အနာဂတ်သစ် ဂျာနယ်

Wednesday, August 18, 2010 9:30 PM | Posted by Anonymous

Tila Tequila - Hot for Teacher - Myanmar Burma It Can't Wait

Sunday, August 8, 2010 9:48 AM | Posted by Anonymous

Jim Carrey - Call to Action on Burma and Aung San Suu Kyi

9:46 AM | Posted by Anonymous

Black Eyed Peas dedication to Aung San Suu Kyi

9:37 AM | Posted by Anonymous

ရှစ်လေးလုံး အဓိဌာန်

9:11 AM | Posted by Anonymous

ထွက်ပေါက်မဟုတ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရန် ပြောကြပြီ

Saturday, August 7, 2010 3:07 AM | Posted by Anonymous

မြင့်မောင် | သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ”အကြမ်းဖက်” ဟု ခေါ်ဝေါ်လိုက်ပြီး ဒီမိုကရေစီ လိုလားသူတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြည်တွင်းရှိ သံဃာ့အဖွဲ့ကြီးနှင့် ကျောင်းသားအဖွဲ့များက တိုက်တွန်းလိုက်သည်။

မြေအောက် လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးတွဲကြေညာချက်တွင် စစ်အစိုးရသည် ” အကြမ်းဖက်ဝါဒီ ကြံ့ဖွံ့ပါတီကို အပြတ်အသတ် မဲအနိုင်ရစေရန် ပြောင်ပြောင်တင်းတင်း ဘက်လိုက်ကာကွယ် ပံ့ပိုးပေးနေသည်” ဟု ရေးသားထားသည်။

“ တရားမဝင်တဲ့ စစ်အစိုးရကို တရားဝင်တဲ့ စစ်အစိုးရဖြစ်အောင် လုပ်တဲ့ပွဲလို့ မြင်တယ် ” ဟု စစ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းမှ ရှောင်တိမ်းနေရင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်ဆင့်က မဇ္ဈိမကို ဆက်သွယ်ပြောကြားသည်။

အလားတူပင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူ အရှင်ဦးကုမာရက “ဒီဟာတွေက မတရားဘူးလို့ ပြည်သူလူထု သိအောင် ချပြပြောဆိုမယ်။ ပြည်သူလူထုကို တတ်နိုင်သလောက် ချဉ်းကပ်ပြီးတော့ မဲမထည့်အောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု မဇ္ဈိမကို မိန့်တော်မူသည်။

သဘောထား ပြတ်သားသော ယခုအဖွဲ့များက ရွေးကောက်ပွဲဝင်ခြင်းဖြင့် နိုင်ငံရေး ဂွင်ကျယ်လာနိုင်သည်ဟု အယူရှိသူများကိုလည်း စိတ်ယူးယဉ်မှုဟု ပြစ်တင်လိုက်သည်။

” ပြောင်းမရ ပြင်မရသော ဖွဲ့စည်းပုံကို အသက်သွင်းပြီးကာမှ လွှတ်တော်ထဲကနေ ဝင်ပြင်မည်ဟု ပြောနေခြင်းသည် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နေလိမ့်မည်။ သင်တို့၏ စိတ်ကူးဖဲဝိုင်းထဲတွင် တိုင်းပြည်၏ ကံကြမ္မာကို လောင်းကြေးမထပ်သင့်ပေ” ဟု ကြေညာချက်တွင် ပါရှိသည်။

ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့တခုဖြစ်သည့် လူ့ဘောင်သစ်ပါတီ DPNS ကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပြန်သည်။

“လက်ရှိ ရွေးကောက်ပွဲ ဥပဒေကို ကြည့်မယ်ဆိုရင် ဒီဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကုန်လုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ကြိုးစားမှုတခု ဖြစ်တယ်။ ဒီနိုင်ငံရေးပါတီတွေအနေနဲ့ မပူးပေါင်းဖို့ လိုသလို ပြည်သူလူထုကလည်း မပူးပေါင်းဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောသည်။

ယနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က စာမျက်နှာ ၄၄ မျက်နှာပါ ’’၈၈ လူထုအသံ’’ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး စာအုပ်၏ ရှေ့မျက်နှာဖုံးတွင် ’’လူထုအမှန် ပဲ့တင်သံ ရှစ်ဆယ့်ရှစ်အသံ’’ ဆောင်ပုဒ်ကို ရေးသားထားသည်။

ထိုစာအုပ် အဖွင့်စကားကို ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် ပြောရေးဆိုခွင့်ရှိသူ ခေါင်းစဉ်ဖြင့် ရေးသားသည်။ စစ်အစိုးရက လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်ချုပ်ချယ်ပြီး စည်းကမ်းပြည့်ဝသော နာမဝိသေသန ထည့်ကာ ဒီမိုကရေစီကို ပုံဖျက်ထားကြောင်းနှင့် ရဲဝံ့စွာ ပြောဆိုရေးသားနေသူများသည် ထိုခေတ် ထိုလူ့ဘောင်၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နေကြောင်း ဆိုထားသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ လမ်းပေါ်ထွက်ကာ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ သို့သော် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း သြဇာခံ သမ္မတဦးစိန်လွင်က စစ်တပ်ကို အသုံးပြုကာ ပစ်ခတ်နှိမ်နင်းသဖြင့် ဆန္ဒပြသူ ၃ဝဝဝ ခန့် သေဆုံးကာ ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။

Revolution, Counter-Revolution & Terror (The Spanish Civil War - Granada UK MCMLXXXIII)

Saturday, July 24, 2010 1:44 AM | Posted by Anonymous
Interviewees: Asuncion Martinez (Labourer's Daughter), Manuel Vazquez Guillen (Labourer (Socialist)), Frederico Escofet (Chief of Police of Barcelona), Eduardo de Guzman (Journalist (Anarchist)), Alvaro Delgado (Art Student (Republican)), Juan Crespo (Monarchist Militiaman), Emilio Bernuz (Anarchist Militiaman), Eduardo Pons Prades (Anarchist Youth), Willie Forrest (Daily Express Correspondent), Francisco Poyotas Lopez (Lawyer), Felix Moreno De La Cova (Landowner), Mario Neves (Portuguese Journalist), Teresa Villalobos (Republican Widow), Raimundo Fernandez Cuesta (Falange (Fascist)), Ramon Serrano Suner (Nationalist), Enrique Lister (Communist Commander), Willie Forrest (Journalist).

People: Francisco Franco, General Mola, Gonzalo Queipo de Llano, General Manuel Goded Llopis, Buenaventura Durruti, Federico Lorca, Juan Yagüe, Francisco Largo Caballero.

Places: Pamplona, Barcelona, Valladolid, Seville, Lora del Rio, Merida, Badajoz, Toledo, Valencia.

Terms: Ideology, Mass Graves and Mass Executions, the Spanish Colonial Army of Africa, Wealth Redistribution by the Workers, Nationalists and Nationalism, Republicans and Republicanism, Socialized Industry, Worker Takeovers, Safe and Healthy Working Conditions, Legalization of Abortion and Contraception, Collectivization of Society's Productive Forces, Investigation Committees of Political Parties, Atheists and Atheism, Marxists and Marxism, Liberals and Liberalism, "Jamas," Spontaneous and Authoritative Executions, Communists and Communism, Death by Firing Squad, the Badajoz Massacre.
http://82.143.209.25/1936-1939/spanie...

Second Spanish Republic (1931-1939):
http://en.wikipedia.org/wiki/Second_S...

Documentos de y sobre La II República Española y la guerra de España de 1936-39:
http://er.users.netlink.co.uk/biblio/...

Spanien:
http://da.wikipedia.org/wiki/Spanien

Spaniens historie:
http://da.wikipedia.org/wiki/Spaniens...

Spanien 1936-1939 (the Spanish Antifascist War):
http://82.143.209.25/1936-1939/

Spain: Chronology, 1933-1996
http://www.staff.brad.ac.uk/sardouin/...

Internationale Brigader:
http://82.143.209.25/1936-1939/interb...

International Brigades order of battle:
http://en.wikipedia.org/wiki/Internat...

...
Category:

Education











(မိုးမခ) ဦးဝင်းတင်နဲ့ မေးခွန်းများ

Tuesday, July 20, 2010 7:11 PM | Posted by Anonymous

ဦးဝင်းတင်နဲ့ မေးခွန်းများ
၂၀၁၀ ရွေးကောက်ပွဲဥပဒေအပြင်က အင်န်အယ်ဒီပါတီ
မိုးမခ
ဇူလိုင် ၂၀၊ ၂၀၁၀
၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်တဲ့ အင်န်အယ်ဒီပါတီဟာ မတ်လ ၂၉ နောက်ပိုင်းမှာ မိမိရပ်တည်ချက်ဖြင့် မိမိ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နိုင်သေးရဲ့လား ဆိုတဲ့ မေးခွန်း …
ကျနော်တို့ကတော့ ပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပြန်လည် ထိတွေ့တာ၊ တွေ့ဆုံဆွေးနွေးတာ၊ ခရီးတွေ ထွက်တာ၊ အဲသည်လိုမျိုး လည်ပတ်မှုတွေ ပိုပြီး လုပ်နေရတယ်။ အဲတာတွေနဲ့ အလုပ်တွေ များနေတယ်လို့ ပြောရင် ရတယ်။ အထူးသဖြင့်ကတော့ အရင်တုံးကထက် ပိုပြီးတော့ ပါတီက ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေဟာ နယ်တွေ၊ ဒေသတွေကို ပိုပြီး ခရီးတွေ သွားဖြစ်လာတယ် လို့ ဆိုရမယ်။
၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ဆက်လက်မပြုလုပ်တဲ့ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရရဲ့ လက်ရှိဥပဒေများအရ နိုင်ငံရေးပါတီတရပ်လို့ မသတ်မှတ်နိုင်တော့တဲ့အတွက် ဒီဖက်ကာလတွေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ တားမြစ်ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရပြီလား …

အခုအချိန်မှာတော့ဖြင့် သူတို့က ဘယ်လိုလုပ်လာမလဲဆိုတာကို မတွေ့ရသေးပေါ့ဗျာ။ သူတို့ဘောင်ထဲက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေက အသံဗလံလေးတွေ ထွက်လာနေတော့ နှစ်ဖက် ရန်ဖြစ်နေရမှာ စိုးလို့လား ဘာလားတော့ မသိဘူးပေါ့။ အကန့်အသတ်တွေ လုပ်လာတာမျိုးတော့ မတွေ့ရဘူး။ စောင့်တော့ကြည့်နေတာတွေတော့ ရှိတာပေါ့။
လူထုနဲ့ ထိတွေ့မှုဟာ ယခင်ကထက် ပိုမိုပြီး ရှိလာတယ်လို့ ပြောချင် ပြောလို့ရတယ်။
လူထုနဲ့ ထိတွေ့မှုတွေ ပိုပြီး ရှိလာတယ် ဆိုတာက ဘာတွေများပါလဲ။
နေရာ ဒေသနဲ့ အောက်ခြေက ပါတီဝင်တွေ၊ လူတွေနဲ့ ပိုပြီး ထိတွေ့မှုတွေ လုပ်လာနိုင်တယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်လာနိုင်တယ်။ လူကြီးတွေကလည်း ခရီးတွေ ထွက်ပြီးတော့ လူငယ်တွေ၊ အခြေခံအဖွဲ့တွေနဲ့ တွေ့ကြ ဆုံကြတာမျိုး လုပ်လာတယ်။ တလောက ကရင်ပြည်နယ် သွားတယ်၊ မော်လမြိုင် သွားတယ်။ ရခိုင်သွားဖို့လည်း လုပ်နေတယ်။ ကချင်တို့ ချင်းတို့လည်း သွားပြီးပြီ၊ မန္တလေးတို့၊ စစ်ကိုင်းတို့အပါအ၀င်ပေါ့ကွာ။ ရှမ်းပြည်လည်း တောင်ပိုင်း မြောက်ပိုင်းလည်း သွားတယ်။ မကြာခင် တနလာင်္ရီဘက်ကို သွားကြမယ်။
အဓိကရှင်းလင်းရတဲ့ မေးခွန်းတွေ ဆွေးနွေးချက်တွေက ဘာလဲ။
များများစားစား ရှည်ရှည်ဝေးဝေးတွေ ပြောနေရတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးအင်အားစု တခုအနေနဲ့ အင်န်အယ်ဒီဟာ ဆက်လက်တည်ရှိနေတယ်။ သေသွားတာ မဟုတ်ဘူး။ ယခင်ကတည်းက ပါတီဟာ နိုင်ငံရေးပါတီတခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မှတ်ပုံတင်ထားခဲ့တာဖြစ်တယ်။ အဲသည်လိုမျိုး ပါတီဟာ ဆက်လက်ရပ်တည်နေတယ်။ အခု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ဥပဒေတွေက မတရားတဲ့အတွက် လက်မခံနိုင်လို့ အဲသည်မှာ ထပ်မံမှတ်ပုံမတင်တာ ဖြစ်တယ်။ အခုလည်းပဲ တရားဥပဒေဘောင်ထဲကနေပြီးတော့ မတရားတဲ့ ဥပဒေတွေ၊ လုပ်ရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေအကျိုးဆောင်အဖွဲ့တွေက တရားစွဲဆိုတဲ့ အလုပ်တွေ ဆောင်ရွက်နေတယ်။ ဒါက တခု။
နောက်ပြီးတော့ - ပါတီကို ပြန်လည် ဖွဲ့စည်းတာတွေ ဘာတွေ လုပ်ဖို့က အရေးမကြီးဘူး။ အခုအချိန်မှာ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ပြန်လည် စုစည်းမိကြဖို့၊ ပြန်လည် တွေ့ဆုံမိကြဖို့၊ အရင်တုံးက မလုပ်နိုင်ခဲ့တာတွေကို အခုချိန်မှာ ပြန်လည် လုပ်ကိုင်နေကြရတာ ဖြစ်တယ် ဆိုတာကို ပြောပြရတာ ဖြစ်တယ်။ Party Consolidation ပေါ့ကွာ။ ဒါက တခု ရှင်းပြရတာဖြစ်တယ်။
နောက်ပြီးတော့ ပါတီဝင်တွေ၊ မိတ်ဆွေတွေဘက်က သူတို့ ဒေသတွေမှာ ရှိနေ ကြုံနေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေကို ပြောပြ ရှင်းလင်းပြကြတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေ ဖြစ်ပါတယ်။
ပြည်သူလူထုက အင်န်အယ်ဒီရဲ့ ယခုလက်ရှိ ရပ်တည်ချက်ကို ဘယ်လို့ တုန့်ပြန်ကြသလဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို သူတို့က သဘောကျတယ်ပေါ့ကွာ။ ထောက်ခံတယ်။ ခုဆိုရင် ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ တစည အပါအ၀င် အခုရွေးကောက်ပွဲကို ၀င်ပါမယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ ဒါဟာ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့သဘောဆိုတာကို ပြောလာကြတာ မျိုးပေါ့။
ဒါပေမယ့် ပါတီမှာ အခုလက်ရှိအခြေအနေမှာကော အခက်အခဲတွေ မရှိဘူးလား။
ဒါပေမယ့် - အခက်အခဲတွေကတော့ ရှိနေတာပေါ့။ အခုလိုမျိုး ဆုံးဖြတ်ချက်ကြီးတခု၊ ရပ်တည်ချက်ကြီးတခုကို ထုတ်ဖော်ပြသလိုက်ရတယ် ဆိုတာက အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဖိအားတွေ အများကြီးကြားထဲကနေ ဆောင်ရွက်လိုက်ရတာဖြစ်တယ်။ အခုလို အပြောင်းအလဲကြီးတခုကို ရွေးချယ် ဖြတ်သန်းလိုက်ရတော့ အဖွဲ့အစည်းတခုအနေနဲ့၊ ပါတီတခုအနေနဲ့ ယိုင်သွားလိုက်ရင် ပြိုသွားတတ်တယ်။ ဒါတွေကို ကျော်ဖြတ်ရတယ်။ အသေးအမွှား အခက်အခဲလေးတွေလည်း အများကြီးပေါ့ကွာ။ ဒီလိုပါပဲ။
အသေးအမွှားအခက်အခဲလေး တခုလောက်ပဲ ပြောပြပါဦး။
ပါတီတခု အဖွဲ့အစည်းတခုအနေနဲ့ ဆက်လက် ရပ်တည်နေရတယ် ဆိုတော့ အနည်းဆုံး ပါတီကို ၀င်ထွက်သွားလာနေသူတွေကို ဧည့်ခံရတာတွေ၊ ဧည့်သည်တွေကို ကျွေးမွေးရတာတွေ ရှိနေရတာပေါ့ကွာ။ အနည်းဆုံးတော့ အဖွဲ့အစည်းတရပ်မှာ ၀င်ထွက်သွားလာနေသူတွေအတွက် ဧည့်ဝတ်ကျေပွန်ရတယ်။ အနည်းဆုံးတော့ နေ့ခင်းထမင်းစားချိန်ဆိုရင် ချဉ်ပေါင်ဟင်းလေးနဲ့ ငပိကြော်လေးနဲ့တော့ ကျွေးမွေးဧည့်ခံနိုင်အောင်တော့ လုပ်ရတာပေါ့။
ခရီးစာရိတ်တို့ ဘာတို့ ဆိုရင်လည်း အားလုံးက မျှဝေပြီး ခံကြရတာတွေ လုပ်ရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အပင်ပန်းခံပြီးတော့ ဘတ်စကားတွေ ဘာတွေ အပင်ပန်းခံ စီးပြီးတော့ သွားကြပေါ့ကွာ။ အဲသလိုမျိုးလေးတွေ လို့ ပြောရမှာပေါ့။
အဲသည်တော့ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် တချို့ပါတီတွေက လူတွေက ကားတွေ ဘာတွေနဲ့ သွားလာနေချိန်မှာ ငါတို့တွေကတော့ ခြေကျင်သွားနေကြရတာမျိုး အခက်အခဲလေးတွေ ရှိတာပေါ့ကွာ။ ဒီလောက်ပါပဲ။
အခုလိုမျိုး ဆရာတို့က ခိုင်ခိုင် ရပ်တည်နိုင်ပြီ လို့ ဆိုတယ်။ အဲသည်အတိုင်း ဆရာတို့ ဆက်လက် ရပ်တည်သွားနိုင်ပါ့မလား။ ဆက်လက် တောင့်ခံနိုင်မယ်လို့ ပြောနိုင်သလား။
ခုချိန်မှာ လူထုက အင်န်အယ်ဒီ ရပ်တည်ချက်ကို ထောက်ခံတယ်။ အင်န်အယ်ဒီပါတီဝင်တွေ၊ မိတ်ဆွေတွေကလည်း စိတ်ဓာတ် တက်ကြွလျက် ရှိတယ်။ ဒီဟာကို ကျနော်တို့က ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ပဲ။ အနီးကပ်ဆုံး အချိန်ဇယားတခုကို ပြောရမယ် ဆိုရင် - အနည်းဆုံး ရှေ့ ၆ လ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် အချိန်တို့၊ သူတို့ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန် တို့က ၆ လလောက် ကြာမယ်။ ပြီးနောက် အဲသည်ရဲ့ နောက် ၆ လ လောက် ရှိတယ်။ ၁ နှစ်လောက် ရှိတယ်။ အနည်းဆုံး အဲသည်အချိန်မှာ ဆက်လက်ပြီး Sustain လုပ်သွားရမှာ ဖြစ်တယ်။
ခုချိန်မှာ နယ်တွေသွားတဲ့အခါ မြို့နယ်တွေမှာ ဘယ်ပါတီဝင်မှ၊ ဘယ်စည်းကော်မီတီမှ ပျက်တယ်လို့ မရှိဘူး။ ၁၄ ၊ ၅ ယောက်လုပ်နေတဲ့နယ်မြေတွေမှာတောင်မှ ၁ ယောက် ၁ လေလောက် ထွက်သွားတာပဲ ရှိတယ်။ ပြောရရင် ဦးခင်မောင်ဆွေတို့ပြောနေတဲ့ မြို့နယ် ၅၀ တို့ ဘာတို့ ဆိုတာတွေက ဘယ် အင်န်အယ်ဒီပါတီတွေမှ ပါတာမဟုတ်ဘူး။ သူတို့ဖာသာ သူတို့ရှာတဲ့ အပြင်လူတွေနဲ့ ပြောတာ ဖြစ်တယ်။ ဒါကြောင့် အခုလိုအခြေအနေမှာတောင်မှ လူထုက အင်န်အယ်ဒီကို နားလည်တယ်၊ ထောက်ခံတယ်။ ဒါကို ဆက်လက် ရှိနေတယ် ဆိုတာ ထင်ရှားတယ်။
ဒါဆိုရင် အယင်တုံးက စစ်အစိုးရ ကန့်သတ်ထားတဲ့ ပါတီနိုင်ငံရေး စည်းကမ်းတွေ ဥပဒေတွေအတွင်းက၊ အောက်ကနေပြီး အင်န်အယ်ဒီဟာ သူ့ကိုယ်သူ Sustain (ထိန်းသိမ်းရေး၊ ရှင်သန်ရေးတွေ) လုပ်ခဲ့ပြီးပြီ၊ အခုကျတော့ - စစ်အစိုးရရဲ့ အလိုကျ ပါတီအဖြစ်ကနေ လွတ်မြောက်ပြီးတော့ ဘယ်လိုမျိုး ရှင်သန်ရေး၊ ထိန်းသိမ်းရေးတွေ လုပ်နေတဲ့ ပါတီ ဖြစ်တယ်လို့ ပြောနိုင်သလဲ။
၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိမ်းသိန်းခဲ့ပြီးနောက်မှာ ပါတီဟာ စစ်အစိုးရအလိုကျ ပါတီရှင်သန်ရေးနဲ့ ရပ်တည်ခဲ့ရတယ်လို့ ပြောနိုင်တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ အခုလိုမျိုး ရပ်တည်လိုက်တယ်။ ဒါဟာ စစ်အစိုးရအလိုကျ ပါတီရှင်သန်ရေးကနေ “ပြည်သူအလိုကျ ဒီမိုကရေစီလမ်းကျ” ပါတီရှင်သန်ရေးလို့ ပြောချင်ပါတယ်။ ပါတီဟာ မသေဘူး၊ ပါတီ မသေအောင်လုပ်နိုင်တယ်။ ဆက်ပြီးတော့ လုပ်နေရမယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေ၊ စည်းမျဉ်းတွေကနေ ရုန်းထွက်ပြီး ရပ်တည်လိုက်တဲ့ ပါတီဟာ ပိုပြီးတော့ ရှင်သန်နိုင်ရမယ်၊ ထိန်းသိမ်းနိုင်ရမယ် ဖြစ်တယ်။
အဲသည်လို ရပ်တည်လိုက်နိုင်တဲ့ အင်န်အယ်ဒီပါတီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ကြံစည် ကြိုးစားနေကြတဲ့ အကြပ်အတည်းတွေ့နေတဲ့ နိုင်ငံရေးပါတီတွေကို အကူအညီပေးရမယ်။ ရှေ့က ဦးဆောင်မှုပေးရမယ်လို့ သဘောထားမျိုးနဲ့ မီဒီယာအင်တာဗျုးမှာ ဆရာ့ကို မေးကြတယ်။ အဲဒါကကော ဆရာတို့အလုပ်ပဲလား။
တကယ်တမ်းကတော့ အခုလိုမျိုး ပါတီကို ပြည်သူလူထု အလိုကျ၊ ဒီမိုကရေစီလမ်းကျ ရပ်တည်ပြီး မသေအောင် ကြိုးစားထိန်းသိမ်းနေရတဲ့အချိန်မှာ မီဒီယာအင်တာဗျူးမှာ မေးလာတာက အခုလိုမျိုး အခြေအနေမှာ အင်န်အယ်ဒီကို ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ၀ိုင်းရံကြမယ်ဆိုရင် ဘယ်လိုလဲ ဆိုတာမျိုး - ပြောချင်တာကတော့ သေမှတော့ လွမ်းသူ့ပန်းခွေပို့ပြီးတော့ ၀ိုင်းရံတာမျိုး မလုပ်နဲ့၊ အခုအချိန်မျိုးပါတီသက်ရှင်နေတုံးမှာ သပြေပန်းနဲ့ ၀ိုင်းရံဖို့ အကောင်းဆုံးပဲ လို့ ပြောချင်တယ်။
နောက်တခုကတော့ - ကျနော်တို့ ပြောနေတဲ့၊ ကျနော်တို့ ပြတဲ့ လမ်းက အရင်ကတည်းက ပြောခဲ့ပြီးသား၊ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ပဲ ဖြစ်တယ်။ ဒါကို ဦးဆောင်မှုပေးပြီး အဖြေရှာပေးနိုင်တာက ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ ဒီအတွက် အဲသည် ရပ်တည်ချက်အတိုင်း ပါတီကို ထိမ်းသိန်း ရှင်သန်နိုင်အောင် ဆောင်ရွက်နေတယ်။
အဲသည်လို ပါတီကို ရှင်သန်အောင် ပြုလုပ်နေတဲ့ ကာလမှာ နိုင်ငံရေးကို အခြေခံတဲ့ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ လုပ်နေတယ်။ နာဂစ်ဒေသ ကူညီထောက်ပံ့ရေးတွေ၊ ပဲခူးနဲ့ အခြားနယ်တွေ ရေရရှိရေးတွေ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို အားပေးကူညီမှုတွေ လုပ်နေတယ်။ နယ်အသီးသီးမှာ ဥပဒေအထောက်အကူအဖွဲ့တွေ ရှိတယ်။ ရှေ့နေမရှိရင်တောင်မှ အင်န်အယ်ဒီက လူတွေက ၀ိုင်းပြီး ကူညီပေးမယ်။ ရှေ့နေတွေနဲ့ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးပေးမယ်။ ဒါတွေ လုပ်ကိုင်နေရတယ်။ အိပ်ခ်ျအိုင်ဗီလူနာတွေ မိသားစုတွေကို ပြုစု စောင့်ရှောက်တာတွေ လုပ်နေတယ်။ လူထုနဲ့ ထိတွေ့မှုတွေ လုပ်နေတယ်။ ဒါတွေက သူတို့ရဲ့ ဥပဒေ စည်းမျဉ်းတွေအရ ပါတီမရှိဘူး ဆိုရင်တောင်မှ အဲသည်အလုပ်တွေဟာ ဆက်ရှိနေအောင်၊ ဆက်ပြီး ရှင်သန်ပြီး လုပ်ကိုင်နေနိုင်အောင် လုပ်နေရတာ ဖြစ်တယ်။
နိုင်ငံတကာကကော အခုအချိန်မှာ အင်န်အယ်ဒီရဲ့ ရပ်တည်ချက်ကို ဆက်လက် အသိအမှတ်ပြုပြီး တွေ့ဆုံဆက်ဆံနေတာမျိုးတွေ တွေ့နေရတယ်။ ဒါက ဆရာတို့ရပ်တည်ချက်ဟာ မှန်ကန်တယ် ဆိုတာကို သက်သေပြချက်တခု ဖြစ်တယ် လို့ ပြောနိုင်သလား။
အဲသလို ပြောချင်လည်း ပြောလို့ရပါတယ်။ အရင်ကတည်းက တွေ့ဆုံဆက်ဆံနေကြ နိုင်ငံတကာက သံတမန်တွေ၊ အဖွဲ့အစည်းတွေကလည်း ပုံမှန် ဆက်လက်ပြီး တွေ့ဆုံကြတာမျိုးတွေ ရှိတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေကို မေးမြန်း စုံစမ်းတယ်။ ဒါက ကျနော်တို့ဟာ သာမန်လူမှုရေးအဖွဲ့အစည်းတရပ်အဖြစ် ပြောင်းလဲပြီး ရပ်တည်လိုက်ပြီလို့ အများက ယူဆလိုက်တယ်သာ ဆိုလို့ရှိရင် အခုလိုမျိုး ဆက်ဆံရေးတွေလည်း ရှိနေမှာ မဟုတ်ဘူးဆိုတာ ထောက်ပြချင်တယ်။ နိုင်ငံရေးအဖွဲ့အစည်းတရပ်အဖြစ် ဆက်လက်ရှင်သန်နေဖို့ ထင်ရှားတယ်လို့ ပြောချင်ပါတယ်။
အဲသည်နေရာမှာ တခုဖြည့်ပြီး ပြောချင်တာက - စစ်အစိုးရက သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲကို ချမှတ်တယ်။ နိုင်ငံရေးပါတီတွေ ထောင်တယ်။ ပါတီထောင်ကြဖို့ကိုလည်း ဖိတ်ခေါ်တယ်။ အဲသည်နေရာမှာ အဲသည်လမ်းကြောင်းက မှန်ကန်တယ်၊ ထိရောက်တယ်၊ ပြည်သူလူထု အလိုကျဖြစ်တယ်၊ ဒီမိုကရေစီနည်းလမ်းကျတယ်သာ ဆိုရင် နိုင်ငံတကာက ချမှတ်အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ၊ တားဆီးကန့်သတ်မှုတွေဟာ အခု ၃ လ၊ ၄ လ အတွင်းမှ လျော့ကျသွားရမယ်။ ဒါပမယ့် အခုအချိန်မှာ အမေ၇ိကန်ရဲ့ အရေးယူပိတ်ဆို့မှုဆိုတာတောင် သက်တမ်းတိုးလိုက်ပြီ ဖြစ်တယ်။ ဒါက လက်ရှိ နိုင်ငံရေးအခြေအနေအရ ဖြစ်ပေါ်လာရတာ ဖြစ်တယ်။ စစ်အစိုးရ စွပ်စွဲလေ့ရှိသလို အင်န်အယ်ဒီက သွေးထိုးလှုံ့ဆော်တောင်းဆိုလို့ ဖြစ်ရတယ် ဆိုတာမျိုး အခုအချိန်မှာ စစ်အစိုးရ ပြန်လှန် ချေပလို့ မရတော့ဘူးလို့ ပြောလို့ရမယ် ထင်တယ်။
မှန်ပါတယ်။ ကျနော်တို့ဖက်က တောက်လျောက် ရပ်တည်ပြီး လုပ်ကိုင်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးဆောင်မှုပေးတယ် ဆိုတာက မတရားတဲ့ ဥပဒေတွေ၊ စည်းကမ်းနည်းလမ်းတွေကို တာဝန်အရ ဆန့်ကျင်ရမယ်၊ မလိုက်နာဘဲ နေရမယ် ဆိုတဲ့ အခြေခံအချက် တခုဖြစ်တယ်။ အခု ၂၀၀၈ အခြေခံဥပဒေဟာ တရားမျှတမှုမရှိဘူး၊ အဲဒါကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေဆိုတာကို လက်မခံနိုင်ဘူး၊ မလိုက်နာနိုင်ဘူး။ ဒါကို ကျနော်တို့က ဆန့်ကျင်တယ် မလိုက်နာနိုင်ဘူးလို့ ထုတ်ဖော်တယ်၊ ရပ်တည်တယ်။ ဒါပါပဲ။ နိုင်ငံတကာက အရေးယူတာ၊ တောင်းဆိုတာတွေကလည်း နအဖစစ်အစိုးရရဲ့ လုပ်ရပ်တွေကို သူတို့နည်း သူတို့သဘောထားအရ လက်မခံနိုင်လို့ ထွက်ပေါ်လာတယ်ဆိုတာ ထင်ရှားတယ်လို့ ပြောနိုင်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်။ ကျနော်တို့ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့်မို့လို့ အရေးယူပိတ်ဆို့မှုတွေ ဖြစ်ပေါ်ရတယ်လို့ လက်ညိုးထိုးစရာ မရှိပါဘူး။
အဲသည်လိုမျိုး အခြေခံပြီး ဆက်ပြီးပြောမယ် ဆိုရင် - ၂၀၀၈ အခြေခံဥပဒေလည်း ရှိပြီ၊ ၂၀၁၀ ရွေးကောက်ပွဲလည်း ဥပဒေပြဋ္ဌာန်ထားပြီးပြီ၊ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေလည်း ရှိနေပြီ။ အဲသည် သူတို့ရဲ့ သတ်မှတ်ချက်တွေ၊ ဘောင်တွေအတွင်းမှာ အင်န်အယ်ဒီလည်း မရှိဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်လည်း မပါလာတော့ဘူး၊ ယခင်က နိုင်ငံရေး အငြင်းပွားမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေကိုလည်း အခု ၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းက ချန်ထားရစ်ခဲ့ပြီ ဆိုရင် - ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချပြီး ဖမ်းထားစရာ လိုတော့လို့လဲ။ လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရတော့မှာပေါ့လို့ စစ်အစိုးရကို ကျနော်တို့ဖက်က ထောက်ပြလို့ ရနိုင်မလား။
ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အချိန်မှာ လွတ်မြောက်ရမှာ ဖြစ်တယ်။ (၂၀၁၀ နိုဝင်ဘာလတွင် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးသည်ဟု သတင်းများတွင် ရေးထားသည် - မိုးမခ) ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တယ် ဆိုတာဟာ ကျနော် မီဒီယာတွေမှာ ပြောဖူးပါတယ်။ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ လွတ်မြောက်လာတယ်ဆိုတာက ပန်းပွင့် တပွင့်လောက် ပွင့်တယ် ဆိုတာမျိုးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ်ဆိုတာက တလောကလုံးမှာ ရှိတဲ့ ပန်းတွေ၊ သစ်ပင်တွေ အားလုံးဟာ မိုးရွာချလိုက်လို့ အားလုံး စိမ်းလန်းစိုပြေ နိုးထလာတာမျိုး ဖြစ်လိမ့်မယ်။ ပြည်သူလူထုဖက်က စိတ်အားတက်ကြွမှုတွေ၊ နိုင်ငံရေးနိုးကြားမှုတွေဟာ ဘာနဲ့ နှိုင်းယှဉ်လို့မရအောင် ပွင့်လန်းလာတဲ့ အချိန်ဖြစ်မယ်။ အဲသည်ကနေပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် လမ်းကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောချင်တယ်။
တိုင်းပြည်အတွက် အဖြေရှာနိုင်မယ်ဆိုတာက အင်န်အယ်ဒီလက်ရှိ ကိုင်စွဲထားတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးပဲ လား ဆရာ။ တပ်မတော်အတွင်းမှာရှိတဲ့ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ လက်နက်ကိုင်ပြီး အကြမ်းဖက် ဖြေရှင်းရေးတွေထက်၊ မတရားတဲ့ တဖက်သတ် ဥပဒေ အာဏာတွေ သုံးစွဲပြီး ဖိနှိပ် ဖြေရှင်းရေးတွေထက် အားလုံးအတူတကွ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရေး သာလျင် အသင့်မြတ်ဆုံးဖြစ်တယ်ဆိုတာကို ဆရာတို့က ဆက်လက်ပြီး ကိုင်စွဲသွားမှာလား။
တချို့က ကျနော့်ကို ပြောကြပါတယ်။ တောက်လျောက်အဖြစ်အပျက်တွေ၊ ဖြစ်ရပ်တွေကို ကြည့်လိုက်မယ်ဆိုရင် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာကို မျှော်လင့်ချက်ထားစရာ မကောင်းတော့ဘူး။ ဒါကို အယုံအကြည်မရှိတော့ဘူးလို့ ပြောကြတယ်။ ဒါက အခြေအနေတွေကို ကြည့်ပြီး ထင်ဟတ်ပြီး ပြောကြတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က မူအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာလျင် လမ်းဖြစ်တယ် လို့ ရပ်တည်ထားပြီး ဖြစ်တယ်။ ဒါကို ကျနော်တို့ကို စွန့်လွှတ်တယ်လို့ ပြောလို့မရဘူး။
အဲသည်တောင်းဆိုချက်ကိုမှ မတောင်းတော့ဘူးဆိုရင် နိုင်ငံရေးအင်အားစုတရပ်အနေနဲ့ ဘာကို သွားတောင်းတော့မှာလဲ။ တွေ့ဆုံဆွေးနွေးကြရေးကို နိုင်ငံတကာကလည်း တောင်းဆိုတယ်။ ကုလသမဂ္ဂမှာလည်း တောင်းဆိုနေကြတာပဲ။ တွေ့ဆုံဆွေးနွေးရေး ကို ဆောင်ရွက်ကြမှာသာလျင် ခုနင်က ကိစ္စတွေဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ အခြေခံဥပဒေ၊ ရွေးကောက်ပွဲအရေးကိစ္စတွေကို အားလုံးက သာတူညီမျှ တရားမျှတစွာ အဖြေရှာနိုင်ကြမှာ ဖြစ်တယ်။
တွေ့ဆုံဆွေးနွေးရေးသာ လမ်းပွင့်မယ်သာ ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေး၊ တိုင်းရင်းသားအရေး၊ ရွေးကောက်ပွဲကိစ္စတွေအပြင် အင်န်အယ်ဒီရပ်တည်မှုတွေကို အစစ အရာရာ ဖြေရှင်းနိုင်မယ်ဆိုတာ လို့ ကျနော်တို့က ပြောနေတာ ဖြစ်တယ်။
အဲသည်မှာ ကရင်ပြည်နယ်ဖက် ခရီးထွက်ရင်းနဲ့ ဆရာတော်ကြီးတပါးနဲ့ ဆွေးနွေးခဲ့တော့ ဆရာတော်ကြီးက ဦးဝင်းတင်တို့ပြောတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာက သာမန်လူတွေ နားမလည်နိုင်ဘူးဆိုရင် ဘုန်းကြီးတို့သုံးတဲ့ ဓမ္မနည်းနဲ့ ဖြေရှင်းကြမယ်လို့ ပြောရင် မကောင်းဘူးလား လို့ ဆွေးနွေးပါတယ်။ အဲသည်တော့ ကျနော်က ပြန်လျှောက်တာက ဟုတ်ပါတယ်ဘုရား၊ ဘယ်အသုံးအနှုံးကို သုံးသုံးပါ။ မြန်မာပြည်မှာက တပည့်တော်ဆိုရင်လည်း နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းကျခံရတယ်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိနေတယ်။ ပစ်တာ ခတ်တာတွေ ရှိနေတယ်။ ဒါဟာ တိုင်းပြည်မှာ အဓမ္မနည်းနဲ့ အုပ်ချုပ်နေလို့ ဖြစ်ရတာ ဖြစ်တယ်။ အဲဒါရဲ့ ဆန့်ကျင်ဖက် ဓမ္မနည်းနဲ့ ချိုချိုသာသာ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး အဖြေရှာကြတာ အကောင်းဆုံးဖြစ်တယ်လို့ အရှင်ဘုရားတို့ကလည်း တိုက်တွန်းပေးကြပါလို့၊ ဟောပြောဆုံးမကြပါလို့ ကျနော်တို့ဖက်က ပြန်ပြီး ဆွေးနွေးခဲ့ပါတယ်။
နောက်ပြီးတော့ ဒီနည်းလမ်းကို ရွေးချယ်တယ်ဆိုတာ ငြိမ်းချမ်းတဲ့နည်း၊ အဖြေတွေ့မယ့်နည်းလို့ ပြောရတာက ဒီဖက်က ဆွေးနွေးမယ့်သူတွေက ထိုက်တန်တဲ့ လူတွေ၊ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေလို့ ပြောရတာ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူပုဂ္ဂိုလ်သက်သက်မဟုတ်ဘူး။ ပြည်သူတွေက ထောက်ခံတယ်၊ တိုင်းရင်းသားတွေက လက်ခံတယ်၊ နိုင်ငံတကာက အသိအမှတ်ပြုထားပြီးသား ခေါင်းဆောင်တဦး ဖြစ်တယ်။ ဒါ့အပြင် ကျနော်တို့ဆီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းဆိုတာ မူတွေ၊ ရပ်တည်ချက်တွေနဲ့ တလျောက်လုံး ရှင်သန်နေတာ ဖြစ်တယ်။ ပြင်ဆင်ထားတာတွေ ရှိနေတယ်။
တပ်မတော်ဖက်ကလည်း လုံးလုံးကြီး သည်လမ်းကြောင်းကို ဆန့်ကျင်နေတာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ထားပြီးသား ဖြစ်တယ်။ လမ်းဖောက်ထားတာပဲ။ သူ့ကို ဆက်သွယ်ရေးဝန်ကြီးလို့ အမည်ပေးထားတာထက် ယူနီတီဝန်ကြီးလို့သာ ဆိုလိုက်ရင် တိုင်းရင်းသားတွေ အားလုံးနဲ့ အင်န်အယ်ဒီနဲ့ တိုင်းပြည်တခုလုံးနဲ့ ဆိုင်တဲ့သဘောတောင် ဖြစ်သွားနိုင်သေးတယ်။ တခါးကို ဖောက်ထားပေမယ့် သော့ခတ်ပြီး ပိတ်ထားတာကတော့ တပိုင်းပေါ့။ ဒါပေမယ့် တပ်မတော်က လက်နက်အားကိုးတဲ့နည်းတွေနဲ့ မဖြစ်ဘူးဆိုတာ သူတို့ သိပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ဒီဖက်က တရုတ်တို့ အာဆီယံတို့ကိုယ်တိုင်ကလည်း ပြောဆိုနေရပြီ ဖြစ်တယ် လို့ ပြောချင်တယ်။
နောက်ဆုံးတနေ့မှာ တပ်မတော် အခြေခံအင်အားစုတွေသာမက တပ်မတော်ခေါင်းဆောင် အင်အားစု အများစုက တိုင်းပြည်အကျိုးစီးပွားအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို ယုံကြည်လာကြမယ်၊ ဆောင်ရွက်လာကြမယ်ဆိုတာကို ကျနော်တို့က လမ်းဖွင့်ထားတဲ့သဘောနဲ့ ဆက်လက် တောင်းဆို ကိုင်စွဲနေရမှာပဲ ဖြစ်တယ် လို့ ပြောချင်ပါတယ်။
(မိုးမခက ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ အီးဘွတ်လေးတော့ ထုတ်ဖြစ်အောင် စီစဉ်နေပါတယ်)

စာရေးဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်များ

7:05 PM | Posted by Anonymous
ဒဂုန်တာရာ (ဓာတ်ပုံ - မိုးမခ)
မူရင်း (ဧရာဝတီ)

ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင် ကြီးများနှင့် တွေ့ဆုံ ဆက်ဆံ ခဲ့ဖူးသော မြန်မာနိုင်ငံ ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် နေထိုင်လျက် ရှိသည့် စာရေးဆရာကြီး ဒဂုန်တာရာအား ဧရာဝတီ သတင်းထောက် ကိုစိုးက အာဇာနည် နေ့နှင့် ပတ်သက်သော အမှတ်တရ မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကျနော်က အခု အသက် ၉၂ ထဲ ရောက်ပြီ။ အဲဒီ အာဇာနည်နေ့ပေါ့ဗျာ။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်၊ အဲဒီတုန်းက ကျနော်လည်း ငယ် သေးတယ်။ ကျနော်က တက္ကသိုလ် သမဂ္ဂမှာ အမှုဆောင် ၂ နှစ် ဆက်တိုက်ဖြစ်ခဲ့ သေးတယ်။ စစ်မဖြစ်ခင်ပေါ့ဗျာ၊ ၁၉၃၉ – ၄၀၊ အဲဒီတုန်းက ဥက္ကဌ က ကိုလှရွှေ၊ အာဏာရှင် လှရွှေ၊ အဲဒီတုန်းက အာဏာရှင်ဆိုတဲ့ စကားလုံးက အကောင်းဗျ၊ ကောင်းတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ အဲဒီနှစ်တွေက ကျနော်က နေ့ကျောင်းသား နေခဲ့တယ်၊ ကျောင်းဆောင် ဘ၀ကတော့ ကျနော် စစ်ကိုင်းကျောင်း ဆောင်၊ ဟို တုန်းက အင်းဝ ၊ စစ်ကိုင်း၊ ပင်းယ ၊ ပဲခူး ဆိုပြီး ကျောင်းဆောင်တွေရှိတယ်၊ တက္ကသိုလ်ကိုတော့ ကျောင်းတိုက်လို့ ခေါ်တယ်၊ ကျနော်တို့က ကျောင်းနေဘက်တွေ ဆိုတော့ သူငယ်ချင်းတွေလို ဖြစ်နေတာကိုး။

အဲဒီ ၁၉၄၇ ကျတော့ ကျနော်က အသက် ၂၉ ၊ ၃၀ လောက်ပေါ့၊ အတိအကျ ဆိုရင် ပြန်တွက်မှရမယ်။ နောက်ဥက္ကဌ က မိတ္ထီလာ ကိုလှမောင်၊ ကျနော်တို့ထက် အများကြီး ကြီးတာပေါ့၊ ဦးနုတို့ တန်းပေါ့၊ ဦးနု လောက်တော့ မကြီးဘူး၊ ဦးနု ကို ကျနော်တို့က ကိုကြီးနု ခေါ်တယ်၊ သူတို့ကတော့ နိုင်ငံရေးလို့ နောင် အခါတော့ ခေါ်တာပေါ့ ဗျာ၊ လွတ်လပ်ရေး လှုပ်ရှားမှုပေါ့၊ တပ်ထဲက ဆိုလို့ ရှိရင် ဗိုလ် လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရန်အောင် အများကြီးပေါ့ဗျာ၊ ရဲဘော် သုံးကျိပ် ခေါ်တာပေါ့၊ အဲဒီတုန်းက နိုင်ငံရေး မဟုတ် သေးဘူး။

ကျောင်းသား သမဂ္ဂ ဆိုတာက ဟို အောက်စ်ဖို့ တို့၊ ကိန်းဘရစ်ခ်ျ တို့၊ လန်ဒန်မှာ ရှိတဲ့ တက္ကသိုလ်တွေ။ အဲဒီက သမဂ္ဂတွေအတိုင်း ဖွဲ့ထားတာ၊ အခြေအနေက အဲဒီလို။

အဲဒီတုန်းက ကျနော်တို့က လွတ်လပ်ရေး လိုချင်တာပေါ့ဗျာ၊ ကျောင်းသားတွေ ၊ တက္ကသိုလ် သမဂ္ဂ၊ ၁၉၃၅-၃၆ ထင်တယ်၊ ကျောင်းသား သပိတ်ဖြစ်တယ်၊ ပညာရေး အတွက်ပေါ့၊ ကိုအောင်ဆန်းကတော့ ၁၉၃၈ – ၃၉ မှာ သမဂ္ဂ ဥက္ကဌ ဖြစ်တယ်၊ တို့ဗမာ အစည်းအရုံးမှာ သခင်အောင်ဆန်း ဖြစ်သွားတယ်။

ကျနော်တို့ လွတ်လပ်ရေး လှုပ်ရှားမှုမှာ ကိုအောင်ဆန်းက ခေါင်းဆောင်လုပ်ခဲ့တာပေါ့။ သူ့ကို အများကြိုက်ကြတယ်၊ ကိုအောင်ဆန်း က စကားအပြော မတတ်ဘူး။ ဒါပေမယ့် ကျနော်ကတော့ သူနဲ့ ပေါင်းလို့ ရတယ်။ သူက ကျနော့်ကို ခင်တယ်။

အဲဒီတုန်းက မှတ်မိသေးတယ်၊ သူက သခင်အောင်ဆန်းလို့ ခေါ်မှ ကိုအောင်ဆန်း လို့ ခေါ်ရင် သိပ်မကြိုက်ချင်ဘူး၊ အဲဒီတုန်းက သမဂ္ဂက လူတွေကလည်း နိုင်ငံရေးလို့ ခေါ်တဲ့ လှုပ်ရှားမှုလုပ်ကြတာ၊ အဖွဲ့အစည်းလှုပ်ရှားမှု၊ ဦးနုက အဲဒီ ၃၅-၃၆ မှာ ဥပဒေ တန်း ပေါ့၊ ဟို တုန်းက ဥပဒေ တန်းတက်ချင်ရင် ဘီအေ အောင်ပြီးတဲ့ လူမှ တက်လို့ရတယ်၊ သခင်သန်းထွန်းက အဲဒီတုန်းက ဆရာဖြစ် သင် ကောလိပ်မှာ အောင်ပြီးပြီ၊ လူတော်ဗျ၊ ငြိမ်းချမ်းရေးသမား လို့ ကျနော်က ထင်တယ်၊ နောက်မှ ဘယ်လိုဖြစ်သွားလဲမသိဘူး။

ကျနော်က အဲဒီကတည်းက ငြိမ်းချမ်းရေး စိတ်ကလေးက ရှိနေတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ငယ်ငယ်ကတည်းက ကျနော်က အကြမ်းပတန်းတွေ သိပ်မကြိုက်ဘူး၊ အဲဒီအချိန်ကတည်းက စတာဗျ။ ကျောင်းသား သမဂ္ဂထဲမှာ ဒေါက်တာ ဘမော်တို့၊ ဒေါက်တာ ဘဟန်တို့ စတဲ့ သူတွေလည်း ရှိတယ်၊ လွတ်လပ်ရေး အတွက် လှုပ်ရှား သူတွေ၊ အရေးကြီးတဲ့ အချိန်တွေပေါ့၊ ကျနော့်ကို လည်း သူတို့က သမဂ္ဂ ဥက္ကဌ လုပ်စေချင်တယ်၊ ၁၉၄၁ လောက်ကပေါ့၊ ကျနော်ကလည်း ရှေ့တန်း သိပ်နေချင်တဲ့လူ မဟုတ်ဘူး၊ အဲဒီ တုန်း က ဗြီတိသျှ အင်ပါယာကို တိုက်ရမှာ၊ လက်နက်ကိုင်ရမယ်ပေါ့ ဗျာ၊ ကျနော်က လက်နက်ကိုင်တာ ၀ါသနာမပါဘူး၊ လက်နက် ကိုင်တာ သိပ်မကြိုက်ဘူး၊ ဟိုတုန်းက ကျနော့်ကို သူတို့က ခေါ်တာ အတွေးသမား အရေးသမား၊ စာရေးတဲ့ ကောင်က ကျနော် တယောက်ပဲ ရှိတာ၊ ဟိုတုန်းက စိတ်ကူးယဉ်တယ်ဆိုတဲ့ စကားလုံးက မပေါ်သေးတော့ အတွေးသမားလို့ ပြောတာပေါ့ဗျာ။

အဲဒီ စနေနေ့ ကိုအောင်ဆန်းတို့ ကျဆုံးမယ့် နေ့က ဗိုလ်ထွန်းလှ ကို ကျနော်က ပြောတယ်၊ ကိုအောင်ဆန်း ကို ပြောလိုက်ပါ၊ ကျနော် ဆောင်းပါး လာယူမယ်၊ အဲဒီတုန်းက သူတို့က ၀န်ကြီးအဖွဲ့ပေါ့၊ ကိုအောင်ဆန်းက အရင် ပဲခူးကျောင်းဆောင်ကနေ ရေကျော်မှာရှိတဲ့ တို့ဗမာ အစည်းအရုံး ဌာနချုပ်မှာနေတယ်၊ သူအိပ်တာ ဖျာလေး တချပ်ပဲ ရှိတယ်၊ တခါတလေ ခေါင်းအုံးက မရှိဘူးနဲ့ တူပါတယ်၊ ခေါင်းက ဆီ က ဖျာမှာ ကွက်နေတယ်၊ အဲဒီမှာ ကျနော် ရောက်သွားတာ၊ ကျနော်က မသိဘူး။

အတွင်းဝန် ရုံးကို ကျနော်ရောက်သွားတော့ ကျနော်က အပေါ်တက်သွားတာ၊ သူတို့ကျဆုံးတဲ့နေရာက အလယ်ခန်း၊ အ၀င်ပေါက် ပေါ့၊ ကျနော်က ၀င်သွားတာ၊ ဘာဖြစ်မှန်း ကျနော်က မသိဘူး၊ အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊ ဟာ ကိုယ်ကျိုးနည်းပြီကွ လို့ ပြောတယ်။

ကျနော် ဘာတခုမှ နားမလည်ဘူး၊ ကျနော်တို့ အတွင်းဝန် ရုံးထဲမှာပဲရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်စကား ပြောတယ်၊ မင်းမကြား ဘူးလားတဲ့၊ ဦစောလူတွေ သတ်သွားတာလို့ပြောတယ်၊ ဦးစောလို့ မပြောဘူး၊ ဆေးရုံပို့လိုက်ပြီ၊ ကိုအောင်ဆန်းကို အ၀တ်ဖြူ အုပ် ထားတယ်၊ သေသွားပြီ၊ ကျနော် “ဦးအောင်ဆန်း၏ နောက်ဆုံးနေ့”ဆောင်းပါးမှာ ရေးထားတယ်၊ ကျနော် အတွင်းဝန်ရုံးရောက် တော့ ကိုအောင်ဆန်းနဲ့ အာဇာနည်တွေကို သယ်သွားပြီ၊ ကျဆုံးတဲ့အချိန် ၁၀ နာရီခွဲဗျ၊ ကျနော် သွားတော့၊ ကျနော် ကိုအောင်ဆန်း နဲ့ ချိန်းထားတာ၊ မသိဘူးလေ။ ကျနော်က ၁၄ လမ်းမှာ နေတာကိုး။

အဲဒီတုန်းကတော့ ဘာမှ မသိဘူးပေါ့လေ၊ ကျနော့် ဘ၀ မှာ ပထမဆုံး လုပ်ကြံမှုကို ကြုံရတာပဲ၊ ဦးစောအဖွဲ့ ဘာညာလည်း မသိ ဘူး၊ နောက်မှ သိတာ၊ သတ်တာတွေ လုပ်ကြံတာတွေ ပထမဆုံး ကျနော့် တသက်တာမှာ ကြုံဖူးတာပဲ။

ဒေါက်တာ မောင်မောင်ရေးတဲ့ စာအုပ်ရှိတယ်၊ ခေါင်းစဉ်က ဘာဆိုလား၊ ပုဂံ စာအုပ်တိုက်က ထုတ်တာ၊ လုပ်ကြံတဲ့နည်းနဲ့ အာဏာ သိမ်းတာ ဦးစော လုပ်တာပဲ၊ သူ့အဖွဲ့က ဂဠုန် ပါတီလို့ ခေါ်တာလား၊ ဂဠုန် အဖွဲ့လို့ ခေါ်လားပဲ၊ မေးမှ ကျနော်လည်း စဉ်းစားရင်းနဲ့ ပြောရတာ၊ အဲဒီ ဂဠုန် ဦးစော ကို ကြိုးပေးတယ်လေ။

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတာ စကြုံဖူးတယ်၊ ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းတာ အရင်က မကြားဖူးဘူး၊ နိုင်ငံရေး သိပ္ပံမှာ အစိုးရ ဆိုတာ ရွေးကောက်တင်မြှောက်ထားတဲ့ဟာ အစိုးရပဲ၊ အာဏာ သိမ်းတယ်ဆိုတာ ကျနော်တို့ အဲဒီမှာ စကြားဖူး တာပဲ၊ ဗိုလ်နေ၀င်း စအာဏာသိမ်းတာပဲ။

ဒီဘက်မှာ ရွေးကောက်ပွဲက ၁၉၉၀ မှာ လုပ်တယ်လေ၊ ရွေးကောက်ပွဲမှာ မဲအများဆုံး ရတာ NLD ။ အဲဒီတော့ အစိုးရဆိုတာ ရွေးကောက် တင်မြှောက်ထားတာလို့ ကျနော်တို့က နားလည်ထားတာ၊ ဗိုလ်ချုပ်နေ၀င်းက တခါ အာဏာ သိမ်းတယ်၊ သြော် အာဏာသိမ်းအစိုးရ ရှိပါလား၊ အဲဒီလို အခြေအနေတွေက ပြောင်းသွားပြီဗျ၊ ကျနော်တို့ နားလည်ထားတဲ့ နိုင်ငံရေး သိပ္ပံနဲ့က ၊ အခုက စစ်တပ် အာဏာသိမ်း အစိုးရ။

တော်လှန်ရေးဆိုတာ အစိုးရကို တိုက်တဲ့ဟာ။ သူပုန်ပေါ့ဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲ လာအောင် လုပ်တာ။ ကျနော်တို့လည်း ငယ်ငယ်တုန်းက သိပ်နားမလည်ဘူး။ ကြီးမှ သိလာတယ်။ လက်နက်နဲ့ အာဏာသိမ်း တယ်။ တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲနည်းနဲ့ အာဏာ သိမ်းရမယ်၊ ဒါပဲ။

ငြိမ်းချမ်းရေးသာလျှင် ဒီမိုကရေစီ ပန်းတိုင်ဖြစ်တယ်၊ ငြိမ်းချမ်းရေး နည်းနဲ့သာ မိတ်ဆွေဖြစ်နိုင်မယ်။

ကျနော် ပြောချင်တယ်ဗျာ၊ အာဇာနည်နေ့ကိုလည်း ကျကျနန လုပ်စေချင်တယ်၊ အာဇာနည်တွေ ကျဆုံးတဲ့ အချိန်ကိုလည်း ဥသြ မှုတ်စေချင်တယ်၊ အရင်အတိုင်း ပုံမှန် လုပ်စေချင်တယ်၊ ကောင်းစေချင်တယ်၊ ဒါပါပဲ။