မဲဆောက်မှာ နေထီးဆောင်းပြီ

အဓိပတိကြီး


မြန်မာ့ ဒီမိုကရေစီ အင်အားစုများ အများအပြား နေထိုင်ရာ မဲဆောက်မြို့မှ နေထီးဆောင်းတာကို မြင်နေရပါတယ်။ ဒီတော့ စက်တင်ဘာတုန်းက ပေါ်လာခဲ့တဲ့ တဘောင်လေးကို ပြန်သတိရမိလို့ ဝေငှပေးလိုက်ပါတယ်။ တဘောင်လေးကတော့...

ဂငယ် လေးဆူ အုတ်သစ်ထူ
ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့် ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ...
ဝိဇ္ဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည် ။


လို့ဆိုပါတယ်။ အခု ဂ ငယ်သုံးခု ဖြစ်တဲ့...

ဂမ္ဘီရ
ဂမ္ဘာရီ
ဂျွန်ဝီလီယျံ ယက်ထောတို့
ပေါ်ခဲ့ပြီးပြီ။ ခု နေထီးဆောင်းလေပြီ။ သန်းရွှေနှင့် စစ်အုပ်စု ပြုတ်ကျဖို့သာ ကျန်တော့တယ်။





မဲဆောက်မြို့မှ နေထီးဆောင်နေတာကို မြင်ရပုံ

0 Comments to မဲဆောက်မှာ နေထီးဆောင်းပြီ

Post a Comment