Showing posts with label pp invite inland. Show all posts
Showing posts with label pp invite inland. Show all posts

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ ကျင်းပပြုလုပ်မည့် ရွှေဝါရောင်လေးနှစ်ပြည့် အခမ်းအနား ဖိတ်ကြားစာ (ပြည်တွင်း)

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ ကျင်းပပြုလုပ်မည့် ရွှေဝါရောင်လေးနှစ်ပြည့် အခမ်းအနား ဖိတ်ကြားစာ (ပြည်တွင်း)

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် နှင့် အခြားသော ဒီမိုကရေစီအင်အားစုများ ပူးပေါင်းစီစဉ်ပြုလုပ်သော ရွှေဝါရောင်လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်ကို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အား လေးစား အလေးထားသော ပြည်သူလူထုကြီးအား လေးစားစွာဖြင့် အသိပေး ဖိတ်ကြားအပ်ပါသည်။

ရည်ရွယ်ချက်
- ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး အကျဉ်းချထားခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာစေရန်။

- ပြည်တွင်းစစ်ရပ်စဲပြီး လွတ်လပ်၍တန်းတူ တွေ့ဆုံဆွေးနွေးသော နည်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန်။

- ပြည်သူလူထုဆန္ဒကိုလေးစားအသိအမှတ်ပြုသောအားဖြင့် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းအား လုံးဝဖျက်သိမ်းစေရန်။

- ရွှေဝါရောင်အား (လူထုသင်္ကေတ) အရောင်အဖြစ် သဘောထား၍ လူထုတစ်ရပ်လုံး ပါဝင်သော လွှတ်တော်ပြင်ပ လူထုအခြေခံနိုင်ငံရေး အားကောင်းစေရန်။

အစီအစဉ် ၁။ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
နေ့စွဲ - ၂၆.၉.၂၀၁၁ ( တနင်္လာ)
အချိန် - ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ
နေရာ - မကွေးပရိယတ္တိစာသင်တိုက်၊ (၁) ရပ်ကွက်၊ အနော်ရထာလမ်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ် (၅၀) ကွေ့အနီး။ ဇေယျာမင်း-၆၇/ ၆၁ အနီ / ၃၆BM ကားများစီးပါ။

အစီအစဉ် ၂။ ရွှေဝါရောင် (လူထုကိုယ်စားပြုအရောင်)
လှုပ်ရှားမှုအစီအစဉ်
နေ့စွဲ - ၂၆.၉.၂၀၁၁ (တနင်္လာ)
အချိန် - ၁း၀၀ နာရီ မှ ၂း၀၀ နာရီအထိ
နေရာ - ရွှေဝါရောင်အင်္ကျီများ ၀တ်ဆင်၍ ဆူးလေဘုရားမှတ်တိုင်(၄၅ ကားဂိတ်၊ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့နှင့် ဆူးလေဘုရား၌ ဆုတောင်းခြင်း အစီအစဉ်။


သတင်းနှင့်ပြန်ကြားရေးရာ ဆပ်ကော်မတီ