U Win Tin's book ဘာလဲဟဲ့ လူ့ငရဲ

လူရှင်သင်္ချိုင်း

6:02 PM | Posted by Anonymous
Lu Shin Thin Chaing - Nay-Lin လူရှင်သင်္ချိုင်း

Ayeyarwady Workshop Papers 17th Sept 2011

5:59 PM | Posted by Anonymous
Ayeyarwady Workshop Papers 17Sept11

Bi Weekly Eleven 4/24

5:56 PM | Posted by Anonymous
Bi+Weekly+Eleven+4 24

Envoy Vol 2/ No 12

5:52 PM | Posted by Anonymous
Envoyvol2No-21

The Myanmar Post (3/36)

5:50 PM | Posted by Anonymous
The+Myanmar+Post+3 36

7 Day News Journal 10-27

5:43 PM | Posted by Anonymous
7daynewsjournal10-27

“မြစ်ပျောက်ရင် တိုင်းပြည် ပျောက်မယ်”

Monday, September 19, 2011 11:13 PM | Posted by Anonymous

ဧရာဝတီ Thursday, 15 September 2011 12:42 အင်တာဗျူး

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်၏ အစ မေခနှင့် မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရနှင့် တရုပ်အစိုးရပိုင် CPI ကုမ္ပဏီတို့ ပူးပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်း တည်ဆောက်နေသည်။ အဆိုပါ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ဧရာဝတီမြစ် တိမ်ကော ပပျောက်နိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်းကို ထင်ရှားသူများက ပြောဆိုနေကြရာ ပြည်သူအများ စိတ်ဝင်စားမှု များပြားလျှက်ရှိသည်။

Sayar-Mg-Sein-Win-Pateekoneဧရာဝတီအကြောင်း ကဗျာနှင့် စာပေဟောပြောမှုများ၊ လှုံ့ဆော်မှုများမှာ အင်တာနက် လူမှုကွန်ယက်များတွင် ပြန့်နှံ့လျှက်ရှိရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာများ၊ ဟောပြောချက်များကိုလည်း လူအများ စိတ်ဝင်စားလျှက်ရှိသည်။ ထို့ကြောင့် မောင်စိန်ဝင်း (ပုတီးကုန်း) အား ဧရာတီမြစ်နှင့် ပတ်သက်သည့် ၎င်း၏ ထင်မြင်ချက်၊ ခံယူချက်များကို ဧရာဝတီမဂ္ဂဇင်း သတင်းထောက် လင်းသန့်က မေးမြန်းထားပါသည်။

မေး။ ။ ဧရာဝတီမြစ်အရေး ဆရာ့ရဲ့ခံစားမှုနဲ့ အမြင်ကို ပြောပြပေးပါလား။

ဖြေ။ ။ ကျနော်ခံစားရတာက ပြည်သူပြည်သား အများနည်းတူ ခံစားရတာပါ။ ကျနော်က အဲဒီ ဧရာဝတီနဲ့ ပတ်သက်လို့ ဟိုးအရင် စာပေဟောပြောပွဲတွေကတည်းက ဟောပြောဖြစ်တယ်။ ကျနော် အဓိက ပြောတာကတော့ ကျနော်တို့ ရသ စာပေသမားက ကဗျာရေးတဲ့အချိန်မှာ ပတ်ဝန်းကျင် အခြေအနေ ပြောင်းသွားရင် ကဗျာဟာ ပြောင်းလဲသွားတယ် ဆိုတာကို သက်သေပြချင်တာ။ ဟိုး အစောပိုင်း မြစ်ဆုံကို ကျနော် ရောက်ခဲ့စဉ်က အရမ်းလှတဲ့ မြစ်ဆုံကို ကြည့်ပြီး အရမ်းလှတဲ့ ကဗျာတွေ ထွက်တယ်။ မနှစ်က မြစ်ဆုံကိုရောက်တော့ မြစ်ဆုံ ပျက်စီးနေတာ တွေ့တော့ “မြစ်ကော” ဆိုတဲ့ ကဗျာမျိုး ထွက်တယ်။ အဲဒီမှာ စပြီး ကျနော် တော်တော်ပြောဖြစ်တယ်။ နောက်ပိုင်း မြစ်က တော်တော်စိုးရိမ်စရာ အခြေအနေ ရောက်လာတော့ ဂျာနယ်တွေ၊ စာစောင်တွေမှာ အဲဒီဘက်ကို အလေးပေးပြီး တော်တော် များများ ပြောဖြစ်တယ်။

မေး။ ။ မြစ်ဆုံဆည် စီမံကိန်းကိစ္စ၊ ပညာရှင်တွေရဲ့ သုတေသန စာတမ်းတွေ ပေါက်ကြားလာတော့ လူတွေ ပိုပြီး စိုးရိမ်လာတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ စိုးရိမ်မှု ဘယ်လိုရှိတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော့် ကဗျာထဲမှာ ပါတဲ့အတိုင်းပဲဗျ။ ဘာလဲ ဆိုတော့ မြစ်ပျောက်ရင် တိုင်းပြည်ပါ ပျောက်မယ်၊ လူမျိုးပါ ပျောက်မယ်။ အဲဒီလောက်ထိကို စိုးရိမ်စရာကောင်းပါတယ်။

မေး။ ။ မြစ်ဝှမ်းတွေဆိုတာ လူ့ယဉ်ကျေးမှု စတင်ပေါက်ဖွားရာ ဖြစ်နေတယ်၊ မြစ်ကြီး ပျောက်ကွယ်သွားရင် ဆရာပြောသလို လူမျိုးပါ ပျောက်ကွယ်သွားမယ်၊ ယဉ်ကျေးမှုပါ ပျောက်ကွယ်သွားမယ် ဆိုတော့ ဒီလောက် စိုးရိမ်စရာ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံသားတွေကို အသိပညာပေးမှုတွေ၊ သတင်းအချက် အလက် မျှဝေပေးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တယ် ထင်ပါသလဲ။

ဖြေ။ ။ ဒီကိစ္စ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်ဗျ။ ဘာလို့ ကျနော်ပြောနိုင်သလဲ ဆိုတော့ ပြီးခဲ့တဲ့ နှစ်ပတ် လောက်ကပဲ ဒယ်အိုးဆရာတော် ဦးစီးတဲ့ ဆီမှာ တနိုင်ငံလုံးက ပရဟိတ လုပ်နေကြတဲ့ အဖွဲ့တွေအများကြီးနဲ့ ဆုံတယ်။ အဲဒီ မှာ စကားပြောဖို့ ကျနော့်ကို မိနစ် ၂၀ လောက် အချိန်ပေးတယ်။ ကျနော်သွားပြောပါတယ်။ ပြောတဲ့အချိန်မှာလည်း အဲဒါလေးပဲ အဓိက ထားပြီးတော့၊ ပရဟိတ သမားတွေအနေနဲ့ ပိုပြီးတော့ အမျိုးသားရေး တာဝန်အနေနဲ့ တာဝန်ရှိတယ် ဆိုတဲ့ အကြောင်းလေး ကျနော် ပြောဖြစ်တယ်ဗျ။ အဲဒီမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆရာမ သန်းမြင့်အောင်တို့၊ ကိုကျော်သူ့ဇနီး မရွှေဇီးကွက်တို့ ကလည်း ရောက်နေတယ်။ သူတို့နဲ့အတူတူ လက်မှတ်ထိုးဖို့ စာရွက်တွေလည်း ပါလာတယ်ဗျ။ ကျနော်စကားပြောရင်း လက်မှတ်ထိုးဖို့ ကိစ္စလေးတွေပါ ပန်ကြားတော့ ကျနော် ပြောပြီးတာနဲ့ ဘယ်မှာထိုးရမလဲ၊ ဘယ်မှာထိုးရမလဲ ဆိုပြီး လူတွေက တော်တော်ကို စိတ်ဝင်တစား ရှိတယ်ဗျ။ တော်တော် ချစ်ဖို့ ကောင်းပါတယ်။ လေးစားဖို့လည်း ကောင်းပါတယ်။

မေး။ ။ တချို့ပြောနေတာတွေ ရှိတယ်။ စိတ်ဝင်စားတဲ့သူက ရေဒီယို နားထောင်တဲ့သူတို့၊ ဒီအကြောင်း သိတဲ့ သူတို့ပဲ၊ တော်တော်များများက မသိကြသေးဘူးလို့ ပြောနေကြတယ်။ စိုးရိမ်စရာ အခြေအနေ ရှိတယ် ဆိုတာကို တတိုင်းပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေးအတွက် ဘယ်လိုတွေ လုပ်ဆောင်နိုင်မလဲ။

ဖြေ။ ။ ကျနော့် အတွေ့အကြုံလေး တခုကို ဒီနေရာမှာ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပဲ နတ်တလင်း မှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုပြီး မိုးလေ၀သက ဒေါက်တာထွန်းလွင်တို့နဲ့ ဟောပြောပါတယ်။ ဟော ပြောတော့ ကျနော်တို့က ဧရာဝတီအရေးပဲ ဇောင်းပေးပြီး ပြောတယ်။ အဲဒီမှာ အများစု ပရိသတ်က တောရော၊ နယ်က ပါ ဖြစ်နေတယ်။ သူတို့လည်း တော်တော် စိတ်ဝင်စားပါတယ်။ သူတို့စိတ်ဝင်စားတယ် ဆိုတာ ဘာလို့သိလဲ ဆိုတော့ ကျနော်နဲ့အတူ လက်မှတ်ထိုးဖို့ စာရွက်တွေလည်း ပါသွားတော့ သူတို့ လက်မှတ်ရေးထိုးကြတယ်။ ဒါက တချက် ပေါ့ဗျာ။ ပြီးတော့ တောင်ငူအပါအ၀င် တခြားနယ်မြို့တွေမှာလည်း အဲဒီလှုပ်ရှားမှု လုပ်နေတယ် ကြားလိုက်ရတယ်။ နောက်တချက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ အစက စိတ်ဝင်စားချင်မှ စိတ်ဝင်စားကြမယ်။ ဒါပေမယ့် ဒယ်အိုးဆရာတော်ဆီ လာတဲ့ ပရဟိတ လုပ်နေတဲ့အဖွဲ့တွေက အဖွဲ့ ၉၀၀ ကျော်တယ်ဗျ။ အဲဒီအဖွဲ့တွေက မြန်မာပြည်အနှံ့က လာကြတာ။ သူတို့တွေကို ဧရာဝတီမြစ်ကိစ္စ ပြောလိုက်တော့ သူတို့ အတော်စိတ်ဝင်စားကြတာ တွေ့တယ်။

ပြီးတော့ ကျနော်က ဘာကိုမျှော်လင့်လဲဆိုတော့ အဲဒီအဖွဲ့တွေ သူတို့ အရပ်ဒေသတွေပြန်ရောက် သွားကြတဲ့အခါ သူတို့က ပရဟိတ သမားတွေဆိုတော့ ငြိမ်နေမှာ မဟုတ်ဘူးဗျ။ လှုပ်ရှားမှုကို ဆက်လုပ်မယ်လို့ ကျနော့် စိတ်ထဲမှာ ယုံနေတယ်။ ကျနော်တို့ စာရေးဆရာတွေ အနေနဲ့ တတ်နိုင်တာကတော့ ကျနော်တို့ ဟောပြောပွဲတွေ သွားနေတဲ့ အခါမှာ ထပ်တယ်ပဲ ပြောပြော၊ ဘာပြောပြော ကျနော်ကတော့ ဒီကိစ္စကို အလေးပေး ပြောတာပဲ။ ဒါက ကျနော်တို့ လုပ်နိုင်သလောက်လေးပေါ့။

မေး။ ။ ဧရာဝတီအရေးဟာ သဘာဝပတ်ဝန်းကျင်အရေးလို့ ပြောကြတယ်၊ တချို့ကျတော့ ဒါက တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စလို့ ပြောကြတယ်၊ တချို့က ဒါကို နိုင်ငံရေးလို့ ထင်နေသူတွေလည်း ရှိနေတယ်။ အဲဒီအထဲမှာ နိုင်ငံရေး နယ်ပယ်က လူတွေက လှုပ်ရှားမှုမှာ ဦးဆောင်လုပ်နေကြတော့ နိုင်ငံရေးလှုပ်ရှားတယ် ထင်ပြီး စိုးရိမ်ကြောင့် ကြနေကြတဲ့ သူတွေလည်းရှိနေတော့ အဲဒီလို လူတွေကိုရော ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်မြင်တာကတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ဒီကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စ လို့ မြင်တယ်ဗျ။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ လူတိုင်းနဲ့ ဆိုင်တယ်လို့ မြင်တယ်ဗျာ။ ပါတီနိုင်ငံရေးထက် အများကြီး မြင့်တယ်လို့ ယုံကြည်တယ်ဗျာ။ ကျနော်တော့ အဲဒီလို ခံစားရပါတယ်။ ဒါက ပိုကျယ်ပြန့်တယ်လေ။

မေး။ ။ အခုဆိုရင် ဆရာလူထု ဦးစိန်ဝင်းတို့လို၊ ဆရာတို့လို အနုပညာနယ်က၊ စာပေနယ်က လူတွေက ပြောတော့ စိတ်ဝင်စားမှု များလာတယ်။ စိုးရိမ်မှု များလာပြီး မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်။ သက်ဆိုင်ရာက ဒီစီမံကိန်းကြီး ရပ်တန့်ပေးမယ်လို့ ယူဆပါလားခင်ဗျာ။

ဖြေ။ ။ ကျနော်တို့စိတ်ထဲ ခံစားရတာတော့ဗျာ တခုခု လုပ်နေတာက ဘာမှ မလုပ်တာထက်စာရင် ပိုကောင်းတယ် ဆိုတာပါပဲ။ ငြိမ်နေတာထက် စာရင် လှုပ်နေတာက တစုံတရာ ရှေ့ကို မျှော်မှန်းလို့ ရမယ်ထင်ပါတယ်။ အဲဒီလို ကျနော့် စိတ်ထဲ ထင်ပါတယ်။

မေး။ ။ အခု ဧရာဝတီ အရေး ပြောဆိုမှုတွေ ကျယ်ပြန့်လာတယ်။ ဆရာ့အနေနဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ တခြား ထူးထူးခြားခြား ဘာများပြောချင်လဲ။

ဖြေ။ ။ ထူးထူးခြားခြားရယ်တော့ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူတိုင်းလူတိုင်း အကုန်လုံးက၊ ဗမာ အပါအ၀င် တိုင်းရင်းသားအားလုံးက ကျနော်တို့ရဲ့ အမျိုးသားရေး တာဝန်တခုအနေနဲ့ ကျနော်တို့လို အများကို ဆင့်ပွား ပြောနိုင်တဲ့ သူကလည်း ပြောပေါ့။ နီးစပ်ရာတွေက တဆင့် သူငယ်ချင်းကို ပြော၊ လက်ဘက်ရည်ဆိုင်မှာပြော၊ အဲဒီလို လက်ဆင့်ကမ်းပြီး အားလုံးက ဒီကိစ္စ တာဝန်ယူ ပြောသင့်တယ်။ ပြောတယ်ဆိုတာလည်း သက်သက်ပြောတာ မဟုတ်ဘူး။ တကယ့်ခံစားမှုကနေ ပေါက်ကွဲပြီး ပြောနေကြတာပဲ။ တတ်နိုင်သလောက်တော့ လူတိုင်းက စိတ်ဝင် တစား လှုပ်ရှားသင့်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ တချို့က ပြောနေကြတယ်၊ အရင်ကတော့ ဧရာဝတီကို ချစ်ရကောင်းမှန်း မသိကြဘူး၊ အခုမှ အသံတွေ ကျယ်လာပြီး ချစ်နေကြတယ်၊ စိုးရိမ်စရာ မှန်းသိလာကြတယ်ပေါ့။ အဲဒီအပေါ် ဘာများပြော ချင်ပါသလဲ။

ဖြေ။ ။ ဒါက အရင်ကတည်းက သိပြီး ပြောနေကြပါတယ်။ ဒါပေမယ့် လူသိများတဲ့ သူတွေက ပြောလိုက်တော့ ပိုသိ သွားတယ်၊ ပိုပြီး အသံကျယ်လောင် သွားတယ်လို့ ထင်ပါတယ်။ အရင်ကတည်းက တယောက်စီ၊ တယောက်စီ၊ လူတစုစီ၊ တစုစီ ကြားမှာ ပြောဆိုနေကြတာတွေ ရှိကြပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကျယ်ကျယ်လောင်လောင်ကြီး မဖြစ်သေးတာပဲ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။

Credit to Irrawaddy: http://www.bur.irrawaddy.org/index.php/interview/4-interview/7306-2011-09-15-05-44-25

Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)


အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchellနှင့် အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် (၈း၃၀) နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့် အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။

နာရေးကိစ္စ အ၀၀အား (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာဒါနအဖြစ် အင်္ဂလိပ်စာ သင်တန်းများ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချမှုများအား လိုက်လံကြည့်ရှု လေ့လာခဲ့ရာ အခြေခံ အင်္ဂလိပ်စာ သင်တန်းသူ ကလေးငယ်လေးမှ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး Mr. Derek Mitchell မှ “မင်္ဂလာပါ … တွေ့ရတာဝမ်းသာပါတယ်” ဟု မြန်မာလို ပြန်လည်နှုတ်ခွန်းဆက်သခဲ့ပါသည်။ ထို့နောက် သုခအလင်း စာကြည့်တိုက်သို့ ၀င်ရောက်လေ့လာကာ အင်္ဂလိပ်စာပေ စာအုပ်များအား ထပ်မံ၍ လှူဒါန်းပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။
ယင်းနောက် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ သွားရောက်လေ့လာရာ လူနာနားနေဆောင်တွင် လူနာများအား နှုတ်ဆက်စကား ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ ဆေးကုသဆောင်များနှင့် မျက်စိခွဲစိတ်ခန်းဆောင် အခန်းအား လည်း ၀င်ရောက်လေ့လာကာ ချီးမွမ်းစကားများ ပြောကြားသွားခဲ့သည်။ ထို့အပြင် နာရေးနှင့် ပတ်သက်သည့် Cool Box၊ အခေါင်းများနှင့် နိဗ္ဗာန်ယာဉ်များကို လေ့လာခဲ့ပြီးနောက် နံနက် (၉း၃၀) နာရီအချိန်တွင် နှုတ်ဆက်စကား ပြောကြားကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)