယူထားတဲ့ကြားက ပစ်ခတ်မှုပိုင်းပြုလုပ်လိုက်တယ်။ လက်ရှိ တပ်ကြပ်ကြီးမှာပါသွားတဲ့ လက်နက်အမျိုးအစားမှာ M3 ဖြစ်ပြီး ကျည်ဆံက ၅ တောင့်ပါသွားပြီး ပစ်ခတ်မှုပြုလုပ်တယ်။

ပစ်ခတ်မှုအချိန်မှာ ၈ နာရီ ၁၅ မိနစ် ဖြစ်ပြီး လက်ရှိရင်ဘတ်နေရာမှာ ဒဏ်ရာ ရရှိပြီး အရေးပေါ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ဗိုလ်ချုပ်ရဲမြင့် ကားမောင်းတဲ့ ဗိုလ်ကြီးတစ်ဦးက ၃ ချက်မှန်ပြီး သေဆုံးသွားပါတယ်။

လက်ရှိ (၈၅) တပ်ရင်းတရင်းလုံးကိုလည်း လုံခြုံရေးဆိုင်ရာ ပိုတင်းကြပ်မှုပိုင်းကို ကျနော်တို့ဘက်က ပြုလုပ်ထားပါတယ်။ နေပြည်တော်စအထွက်မှာ စပြီးပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က လုံခြုံရေးယူ ထားပါတယ်။ အထက်ကို တင်ပြတာပါ။

FTUB Database မှတ်ချက်။ ။ ၂၀၀၉ စစ်အင်္ဂါစဉ်အရ။

နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဝေလွင်၊

အမှတ် (၈၅) ခြေလျင်တပ်ရင်း (နေပြည်တော်- ပျဉ်းမနား)

ဒုဗိုလ်မှူးကြီး စိန်ဝင်း

ပ-နပတ

လ-ဗခတင်အောင်မြင့်ဦး

နေ့လည် ၂ နာရီ ၃၀ မိနစ်

လက်ရှိ ကလောအခြေစိုက် တပ်ရင်းများနဲ့ ပတ်သက်ပြီး အခြေအနေများကို အထက်တင်ပြပေးပါ။

ကလောအခြေစိုက် တပ်မ (၅၅) ယူထားတဲ့ နေရာများနဲ့ ပတ်သက်ပြီး အခြေအနေမကောင်းရင် တပ်မှူးကိုခေါ်ယူပြီး စီစဉ်လုပ်ဆောင်သွားပါ။ လက်ရှိ နံနက်ပိုင်းမှာ ဗိုလ်ချုပ်ရဲမြင့် ယာဉ်တန်းကားကို တပ်တွင်းက တပ်ကြပ်ကြီးတစ်ဦးက ပစ်ခတ်မှုပိုင်ပြူးလုပ်လို့ အရာရှိတစ်ဦးကျဆုံးမှု ဖြစ်ပြီး ဗိုလ်ချုပ်ရဲမြင့်က ဒဏ်ရာရရှိသွားတဲ့ အချက်များနဲ့ ပတ်သက်ပြီး အခြေအနေကသိပ်ပြီး တပ်မတော်အတွင်းမှာလည်း လုံခြုံရေးပိုင်းကို မတွေ့ရှိရတော့ဘူး။

ဗိုလ်ချုပ်တင်အောင်မြင့်ဦးလည်း ခရီးလမ်းများနဲ့ ပတ်သက်ပြီး သတိထားဖို့လိုတယ်။ လက်ရှိ ငါတို့အတွက် ပိုအရေးကြီးတယ်။ သေချာပြုလုပ် စီစဉ်လုပ်ဆောင်ပါ။

ပ-ဗခတင်အောင်မြင့်ဦး

လ-နပတ

နေ့လည် ၃ နာရီ

အထက်တင်ပြချင်တာက လက်ရှိအခြေအနေစိုက် တပ်မ (၅၅) နဲ့ ပတ်သက်ပြီး အခြေအနေအားလုံးကို အပြင်ဘက်ကို ပေါက်ကြားမှုမရှိအောင်တော့ ထိမ်းချုပ်မှုပိုင်းကို ပြုလုပ်ပြီး လုံခြုံရေးပိုင်းကို ချထားပါတယ်။

လက်ရှိတပ်မ (၅၅) တပ်မမှူးကို ကိုင်တာနဲ့ အခြေအနေက တပ်ရင်း၊ တပ်မအခြေအနေကို ပိုပြီးဆိုးသွားနိုင်တဲ့ အချက်ကို တွေ့ရှိရသည်။ လက်ရှိအခြေအနေမှာ ပိုပြီးအရေးကြီးတဲ့ အချက်က အတွင်းပိုင်းကို ပစ်ခတ်မှုမဖြစ်အောင် ထိမ်းချုပ်ထားတဲ့အခြေအနေကို တွေ့ရှိရသည်။

လက်ရှိအခြေအနေမှာ အထက်ကညွှန်ကြားသလို တပ်မမှူးကို ကိုင်ဖို့ကိစ္စက အများကြီး ခက်ခဲမှုရှိတယ်။ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာအပါဝင် အခြေအနေက ပိုဆိုးသွားနိုင်တဲ့ အချက်ကိုတွေ့ရှိရလို့ အထက်ကိုတင်ပြတာပါ။

FTUB Database မှတ်ချက်။ ။ ၂၀၀၉ စစ်အင်္ဂါစဉ်အရ။

အမှတ် (၅၅) ခြေမြန်တပ်မဌာနချုပ် (ကလော)

ဗိုလ်မှူးချုပ် အေးခိုင်

ပ-နပတ

လ-ဗခမောင်ရှိန်

ည ၆ နာရီ

လက်ရှိထိမ်းထားတဲ့ ဗိုလ်ချုပ် (၇) ဦးကို လက်ရှိအခြေအနေကို ကြည့်ပြီး ထိမ်းသိမ်းဖို့ ပြုလုပ်ဆောင်ရွက်ပါ။

လက်ရှိထိမ်းချုပ်ထားတဲ့ ဗိုလ်ချုပ် ၃ ဦးနဲ့ ဗိုလ်မှူးချုပ် ၄ ဦးကို လက်ရှိထိမ်းချုပ်မှုပိုင်းကို လုပ်ဆောင်ထားဖို့ ပြုလုပ်ဆောင်ရွက်ပါ။

တပ်မတော်အတွင်းမှာ ဗိုလ်ချုပ်များကို ဖြုတ်ချဖို့အတွက်ကို အများကြီးရှိတယ်။

လက်ရှိတာဝန်ပိုင်းနဲ့ ပတ်သက်ပြီး ပိုပြီးအရေးကြီးတဲ့ အချက်ဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်များနဲ့ ဗိုလ်မှူးချုပ်များကို ဖမ်းဆီးထိမ်းချုပ်ထားဖို့ ပြုလုပ်ပြီးလုံခြုံရေးပိုင်းကို တင်းကြပ်ထားပါ။

ပ-ကကကြည်း

လ-နပတ

ည ၆ နာရီ ၃၀ မိနစ်

လက်ရှိ ကကကြည်းနဲ့ ပတ်သက်ပြီး အချင်းချင်းပြုလုပ်တဲ့ အချက်ကိုတွေ့ရှိရသည်။ လက်ရှိရန်ကုန်တိုင်း အတွင်းရှိ ဌာနချုပ်အတွင်းကို ရန်ကုန်တိုင်းမှူး တပ်ရင်းများတစ်ချို့ဝင်ပြီး ပြုလုပ်ဖို့ကိစ္စကို စီစဉ်ပြုလုပ်နေတဲ့ အချက်တွေ့ရှိရသည်။

လက်ရှိကျနော်တို့ ကကကြည်းဌာနမှာ အရာရှိများတစ်ချို့နဲ့ ခေါင်းဆောင် ဗိုလ်ချုပ်နှစ်ဦးပါဝင် လက်ရှိဗိုလ်မှူးချုပ် တစ်ဦးကို လက်ရှိ ကကကြည်းဌာနကို အတွင်းပိုင်း ပြင်ဆင်ပြုလုပ်တာနဲ့ ပတ်သက်ပြီး အရာရှိအပါဝင်နောက်ထပ် (၇) ဦးကို ထိမ်းချုပ်မှု ပြုလုပ်ထားချက်ကို ပြုလုပ်ထားပါတယ်။

ကကကြည်းဌာနချုပ်အတွင်း အာဏာသိမ်းဖို့ ပြုလုပ်ပြင်ဆင်နေတဲ့ တပ်ဖွဲ့များနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းမှူးအပါဝင် ဗိုလ်ချုပ်မောင်အေးတို့အဖွဲ့က စစ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မင်္ဂလာဒုံနေရာကနေ စစ်ရေးဆိုင်ရာ ပြင်ဆင်ပြီး ကကကြည်းရဲ့ အခြေအနေကို စောင့်ကြည့်မှုပိုင်း ပြုလုပ်ထားချက် တွေ့ရှိရသည်။ အထက်ကိုတင်ပြတာပါ။

၂၀၁၀ ဩဂုတ်လ (၂၆) ရက်

ပ-ဗိုလ်ချုပ်အောင်သန်းထွဋ်

လ-ကကကြည်း

နံနက် ၉ နာရီ

အထက်တင်ပြချင်တာက ကျနော်တို့အုပ်ချုပ်တဲ့ နယ်မြေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနဲ့ လက်ရှိတိုင်းရင်းသား လက်နက်ကိုင်ကြားမှာရှိတဲ့ ပြဿနာများကို ပြေလည်အောင် အခြေအနေကြည့်ပြီး ညှိနှိုင်းမှုပြုလုပ်စီစဉ်ဖို့ အထက်ကို တင်ပြတာပါ။

လက်ရှိရွေးကောက်ပွဲပြုလုပ်တဲ့ ချမှတ်တဲ့ လမ်းစဉ်တိုင်းဆို တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့လည်း အခြေအနေဆိုးလာနိုင်သလို လက်ရှိနိုင်ငံရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း အခြေအနေက ပိုပြီးစိုးရိမ်ရတဲ့ အခြေအနေကို တွေ့ရှိရသည်။

လက်ရှိနိုင်ငံရေးဆိုင်ရာပါဝင် ဖြစ်လာနိုင်တဲ့ အခြေအနေများနဲ့ အခက်ခဲများကိုကြည့်ပြီး နိုင်ငံတစ်ခုလုံး ပြိုကွဲအုံကြွမှုဖြစ်လာနိင်တဲ့ အခြေအနေမျိုးကို ပြုလုပ်ဖို့ အချက်လက်နဲ့ ပတ်သက်ပြီး လက်ရှိတည်ငြိမ်အောင် ပြုလုပ်စီစဉ်ပေးပြီးအားလုံး ညှိနှိုင်းမှုပိုင်း ပြုလုပ်ချင်တယ်။

ဒီတိုင်းရေရှည်ဆက်သွားမယ်ဆိုရင် နိုင်ငံတခုလုံး ပြိုကွဲမယ့်အခြေအနေကို ဆိုးလာဖို့ အချက်ကို တွေ့ရှိရသည်။ ဒါကြောင့် လက်ရှိအခြေအနေ တည်ငြိမ်မှုပြုလုပ်ဖို့ အထက်ကိုတင်ပြတာပါ။

ပ-ပခတိုင်းမှူး

လ-ကကကြည်း

နံနက် ၉ နာရီ ၃၀ မိနစ်

အထက်တင်ပြချင်တာက လက်ရှိတပ်မတော် အခြေအနေများနဲ့ ပတ်သက်ပြီး လက်ရှိရိက္ခာပိုင်းနဲ့ ငွေကြေးကိုချပေးပြီး အထက်ပြုလုပ်ခိုင်းတဲ့အတိုင်း ပြုလုပ်စီစဉ်ဖို့ အများကြီးခက်ခဲမှုရှိတဲ့ အခြေအနေမျိုး တွေ့ရှိရသည်။

လက်ရှိအခြေအနေမှာ တပ်မ (၇၇) အတွင်းရှိ လက်အောက်ခံတပ်ရင်းများနဲ့ ကျနော်တို့ တိုင်းတပ်မ၊ တပ်ရင်းများနဲ့ ပတ်သက်ပြီး လက်ရှိအထက်က ညွှန်ကြားချက်အတိုင်းလိုက်ပြီး စီစဉ်ပေမယ့် ရဲဘော်များက လက်ရှိအခြေအနေများတွင် အထက်ကညွှန်ကြားချက်အတိုင်း ပြုလုပ်ဖို့ ခက်ခဲမှုရှိတယ်။

လက်ရှိကျနော်တို့ ပဲခူးတိုင်း၊ တောင်ငူမြို့ တပ်မ၊ တပ်ရင်းများရဲ့တင်ပြချက်အရ လက်ရှိအခြေအနေမှာ အထက်ကထိမ်းချုပ်နိုင်တဲ့ အခြေနေမျိုးဖြစ်ဖို့အတွက် သိပ်ပြီးမလွယ်တဲ့ အချက်တွေ့ရှိရသည်။

လက်ရှိနိုင်ငံရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲဘော်များ ရရှိထိုက်တဲ့ အခွင့်ရေးများနဲ့ အတွင်းရိက္ခာပိုင်းကအစ လက်ရှိတပ်မတော် ရဲဘော်များရှိ မိသားစုရရှိထိုက်တဲ့ အခွင့်အရေးများနဲ့ ငွေကြေးများကို အပြည့်အဝချပေးဖို့ကို အထက်ကိုတင်ပြတာပါ။

ပ-ဗခသောင်းအေး

လ-ကကကြည်း

နံနက် ၁၀ နာရီ

အထက်တင်ပြချင်တာက ကျနော်တို့ တပ်မတော်သားများနဲ့ ပတ်သက်ပြီးအထက်ကို တင်ပြထားတဲ့အတိုင်းကို လက်ရှိပြည်ခိုင်ဖြိုးပါတီများနဲ့ ပတ်သက်ပြီး လက်ရှိတပ်မတော် အရာရှိတစ်ဦးထက် ပိုပြီးအခွင့်အရေးပေးနေတဲ့ အချက်လက်များကို တွေ့ရရှိရတယ်။

လက်ရှိကျနော်တို့ တပ်မတော်နဲ့ ပတ်သက်ပြီး တစ်ဦးချင်းရပိုင်ခွင့်ရေးများနဲ့ ပတ်သက်ပြီး လက်ရှိကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပိုရရှိတာကြောင့် သဘောကျခြင်းမတွေ့ရှိရဘူး။

တပ်မတော်ရပိုင်ခွင့်များကို အပြည်အဝချပေးဖို့ ကိစ္စကို အထက်ကိုတင်ပြတာနှစ်ခါရှိပြီး လက်ရှိအခြေအနေတိုင်းသာသွားရင် တပ်မတော်အတွင်းပိုင်း ပိုဆိုးလာဖို့ရှိတယ်။

လက်ရှိတပ်မတော် စီးပွားရေးနဲ့ ရဲဘော်တစ်ဦးချင်း ရရှိတဲ့လုပ်ပိုင်ခွင့်များကို ပေးထားတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ကို အထက်ကပြုလုပ်ပေးပါ။ ဒီတိုင်းလွတ်ပြီး စီစဉ်ခိုင်းမယ်ဆိုရင် အခြေအနေဆိုးလာဖို့ ရှိတာကို အထက်တင်ပြတာပါ။

ပ-ဗခကျော်ဆွေ

လ-ကကကြည်း

နံနက် ၁၀ နာရီ ၃၀ မိနစ်

အထက်တင်ပြချင်တာက အထက်က စီစဉ်ပြုလုပ်ပေးတဲ့ ရိက္ခာပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ချပေးထားတဲ့ အချက်အလက်များကို လက်ခံရရှိပါတယ်။

လက်ရှိ ရိက္ခာနဲ့ ငွေကြေးများချပေးထားတဲ့ အချက်အလက်များနဲ့ ပတ်သက်ပြီး လက်ရှိ ဧရာဝတီတိုင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများကို အကောက်အခွန်ကိစ္စ ပြည်ခိုင်ဖြိုးပါတီဝင်များနဲ့ ထောက်လှမ်းရေးများကို လွှဲပေးပြီး ကောက်ခံခိုင်းထားတဲ့ အချက်အလက်များနဲ့ လုပ်ပိုင်ခွင့်အချက်လက်များနဲ့ ပတ်သက်ပြီး အထက်က ပြန်လည်ပြင်ဆင်ပေးဖို့ တင်ပြတာပါ။

လက်ရှိအထက် ချပေးလိုက်တဲ့ ရိက္ခာပိုင်းနဲ့ ငွေကြေးများကို ရရှိပေမယ့်လုပ်ပိုင်ခွင့်ကိစ္စကို ရပ်ဆိုင်းပေးဖို့ ပြုလုပ်ပေးပါ။

လက်ရှိတပ်မတော်က နိုင်ငံရေးပြုလုပ်ဖို့ နုတ်ထွက်လိုက်တဲ့ ဝန်ကြီးချုပ်များနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်ပေးတယ်ဆိုတော့ ရဲဘော်များအတွက် အများကြီးခက်ခဲမှု ရှိတယ်။

ကျနော်တို့ ခြေလျင်၊ ခြေမြန်တပ်ရင်းများအတွက်က ပိုပြီးကြပ်တည်းလာတဲ့ အချက်များတွေ့ရှိရသည်။ ဒါကြောင့် ဒီအချက်နဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးဖို့ တင်ပြတာပါ။

ပ-ဗခမောင်အေး

လ-နပတ

နေ့လည် ၁ နာရီ ၃၀ မိနစ်

လက်ရှိနိုင်ငံရေးနဲ့ ပတ်သက်ပြီး တပ်မတော်အခြေအနေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အထက်တင်ပြချင်တာက တပ်မတော်အတွင်းပိုင်းက ထွက်သွားတဲ့ အရပ်ဝတ်လဲလိုက်တဲ့ဝန်ကြီးများက လက်ရှိတပ်မတော်ကိစ္စမှာ ပါဝင်လုပ်ပိုင်ခွင့် မရှိတော့တဲ့အချက်ကို လူကြီးတားမြစ်ပေးဖို့ ပြုလုပ်ပါ။

လက်ရှိတပ်မတော်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်သိန်းစိန်တို့ကို လက်ရှိတပ်မတော်က အရပ်ဝတ်လဲပြီး နုတ်ထွက်သွားတဲ့ ဝန်ကြီးများနဲ့ ဗိုလ်ချုပ်တစ်ချို့ကို အမိန့်ပေးညွှန်ကြားမှုပိုင်းကို လုံးဝမပြုလုပ်ဖို့ကို အထက်နေပြည်တော်က ညှိနှိုင်းပေးပါ။

ဒီတိုင်းပြုလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က ကန့်ကွက်မှုရှိတယ်။

လက်ရှိတပ်မတော် အာဏာကို အသုံးပြုလုပ်ပြီး နိုင်ငံရေးပိုင်းကို ပြုလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က လက်ခံနိုင်မယ့်အနေအထား မရှိသလို တပ်မတော်ကို ကိုင်တွယ်မှု့ပြုလုပ်ပြီး အမိန့်ပေးညွှန်ကြားမှုပိုင်း စီစဉ်ပြုလုပ်နေမယ်ဆိုရင် အခြေနေက လက်မခံနိုင်ဘူး။ အထက်ကိုတင်ပြတာပါ။

၂၀၁၀ ခုနှစ် ဩဂုတ်လ (၂၇) ရက်

ပ-ဗိုလ်ချုပ်မောင်ရှိန်

လ-နပတ

နံနက် ၈ နာရီ

အထက်တင်ပြချင်တာက ကျနော်တို့ဖက်က ခေါင်းဆောင်မင်းသားကြီးတစ်ဦးကို ထိမ်းထားလိုက်ပါတယ်။

အခြေအနေက ဌာနချုပ်နဲ့ လက်ရှိ ခေါင်းဆောင်မင်းသားကြီး နေအိမ်ကိုဝင်ပြီး လက်ရှိအားလုံးကို ထိမ်းပြီးခေါင်းဆောင် မင်းသားကြီးကိုတော့ ထိမ်းထားပြီး အထက်ကညွှန်ကြားချက်အတိုငိးကု ၆ နာရီမှာ ထိမ်းသိမ်းပြီး လက်ရှိအခြေအနေကို ဌာနချုပ်တစ်ချို့ကို ထိမ်းသိမ်းဖို့ စီစဉ်လုပ်ဆောင်နေပါတယ်။

လက်ရှိဌာနချုပ်နေရာကို ထိမ်းသိမ်းဖို့ကို ဗိုလ်ချုပ်ကိုကိုတို့ကို တာဝန်ပေးထားပြီး လုပ်ဆောင်မှုပိုင်းကို ပြုလုပ်ပြီး လက်အောက်ဌာနများက မသိရှိအောင် ၆ နာရီအတွင်းမှာ နေအိမ်မှာဝင်ပြီး ပြုလုပ်စီစဉ်ပြီး နေအိမ်ဌာနတစ်ခုလုံးကို အသံမထွက်အောင် ခေါင်းဆောင်မင်းသားကြီးတစ်ဦးကို ထိမ်းသိမ်းပိုင်းကို ကျနော်တို့ဖက်က အထက်ညွှန်ကြားချက် အတိုင်းနေအိမ်အတွင်းကို အားလုံးသိမ်းဆည်းမှုများ ပြုလုပ်စီစဉ်ထားပါတယ်။

ပ-နပတ

လ-ကကကြည်း

နံနက် ၈ နာရီ ၃၀ မိနစ်

ကကကြည်းက စီစဉ်ရမှာက လက်ရှိခေါင်းဆောင်မင်းသားကြီးကို ထိမ်းသိမ်းထားပြီး လက်ရှိဌာနချုပ်များနဲ့ ပတ်သက်ပြီး သိမ်းဆည်းဖို့အတွက်ကို ကကကြည်းပြုလုပ်စီစဉ်ပြီး ပေါက်ကြားမှုမရှိအောင် ပြုလုပ်စီစဉ်ခိုင်းဖို့ ဌာနအတွင်းပိုင်းကို ငွေကြေးများချပေးပြီး ခေါင်းဆောင်မင်းသားကြီးနဲ့ ပတ်သက်ပြီး လက်နက်များနဲ့ ခဲယမ်းလက်နက်ကြီးများကို ဝင်ပြီး သိမ်းဆည်းမှုများကို နာရီပိုင်းအတွင်းမှာ ခေါင်းဆောင်မင်းသားကြီးများကို ဝင်ပြီး သိမ်းဆည်းမှုများကို ထိမ်းသိမ်းထားပါ။

ပေါက်ကြားမှုမရှိအောင် ဌာနကိုဝင်ပြီး လက်နက်သိမ်းဆည်းမှု ကိစ္စများကို စီစဉ်လုပ်ဆောင်ဖို့ကို ကကကြည်းက တာဝန်ယူပြီး ခေါင်းဆောင်မင်းသားကြီး ထိမ်းသိမ်းမှုကို မပေါက်ကြားခင် ဒီကိစ္စကို နာရီပိုင်းအတွင်းမှာ ဆင်ပြီးပြုလုပ်ဖို့ကိစ္စကို စီစဉ်လုပ်ဆောင်လိုက်ပါ။

လက်ရှိ ငွေကြေးများချပေးပြီး ရိက္ခာပိုင်းကိုလည်း ချပေးပြီး လက်နက်ကြီးများနဲ့ လက်နက်ခဲယမ်းတစ်ချို့များကို နာရီပိုင်းအတွင်းမှာ သိမ်းဆည်းဖို့ကိစ္စကို ပြုလုပ်စီစဉ်လုပ်ဆောင်ပြီး အခြေအနေများကို ပြုလုပ်ခိုင်းထားတဲ့အတိုင်း စီစဉ်လုပ်ဆောင်ဖို့ကိစ္စကို ကကကြည်းက တာဝန်ယူဆောင်ရွက်ပါ။

ပ-နပတ

လ-ဗခကိုကို

နံနက် ၉ နာရီ

လက်ရှိ ဌာနဆိုင်ရာနဲ့ ဗိုလ်မောင်အေးတပ်မ တပ်ရင်းများရဲ့ အခြေအနေကြည့်ပြီး တပ်တွင်းလိုအပ်တဲ့ လက်နက်ပိုင်းဆိုင်ရာကို သိမ်းဆည်းမှုပိုင်းကို စီစဉ်ခိုင်းထားတဲ့အတိုင်းကို စီစဉ်အခြေအနေကိုကြည့်ပြီး ဗိုလ်ချုပ်ကိုကို စီစဉ်ခိုင်းထားတဲ့အတိုင်း ပြုလုပ်စီစဉ်ထားပါ။

အခြေအနေကိုဆက်ပြီး ငါတို့ဘက်က ပြုလုပ်ကိုင်တွယ်ဖို့ကိစ္စကို အားလုံးဆင်ပြီး စီစဉ်မှာဖြစ်တယ်။ ဒါကြောင့် အခြေအနေကိုကြည့်ပြီး လက်ရှိစီစဉ်ခိုင်းထားတဲ့ အချက်ကို ပြုလုပ်ပြီးတာနဲ့ သက်မှတ်ထားတဲ့အချိန်ပိုင်းမှာ ပြုလုပ်စီစဉ်သွားဖို့ အသေးစိတ်လုပ်ဆောင်ပါ။

ဤအခြေအနေကို စီစဉ်ပြုလုပ်ခိုင်းထားတဲ့အတိုင်း လက်ရှိနိုင်ငံရေးပိုင်းနဲ့ စစ်ရေးအခြေအနေကိုကြည့်ပြီး ချထားတဲ့ လမ်းကြောင်းများဆင်ပြီး လုပ်ဆောင်သွားဖို့ ပြုလုပ်စီစဉ်ပါ။

ပ-နပတ

လ-ဗခမောင်ရှိန်

နံနက် ၉ နာရီ ၃၀ မိနစ်

လက်ရှိ ခေါင်းဆောင်မင်းသားကြီးကို လက်ရှိအခြေအနေမှာ ထိမ်းသိမ်းထားဖို့ ပြုလုပ်စီစဉ်ပါ။ ဒီခေါင်းဆောင်မင်းသားကြီးကို ထိမ်းသိမ်းထားတဲ့ ကိစ္စကို ပေါက်ကြားမှုမရှိအောင် ပြုလုပ်စီစဉ်ပြီး ခေါင်းဆောင်မင်းသားကြီးရဲ့ ဌာနချုပ်ကိုဝင်ပြီး လက်နက်သိမ်းဆည်းမှုပိုင်းကို အချိန်တိုအတွင်းမှာပြုလုပ်ပြီး ခေါင်းဆောင်မင်းသားကို အာဏာသိမ်းဖို့ သိရှိတာကြောင့် တရားဝင်ကြေငြာသွားဖို့ လိုတယ်။

လက်ရှိ ခေါင်းဆောင်မင်းသားကြီးရဲ့ ဌာနချုပ်ကို မပြုလုပ်ကိုင်ခင်မှာ ထိမ်းသိမ်းထားတဲ့ အချက်အလက်များကို ပေါက်ကြးးမှု မရှိအောင် သေချာပြုလုပ်ဆောင်ရွက်ပြီး ခေါင်းဆောင်မင်းသားကို အနားပေးလိုက်တဲ့ အကြောင်းကို ထုတ်ပြန်ဖို့ကို ငါစီစဉ်မှာ ဖြစ်တယ်။ လက်ရှိအခြေအနေမှာ ဌာနဆိုင်ရာနဲ့ပတ်သက်ပြီး ခေါင်းဆောင်မင်းသားကို နေအိမ်မှာ ထိမ်းထားတဲ့ အချက်ကို ပေါက်ကြားမှုမရှိအောင် ပြုလုပ်စီစဉ်ဖို့ လုပ်ဆောင်ထားပါ။

ပ-ကရင်ပြည်နယ်တိုင်းမှူး

လ-ကကကြည်း

နံနက် ၁၀ နာရီ

အထက်တင်ပြချင်တာက လက်ရှိကရင်ပြည်နယ်တပ် တပ်ရင်းအခြေအနေများနဲ့ ပတ်သက်ပြီး အထက်ကညွှန်ကြားချက်အတိုင်း ထိမ်းသိမ်းဖို့အတွက် ပိုပြီးကြပ်တည်းလာတဲ့ အချက်ကို ရောက်ရှိလာပါတယ်။ လက်ရှိတပ်မတော်နဲ့ ပတ်သက်ပြီး နယ်စပ်စီးပွားရေး ပိတ်ဆို့မှုကြောင့် နယ်စပ်တပ်မ တပ်ရင်းများမှာ ပိုပြီးပြိုကျလာတဲ့အချက် တွေ့ရှိရသည်။ လက်ရှိနယ်စပ်တပ်မ တပ်ရင်းများနဲ့ ကရင်ပြည်နယ် တပ်မတော်၊ တပ်ရင်းများရဲ့အခြေအနေက ပိုပြီးဆိုးသွားနိုင်တဲ့ အချက်ကို တွေ့ရှိရသည်။ လက်ရှိအခြေအနေမှာ အထက်က ပြုလုပ်ခိုင်းတဲ့အတိုင်း လုပ်ဖို့ခက်ခဲတာကို တင်ပြတာပါ။

ပ-တပ်မ (၁၁) တင်ပြချက်

လ-ကကကြည်း

နံနက် ၁၀ နာရီ ၃၀ မိနစ်

အထက်တင်ပြချင်တာက လက်ရှိရဲမွန် အခြေစိုက်တပ်ရင်းများနဲ့ ပတ်သက်ပြီး လက်ရှိအထက်ကပြုလုပ်ခိုင်းတဲ့ အတိုင်းကို ငွေကြေးများနဲ့ ရိက္ခာပိုင်းဆိုင်ရာချပေးပြီး တပ်တွင်းက လက်နက်ခဲယမ်းတစ်ချို့များ ကျနော်တို့ဘက်က သိမ်းဆည်းထားပါတယ်။

နံနက်ပိုင်းမှာ ငွေကြေးမပြည့်အဝချပေးပြီး လက်နက်ကြီးတစ်ချို့နဲ့ လက်နက်ငယ်တစ်ချို့ကို သိမ်းဆည်းပြီး တပ်အတွင်းတည်ငြိမ်အောင်ဆက်ပြီး ပြုလုပ်ဖို့အတွက်ကို အားလုံးစီစဉ်ထားတဲ့အချက်ကို အထက်တင်ပြတာပါ။ လက်ရှိ လုံခြုံရေးပိုင်းကိုတော့ ယူခိုင်းဖို့ ချထားပါတယ်။ ပြုလုပ်ပြီးတဲ့ အခြေအနေကို အထက်တင်ပြတာပါ။

ပ-ကကကြည်း

လ-နပတ

နေ့လည် ၁ နာရီ ၃၀ မိနစ်

အထက်တင်ပြချင်တာက လက်ရှိခေါင်းဆောင်မင်းသားကြီးနဲ့ ပတ်သက်ပြီး အခြေအနေများကို အားလုံးထိမ်းသိမ်း ထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ပြည်နယ်ဖက်က ခေါင်းဆောင်မင်းသားကြီးနဲ့ သက်ဆိုင်တဲ့ ဗိုလ်ချုပ်များကို အနားပေးဖို့အတွက်ကို ကျနော်တို့ ဖက်ကလိုက်ပြီး အခြေအနေကို ထိမ်းသိမ်းခိုင်းထားပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းရှိ ခေါင်းဆောင်မင်းသားကြီးရဲ့ ဌာနတစ်ချို့ကို ထိမ်းထားပြီး အခြေအနေများ အသေးစိတ်ပြုလုပ်ခိုင်းတဲ့အတိုင်း ကျနော်တို့ဘက်က ပြုလုပ်စီစဉ်ထားပါတယ်။

အခြေအနေက တစ်ဖက်က ပြန်လည်တုံ့ပြန်မှုကတော့ မတွေ့ရှိရသေးဘူး။ အထက်ကို တင်ပြတာပါ။

ပ-နပတ

လ-ဗခစိုးဝင်း

နေ့လည် ၂ နာရီ

လက်ရှိပြုလုပ်ခိုင်းထားတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး လက်ရှိတပ်မတော်များရှိ တပ်မ၊ တပ်ရင်းများရဲ့ အခြေအနေကို အားလုံးထိမ်းချုပ်မှုပိုင်းကို ပြုလုပ်ပြီး လက်ရှိအခြေအနေမြှ ညွှန်ကြားချက်အတိုင်း စီစဉ်လုပ်ဆောင်ဖို့ ကိစ္စစီစဉ်ထားတယ်။

တပ်မတော်အတွင်းပိုင်းကို ချပေးထားတဲ့ ငွေကြေးများနဲ့ ရိက္ခာဆိုင်ရာကို ချပေးထားတဲ့ အချက်ပေါ်မှာကြည့်ပြီး လက်ရှိစီစဉ်ခိုင်းထားတဲ့ ကိစ္စများကို အသေးစိတ်ပြုလုပ် စီစဉ်လုပ်ဆောင်ပါ။

နောက်တစ်ခု ဗိုလ်ချုပ်မြင့်စိုးရဲ့ အခြေအနေကိုလည်း ထိမ်းချုပ်မှုပိုင်းကို ပြုလုပ်စီစဉ်ပြီး ပြုလုပ်ပါ။ အဓိကအချက်က မြင့်စိုးတို့ကို စောင့်ကြည့်မှုပိုင်းပြုလုပ်ပြီး တပ်မတော်၊ တပ်ရင်းများကို ထိမ်းချုပ်မှုပိုင်းပြုလုပ်ဖို့ ဗိုလ်ချုပ်စိုးဝင်း စီစဉ်ပြုလုပ်ဆောင်ရွက်ပါ။

ပ-နပတ

လ-ဗခရဲမြင့်

နေ့လည် ၂ နာရီ ၃၀ မိနစ်

ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခြေအနေကောင်းတာနဲ့ လက်ရှိပြုလုပ်ထားတဲ့အတိုင်း ပြုလုပ်သွားဖို့ လုပ်ဆောင်ပါ။ လက်ရှိအခြေအနေက ပိုပြီးအရေးကြီးတယ<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><>

0 Comments to ကြားဖြတ်စက်သတင်း

Post a Comment