Showing posts with label Daw Suu Khun Htun Oo. Show all posts
Showing posts with label Daw Suu Khun Htun Oo. Show all posts

အကျဉ်းကျ တိုင်းရင်းသားခေါင်း ဆောင်လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်စုပြော

အကျဉ်းကျ တိုင်းရင်းသားခေါင်း ဆောင်လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်စုပြော



ယခုလ ၁၃ ရက်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က UNA တိုင်းရင်းသားခေါင်းဆောင်များ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ကျနော်တို့ အရမ်းဘဲဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ ဒေါ်စု ကိုယ်တိုင်ကလဲ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဦးစားပေးစဉ်း စားနေတယ်လို့ ပြောတယ် ” - ဟု SNLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းတင်လှိုင်က ပြောပါသည်။

ခွန်ထွန်းဦး နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ ashin-htavara.blogspot.com)

နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီမှ ၂း၃၀ အထိ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ ရုံးချုပ်၌ UNA အဖွဲ့ ၀င် တိုင်း ရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးပူကျင့်ရှင်းထန်(ချင်း)၊ ဦးထောင်ဂိုထန်း(ချင်း)၊ ဦးစော ဟယ်ရီ (ကရင်)၊ မွန်ခေါင်းဆောင်ဖြစ်သည့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်းအပြင် ရခိုင်ခေါင်းဆောင် တဦး နှင့်အတူ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းရွှေကြူး နှင့် စိုင်းတင်လှိုင် တို့ ပါဝင်သည်ဟု သိရှိရပါ သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့ပါတယ်။ အဓိက တော့ ကလေးမြို့ ကြေငြာစာတမ်းအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံဆီသွားဖို့ ပဏာမ လက်ခံထားတယ် လေ၊ နောက်ပြီး လူထုတိုင်းက ပင်လုံစိတ်ဓါတ် ဆိုတာ နားမလည်သေးဘူး၊ ဝေါ့ရှော့ပ့် သဘောမျိုး ဒေါ်အောင် ဆန်းစုကြည် လုပ်ချင်တယ်” - ဟု ဆက်၍ ပြောပြပါသည်။

ထို့အတူ ၂၁ ရာစု ပင်လုံညီလာခံအကောင်အထည် စတင်ဖေါ်ဆောင်ရန် ၀ါရင့်နိုင်ငံရေးသမားများနှင့် တိုင်ပင် ဆွေး နွေးနေကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းခေတ်က လူကိုယ်တိုင် စုံညီတက်ရောက်သည့် ညီလာခံမျိုး မဟုတ် ရင်တောင်မှ IT ခေတ် နှင့်အညီ လုပ်သွားဖွယ်ရှိကြောင်း ပြောပါသည်။

UNA ခေါ် ညီညွတ်သောတိုင်းရင်းသားမဟာမိတ်အဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲမှ လူထုထောက်ခံအားပေး မှုရခဲ့သည့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ခု ပါဝင် ဖွဲ့စည်းထားပါသည်။