Showing posts with label Burmese Helping Burmese. Show all posts
Showing posts with label Burmese Helping Burmese. Show all posts

မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ်

မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ် - ၂၀၁၀ နှစ် အလှူငွေ အမေရိကန်ဒေါ်လာ ၃,၁၁၇၆.၈၈ ဖြင့် စာရင်းချုပ်

မိုးမခ

ဒီဇင်ဘာ ၂၀၊ ၂၀၁၀

၂၀၁၀ ခုနှစ် နှစ်ချုပ် စာရင်းအရ တနှစ်ပတ်လုံး မြန်မာပြည်ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေက စုစုပေါင်း အလှူငွေ ပမာဏ ယူအက်စ်ဒေါ်လာ ၃ သောင်း၊ ၁ ထောင်၊ ၁ ရာ၊ ၇၆ ဒေါ်လာနဲ့ ၈၈ ဆင့်ကို အများပြည်သူ၏ အလှူငွေအဖြစ် ထူထောင် ကူညီနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၇ သံဃာ့အရေးတော်ပုံက အစပြုပြီး ကိုယ်ထူကိုယ်ထ စတင်ခဲ့သည့် အမျိုးသားရေး ကူညီမှု ရန်ပုံငွေ လှုပ်ရှားမှု ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာအမျိုးသားများက ပြည်တွင်းရှိ အမျိုးသားရေးလှုပ်ရှားသူ အတိုက်အခံများ၊ စွန့်လွှတ်စွန့်စားသူ သံဃာတော်များကို လက်လှမ်းမီသလောက် အကူအညီပေးတဲ့ စေတနာဝန်ထမ်း အလုပ်တခု အဖြစ် - Burmese Helping Burmese - မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ ဆိုတဲ့ အမည်ပေးထားတာ ဖြစ်ပါတယ်။

၂၀၀၉ တုန်းက ရန်ပုံငွေအလှူလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာမှာ စုစုပေါင်းအလှူငွေ ဒေါ်လာ ၂ သောင်း ကူညီလှူဒါန်းနိုင်ခဲ့ပါတယ်။

၂၀၀၈ တွင် ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေ (နှစ်သောင်း ခြောက်ထောင် နဲ့ ခုနှစ်) ၂၆၀၀၇.၀၀ နှင့် နာဂစ် ကူညီမှု ရန်ပုံငွေ (နှစ်သောင်း) ၂၀၀၀၀.၀၀ ကောက်ခံရရှိခဲ့ပြီး စုစုပေါင်း (လေးသောင်း၊ ခြောက်ထောင်နဲ့ ခုနှစ်) ၄၆၀၀၇.၀၀ ကို လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ရန်ပုံငွေ အမေရိကန် ဒေါ်လာ (ခြောက်သောင်း၊ ရှစ်ထောင်၊ သုံးရာ ဒဿမ ခုနှစ်ဆယ့်ခြောက်) ၆၈၀၃၀၇.၇၆ ရရှိခဲ့ပြီး ဝေယျဝစ္စ စာရိတ်မရှိဘဲ ပြည်တွင်းကို ကူညီခဲ့ပြီး ဖြစ်ပါတယ်။

ဝိုင်းဝန်းလှူဒါန်းကြသူ မြန်မာမိသားစုများ၊ ရဟန်းသံဃာတော်များကို ဒီနေရာကနေ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။

မိုးမခ မီဒီယာက အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးနှင့် အခွန်ဌာန စည်းမျဉ်းများနဲ့ အညီ အများအကျိုးပြု လုပ်ငန်း (Non Profit Organization – 501(C)3 ) အဖြစ် မှတ်ပုံတင်ထားတဲ့အတွက် အများပြည်သူအနေနဲ့ မိုးမခရန်ပုံငွေကို လှူဒါန်းကူညီမှုပေးရာမှာ ဥပဒေနှင့်အညီ ၀င်ငွေခွန်ကင်းလွတ်ခွင့် တင်ပြခွင့် ရမှာ ဖြစ်ပါတယ်။

လစဉ်လှူဒါန်းမှု အစီရင်ခံချက်တွေကို သည်နေရာမှာ ကြည့်ရှုနိုင်ပါတယ်။

http://moemaka.com/donate.html