မြန်မာပြည်မှာ ကလေးသူငယ် လူမမယ် မလေးကို ညှင်းပန်းနှိပ်စက်
Sunday, September 11, 2011
9:50 PM
| Posted by Anonymous
စက်တင်ဘာအရိပ်
6:34 PM
| Posted by Anonymous
သူတို့ဘာလို့ ဒီလိုမေတ္တာပို့ကြွချီလာကြသလဲဆိုတော့ သြဂုတ်လဆန်းက စစ်အစိုးရကနေ လောင်စာဆီဈေးတွေအဆမတန်ဈေးမြှင့်ခဲ့လို့ နိုင်ငံတဲ့အ၀ှမ်းမှာ ကုန်ဈေးနုန်းတွေခုန်ပျံတက်ခဲ့လို့ မြန်မာပြည်သားတွေ အကြပ်အတည်းဖြစ်ခဲ့တာကို အခြေပြုတယ်လို့ဆိုရမှာပါ။ ပခုက္ကူသံဃာတော်တွေ စီတန်းကြွချီနေချိန်မှာ လောင်စာဆီဈေး ကျဆင်းရေးအတွက် လူထုပူးပေါင်းဖို့ တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ ချီတက် လမ်းလျှောက်ခဲ့တဲ့ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ပြီးဖြစ်ပါတယ်။
ပခုက္ကူ သံဃာတော်တွေမေတ္တာပို့ စီတန်းကြွချီတဲ့ရှေ့ဆုံးမှာလဲ လောင်စာဆီဈေးနုန်းကျဆင်းရေးတောင်းဆိုလို့ ဖမ်းခံရသူတွေပြန်လွှတ်ပေးဖို့ကုန်ဈေးနုန်းကျဆင်းရေးလုပ်ပေးဖို့ နိုင်ငံတ၀ှမ်းမငြိမ်းမချမ်းဖြစ်နေတာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ စတဲ့တောင်းဆိုချက်ဆိုင်းဘုတ်ကို ကိုင်ဆောင်ကြွချီခဲ့တာပါ။ အားလုံးသောသံဃာတွေရဲ့ စိတ်ထဲမှာ မေတ္တာဓါတ်တွေအပြည့်ကိန်းအောင်းပြီး ရွတ်ဖတ်ကြွချီနေတယ်ဆိုတာ ကိုယ်တော်တွေရဲ့ မျက်လုံးတွေကနေ အဓိပ္ပါယ်ကို အလွယ်တကူဖတ်လို့ရနေပါတယ်။
ဒီလို ငြိမ်းငြိမ်းချမ်းချမ်းကြွချီနေတဲ့ မြင်ကွင်းကို ဖျက်စီးလိုက်တာကတော့ တပ်မ (၁၀၁) က ဗျူဟာမှူး ခင်မောင်ထွေးနဲ့ ခမရ (၂၃၅) က တပ်ရင်းမှူး မျိုးသန့်ဇင် အပါအ၀င် တပ်သား (၂၀) လောက်ပဲဖြစ်ပါတယ်။
သံဃာအားလုံး မြို့လယ် ဆေးရုံ၂ရုံကြား မီးပွိုင့်ကိုရောက်တဲ့အချိန်မှာ မြို့နယ်သံဃမဟာနာယကက ဦးတေဇောဆိုတဲ့ ဆရာတော်ရောက်လာပြီး ဒီကောင်ဖမ်း ဟိုကောင်ဖမ်းအမိန့်ပေးတော့ စစ်တပ်က သေနတ်တွေမိုးပေါ်ထောင်ဖေါက်ပြီး ၀င်ဖမ်းတော့တာပါဘဲ။ သံဃာတွေဖရိုဖရဲဖြစ်ကုန်ပြီး တွေ့ရာအပေါက်ကနေအကုန်ပြေးရတော့တာပါဘဲ ။
အဲဒီအချိန်မှာ စစ်သားတွေက ဘုန်းကြီးတွေကို ၀င်ဖမ်းတော့ ဘယ်ကထွက်လာမှန်းမသိတဲ့ ကြံ့ဖွတ်တွေလည်း သူတို့ဘက်က၀င်ကူပြီး သံဃာတွေကို ၀င်ဖမ်းကြပါတယ်။ အဲဒီညနေမှာ အနောက်တိုက်လို့ခေါ်တဲ့ သာသန၀ိပုလာရာမတိုက်က ဦးဇင်း ဦးပညာစက္ကနဲ့ ဦးပညာနန္ဒ၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်က ဦးစန္ဒိမာတို့ အဖမ်းခံခဲ့ရပါတယ်။ ကျန်တဲ့ ကိုယ်တော်တွေကတော့ အနီးဆုံးဆေးရုံတွေ အလယ်တန်းကျောင်းတွေ နီးစပ်ရာအိမ်တွေနဲ့ အရှေ့တိုက် (မဟာဝိဇယာရာမ)ထဲ ၀င်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။
အချိန်ကလည်း ညနေစောင်းနေပြီ အရှေ့တိုက်ထဲကသံဃာအားလုံးစုပြီး ဖမ်းထားတဲ့ ကိုယ်တော်အားလုံးလွှတ်ပေးဖို့ မလွှတ်ပေးရင် ဆက်ပြီးဆန္ဒပြဖို့ဆုံးဖြတ်ကြတယ်။ အရှေ့တိုက်မြောက်ဘက်မုခ်ပေါက်မှာ သံဃာအားလုံးစုပြုံနေတယ် လမ်းတဖက်မှာတော့ အရပ်ဝတ်ရဲတွေ ကြံ့ဖွတ်တွေစီတန်းရပ်နေတယ်။ အရှေ့တိုက်ဘက်က သံဃာအုပ်နဲ့ လူအုပ်က ကြံဖွတ်အုပ်ဖက်ကို ခဲတွေနဲ့ထုလိုက် ဟိုကနောက်ဆုတ်လိုက် ရှေ့တိုးလိုက်နဲ့ အတော်မိုးချုပ်ထိလုပ်နေခဲ့ကြတယ်။ မှောင်လာတော့ အရှေ့တိုက်က တိုက်အုပ်ဆရာတော်တွေနဲ့ မြို့ပေါ်က ဆရာတော်တွေကို အာဏာပိုင်တွေက အလက(၃) ကျောင်းမှာပင့်ပြီး ဖမ်းထားတဲ့ သံဃာတွေကိုလွှတ်ပေးမယ် ကျန်သံဃာတွေကို ထိမ်းပေးပါဆိုတဲ့ သဘောတူညီချက်နဲ့ ဖမ်းထားတဲ့ သံဃာ ၃ပါးလွှတ်ပေးခဲ့ပါတယ်။
ပြန်လွတ်တဲ့ သံဃာတော်တွေပြောပြချက်အရ သူတို့ဆေးရုံအိမ်သာထဲဝင်ပုန်းနေတုန်း ကြံ့ဖွံ့အတွင်းရေးမှူး လှဝင်းနိုင်က “ဟိုထဲမှာ (၂) ကောင်ပုန်းနေတယ်၊ ဖမ်းဖမ်း” ဆိုပြီး ပြောတယ်လို့ သိရပါတယ်။ “နှစ်တစ် ခင်မောင်ဝင်းဆိုတဲ့ လူမိုက်ကလည်း ငါတို့ကို ၀င်ရိုက်တယ်။ စစ်သားတွေကလည်း သေနတ်ဒင်နဲ့ထုတယ်။ ဒါတွေပြီးမှ ရဲစခန်းထဲ လူဝတ်လဲပြီး၊ အချုပ်ခန်းထဲ ထည့်ခဲ့တယ် နောက်မှအထက်အမိန့်ဝင်လာလို့ သင်္ကန်းပြန်ဝတ်ပေးပြီး လွှတ်ပေးလိုက်တာ” လို့ပြောပါတယ်။

နောက်နေ့မနက်မှာ တိုင်းသာသာနာရေးဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကို ၀င်ပြီး လှုပ်ရှားမှုတွေမှာ မပါဖို့ ၀င်လျှောက်တော့တာပဲ။ ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာ တော်တွေက မကျေနပ်လို့ အလယ်တိုက်အရောက်မှာ ၀န်းတံခါးပိတ်ပြီး အာဏာပိုင် (၁၃) ယောက်ကို ဖမ်း လိုက်တယ်။ သူတို့စီးတဲ့ ကားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျနော်ကတော့ လူငယ်အတွေးနဲ့ ဒီလိုလုပ်တာမမှားဘူးပဲ ထင်ပါတယ်။
နောက်နေ့တွေမှာတော့ နိုင်ငံပိုင်သတင်းစာတွေက ဒီဖြစ်စဉ်တွေဟာ နိုင်ငံရေးတက်ကြွသူတွေနဲ့ မီဒီယာတွေပေါင်းပြီး လုပ်ကြံဖန်တီးတာပါလို့ ရေးခဲ့ ပြောခဲ့တယ်။ အဓိကဖြစ်တဲ့ မေတ္တာပို့ကြွချီိတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် ရိုက်ခဲ့တာကိုတော့ တလုံးတပါဒမှ မဖေါ်ပြခဲ့ပါဘူး။
ဒီနောက်တော့ တနိုင်ငံလုံးက သံဃာတွေက ပခုက္ကူသံဃာတော်တွေကျေနပ်အောင် အစိုးရကတောင်းပန်ပို့ မတောင်းပန်ရင် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်ပေါ့။ ဒါကို အာဏာကလွဲပြီး ဘာမှ ဂရုမစိုက်တဲ့ ငမိုက်သားတွေက မတောင်းပန်ဘူးလေ။ ဒီနောက်တော့ နိုင်ငံအနှံ့ စက်တင်ဘာ (၁၈) မှာ “လူအချင်းချင်း နိပ်စက်ချင်း ကင်းရှင်းကြပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ” ဆိုတဲ့ မေတ္တာပို့သံတွေ ကမ္ဘာကိုလွှမ်းသွားခဲ့တာပါ။ ရွှေဝါရောင်လို့ ကမ္ဘာကသိတဲ့ သံဃာလှုပ်ရှားမှုကြီး ပေါ်လာရတော့တာပါပဲ။

ဒီလိုသံဃလှုပ်ရှားမှုပေါ်နေချိန်မှာ ပခုက္ကူ မဟန ဦးတေဇောလို နအဖအလိုကျ ကပြအသုံးတော်ခံခဲ့တဲ့ ဘုန်းကြီးပေါ်လာသလို ပဲခူးမှာ ကြခတ်ဝိုင်းဆရာတော် ဦးဇောတိပါလ ဆိုတဲ့ မင်းကိုးကွယ်ဆရာတော်က သံဃာနဲ့နိုင်ငံရေးမအပ်စပ်ဆိုပြီး သားသုံးသားရှင်းလင်းရေး စေခိုင်းချက်ထွက်လာပြီးတဲ့နောက် သံဃာတွေကို နှိပ်ကွပ်တော့တာပါဘဲ။
ဒီနေရာမှာ သံဃာနဲ့ နိုင်ငံရေးမအပ်စပ်ဆိုတဲ့ စကားကိုကျနော်နားလည်သလောက် လက်လှမ်းမှီသလောက် ရှင်းပြချင်ပါသေးတယ်။ ပခုက္ကူသံဃာတော်တွေ ဖြိုခွင်းခံရတဲ့ စက်တင်ဘာ ၅ ရက်က ဦးဆောင်ဆရာတော်တပါးကို အဖမ်းမခံရအောင် ကျနော်လိုက်ပို့တုန်းသူပြောတဲ့ စကားလေးအမှတ်ရမိပါတယ်။
“ဒကာရာ ဦးဇင်းတို့က အိမ်တွေဝင်ထွက် ဆွမ်းခံနေတော့ ဒကာတွေ အခြေအနေသိတယ်။ အရင်က (၅) အိမ် လောက် ဆွမ်းခံရင် ကျုပ်တို့သပိတ်ပြည့်ပြီ။ အခု (၁၅) အိမ်လောက်ခံမှ တပါးစာ ၀ရုံလောက်ရှိတယ်။ ကျုပ်တို့ ခေါင်းရိတ်ဖို့ ဓားတချောင်းတောင် အပိုမ၀ယ်နိုင်တော့ဘူးဗျာ။ ဒါ ... ဒကာတွေ မွဲနေပြီဆိုတာ ကျုပ်တို့သိလို့ မေတ္တာပို့တာပါ။ ကျုပ်တို့မှာ အပြစ်ရှိသလားဗျာ” တဲ့ ကိုင်း လူထုအခြေအနေကို အတွင်းကျကျသိနေတော့ သံဃာတွေနေလို့ရမလား အဆင်ပြေတဲ့အိမ်တွေပဲ ရွေးဆွမ်းခံရမလား ဒီလိုပဲ ၀ိုင်းကူဖြေရှင်းသင့်လား လူသားစိတ်ရှိသူတိုင်း ဖြေရှင်းပေးချင်စိတ်ရှိကြမှာပါ။ သံဃာဆိုတာ ငြိမ်းချမ်းသောနည်းနဲ့ ပြည်သူ့ဘ၀ အေးချမ်းသာယာအောင် မေတ္တာနဲ့ ဖြေရှင်းတာ ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တာပါ။
ဥပမာတခုပြောရရင် မဇ္ဈိမဒေသမှာ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းသားတွေက ရောဟဏီမြစ်ကရေကို လုကြတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ဘူးပါတယ်။ သူတို့ရဲ့ စိုက်ပျိုးမြေတွေအတွက်
ဒီမြစ်ရေကို သူယူမယ် ငါယူမယ် ဆိုပြီငြင်းကြခုန်ကြရာက စစ်ခင်းကြမဲ့အခြေ အနေအထိ ရောက်နေချိန်မှာ ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် ၀င်ဖြေရှင်းပေးခဲ့လို့ ပြေလည်ခဲ့ဘူးတဲ့ သာဓကတွေရှိခဲ့ပါတယ်။
ဒီလိုအလားတူပဲ ပုဂံခေတ်မှာဆိုရင် ရှင်ဒိသာပါမောက်လို့ သံတမန်ရေးကျွမ်းကျင်တဲ့ အရှင်သူမြတ် အင်းဝခေတ်မှာ စကြိုသူမြတ်လို ပုဂ္ဂိုလ်ထူးတွေကြောင့် ငြိမ်းချမ်းရေးရခဲ့တဲ့ သာဓကတွေရှိခဲ့သလို ဒီဘက် ကိုလိုနီခေတ်မှာလည်း ဦးဥတ္တမလို ဦးဝိစာရလို့ သာသန အာဇာနည်တွေကရော့ ဘာကြောင့်အသက်ပေးပြီး နိုင်ငံနဲ့ ပြည်သူ့အရေးလုပ်ခဲ့လဲဆိုတာတွေက အတုယူစရာတွေပါ။
ဒီတော့ ကျနော့်တို့ နိုင်ငံမှာ အာဏာရှင်ဆိုသူတွေ ရှိနေသေးသရွေ့ မြေရှိလျှက်ပြေးနေရသူတွေ အမေရှိလျှက်ဝေးနေရသူတွေ။ မတရား စော်ကားခံရမှုတွေ၊ ဖိနှိပ်ခံရတာတွေ ရှိနေဦးမှာ မလွဲပါဘူး။ ဒါတွေကို သံဃာထုအပါအ၀င် လူထုက ကိုယ့်ရပိုင်ခွင့်အတွက် နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေရဦးမှာပါ။
လူဦးရေ သန်း (၆၀) ကျော်တဲ့ ပြည်သူက လက်တဆုပ်စာအာဏာရှင်ကို မနိုင်ဘူးဆိုတာ ရာဇ၀င်ရိုင်းပါတယ်။ ခုအစိုးရသစ်က လုပ်နေပါတဲ့ဆိုတဲ့ ရွှေရည်စိမ်ငြိမ်းချမ်းရေး မဖြစ်စလောက်ပြုပြင်ပြောင်းလဲမှုလေးတွေမှာ မျောမနေစေချင်ပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်ပန်းတိုင်ဟာ အာဏာရှင် မြန်မာ့မြေပေါ်က အပြီးတိုင်ချုပ်ငြိမ်းရေးဆိုတာကို အစဉ်ရှေးရှုပြီး ချိနဲ့သူကိုဖေးကူ၊ အားနည်းသူကို လက်တွဲ၊ စည်းလုံးညီညာတဲ့ စိတ်ဓာတ်တွေနဲ့ တိုင်းပြည်အတွက် ဘာသာသာသနာအတွက် အမြန်တိုက် ပွဲဝင်သွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
ခေတ်အဆက်ဆက်က အာဏာရှင်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်အပေါင်း၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနဲ့ ထောင်တွင်း အကျဉ်းချခံ ထားရတဲ့ ရဲဘော်အပေါင်းကို ဒီဆောင်းပါးနဲ့ ဦးညွတ်အလေးပြုလိုက်ပါရစေ။
ပခုက္ကူ သံဃလှုပ်ရှားမှု ကာလက ထွက်ပေါ်လာတဲ့ကဗျာလေးနဲ့ ကျနော့်ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။
ဘိက္ခုသစ္စာ
ပြည်သူ့ သင်္ကန်း၊ ပြည်သူ့ဆွမ်းဖြင့်
သင်္ခန်းကျောင်းမှာ ၊နေတုံပါလည်း
မြန်မာပြည်ဝှမ်း၊ တရားစွမ်းဖြင့်
ချမ်းသာအောင်မှ၊ မဆုံးမလျှင်
သံဃာ့တာဝန်၊မကျေပွန်မို့
တာဝန်ကျေပ ၊ဆန္ဒပြသည်
မှန်ပ ဆွမ်းဖိုး၊ ကျေစေသောဝ် ။ ။
ဇာနည်(ပခုက္ကူ)
သာသသနာ့ဥသျှောင် အဖွဲ့မှထုတ်ဝေမယ့် စက်တင်ဘာ ရွှေဝါရောင် အမှတ်တရ စာအုပ်အတွက် ရည်ရွယ်ရေးသားပါသည်။
Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
6:31 PM
| Posted by Anonymous
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchellနှင့် အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် (၈း၃၀) နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့် အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။
နာရေးကိစ္စ အ၀၀အား (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာဒါနအဖြစ် အင်္ဂလိပ်စာ သင်တန်းများ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချမှုများအား လိုက်လံကြည့်ရှု လေ့လာခဲ့ရာ အခြေခံ အင်္ဂလိပ်စာ သင်တန်းသူ ကလေးငယ်လေးမှ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး Mr. Derek Mitchell မှ “မင်္ဂလာပါ … တွေ့ရတာဝမ်းသာပါတယ်” ဟု မြန်မာလို ပြန်လည်နှုတ်ခွန်းဆက်သခဲ့ပါသည်။ ထို့နောက် သုခအလင်း စာကြည့်တိုက်သို့ ၀င်ရောက်လေ့လာကာ အင်္ဂလိပ်စာပေ စာအုပ်များအား ထပ်မံ၍ လှူဒါန်းပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။ ယင်းနောက် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ သွားရောက်လေ့လာရာ လူနာနားနေဆောင်တွင် လူနာများအား နှုတ်ဆက်စကား ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ ဆေးကုသဆောင်များနှင့် မျက်စိခွဲစိတ်ခန်းဆောင် အခန်းအား လည်း ၀င်ရောက်လေ့လာကာ ချီးမွမ်းစကားများ ပြောကြားသွားခဲ့သည်။ ထို့အပြင် နာရေးနှင့် ပတ်သက်သည့် Cool Box၊ အခေါင်းများနှင့် နိဗ္ဗာန်ယာဉ်များကို လေ့လာခဲ့ပြီးနောက် နံနက် (၉း၃၀) နာရီအချိန်တွင် နှုတ်ဆက်စကား ပြောကြားကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)
မင်းကိုနိုင်မိသားစုထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံ
4:05 PM
| Posted by Anonymous
PhD စာတမ်းခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ
Wednesday, September 7, 2011
2:36 AM
| Posted by Anonymous
PhD စာတမ်းခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ

တစ်ကမ္ဘာလုံးတွင် PhD ဒေါက်တာဘွဲ့ ရရှိဖို့ ကြိုးစားမှုတွေ များလာသည်။ ဂျာမဏီ နိုင်ငံရေး လောကတွင် PhD ဘွဲ့ အလိုအပ်ဆုံး ဖြစ်သည်။ ဂျာမဏီ အောက်လွှတ်တော် အဖွဲ့ဝင် ၁၁၄ ဦးအနက်၊ ၀န်ကြီးချုပ် ဒေါက်တာ အန်ဂလာ မာခဲယ်လ် အပါအ၀င် ငါးပုံတစ်ပုံက PhD ဘွဲ့ ရယူထားကြသည်။
ဂျာမန်တွေရဲ့ PhD ခုံမင်လွန်းမှုကြောင့် အရှက်ကွဲရမှုများလည်း ရှိသည်။ ကာကွယ်ရေးဝန်ကြီး Karl-Theodor zu Guttenberg မှာ သူရဲ့ PhD စာတမ်းခိုးကူးခဲ့မှု ပေါ်သွားလို့၊ မတ်လ ၁ ရက်နေ့က ရာထူးက နှုတ်ထွက်ပေးလိုက်ရသည်။
ဂျာမန်တွေနဲ့ယှဉ်ရင် အမေရိကန် နိုင်ငံရေး လောကမှာတော့ PhD ဘွဲ့ရသူ နည်းပါးသည်။ လက်ရှိ အမေရိကန် ကွန်ဂရက်ထဲတွင် ၁၈ ဦးသာ (၃ ရာခိုင်နှုန်း) ဒေါက်တာဘွဲ့ ရရှိသူ ပါသည်။ ဆီနိတ်တာတွေ ထဲမှာ တစ်ဦးမှ PhD ရထားသူ မရှိ။ အမေရိကန် ကာကွယ်ရေးဌာနနဲ့ စစ်တပ်ထဲတွင်တော့ PhD ဘွဲ့ရသူ ၁၀၀ ကျော် ရှိသည်။
PhD စာတမ်းအတွက် ခိုးကူးယူခဲ့သော်လည်း၊ နိုင်ငံရေးတွင် ဆက်လက် အောင်မြင်နေသူများ ရှိသည်။ လက်ရှိ အမေရိကန် ဒုတိယသမ္မတကြီး ဂျိုးဘီဒင် မှာ သူ့ဒေါက်တာ ဘွဲ့ယူစာတမ်းတွင် အမှားများစွာ လုပ်ခဲ့သူအဖြစ် Economist မဂ္ဂဇင်းက ထောက်ပြသည်။
PhD စာတမ်းအတွက် ခိုးကူးယူခဲ့သော်လည်း၊ နိုင်ငံရေးတွင် ဆက်လက် အောင်မြင်နေသူများ ရှိသည်။ လက်ရှိ အမေရိကန် ဒုတိယသမ္မတကြီး ဂျိုးဘီဒင် မှာ သူ့ဒေါက်တာ ဘွဲ့ယူစာတမ်းတွင် အမှားများစွာ လုပ်ခဲ့သူအဖြစ် Economist မဂ္ဂဇင်းက ထောက်ပြသည်။

ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် မှာလည်း သူ့ PhD စာတမ်း အစိတ်အပိုင်း အများစုမှာ သူများထံက ခိုးယူထားသည်ဟု စွပ်စွဲခံရသည်။ ဒေါက်တာ မာတင်လူသာကင်း ရဲ့ စာတမ်းကိုတောင် နောက်ပိုင်း ဝေဖန်မှုအများအပြား ရှိနေခဲ့သည်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီ သားရဲ့ စာတမ်းကတော့ ဆိုဖွယ်ရာမရှိ။
မြန်မာနိုင်ငံမှာလည်း PhD ဘွဲ့ရရှိဖို့ ပြည်တွင်းဖြစ်ရော ပြည်ပတက္ကသိုလ်များတွင်ပါ ကြိုးစားအားထုတ်မှုများ ရှိလာသည်။ ဒီအထဲ မြန်မာပြည်ရဲ့ ထူးခြားချက်က တက္ကသိုလ်များမှ ချီးမြှင့်တဲ့ 'ဂုဏ်ထူးဆောင်ဘွဲ့' ကို အကြောင်းပြုပြီး နာမည်ရှေ့ 'ဒေါက်တာ' တပ်သူများ ရှိလာခြင်းပင်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာတက္ကသိုလ်တွေက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ မရေမတွက်နိုင်အောင် ချီးမြှင့်ထားသည်။ သို့သော် ကာယကံရှင်ကိုယ်တိုင်ကလည်း 'ဒေါက်တာ အောင်ဆန်းစုကြည်' ဟု မတပ်သလို၊ မည်သူကမှလည်း ဒေါက်တာ တပ်မခေါ်။ ချစ်စနိုးနှင့် 'ဒေါ်စု' ဟုပင် ခေါ်ကြသည်။
အလားတူ အင်္ဂလိပ်အစိုးရ လက်ထက် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်မှု အထိမ်းအမှတ်အဖြစ် မြန်မာပြည် ဘုရင်ခံက လယ်တီဆရာတော်ဘုရားကြီးကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ဆက်ကပ်ခဲ့ပေမယ့်၊ ဆရာတော်ကြီးက 'ဒေါက်တာ အရှင်ဥာဏဓဇ' ဟု မကြွေးကြော်ဘဲ လယ်တီဆရာတော် အမည်နဲ့သာ သိက္ခာကြီးမြင့်စွာ နေထိုင်ခဲ့သည်။
ဆရာကြီးဒေါက်တာ သန်းထွန်း က သူ့ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ရောမှာစိုးလို့၊ သူ့စာအုပ်အချို့က သူ့ဘွဲ့အမည်ဘေးမှာ (ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့မဟုတ်) ဟု ခပ်ရွတ်ရွတ်ဖြင့် ကွင်းခတ် ဖော်ပြဖူးသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ဂုဏ်ထူးဆောင်ဘွဲ့ရသူများ မိမိနာမည်ရှေ့ ထူးထူးဆန်းဆန်း 'ဒေါက်တာ' တပ်ကြသည်။ ဥပမာ၊ ဒေါက်တာ ခင်ရွှေ၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ အရှင်...... စသည်များ..။
ဝင့်ထန်း
ရည်ညွန်း။ the Economist
ရင်းမြစ်..မောက္ခ ပညာရေးမဂ္ဂဇင်း
Subscribe to:
Posts (Atom)
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
မှတ်ပုံတင်ထပ်မံလုပ်ဖို့မလို။ ယခင်မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ

































