Showing posts with label ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ. Show all posts
Showing posts with label ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ. Show all posts

အို ဘယ့် - - တေးမြုံငှက်



တေးမြုံငှက်
ခိုင်ထူး

မောင်သစ်မင်းရဲ့ ကဗျာကို ကိုရဲလွင်က သံစဉ် ထည့်ပါတယ်။
ဒီသီချင်းကို ခိုင်ထူးက ပထမဆုံး ဆိုခဲ့ပုံပါပဲ။ တေးမြုံငှက် စီးရီးထဲမှာပါ။
နောက်တော့ ခင်ဝမ်းရဲ့ ပန်းခရမ်းပြာ စီးရီးမှာ ဒီသီချင်းကို ထပ်တွေ့ပြန်တယ်။
ဆိုဟန် မတူကြပါ။
ခိုင်ထူးက သူ့ပုံစံအတိုင်း အားမာန်အပြည့်၊ စာသားတွေကို တလုံးချင်း ပီပီသသ ဖြစ်အောင် ဆိုတယ်။
ခင်ဝမ်းကတော့ အားမာန် မထည့်ဘူး။ ခပ်အေးအေး ဆိုတယ်။ ဆွေးဆွေးမြေ့မြေ့ ဆိုတယ်။
အဆိုတော်ကြီး ၂ ယောက်လုံးက သူ့ပရိသတ်နဲ့သူ ခိုင်ခိုင်မာမာ ရှိကြပါတယ်။

youtube မှာ တွေ့ရတဲ့ ဒီစတိတ်ရှိုးက ခိုင်ထူးရဲ့ တကိုယ်တော် တင်ဆက်မှု ဖြစ်ဖွယ် ရှိပါတယ်။ သြစတေးလျရောက် ဗဟိန်းတင် ဆိုတဲ့သူက လွန်ခဲ့တဲ့ ၈ လက တင်ထားတာပါ။ သူတင်ထားတာလို့ သွားကူးယူပြီး ဒီမှာ ပြန် ဖော်ပြနိုင်တဲ့အတွက် သူ့ကို ကျေးဇူး တင်ပါတယ်။

သူ့စာမျက်နှာ http://www.youtube.com/user/baheintin မှာ ဒီတပုဒ်တည်း တွေ့ရပါတယ်။ ခိုင်ထူးပရိသတ် ဖြစ်နိုင်သလို မနေ့က ကွယ်လွန်သွားတဲ့ ဒီသီချင်းကို ရေးသားခဲ့သူ မောင်သစ်မင်းရဲ့ ပရိသတ်လည်း ဖြစ်နိုင်ပါတယ်။
ခံစားကြည့်ကြပါအုံး - ဆရာ့ရဲ့ တေးကဗျာ၊ ကိုရဲလွင်ရဲ့ သံစဉ်၊ ခိုင်ထူးရဲ့ ဆိုဟန် နဲ့ လေးဇီးကလပ်ရဲ့ လက်ရာ။
-
(ဖြည့်စွက်ချက် - လေးဇီးကလပ်ရဲ့ လက်ရာ မဟုတ်ဘူးလို့ စာဖတ်သူ တယောက်က ထောက်ပြပါတယ်။ ဇာလျန်း၊ ပက်ထရစ်တို့တီးဝိုင်းရဲ့ လက်ရာဖြစ်ပါတယ်။)

Credit to Irrawaddy blogspot