မရှိခဏ ( ရေးသူ - မင်းကိုနိုင် )

Thursday, June 17, 2010 1:13 PM | Posted by Anonymous
မရှိခဏ ( ရေးသူ - မင်းကိုနိုင် )

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်


မြွှေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်က မရှိဘူး။

လက်ဖ၀ါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဘူး။

ကိုယ်စီ ခတ်ကွင်းပြင်ကြ
မြစ်ထဲတော့ ၀င်လာတာပဲ
ရေတံခွန်ကြီး ဘွားကနဲ မြင်တော့မှ
အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော် နိုင်တော့ဘူး။

နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲ မရှိဘူး။

လှုပ်ရှားနေလို့သာ ဘ၀လို့ခေါ်ရတာ
ဖေါ်ပြစရာ အဓိပ္ပါယ်လဲ မရှိဘူး။ ။

မင်းကိုနိုင်

( ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပထမအကြိမ် နှစ်ရှည်ထောင်ဒဏ် ကျခံနေခဲ့ရစဉ် စစ်တွေထောင်တွင်း ရေးစပ်ခဲ့ပြီး ထောင်ပြင်ကိုခိုးထုတ်ခဲ့ရတဲ
့ ကဗျာ။ )

0 Comments to မရှိခဏ ( ရေးသူ - မင်းကိုနိုင် )

Post a Comment