Showing posts with label Burmese Jade. Show all posts
Showing posts with label Burmese Jade. Show all posts

သိန်းပေါင်း သုံးသောင်း တန်တဲ့ ကျောက်စိမ်းတုံး

သိန်းပေါင်း သုံးသောင်း တန်တဲ့ ကျောက်စိမ်းတုံး

ယခုလအတွင်း မန္တလေး ကျောက်ဝိုင်းတွင် ထူးထူးခြားခြား ကျောက်အောင်သည့် သတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပြီး အားကျသူများလည်း ရှိခဲ့သည်။ တောင်မြို့ (အမရပူရ)သား ပိုင်ဆိုင်သော “မည်းကျောတုံး” (အရိုင်းတုံး) ခါးတစ်နန်း ဖြတ်ကျောက်မှ ဖင်ခြေတွင် ဂန်းထိုး (အခွံချွတ်)ရာ အရည်ပွက်ပြီး အရည်အသွေး ကောင်းမွန်၍ ကျောက်အောင်ခဲ့သည်။ အဆိုပါ ကျောက်အား လက်ရှိဈေးကွက်တွင် သိန်းပေါင်း သုံးသောင်းပေး၍ ၀ယ်လျက်ရှိသော်လည်း ပိုင်ရှင်မှ ရောင်းချခြင်း မပြုသေးကြောင်း သတင်းရရှိပါသည်။(နောက်ဆုံး သြဂုတ်လ ၁၂ ရက်နေ့ သတင်းအရ ကျောက်စိမ်းတုံး တန်ဖိုးမှာ သိန်းပေါင်း တစ်သိန်းအထိ ဈေးမြင့်တက်သွားကြောင်း သိရပါသည်။)

ချစ်မိုး

မန္တလေးအလင်း
သြဂုတ်လ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်