Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ခွပ်ဒေါင်းအလံတော်အောက်မှ သွေးစည်းကြစို့

မိုးမခ

ဖျာပုံနီလုံဦး
မေ ၂၁၊ ၂၀၁၀
တောင်ပေါ်က ရေပဲ သောက် သောက်
တောင်အောက်က ရေပဲ သောက် သောက်
အဓိက လူသားဆန်တဲ့ ကိုယ်ချင်းစာ စိတ်ကလေးရှိဖို့ …

တောင်ပေါ်က ဆန်ပဲ စား စား
တောင်အောက်က ဆန်ပဲ စား စား
အဓိက … လူ့ကျင့်ဝတ်သိက္ခာ ထိန်းသိမ်း
ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ …

ငါပြန်လာမယ်

Wednesday, April 21, 2010 11:09 PM | Posted by မင်းအမေလင်
အမိတက္ကသိုလ် ရဲ့
ခြေင်္သေ့ နှစ်ကောင် တံခါးဝမှာ
နေဝင်း နဲ့ စစ်ဝါဒီ တွေကို
မြေမြုတ် သဂြိုဟ်ပြီးတဲ့အခါ

ငါတို့ ရဲ့
အမျိုးသား ခွပ်ဒေါင်းအောင်လံတော်ကို
ပြည်သူ့လွှတ်တော် မှာ အမြင့်မားဆုံး လွှင့်ထူ ပြီးတဲ့အခါ
ငါပြန်လာခဲ့မယ်

မိုးသီးဇွန်
(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)