Showing posts with label “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ. Show all posts
Showing posts with label “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ. Show all posts

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးတဲ့ “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ


မဇ္ဈိမလှိုင်း ကိုရဲလွင်..
ပြီးခဲ့တဲ့ မေလ၁၇ရက်နေ့က ကော့သောင်း အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ကိုဇေယျာသော်အား အဖွဲ့ချုပ်လူငယ်များ နှင့်အတူ တွေ့ရစဉ် ... ယနေ့လူထုခေါင်းဆောင်နှင့်တွေ့ဆုံဖို့ ရှိပါတယ်..။ လေးစားဂုဏ်ယူပါတယ်... ကိုဇေယျာသော်..
ယနေ့ မနက် ၁၀ နာရီက ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ ပြင်ပဓါတ်ပုံပညာရှင်များနဲ့ အဖွဲ့ချုပ်မှ ဓါတ်ပုံဝါသနာရှင်များ ပူးပေါင်းပြီး ဓါတ်ပုံပြပွဲ ခင်းကျင်းပြသ ခဲ့ပါတယ်။ ပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အထွေထွေအတွင်းရေးမှုး) ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဓါတ်ပုံပြပွဲ ကဒ်တလောက်များကို ဒေါ်အောင်ဆန်းစုကြည်မှ အမှတ်တရလက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ ဓါတ်ပုံ များကို အမှတ်တရအဖြစ် ၀ယ်ယူသိမ်းဆည်း လိုသူများအတွက်ဓါတ်ပုံတပုံလျှင်(ကျပ်၅သောင်း)နှုန်းဖြင့် ရောင်းချ ပေးပါတယ်။ ရောင်းရသောငွေကြေးများကို ဓါတ်ပုံပညာရှင်များမှ အဖွဲ့ချုပ်သို့ အထွေထွေရန်ပုံငွေအဖြစ် လှုဒါန်း ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ သတင်းယူနေစဉ် အချိန်အတွင်းမှာပင် ဓါတ်ပုံမြတ်နိုးသူများမှ ဓါတ်ပုံ(၇)ပုံ ၀ယ်ယူအားပေးသွားကြောင်း သိရှိရပါတယ်။ ကြွရောက်လာကြသော ဓါတ်ပုံပညာရှင်များ၊ ဧည့်သည့်တော်များ နှင့်နိုင်ငံခြား ဧည့်သည်များအား ကော်ဖီဖြင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။ ပြပွဲကို မေလ ၂၃ရက်မှ ၂၅ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်..