Showing posts with label ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား. Show all posts
Showing posts with label ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား. Show all posts

ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့မှာ ကျင်းပတဲ့ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့မှာ ကျင်းပတဲ့ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား....

အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အမှုဆောင် လူကြီးများအား တွေ့ရစဉ်...
အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦးအား အဖွဲ့ချုပ် ပါတီဝင် အမျိုးသမီးကြီးတစ်ဦးမှ ဂုဏ်ပြုပန်းစည်းပေးအပ်နေပုံ
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား ကျင်းပရာ အဖွဲ့ချုပ်ရုံးချုပ်သို့ အလာတွင် အဖွဲ့ချုပ်ပါတီဝင် အမျိုးသမီးများမှ ဂုဏ်ပြုပန်းစည်းများနှင့် ကြိုဆိုနှုတ်ဆက်နေကြစဉ်...
အဖွဲ့ချုပ်လူငယ် တာဝန်ခံကိုရာဇာနှင့် ရင်းနှီးစွာ နှုတ်ဆက် စကားပြောနေတဲ့ HIP HOP အဆိုတော် ကိုဇေယျာသော်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် စာတမ်း ကိုင်ဆောင်ထားသော အဖွဲ့ချုပ် ပါတီဝင်တစ်ဦးအား အဖွဲ့ချုပ်ရုံးရှေ့၌ ယနေ့နံနက် ၁၀း၃၀ အချိန်တွင်တွေ့ရစဉ်...

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၁ နှစ်မြောက်နေ့ ဖြစ်သည့် ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် လွတ်မြောက် နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင်လူကြီးများ၊ အဖွဲ့ချုပ်ပါတီဝင်များနှင့် HIP HOP အဆိုတော် ကိုဇေယျာသော်၊ ကိုမျိုးသိန်း(ခ)ဂျွန်နသန် အစရှိသည့် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံကြခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အကျဉ်းသား(၅၆)ဦး တက်ရောက်ခဲ့ပါသည်။